မြေပြင်အောက်က ကြယ်ပွင့်များ
လင်းလက်နေသောကြယ်လေးများ

လှေကလေးနှင့် သွားကြမည်
အနီးကပ်လေ့လာနေသူတစ်ဦး
အသည်းယားစရာ တွဲလောင်းများ

ကျောက်တန်းကြီးတွေက ဘေးပတ်လည်မှာ ၀ိုင်းရံကာ

စက်ဝိုင်းပုံ တွင်းပြာကြီး

ကောင်းကင်ပေါ်မှာ လင်းလက်တောက်ပနေတဲ့ ကြယ်ကလေးများကို လူတိုင်းက တွေ့ဖူးကြမှာပါနော်… ဒါပေမဲ့ ကမ္ဘာမြေကြီးရဲ့ အနက်တစ်နေရာမှာ လင်းလက်နေတဲ့ ကြယ်ကလေးတွေ ရှိတယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား .. မယုံဘူးဆိုရင် အောက်မှာဆက်ပြီးဖတ်ကြည့်ပါနော်။
မျက်နှာကျက်ပေါ်မှာ ရောင်စဉ်ဖြာ
မြေအောက်မှာ လင်းလက်တောက်ပနေတဲ့ ကြယ်တွေကို ကြည့်ဖို့အတွက် ပထမဆုံး နယူးဇီလန်နိုင်ငံရဲ့ မြောက်ကျွန်းစုကို သွားဖို့လိုအပ်ပါတယ်.. အဲဒီကျွန်းမှာရှိတဲ့ Waitomo Glowworm လို့ခေါ်တဲ့ မြေအောက်ဂူကြီးတစ်ခုမှာ လင်းနေတဲ့ကြယ်တွေကို မြင်ရပါလိမ့်မယ်.. ဒါပေမဲ့ တကယ့်ကြယ်အစစ်တော့ မဟုတ်ပါဘူး။ အဲဒီလိုလင်းလက်နေတဲ့အရာတွေက မြေအောက်ဂူကြီးရဲ့ မျက်နှာကျက်မှာ တွဲလောင်းချိတ်ဆွဲနေတဲ့ ပိုးကောင်တွေကနေ အရောင်တွေဖြာထွက်ပြီး လင်းလက်တောက်ပနေတာ ဖြစ်ပါတယ်.. မှောင်မဲနေတဲ့ ဂူကြီးထဲမှာ တစ်လက်လက် တောက်ပနေပုံက ကောင်းကင်ယံမှာ ကြယ်ပွင့်လေးတွေ လင်းလက်နေပုံမျိုးနဲ့ ဆင်ဆင်တူတယ်လို့ ပြောပါတယ်..
အဲဒီပိုးကောင်တွေဟာ ကမ္ဘာပေါ်မှာ ဘယ်မှာမှ မတွေ့နိုင်ဘဲ နယူးဇီလန်တစ်နိုင်ငံတည်းမှာသာ ရှိတယ်လို့ သိရပါတယ်.. ပိုးကောင်လေးတွေဟာ အလွန်သေးငယ်ပြီး အရွယ်အစားအားဖြင့် ခြင်တစ်ကောင်ရဲ့ ပမာဏလောက်သာ ရှိပါတယ်.. ၄င်း ထူးဆန်းတဲ့ ပိုးကောင်လေးတွေကို ကြည့်ဖို့အတွက် လှိုင်ဂူထဲကို ဖြတ်စီးနေတဲ့ Waitomo မြေအောက်မြစ်ပြင်ကနေ အပျော်စီး လှေကလေးကိုစီးကာ ၀င်ရောက်ရပြီး မျက်နှာကျက်ကို မော့ကြည့်ရတာ ဖြစ်ပါတယ်.. လေ့လာစောင့်ကြည့်သူများအဖွဲ့က လှိုင်ဂူကြီးရဲ့ အပူချိန်၊ လေထုသန့်ရှင်းမှု စတာတွေကို လေ့လာမှတ်တမ်းပြုစုပြီး တစ်ကြိမ်လျှင် လေ့လာသူခရီးသွားများဦးရေ ဘယ်နှစ်ယောက်ဝင်ခွင့်ပြုလျှင် အဆင်ပြေ သင့်တော်နိုင်မလဲဆိုတာ အမြဲတမ်းလေ့လာ စောင့်ကြပ်နေကြပါတယ်..
