ကြက်ဆီထမင်း စားကြသူများ


ကြက်ဆီထမင်းစားကြသူတွေက တစ်ခြားသူတွေမဟုတ်ပါဘူး။ ကိုယ်တိုင် လုပ်စားဖြစ်တာကို ပြောချင် တာပါ။ ကြက်ဆီ ထမင်းကို လူတိုင်း စားဖူးကြမှာ ဖြစ်သလို ကြက်ဆီထမင်း လုပ်နည်းကို လည်း တော်တော် များများက သိပြီးကြပြီး ဖြစ်မှာပါနော်... ဒါပေမဲ့ လုပ်နည်းလေးတွေတော့  တစ်ဦးနဲ့ တစ်ဦး ကွဲပြားနိုင်တယ်လို့ ကျွန်မ ထင်ပါတယ်.. ပြီးခဲ့တဲ့ အပတ် တနင်္ဂနွေနေ့တုန်းက အိမ်မှာ  ကြက်ဆီ ထမင်း လုပ်ပြီး သူငယ်ချင်းတွေနဲ့ စားခဲ့ကြပါတယ်.. အဲဒီတုန်းက လုပ်ခဲ့တဲ့နည်းလေးကို ဒီနေရာ ကနေ ပြန်လည် မျှဝေချင် ပါတယ်။ ဆိုင်တွေမှာ လုပ်တဲ့နည်းနဲ့တော့ ကွဲပြားမှာပါ။ မိမိအိမ်မှာ  ပေါ့ပေါ့ ပါးပါး လုပ်စားလို့  ရ နိုင်တဲ့ နည်းသာ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ပြုတ်ဖို့ အနေအထား ပြင်ဆင်ခြင်း

ပထမဦးဆုံး ကြက်၀၀ ဆူဖြိုးဖြိုးကို အကောင်လိုက်ဖြစ်စေ၊ အပိုင်းလိုက်ဖြစ်စေ ရေနဲ့ ပြုတ်ဖို့ လိုအပ်ပါတယ်.. အဲဒီထဲကို ကြက်သွန်ဖြူ၊ ဂျင်း၊ မှိုခြောက်၊ ဆန်အရက်(သို့) ဟင်းချက်ဝိုင်(အနည်းငယ်)၊ ဆား၊ အချိုမှုန့် တို့ကိုထည့်ပြီး ရေကို ခပ်များများထည့်ကာ ပြုတ်ပါတယ်.. ကျွန်မတို့ဆီမှာတော့ ဆွမ်းမွှေးရွက်လေး ရှိနေတာကြောင့် အဲဒါလေးပါ ထည့်လိုက်ပါတယ်..  ကြက်သားပြုတ်ရာမှာ Rice cooker နဲ့ ပြုတ်လဲဖြစ်ပါတယ်..


Image Hosted by PicturePush - Photo Sharing

ကြက်သား ရေထည့်ပြီး ပြုတ်ဖို့ ပြင်ဆင်ပါတယ်

Image Hosted by PicturePush - Photo Sharing
ကြက်သားလဲ နူး၊ ကြက်ဆီတွေလဲ ထွက်လာချိန်မှာ ဒီလိုလေးပေါ့နော်။

Image Hosted by PicturePush - Photo Sharing

အဆီများမဲ့ ကြက်၀၀ကို ပြုတ်မှ ခုလို ကြက်ဆီတွေအများကြီးထွက်ပါတယ်..


အပေါ်က ကြက်ဆီများကို ဇွန်းနဲ့ကဲ့ပြီး ခွက်တစ်လုံးနဲ့ အသာလေး ခပ်ထားပါတယ်။ ပြီးတော့ အသားတွေကို လည်း ဆယ်ယူလိုက်ပါတယ်..  ကြက်ဆီကို ဒယ်အိုးတစ်ခုထဲ ထည့်ပြီး ကြက်သွန်ဖြူအမွှာကို ဆီထဲထည့် ရှောက်ကော၊ ပါးကော( နာနတ်ပွင့် လို့လည်း ခေါ်ပါတယ်) အဲဒါကို အလုံးလိုက်ထည့်၊ ရေဆေးပြီး စစ်ထားတဲ့ ဆန်ကိုပါထည့်ပြီး အောက်က ပုံအတိုင်း  ဆန်အနည်းငယ် ၀ါလာအောင် ကြော်လိုက်ပါတယ်.


