အပ်နဲ့ကပ်ကျေး ကြိုက်ရာရွေး



အပ်ချုပ်သမားတစ်ယောက်ဟာ အ၀တ်စကြီးတစ်စကို ယူလာပြီး အင်္ကျီတစ်ထည် ဖြစ်လာဖို့အတွက် အားစိုက်ပြီး ချုပ်လုပ်နေပါတယ်.. အ၀တ်စကို လက်၊ ကိုယ်လုံး၊ ကော်လံ စသည်ဖြင့် တစ်ပိုင်းစီ သူ့အပိုင်းလိုက် ပုံပေါ်အောင် ကပ်ကျေးနဲ့ ညှပ်ဖြတ်ပါတယ်..  ညှပ်ပြီးသွားပြန်ရင် ကပ်ကျေးလေးကို သူ့ရဲ့ ခြေထောက်နားကို ပစ်ချထားလိုက်ပါတယ်.. ပြီးတော့ အပ်ကလေးတစ်ချောင်းကို ဆွဲယူလိုက်ရင်း အပ်ချည်ဖြည့်ကာ အစောက ညှပ်ထားတဲ့ အပိုင်းအစလေးတွေကို သူ့နေရာသူ တွဲဆက်ပြီး ချုပ်ပါတော့တယ်.. အစလေးတွေ အားလုံးကို အပ်နဲ့ အပ်ချည်ကိုအသုံးပြုလို့  ကျွမ်းကျင်စွာ တွဲဆက်ပြီးချိန်မှာတော့ အလွန်ကောင်းမွန် သေသပ်လှပတဲ့ ရှပ်အင်္ကျီလေးတစ်ထည် ဖြစ်လာပါတော့တယ်. ဒီအခါမှာ သူဟာ အင်္ကျီချုပ်တဲ့ အပ်ကလေးကို တရိုတသေနဲ့ သူ့ခေါင်းက ခေါင်းပေါင်းစမှာ ထိုးစိုက်ထားလိုက်ပါတယ်။

သူအင်္ကျီချုပ်တာကို ဘေးနားကနေထိုင်ကြည့်နေတဲ့ သူ့ရဲ့သားလေးက သူ့ဖခင် အပ်ချုပ်သမားရဲ့ အပြုအမူကို ကြည့်ပြီး မျက်မှောင်လေးကျုံ့ကာ မေးခွန်းထုတ်ပါတော့တယ်.. “ အဖေ..  အဖေ့ရဲ့ အပ်ကလေးက သေးသေးလေးရယ်.. ဈေးကလဲပေါသေးတယ်.. အပ်ထက်စာရင် ကပ်ကျေးက ပိုပြီး ဈေးကြီးတယ်.. လှလဲလှတယ်.. ဒါပေမဲ့ အဖေက ကပ်ကျေးကိုကျတော့ ခြေထောက်နားကို ပစ်ချလိုက်တယ်.. အပ်ကလေးကကျတော့ ဘာမှလည်း တန်ဖိုးမရှိဘူး… အဖေ လိုချင်ရင် ဒါဇင်နဲ့ချီပြီး လွယ်လွယ်ကူကူ ၀ယ်လို့ရနေတာဘဲ.. ဒါပေမဲ့ အဲဒီအပ်ကလေးကိုတော့ အဖေက တယုတယနဲ့ ခေါင်းပေါင်းမှာ ထိုးစိုက်ထားလိုက်တယ်.. အဖေလုပ်ပုံက တန်ဖိုးမထားသင့်တာကိုကျတော့ တန်ဖိုးထားနေသလိုဘဲ။ အဖိုးတန်တဲ့ ကပ်ကျေးကိုကျတော့ ပစ်စလက်ခတ် ထားတယ်.. အဲဒါ ဘယ်လိုအကြောင်းကြောင့်လဲ အဖေ”

