အမြင်အာရုံ လှည့်စားမှုများ


သင်ရဲ့ အမြင်အာရုံဟာ ဘယ်လောက်ဘဲ အားကောင်းလှပါတယ်ဆိုဆို အချို့သော ပုံတွေကြောင့် မိမိရဲ့ မျက်စိဟာ လှည့်စားခံလိုက်ရပါတယ်.. အောက်က ပုံတွေကိုကြည့်ပြီး သင့်အမြင်အာရုံ ဘယ်လောက်ကောင်းတယ် သင့်ဦးနှောက် ဘယ်လောက် အလုပ်လုပ်တယ်ဆိုတာ စမ်းကြည့်ကြပါစို့လားနော် ...

(၁) Kanizsa Triangle




အပေါ်က ပုံမှာ တြိဂံ ဘယ်နှစ်ခု မြင်ပါသလဲ... ၂ခု လို့မြင်ရတာ ဟုတ်ပါတယ်နော်... ဒါပေမဲ့ တကယ်တမ်းဆွဲထားတာ တြိဂံတစ်ခုတည်းပါ။ ပြင်ပက တစ်စိတ်စီပဲ့နေတဲ့ စက်ဝိုင်းတွေရယ် ပြတ်နေတဲ့ အနက်ရောင်တြိဂံရဲ့ လှည့်စားမှုတွေရယ်ကြောင့် မျက်စိအမြင်အာရုံဟာ လှည့်စားခံလိုက်ရပြီး ဦးနှောက်ကပါ တြိဂံ၂ခု ဖြစ်ကြောင်း မှားယွင်းဆုံးဖြတ်မိတာ ဖြစ်ပါတယ်.. ဒီသရုပ်ဖော်ပုံလေးကိုတော့ Kanizsa Triangle လို့ ခေါ်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၂)Fraser Spiral Illusion

အောက်က ပုံမှာ အဖြူအနက် ကြိုးတွေဟာ ခွေနေတဲ့ ကြိုးတွေလား သို့မဟုတ် ရိုးရိုး စက်ဝိုင်းတွေလား .. သေချာကြည့်ပါနော်...


တကယ်တမ်းတော့ ရိုးရိုးစက်ဝိုင်းပုံ ကြိုးတွေဖြစ်ပါတယ်.. အမြင်အာရုံက မှားယွင်း သတင်းပို့တဲ့အတွက် ဦးနှောက်ဟာလည်း ခွေရစ်နေတဲ့ကြိုးတွေအဖြစ် ထင်သွားခဲ့ပါတယ်.. ဒါကြောင့် ဦးနှောက် ရှိသူများလည်း လှည့်စားခံရတတ်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၃)The moving image illusion

တစ်ခါတစ်လေမှတော့ အရောင်နဲ့ အရာဝတ္ထုပစ္စည်းရဲ့ အထားအသိုကြောင့်လည်း အမြင်အာရုံလှည့်စားပြီး မိမိရဲ့ ဦးနှောက်ဟာ အချို့သော အရာဝတ္ထုတွေလှုပ်ရှားနေကြတယ်လို့မှားယွင်း ဆုံးဖြတ်မိ တတ်ပါသေးတယ်..






တကယ်တော့ အထဲက အလုံးကလေးတွေဟာ လှုပ်ရှားနေတာ မဟုတ်ပါဘူး.. ဒါပေမဲ့ သင့်မျက်စိမှာတော့ လှုပ်ရှားနေတဲ့ အရာဝတ္ထုလေးတွေအဖြစ် မြင်နေရတယ် မဟုတ်ပါလားနော်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၄)Cafe wall

အောက်မှာ Cafe Wall လို့ အမည်ပေးထားတဲ့ သရုပ်ဖော်ပုံကို စတင်တွေ့ရှိခဲ့သူက Doctor Richard Gregory ဖြစ်ပါတယ်.. အညီအညာဆွဲထားတဲ့ ကန့်လန့်ဖြတ် မျဉ်းတွေဟာ ဒေါင်လိုက် လေးထောင့်ကွက်တွေရဲ့ နေရာ အထားအသိုကြောင့် မျဉ်းဖြောင့်အဖြစ် မမြင်ရဘဲ ကွေးနေတဲ့ မျဉ်းတွေလို့ မျက်စိအာရုံက လှည့်စားခံလိုက်ရပါတယ်..


