ပုဇွန်လ္ဘက်မွှေးကြော်

တစ်ရက်တော့ ချောကလက် ဆိုဒ်မှာ တင်ထားတဲ့ ဟင်းချက်နည်းလေးတစ်မျိုးကို ကျွန်မ တော်တော်လေး စိတ်ဝင်စားသွားမိပါတယ်.. နံမည်လေးကလည်း လှသလို အရသာလည်း ကောင်းမဲ့ပုံရတာမို့ ချက်ခြင်းကို လုပ်စားကြည့်ဖို့ စိတ်ကူးလိုက်မိပါတယ်. နံမည်လေးကိုက ချစ်ဖို့ကောင်းပါတယ်.. လက်ဖက်ခြောက် ပုဇွန် ကောင်လုံးမွှေးကြော် ပါတဲ့။ ဘယ်လိုလဲ  စိတ်ဝင်စားသွားပြီလား .. ကျွန်မလုပ်စားဖြစ်တဲ့ ချက်နည်းလေး ပြန်လည်ဝေမျှပါမယ်နော်။


Image Hosted by PicturePush - Photo Sharing

လက်ဖက်ခြောက်

ပထမဦးဆုံး လက်ဖက်ခြောက် ပုဇွန်ကောင်လုံးမွှေးကြော်ဖို့က လက်ဘက်ခြောက် လက်တစ်ဆုပ် စာလောက်ကို ပန်းကန် တစ်ခုထဲထည့်ပြီး ပွလာအောင် ရေနွေးနဲ့ အချိန်ကြာကြာ စိမ်ထားရအောင်နော်။ ပြီးရင်  ရေနွေးနဲ့ စိမ်ထားလို့ ပွနေတဲ့ လက်ဖက်ခြောက်တွေကို ရေ၂ခါ ၃ခါ ပြန်ဆေးပြီး စစ်ထားလိုက် ပါမယ်။


Image Hosted by PicturePush - Photo Sharing

အရသာဝင်အောင် နယ်ထားတဲ့ပုဇွန်များ

ပုဇွန်တွေကို ခေါင်းဖြတ် ရေစင်အောင်ဆေးကြောပြီး ဆား၊ အသားမှုန့်၊ အချိုမှုန့်၊ အရက်အနည်းငယ်တို့နဲ့ နယ်ထားပြီး အရသာများ အသားထဲသို့ဝင်သွားအောင် အချိန်အနည်းငယ် ထားလိုက်ပါတယ်..


Image Hosted by PicturePush - Photo Sharing

 ပုဇွန်ကောင်လုံးကြော်

နှပ်ထားတဲ့ပုဇွန်တွေကို ဆီနဲ့ ကျက်အောင် ကြော်ထားလိုက်ပါတယ်.. ဆားအချိုမှုန့် အရသာဟာ အသားထဲဝင်အောင် နှယ်ပြီး နှပ်ထားတာမို့ ခုတိုင်းတောင် အတော်စားကောင်းနေပြီ ဖြစ်ပါတယ်.. ကြော်ထားတဲ့ ပုဇွန်တွေ ကုန်အောင် မနှိုက်စားမိဖို့တော့ တော်တော့ကို သတိထားလိုက်ရပါတယ်.. :)



Image Hosted by PicturePush - Photo Sharing

လ္ဘက်ခြောက်ကြော်

Image Hosted by PicturePush - Photo Sharing

ကြော်ထားတဲ့လက်ဖက်ခြောက်

ရေစစ်ထားတဲ့ လက်ဘက်ခြောက်တွေကို ခြောက်ပြီး ကျွတ်လာအောင် ဆီနဲ့ကြော်ပါမယ်.. ကျွတ်လာရင် ပန်းကန်တစ်ခုထဲကို ထည့်ထားလိုက်ရအောင်နော်။

Image Hosted by PicturePush - Photo Sharing

ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနီ

ကြက်သွန်ဖြူ၊နီ၊ ခရမ်းချဉ်သီးတောက်တောက်စင်းတို့ကို နှမ်းဆီ၊ အရက်၊ ပဲငံပြာရည်အကြည် (အနည်းငယ်စီ) တို့ကို ရောနှယ်ထားပြီး ဆီသတ်ဖို့ အသင့်ပြင်ဆင်ထားပါတယ်..


ခရမ်းချဉ်သီးကြက်သွန် ဆီသတ်

ပြီးတော့ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနီတို့ကို ဆီသတ်ပြီး ခရမ်းချဉ်သီးတွေလိပ်အောင် ကြော်ပါတယ်..