Image Hosted by PicturePush - Photo Sharing

ကြက်ဆီနဲ့ ဆန်အစိမ်းကို ကြော်တာပါ။ အကြာကြီး ကြော်ဖို့မလိုဘဲ ၀ါရောင်သန်းရုံလေးသာ  ကြော်ဖို့ လိုပါတယ်..


Image Hosted by PicturePush - Photo Sharing



ကြော်ထားတဲ့ ဆန်ကို အိုးထဲထည့်၊  အစောက ရှိနေတဲ့ ကြက်ပြုတ်ရည်ကိုထည့်၊ ဆွမ်းမွှေး ရွက်လေး မွှေးအောင်ထည့်ပါတယ် (မရှိရင် ထည့်ဖို့မလိုပါ)။ အိမ်မှာရှိတဲ့ ပျားရည်လေးပါ ထည့်ထား ပါတယ်. ဆားသင့်တင့်ရုံထည့်ဖို့ လိုပါတယ်.. ရေခမ်းချိန်မှာ ထက်အောက် မွှေပေးဖို့ လိုပါတယ်.. ဒါမှသာ ကြက်ဆီများ နှံ့စပ်သွားမှာ ဖြစ်ပါတယ်.. မဟုတ်ရင် ဆီတွေက အောက်မှာဘဲ ရှိနေမှာဖြစ်ပြီး ထမင်းအိုး အပေါ်ပိုင်းက ခြောက်ကပ်ကပ် ဖြစ်နေနိုင်ပါတယ်..


Image Hosted by PicturePush - Photo Sharing

ကျက်သွားပြီ။ ပျားရည်ပါလို့ ဆန်က အ၀ါရောင်သန်းနေပါတယ်.. ကြက်ဆီထမင်းက ဆွမ်းမွှေးရွက်နံ့၊ ပျားရည်နံ့၊ ရှောက်ကောပါးကောနံ့၊  ကြက်ဆီနံ့တွေ တလှိုင်လှိုင်နဲ့ပေါ့။


Image Hosted by PicturePush - Photo Sharing

ပြုတ်ပြီး ဆယ်ယူထားတဲ့ ကြက်သားတွေကို ခုလို လှီးဖြတ်ထားပါတယ်..


Image Hosted by PicturePush - Photo Sharing

ဒီမုန်လာဥနီတွေက ကြက်ဆီထမင်းကို လှပအောင် တန်ဆာဆင်ပေးမဲ့အရာတွေပေါ့။


Image Hosted by PicturePush - Photo Sharing
မုန်လာဥနီပန်းပွင့်ဖော်ပုံ

မုန်လာဥနီတွေကို အပေါ်ကလို ပန်းပွင့်ပုံလေးတွေ ဖြစ်အောင် လုပ်နည်းလေးကို လူတိုင်းသိကြမှာပါနော်။ ဒါပေမဲ့  မသိသူများကို တစ်လက်စတည်း ဒီနေရာကနေ မျှဝေချင်ပါသေးတယ်.. သိပြီးသူများ ခွင့်လွှတ် သီးခံပါရှင်။ ဥနီကို အပေါ်ယံအခွံကို ခြစ်ပစ်ပြီး  ပုံပေါ်မှာ ပြထားသလို ခပ်ရွေရွေ ခပ်စောင်းစောင်းလေး ဖြစ်အောင် အမြောင်းလေး လုပ်ပါတယ်.. ပြီးရင် အဲဒီ အမြောင်းနေရာက အသားလေးကို ဖယ်ထုတ်လိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ဒီလိုအနေအထား ရရင် အိုကေပါ။

