အုန်းသီးတစ်လုံးရဲ့ လျှို့ဝှက်ချက်


တကယ်လို့များ သင်ဟာ ပင်လယ်ကမ်းခြေကို ရောက်ဖူးသူဆိုရင် အုန်းသီးစိမ်းထဲက အုန်းရည်ကို သောက်ခဲ့ဖူးမယ် ထင်ပါတယ်နော်.. ပင်လယ်ကမ်းခြေ မရောက်ဖြစ်တောင် ရန်ကုန်လိုမြို့ကြီးမှာ ရွှေတိဂုံဘုရားအနီးမှာ တွန်းလှည်းနဲ့ရောင်းတဲ့  အုန်းရည်ကို သောက်လို့ ရပါတယ်.. သန်လျင် ရေလည်ကျောက်တန်းဘုရားကို သွားဖူးရင်းနဲ့လည်း ဘုရားအနီးက ဆိုင်တွေမှာ အုန်းရည်ကို သောက်သုံးလို့ ရပါသေးတယ်.. အုန်းရည်ဟာ ချိုမြမြ ရှတတအရသာ ရှိတယ်ဆိုတာ လူတိုင်းက သိကြပေမဲ့ အုန်းရည်ရဲ့ အသုံးဝင်ပုံ လျှို့ဝှက်ချက်လေးကိုတော့ သိသူနည်းမယ် ထင်ပါတယ်.. အုန်းသီးတစ်လုံးထဲက သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အုန်းရည်အကြောင်းနဲ့အတူ အုန်းသီးရဲ့ အသုံးဝင်ပုံလေးကို ဖတ်မိထားသလောက် ပြန်လည် ဝေမျှပါဦးမယ်ရှင်။

အုန်းသီးဟာ လူတွေအတွက် ကောင်းမွန်ထူးခြားတဲ့ အစာတစ်မျိုးဖြစ်ပါတယ်.. အထူးခြားဆုံးက လူ့အသက်ကိုတောင် ကယ်တင်နိုင်စွမ်းရှိတဲ့ အသီးဖြစ်ပါတယ်.. အုန်းသီးဟာ သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေနိုင်စွမ်းရှိခြင်း၊ ကိုလက်စရောကို လျော့ချပေးနိုင်စွမ်းရှိခြင်း၊ ရေဓာတ်ကို ထိန်းသိမ်းပေးခြင်းနဲ့ အရေးပေါ် သွေးရေကြည်သွင်းဖို့ လိုအပ်နေသူများကိုတောင်မှ အုန်းရည်ဖြင့် အစားသွင်းကုသပေးနိုင်ခြင်းစတဲ့ အုန်းသီးရဲ့ အသုံးဝင်အရေးပါပုံကို သိရှိသူမှာ လူအနည်းစုလောက်သာ ရှိပါတယ်.. ခေတ်ပေါ် ဆေးသုတေသနပြုသူများကလည်း အုန်းသီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုစေနိုင်သော အသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်..

 
အုန်းရည်

အုန်းသီးထဲမှ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိပုံနဲ့ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်.. အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်..

အုန်းရည်ဟာ ဓါတ်တိုးပစ္စည်းပါဝင်မှု များပြားပြီး လူတွေကို အထူးအကျိုးပြုကြောင်း လေ့လာတွေ့ရှိရပါတယ်..

ကိုလက်စရောကို ကျဆင်းစေခြင်း

အစာခြေနိုင်စွမ်း မြင့်မားစေခြင်း

အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း

ဆဲလ်အသစ်များကို တိုးပွားစေခြင်း

ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း

ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း

အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း
ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း

ရောဂါများကို ခုခံကာကွယ်ပေးခြင်း

မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း

ဘက်တီးရီးယားများကို သေစေနိုင်ခြင်း

စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့ အုန်းသီးဖြစ်ပါတယ်.. အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင် အဆီပါဝင်မှုနှုန်း နည်းပါးပါတယ်.. ထို့ကြောင့်လည်း ကျန်းမာရေးအတွက် စဉ်းစားပြီး အုန်းသီးတစ်လုံးကို ၀ယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ၀ယ်ယူသင့်တယ်လို့ သိရပါတယ်.. အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်းအရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်..