Image Hosted by PicturePush - Photo Sharing

ပုဇွန်ကြော်ကို ထည့်မွှေပါတယ်

Image Hosted by PicturePush - Photo Sharing


ခရမ်းချဉ်သီး လိပ်သွားပြီဆိုတာနဲ့ အစော ကြော်ထားတဲ့ လက်ဖက်ကြော်ထားတာနဲ့ ပုဇွန် ကြော်ထား တာတွေကို ရောမွှေပြီး ထည့်ကြော်လိုက်ရင် အင်မတန်မှ မွှေးပြီး ဆိမ့်သက်သက်လေးနဲ့ အရသာထူးသော ပုဇွန်လက်ဖက် ကောင်လုံးမွှေးကြော်ကို ရပါတယ်.. လက်ဖက်ကို ကြော်ထားတဲ့ အရသာလေးက ခါးသက်သက်လေးပေမဲ့ အတော်ကို မွှေးပါတယ်.. ပုံထဲမှာ အမဲရောင်လေးတွေက လက်ဖက်ကြော်ပါ။  ၀ါသနာပါသူများ လုပ်စားကြည့်ပါနော်.. လျှာလည်သွားမှာ သေချာပါတယ်။


Image Hosted by PicturePush - Photo Sharing

လက်ဖက်ခြောက် ပုဇွန်ကောင်လုံးမွှေးကြော်ပါ

ကျွန်မက အဲဒီလို နည်းနည်းထူးခြားတဲ့ ဟင်းချက်နည်းလေးတွေကို စိတ်ဝင်စားပြီး ချက်နည်းလေးကို သိရရင် ကိုယ်တိုင် ပြန်ချက်စားချင်သူပါ။ ချက်ကြည့်တော့လည်း စားလို့ကောင်းတာမို့ မိတ်ဆွေများကိုလည်း ပြန်လည်မျှဝေလိုက်ပါတယ်နော်..


Image Hosted by PicturePush - Photo Sharing

ခါးသက်သက် ဆိမ့်တိမ့်တိမ့် ပုဇွန်လ္ဘက်မွှေးကြော်


Image Hosted by PicturePush - Photo Sharing


မလောက်ရင် နောက်တစ်ခွက် ယူစားနော်

ချက်နည်းလေးကို  မျှဝေပြီး  (ချောကလက်မြို့တော်)  မှာ တင်ပေးထားတဲ့ တောင်ပေါ်သူလေးကို ကျေးဇူးတင်ပါတယ်.. ကန်တော်ကြီးထဲက White Rice Restaurant ရဲ့ ချက်နည်းလို့ သိရပါတယ်.. သူတို့ကတော့ လက်ဖက်ခြောက်တွေ များကြီးဘဲ ထည့်ထားပါတယ်.. ကျွန်မကတော့ အများကြီးမထည့်ဘူး.. တော်ကြာ လက်ဖက်ခြောက်ရဲ့ ခါးတဲ့ အရသာက ပုဇွန်ထဲဝင်ကုန်လို့ ပုဇွန်ပါ ခါးကုန်ရင် နှမြောလှချည်ရဲ့လို့ စဉ်းစားမိပြီး လက်ဖက်ခြောက်ကို လက်တစ်ဆုပ်စာလောက်သာ ထည့်လိုက်တာပါ။  ဘာဘဲဖြစ်ဖြစ် တကယ်ကို စားလို့ကောင်းပါတယ်။ တကယ်ပြောတာပါ :) :)


က်ဖက်ခြောက် ပုဇွန် ကောင်လုံးမွှေးကြော်နည်းလေးကတော့ ဒီတစ်ပတ် စားစရာလက်ဆောင်ပါ။ ပျော်ရွှင်စွာ စားသောက်နိုင်ကြပါစေရှင်......


33 Responses to “ပုဇွန်လ္ဘက်မွှေးကြော်”

လသာည said...

ယောင်းမချောရေ..
အတော်ပဲ သူငယ်ချင်းတွေကို အထူးအဆန်းတစ်ခုခု ချက်ကျွေးရမလား စဉ်းစားနေတာ။ ဒီဟင်းလေးကို ချက်ကျွေးကြည့်လိုက်ဦးမယ်။ မတူးအောင်တော်တော် သတိထားရမယ် ထင်တယ် :D

ဒီကပဲ ယူစားသွားတယ်ဗျား............
ကိုယ့်ဟာကို မလုပ်ချင်လို့................ဟိဟိ

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

ပထမပုံကြည့်တော့ ကူးဘဲမျက်စိဝါးနေတာလားလို့..ဟိ
လန့်သွားတာ
စားချင်စရာလေးး...
ပုဇွန်ဝယ်လို့ရရင်လုပ်စားအုံးမှာ..

ကိုယ်တိုင်တော့ လုပ်မစားချင်ဘူး မချောရာ...။ချက်ပြီးသားပဲ အဆင်သင့် လာစားချင်တာ...:)

ယွန်း said...