ကဲ……. မြေအောက်မှာ လင်းလက်နေတဲ့ ကြယ်ပွင့်ကလေးတွေကို ကြည့်ချင်တယ်ဆိုရင် နယူးဇီလန်ကို သွားကြပါစို့နော်။။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကမ္ဘာ့အကြီးဆုံး အပြာရောင် ပင်လယ်ရေအောက်တွင်းနက်ကြီး
ပင်လယ်ကြမ်းပြင်ပေါ်က တွင်းပြာကြီး
တကယ်လို့ စာဖတ်သူဟာ ဘီလိဇ်နိုင်ငံရဲ့ ကမ်းခြေမှာ ရောက်နေတယ်ဆိုရင် ပင်လယ်ထဲမှာ ဖြစ်တည်နေတဲ့ အကြီးဆုံးအပြာရောင် တွင်းနက်ကြီးကို အလည်သွားဖို့ အခွင့်အရေးကို ရရှိနိုင်ပါတယ်… အဲဒီအပြာရောင်တွင်းနက်ကြီးဟာ ကမ္ဘာပေါ်က အလှဆုံးနဲ့ သဘာဝတရားရဲ့ ထူးဆန်းအံ့သြဖွယ် တစ်ခုထဲမှာ အပါအ၀င်ဖြစ်ပါတယ်.. အဲဒီ အပြာရောင် တွင်းပေါက်ကြီးဟာ ဘီလိဇ်ကျောက်တန်းကြီးတွေ ၀ိုင်းရံနေပြီး ဘီလိဇ်မြို့တော်နဲ့ မိုင် ၆၀အကွာမှာ တည်ရှိပါတယ်.. ကမ္ဘာ့အကြီးဆုံး ပင်လယ်တွင်းနက်ကြီး တစ်ခုလို့ ယုံကြည်ကြပြီး ၁၂၅မီတာ ( ၄၁၀ ပေ) နက်ပြီးတော့ အကျယ်အားဖြင့် မီတာ ၃၀၀ ( ၉၈၀ပေ) ကျယ်ဝန်းပါတယ်..
ကျောက်တန်းကြီးတွေက ဘေးပတ်လည်မှာ ၀ိုင်းရံကာ
စက်ဝိုင်းပုံ တွင်းပြာကြီး
တွင်းနက်ကြီးဟာ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်ပေါ်နေပြီး ကောင်းကင်ပေါ်ကနေကြည့်ရင် ပင်လယ်ကြမ်းပြင်မှာ ဖြစ်ပေါ်နေတဲ့ ၀ိုင်းဝိုင်းစက်စက် အပြာရောင် တွင်းကြီးရဲ့ အလှကို ထင်ထင်ရှားရှား ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်.. ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှု အကောင်းဆုံး နေရာတစ်ခုထဲမှာ ပါဝင်ပြီး ရေငုတ်ဝါသနာပါသူများ ပင်လယ်ရေအောက်လေ့လာရေးသမားများအတွက် တွင်းနက်ကြီးထဲကို ရေငုတ်ကာ ၀င်ရောက်လေ့လာဖို့ အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်.. ၄င်းတွင်းနက်ကြီးထဲမှာ ရေအောက် ကျောက်လှိုင်ဂူတွေ အများအပြား ရှိနေပြီးတော့ ရှားပါး ပင်လယ်သတ္တ၀ါများလည်း ရှိနေပါတယ်.. အချို့သော ရေအောက် သတ္တ၀ါများဆိုလျှင် ၄င်းတွင်းနက်ကြီးမှာသာ တွေ့ရနိုင်တယ်လို့ သိရပါတယ်။
တွင်းပြာကြီးထဲသို့ ကူးခတ်လေ့လာနေကြသူများ
ရေအောက်မှာ
~~~~~~~~~~~~~~~~~~~~~~~~~~~~ဒီတစ်ပတ် အထူးအဆန်းလေးတွေ ရှာဖွေတာ ဒီလောက်ဘဲ ရပ်ပါမယ်နော်.. နောက်တစ်ကြိမ်မှာ ထူးဆန်းတာလေးတွေ ထပ်ပြီး ရှာဖွေ ဝေမျှပါဦးမယ်... အားလုံးဘဲ ပျော်ရွှင်စရာ နိုဝင်ဘာလ ဖြစ်ကြပါစေရှင်။
Source and photos from http://planetoddity.com/
31 Responses to “မြေအောက်ကြယ်နှင့် တွင်းပြာကြီး”
ရင်သပ်ရှုမောပါလားနော်.......