“ အော်.. ငါ့သားက အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်တာကိုး.. သားပြောတာ ဟုတ်တော့ဟုတ်ပါတယ် .. ကပ်ကျေးမှာလည်း သူ့ရဲ့ အသုံးဝင်တဲ့ အချက် ရှိပါတယ်.. ဒါကို သံသယရှိစရာ မလိုပါဘူး… ဒါပေမဲ့ ကပ်ကျေးရဲ့ အသုံးကျမှုက အ၀တ်စတွေကို အပိုင်းအပြတ်လေးတွေ ဖြစ်သွားအောင်ဘဲ သူညှပ်ပေးနိုင်တယ်..  ဒါထက်ပိုပြီး သူဘာမှ မလုပ်ပေးနိုင်ဘူး .. အဲ…  အဖေ့ခေါင်းပေါ်က အပ်ကလေးကျတော့ အ၀တ် အပိုင်းအစလေးတွေကို ပေါင်းစပ်စုစည်းစေပြီး သေသပ်လှပတဲ့ အင်္ကျီတစ်ထည် ဖြစ်လာအောင် ချုပ်လုပ်ပေးတယ်လေ.. ဒီအပ်ကလေးရဲ့ စွမ်းဆောင်ချက်ကြောင့် အ၀တ်စတွေဟာ ပိုပြီး တန်ဖိုးရှိလာတယ် မဟုတ်လား။ အင်္ကျီဖြစ်သွားတာကြောင့် လူတွေအတွက်လည်းပိုပြီး အသုံးဝင်သွားတယ်လေ.. ဒါကြောင့် အဖေ့အတွက်တော့ အပ်ကလေးရဲ့ စွမ်းဆောင်ချက်ကို  ပိုပြီး တန်ဖိုးထားမိတယ်..  တန်ဖိုးဆိုတာ ၀ယ်တဲ့ဈေးနှုန်း ဒါမှမဟုတ် သူ့ရဲ့ အသွင်အပြင်ကို ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ အသုံးပြုနိုင်တဲ့ အရည်အချင်း ကြည့်ပြီး ဆုံးဖြတ်ရတယ် သားရဲ့”

“အဲဒီလိုဘဲ သားရဲ့ .. လူတွေရဲ့ တန်ဖိုးကို ဆုံးဖြတ်တဲ့နေရာမှာလည်း အဲဒီလူရဲ့ သြဇာအာဏာ ကြီးမားမှု၊ ပြည့်စုံကြွယ်ဝမှု၊ အောင်မြင်ထယ်ဝါမှု၊  ဟိတ်ဟန်ကြီးကျယ် ခမ်းနားမှု၊ အပေါ်ယံ ရုပ်ရည်လှပချောမွေ့မှုတွေနဲ့ တန်ဖိုး မဖြတ်ပါနဲ့။ လူ့လောက ကောင်းကျိုးအတွက် သူ ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေအကျိုးပြုခဲ့ပြီလဲ၊ သူ့လုပ်ရပ်က လူသားတွေအတွက် ဘယ်အတိုင်းအတာထိ အကျိုးသက်ရောက်မှု ရှိခဲ့ပြီလဲ။ လောကကြီးအတွက် သူဟာ ဘယ်လောက်အသုံးဝင်သလဲ၊ သူဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာတွေကိုကြည့်ပြီး ဆုံးဖြတ်ပါ.. တစ်ချို့လူတွေက အပေါ်ယံအားဖြင့်တော့ ကပ်ကျေးလို အမြင်လှပြီး အင်အားလည်းကြီးမားပေမဲ့ တကယ်တမ်း အသုံးဝင်မှုက နည်းနည်းလေးရယ်..  တစ်ချို့လူတွေကျတော့ အပ်ကလေးလို သေးငယ်ပြီး အမြင်မလှပေမဲ့ သူ့ရဲ့ ဆောင်ရွက်နိုင်စွမ်းအားက အများကြီး ရှိတတ်ပါတယ်..  အဆုံးအဖြတ် မမှားပါစေနဲ့သားရေ” ဆိုတဲ့ စကားလေးကို အေးဆေးတည်ငြိမ်စွာနဲ့ ဖြေကြားရင်း တစ်လက်စတည်း ဆုံးမစကားပါ ပြောကြားလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မတို့တွေကရော လူတွေကို သူ့တို့ရဲ့ ဘယ်လိုအရည်အချင်းတွေ၊ ဘယ်အရာတွေကို ကြည့်ပြီး တန်ဖိုးဖြတ်ကြပါမလဲ။ ရွေးချယ်ကြရတော့မယ်ဆိုရင် လူတွေရဲ့ တန်ဖိုးနဲ့ အရည်အချင်းကိုရော  မှန်ကန်စွာ ရွေးချယ်ဆုံးဖြတ်နိုင်ပါ့မလား။ အပြိုင်အဆိုင် ကြော်ငြာနေတဲ့ခေတ်ကြီးမှာ ကိုယ်ရွေးချယ်တာ မှန်ကန်ဖို့၊ အရွေးမမှားဖို့တော့ လိုမယ် ထင်ပါတယ်နော်....