ကြည့်ရင်းနဲ့ ဗိုက်ဆာလာပြီနော်...ဟင်းးးး

crystal said...

နေမကောင်းဖြစ်နေလို့ ကိုယ့်ဖာသာ ဘာမှ လုပ်မစားချင်ဘူး၊ ဒါကြောင့်ချောဆိုဒ်က ပုံလေးကိုပဲ မစားရ အညော်ခံသွားတယ် အဟင့် ဟင့်...

မမကတော့လေ..
ဟင်းတွေနဲ့ပဲ နှိပ်စက်နေတယ်နော်။

bravo said...

ပုဇွန် ဆိုရင်တော့ ကျနော်ကြိုက်ပြီ

shwezinu said...

လဘက် နဲ့ ပုဇွန် အင်း စားသွားတယ် မချောရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဟယ်... ခေါင်းတွေ နှမြောစရာကြီး ချောရယ်။ တို့က ငါးခေါင်း၊ ပုဇွန်ခေါင်း (အီအီးထုတ်ပြီးသား) အရမ်းကြိုက်လို့ ပုဇွန်ချက်ရင် ဘယ်တော့မှ ခေါင်းမဖြတ်ဘူး။
ဟင်းအဆန်းလေးအတွက် ကျေးဇူး။ စိတ်နဲ့ အရသာခံသွားပါတယ်

"ကြော်ထားတဲ့ ပုဇွန်တွေ ကုန်အောင် မနှိုက်စားမိဖို့တော့ တော်တော့ကို သတိထားလိုက်ရပါတယ်.. "

ဟဲဟဲ ဆွေလေး ဆိုရင်တော့ ရမယ်မထင်ပါ။ ကုန်မှာ သေချာပါသည်..
ချောကလက်မြို့တော်မှာ Interview ဖတ်လိုက်ရတယ်။မချောပုံလဲတွေ့တယ်...
ချောကလက်က တောင်ပေါ်သူဆိုလို့ ပြောဖို့သတိရသွားတာ.

Sunny said...

ဝါသနာပါတယ်.. လုပ်စားကြည့်မယ်.. အထူးအဆန်းဟင်းတစ်ခွက်ရပြီ..

ဟုတ်ပြီ...အမချော ကျနော် တွယ်ကြည့်လိုက်မယ် စမ်းပြီး :) ပြီးလို့မှ စားမကောင်းရင်တော့ ဒီမှာပဲ လာနှိုက်စားလိုက်တော့မယ် :)

ခင်တဲ့(ဖိုးကြယ်)

လာထား မနက်ဖြန်ချက်ပြီပဲ ကျောင်းလဲပိတ်တယ်း))
ချက်နည်းဆန်းဆန်းလေးရှယ်ပေးတဲ့ ချောကို ကျေးဇူးးးးး

shinlay said...

စမ်းကြည့်ချင်သား။

sosegado said...

ညရိုက်ထားပေမဲ့ ဓါတ်ပုံတွေကကောင်းပါတယ်
စိတ်ဝင်စားစရာ ဟင်းလေးပါပဲ

ရှယ်ပဲဂျ ..
ညကြီးမင်းကြီး..ချက်စားတယ်ထင်တယ် ..:P
တစ်ခါမှမစားဖူးဘူး...

မအယ် said...

အဆန်းပဲချောရေ။ မအယ်တို့ အသိက ဝက်သားနဲ့ လက်ဘက်နဲ့ ချက်တယ်တဲ့။ လက်ဘက်ခြောက်မဟုတ်ဘူး။ လက်ဘက်စိုနဲ့။ ဘယ်လိုနေမယ် မသိဘူး။


မအယ်

ကိုယ်တောင် ပုဇွန်မစားရတာ ကြာပေါ့ ချောကြောင့် မနက်ဖြန် ကိုယ် ပုဇွန်ဝယ်ပြီး ချက်စားကြည့်ဦးမယ်
ခင်တဲ့ ကိုယ်
(ဒါက တမျိုးနော် မန့်သွားတယ်)
တာ့တာ

ချောရေ။
အမြဲ အသစ်အဆန်းတွေသိရလို့ ကျေးဇူးတင်တယ်။
ကျွန်မအတွက် လုပ်စားကြည့်ဘို့ ဟင်းတစ်မျိုးတိုးတာပဲ။
ဟုတ်တယ် ကျွန်မလည်း ဟင်းချက်ရင်း စားလို့ရတဲ့ အချိန်၊ အနံ့ မွှေးလာတာတို့ဆိုရင် စပြီး စားတော့တာပဲ။ သားကလည်း အနားကိုရောက်လာပြီး
“မားမာ စားမယ်” လို့ပြောတတ်တယ်။
ချောအညွှန်းနဲ့ ချောကလက် ဘက်ကိုလည်းသွားကြည့်လိုက်ဦးမယ်။
ကျွန်မရဲ့ ၀ဥ ပို့စ်ကတော့ ချောအညွှန်းနဲ့ လာဖတ်ကြတယ်နော်။
ခင်မင်စွာဖြင့်

