ဒါဟာ ကမ္ဘာပေါ်မှာ စိမ်းလန်းစိုပြေမှု အရှိဆုံး ဘူတာရုံကြီး တစ်ရုံပါ။
စိမ်းလန်းစိုပြေ
နားနားနေနေ အပန်းပြေ
စပိန်နိုင်ငံ မက်ဒရစ်မြို့ရဲ့ အကြီးဆုံး ဘူတာဖြစ်တဲ့ Atocha Station လို့ခေါ်ပါတယ်.. ဒီဘူတာရုံထဲကို ၀င်လိုက်တာနဲ့ စိမ်းစိမ်းစိုစို အပင်ပေါင်းများစွာက လူတွေရဲ့ စိတ်ကို ရွှင်လန်းသွားစေရုံမက အေးမြခြင်းကိုလည်း ပေးစွမ်းနိုင်ပြီး မျက်စိပသာဒလဲ ဖြစ်စေပါတယ်.. ဘူတာထဲကို ပထမဆုံးအကြိမ် ရောက်ဖူးကြသူတိုင်းဟာ ၄၀၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ ဘူတာကြီးအတွင်း စိုက်ပျိုးအလှဆင်ထားတဲ့ မြောက်များလှစွာသော အပင်တွေကိုကြည့်ပြီး မအံ့သြဘဲ မနေနိုင်အောင် ဖြစ်ကြရတယ်လို့ ဆိုပါတယ်..
ဆိုင်တွေလဲရှိရဲ့
ဘူတာရုံလို့တောင် မထင်ချင်စရာ
သစ်ပင်စိမ်းတို့ဝေေ၀ဆာ
ဘူတာတွင်းမှာ အပင်မျိုးစုံအပြင် ရေကန်ကြီးတစ်ကန်လဲ တည်ဆောက်ထားပြီး ရေကန်ရဲ့ ရှိသင့်တဲ့ အင်္ဂါရပ်များကိုလည်း ပြည့်စုံအောင် ထည့်သွင်းထားပါတယ်.. ကန်ထဲမှာ မြူးတူးပျော်ပါးနေတဲ့ ငါး၊ လိပ်များကိုလည်း စိတ်ကြည်နူးဖွယ်ရာ တွေ့နိုင်ပါတယ်.. သာယာလှပတဲ့ ရှုခင်းများ ၊ သစ်ပင်များကြောင့် ခရီးသွားများဟာ ဘူတာကနေ မြန်မြန်ထွက်ခွာဖို့ ၀န်လေးကြပြီးတော့ ရထားအချိန်နောက်ကျဖို့တောင် ဆုတောင်းတတ်ကြတယ်လို့ သိရပါတယ်..
ကြာပင် ဗေဒါပင်များနဲ့ စိမ်းစိမ်းစိုစို ရေကန်သာ
ရေသတ္တ၀ါတို့ ပျော်ပါးရာ
သက်သောင့်သက်သာ
မသိရင် ဥယျာဉ်ကြီးတစ်ခုထဲ ရောက်နေသည့်အလား
ညမြင်ကွင်း
ကိုယ်တွေ တွေ့ဖူးမြင်ဖူးနေကျ၊ လူတွေနဲ့ ရှုပ်ရှက်ခတ်နေတဲ့ ဘူတာမျိုးမဟုတ်ဘဲ စိမ်းစိမ်းစိုစိုနဲ့ ဥယျာဉ်ကြီးတစ်ခုအလား နားနားနေနေ နေချင့်စဖွယ် ကောင်းအောင် ဆွဲဆောင်မှု ရှိပြီး သာယာ ချမ်းမြေ့ဖွယ် ကောင်းလှတဲ့ ဘူတာရုံပါ။ ဘူတာဆိုတာနဲ့ ခဏတစ်ဖြုတ်သာ နေချင်ကြပြီး အချိန်ကြာကြာ ဘူတာမှာ နေရဖို့ လူတိုင်းက တွန့်ဆုတ်ကြပေမဲ့ ဒီဘူတာကတော့ အချိန်ဘယ်လောက်ကြာကြာ ပျင်းရိငြီးငွေ့ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းတို့ မဖြစ်စေဘဲ စိတ်ရွှင်လန်း အပန်းပြေ ကြည်နူးစေနိုင်ပါတယ်တဲ့။ အခါအခွင့်သင့်ရင်တော့ ရောက်ဖူးချင်ပါသေးတယ်... ကျွန်မတို့နိုင်ငံရဲ့ ဘူတာရုံတွေဟာ တစ်နေ့ ဒီလိုမဖြစ်လာဘူးလို့ ဘယ်ပြောနိုင်မလဲနော်။ :)
ရှာဖွေဖတ်မိတာလေးကို ပြန်လည် ဝေမျှခြင်းပါ။ ပျော်ရွှင်ငြိမ်းချမ်း စိတ်ရွှင်လန်းကြပါစေရှင်.......
