ကျောက်တုံးတွေ ပိနေတဲ့မြို့


a setenil de las bodegas spain 17 City built into rock: Setenil De Las Bodegas, Spain (26 photos)

အဝေးက ကြည့်လိုက်ရင် ကျောက်တုံးကြီး ပိနေတယ်လို့ ထင်ရလောက်အောင် ကျောက်ဆောင်ကြီးရဲ့ အောက်မှာ အိမ်တွေ တည်ဆောက်ထားတဲ့ မြို့ကလေးအကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ ထူးထူးဆန်းဆန်း စိတ်ဝင်စားသူများ၊ ခရီးသွား ၀ါသနာပါသူများအတွက်တော့  သွားလည် လေ့လာချင်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်နေမှာတော့ သေချာပါတယ်။




အဲဒီမြို့ဟာလည်း စပိန်နိုင်ငံ Cadiz Andalusia ပြည်နယ်မှာ ရှိတဲ့ Setenil De Las Bodegas လို့ခေါ်တဲ့ မြို့ကလေးပါ။ ကြီးမားလှတဲ့ ကျောက်ဆောင်ကြီးက ဖိနေတယ်လို့ ထင်ရလောက်အောင် အိမ်တွေကို ကျောက်ဆောင်ကြီးရဲ့ အောက်ခြေ အတွင်းထဲမှာ စိတ်ကူးကောင်းကောင်းနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်.. အဲဒီ ကျောက်ဆောင်ကြီး အပေါ်မှာလည်း နောက်ထပ် အိမ်တွေက ရှိနေပြန်ပါတယ်.. အဲဒီအရပ်ဒေသမှာ ငလျှင်များသာ လှုပ်လို့ကတော့ မတွေးရဲစရာပါဘဲ။ အချို့အိမ်များဆိုရင် အမိုးက ကျောက်ဆောင်ဖြစ်နေပြီး အဲဒီအမိုး ကျောက်ဆောင်ပေါ်မှာမှ သံလွင်သီးပင်များကို စိုက်ပျိုးထားတယ်လို့ သိရပါတယ်..  ဒီမြို့လေးဟာ လွန်ခဲ့တဲ့ ၁၂ရာစုလောက်ကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်.. သို့သော်လည်း အဲဒီဒေသမှာ လူတွေ နေထိုင်ခဲ့တဲ့ အထောက်အထား များစွာကတော့ ဒီထက် အများကြီး စောတယ်လို့ ဖော်ပြနေကြောင်း သိရပါတယ်.. ကျောက်ဂူတွေမှာ တွေ့ရှိရတဲ့ သက်သေ အထောက်အထားများကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀၀ သက်တမ်းရှိ လူသားတို့ရဲ့ လက်ရာအစအနများကို တွေ့ရှိရတဲ့အတွက် ဒီဒေသမှာ ရှေးနှစ်ပေါင်းများစွာကတည်းက လူသားများ အခြေချ နေထိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်..



မြို့ကလေးမှာရှိတဲ့ အိမ်တွေအားလုံးဟာ အိမ်နံရံတွေကို အဖြူရောင်ဆေးများ သုတ်ထားလေ့ရှိတာကြောင့်   တစ်မြို့လုံး ဖြူဖွေးသန့်ရှင်းနေပါတယ်.. ကျောက်ဆောင်တွေရဲ့ အောက်မှာ လူနေအိမ် သက်သက်သာ ရှိတာမဟုတ်ဘဲ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ဘီယာဘားတွေလဲ ရှိနေပါတယ်.. အဲဒီ ဒေသ တောင်ကုန်းတွေ တစ်ဝိုက်က ထွက်တဲ့ အသားနဲ့ပတ်သက်တဲ့ စားသောက်ဖွယ်ရာ၊ ၀က်အူချောင်းတွေဟာ အရည်အသွေးကောင်းပြီး အရသာလဲ ရှိလှတာကြောင့် နံမည်ကျော် ထင်ရှားပါတယ်.. အသားနဲ့ ပြုလုပ်ထားတဲ့မုန့်တွေ၊ အဆာသွပ်မုန့်တွေဟာလည်း အဲဒီမြို့ကလေးရဲ့ စားသောက်ဆိုင်တွေကို နံမည်ကြီး စေတဲ့ အရာတွေဖြစ်ကြောင်း သိရပါတယ်..  စနေတနင်္ဂနွေလို ပိတ်ရက်မျိုးတွေမှာ စားသောက်ဆိုင်တွေ၊ ဘားတွေဟာ လူတွေ ပြည့်ကျပ်နေလောက်အောင် စည်ကားနေတတ်ပါတယ် ။











