ထူးထူးဆန်းဆန်းရေကန်နဲ့ အပင်များ

Canada’s Spotted Lake



ရေကန်ကြီးထဲက ရေကန်ငယ်လေးများ

ရေကန်ငယ်လေးများစွာ ဖြစ်ပေါ်နေတဲ့ ဆားရေကန်ကြီးဟာ ကနေဒါနိုင်ငံ၊ ဘရစ်တစ်ကိုလံဘီယာနယ်ရဲ့ အနောက်မြောက်မှာရှိတဲ့ Osoyoos  မြို့အနီးမှာ တည်ရှိပါတယ်.. အဲဒီရေကန်ငယ်ကလေးတွေထဲက ရေဟာ ဓါတုပစ္စည်း ပျော်ဝင်မှု အလွန်များပြားပြီး အမျိုးပေါင်းစုံလင်စွာသော ဓါတ်သတ္တုများ ပျော်ဝင်နေပါတယ်.. နွေရာသီအခါမှာ ရေကန်ထဲမှာရှိတဲ့ရေတွေဟာ အငွေ့ပျံခြောက်ခမ်းသွားပြီးတဲ့နောက် ကန်ထဲမှာ ဓာတ်သတ္တုတွေသာ ကျန်ရစ်ခဲ့ပါတယ်.. ရေကန်ထဲမှာတော့ ဓါတုပစ္စည်းကျန်ရစ်ခဲ့တဲ့ နေရာအနေအထားပေါ် မူတည်ပြီး မတူညီတဲ့ အရောင်အသွေးနဲ့ ကန်ငယ်လေးပေါင်းများစွာ အကွက်အကွက်လိုက် ဖြစ်ပေါ်စေခဲ့ပါတယ်.. ကန်ကြီးတစ်ခုလုံးဟာ အရောင်မျိုးစုံလင်လှတဲ့ အကွက်အပျောက်ငယ် ကလေးတွေအဖြစ် ထူးဆန်းလှပစွာ ဖြစ်ပေါ်နေစေပါတော့တယ်..
ရေတွေခမ်းခြောက်ပြီး ဆားနဲ့ သတ္တုတွေသာကျန်ရစ်နေတဲ့ ရေကန်

ဆားတွေတင်ကျန်နေတဲ့ ရေကန်ကြီး

မဂ္ဂနီစီယမ် ဆာလ်ဖိတ်အများဆုံး ပါဝင်နေတဲ့ ရေကန်ငယ်လေးပေါင်းများစွာဟာ နွေရာသီအခါမှာတော့ ပုံဆောင်ခဲလေးတွေအဖြစ် ကျန်နေရစ်တတ်ပါတယ်… ရေတွေခမ်းခြောက်သွားပြီးတဲ့နောက် ရေကန်ငယ်လေးတွေ တစ်ခုနဲ့တစ်ခုကြားမှာ လူသွားလို့ရတဲ့ လမ်းသဖွယ် ဖြစ်ပေါ်လာစေခဲ့ပါတယ်.. အဲဒီရေကန်ငယ်လေးတွေထဲမှာ မဂ္ဂနီစီယမ် ၊ကယ်လ်စီယမ်နဲ့ ဆိုဒီယမ်ဆာလ်ဖိတ် ပါဝင်မှုနှုန်းဟာ ကမ္ဘာပေါ်မှာ အများဆုံးဖြစ်တယ်လို့ သိရပါတယ်… ငွေ နဲ့ တိုက်တေနီယမ် သတ္တုတွေပါ ပါဝင်နေပြီးတော့ ၄င်း သတ္တုတွေ၊ ဓါတုပစ္စည်းတွေကြောင့်ဘဲ အရောင်စုံ အကွက်ပေါင်း ၃၆၅ ကွက်ခန့် မြောက်များစွာ ဖြစ်ပေါ်နေတာကြောင့် အဲဒီရေကန်ကို Spotted Lake လူသိများပါတယ်.. အဖြူရောင်၊ အစိမ်းဖျော့ရောင်၊ အ၀ါရောင် စသဖြင့် အရောင်စုံအောင် ဖြစ်ပေါ်နေစေပါတယ်.