တကယ်တမ်းတော့ သေချာကြည့်မယ်ဆိုရင် ကန့်လန့်မျဉ်းတွေအားလုံးဟာ မျဉ်းဖြောင့်များသာ ဖြစ်ပါတယ်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၅) The Hermann Grind

အောက်ကပုံမှာ လေးထောင့်ကွက်တွေရဲ့ ထောင့်စွန်းလေးခု ဆုံတဲ့နေရာတွေမှာ မီးခိုးဖျော့ ရောင်ခြယ်လေးတွေ တွေ့မြင်နေရတယ်လို့ ထင်ရပါတယ်... သေချာအနီးကပ် ကြည့်ကြည့်လိုက်ရင်တော့ မြင်နေရပါတယ်လို့ ထင်ရတဲ့ မီးခိုးရောင်လေးတွေဟာ ပျောက်ကွယ်သွားတာကို တွေ့ရပါတယ်.. ဒါဟာလည်း အဖြူအနက်ရဲ့ အမြင်အာရုံလှည့်စားမှု တစ်ခုပါဘဲ




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၆) Different Colours

အောက်ကပုံမှာ အရောင် ဘယ်နှစ်မျိုး သင်မြင်ရပါသလဲ.... သေချာကြည့်ပါနော်





သင်ရဲ့ အမြင်အာရုံလှည့်စားချက်အရ အရောင် ငါးရောင်မြင်ရတယ်လို့ ဦးနှောက် လက်ခံမိမယ် ထင်ပါတယ်.. အစိမ်းရောင်၊ အစိမ်းရင့်ရောင်၊ ပန်းရောင်နဲ့ ပန်းရင့်ရောင်၊ အဖြူရောင်တို့ မြင်ရမယ် ထင်ပါတယ်နော်... တကယ်တမ်းတော့ အရောင် သုံးမျိုးထဲပါဘဲ... ညာဘက် ပန်းရောင်လိုင်းရဲ့ ဘေးမှာတော့ အဖြူကွက်တွေသာ သီးသန့်ရှိနေတဲ့အတွက် ပန်းရောင်အဖျော့လို့မြင်ရပြီး ဘယ်ဘက်လိုင်းကတော့ ဘေးကပ်ရပ်အကွက်တွေ အားလုံးဟာ အစိမ်းရောင်တွေချည်းဖြစ်အောင် နေရာချထားတဲ့အတွက် အရောင်ရင့်တွေအဖြစ် အမြင်အာရုံလှည့်စားပြီး မြင်ရတာ ဖြစ်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၇)Pictographic Ambiguity

ရုပ်ပုံဆွဲသူရဲ့ ပညာစွမ်းနဲ့ လှည့်စားချက်လေးတစ်ခုပါ.. အောက်ကပုံမှာ သင့်မျက်စိထဲမှာ ဘယ်လို ပုံမျိုးလေး မြင်ရပါသလဲ.. အမျိုးသမီးငယ်တစ်ယောက်ရဲ့ ပုံကို မြင်ရမယ်ထင်ပါတယ်နော်.. ကြည့်တဲ့ ရှုထောင့် အနေအထားကို ပြောင်းပြီး ပြည်ကြည့်ကြည့်ပါလား။ သင့်အမြင်အာရုံ ဘယ်လောက် ထက်မြက်လည်း စမ်းကြည့်လို့ရပါတယ်.. မိန်းမပျိုလေးကို တွေ့ပြီးရင်  အဖွားအို တစ်ယောက်ရဲ့ ပုံရိပ်ကို ကြည့်လို့ တွေ့မြင်ရပါရဲ့လား။  တကယ်တမ်းတော့ မိန်းမပျိုလေးရယ်.. အဖွားအို တစ်ယောက်ရဲ့ ပုံရယ်ကို ပုံစံ ၂မျိုးအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်..




အဖွားအိုပုံကို ဘယ်လိုမှ ကြည့်လို့ မမြင်ရဘူးဆိုရင်တော့ ကြည့်တဲ့ နည်းလေး ပြောပြပါရစေ... မိန်းခလေးရဲ့ မေးစေ့လို့ မြင်ရတဲ့နေရာကို နှာခေါင်းတစ်ခုအဖြစ် သဘောထားပြီး ပြန်ကြည့်လိုက်ပါနော်... ဒီလိုဆိုရင် အဖွားအိုတစ်ယောက်ရဲ့ ပုံရိပ်ကို ပီပီပြင်ပြင် တွေ့မြင်ရပြီထင်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၈) လည်နေတဲ့ ဖရဲသီးများ

အောက်ကပုံမှာတော့ လည်နေတယ်လို့ ထင်ရတဲ့ ဖရဲသီးတွေ တွေ့ရပါလိမ့်မယ်... တကယ်တမ်းတော့ ရုပ်ငြိမ်တွေသာ ဖြစ်ပါတယ်..



