ရေစစ်ကလေးများ







ဆိုခရေးတီးစ်ရဲ့  ရေစစ်ကလေးများ


ဘီစီ 469-399 တုန်းက ပေါ်ပေါက်ခဲ့တဲ့ ဂရိပညာရှင်ကြီး ဆိုခရေးတီစ်းဟာ သူ့ရဲ့ ပညာဥာဏ်ထက်မြက်မှု၊ အတွေးအခေါ် ကြီးမားရင့်သန်မှုတွေကြောင့် နိုင်ငံအ၀ှန်းက ချီးကျူးလေးစားခြင်း ခံရသူ ဖြစ်ပါတယ်.. တစ်ရက်တော့ ပညာရှင်ကြီး ဆိုခရေးတီးစ်နဲ့ အလွန်ကို ခင်မင်ရင်းနှီးတဲ့ သူတစ်ယောက်ဟာ သူ့ဆီကို အပြေးအလွှား ရောက်လာပြီး  ရေးကြီးသုတ်ပြာနဲ့ “ဆိုခရေးတီစ်း....  အသင်ရဲ့ တပည့်တစ်ယောက်အကြောင်း ကျွန်ပ် ကြားခဲ့တာလေး တစ်ခုကို ပြောပြချင်လို့” လို့ ပြောပါတယ်. ဒီတော့ ပညာရှင်ကြီး ဆိုခရေးတီးစ်က “ခနလောက် စောင့်ပါဦး.. အသင် မပြောခင် ကျွန်ပ် အရင်ပြောပါရစေ”  လို့ ပြန်ပြောလိုက်ပြီး “တကယ်လို့ အသင့်အနေနဲ့ ကြားခဲ့တဲ့ စကားကို ကျွန်ပ်ကို ပြောမယ်ဆိုရင် မပြောခင်မှာ  ရေစစ်သုံးခုနဲ့ စစ်ထုတ်တဲ့နည်းကို သုံးပြီး အသင်ရဲ့ သတင်းစကားကို အရင် စစ်ဆေးကြည့်ရအောင် ” လို့ ဆက်ပြောပါတယ်။





ဒီတော့ ကြားလာတဲ့ သတင်းစကားကို ပြောမဲ့သူက “ရေစစ်သုံးခု နဲ့ စစ်ထုတ်ကြည့်မယ် ဟုတ်လား ” လို့ နားမလည်နိုင်စွာနဲ့ ပြန်မေးပါတယ်။






ဆိုခရေးတီးစ်က “ ဟုတ်တယ်..  သင်အရင်ဆုံး ကျွန်ပ်ရဲ့ တပည့်အကြောင်း ကျွန်ပ်ကို မပြောခင် အချိန်ခနလေး ယူပြီး ပထမအဆင့်ကနေ စပြီး စစ်ထုတ်ကြည့်ရအောင်။ ပထမဆုံး သင့်ရဲ့ စကားလုံးတွေကို ဖြတ်သန်းရမဲ့ ရေစစ်က အမှန်တရား” ဆိုတဲ့ အဆင့်ပါဘဲ။ ကဲ အခု သင်ပြောမဲ့ အကြောင်းအရာတွေဟာ လုံးဝ အမှန်တရားတွေပါ။ သေချာပေါက်မှန်ပါတယ်လို့ သင် အာမခံနိုင်ရဲ့လား”  လို့ ဆိုခရေးတီးစ်က ထိုသူကို မေးလိုက်ပါတယ်။





“အဲ… ဒါတော့ ကျုပ်အာမ မခံနိုင်ပါဘူး.. ကျုပ်ကလဲ ကျုပ်ကြားလာတာကို သင့်ကို ပြန်ပြောမလို့ပါ.. မှန်တယ် မမှန်ဘူး ဆိုတာတော့ ကျုပ်လဲ သေချာမသိပါဘူး…. ” လို့ ထိုသူက ပြန်ပြောပါတယ်။





“ ကောင်းပြီ။ သင်ပြောမဲ့ စကားဟာ သေချာပေါက် မှန်တယ် မမှန်ဘူးဆိုတာ သင် အာမ မခံနိုင်ဘူးနော်။ ကဲ ဒီလိုဆို ဒုတိယအဆင့်ဖြစ်တဲ့ “ကောင်းသတင်း” ဆိုတဲ့ ရေစစ်နဲ့ ဖြတ်သန်းကြည့်ရအောင်။ သင်ပြောမဲ့ ကျွန်ပ်ရဲ့ တပည့် အကြောင်းဟာ ကောင်းတဲ့ သတင်း တစ်ခုခု ဟုတ်ပါသလား ” လို့ မေးပြန်ပါတယ်။