အကွက်လိုက်ကျန်



ရေကန်ရဲ့ ရှုခင်း တစ်မျိုး

အဲဒီရေကန်ကြီးဟာ ရောဂါဘယတွေကို ကုသပေးနိုင်စွမ်း ရှိတယ်လို့ ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုတွေက ယုံကြည်ကြပြီးတော့ အစဉ်အဆက် တန်ဖိုးထားထိမ်းသိမ်းခဲ့ကြတယ်လို့ သိရပါတယ်.. မတူညီတဲ့ သတ္တုပါဝင်မှုနှုန်းတွေကြောင့်လည်း အဲဒီစက်ဝိုင်းပုံ ကန်ငယ်လေးတွေရဲ့ ရောဂါပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိဟာလည်း မတူညီ ကွဲပြားတယ်လို့ ယုံကြည်လက်ခံကြပါတယ်.. ကန်ကြီးထဲကို အလည်အပတ်သွားရောက်ကြမဲ့ ဧည့်သည်တွေဟာလည်း ကန်ကြီးကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သူတို့ဆီက ခွင့်ပြုချက်ယူရတယ်လို့ ဆိုပါတယ်.. အချိန်မရွေး သွားရောက် လည်ပတ်နိုင်ပေမဲ့ အကောင်းဆုံးကာလက ဇွန်ကနေ စက်တင်ဘာဆိုရင် ရေတွေခမ်းခြောက်ပြီး ရေကန်တစ်ခုလုံးဟာ အကွက်လေးတွေ ဖြစ်နေတာမို့ ရှုခင်းအလှဆုံး အချိန်လို့ သိရပါတယ်.. ရောဂါရှိတဲ့သူတွေ ကိုယ့်မှာ ရှိတဲ့ရောဂါတွေ ပျောက်အောင် ဒီရေကန်ကိုအလည်သွားသင့်ပါတယ်နော်။ သွားဖြစ်အောင် သွားပါလို့ တိုက်တွန်းလိုက်ပါတယ်..      :)  :)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထူးထူးခြားခြား အပင်များနဲ့ ဆိုဂိုထရာကျွန်း



ထူးဆန်းပင်များ

ရီမင်နိုင်ငံရဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဆိုဂိုထရာကျွန်းကလေးဟာ ကမ္ဘာပေါ်က ထူးဆန်းတဲ့ ဒေသတစ်ခုထဲမှာ အပါအ၀င်ဖြစ်ပါတယ်.. အိန္ဒိယ သမုဒ္ဒရာထဲက ကျွန်းစုလေးဖြစ်တဲ့ ဆိုဂိုထရာကျွန်းဟာ လူသူအရောက်အပါက်နည်းပြီးတော့ သီးခြားကမ္ဘာငယ်လေးတစ်ခုလို ဖြစ်နေတာကြောင့် လွန်ခဲ့တဲ့ ရှေးနှစ်သန်းပေါင်း ၂၀ ကတည်းက ရှိခဲ့ပြီး ယခုလက်ရှိ ဘယ်နိုင်ငံ ဘယ်ဒေသမှာမှ မတွေ့နိုင်တော့တဲ့ ထူးထူးဆန်းဆန်း ရှားပါးအပင်တွေ၊ သတ္တ၀ါမျိုးစိတ်ပေါင်း ၇၀၀ ကျော်ခန့်ကို တွေ့ရှိရတာကြောင့် ကမ္ဘာမြေပေါ်က ကျွန်းနဲ့မတူဘဲ ဂြိုလ်သားတွေရဲ့ နေရာဒေသတစ်ခုနဲ့ တူနေတာမို့ ထူးဆန်းတဲ့ဒေသတစ်ခုအဖြစ် ထင်ရှားလာတာ ဖြစ်ပါတယ်..

