ပျော်ရွှင်တဲ့ဘဝ




ဘ၀ကို ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာနဲ့ ကျော်ဖြတ်နိုင်ဖို့ အောက်ပါအချက်အလက်တွေက သင့်ကို အထောက်အကူ ပြုနိုင်ပါတယ်။

၁. တစ်ရက်ကို ၁၀မိနစ်မှ မိနစ်၃၀အထိ နေ့စဉ် ပုံမှန် လမ်းလျှောက်ပါ။ လမ်းလျှောက်နေစဉ်အတွင်း မျက်နှာကို ပြုံးပြုံးရွှင်ရွှင်ထားပါ။



၂. နေ့စဉ် ၁၀မိနစ်ခန့် အချိန်ပေး၍ တစ်နေရာတွင် စိတ်အာရုံမပျံ့လွင့်စေဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နိုင်အောင် ကြိုးစားပါ။

၃. တစ်နေ့ကို အိပ်ချိန် ၇နာရီပြည့်အောင် အိပ်ပါ။



၎. အလုပ်ကို ခွန်အားစိုက်ထုတ်၍ တက်တက်ကြွကြွ၊ နိုးနိုးကြားကြားနှင့် စိတ်အားထက်သန်စွာ ဆောင်ရွက်ပြီး အခြားသူများကိုလည်း မျှဝေတတ်သော စိတ်ကို မွေးမြူပါ။


၅. ဥာဏ်ရည်ထက်မြက်စေသော ကစားနည်းများ ကို မကြာခဏ ကစားပေးခြင်း၊ ရနိုင်သမျှ အချိန်တို့တွင် စာများများ ဖတ်ခြင်းတို့ကို ပြုလုပ်ပေးပါ။


၆. တတ်နိုင်သမျှ ရေများများသောက်ပါ။ အချိုရည်ကို လျှော့သောက်ပါ။


၇. အပင်မှရသော သဘာဝ အသီးအနှံများကို များများစားပြီး ပြုပြင်ဖန်တီးထားသော အစားအသောက်များကို လျှော့စားပါ။



၈. နံနက်စာကို များများစားပြီး နေ့လည်စာကို အတင့်အသင့်စားကာ ညစာကို တတ်နိုင်သမျှ နည်းအောင်စားပါ။

၉.တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတို့ကို ပြုလုပ်ပေးပါ။ ၄င်းတို့သည် စိတ်ကိုတည်ငြိမ်အေးချမ်းစေ၍ ခွန်အားများကို ရရှိစေပါသည်။



၁၀. ရယ်စရာများကို တတ်နိုင်သမျှ ရှာဖွေပါ။ နှစ်နှစ်ခြိုက်ခြိုက် ဟက်ဟက်ပက်ပက် ရယ်မောပါ။ တစ်ရက်ကို အနည်းဆုံး လူသုံးယောက်ကို ပြုံးရွှင်အောင် လုပ်ပါ။



၁၁. မိမိ၏ အဖိုးတန် အချိန်များ၊ ခွန်အားများကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနှင့်။

၁၂. မိမိ မတတ်နိုင်၊ အလုပ်နိုင် သော ကိစ္စရပ်များအတွက် အဆိုးမြင်ပြီး စိတ်ဆင်းရဲ၊ ဒေါသဖြစ်နေမည့်အစား စိတ်ချမ်းသာစရာ အကြောင်းအရာများကိုသာ တွေးတော ရှာဖွေပါ။

၁၃. အသက် ၇၀ကျော် လူကြီးသူမများ၊ အသက် ၆နှစ်အောက် ကလေးငယ်များနှင့် အချိန်ပေး၍ စကားပြောဆိုပါ။




၁၄.ဘ၀သည် တိုတောင်းလွန်းလှသောကြောင့် မိမိအချိန်များကို အခြားသူတစ်ဦးဦးအား မုန်းတီးခြင်း၊ ဂလဲ့စားချေခြင်း တို့ဖြင့် အချိန်မကုန်ဆုံးစေသင့်ပါ။

၁၅. မိမိကိုယ်မိမိ ဘယ်နေရာမှ ငါမရှိလျှင်မဖြစ်၊ ငါမပါလျှင်မပြီး ဟူသော အတွေးမျိုးကို ဖျောက်ဖျက်ပါ။