“ ဟို .. ဟင့်အင်း။  ကောင်းတဲ့ သတင်းလဲ မဟုတ်ပါဘူး… အဲဒါနဲ့ ဆန့်ကျင်တဲ့ သတင်းတွေပါ။”  လို့ ပြန်ဖြေပြန်တယ်။





“ဒါဆို သင်ပြောမဲ့ အကြောင်းအရာတွေက မှန်တယ်လို့တောင် သင်ကိုယ်တိုင် သေချာ မပြောနိုင်တဲ့ ကျွန်ုပ် တပည့်ရဲ့ မကောင်း သတင်းတွေပေါ့။ ” ဆိုခရေးတီစ်းက ဒီလိုပြောလိုက်တော့ ထိုသူက ပုခုံးကို တွန့်လိုက်ပါတယ်.. ပြီးတော့ သူ့စိတ်ထဲမှာလည်း ရှက်သလိုလိုတော့ ဖြစ်သွားပါတယ်။





ဆိုခရေးတီးစ်က ဆက်ပြီး “ကောင်းပြီလေ သင့်စကားတွေက ရေစစ်၂ခုနဲ့ စစ်ထုတ်တာကို အောင်မြင်စွာ မဖြတ်သန်းနိုင်ပေမဲ့ နောက်ဆုံးတစ်ဆင့်ကိုတော့ ဖြတ်ချင်ဖြတ်နိုင်မှာပါ။ အခု နောက်ဆုံးရေစစ်နဲ့ စစ်ထုတ်ကြည့်ရအောင်”  လို့ ပြောလိုက်ပြီး “နောက်ဆုံးအဆင့်ကတော့ အသုံးဝင်မှု” ဆိုတဲ့ ရေစစ်ပါဘဲ။ သင်ပြောမဲ့ ကျွန်ုပ်တပည့်ရဲ့ အကြောင်းဟာ ကျွန်ုပ်အတွက်၊ ဒါမှမဟုတ် လာပြောတဲ့ သင့်အတွက် တစ်စုံတစ်ရာ အသုံးဝင်မှု ရှိပါသလား ” လို့ မေးပြန်ပါတယ်။





“အို… အဲဒီလိုလည်း မရှိပါဘူး… သင့်အတွက်ရော ကျုပ်အတွက်ပါ ဘယ်လိုမှ အသုံးဝင်မဲ့ သတင်း မဟုတ်ပါဘူး” လို့ ထိုသူက ပြန်ဖြေလိုက်ပြီးတဲ့အခါမှာတော့ ပညာရှင်ကြီး ဆိုခရေးတီစ်းက  “ကဲ.… ကောင်းပြီ .. ဒီလိုဆိုရင်  သင် ကျွန်ုပ်ကို ပြောမဲ့ အကြောင်းအရာတွေဟာ မှန်ကန်မှုရှိကြောင်းလဲ မသေချာဘူး၊ ကောင်းတဲ့ သတင်းစကားမျိုးလည်း မဟုတ်ဘူး၊ နောက်ဆုံးမှာ ပြောသူအတွက်ရော နားထောင်သူအတွက်ပါ အသုံးဝင်မဲ့ သတင်းမျိုးလည်း မဟုတ်ဘူး။ ဒီလို သတင်းစကားမျိုးကို ဘာအတွက်ကြောင့်များ အချိန်ကုန်ခံပြီး ပြောချင်ရတာလဲ” လို့ နောက်ဆုံးအနေနဲ့ ပြောလိုက်ပါတော့တယ်။