Dragon's Blood Tree
ဆိုဂိုထရာကျွန်းပေါ်က Dragon's Blood အပင်များ


ကန္တာရနှင်းဆီ
ကန္တာရ နှင်းဆီပင်
ဆင်ခြေထောက်ကြီးနဲ့ တူတဲ့ ကြီးမားတဲ့ ကန္တာရ နှင်းဆီပင်ကြီးတွေလဲ ရှိပါရဲ့။

အချို့ကတော့ အဲဒီ ဆိုဂိုထရာ ကျွန်းကလေးကို စိတ်ကူးယဉ်ကမ္ဘာထဲက နယ်မြေလေးလို့ တင်စား ခေါ်တတ်ကြပါတယ်.. လှပဖြူဖွေးတဲ့ သဲသောင်ပြင်နဲ့အတူ တာကွိုဇ် ကျောက်ဆောင်တွေနဲ့ ပြည့်နှက်နေတဲ့ ကမ်းခြေရှိပြီးတော့ ထုံးကျောက်တောင်ကြီးတွေဆီကို တဖြေးဖြေး မြင့်တက်သွားကာ ကျောက်ဆောင်တွေလည်း ပတ်လည်ဝန်းရံလို့နေပါတယ်.. အဲဒီကျောက်တောင်တွေမှာလည်း လိုဏ်ဂူတွေများစွာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်..ကျွန်းပေါ်မှာတော့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ရှိပါတယ်.. နီရဲနေတဲ့ ပင်စည်ကိုင်းတွေရှိပြီး ကောင်းကင်ပြင်ပေါ် ပြန့်ကားကာ ပျံတက်နေတဲ့ ပုံသဏ္ဍာန်ရှိ နဂါးသွေးပင် Dragon’s Blood ၊ ကန္တာရနှင်းဆီပင်ကြီးများနှင့် ထူးခြားဆန်းကျယ်တဲ့ အပင်များစွာ ကိုလည်း တွေ့ရှိနိုင်ပါတယ်.. ရေငုတ်ဝါသနာပါသူများအတွက်လည်း အာရေဘီယံ ပင်လယ်ပြင်ကြီးထဲမှာ လှပတဲ့ ရေအောက်ရှုခင်းတွေ သန္တာကျောက်တန်းကြီးတွေကို ကြည့်လို့ရနိုင်ပါတယ်..

ဆိုဂိုထရာကျွန်းရဲ့ လှပတဲ့ သဲသောင်ကမ်းခြေ

ကမ်းသာယာ
ကျွန်းပေါ်က ငှက်တစ်မျိုး
ကျွန်းပေါ်က ထုံးကျောက်လှိုင်ဂူ

ဂူအတွင်းမှာ လေ့လာစဉ်


ထုံးကျောက်ဆောင်တွေရဲ့ ဆန်းပြားတဲ့အလှ

ပညာရှင်တွေကတော့ ကျွန်းပေါ်မှာ ရှိတဲ့အပင်တွေ၊ ငှက်တွေ ထူးဆန်းရှားပါးသတ္တ၀ါတွေရဲ့ စာရင်းတွေကို လေ့လာမှတ်တမ်းတင်ခြင်းတွေ စတင်နေတယ်လို့ သိရပါတယ်.. စာရင်းမှတ်တမ်း မ၀င်သေးတဲ့ ထူးဆန်းအပင်တွေ သတ္တ၀ါမျိုးစိတ်တွေ အများကြီး ရှိနေသေးကြောင်း သိရှိရပါတယ်..



Sources and Photos from :

http://www.greenmuze.com/nature/water/1947-canadas-spotted-lake-.html and google

http://www.wayfaring.info/2008/10/04/socotra-island/

29 Responses to “ထူးထူးဆန်းဆန်းရေကန်နဲ့ အပင်များ”

တစ်ခါမှ.. မမြင်ရတာတွေ မြင်ဖူးသွားတဲ့ အတွက် ကျေးဇူးအများတင်ပါတယ်ဗျာ..
ရေကန်လေးတွေဆီသွားမယ်ဆိုရင်တော့ ကောင်မလေးနဲ့ အတူတူသွားရင်ပိုကောင်းမယ်နော်.. ဟိဟိ.. :D

Sunny said...