၁၆. မကောင်းသော အတိတ်ကာလ အကြောင်းအရာများကို မေ့ဖျောက်ပစ်ပါ။ မိမိချစ်သူခင်သူများ၏ အတိတ်က အမှားများကို မကြာခဏ ပြောဆိုခြင်း၊ သတိပေးခြင်း မပြုလုပ်သင့်ပါ။ ထိုအရာများသည် သင်၏ လက်ရှိပျော်ရွှင်မှုများကို ဖျက်ဆီးပစ်မည့် အရာများသာ ဖြစ်သည်။


၁၇.မည်သည့် အငြင်းအခုန်မျိုးတွင်ဖြစ်စေ၊ ပဋိပက္ခများတွင်ဖြစ်စေ သင်အနိုင်ရမှဖြစ်မည်ဆိုသော အတွေးကို ပယ်ဖျောက်ပါ။ အငြင်းပွားခြင်းသည် မိတ်ဆွေ လျှော့နည်းစေသော အကြောင်းတရားတစ်ခု ဖြစ်သည်။


၁၈. သင်၏ဘ၀ကို အခြားသူများနှင့် နှိုင်းယှဉ်၍ စိတ်ပျက်အားငယ်ခြင်း၊ မနာလိုခြင်းတို့ မည်သည့်အခါမျှ မဖြစ်ပါစေနှင့်။ အခြားသူများ၏ ဘ၀သည် တသမတ်တည်း ရှိမည်ဟူ၍ သင် အတတ်မပြောနိုင်သလို သင်၏ ဘ၀အခြေအနေသည်လည်း ယခုအတိုင်း အမြဲတမ်းရှိနေမည်ဟု မည်သူကမှ မပြောနိုင်ပါ။

၁၉.အလုပ်ကိုသာ ဦးစားပေးပြီး မိတ်ဆွေ သူငယ်ချင်းများကို မေ့လျှော့နေတာမျိုး၊ အချိန်မပေးနိုင်တာမျိုး မဖြစ်အောင်ကြိုးစားပါ။ သင်နေမကောင်းလျှင်၊ အကူအညီလိုအပ်လျှင် သင့်အလုပ်က သင့်ကို လာရောက်ကူညီမည်မဟုတ်။ သင့်မိတ်ဆွေ သူငယ်ချင်းများကသာ ကူညီပေးနိုင်ပါလိမ့်မည်။



၂၀. ခွင့်လွှတ်တတ်သော စိတ်ကို မွေးမြူပါ။

၂၁. မိသားစုများနှင့် မကြာခဏ ရင်းနှီးနွေးထွေးစွာ နေထိုင်ပါ။ အဝေးမှာရောက်နေလျှင်လည်း မကြာခန အဆက်အသွယ်ပြုလုပ်ပါ။



၂၂. ကောင်းမြတ်သောအရာများကို အခြားသူများအား ပြန်လည် မျှဝေနိုင်ရန်ကြိုးစားပါ။ လူမှုရေးလုပ်ငန်းများတွင် ပါဝင်တတ်သူဖြစ်အောင် ကြိုးစားပါ။

၂၃. ၀င်ငွေထွက်ငွေကို မျှတစွာ သုံးစွဲတတ်သူ ဖြစ်ပါစေ။

၂၄. သစ်ပင်စိုက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ မွေးမြူခြင်း၊ သူငယ်ချင်း၊ မိတ်ဆွေများကို ရင်းနှီးနွေးထွေးစွာ စကားပြောဆိုခြင်း၊ စသည်တို့ကို ပြုလုပ်ခြင်းဖြင့် ကြင်နာ ဂရုစိုက်တတ်သော အလေ့ကောင်းကို မွေးမြူပါ။



၂၅. မိမိရဲ့ နိုးထလာသော မနက်ခင်းတိုင်းကို အကောင်းမြင်စိတ်ဖြင့် နိုးထကျင့်ကို ပျိုးထောင်ပါ။ ထိုသို့ဖြစ်နိုင်ရန်မှာ အလုပ်ချိန်နီးမှ ကပျာကယာ ထခြင်းထက် အချိန်စော၍ ကြိုတင်နိုးထခြင်းက သင့်အတွက် စိတ်ချမ်းသာ ပျော်ရွှင်သော မနက်ခင်းဖြင့် စတင်နိုင်ပါလိမ့်မည်။

အထက်ပါအချက်တွေကို ကျွန်မကိုယ်တိုင်လည်း နှစ်သက်မိသလို ကြိုးစားလိုက်နာဖို့လည်း လိုသေးတာမို့ ကိုယ်တိုင်လည်း သတိထားဖို့၊ အခြားသူများလည်း မျှဝေဖို့ ဖတ်မိတာလေးကို ဘာသာပြန်ပြီး ပြန်လည် ဝေမျှခြင်းသာ ဖြစ်ပါတယ်ရှင်။

ပျော်ရွှင်သာယာသော ဘ၀ကို လူတိုင်းတည်ဆောက်နိုင်ကြပါစေရှင်။


ချော(အစိမ်းရောင်လွင်ပြင်)


Source from http://www.funzug.com/

Photo from google

35 Responses to “ပျော်ရွှင်တဲ့ဘ၀”

sosegado said...