ဆိုခရေးတီးစ် စကားကိုကြားလိုက်ရတဲ့ သတင်းစကားတွေကို ယူဆောင်လာတဲ့သူဟာ  အတော်လေးကို ရှက်သွားပါတော့တယ်.. ပညာရှင်ကြီးရဲ့ ရေစစ်သုံးခုကို ဖြတ်သန်းခြင်းခံလိုက်ရပြီး ပြောခွင့်မသာဘဲ ကျရှုံးသွားတဲ့  သူသယ်ဆောင်လာခဲ့သော “တိကျမှန်ကန်မှု မရှိတဲ့ သတင်း၊ ကောင်းကြောင်း မဟုတ်တဲ့ သတင်း၊ အသုံးဝင်မှု တစ်စုံတစ်ရာ မရှိတဲ့ သတင်းကို” ပြန်လည်ယူဆောင်လို့ လာရာလမ်းအတိုင်း လှည့်ပြန်သွားရပါတော့တယ်..   ဂုဏ်သတင်းကြီးကျယ်မြှင့်မားတဲ့ ပညာရှင်ကြီး ဆိုခရေးတီစ်းကတော့ သူ့ရဲ့ မှန်ကန်တဲ့ တွေးခေါ်မြော်မြင်မှု၊ လက်ကိုင်ထားတဲ့ ခံယူချက်တို့ကြောင့် နာမည် ဂုဏ်သတင်း ပိုလို့သာ ကျော်ဇော ထင်ရှားသွားပါတယ်။





---------------------------------------------------





ဒီဇာတ်လမ်းကို ဖတ်ပြီးချိန်မှာ ပညာရှင်ကြီး ဆိုခရေးတီစ်းရဲ့  ရေစစ်သုံးခုနဲ့ စစ်ထုတ်တဲ့နည်းကို ကျွန်မ တော်တော် သဘောကျသွားပါတယ်.. ကျွန်မတို့ ကိုယ်တိုင်လည်း လူမှုအသိုင်းအ၀ိုင်းမှာ ကိုယ်တိုင်အတွက်လည်း အကျိုးမရှိသလို၊ နားထောင်ရသူ အတွက်လည်း အကျိုးမရှိ၊ အသုံးမ၀င်တဲ့ အတင်းအဖျင်း စကားတွေကို မကြာခန ပြောဆိုမိတတ်ပါတယ်… လာပြောသူရှိပါကလည်း နားထောင်မိတတ်ပါတယ်..  အဲဒီလို သတင်းစကားတွေ၊ အတင်းအဖျင်း မျိုးတွေအတွက် ပညာရှင်ကြီး ဆိုခရေးတီးစ်ရဲ့ ရေစစ်သုံးခုနဲ့ စစ်ထုတ်ပြီးမှ ပြောကြမယ်ဆိုရင် မမှန်တဲ့စကားတွေ ပြောမိတာတို့၊ နားထောင်မိလို့ စိတ်ဆိုးဒေါသ ဖြစ်ရတာတို့ အတော်ကို နည်းသွားမယ် ထင်ပါတယ်..  တစ်ခါတစ်လေမှာ သူငယ်ချင်း မိတ်ဆွေ တစ်ယောက်ယောက်က “နင့်အကြောင်း ဘယ်သူတော့ဖြင့် မကောင်းပြောနေတယ် ဒါပေမဲ့ ဘာပြောတယ်ဆိုတာတော့ ငါမပြောချင်ပါဘူး” လို့များ  စပြီး လာပြောလိုက်ရင်  ကျွန်မတို့တွေဟာ အဲဒီစကားကို မသိရမချင်း မရ ရအောင် မေးလေ့ရှိပါတယ်...  သိသွားပြီးရင်လည်း ကိုယ့်ကိုယ် မကောင်းပြောတဲ့ စကားအတွက် ကိုယ်တိုင်က စိတ်ဆိုးဒေါသဖြစ်ရပြီး ဘာအကျိုးအမြတ်မှ မရဘဲ မကောင်းပြောတဲ့ သူကိုသာ စိတ်ခုသွားတာတို့၊  ဆတ်ဆတ်ထိ မခံတတ်သူများဆိုရင် သွားရန်တွေ့ပြီး မခေါ်မပြောနိုင် ဖြစ်ရကာ သူငယ်ချင်းမိတ်ဆွေ ဆုံးရှုံးကြတာတွေ၊ စိတ်ထဲ တနုံ့နုံ့ခံစားရပြီး နာကျင်နေရတာမျိုး၊ မကျေမချမ်း ဖြစ်နေရတာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ ဒီလိုအဖြစ်တွေကို ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရဖူးပါတယ်...