အဲဒီနေရာတွေ တစ်ခါလောက်တော့ အလည်သွားချင်တယ်.. မချောကော လိုက်မလား.. :)

အခုပဲ Black Lake ရေကန်ထဲက မိကျောင်းတွေ သောင်းကျန်းတဲ့ ရုပ်ရှင်ကြည့်ပြီးတာ..။
မချောပြောတဲ့ရေကန်ကိုကြည့်ပြီး တမျိုးဖြစ်သွားတယ်..။
ရေကန်တော့သွားသေးဘူး..။

အပင်လှလှလေးတွေရှိတဲ့ကျွန်းတော့ သွားကြည့်ချင်တယ်...။

ထူးထူးဆန်းဆန်းတွေ ကြည့်သွားပါတယ်..

ဟယ်- အပင်လေးတွေက ချစ်စရာ ကောင်းလိုက်တာ ...........တို့ကမ္ဘာကြီးမှာ အံ့သြစရာတွေ အပြည့်ပဲနော်..

ယမင်း said...

ဟွန်း........ဘယ်ရမလဲ ဒီတစ်ခါတော့ ဦးဦးဖျားဖျား လာကြည့်ပြီး မန့်သွား တယ် မမြင်ဖူးတာတွေ ကိုရှာရှာ ဖွေဖွေ တင်ပေးတဲ့မချောကို double thank :D

shwezinu said...

မချောရေ တော်တော် လှတာဘဲ ထူးလည်း ထူးဆန်းတယ်နော် ကြည့်လို့ကောင်းလိုက်တာ


ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

zt said...

ကနေဒါက ကန်တွေ တော့ သွားချင်တယ်။ ပိုက်ဆံရှိရင်တောင် ဗီဇာက မလွယ်ဘူး။ ရီမင်တော့ သွားချင်ရင် သွားလို့ ရမှာပေါ့။ (အခွင့်သာရင်ပေါ့လေ။ :D) ဒါနဲ့ ငှက်က ကတ္တဝါနဲ့ ခပ်ဆင်ဆင်ပဲနော်။

phyophyo said...

လှလိုက်တာ .. သွားချင်လိုက်တာ၊ မချောရေ တူတူသွားလည်ရအောင်၊
ချစ်တဲ့

ကျေးဇူးချောရေ မြင်ဖူးတာတွေ မြင်ရတဲ့အတွက်

crystal said...

ချော လိုက်ပို့မှာလား။ မအားတဲ့ကြားက ပုံတွေ လာကြည့်သွားတယ်၊ နောက်မှ စာလာဖတ်အုံးမယ် တာ့တာ။ ဗဟုသုတတွေအတွက် သိုင်းကျူး။

လသာည said...

တော်တော်သာယာတယ်နော်။ ရေကန်လေးတွေက 3D နဲ့ ကြည့်ရသလို ရုပ်လုံးကြွနေတာပဲ။ ဒီဘလော့ထဲရောက်လိုကို့ ပိုလှသွားသလားတောင် ထင်ရတယ်။ အပင်လေးတွေပုံထဲက တစ်ပုံက တရုပ်ကားထဲက “အားယားယား” ဆေးမြစ်လေးနဲ့တောင် တူနေသေးတယ်။

ကျေးဇူးအများကြီး တင်ပါတယ်။

သွားလည်ချင်လိုက်တာဗျာ....။ကတောက်...ပိုက်ပိုက်ရှိချင်တဲ့အကြောင်းတွေထဲမှာ ကမ္ဘာတပတ်လျှောက်
သွားချင်တာလည်းပါတယ်..။ဒါနဲ့စကားမစပ်.. မချော ပိုက်ပိုက်ချေးပါလား...။ထီပေါက်ရင်ပြန်ဆပ်မယ်လေ...။

သဘာဝတရားဟာ အလှပဆုံး ပန်းချီကားတချပ်ဆိုတာ ဟုတ်တယ်နော် ချော...အဲ့လိုသစ်ပင်တွေ အိမ်မှာ စိုက်ထားချင်တယ် ..
စကားမစပ် ... သံယောဇဉ်ဆိုတာ ရုန်းလေ နစ်လေ ဆိုတာမျိုးထင်တယ်း)

အဲဒီ ရေကန်က ရေချိုးရင် ဝဲပျောက်မယ် ထင်တယ်နော်...တို့အတွက် မှုတ်ပါဘူး ကျောက်ဟေမီကို အတွက်ပါ ခွိခွိ....:)

ကိုကြီးကျောက် ချိတ်ချိုးရဘူးနော်....ဟိ :P

အနမ်း said...