အကွာအဝေးခပ်ညီညီ ခုလို မြောင်းလေးတွေ ပတ်ပတ်လည် ဖော်လိုက်ပါတယ်.. မြောင်းထဲက အသားတွေကို ဖယ်ထုတ်ပြီး တစ်လုံးလုံးကို ခုလို မြောင်းလေးတွေလုပ်ပြီးတဲ့အခါ မထူမပါးလေး လှီးလိုက်ပါတယ်. ဒီလိုဆိုရင် ပန်းပွင့်ပုံ ဥနီလေးတွေ ရပါပြီ။ သခွားသီးကိုလည်း ခုလို ပန်းပွင့်ပုံဖော်ပါတယ်.. ဒါပေမဲ့ ဒီက သခွားသီးတွေက သေးသေးရှည်ရှည်လေးတွေ ဖြစ်တာကြောင့် ပန်းပွင့်ပုံဖော်လို့ အဆင်ပြေတာပါ။ သခွားသီး ကြီးကြီးတွေဆိုရင်တော့ ပန်းပွင့်လုပ်ဖို့ အဆင်မပြေနိုင်ပါ။



Image Hosted by PicturePush - Photo Sharing

သုံးဆောင်လို့ရပါပြီ။

ကျက်ပြီး ကြက်ဆီထမင်းကိုခူးကာ ပန်းကန်လုံးတစ်ခုထဲထည့်ပြီး သိပ်သွားအောင် လက်နဲ့အသာဖိပြီး ပန်းကန်ပြားပေါ် မှောက်ချလိုက်ပါတယ်.. ဒီလိုဆို ပုံမပျက် လှလှပပ ကြက်ဆီထမင်းလေးက ပန်းကန်ပြားလေးပေါ်မှာ၊ ထမင်းဘေးပတ်လည်မှာ  ကြက်သားရယ် ၊ သခွားသီး၊ ဥနီ၊ နံနံပင်များကို ခုလို နေရာချလိုက်တဲ့အခါ အားလုံး အဆင်သင့် အနေအထားနဲ့ ကြက်ဆီထမင်းပါ။ တွဲဖက် စားသုံးရတဲ့ ငရုပ်ဆော့နဲ့ ပဲငပိကိုတော့ ဓာတ်ပုံ မရိုက်ဖြစ်လိုက်လို့ မဖော်ပြနိုင်တော့ပါဘူး။ ကြက်သားပြုတ်ရည် ကျန်နေသေးရင်တော့ သောက်စရာ ဟင်းချိုအဖြစ် အသုံးချလို့ ရပါတယ်။


Image Hosted by PicturePush - Photo Sharing

စားချင့်စဖွယ် ပြင်ဆင်ကွယ်

ကြက်ဆီထမင်းလေးကတော့ ဒီတစ်ပတ် Sunday Special ပါ။  ချက်ပြုတ်ရာမှာ ဘယ်ဟင်းလျှာ၊ ဘယ်မုန့်လုပ်နည်းမဆို  မိမိစိတ်ကူးရှိသလို၊ မိမိအိမ်မှာရှိတဲ့ ပစ္စည်းပေါ် မူတည်ပြီး တီထွင် ချက်ပြုတ်နိုင်ပါတယ်.. အခြားသူတွေ ချက်ပြတာ၊ လုပ်ပြထားတာနဲ့ တစ်ထပ်တည်း ဖြစ်ရမယ်လို့ သတ်မှတ်ချက်ထားဖို့ မလိုပါဘူးနော်။ မိမိမှာ ရှိတာလေးနဲ့ အဆင်ပြေစွာ ချက်ပြုတ် စားသောက်နိုင် ကြပါစေရှင်။ :)


Image Hosted by PicturePush - Photo Sharing

40 Responses to “ကြက်ဆီထမင်း စားကြသူများ”

phyophyo said...

တော်လိုက်တဲ့ မချော၊ စာရေးတာလည်း တော်၊ ဟင်းချက်ကလည်းကောင်း၊
ကြက်ဆီထမင်းမချက်တတ်ဘူး၊
နည်းလေးသေချာမှတ်သွားပါတယ်၊
ကျေးဇူး မချော
ခင်မင်လေးစားလျှက်

ဘယ်ရမလဲ..။
ဒီတစ်ခါတော့ ဆာဆာနဲ့ ပွဲဦးထွက် ၂ပန်းကန်စားပြီး ဈေးဦးဖောက်သွားတယ်။
ဟွန့်...အအီပြေ အအေးလည်း မပါဘူး..။

ချစ်သော..
မြသွေးနီ

ခိုင်သဇင်အေး said...