တကယ်တမ်းတော့ ကျွန်မတို့တွေရဲ့ စိတ်ကို ပူလောင်စေတဲ့၊ ဘယ်သူအတွက်မှ အကျိုးမရှိနိုင်သော စကားများအတွက် နားမထောင်ခင်မှာဖြစ်စေ၊ မပြောမိခင်မှာ ဖြစ်စေ ပညာရှင်ကြီး ဆိုခရေးတီစ်းရဲ့ ရေစစ်များနဲ့သာ စစ်ထုတ်ကြမယ်ဆိုရင် ပူလောင်ဒေါသဖြစ်ရခြင်း၊ အချိန်ကုန် စိတ်ပင်ပန်းရခြင်း တို့ကနေ ကင်းဝေးနိုင်ဖို့ သေချာပါတယ်နော်။ စေတနာမပါသော အပြုသဘောမဆောင်တဲ့ မကောင်းစကားတွေ၊ အတင်းအဖျင်း စကားတွေကိုလည်း နားထောင်မနေဘဲ ဥပက္ခာ ပြုလိုက်မယ်ဆိုရင် ရင်ထဲမှာ ပူလောင်ဒေါသ မဖြစ်နိုင်တော့သလို ၊ ကိုယ့်ရဲ့ စိတ်နှလုံးလည်း ငြိမ်းချမ်းစွာ နေနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင်တောင် ကိုယ်က သူများကို ပြန်ပြောမဲ့စကား၊ သူများတွေက ကိုယ့်ကို လာပြောမဲ့စကားတွေကို ရေစစ်သုံးခုနဲ့ စစ်တတ်ဖို့ ကြိုးစားရဦးမှာ၊ ဆင်ခြင်ရဦးမှာပါ။ ဒါကြောင့်လည်း ဒီစာလေးကို ဖတ်မိချိန်မှာ ကိုယ့်ကိုယ်ကိုယ်လဲ အမြဲသတိထားနိုင်ဖို့ ဒီဘာသာပြန်ပိုစ့်လေးကို ရေးဖြစ်တာ ဖြစ်ပါတယ်ရှင်။







Story on Gossip ( Unknown Author) ကို နှစ်သက်မိသဖြင့် မိမိကိုယ်တိုင်လည်း ဆင်ခြင်နိုင်ဖို့ ဘာသာပြန်ပါသည်။







47 Responses to “ရေစစ်ကလေးများ”

သူများကို မပြောခင်လည်း အဲလိုစဉ်းစားနိုင်ဘို့ တကယ်လိုအပ်တယ်။
ကျွန်မကစကားများတော့ ပြောချင်တာတွေပြောချပစ်လိုက်မိတယ်။
မကောင်းဘူးနော်။

ပို့စ်ကောင်းလေး အတွက်ကျေးဇူးပါ။

noblemoe said...

1 “အမှန်တရား”
2 “ကောင်းသတင်း”
3 “အသုံးဝင်မှု”
စကားလုံးလေးတွေ တိုပေမဲ့ လေးနက်မှုရှိတယ်မမရေးး
ဥာဏ်ယှဉ်ပြီး နေထိုင်ပြောဆိုဖို့ ဒီပိုစ့်လေး ကျေးဇူးကြီးပါတယ်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ဆင်ခြင်အားထုတ်စရာပညာရှိစကားပဲနော်.။ ကိုယ်တိုင်ကျင့်သုံးပါ့မယ်မချောရေ.။
ချစ်တဲ့
သဒ္ဓါ

အင်းး..၃ခုလုံးညီမှပြောရမယ်ဆိုရင် စကားတွေ ရှားလိုက်မဲ့ ဖြစ်ချင်းး))
စကားဟာ ပြောတိုင်း မကောင်းသလို ၊ မပြောတိုင်းလဲ မကောင်းပြန်ဘူး ။ "စကား" က အတော်ကြီးကို ခက်တာ..........

စကားတစ်ခု ပြောတော့မယ်ဆိုရင် ဒီရေစစ်လေးသုံးခုနဲ့
စစ်နိုင်အောင် ကြိုးစားပါ့မယ်...။
တင်ပြပုံကောင်းတယ်..(ဒီ(၃)ချက်က တကယ်တော့
ကျွန်တော်တို့ ဘုရားဟောထဲမှာ ရှိပြီးသားပါ..)
တိုက်ရိုက်နီးနီးကို တူနေတယ်လေ

ရေစစ်တွေရမယ်...
ရေစစ်တွေရမယ်...
ရေစစ်တွေရမယ်...
ရေစစ်(၃)မျီုး ဦးရာလူစံနစ်နဲ့ ရောင်းနေဒလယ်...။

blackroze said...