ပျော်ရွှင်သော ဘ၀ဖြစ်ဘို့၊ အကောင်းဆုံးဖြစ်အောင်တော့ လုပ်ကြတာပဲ၊ ကြိုးစားလိုက်နာဖို့လည်း လိုသေးတာတော့ အမှန်ပဲ၊ လောကီသားပေမို့၊ ၂၅ချက်ကိုမျှဝေပေးတာကျေးဇူးပါ၊

ဒီပို့စ်ကို ပရင့်ထုတ်ပြီး ရုံးမှာ ကပ်ထားရမယ် သူငယ်ချင်းတွေကိုပါ ဝေမျှရာရောက်တာပေါ့. ဟုတ်ပါ့ဗျာ တခါခါ ဘာတွေကလွဲနေလို့ လွဲနေမှန်းကိုမသိ လူကပဲ မွန်းကြပ်လာသလိုလိုနဲ့ စိတ်ရှုပ်ရတဲ့ ရက်တွေများလာတယ် ကျေးဇူးပါ အကျိုးရှိတဲ့ ပို့စ်လေးအတွက် ။

ကျေးဇူးပါ ပို့စ်လေး အတွက် တကယ့်ကို သိသင့်တာတွေ သိသွားရတယ် အချက်တော်တော်များများတော့ သမီးလုပ်ဖြစ်ပါတယ် ဂလိုဆို ဟိ.... တာ့တာ ဒေါ်ရွှေချော

ahphyulay said...

အချက် အလက် တွေ များ ပေမဲ့  ရိုးရိုး ရှင်းရှင်း လေး တွေ မို့ 
တကယ်လိုက်နာကျင့် သုံး ရင် မဖြစ်နိုင်စရာ မရှိပါ .... လို့  ။
အဲ့ ဒီ ထဲ မှာ မယ်ဒီတေးရှင်း နဲ့  ပတ်သက်တဲ့  ကျင့် စဉ် လေးတွေ ပါနေလို့ 
ပိုပြီး နှစ်သက် ပါတယ် လို့  ။

ခင်တဲ့ 

နီနီ said...

သေချာလေးဖတ်ကြည့်လိုက်တော့ မလိုက်နာဖြစ်တဲ့အချက်တွေထဲမှာ ၃ ၅ ၈ ၂၀ ၂၃ ၂၅ တွေကို တော့ မလိုက်နာနိုင်ဘူးဖြစ်နေတယ်...
ကျန်တာတွေတော့ ပုံမှန်မဟုတ်တောင် အမြဲနီးပါး ကျင့်သုံးလုပ်ဆောင်ဖြစ်ပါတယ်... လက်ခံတယ်ပေါ့... ၃ ၅ ၈ ၂၀ ၂၃ ၂၅ ကတော့ ရဘူး... တတ်နိုင်ဘူး....
ပို့စ်လေးအတွက် ကျေးဇူးပါ...

အားပေးနေပါတယ်...

မှတ်သားစရာလေးတွေနော် အမချော။
ကျင့်သုံးဖို့ခက်ပေမဲ့ သိထားသင့်တဲ့အရာတွေပါ။ သိတဲ့အတိုင်းကျင့်နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။

ခင်မင်စွာဖြင့်
ကိုကိုမောင်(ပန်းရနံ့)

ပျော်ရွှင်တဲ့ ဘဝလေး ပိုင်ဆိုင်နိုင်ဖို့ မှတ်သားစရာ အချက် ၂၅ ချက်ထဲက ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့ အချက်တွေက အရမ်းနည်းလွန်းနေပါတယ်။ ဒါကြောင့် အခုလို ဖတ်လိုက်ရတော့ သတိပေးသလို ဖြစ်မိတဲ့ အတွက် တော်တော်များများကို လိုက်နာ နိုင်အောင် ကြိုးစားပြီး ပျော်ရွှင်တဲ့ ဘဝ လေးဖြစ်အောင် ကြိုးစားလိုက်ပါအုံးမယ်ခင်ဗျ။ အခုလို မျှဝေပေးတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