အုန်းဆီ


အုန်းသီးကနေ ရရှိတဲ့ အုန်းဆီဟာလည်း အလွန်အကျိုးများတဲ့ ဆေးကုသမှုဆိုင်ရာ ပစ္စည်းအဖြစ် သုံးစွဲနိုင်ပါသေးတယ်.. အုန်းဆီဟာ အားလုံးသိကြတဲ့အတိုင်း ဆံပင်သန်စွမ်းနက်မှောင်ဖို့ အလွန်ကောင်းမွန်တဲ့ သဘာဝ အားဖြည့်ဆေး ဖြစ်ပါတယ်.. အုန်းဆီဖြင့် ဦးခေါင်းကို မှန်မှန် နှိပ်နယ်ပေးပါက ဦးရေပြားတွင်ဖြစ်တတ်သော ဘောက်နှင့် ဦးရေပြားခြောက်သွေ့ခြင်းတို့ကို ကာကွယ်နိုင်ပါတယ်။ ပျက်စီးနေသော ဆံပင်များကို ပြုပြင် ထိန်းသိမ်းဖို့ အတွက်လည်း အုန်းဆီမှာ အလွန်ကောင်းမွန် အဆင်ပြေပါသည်။ ထို့ကြောင့်လည်း အုန်းဆီကို ဆံပင်ပြုပြင်ရေး ပစ္စည်း၊ ဗောက်များ ကာကွယ်သောပစ္စည်းအဖြစ် နည်းမျိုးစုံဖြင့် ထုတ်လုပ်ကြပါတယ်.. နောက်ထပ် အသုံးဝင်သောအချက်မှာ အုန်းဆီသည် သွားပိုးစားခြင်း၊ သွားရောဂါများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်.. အုန်းဆီအနည်းငယ်ကို သွားဖုံးနှင့် သွားတို့တွင် အမြဲတမ်း ပွတ်တိုက်ပေးပါက သွားများကို ပိုမိုခိုင်မာစေနိုင်ပါတယ်လို့ ဖော်ပြထားပါတယ်.…

အုန်းဆီရဲ့ အခြားအသုံးဝင်ပုံမှာ ခြောက်သွေ့သော အရေပြားများအတွက် အကောင်းဆုံး moisturizer ဖြစ်ပါတယ်..  အုန်းဆီကို အရေပြားပေါ်လိမ်းပြီး နှိပ်နယ်ပေးပါက အသားပတ်ခြင်း၊ ခြောက်သွေ့ခြင်း၊ အက်ကွဲခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်.. အရေပြားတွန့်ခြင်းကိုလည်း နှောင့်နှေးစေတယ်လို့ သိရပါတယ်. အုန်းဆီပါဝင်တဲ့ အရေပြားစောင့်ရှောက် ပစ္စည်းများဖြစ်တဲ့ ဆပ်ပြာ၊ အသားလှလိမ်းဆေး၊ လူးဆေးခရမ်စသဖြင့် အများအပြားကို ထုတ်လုပ်ကြပါတယ်.. ထိခိုက်ရှနာများအတွက်လည်း အုန်းဆီဟာ ဆေးဝါးတစ်လက်အဖြစ် အထောက်အကူပြုနိုင်ပါသေးတယ်.. ဒဏ်ရာပေါ်မှာ အုန်းဆီကို လိမ်းပေးခြင်းအားဖြင့် ပြင်ပမှ ဖုန်များ ၊ ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ မ၀င်ရောက်နိုင်အောင် အလွှာပါးလေးအဖြစ် ဖုံးအုပ်ထားစေပါတယ်.. အုန်းဆီဟာ ဒဏ်ရာပေါ်မှ ပျက်စီးသွားသော တစ်ရှူးများကို အမြန်ဆုံး ပြန်လည် ကောင်းမွန်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်.. အုန်းဆီဟာ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ အရေပြားပေါ် ဖြစ်တတ်သောမှိုများ၊ စသည်တို့ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်..