 City built into rock: Setenil De Las Bodegas, Spain (26 photos)



 City built into rock: Setenil De Las Bodegas, Spain (26 photos)

ကျောက်တုံးအောက်မှာ ပိပိပြား


 City built into rock: Setenil De Las Bodegas, Spain (26 photos)
ဒီလိုလဲ ရှိရဲ့


 

 City built into rock: Setenil De Las Bodegas, Spain (26 photos)

အဲဒီဒေသတစ်ဝိုက်က လူတွေဟာ မွေးမြူရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိက လုပ်ဆောင်ကြပါတယ်.. သံလွင်သီး၊  အယ်လ်မန်သီး၊ နဲ့ စပျစ်သီးတို့ကို စိုက်ပျိုးကြပြီး အဲဒီဒေသက ထွက်တဲ့ ၀ိုင်နီကလည်း ဆွေမျိုးမေ့လောက်အောင် ကောင်းမွန် အရသာရှိလှတယ်လို့ ဆိုပါတယ်။ ကျောက်တုံးတွေအောက်က မြို့ကလေးရဲ့ ပတ်လည် အနီးတစ်ဝိုက်မှာလည်း လည်ပတ်စရာနေရာတွေ အများအပြား ရှိနေပါသေးတယ်..  ရှေးခေတ်  Morish ရဲတိုက်၊ ရှေးခေတ်ဘုရားရှိခိုးကျောင်း ၊ အေဒီ ၁ရာစု လောက်ကတည်းက ရှိခဲ့ဖူးတဲ့ ရှေးဟောင်းမြို့တော် Acinipo ၊ ရောမခေတ် ခန်းမဆောင် ၊ ကြေးခေတ် လူနေမှုစနစ်ရဲ့ အထောက်အထား သက်သေများ စသဖြင့် စိတ်ဝင်စားစရာ နေရာများစွာ ရှိနေပါတယ်..


 City built into rock: Setenil De Las Bodegas, Spain (26 photos)



မီးသာ ပျက်လို့ကတော့ အတွင်းထဲမှာ မှောင်မဲနေမယ် ထင်တယ်



 City built into rock: Setenil De Las Bodegas, Spain (26 photos)

သတ္တိရှိရှိ နေရဲကြတယ်




 City built into rock: Setenil De Las Bodegas, Spain (26 photos)



တစ်မြို့လုံး အဖြူရောင်နံရံနဲ့ အနီရောင် အမိုးတွေ

Image (1) a-setenil-de-las-bodegas-spain-17.jpg for post 36105

ကျောက်တောင်အောက်က စားသောက်ဆိုင်



ကျာက်တုံးတွေအောက်က Setenil မြို့ကလေးကိုရောက်လို့   Torism Center နဲ့ ဆက်သွယ်လိုက်ရင်  တည်းခိုရန်နေရာ၊ လည်ပတ်စရာနေရာ၊ ကျောက်တုံးတွေအောက်က အိမ်တစ်ချို့ကို သွားရောက်နိုင်ဖို့နဲ့ မြို့အနီးတစ်ဝိုက်မှာရှိတဲ့ လေ့လာစရာ နေရာတွေကို စီစဉ်ပေးတယ်လို့ သိရပါတယ်.. စပိန်နိုင်ငံရောက်လို့ ကြုံကြိုက်ခဲ့ရင် စိမ်းလန်းနေတဲ့ ဘူတာကို ရောက်အောင်သွားပြီး ကျောက်တုံးအောက်က မြို့လေးကိုလဲ သွားလည်ကြပါဦးလို့.............

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီပိုစ့်လေးဖြစ်မြောက်ဖို့ တကူးတက လင်ခ့်လေး ပေးပို့ပြီး ရေးပါလို့ တိုက်တွန်းသွားတဲ့ မောင်လေး ဇေတာရာနဲ့ ညီမလေး တို့ကို ကျေးဇူးအထူးပါနော်။






အားလုံးကို လေးစားချစ်ခင်စွာဖြင့်


Sources and Photos from : http://thechive.com/2009/05/25/city-built-into-rocks-setenil-de-las-bodegas-spain-26-photos/

http://www.odditycentral.com/pics/setenil-de-las-bodegas-living-under-a-rock.html and   google search

43 Responses to “ကျောက်တုံးတွေ ပိနေတဲ့မြို့”

တွားလည်ရရင် အကောင်းသားလား။ ပျော်စရာကြီးနော်

peter lin said...