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၉) နှင်းဆီလက်ဆောင်

အမြင်အာရုံကောင်းကောင်းနဲ့ ကြည့်ပြီးသွားသူတွေကို ကျွန်မက နှင်းဆီပန်းလေးတစ်ပွင့် လက်ဆောင်ပေးပါမယ်ရှင်... အောက်ကပုံမှာတော့ 3 Dလို့ခေါ်တဲ့ သုံးဘက်မြင် ရုပ်ကြွလေး တစ်ခုရှိပါတယ်.. 3D ကြည့်နည်းကို အားလုံးကြည့်မြင်တတ်မယ် ထင်ပါတယ်.... ကျွန်မကတော့ 3D ပုံတွေကို မပေါ်ပေါ်အောင် ကြည့်ရတာ အတော့်ကိုစိတ်ဝင်စားမိပါတယ်.. အာရုံစူးစိုက်ပြီး သေချာကြည့်လို့ ပုံကို မြင်လိုက်ရတဲ့ ခံစားချက်က ပျော်ရွှင်ဖို့ ကောင်းပါတယ်.. ပုံရဲ့ အလယ်ကောင်တည့်တည့်မှာ လှပတဲ့ ရုပ်ကြွ နှင်းဆီပန်းတစ်ပွင့်ပုံလေး ရှိနေပါတယ်ရှင်.. မြင်နိုင်သူများ နှင်းဆီပွင့်လေးကို လက်ဆောင်အဖြစ် ယူသွားပါလို့နော်.. :)  :)



ဘာရယ်မဟုတ်ပေမဲ့ အပျင်းလဲပြေ၊ ကိုယ့်အမြင်ကိုလည်း ပျော်ရွှင်စွာ စမ်းသပ်ကြည့်ဖို့ပါ။


20 Responses to “အမြင်အာရုံ လှည့်စားမှုများ”

sosegado said...

လှည့်စားခံလိုက်ရတာကို နှစ်ခေါက်လောက် ထပ်ကြည့်သွားတယ်၊
၃ moving နှင့် ၄ Cafe Wall တို့ လေးခေါက်လောက်ပြန်ကြည့်မိတယ်၊
ရှာရှာဖွေဖွေတင်ပြတာကျေးဇူးတင်ပါတယ်။

crystal said...

အမှန်မြင်ဖို့ ခက်တယ်ဆိုတာ ပြောချင်တာဖြစ်ရမယ် အဟဲ...

မချောရေ....
ကြည့်ရင်းးးးးးးးးကြည့်ရင်းးးးးးးးနဲ့ နဂိုကမျက်လုံးမွဲလေတော့ အမလေးးးးးးး
မျက်လုံးထဲမှာ ပြာသွားတာပဲ..(အာရုံရဲ့ လှည့်စားမှုကို ကောင်းကောင်းခံလိုက်ရပြီလေ.)။
ချစ်တဲ့
သဒ္ဓါ

shwezinu said...

သရီးဒီ ပန်းပွင်ရှည်ရှည်လေးကိုတော့ မြင်အောင်ကြည့်သွားပါတယ်

ခင်မင်တဲ့
ရွှေစင်ဦး

လသာည said...

ပုံလေးတွေအတွက် ကျေးဇူး ယောင်းယောင်း..။ အမြင်တွေ အဲလိုပဲ မှားတတ်တယ်ဆိုတော့ သတိထားရတာပေါ့နော်။

(ပထမနှစ်ကျောင်းသူဘ၀ကို လွမ်းသွားတယ်။ အဲဒါမျိုးတွေ အများကြီးကြည့်ပြီး စစ်ဆေးခဲ့ရလို့ )

ဒါကြောင့် တော်သွားတယ်၊ အမြင်မှန်သွားတယ်လို့ လည်း မရှိပါဘူး။ အသက်ကလေးကလည်း ရလာတော့ အမြင်တွေ မွဲလာလား သိဘူး။ အမြင်လွဲချင်တုန်းပဲး)))))

မြင်ပါတယ် အားလုံးကို မြင်တာ
လူလည်းမူးတွားဒယ်

Baby taster said...

အမြင်မှန် ရသွားပေမဲ့ ခု
အိမ်မပြန် နိုင်တော့ဘူး
လာတွဲပို့တော့
ကြိမ်ဖူး ဆန်လှော်ဟင်းစားမလို့ဆို
ဟုတ်လား ? အဲ့မှာ ရလား

mg han said...