ဓာတ်ပုံကြီးကိုပါ အစိမ်းလိုက် ၀ါးစားချင်လာတယ်.. :P

ပုဇွန်ဆိုတော့ကြိုက်ပီးသားပဲ..။
အခါးကလည်းကြိုက်သမို့ ဒီဟင်းလေးတော့ ချက်စားကြည့်ဦးမယ်။
လောလောဆည်တော့ ပုံလေးတွေနဲ့ပဲ သွားရည်ယိုသွားပါကြောင်း။

khinmarlaraung said...

မရေ...ပုံလေးတွေ ကြည့်ပြီး စားချင်လာလို့ လောလောဆယ်တော့ ကိုယ်တိုင် ချက်ထားတဲ့
(မတောက်တခေါက်) ငါးဟင်းလေးနဲ့  စားရင်းသောက်ရင်း ကျေနပ်နေလေရဲ့။
လက်ဘက်နဲ့  ချက်တာမျိုး ခုမှ ကြားဖူးတာ မရေ။ သဘောကျလို့ တော့သေချာမှတ်
သားသွားပါတယ်။ တစ်နေ့ နေ့ ပေါ့ ချက်စားမို့ ။ :)
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)
Link လေး ယူသွားပါတယ်..မရေ..:)

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ကျနော်လည်း ချက်စားဖြစ်တယ်။ ပုဇွန်ရော လဘက်ခြောက်ရော။
ပုဇွန်ကိုဆီပြန်ချက်ပြီး လဘက်ခြောက်ကိုတော့ ရေနဲ့ ပြုတ်လိုက်တယ်။
ပုဇွန်ဟင်းလေးစားပြီး ရေနွေးကြမ်း သောက်လိုက်တာပေါ့။
ရှာရှာဖွေဖွေလုပ်စားဖို့ ပျင်းလို့ တခြားသူတွေကို ဆရာပြန်လုပ်ဖို့ နည်းပဲ မှတ်သွားတော့တယ်။

kotunygn said...

Hungry now ........

ဗိုက်တောင်ဆာတယ် ပို့စ်ဖတ်ရင်း
ဂလုဂလု
း) အချက်ပြုတ်ကတော့ တကယ့်ရှယ်လ်ပါပဲဗျာ

အောင်အောင် said...

ဟိုကြည့်ဒီကြည့်လျှောက်ကြည့်ရင်း
မျက်လုံးကပြာ ဝမ်းကဟာ
ဟန်ဆောင်မှုတွေတွေထိန်းမရတာနဲ့
လက်ဖက်ခြောက်ပုစွန်ကောင်လုံးမွှေးကြော်
နဲနဲနှိုက်မြည်းသွားပါတယ်ဗျို့......
ခွင့်လွှတ်ပါနော်....
ကျေးဇူးလည်းအထူးတင်ရှိပါကြောင်း......

ယမင်း said...

အင်း အလုပ်တွေများလို့ အခုမှ အကြွေးတွေ ဖတ်လည်းဖတ် စားလည်းစားသွားပါတယ် မချောရေ :P

Aye Thandar said...

မကြီချောရေ...
တို့လည်း သရေလာကျသွားတယ်နော်...

အင်ကြင်းသန့် said...

ငါ့အစ်မလက်ရာကိုပဲ အားရအောင်ငေးသွားပါတယ်။ ကိုယ်တိုင်တော့လုပ်မစားတော့ပါဘူး။ (လုပ်စားလည်းအရသာရှိမှာမဟုတ်ဘူးဆိုတာကြိုသိနေလို့လေ...) :D

မိုးယံ said...

လက်ဖက်ခြောက်ကို ပြန်ပြုတ်မနေပဲ လက်ဖက်စိမ်း ရှိတယ်ဆိုရင် ဘိုလုပ်ရမလဲ ဟင်

ချော(အစိမ်းရောင်လွင်ပြင်) said...

လ္ဘက်စိမ်းကိုဘဲ ရေဆေးပြီး ခြောက်အောင်ကြော်လေ။
ပြီးရင် ခုထဲက အစီအစဉ်အတိုင်း ဆက်လုပ်ရုံပေါ့ မိုးယံမရဲ့ :)

seng Li kham said...

ကောင်းလိုက်တာ မချောေ၇...ချိုပြီးမွှေးနေမှာသေချာတယ်..စားကြည့်ချင်တယ်...အားရင်ချက်စားဦးမယ်..ကျေးဇူးတင်ပါတယ်