Lakshmi Raj Sharma ရဲ့    The Tailor's Needle ကို နှစ်သက်မိသောကြောင့် ဘာသာပြန်ပါသည်။


လူတိုင်း မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခွင့် ရကြပါစေရှင်......

29 Responses to “အပ်နဲ့ကပ်ကျေး ကြိုက်ရာရွေး”

အားလုံးကတော့ ပေါ်ယံတွေကိုပဲကြည့်ပြီးဆုံးဖြတ်ကြတာပဲဗျာ.. ဒါကြောင့်လည်း သူတို့ ထွင်ထားတဲ့ 'လူမှာအ၀တ် တောင်းမှ အကွတ်' ဆိုတာတွေပေါ်လာတယ်ထင်တယ်.. အားလုံးက ရုပ်ချော၊ ရုပ်လှတာတွေ ချည်းကိုပဲ လွယ်လွယ် ဆုံးဖြတ်လိုက်ကြတယ်လေ.. သူတို့ကပဲ လွယ်လွယ်မြင်နိုင်တာကိုး..

အဖေ အပ်ချုပ်သမားက အပ်နဲ့ သူရင်းနှီးခဲ့တာကြာပီလေ.. အပ်အကြောင်းကိုရော.. ကပ်ကြေးအကြောင်းကိုရော ကောင်းကောင်းသိနေပြီလေ..
အမှန်တကယ်ကြုံတွေ့ရမဲ့ လူ့လောကမှာလည်း ဒီလိုပါပဲဗျာ.. လူတစ်ယောက်ကို အပေါ်ယံကြည့်၊ သူအပ်ါယံ ပြောဆိုတာနဲ့တော့ ဆုံးဖြတ်ရင် အရမ်းအန္တရာယ်များလှပါတယ်.. အချိန်အတော်ကြာ အတူနေကြည့်မှ၊ ဒါတောင်မှ အတူနေနေတဲ့ အချိန်အတွင်း ဘေးဒုက္ခ ကြုံရင် ဘယ်လိုရင်ဆိုင်တယ်.. ဘယ်လို ဖြေရှင်းတယ်ဆိုတာကို အတူတူဘယ်လိုရင်ဆိုင်တယ်ဆိုတာကို သိဦးမှ.. သူဖြေရှင်းရင်ဆိုင်တာကိုလည်း ကိုယ့်အနေနဲ့ သူ့အရည်အချင်းကို မြင်နိုင်တဲ့ ကိုယ့်မှာလည်း ဥာဏ် ရှိဦးမှ..

အမ ပြောတဲ့ ကပ်ကြေးနဲ့ အပ်လိုပါပဲဗျာ.. ကပ်ကြေးနဲ့ အပ်ကတော့ ပုံသဏ္ဍာန်ချင်းကွာနေလို့ မှတ်ရလွယ်တာမို့ လူတွေကတော့ အားလုံး ပုံသဏ္ဍာန်တွေက အတူတူတွေချည်းမို့ ကျွန်တော့်ဘ၀မှာလည်း ကပ်ကြေးကို အပ်ထက်ပိုဦးစားပေးမိခဲ့တာတွေကို အပ်ကို အပ်မှန်းမသိ မမြင်ခဲ့တာတွေ အများကြီးပါပဲ။ အသိတွေကို ဆထက်တပိုးတိုးအောင် လုပ်ပြီး ဆင်ခြင်ကြဦးမှ။

အမချော......ရွေးတော့မယ်ဆိုပါတော့ :) ခွိခွိ ဘာပဲဖြစ်ဖြစ် ကျနော်လည်း လက်တို့ဦးနော် :)

ခင်တဲ့(ဖိုးကြယ်)

shwezinu said...

အစ ကတော့ ဘာမှ မကြိုက်ဘူး လို့ ရေးမလို့ အမ က စားစရာတွေ ဆိုရင် အားလုံးကြိုက်တယ် လို့ ရေးနေကြကိုး

ညီမ လည်း ရွေးတော့ မယ်ထင်တယ် စောင့်မျှော်နေတယ်နော် တဝါလည်းကျွတ်ခဲ့ပေါ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကျော်ဇင် said...