မကြေနပ်ဘူးဗျာ။တြိဂံကကျွန်တော်ဆို ၈ ခုတောင်တွေ့တာ။၁ ခုထဲတဲ့။မယုံရင်ပြန်ကြည့် ၈ ခုရှိတယ်။
၃နား ၃ ထောင့်ရှိရင်တြိဂံပဲလေဗျာ။အဖြူ ဒါမှမဟုတ်အနက်တစ်ခုခုပဲကြည့်ရမယ်ဆိုရင်တော့တြီဂံတစ်ခုမှမရှိဘူး။
ဒါနဲ့ ဟာသလေးတွေရေးပါဦးဗျ။အမ

Sunny said...

နှင်းဆီပန်းလက်ဆောင် ယူသွားပါတယ်..

noblemoe said...

ဟုတ်ပါ့ မမရေး လည့်စားခံလိုက်ရတယ်းD
ထူးဆန်းလေးတွေနော် ဓါတ်ပုံမှာလှုပ်သလိုခံစားရတာကိုတော့ သဘောကျမိတယ်။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

John Moe Eain said...

Playing and thinking together :D

ယမင်း said...

မချောရေ ...... မူးတွားပြီ..... မျက်လုံးတွေထဲမှာ ပြာပြာတွေပဲမြင်ရတောတယ်.....
:D

လှည့်စားခံရတာထက် မနေ့က ဒီပို့စ် ၀င်ဖတ်တော့ ဆိုက်လေး ပျက်သွားပြီးလို့ အချက်ပြနေလို့
စိတ်မကောင်းဖြစ်နေတာ...ခုမှ သက်ပြင်းမောကြီး ကျသွားတော့တယ်..

ဦးနှောက်ရှိတဲ့လူတွေလဲ လှည့်စားခံရတယ်တဲ့လားး အဲ့စကားလေး ကြိုက်သွားပြီ ...

နှင်းဆီပန်းလေးမြင်ပါတယ် ဒါပေမဲ့ သူများတွေအတွက် ထားခဲ့တယ် မယူသွားတော့ဘူးနော်း)

ကိုကြည်သာ said...

ဘလော့အသစ်တွေ့လို့ အပြေးအလွားကြည့်လိုက်တာ လူကိုမူးနောက်တွားဒယ်......
စိတ်ဝင်စားဖို့လည်းကောင်းရှု့ထောင်အမျိုးမျိုးကနေကြည့်ရတာအရသာ၇ှိတယ်..........
ပြောတာမှားရင်စိတ်မဆိုးကြေးနော်....

khinmarlaraung said...

မရေ....(3)moving Image နဲ့ လည်နေတဲ့ ဖရဲသီးလေးတွေ တော်တော်ကို သဘောကျတယ်။
ရှာရှာဖွေဖွေပါပဲ မရေ။ :)
နှင်းဆီပန်း ရှာရင်းနဲ့ မူးပြီးပြန်သွားတယ်။ မူးမူးနဲ့ တော့ ထင်နေခဲ့တာက
လက်ထဲမှာပဲ ပန်းက ပါလာသလိုလို။ ဟဲဟဲ။ :)
...ခင်မင်လေးစားလျှက်..ခင်မာလာအောင်..:)

ခေါင်းမူးဒယ် အပျိုဂျီးးး
လူကို မတောက်ဖဲ မူးအောင်လုပ်နေရယ်
လူဇိုးးးးး တွားးးးး ကောက်တယ် မခေါ်ဘူး

မချောရေ... အားလုံး အရမ်းကောင်းတယ်ဗျာ.. .. ကျွန်တော်အကြိုက်ဆုံးက The moving image illusion ပါ.. ကျွန်တော်လည်း ဒီလိုဟာတွေ အရမ်စိတ်ဝင်စားတယ်ဗျာ.. နောင်များကြုံရင်လည်း မျှဝေပေးပါဦး.. 3D ပုံကတော့ နှင်းဆီတစ်ပွင့်လိုချင်လို့ အော ကြည့်လိုက်တာ.. မျက်လုံး တစ်လုံးတောင် အခြမ်းကပ်သွားပြီ.. မနဂိုအတိုင်းဖြစ်အောင် ပြန်လုပ်ပေး.. :P

အခုလောလောဆယ်ပုံတွေအားလုံးမပေါ်သေးတော့ ပေါ်သလောက်ပဲကြည့်သွားခဲ့တယ်... ဒါနဲ့ ပုံနံပါတ် ၆ မှာ အဖြူရောင်ကို ဘယ်နားမှာချန်ခဲ့တာပါလိမ့်.. ၃ ရောင်ဖြစ်ရမှာပေါ့...

ခင်မင်တဲ့
နေ၀သန်

ahphyulay said...

စမ်းကြည့် တယ်မလွယ်ဘူး ။