အမှန်တရား..ကောင်းသတင်း..အသုံးဝင်မှု့
ဟုတ်တယ်အမရေ..တချို့စကားတွေကအသုံးမဝင်ပေမဲ့
မပြောမဖြစ်ပြောနေရတာကလည်းဆိုးတာဘဲနော်...

seeseinshinss said...

ညီမ ချော ကို အကြောင်းပြူပြီး ရေစစ်ရောင်းကောင်းနေတဲ့ မမြသွေး စီက သွားဝယ်အုန်းမှ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

saundoo said...

ကောင်းလိုက်တဲ့ ရေစစ်ပါဘဲ

nyeinsoeoo said...

မှန်ကန် ၊ ကောင်းကျိုး ၊ အသုံး ၀င် ... အများအကျိုး ကိုယ့်အကျိုး မျှဝေနိုင်သောစကားတို့၏ အရည်အသွေး ထင်ရှားနေပါသည် ...
ငြိမ်းစိုးဦး

အဲဒီ ရေစစ် သုံးခုနဲ့သာ စစ်ပြီး ပြောရင် ဘာမှ ကျန်တော့မှာ မဟုတ်ဘူးနော်..:P
ရေစစ် သုံးခုနဲ့ မဟုတ်တောင်မှ ဘာမှ အကျိုးမရှိတဲ့ စကားတွေကို အချိန်ကုန်ခံပြီး မပြောချင်ဘူး.. အဲဒီလို ကျပြန်တော့လည်း တစ်ယောက်တည်း အပေါင်းအသင်း မရှိ ဖြစ်သွားမှာ စိုးရတယ်..

flowerpoem said...

ရေစစ် (၃) ခုနဲ့ အရင် စစ်ရမယ် မှန်လိုက်တာ တကယ်ကောင်းတယ် အမရေ... သယ်ရင်းတွေကို ဖြန့်ဝေပေးရမယ်. . . ကျေးဇူးပါ

phyophyo said...

ရေစစ်လေးတွေနဲ့ စစ်ရမယ်
ရေစစ်လေးတွေနဲ့ စစ်ရမယ်
စစ်ရမယ် ..
ဆိုခရေးတီစ်းက အပြော တော်တယ်၊
မချော က အရေး တော်တယ်၊ :)

မမချောရေ...ရေစစ်သုံးခုတော့ ကြိုက်သွားပြီ။
ကိုယ်တိုင်က နားထောင်ပေးရတဲပအခါမှာပဲဖြစ်ဖြစ်
သတင်းစကား ကို သယ်ဆောင်သူပဲဖြစ်ဖြစ်
ရေစစ်သုံးခု အမှန်တကယ်လိုအပ်နေမယ်ဆိုတာ ဒီဘာသာပြန်စာစု ထွန်းလင်းပေးလိုက်ပါပြီ။
ရေစစ်သုံးခုယူသွားတယ်။ မမချောရေနေကောင်းလား ခုမှရောက်တယ် အကြွေးတွေဖေးဖေးချင်းဖတ်နေတယ်။
ခင်မင်စွာဖြင့်
ခိုင်နုငယ်

ရေစစ်သုံးခု အကြောင်းကို အရင်ကတော့ ဖတ်ဖူးတယ်ဗျ.. အခုလို ထပ်ပြီး ဖတ်ခွင့်ရလိုက်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ ဆင်ခြင်သုံးသပ်ဖို့ သတိတရားတွေ ထပ်ပြီး ရသွားစေပါတယ်ဗျာ..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Bravo said...

ကျေးဇူးတင်၏
နောက် စကားပြောရင် ရေစစ်လေးနဲ့ ယှဉ်ပြီးပဲ ပြောပါတော့မယ်ဗျာ

ယွန်း said...

အကျိုးရှိစေတဲ့ စာလေးအတွက် ကျေးဇူးပါနော်..
ခင်တဲ့
ယွန်း

ahphyulay said...

အပြုသဘော အလွန် ဆောင်တဲ့  ပို(စ) လေးပါ။
အရာရာ မှာ အသိ တွေ ၊သတိ တွေ မြဲ နေဖို့  လိုတယ်လို့ 
မြင်မိပါတယ် ..။ အမြဲတန်း ဆောင်နိုင်ရင်အကောင်းဆုံး ဖြစ်မဲ့ ရေစစ်ကလေး
များပါပဲ။

မိုးခါး said...