အုန်းသီးထွက်ပစ္စည်းများ


အုန်းသီးကနေ ထုတ်လုပ်တဲ့ အုန်းနို့၊ အုန်းမှုန့်၊ အုန်းသီးဖတ် စသည်တို့သည်လည်း အစားအသောက်များ၊ ဟင်းလျာများ၊ မုန့်များ ချက်ပြုတ်ရာတွင် အသုံးပြုကြပါတယ်.. အချို့သောနိုင်ငံများတွင် အုန်းနို့မှာ ဟင်းလျာအတော်များများတွင် မပါမပြီး အသုံးပြုကြတဲ့ အရာသာထူးကဲ ကောင်းမွန်စေသော ဟင်းချက်ဖွယ် တစ်မျိုး ဖြစ်ပါတယ်.. မြန်မာနိုင်ငံတွင်တော့ ဟင်းချက်ရာတွင် အသုံးပြုမှု နည်းပါးသော်လည်း မြန်မာမုန့် တော်တော်များများတွင် အုန်းနို့ပါဝင်တတ်ပါတယ်.. အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့်ပြုလုပ်သော အစားအသောက်များ အလွန်အကျွံစားသုံးပါက သွေးတိုးရောဂါသမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်..


ကျန်းမာရေးအတွက် အုန်းရည်များများသောက်ပြီး အုန်းဆီ များများလိမ်းလို့  အုန်းနို့ကိုတော့ သင့်တင့်ရုံသာ စားကြပါစို့နော်....  :)

Kiran Patil ရဲ့  Health Benefits of Coconut Oil, Coconut Water Health Benefits နှင့် Funzug.com မှ အချက်အလက်များကို မှီငြမ်းကိုးကားပါသည်။ ဤပိုစ့်ပါ အချက်အလက်များကို အတည်ပြုပေးပြီး အချက်အလက်အသစ်များ ထပ်မံရှာဖွေ ကူညီပေးသော ဒေါက်တာဇီဝက(ဆေး-၂) အား အထူး ကျေးဇူး တင်ရှိပါသည်။


28 Responses to “အုန်းသီးတစ်လုံးရဲ့ လျှို့ဝှက်ချက်”

zt said...

မလေး အစားအသောက်တွေမှာ အုန်းနို့ ထည့်ချက်ကြတယ်။ မလေးရှားမှာ အုန်းသီး ပေါလို့လားတော့ မသိ။

အုန်းသီး အသုံးဝင်တဲ့ အထဲမှာ အုန်းမုတ်ခွက် နဲ့ အုန်းဆံဖတ် ကျန်သေးတယ်။ :D

ချောရေ.. Virgin coconut oil က ကျမ်းမာရေးအတွက်အရမ်းကောင်းတယ်..
အသားရည်တွက်ရော၊ ကင်ဆာအတွက်ရော၊ ဟင်းချက်ဖို့ရော၊ ထိခိုက်ဒဏ်ရာတွက်ရော..
ဥပမာနဲနဲလေးပြောပြမယ်နော်။
တစ်ခေါက် တင်းနစ်ရိုက်ရင်းနဲ့ နောက်ပြန် လဲကျတဲ့ အန်ကယ်တစ်ယောက် ခေါင်းမှာ ၄ ချက်ချုပ်ရတယ်.. သူက virgin coconut oil ကိုအနာပေါ်သုတ်လိမ်းထားတာ..နောက်နေ့ ထူထူထောင်ထောင် လျှောက်သွားတယ်..နောက်ပိုင်းဒဏ်ရာတောင်မကျန်ခဲ့ဘူး။
နောက်တစ်ခုက လေ.. ကူးချောင်းဆိုးတုန်းက.. ဆရာဝန်ပေးတဲ့ဆေးလဲမရ... ၂ လကျော်လာလို့ အရမ်း အိပ်ပျက်စားပျက်ဖြစ်တာလေ.. အဲဒါ virgin coconut oil တစ်ဇွန်းနဲ့ သံပုရာသီး ညှစ်သောက်တာ ၂ ရက်ဘဲ ပျောက်ရော...
ဒါကြောင့် ပူပူ ရောက်တော့ ချောင်းပြန်ဆိုးတဲ့အခါ virgin coconut oil လိုက်ရှာတာ mustafa မှာပုလင်းသေးသေးတွေ့တယ်.. အဲဒါ သံပုရာသီးနဲ့သောက်တာ ကောင်းသွားပြန်တယ်..
နောက်တစ်ခုကလေ.. အင်ဂလန်မှာ အလုပ်လုပ်နေတဲ့ အမကြီးတစ်ယောက် ကင်ဆာနဲ့ အိမ်ပြန်လာနေတာ.. သူတို့နယ်မှာနေရင်းနေ့တိုင်း တစ်ရက်တစ်ဇွန်းမနက်လင်းရင်သောက်တာ ကင်ဆာဆဲလ် တွေတောင် နောက်ထပ်စစ်တော့ရှာမတွေ့တော့ဘူး။ နောက်မှဆက်ပြောမယ်.. အလုပ်လုပ် လိုက်အုံးမယ်..