Source from Funzug.com
31 Responses to “ကမ္ဘာ့အစိမ်းလန်းဆုံးဘူတာ”
အရမ်းဖတ်လို့ကောင်းတယ် ရောက်ဖူးချင်တယ် ကျောက်အောင်ရင်ခေါ်သွားပေးနော် ဟဲဟဲ။
ဖတ်ရင်းနဲ့တောင် ဘူတာထဲရောက်သွားတယ်မချော..။ကြည့်ရတာမျက်စိထဲကိုအေးနေတာပဲ..။
တနေ့တော့ ဖြစ်လာမှာပါ.....တနေ့တော့ ဖြစ်လာမှာပါ....
(ဘယ်သူဆိုတာပါလိမ့်...???)
ချစ်တဲ့
သဒ္ဓါ
း)... စိတ်အေးချမ်းမှုအပြည့်ရမယ့်ပုံပဲ..... တဖက်နဲ့တွေးပြန်ရင်တော့ ရထားနောက်ကျမယ့်ပုံပဲ.. ဒါငေးနေရလို့... :D....
ခင်မင်တဲ့
နေ၀သန်
အင်း ဘူတာ ဘူတာ ဘူတာ မသွားဘဲ နေလို့ဖြစ်တယ် ဆိုရင် ပြတိုက်တောင်လုပ် ထားရမယ် ထင်တယ် မြန်မာ ဘူတာကတော့ ၊ ဘယ်သူမှ မသွားချင်ကြဘူး ၊ တနေ့တော့ ဖြစ်လာမှာပါ ၊ ဇေက ၂၀၃၅မှာ နိုင်ငံ တောင်သမ္မတ လုပ်မှာလေ ၊ အဲကျတော့ အကုန်လုံး ပြုပြင် ပြောင်းလဲရေး လုပ်ပေးမယ်....။
ဲချွေးတွေ တရွှဲရွှဲနဲ့ ဆူညံရှုပ်ခပ်နေတဲ့ ရွှေပြည်ကြီးက ဘူတာရုံတွေကို သွားမြင်မိတယ် ။ ဒီပို့စ်ထဲက ဘူတာရူံကတော့ မြင်ရတာနဲ့တင် အေးချမ်းလိုက်တာ။
ဖြစ်လာမှာပေါ့ဗျာ။ မဖြစ်နိုင်တာ မရှိ မဖြစ်သေးတာပဲ ရှိတယ်ဆို လားးးးးးးးးးး............
လိုက်ဖက်ပါ့...
နာမည်ကလည်း အစိမ်းရောင်..
အပြင်အဆင်ကလဲ အစိမ်းရောင်..
အင်္ကျီကလည်း စိမ်း...ပုဝါကလဲ စိမ်း..ဘူတာကလဲ စိမ်း..:P
ဟဲဟဲ ဖတ်နေရင်း တန်းလန်းနဲ့ ဘေးနားကစပိန်မကို ပြလိုက်တယ် ဒါနင်တို့ဆီက ဘူတာလားဆိုတော့ အေး ဟုတ်တယ်တဲ့ ဟိဟိ
မက်စိထဲကို အေးသွားတာပဲ ဟက်ဟက်
ခရီးသွားရင်း ပင်ပန်းနေတဲ့ လူတွေ အတွက် အပန်းပြေတာပေါ့နော်..
သွားချင်လိုက်တာ၊ စိမ်းစိုနေတာပဲနော်
ဒီလိုဘူတာမျိုးလေး သာ မြန်မာပြည်မှာ ရှိရင် ဘူတာရုံထဲမှာ လမ်းလျှောက်စရာ နေရာ တောင် ရှိမှာမဟုတ်ဘူး... အပန်းဖြေတဲ့သူတွေ များ နေလို့.. အခုတောင် သူတို့ကိုကျော်ခွပြီး မနည်းသွားနေရတာ.. အခုလို အထူးအဆန်းလေးတွေ မြင်တွေ့ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် မချော ရေ....