နံပါတ် (၃)အချက်ကိုတော့ တကယ်လိုက်နာပါ့မယ် မရီး..
အဟဲ..သုံးယောက်ဆိုတော့ တစ်ယောက်လောက်ကျန်အုံးမလားလို့
(စတာနော်) တကယ်ဆိုလဲ စိတ်ဆိုးဘူး:P
တတ်နိုင်သမျှ လိုက်နာပါ့မယ်.။ ကိုယ်မသိ ကိုယ်မကျင့်ဖြစ်တာတွေ တော်တော်များသားလား။

(၈)၊(၉)၊(၁၂)၊(၁၃) တို့ကို မလုပ်ဖြစ်သေးဘူးဗျ ကြိုးစားကြည့်တာပေါ့..။ပျော်ရွင်တဲ့ ဘဝကိုမရရင် မချော ပြန်
လျော်ပေးရမယ်....း)။

shwezinu said...

ဟုတ်ပါတယ် ညီမချော ရေ

အဲဒီလိုအချက်လေးတွေ သတိထားပြီး လုပ်ဆောင်ပါတယ် ဒါပေမဲ့ ညစာ စားတာတော့ လျှော့မရသေးဘူး အင်း မကောင်းတဲ့ အကျင့်ပေါ့

ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

အတော်ကောင်းတဲ့အချက်တွေပါပဲ... မချောရေ....း)))


ခင်မင်တဲ့
နေ၀သန်

မမချောရေ.....အချက် ၂၅စလုံး ကော်ပီထားလိုက်ပြီ။
မမရေ မျှဝေပေးတာကျေးဇူးပါ။

မချောရေ အချက်အားလုံးက တကယ်ကို လိုက်နာသင့်တဲ့ အချက်တွေပါပဲ.. သေချာ မှတ်သားထားပါမယ်.. ကျေးဇူးပါနော်

အချက်တွေက များသာ၊ လွယ်ဘူးဗျ ...း)

mg han said...

-to reduce dinner
-to sleep 7 hours a day
-to get up early in morning
Except them all i agree.A ma.:)

ပြောပါတယ် ..မချောရေးတဲ့ ဘလော့ တစ်ခုကိုဖတ်ပြီးသွားရင် အသိတစ်ခုတော့ရပါတယ်.
တစ်ကယ်ကိုလိုအပ်တဲ့ အရာတွေ..

bike sales said...

WONDERFUL Post.thanks for share..

မှတ်သားသင့် မှတ်သားထိုက်စရာလေးတွေပါဘဲ အားလုံးကောင်းပါတယ်
ဒါပေမဲ့  မနက်စာ နေ့ လည်စာ ညစာ အကုန်လုံးတော့များများစားချင်တယ် :P

မြတ်နိုး said...

တော်တော်များများ သိလို့တော့ဟုတ်ဘူး.. ကိုယ့်တိုက်ပ်ဖြစ်နေတယ်။
ဘ၀ဟာ နေတတ်ရင်ကျေနပ်စရာပါ

စာထဲက အတိုင်းလုပ်နေရရင်တော့.. အတော်ပျင်းစရာကောင်းမှာ..
ဥပမာ။ ။နံပါတ် ၁၃

မေမွန် said...

အချက်တွေအားလုံးသဘောကျတယ်
လိုက်လုပ်နိုင်အောင်တော့ကြိုးစားပါ့မယ်။

ဇေ said...

ချော ညီမကို ဖက်ခိုင်းရအုံးမယ် ၊ ရီတာကတော့ တော်တော်လေး ရီပါတယ် ။ သစ်သီးလဲ စားတယ် ငြိမ်သက်မှုကတော့ ဆင်ကိုသာကြည့်ပေတော့ ၊ တ ခုခုတော့ အမြဲတမ်းလှုတ်နေတယ် လာဖက်သွားတယ်
ချော ပြောတဲ့ အတိုင်းဇေက အကုန်လုပ်တယ် သစ်ပင်က ဒီမှာ မဆိုက်ဘူး ဟိုတုန်းက တအားစိုက်တယ် လမ်းဘေးတွေ တောင် မယ်ဇလီပင် ၁၈ပင်စိုက်ပေးဘူးသေးတယ် ၊ ၁၈နှစ်မွေးနေ့တုန်းက

ယမင်း said...

ခိခိခိးးးးးးးးးးး ယမင်းကတော့အကုန်ကော်ပီလုပ်ထားလိုက်ပြီ။ မချော ရေးတာတွေကိုအကုန် ကြိုက်တယ်။ မချောရေများများရေးနော်။ မျှော်နေမယ်။

bravo said...