ဟုတ်တယ်.. အရွေးမမှားဖို့လိုပါတယ်..
ဒါပေမဲ့ တစ်ချို့တွေက သူတို့ကိုရွေးစေချင်လို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆွဲဆောင်နေကြတယ်လေ..
မရွေးမနေရဆိုပြီး အတင်းရွေးခိုင်းတာမျိုးလည်း ရှိတတ်သေးတယ်။ ကျွန်တော်တို့က အခြားဟာကိုရွေးချင်ပေမဲ့ ငါတို့ကိုရွေးပါဆိုပြီး အတင်းခြိမ်းခြောက် ရွေးခိုင်းတာမျိုးဆိုရင် မရွေးချင်ပေမဲ့ နီးရာဓါးကိုကြောက်ပြီး ရွေးရတဲ့အခါ.......
လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိရင်တော့ သိပ်ကောင်းမှာပေါ့ဗျာ။

kotunygn said...

Good ....... Good ........ Pretty Good .......

crystal said...

ရွေးချယ်ခြင်းအတွက် အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးတွေကိုလည်း ရင်ဆိုင်နိုင်ဖို့ အားမွေးထားဖို့လိုလိမ့်မယ်။ ညီမငယ် အစစ အဆင်ပြေပါစေရှင်။

ကောင်းလိုက်တဲ့ပိုစ့် လေး

သူများတွေတော့ အရိပ်ပြနေကြပီ...နော်..။
ဘာပဲဖြစ်ဖြစ်
ဆုံးဖြတ်ချက် မမှားအောင် ဦးဏှောက်ကို မကြာခဏ
ဂျေးချွတ်ပေးဖို့ လိုမှာပေါ့..လေ။။

MDW said...

ကပ်ကျေးက ဖြတ်ဖို့
အပ်က ဆက်ဖို့
၂ ခုလုံးအသုံးဝင်တာမို့ ၂ ခုလုံးပဲရွေးလိုက်တော့မယ်။
လိုရင်လိုသလို သုံးရတာပေါ့ .... နော် ... ကောင်းဘူးလား :)

ahphyulay said...

အင်း...
အဲ့ ဒါ ကျွန်တော့် အမြင်ကတော့  “အပြော”နဲ့ “အလုပ်” နှစ်ခုနဲ့  နှိုင်းယှဉ်ကြည့် မိပါတယ်။
အပြောက ကပ်ကျေး၊ အလုပ် က အပ် လေ ၊ ပြောသလောက်လုပ်တဲ့ သူနဲ့  ပြောသလောက်မလုပ်တဲ့ သူလေ၊
ဆိုင် လားတော့ မသိ ။

မှန်ကန်သောရွေးချယ်ခြင်းလားတဲ့........ဆင်ခြင်စရာလေးပါပဲ ။

ဟိ များ ကတော့ အပ်ချုပ်ရတာ ဝါသနာမပါဘူးရယ် ခစ်ခစ် ဆိုင်မှာပဲ သွားချုပ်လိုက်တာပဲ ဒီတော့ မရွေးတော့ဘူးနော် ဟိဟိ
စ တာ နော်
မချော တကယ် ရွေးစရာလိုရင် ဝက်ကို လက်တို့လိုက် သိလား ဝက် ရွေးပေးမယ်နော်
ခစ်ခစ် တာ့တာ

လသာည said...

အရွေးမှန်ဖို့ လိုတာပေါ့နော်..။
Right!! Nice post!!

ျ ပ said...

ကျွန်တော့ စက်ချုပ်ဆရာ သူငယ်ချင်း ပြောဖူးတာက တမျိုး။ အဲဒါကြောင့် ဒီလူ အရွေးမှားတာ ဖြစ်မယ်။

သူ့ ကြည့်ရတာ....အပ် ကို ရွေးချင်နေပုံပဲ...
အပ် တချောင်းထဲတော့ မရွေးပါနဲ့ အစုံပါတဲ့ အပ်ချုပ်စက် တံဆိပ်ကောင်းတာရှာဝယ်ပါ....

အလုပ်ထဲမှာ အဲ့လိုအဖြစ်မျိုး ကြုံဖူးတယ် ရောက်စက မြောက်ကြွကြွ နဲ့ အပိုးမကျိုးဘူးလို့ ထင်ရတဲ့ ညီလေးတစ်ယောက် ခုက ရုံးထဲမှာ သူမရှိရင်ပဲ ပျင်းသလိုလို ဘာလေးပဲဖြစ်ဖြစ်ပေါ့၂ပါး၂ နဲ့ လုပ်ပေးတတ်တယ် ။ တွေးမိတာက လူတစ်ယောက်ကို ခဏလေးတွေ့ရုံနဲ့ မဝေဖန်မိပါစေနဲ့လို့ ကိုယ့်ကိုယ်ကို သတိပေးမိတယ် ။ တန်ဖိုးဆိုတာ အချိန်ယူ ဆုံးဖြတ်သင့်တယ် ထင်ပါတယ် ။

တန်ဖိုးနဲ့ အရည်အချင်းအကြောင်း
စဉ်းစားရင်စဉ်းစားသလောက် ..
အတွေးပေါက်တဲ့စာလေးပါဗျာ..