ွသွားလည်ချင်လိုက်တာနော် ... အခုလိုမြင်လိုက်ရတာ စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ် ... ဓာတ်ပုံသွားရိုက်ချင်တယ် ... :)

သွားဘူး..။ မတော် ကိုယ့်အလှည့်ကျမှ ပိကျရင် ဒွတ်ခ..
သေချင်သေးဘူးနော့..:P

noblemoe said...

လူဆိုတာ တစ်ခါပဲသေရမှာမှန်ပေမဲ့ အဲဒီလိုတော့မနေရဲဖူး အသဲယားတယ်မရေး အိပ်ရင်တောင်စိတ်ဖြောင့်ဖူး တောင်များပြိုကျလာမလားလို့ တွေးပြီးပေါ့ မိုးကအဲဒီလိုမမရဲ့ သွားတော့လည်ချင်ပါတယ်။ မနေရဲဖူး
မမတင်လို့ ထူးထူးဆန်းဆန်းတွေတွေ့မြင်ခွင်ရတာ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

bravo said...

မိုက်တယ်
မြို့တည်ဆောက်ထားပုံလေးရော
နည်းနည်းတော့ လန့်သလိုပဲ ဟီးဟီး

zaytaryar said...

ပတ္တမြား ဆိုတာ ကျောက်မျက် နားလည်သူလက်ထဲ ရောက်မှအဘိုးတန် တာတဲ့ ၊ ဇေသာရေး ရင် နောက်တီးနောက်တောက်နဲ့ ၊ ဟာသဖြစ်သွားနိုင်တယ် ချောလို တည်တည်ခံ့ခံ့ လေးထွက်လာမှာမဟုတ်ဘူး ချောက ပညာရှင် အရမ်းပီသတာဘဲ ။ (သောက်ရမ်းတော်တယ်) အားကျတယ် အတုခိုးပေမဲ့ လိုက်လုပ်တာ ရမှမရတာ ၊

phyophyo said...

ခေါင်းတော့တကယ် ကြိမ်းစရာပဲ၊
သွားတော့သွားချင်တယ်၊
ထူးထူးဆန်းဆန်းနော်
ခင်မင်လေးစားလျှက်

နေချင်ဘူး... အသက်ရှူကြပ်မယ်... လေ၀င်လေထွက်က တစ်ဖက်သတ်ဖြစ်နေတယ်.... အန္တာရယ်ကြီးတယ်.... ဘာကျန်သေးပါလိမ့်..:D.. သွားတော့လည်ချင်တယ်...


ခင်မင်တဲ့
နေ၀သန်

မိုးပြိုကျရင် မဟုတ်ဘူး.. တောင်ပြိုကျရင် ဆိုပြီး တစ်ချိန်လုံး စိုးရိမ်နေရလိမ့်မယ်..
သွားတော့ လည်ချင်သား.. :D

ပျော်စရာကြီးနေမှာပဲ ထူး၂ဆန်း၂ နေရာမှာနေရတော့ ဒါပေမယ့် ကြက်တူရွေး လို ညအိပ်ရင်တော့ ခြေထောက် ထောင်အိပ်ရမယ့် အဖြစ် ပြိုကျမှာကြောက်လို့ :)

မိုးခါး said...

ညီမတော့ သွားချင်တယ် .. နေပူမှာ မဟုတ်ဘူး .. တအိမ်နဲ့ တအိမ်ကနေ နီးနီးလေးနဲ့ ဝေး ဖြစ်နေမယ်ထင်တယ် ..း)

လသာည said...

ကျောက်ဆောင်အတွင်းက အိမ်လေးတွေက ကျောက်သားအရှိန်နဲ့ အေးမြနေမလားလို့ တွေးမိတယ်။

လည်တော့လည်ချင်တယ်။ နေတော့မနေရဲပါဘူး။ တော်ကြာ ကိုယ်နဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ငလျင်မိနေမှာ စိုးလို့း))

ထူးဆန်းလိုက်တာ။
ကျွန်မလည်းမနေရဲဘူး။
သွားကြည့်ဆိုရင်တော့ရပါတယ်။ ညအိပ်ဖြစ်မယ်မထင်ဘူး။
နေ့ချင်းပြန်ပဲ သွားမယ်နော်။
လင့်ခ်ပေးတဲ့ ဇေ၊နှင်းမောင်နှမနှစ်ယောက်ကိုလည်း ကျေးဇူးတင်တယ်။

flowerpoem said...