ကွေ့...စားချင်စရာကြီးပါလားဟ...နောက်တစ်ခေါက်ကျရင်
ငါးဆီထမင်းလုပ်ကြွေးဦးနော်..ကြက်သားမစားလို့..

အဟဲ... ချက်နေတယ်ဆိုကတည်းက စောင့်နေတာဗျ... အခု လာဆွဲတယ်ဗျို့....

အဟတ်... တကယ်အပြင်မှာ ကျွေးရင်ကောင်းမယ် :P

အဟုတ် တကယ်စားချင်စဖွယ်ပဲ ရှလွတ် ပလပ် ဂလု
သွားရည်တောင်ကျတယ် ဗြဲ
သမီးလာလည်ရင်
အဲလိုတွေ လုပ်ကျွေးမှာလား
မ က အချက်ပြုတ်ကောင်းမယ့်ပုံပဲ
နော် ဟိ
ချက်နည်းတော့ သင်မသွားတော့ဘူးနော် ချက်ရမှာ ပျင်းလို့ ဒေါ်ချောပဲ ကျုပ်ကို လုပ်ကျွေးတော့ ဒါဗြဲ

လသာည said...

ယောင်းယောင်းရေ ကြက်ဆီထမင်းစားချင်တယ်း)))

လင်းစင်ယော် said...

မမရေ ကြက်ဆီထမင်း လုပ်စားချင်နေတာ ကြာပါပြီ အခုမှပဲ နည်းသိတော့တယ်
ကျေးဇူးအများကြီးတင်ပါတယ် မမချော...........ချမ်းမြေ့ပါစေရှင်.........

Bravo said...

အစ်မရ..
ဗိုက်ဆာ တယ်ဗျ..

အင်း..........အဲဒီ့လက်ရာကို အပြင်မှာလဲ မြည်းချင်တယ်..။

စားချင်တယ် မမ .. ချက်ကျွေးပါနော် .. ကိုယ်တိုင်လုပ်စားရင် ကောင်းမှာ ဟုတ်ဘူး .. နော် နော် နော် :D :D :D

မချောတို့ကတော့ လုပ်ပြီး ပိတ်ရက်ကြီး အစားအသောက်နဲ့ နှိပ်စက်တယ်..
ကယ်ပဲ ကယ်ပဲ..

မြတ်နိုး said...

လုပ်တာဆင်တယ်..ဒါမဲ့တူဘူး..
ကြက်သားကို ချကာနီးမှာ .. ပဲငန်ပြာရည်အနောက်လဲထပ်သေးတယ်

ထမင်းထဲကို သကြားနဲ့ဆားသင့်တော်ရုံလေးလဲထည့်တယ်။ ဒါမဲ့အရက်တော့ တခါမှထည့်ဘူး။ ဟီး..လုပ်နည်းကတော့ဆင်တယ်။ ထည့်တာနဲနဲလေးပဲ ကွဲတာ..အဓိက က ဂျင်းနဲ့ က်ြက်သွန်ဖြူလေးထင်တာပါပဲ..ထင်တာနော်..။

ချောလုပ်တာလဲ..စားကောင်းမဲ့ပုံပဲနော်..။

သြော်..အမရယ်.. ခေါင်းစဉ်လေးကိုမြင်လိုက်တော့လေ... အခါတိုင်းလို ဘာသာပြန်တစ်ပုဒ်လို့ ထစ်ထစ်ချတွေးပြီးလာကာမှ မမြင်ချင်သော (ငတ်နေတာကြာလို့.. :P) ကြက်ဆီထမင်းကြီးနဲ့ ပတ်တိုးနေပါ့လားကွယ်... ဟင့်... ချားချင်တယ်...


ခင်မင်တဲ့
နေ၀သန်

မချက်ကြည့်ဖူးဘူး ပုံလေးတွေကြည့်ရတာ စားကောင်းမဲ့ပုံဘဲ ကြည့်ရင်းစားချင်လာပြီ
အားတဲ့နေ့မှ မမချောပြောတဲ့အတိုင်းချက်ကြည့်လိုက်မယ်

အားလုံးလုပ်ပြီးတော့ မှ နည်းနည်းဝင်ကစ်သွား သေးတယ်။ ခေါင်းမှ ခေါင်း

blackroze said...