သူ့နေရာနဲ့သူ တန်ဖိုးထားတာ ပိုကောင်းပါတယ်။
ကပ်ကြေးအသုံးဝင်ချိန်မှာ အသုံးချခဲ့တာကိုလည်း မမေ့သင့်ဘူးပေါ့။

ရွေးပြီးသွားရင် သိပါရစေဗျို့ ...း)

မချော

နောက်ဆုံးက တွေးစရာလေး ချပြထားတာကို နှစ်သက်မိတယ်
ဆင်ခြင်စရာလေးပါပဲ၊ သူ့နေရာနဲ့သူ အသုံးဝင် တန်ဖိုးရှိနေတယ်ဆိုတာလေးပေါ့...
ချမ်းမြေ့ပါစေဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ကိုကြည်သာ said...

လောကမှာရွေးချယ်စရာတွေများနေတဲ့အခါ အရွေးမမှားအောင်ဒီစာလေးဖတ်ပီးမှ ရွေးရမယ်။
ကောင်းတယ်ချော ..ကျေးဇူးပါ

ပူးတေ said...

မချောရေ ကတ်ကြေးနဲ့ အပ်လေး လာဖတ်သွားပါတယ်နော်..

အရွေးမှန်ဖို့ကတော့ အဓိကကျတယ်နော်...

ခင်မင်စွာဖြင့်
ပူးတေ

မလေး said...

မချောရေ တန်ဖိုး၇ှိတဲ့စားလေးတွေဖတ်၇လို့ ကျေးဇူးတင်ပါတယ်။

အင်း မချော ရွေးတော့မယ်တဲ့။ အင်းလေ ဒီလေသဘော တရားတွေကို သိနားလည်နေလို့ ရွေးချယ်ရင်း ရွေးချယ်နေရင်းကြောင့် များလားးးးးးး............ ။ ဂြီ

ချောရေ...
တို့ပတ်ဝန်းကျင်မှာလည်း အခုတလော
ရွေးချယ်ပေးကြပါ...တဲ့။
ရွေးချယ်မှုလည်း မှန်ကန်ကန်ပါစေ..တဲ့။
မရွေးမိဘဲလဲ မနေကြပါနဲ့..တဲ့။
ခက်တာက လှေကြုံထိုးကပ်ကြေးတွေ၊ တစ်ပွဲထိုးအပ်တွေဖြစ်နေမှာ စိုးတာ....။
အခုထိကို ရွေးဖို့ဆိုတာ ပိုခက်နေတာ..။
အင်း... ကပ်ကျေးမဟုတ်တဲ့ ကပ်ပြီး ကြီးနေတဲ့ ကပ်ကြီးတွေကိုတော့ စိတ်ပျက်လှတယ်။
ရွှေအပ်လေးသာရှိရင် သိပ်ကောင်းမှာနော့..။

Tilburg said...

Hi thanks for yet another very interesting post. Where do you get your inspiration for all this :|? - Tandarts

angelmoon22 said...

မချောရေ... ကောင်းလိုက်တာ ။ ဟုတ်တယ်နော်။ အပေါ်ယံမကြည့်ဘဲ အသုံးဝင်မှုကိုသာ မှန်ကန်ရွေးချယ်တတ်ကြရင် ...အားလုံး(အားလုံး) ကောင်းနေခဲ့မှာပါ။

ဟုတ်တယ်နော် လူတွေထဲ မှာလဲ လူချင်းတူပေမဲ့ အသုံးဝင်ပုံချင်းကွာတာပေါ့နော်.....
သူ.နေရာနဲ.သူ အသုံးဝင်နေရင်တော့ လူဖြစ်ရကျုးနပ်ပါပြီ...
အပ် လေး တစ်ချောင်းလောက် အသုံးဝင်အောင် ကြိုးစားလိုက်ပါဦးမယ်...

အင်ကြင်းသန့် said...

အိုကေ အိုကေ မမ....ညီမလေး အပ်ကိုပဲ ရွေးလိုက်တော့မယ်နော်။ :D