အလည်တော့ သွားကြည့်ချင်တယ် အကြာကြီး မနေရဲပါဘူး :P

၃နာရီမျှ စိတ်ရှည်စွာ downloadပြီး ပုံမှ ပုံများကို အသည်းတယားယား ကြည့်ခဲ့ပါတယ်။
အနီနဲ့အဖြူကို တွဲဖက်ထားတာ စိတ်ဝင်စားစရာ..။
အလည်တော့ ရောက်ဖူးချင်ပါတယ်။ နေရမှာတော့..... ဟူး...။

ရောမခန်းမဆောင်ကြီးဆီတော့သွားချင်သားးး ဟိုးးးထိပ်ဆုံးထိတက်ပြီး မြင်ကွင်းတွေကြည့်ချင်တယ် ..း))

johnmoeeain said...

exciting!

ကျောက်ဆောင်ကြီးတွေထဲ ရောက်နေသလိုဆိုပေမယ့် လွှင့်မျှောနေခြင်း..မျိုး.. ခံစားရတယ်...။
နှစ်ပေါင်းရာချီတဲ့ သမိုင်းကြောင်းက ခိုင်မြဲခြင်းကို ဖွဲ့ဆိုနေတာလား မသိပေမယ့်
အဖြူရောင် ပန်းချီကားချပ်များလို အိမ်ကလေးတွေထဲ လွှင့်မျှောမိတဲ့အခါ...။

အဲအဲ.....လှတော့လှတယ် အမချောရဲ့ ကြည့်နေရတာနဲ့တင် ခေါင်းပေါ်တစ်ခုခု တင်ထားရသလိုပဲနော် တစ်မျိုးလေးပေါ့ :)

ခင်တဲ့ (ချိုကျ )

နေရဲပါဝူးဗျာ..... မနေဝူးဂျာ :)

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ပုံလေးတွေ ဖေါ်ဝပ်မေးက ရဘူးတယ်။ ကွန်ပြူတာနဲ့ ဖန်တီးထားတာ ထင်လို့။
ချောရေးပြမှ စပိန်ကမှန်း အသေးစိတ်သိရတယ်။ ခဏတော့ အလည်ရောက် ချင်တယ်။
အမြဲတော့ မနေရဲဘူး။ တို့လဲ ကြောက်တယ်...........

ဇူး said...

ထူးထူးဆန်းဆန်းနော်... ချောရေ... အားပေးနေတယ်...

MaMa said...

ခေါင်းလေးတယ်။ သွားချင်ဘူး။

မချောရေ..
ခနတော့သွားလည်ချင်တယ်..။ အကြာကြီးတော့မနေရဲဘူး..။
သဘာဝကဆန်းကျယ်လိုက်တာ....
မချောတယောက်စပိန်ကိုတော်တော်သွားချင်ပုံပေါ်တယ်..း)
ချစ်တဲ့
သဒ္ဓါ

မချောရေ...
နတ်သမီးတော့ အလုပ်တွေပိနေတဲ့ကြားက
ကျောက်တုံးပိတဲ့ မြို့တော်လေးကို ကြည့်သွားတယ်...

sosegado said...

ဖတ်ဖူးပါတယ်၊ခုမှာ ဓါတ်ပုံတွေနဲ့သေသေချာချာတွေ့ရတော့တယ်၊

kotunygn said...

Thanks. I like it so much .......

ပိုင်ပိုင် said...

ထူးထူးခြားခြားလေးတွေတင်ပေးတဲ့ အစ်မကိုကျေးဖူးတင်ပါတယ်
နောက်ကိုလည်းတင်ပေးပါအုံးနော်
အဲဒီလိုနေရာတွေရှိမှန်းတောင်မသိဘူး

တို့မမကတော့ ထူးထူးခြားခြားတွေကို ရှာဖွေတက်တယ်နော်... အခုလို ထူးထူးဆန်းဆန်းလေးတွေကို မြင်တွေ့ခွင့်ရတဲ့ အတွက် ကျေးဇူး အရမ်းတင်ပါတယ် မမချော ရေ...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ပုံကြည့်ရတာတင် အသက်ရှူ ကျပ်ချင်သလိုပဲ
နေတာ တော်တော်ကြာမှာ ခေါင်းပေါ်က ကျောက်တုံးတွေကို မေ့ထားလို့ ရနိင်မယ်။
သွားလည်ဖြစ်ရင်တော့ လိုလိုမယ်မယ် ဦးထုပ်ဆောင်းထားရမယ်။
မတော် ပြိုကျရင် ဘယ်လို လုပ်မတုန်း နော့ ...။

blackcoffee said...