သြော် ..
အုန်းသီးတစ်လုံးက ဒီလောက်အသုံးဝင်မှန်းအခုမှသိရတယ်ဗျာ..
အခုလိုဝေမျှတာကျေးဇူးပါ

shwezinu said...

အုန်းသီး ကတော့ ကြိုက်စ် အုန်းဆံနုနု လေး ဇွန်းခြစ် အုန်းရည်ရယ် သကြားရယ်ရော အအေးခံသောက်

ခင်တဲ့
ရွှေစင်ဦး

မလေး said...

မချောေ၇ မျှဝေပေးတာကျေးဇူးပါ။ အနီးမှာ၇ှိပေမဲ့ မသိတော့ မသုံးဖြစ်ဘူးပေါ့။ ခုတော့သိသွားပြီ။

crystal said...

လတ်ဆတ်ပြီး ရှိန်းမြတဲ့ အုန်းရည်အေးအေးလေး သောက်ချင်ရင် ခရစ္စတလ်ဆီကို လာခဲ့ပါ။ စိတ်ကြိုက်သောက်သုံးနိုင်ရန် တာဝန်ယူပါတယ် :)

အုန်းစိမ်းရည်လေးသောက်ချင်လိုက်တာ..။ သောက်လိုက်အုံးမယ်..။

ချစ်တဲ့
သဒ္ဓါ

ယမင်း said...

အင်း ဒါကြောင့်မချောကို လေးစားတာ ဗဟုသုတကလည်းပြည့်စုံလိုက်တာ ယမင်းစိတ် ၀င်စားတာတွေကို ဖော်ပြပေးတဲ့ အတွက် ကျေးဇူး ခုမှပဲ အုန်းသီးရဲ့ အသုံးဝင်ပုံကို ကောင်းကောင်းသိတော့တယ် နောက်လည်း အပင်တွေရဲ့ အသုံးဝင်ပုံတွေ ကို ဖော်ပြပေးဦးနော် :D

အုန်းရည်တောင် သောက်ချင်လာပြီးး :)

ဒါတင် ဘယ်ကအုံးမလဲ မချောရဲ့
အုန်းမှုတ်ခွက်က နယ်မှာ လက်ကိုင်ရိုးလေးတပ်ပြီး ရေခွက်လုပ်သုံးကြတာ....(ခုတော့ နည်းသွားပြီ)
အုန်းဆံအမျှင်လေးတွေက ကြိုးကျစ်လို့ ရတယ်လေ ....
အုန်းသီးနုနုဇွန်းခြစ် အခွေလိမ်လိမ်လေးတွေနဲ့ အုန်းရည် သကြားနဲ့ (အစ်မရွှေစင်ဦးပြောသလို) အအေးခံသောက်ရရင် သိပ်ကောင်းမှာဘဲ...လို့ တွေးရင်း သွားရည်ကျလာတယ်

ahphyulay said...