လိုက်နာ ကျင့်သုံးနိုင်ကြရင် ကောင်းမယ်နော် .. ကြိုးစားရပါဦးမည် .. :D

ရေစစ်သုံးခုကိုသဘောကျတယ်
ကျေးဇူးပါချော....

အင်း.. ကောင်းလိုက်တာ..။ ခုမှကြားဖူးတယ်...။း)))


ခင်မင်တဲ့
နေ၀သန်

အမချော...... ကျနော်ရယ်လေ ဒီနေ့ပဲ ရေစစ်သွားဝယ်ခဲ့တယ်လို့ :) စကားပြောတဲ့အခါ ယပ်တောင်မခပ်ပဲ ရေစစ်ကလေးခပ်ပြီးပြောရအောင်လေ :)

ခင်တဲ့ (ချိုကျ)

အစ်မတစ်ယောက်ငယ်ငယ်က ဆုံးသွားတယ်
မချောလိုမျိုး ဆိုဆုံးမပေးမယ့် အစ်မတစ်ယောက်တမ်းတမိတယ်

ရေစစ်လေးတွေ ဝယ်ပါရစေလားဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

seeseinshinss said...

ချောနှမရေ
စာလေးတွေအတွက် ကျေးဇူးတင်ပါတယ် စာကောင်းပေကောင်းလေးတွေနဲ့တင်ဆက်ပေးတဲ့ ချောနှမ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပါစေ

ခင်မင်တဲ့

mra zan said...

ဗုဒ္ဓ ပြောတော်မူသော စကားကြီး ၂ မျိုးထဲမှ ၁ မျိုးဖြစ်မည်ဟု ထင်မိပါသည်

ဆင်ခြင်စရာတွေပေါ့။

ရေစစ်နဲ့သာစစ်ပြီးစကားပြောရရင်တော့ ....ရွှေအ ဖြစ်တော့မယ်...

ရေစစ်လို ပြောဖို့ဆိုတာကတော့ ၁၀၀မှာ...၁ယောက်တောင် ရှိမယ်မထင်ဘူး မချောရေ...။

ဟုတ်တယ်နော် မမချော
ကိုယ့်အတွက်လဲ အကျိုးမရှိ
သူများအပူ ကိုယ့်အပူဖြစ်စေတယ်နော်
ရေစစ်လေးတွေ တော်တော် အသုံးဝင်တယ်။
အကုန်လုံးကို စစ်လို့ရတယ်။

sosegado said...

အမြဲတမ်းအဲလိုပြောနိုင်ရင် ကောင်းမှာပါပဲ၊
ဆိုခရေးတီစ်း အကြောင်းရယ်စရာရေးထားတဲ့ စာတစ်ပုဒ်ကို သတိရသွားတယ်၊

လသာည said...

ဒီပုံပြင်လေး ကို တအားကြိုက်ခဲ့ဖူးတယ်။ ကျောင်းမှာ ဖလော်သင်ရတုန်းက ဆိုကရေးတီးစ်တွေ ဖတ်ပြီး ဆိုကရေးတီးစ်နစ်တောင် ဖြစ်ခါနီးအထိး))

ပိုစ်လေးအတွက် ကျေးဇူးနော်။

ယိုး said...

ကိုယ်ကတော့ အဲလိုပြောပြစရာရှိတယ် ဆိုရင် ဘယ်တော့မှ နားမထောင်တတ်ဘူး။ မသိချင်ဘူးလို့ပဲ အမြဲငြင်းလိုက်တယ်။ ဒါတောင် ရင်ထဲမကောင်းတတ်ဘူး။ မကောင်းတဲ့စကားတွေပဲ ဖြစ်မယ်ဆိုတာ ခံစားမိလို့လေ။ လူတွေက ကောင်းတာသာ မပြောချင်နေမယ် မကောင်းတာဆို တကူးတက လာပြောတတ်ကြတယ်လေ။ ဒီပိုစ်လေးကို သူငယ်ချင်းတွေအတွက် ဖြန့်ပေးလိုက်တယ်။ ကျေးဇူးတင်ပါတယ်။

အမရေ ဟုတ်ပါတယ် ကျွန်တော်ကတော့ နေ့တိုင်းနီးပါးကိုပြောဖြစ်နေတာ တော်ပြီ နောက်တော့ ရေစစ်သုံးခုနဲ့စစ်တော့မယ်။ ကိုယ့်တွက်လည်းအကျိုမရှိနော့.။။ မြတ်စွာဘုရားလည်းဟောတယ်လေ။ ကိုယ်လည်းအကျိုးမရှိသူလည်းအကျိုးမရှိဆိုမပြောသင့်ဘူးတဲ့။


ခင်မင်လျှက်
ကိုကိုးအိမ်

လင်းစင်ယော် said...