မကြီးချောရေ...ဗိုက်ဆာဆာနဲ့လာစားသွားတယ်နော်..

flowrpoem said...

အမရေ စားတော့ စားချင်တယ်. . လုပ်ဖို့တော့ ပျင်းတယ် အဟီး :P နောက်လုပ်စားမယ်ဆိုရင် အမဆီက နည်းလာကူးမယ်နော် :)

MDW said...

ကြက်ဆီထမင်း လာစားတယ် ချောရေ ..
နည်းလဲ မှတ်သွားတယ်။ တခါမှ ကိုယ်တိုင်လုပ်မစားဖူးဘူး။ စမ်းကြည့်အုံးမှပဲ။

ချောရေ အမက ဒီမှာ ကြက်ဆီထမင်း လုပ်တဲ့ ရယ်ဒီမိတ် ရှိတော့ အဲလို ချက်ဖို့ အားမထုတ်ဖြစ်ဘူး ဟားဟား အလွယ်တကူပဲ ရယ်ဒီမိတ်နဲ့ ချက်ဖြစ်နေတာ...။ လုပ်ကြည့်ပါဦးမယ် ချောရေ...:)

sosegado said...

ဒီမှာတစ်ပတ်ကို တစ်ခါလောက်ဝယ်စားဖြစ်တယ် ရွေးစရာမရှိလို့

ကြက်သားနဲ့ အုန်းထမင်းစားချင်စိတ်ပေါက်သွားတယ်း) ခုတော့ သွားရည်ကျသွားတယ် အစ်မရေ မြင်သာမြင် မကြင်ရတဲ့ဘဝ

charm said...

အ၇မ်းကောင်းမှာပဲနော် ၊အိမ်မှချက်စားမလို့ နည်းယူသွားပြီ။ ကျေးဇူးတင်ပါတယ် ၊နောက်လည်းဒီအတိုင်းပဲတခြားစားစရာတွေရေးပေးအုံးနော် ၊ဟင်မချက်တက်လို့

မမချော တို့ကတော့ စားဖွယ် တွေကို အစုံအလင်ပဲ ချက်ပြုတ်တက်တယ်နော်. မမချော နဲ့ ရတဲ့ သူကတော့ ကံကောင်းမှာပဲနော်.. :P

ဗိုက်ဆာဆာ နဲ့ ကြက်ဆီထမင်း နှစ်ပွဲ တောင် တွယ်သွားတယ် ခင်ည.. :)

မချောရေ..
ကြက်ဆီထမင်းက ၀ယ်ပဲစားဖြစ်တယ်.။ မချက်ဖူးသေးဘူး။ မချောချက်ကျွေးမှစားဖြစ်တော့မှာ.။
ခုလည်းသွားရေကျပြီးပြန်သွားရပါတယ်။ မမမြသွေးကအကုန်စားသွားတော့ သဒ္ဓါစားဖို့မကျန်တော့ဘူး..။
ဟူးးးးးးးးးးးးးးးး
ချစ်တဲ့
သဒ္ဓါ

မမက စာရေးတော်သလို ဟင်းချက်လည်း အရမ်းတော်တာပဲး)

zaytaryar said...

ဘာကြက်ဆီ တုန်း အဲဒါက မဟုတ်ဘူး ကြတ်ဆီဆိုတာ ကြတ်ဇလုတ်နားက အစီအိပ်ကို ဖယ်ယူရတာ ချက်တာတော့ မှန်တယ် ၊ ကြတ်ဆီ ထုတ်တာ မမှန်ဘူး ၊ အဲဒါကြတ်ပြုတ် ထမင်းကြီး ဟီဟိ ။

zaytaryar said...

နောက်ပြီးတော့ အဆီက အကျတ်ကြီးရယ် ၊ အစိမ်းနဲ့ ချက်ရတာကို ဘယ်လိုလုပ် ဆိမ့်မှာတုန်း မကောင်းဘူး
ကန့်ကွတ်တယ် ။

ကြက်သားထက် ဝက်သားပိုကြိုက်လို့ ဝက်ဆီထမင်း လုပ်လို့ ရနိင်လား။
ဝက်ဆူဆူဖြိုးဖြိုး လေး အကောင်လိုက် ပေါင်းရမှာလား။
လွန်ခဲ့တဲ့ တပါတ်က လုပ်ပြီး စားပြီးမှ တင်လို့ မကျေနပ်လို့ ရစ် သွားပါသည်။

ကြက်ဆီထမင်း လာစားတယ်ဗျို့။

noblemoe said...