လှတော့ လှတယ် ဒါပေမယ့် ကြောက်ဖို့ ကောင်းတယ်။ အလည်တော့ သွားချင်တယ်။ အမြဲတော့ မနေရဲဘူး။ မတော် ငလျင်လှုပ်လို့ ကတော့ တွေးတောင် မတွေးရဲဘူး။

shwezinu said...

ညီမ ချော ရေ

ညီမ ရေးပြလို့သာ တွေ့ရတော့တယ် ထူးဆန်းလိုက်တာ အမ ရောက်ဘူးချင်လိုက်တာ

ကျေးဇူး
ရွှေစင်ဦး

လူတွေ ရဲ့ ခံစားမှု ထွေပြားပုံတွေဟာ အချိန်တိုင်း ဖြစ်နေတာကို ပေါ်လွင်စေအောင် ရှာဖွေတင်ပြထားလို့ ကျေးဇူးတင်ရပါတယ် ချောရေ ...
ငြိမ်းစိုးဦး

အဲလိုထူးထူးဆန်းဆန်းနေရာမျိုးဆို သိပ်သွားချင်တယ်....အသဲတော့ ယားစရာနော်...


ခင်တဲ့
မိုးငွေ့

အသည်း တယားယား ရင်တအေးအေးနဲ့ ဖတ်သွားတယ်နော် .. နေတော့ နေကြည့်ချင်တယ် .. ကျောက်သားတွေနဲ့  အရမ်းနီးနေတော့ အဲကွန်း မလိုလောက်ဘူးနော် .. အေးစက်နေမှာ .. ပြီးတော့ ခေါင်မိုးက မိုးယိုမှာလဲ မပူရတော့ဘူး .. ဒါမယ့်နော် နေတော့ နေကြည့်ချင်တယ်..ခဏဘဲ.. ကြောက်တယ် ... :D:D:D

စပိန်ရောက်ဖြစ်ရင်တော့ သွားလည်ဦးမယ် အမချောရေ။ အမြဲနေဖို့တော့ မကောင်းပါဘူး။ အလည်အပတ်လောက်ဘဲ ကောင်းပါတယ်။ အရမ်းလှတယ်နော်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

အင်ကြင်းသန့် said...

တကယ့်ကို ထူးထူးဆန်းဆန်းပါပဲ။ နေတော့မနေရဲဘူး ကြောက်တယ်။ :D

ကိုမိုး said...

မိ ချော ရေ
အလည်တော့ သွားချင်တယ် ဗျာ။ ထူးထူးခြားခြားလေးတွေတင်ပေးလို့ ကျေးဖူးတင်ပါတယ်
နောက်ကိုလည်းတင်ပေးပါအုံးနော်
ခင် တဲ့ ကိုမိုး

အောင်အောင် said...

သေခါမှသေတော့အဲ့လိုနေရာမျိုးမှာနေချင်တယ်
ဘယ်လောက်များအေးချမ်းလိုက်မလဲလို့
ခုလိုထူးဆန်းတဲ့ပိုစ့်တွေဖတ်ခွင့်ရတဲ့အတွက်
ကျေးဇူးကမ္ဘာပါခင်ဗျာ

ဖြိုး said...

တော်တော်အေးမယ်လို့ထင်၇တယ်နော်။
လည်ချင်သား......အဆောက်အဦးဆောက်၇တာလဲတော်တော်တော့ခက်မယ်လို့ထင်တယ်နော်။။။။ကျောက်တုံးကြားထဲမှာဆိုတော့လေ။။။

ဒီပို.စ်လေးကို တစ်ခြားဆိုက်မှာ ဖတ်ဖူးတယ်...အရမ်း သဘောကျလို. ကွန်မန်းလေးတောင်ပေးခဲ့သေး..ဘာသာပြန်မူကွဲဖြစ်မလားလို. တိုက်ကြည့်တော့ ရေးသားပုံ က တူတူပဲဖြစ်နေတယ်..
ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ရေးထားတာလေးတွေ အားလုံး မျှဝေခံစားရအောင် လုပ်ပေးတယ်လို. သဘောထားပြီး ၀မ်းသာ လိုက်ပါ အမရယ်...
ခင်မင်စွာဖြင့်

MoeKyawThu said...

ကောင်းတယ်ဗျာ...ကျနော့်လိုမရောက်ဘူးတဲ့သူအတွက်...ပုံကြည့်ပြီးကျေနပ်စရာပေါ့

ပက်ကျီ said...

သွားတော့သွားချင်သား ကြောက်လည်းကြောက်စရာကြီး

phyu phyu said...

ကြောက်စရာကြီးနော်--နေရဲဘူး
ဖြူတို့ဟန်းနီးမွန်းဆိုရင်အဲဒီကိုသွားဘူး