ကျွန်တော် တကယ်မသိခဲ့  ပါ ၊
အဲ့ လောက် သုံးလို့ ရမှန်း ...
သွေးအစားအရေးပေါ် သုံး လို့ ရမှန်း သိရလို့  ပိုလို့ တောင်
အံ့  သြ ရသေး....
ကျေးဇူးပါဗျာ..။

အုန်းသီးကို နဂိုကတည်းက အရမ်းအရမ်းကို ကြိုက်တာ .. ချောရဲ့ အုန်းသီးကောင်းကျိုးတွေဖတ်မိတော့ ပိုကြိုက်ရပြီ
အကြိုက်ဆုံး အချက်က "မှတ်ဥာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း " ဆိုတာပဲ ။ ခုတလော အမှတ်မရှိ ဖြစ်ဖြစ်နေလွန်းလို့း)))

sosegado said...

ရောက်ရင်တော့ အုန်းရေတစ်ဝသောက်လိုက်မယ် ဆိုပြီးတွေးထားမိတယ်၊
ရောက်တော့ အဲဒီ beach မှာ အုန်းပင်လဲမရှိဘူး အုန်းရေလည်း မရှိဘူး၊
တော်တော်ထုံတာငါ၊ ပထဝီလေ့လာမှုလည်းမလုပ်ခဲ့ဘူး၊
ကြိုက်လို့သောက်ချင်တာပဲသိတယ်။

အမယ်....တယ်ကောင်းတဲ့အုန်းသီးပါလား :) အစ်မချောပြောမှသိတယ် ကျေးဇူးတင်ပါ၏ :)

ခင်တဲ့(ဖိုးကြယ်)

မျောက်အုန်းသီးရတာတော့ ဘာလုပ်ရမှန်းမသိဘူး

ချော ကိုယ် အုန်းနို့ခေါက်ဆွဲစားချင်တယ်
အုန်းထမင်းရယ် ကြက်သားရယ် ရှလွတ်

မချော ရေးထားတာကို ဖတ်ပြီး အုန်းရည် ပြေးသောက်လိုက်အုံးမယ် ... :P

ကိုကြည်သာ said...

အားပါးခရီးကရောက်မဆိုက် အုန်းရေလေးသောက်လိုက်ရတာ ရှယ်ပဲ ကောင်းပ...

Baby taster said...

ချောရေ......
အုန်းသီး အကြောင်းလေး လာဖတ်တယ် ။အုန်းနို့ ကြောင့် သွေးတိုးတယ် ဆိုတာ
မမှန်ဘူးလို့ တခါက ဖတ်ဖူးတယ် ။ South Indian တွေက အစားစာ တိုင်းမှာ
အုန်းသီး အုန်းနို့ထည့်တယ်တဲ့ ဟင်းချက်ရင်တောင် အုန်းဆီပဲ သုံးကြတယ်တဲ့ ဖတ်ဖူးတာပါ
စာအုပ်တော့ မမှတ်မိတော့ဘူး ။ ဒါကြောင့်ထင်တယ်South Indian အရမ်း စာတော်ကြတာပဲ
ပညာတတ်တွေ များတာပဲ US မှာဆိုရင် ဆရာဝန်နဲ့ အင်ဂျင်နီယာတော်တော်
များများ South Indian ကြီးပဲ ။ ငယ်ငယ်လေးတွေ အုန်းသီး အစွမ်း ထင်ပါရဲနဲ့နော် ။အိမ်ပတ်ပတ်လည်
အုန်းသီး စိုက်၇မယ် .ကလေးတွေကို ကျွေးဖို့ မဖြစ်ပါဘူး ။ရာသီဥတုနဲ့ အုန်းပင်လေး တပင်အလှ ၀ယ် စိုက်မိပါရဲ့ အေးလို့ ဟိုရွေ့ ဒီရွေ့ နဲ့ ရှည့်ငပေါ လက်ချက်ပါ မိသွားတော့ သေပါလေရော လေကြောရှည်လားဟင် :P

စကားမစပ် ပြောရအုံးမယ်
ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ ၊မြေမြင့်မှာ နေပါတယ် ။၊

မချောရေ.... အုန်းရည်ရဲ့ အကျိုးရှိပုံလေး ဖတ်ပြီ နေ့တိုင်းတောင် အုန်းရည်သောက်ချင်လာတယ်။ ကျန်းမာရေးအတွက်လည်း အလွန်အကျိုးရှိလို့ပါ။ ဒီပို့စ်လေးအတွက် ကျေးဇူးပါနော်... :D

khinmarlaraung said...