တော်တော် များများတော့ သဘောကျမိပါတယ်အစ်မ
အဲလို ဖြစ် အောင်လည်း ကျင့်ရ ဦးမယ်
ကျေးဇူးတင်ပါ၏

၂၄ချက်လုံးကို အပြန်ပြန် အလှန်လှန်ဖတ်တယ်။
တစ်ချက်ခြင်းကိုစစ်ပြီး မြသွေးနီဘယ်နှစ်ချက်နဲ့ ကိုက်ညီသလဲ စဉ်းစားလိုက်မိတော့..
ဘုရား..ဘုရား.. ၅၀% ကျော်ဖို့တောင်မလွယ်..။ ရှက်ဖို့ကောင်းလိုက်တာ..။ ဒါနဲ့၁၀ချက်လောက်တော့ မဖြစ်မနေပြည့်အောင်ဆွဲဖြည့်လိုက်ရတော့တာပေါ့။ အချက်နံပါတ်(၃)ကတော့ အားလုံးထဲမှာ မဖြစ်နိုင်ဆုံးပါဘဲ..။ ၀ါး.... ပြောရင်း အိပ်ငိုက်တောင်လာပြီ..။ :)

အချက်အားလုံးပြည့်စုံအောင်ကြိုးစားနေထိုင်သွားပါ့မယ်မချော...။

ချစ်တဲ့
သဒ္ဓါ

ျ ပ said...

ဖတ်ရင်းဖတ်ရင်းနဲ့ comment ထဲ ဘယ်လိုရေးလိုက်မဟဲ့ လို့ စဉ်းစားနေတာ၊ နောက်ဆုံး စာပိုဒ်ဖတ်မိတော့မှပဲ စိတ်ပြောင်းသွားတော့တယ် :P

ဘ၀နေထိုင်ရေးအတွက် ဗဟုသုတဖြစ်စေတဲ့ ဒီလိုအကြောင်းအရာမျိုးကို ကျွန်မသိပ်ကြိုက်တယ်။
ဒီအထဲက
နံပါတ်၅မှာပါတဲ့ ဥာဏ်ရည်ထက်မြက်တဲ့ ဂိမ်းမ်ဆိုရင်ဘာဂိမ်းမှမဆော့ချင်ဘူး။ စာဖတ်တာပိုကြိုက်တယ်။
နံပါတ်၆ကလို ရေသောက်ဘို့လည်းမေ့နေတတ်တယ်။
၂၀မှာပါတဲ့ အချက်ကတော့ အတော့ကို ကြိုးစားမှရမယ်။

ကျေးဇူးတင်တယ် ချောရေ။
ကျွန်မမှာပြင်စရာတွေအများကြီးဆိုတာ သဘောပေါက်သွားပြီ။

ဖြိုးဖြိုး said...

အမချောရေ
ဒီပိုစ်လေးကိုကြိုက်သွားပါပြီမသိသေးတဲ့အချက်တွေသိခဲ့ရလို့လေ
နောက်လဲကျန်းမာရေးနဲ့ပတ်သက်တဲ့ ပိုစ်တွေများများတင်ပေးပါနော်သမီးကအစိမ်းရောင်လွင်ပြင်ရဲ့
ပရိတ်သတ်တစ်ဦးပါ

nyeinsoeoo said...

ဖတ်ခဲ့ပါတယ် ...
ငြိမ်းစိုးဦး

thawthaw said...

အရမ်းကောင်းပါတယ်၊ ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်

၂၅ ချက်ထဲမှာ ကိုက်ညီတဲ့ အချက်က တော်တော် နည်းနေတယ်။
ကြိုးစားရအုံးမယ်။

kotunygn said...

Thanks so much. U also take care.
:)

အင်ကြင်းသန့် said...

တစ်နေ့ကို လူသုံးယောက်ကို ပြုံးရွှင်အောင်လုပ်ရမယ်ဆိုလို့ တစ်နေ့ကို လူသုံးယောက်ရှာပြီး မရီမချင်း ကလိထိုးမယ်..... :D

paingpaing said...

တကယ့်ကို တန်ဖိုးရှိတဲ့ အကြံပေးချက်တွေပါ
လူမှုဆက်ဆံရေးပိုင်းတွေနဲ့ ကိုယ့်ကိုယ်ကို အားမရတာတွေကိုတော့ လိုက်နာနိုင်အောင်
ကြိုးစားရပါမယ်။ ပြီးတော့ အစားအသောက်ပိုင်းပေါ့ ။ ဗိုက်အရမ်းစာတတ်တယ်
ဟီး....ဟီး.......အစားကြီးတယ်ပေါ့နော်