အင်း မမဘေးမှာသာရှိရင် ဗဟုသုတတွေလည်းများကြီးရ အစားသောက်လည်းကောင်းကောင်းစားရ ဟီး
မမ မောင်နှမတွေဘယ်လောက်တောင် လွမ်းနေမလဲသိဖူးနော် မမကို

သာယာချမ်းမြေ့ပါစေရှင်း
ိမိုး

အင်ကြင်းသန့် said...

ယောင်းမတော်မယ်ဆိုတဲ့ ငါ့စိတ်ကူး ဒီတစ်ခါလွဲကိုမလွဲတော့ဘူး....ဟဲဟဲ.... :D

mkhing said...

pite sar nay tat achain so, ama page ko pal, kyi kyi mi twar tal,
p yin, pite ka, po po sar twar tal,
byalllllllllll :P

ချော said...

ကိုရွှေဇေ
တော်ပြောတဲ့ ကြက်ဆီအိတ်ဆိုတာ ဇလုတ်နားမှာတော့ ရှာမတွေ့ဘူး။။ ဇလုတ်နားမှာ အစာအိတ်ဘဲ တွေ့တယ်။ အစာအိတ်နဲ့တော့ မချက်နိုင်ပေါင် .. ကြက်ပြုတ်ထမင်းက ပိုတောင်ချိုသေး။ ကြက်သားအရည်လဲပါတယ်.. အဆီလဲပါတယ်.. မွှေးယုံတင်မဟုတ် ။။ အရသာလဲ ရှိမှရှိနော်။ ဟွန့် မယုံရင်လာစားကြည့်... :) :)
ယောင်းမတော်ချင်သူများ တန်းစီစာရင်းပေးထားပါ။ :)

ကြက် ဆီထမင်း သို့ အရောက်လာခဲ့ပါတယ် ...
ပျော်ရွှင်ချမ်းမြေ့ပါစေ ...
ငြိမ်းစိုးဦး

ကြက်ဆီထမင်းက ဒီလိုချက်ရတာကိုး။
ကြက်၀၀ကိုရှာမယ်။
ကျွန်မကလည်း “တော်တော်လေးဝတဲ့ တော်လေးဝ ဖြစ်ချင်သူမို့” ချောရေးထားတဲ့အတိုင်း ကြိုးစားပြီးချက်မယ်။
ကျေးဇူးတင်ပါတယ်ချောရေ။

ကြက်ဆီထမင်းလား ...အဲ့ဒါကို တခါမှ မက်မက်စက်စက် မစားဖူးဘူး အဲ့ထမင်းမကြိုက်လို့ ကြက်သားပဲကြိုက်တယ်းp

ဝါးးးးးးးး တော်တော်ကောင်းမယ့်ပုံပဲ ဒီကဟာတွေကတော့ အရသာသိပ်မတွေ့ဘူးရယ် နောက်တခါဆင်တဲကဖေး နှစ်ပါတ်လည်ကြ ဒီဟာထည့်ကျွေးရမယ် ဟီး

ခင်တဲ့ (ချိုကျ )

နေ့တိုင်းစားနေရလို့ စားချင်တော့ဘူး
အဖြူစွတ်စွတ်ကြိုက်ဘူး။ အနီရောင်လေး Roasted လုပ်ထားတာလေးတော့ မဆိုးဘူး
ဝက်ဆီထမင်းလေး လုပ်ကျွေးပါဦးဗျို့။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ကြက်ဆီထမင်း စမ်းလုပ်ကြည့်တာ ထမင်းက နည်းနည်းမာသွားတယ်။ ခါတိုင်းထမင်းချက်သလောက် ရေကို ထည့်တာပဲ။ ပိုထည့်ရမလား မသိဘူး။ ခုတော့ ကြက်ဆီထမင်း မာမာလေးပဲ စားရတော့မှာပဲ :(