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
ဘူတာကတော့ Rain forest ပုံစံ လုပ်ထားတာ တော်တော်ကောင်းပါတယ်၊ ထိန်းသိန်းခတော့ နည်းမှာမဟုတ်ဘူး၊ Green နဲ့လဲလိုက်ဖက်ပါတယ်
မြင်ဘူးသွားတာကျေးဇူး
အမချောရေ..... ရုက္ခဗေဒ ဘူတာကြီးကိုလည်လည်လာသွားပါကြောင်း :)
ခင်တဲ့( ချိုကျ )
ကျွန်တော်လဲ တခါလောက်တော့ ရောက်ဖူး ချင်လိုက်တာ။ ဗဟုသုတ တွေ မျှဝေပေးတဲ့ အတွက် မချောကိုလဲ ကျေးဇူးတင်ပါတယ်။
ဒီလိုဘူတာမျိုး ဒို့ပြည်မှာဆိုရင်တော့ ရေသတ္တ၀ါတွေ မြန်မြန် ကိစ္စချောမယ် ထင်၏ ...း)
မြင်ရတာ အေးချမ်းသွားတာပဲ။ ဘူတာအဖြစ်မဟုတ်ပဲ အပန်းဖြေငေးနေရင် မိုက်မယ်။ သစ်ပင်တွေ ငေးလိုက် လူတွေ ငေးလိုက်လေး)))
ဓါတ်ပုံကြည့်တာနဲ့တင် စိတ်ချမ်းသာလိုက်တာမမရယ်
စာဖတ်သူတွေကို စိတ်ချမ်းသာမှု ဗဟုသုတ ရသ စွယ်စုံပေးတဲ့မမရေး မမလည်း စိတ်ရောကိုယ်ပါ ကျမ်းမာချမ်းသာပါစေရှင်း
သာယာချမ်းမြေ့ပါစေနော်
မိုး
မချောရေ အောက်က နှင်းပန်းဝါ၀ါလေးတွေထက် ဘူတာစိမ်းစိမ်းလေးကို ပိုသဘောကျတယ်။ ကိုးက မျက်စိသိပ်မကောင်းဘူးကွန်ပျူတာကြည့်တာ ကြာရင် မျက်စိတွေကဝေေ၀ ၀ါးဝါးဖြစ်ဖြစ်လာတယ်။ အဲဒီ အချိန်မှာ အစိမ်းရောင်နောက်ခံနဲ့ အစိမ်းရောင်ဘူတာကိုမြင်ရတော့ မျက်စိအစာကျွေးလို့ရတယ်။ အဟဲ
ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)
ဒီလိုဘူတာမျိုးထဲရောက်ရင် ရထားပေါ်တောင် တက်ချင်တော့မယ် မထင်ဘူး ချောရေ..။
သူတို့တိုင်းပြည်တွေက လူတွေကို ဘယ်လိုစွဲဆောင်ရမယ်ဆိုတာထက် လှပသန့်ရှင်းသပ်ယပ်မှုလေးတွေက အတုယူစရာနော်။
လှလိုက်တာ အမရယ်..
ရောက်တဲ့သူတိုင်း စိတ်အေးချမ်းမှာ သေချာတယ်။
တောအုပ်လေးနဲ့ တူအောင် ကျား နှစ်ကောင် ခြင်္သေ့ ၂ ကောင်လောက် ထည့်ထားရင် ပိုကောင်းသွားမလား မသိဘူး။ တွေးကြည့်တာပါ။
စပိန်နိုင်ငံ မက်ဒရစ်မြို့ရဲ့ စိတ်စိုပြေတဲ့
ဘူတာရုံထဲ ရောက်ဖူးသွားပြီ မမချောရေ :)
ကျေးဇူး မမချော :)ခုလိုလိုက်ပို့ပေးအဲ ပုံလေးတွေရှာတင်ပေးတာ:)
လှလိုက်တဲ့ ဘူတာ။
မျှဝေပေးတာကျေးဇူးတင်ပါတယ်။
ချောရယ်
ဒီဘူတာကို အခုမှမြင်ဘူးရတယ်။
ချော(အစိမ်းရောင်လွင်ပြင်) လည်းစိတ်ရွှင်လန်းပါစေလို့။
ကောင်းလိုက်တာ သူများဘူတာတွေများ..စိမ်းလို့လန်းလို့..
ဝါးးးးးးးးးးး.....ဒို့နိုင်ငံက ဘူတာတွေလှသလိုမျိုး နင်လားငါလား အပြိုင်ကို စိမ်းလန်းစိုပြေ လှပနေတာပါလား....(ဒို့နိုင်ငံက ပိုသာတာပေါ့)
မဂ်လာပါအမနေကောင်းတယ်နော်ဒီနေ့ မှလိုင်းပေါ်ပြန်ရောက်တယ်ရောက်ရောက်ခြင်းပဲအမရေးထားတဲ့စာတွေလာဖတ်သွားတယ်နော်
်ဗဟုသုတရစရာနေရာလေးတွေလဲသိခွင့်ရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ
နောက်လဲခုလိုများများလေးတင်ပေးပါနော်အမြဲတန်းအားပေးနေပါတယ် (ကိုမျိုး)
မိုက်တယ် အမချောရေ...
ပျော်စရာကြီးနော်။ ကြည့်ရတာ မျက်စိကို အေးမြသွားတာဘဲ။ အဲဒီလို ဘူတာနှင့်နီးတဲ့ နေရာမှာတော့ နေချင်စိတ်ရှိသား။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
:)
Nice Post!
ဒီ ပို့စ်လေးဟာ ကျွန်တော်တို့အားလုံးရဲ့ စိတ်ထဲမှာ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ကို ဘယ်လောက် တောင့်တလဲဆိုကို ပြဆိုပါတယ်..။ တစ်ဖက်မှလည်း တန်ဖိုးထားရဦးမယ် မဟုတ်လား..။
Green Technology ရဲ့ အရေးပါမှုနဲ့ သဘာဝအပေါ် လူသားတွေရဲ့ တန်ဖိုးထားမှုဟာ ဟန်ချက်ညီညီ မျှခဲ့ရင်၊ သိနားလည်ခဲ့ရင်ဖြင့်...။
ချစ်ခင်စွာ
John Moe Eain
အတူတူသွားလည်ကြမယ်လေအစ်မ
Post a Comment