မမရေ ဖတ်ပြီးမှတ်သွားပါတယ်ရှင်

မချော...
လာဖတ်ပြီး တဘ၀ စာ မှတ်သွားတယ်...
ရေစစ်လေျးေတွ သုံးပြီး ပြောဖို့ကို ကိုကိုဇေ ကိုအရင်ဆုံးတိုက်တွန်းမှ ထင်တယ်...
ခင်မင်စွာဖြင့်
နှင်မိုးမိုး

မှန်လိုက်တာ ချောရေ...ရေစစ် ရေစစ်...အဲသလိုသာ စစ်ပြီးမှ ဆိုကြရင် ဘယ်လောက်ကောင်းတဲ့ နှုတ်ထွက်စကားလေးတွေ ဖြစ်မလဲနော်....

jr said...

တို့တွေ အမြဲသိပြီး သိပ်လိုက်မလုပ်ဖြစ်တဲ့ အရာတွေထဲက တစ်ခုပေါ့နော် ချောရေ..
စာလေးဖတ်ပြီး သတိကပ်မိပါတယ်။

ဇွန် said...

သိပ်ကောင်းတဲ့ ရေစစ်တွေ ပဲ မ မရေ...

အရင်ထဲက ကြားဖူးပေမယ့် အကျိုးများစေတဲ့ ပို့စ် လေးဖြစ်လို့ သေသေချာချာ ဖတ်သွားပါတယ်။ ကျနော်တော့ အမှန်တရား ဖြစ်ရင်တောင် အကျိုးမများ တဲ့ အတင်းအဖျင်း ပြောတာ ပြောခံရတာ ၊ စပ်စုတာ စပ်စုခံရတာ သိပ် မုန်း ပါတယ်။

ယမင်း said...

မချောရေ ,ရေစစ်လေးတွေကိုတော့ကြိုက်သွားပြီ, ခိခိခိခိ ကိုယ်တိုင်ဖတ်သလိုသူငယ်ချင်းတွေ လည်းဝေလိုက်ပါတယ်။ ဟဲးးးးးးးးးးးးးးးးးးးး လောဘကြီးတာတော့မဟုတ်ဖူးနော်။ စေတနာပေါ့။

ခိုင်သဇင်အေး said...

နှစ်သက်မိသောစာစုများနှင့်ဘာသာပြန်ခံစားမှုဝတ္ထုများအားလုံးဖတ်ကောင်းကောင်းနဲ့တစ်ထိုင်တည်းဖတ်ပြစ်လိုက်တယ်အချိန်ကုန်ရကျိုးနပ်တယ်အကျိုးမရှိအချိန်အလဟသဖြစ်စေတဲ့စာတစ်ပုတ်မှမတွေ့ခဲ့ရဘူးမမအရမ်းဂုဏ်ယူပါတယ်

သိဂီၤ said...

စကားတစ်ခု ပြောတော့မယ်ဆိုရင် ဒီရေစစ်လေးသုံးခုနဲ့
စစ်နိုင်အောင် ကြိုးစားပါ့မယ်…။
စကားပြောရင် ရှေ့နောက်မဆင်ခြင်ပြောတတ်တဲ့ အစ်မအဖို့ မှတ်သားသင့်တဲ့ ပို့စ်ကောင်းလေးမို့ မချောကို ကျေးဇူးတင်တယ်နော်။

kotunygn said...

So Good ........

ဇော်ရဲ said...

မချောရေ...
အရမ်းကိုလေးစားစွာနဲ့ကျေးဇူးတင်ပါတယ်။

U Aung Khin said...

ဖတ်လို့ကောင်းတယ်။

ကျေးဇူးတင်တယ်။

:)

ဆက်လက် ရေးသားနိုင်ပါစေ။ ။

အင်ကြင်းသန့် said...

အမှန်တရား၊ ကောင်းသတင်း၊ အသုံးဝင်မှု ....ကောင်းလိုက်တဲ့ရေစစ်သုံးခု။ လူတွေအားလုံးတကယ်သာလိုက်နာကြရင်တော့ လောကကြီးမှာ အသံတွေများဆိတ်သုဉ်းသွားမလားပဲ....။