ရေကန်နဲ့အပင်တွေက ထူးဆန်းသလို သိပ်လှနေတယ်..
သဘာဝကလည်း တစ်ခါတစ်လေ လုပ်ယူထားသလိုပဲနော်။
ကနေဒါနိုင်ငံက ဆားရေကန်ကြီးနဲ့ အိန္ဒိယ သမုဒ္ဒရာထဲက ကျွန်းစုလေးဖြစ်တဲ့ ဆိုဂိုထရာကျွန်းရဲ့ ရှားပါးအပင် တွေကို မြင်တွေ့ရအောင် မျှဝေတဲ့အတွက် ကျေးဇူးပါချောရေ..

ထူးပါပေ့ ၊ ဆန်းပါပေ့ဗျာ.... ကျေးဇူးတင်တယ် မချောရေ..

Baby taster said...

လှလိုက်တဲ့ သစ်ပင်နဲ့ ကန်လေး
ကနေဒါကိုတော့ နောက်နှစ် သွားဖြစ်မယ်
ထင်တာပဲ သွားကြည့်ချင်တယ်

လင်းစင်ယော် said...

မမချောရေ ကိုယ်တိုင်ရောက်ရှိသွားသလို ဖတ်လိုက်ရပါတယ်.........မမချော လိုက်ပို့ရင် ပိုကောင်းမယ်...
ချမ်းမြေ့ပါစေ..မမ

ကန္တာရ နှင်းဆီပင် တွေကို သဘောကျတယ်။ မချောရေ ခူးပြီး ပို့ပေးပါ။

:) :) :)

Bravo said...

ရေးထားထဲ့ ပို့(စ်)အရှည်ကြီးနဲ့ comments တွေကိုတော့ အားကျ သလို ရှိသား :D

ဟုတ်တယ်နော် အမချော...တကယ်ကို ထူးထူးဆန်းဆန်းတွေပဲ။ မြင်ခွင့်ရတဲ့အတွက် ငါ့အမကို ကျေးကျေးစ် :)

ခင်တဲ့(ဖိုးကြယ်)

ကမ္ဘာမှာဆန်းကြယ်တဲ့ နေရာတွေ အများကြီး ရှိနေပေမယ့် ဘယ်မှ မရောက်နိင်သေးတာ
စိတ်မကောင်းဖြစ်ဖို့ ကောင်းတယ်။ မရောက်ဖြစ်တာထက် ခုလို ကြည့်လိုက်ရရင်ပဲ
စိတ်အာသာ တော်တော်ပြေရပါတယ်။

saundoo said...

တကယ်စိတ်ဝင်စားစရာဘဲနော်. ဂြိုလ်သားကမ္ဘာ လို့တင်စားတာ မလွန်ဘူး ထူးခြားတဲ့လူတွေလည်း ရှိနိုင်တာဘဲးဝ

ရေကန်အကွက်လေးတွေက လက်ရာမြောက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလို အသွေးကျ လှပလွန်းလှတယ်။ ထူးခြားဆန်းပြားနေရာတွေကို အခုလိုသိခွင့်ရလို့
ကျေးဇူးပဲချောရယ်..ကျေး..........ဇူး........ဘဲ...။

nyeinsoeoo said...

ထူးခြားလှပနေပါတယ် ။ ရှာဖွေပေးလို့ ၀မ်းသာရပါတယ် ။
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com

အထူးအဆန်းတွေ ကို စူးစူးစမ်းစမ်း လာကြည့်သွားပါတယ် အမရေ့..
ကန္တာရ နှင်းဆီ လေး သဘောကျတယ်းး)

အင်ကြင်းသန့် said...

အကုန်လုံးက အထူးအဆန်းတွေချည်းပဲ....ဒါပေမယ့်ကြည့်ရတာတော့ တော်တော်အူယားတယ်။း)

Anonymous said...

မမရေ...ကျေးဇူးပဲနော် ..မရောက်ဖူးတဲ့အရပ်ကို ခေါ်သွားလို့...း))))