မရေ....ရောက်တယ်။ ညီမ ကိုယ်တိုင်သိပ်ကြိုက်တဲ့ အသီးတစ်မျိုးပါ။
အုန်းရည်ကို အရမ်းကြိုက်ပါတယ်။ ဒါပေမဲ့...သူ့ ရဲ့အကျိုး ဒီလောက် ထူးမှန်းကိုတော့
ဒီနေ့ မှ သေသေချာချာ သိခွင့်ရတော့တယ်..မရေ။ ဗဟုသုတတွေ စုဝေးနေတဲ့
Site လေးပါလားနော်။ အုန်းရည်သောက်ချင်စိတ်လဲ ပေါက်လာပြန်တယ်..ခု။ :)
အမ စန္ဒကူး မန့် ထားတာလေး ဖတ်ရင်းတန်းလန်းကြီး သူက ပြန်သွားလေတော့ ...
ထပ်သိချင်သေးသား..မရေ။ :)
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)

blackcoffee said...

မချောပြောမှဘဲ အုန်းသီးအကြောင်း ပြည့်ပြည့်စုံစုံ သိရတော့တယ်။ ဗဟုသုတတစ်ခု ထပ်တိုးခဲ့ရပြန်ပြီပေါ့။

kotunygn said...

Good tal byar.

I will drink it every week. Big Thanks 2 U. Have a Nice Day.

လသာည said...

အုန်းသီးကို ငယ်ငယ်က မကြိုက်ဖူး။ အုန်းရည်တို့ အုန်းသီးတို့ စားပြီးရင် လည်ချောင်းနာတတ်တာလည်း ပါတယ်။ အခုမှ အုန်းသီးကို နည်းနည်းပိုကြိုက်တတ်လာတယ်။ အုန်းနို့ခေါက်ဆွဲဆို အသေကြိုက်း))

အုန်းထမင်းနဲ့ ကြက်သားဆီပြန်လေးပါ တင်လိုက်ရင်တော့ ရှယ်ပေါ့။
အုန်းသီးနုနုတော့ ကြိုက်တယ်။
အမှန်အကန် အုန်းသီးပြောတာနော်။ စကားလိမ်နဲ့ မဟုတ်ဘူး။

ဟယ်....
ပို့စ်ကို အစကနေ အဆုံး...
ကွန်မန့်တွေ တစ်ခုပြီးတစ်ခု စိတ်ဝင်တစားဖတ်လာလိုက်တာ...
မြစ်ရဲ့ ကွန်မန့်လဲရောက်ရော...သူ ပြောသလို စကားလိမ်ဖတ်မိလိုက်တာ...
ဖွီ.... သွားရော...အရသာလေးတွေ..။
တော်တော်ဆိုးတဲ့ ..မြစ်..။

flowerpoem said...

မချောရေ ကျွန်မအုန်းစိမ်းရည်မကြိုက်ဘူး အုန်းသီးသိပ်မစားဖြစ်ဘူး အုန်းသီးနဲ့ လုပ်တဲ့ မုန့်တော့ စားဖြစ်ပါတယ်. .
ခုတော့ အုန်းစိမ်းရေကိုသောက်ရတော့မယ် ကျေးဇူးအမ

အုးန်သီးနဲ့ ဆိုင်တာတွေအားလုံးကြိုက်တယ်.. ကျွန်တော်တို့ ထားဝယ်က အစားအစာတွေ တော်တော်များများလည်း အုန်းသီးသုံးကြတယ်.. ပင်လယကမ်းခြေမှာ အခေါင်းဖွင့်ထားတဲ့ အုန်းသီးနုနုကတော့ အကောင်းဆုံးပါပဲ.. :)