သွားလည်းသွားကြည့်ချင်ပါတယ်မချောရေ...လိုက်မလားသွားရအောင်....
ရေအောက်ကိုတော့သွားရဲဘူးးးးးးးးးးးးးးးးးး
ချစ်တဲ့
သဒ္ဓါ
မချောရေ..ထူးထူးဆန်းဆန်းလေးတွေ လာလေ့လာသွားပါတယ်... ဟဲ..မတွေ့တာကြာပြီ..နေကောင်းလား...
ခင်မင်တဲ့
နေ၀သန်
ထူးဆန်းတဲ့ နေရာတွေပါပဲ၊ ရှာဖွေတင်ပြတာ ကျေးဇူးပါပဲ၊
ပိုးကောင်လေးတွေအကြောင်းဆက်ရှာလိုက်ဦးမယ်၊
ပိုးကောင်လေးတွေက avatar ကားထဲက ပိုးကောင်လေးတွေ လိုနေမှာပဲနော်.. ဟီးဟီး.. မိုက်တယ်..
တွင်းအနက်ကြီးထဲကိုတော့ ရေငုတ်ပြီး ဆင်းချင်သေးတယ်.. ဘာကောင်တွေရှိမလဲမသိဘူး...
ထီပေါက်ရင် သွားမယ်ဗျို့။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
အမရေ လည်လည်လာပါတယ် ပင်လယ်ကိုတော့ကြိုက်တယ် ဒါပေမယ့် ရေကအနက်ကြီး ကျောချမ်းတယ် အဟင်း.. ရေထဲဆင်းရင်တစ်ကိုယ်လုံးချမ်းမယ်ထင်တယ်နော်
ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)
သဘာဝတရားကြီးကလဲ ဆန်းကျယ်သားနော် ....
တွင်းနက်ကြီးက အပေါ်ကရိုက်ထားတဲ့ပုံ တော်တော်ကို လှတယ် ရောက်ဖူးချင်တာ ။ သဘာဝ အလှတရားတွေက ထူးခြားဆန်းကြယ်ပါ့ ။
မချောရေ
အဆန်းတွေကြည့်ရတဲ့အတွက်အရမ်းကိုကျေးဇူးတင်ပါတယ်နော်
နောက်လဲမကြာခဏလာကြည့်မယ်နော်
အရမ်းစိတ်ဝင်စားလို့
ကျေးဇူးပါ
အမယ်လေလေး...
ဒီလိုနေရာမျိုးတော့ တစ်ယောက်ထဲသွားချင်ပေါင်..။
သူပါမယ်ဆိုရင်တော့...
အဟဲ...စဉ်းစားမယ်လေ...နော်..။
လောလောဆည်တော့ အပြေးအလွှားလေး ပုံတွေကြည့်သွားတယ်။
ကွန်နက်ရှင်ကျသွားမှာစိုးလို့..။ :)
ကြယ်တွေတော့ ကြည့်ချင်တယ် တွင်းနက်ကြီးတော့ မသွားရဲဘူး။
ကြံကြံဖန်ဖန်နော်..
သွားကြည့်ချင်လိုက်တာ...။
ဆီမီးခွက် သွားရှာမလို့ပါ..။:P
ကြယ်လေးတွေကိုတော့ သွားကြည့်ချင်သား.. တွင်းပြာပြာ အနက်ကြီးကိုတော့ မကြည့်ရဲပေါင်..
အပြာရောင် ဆိုလျှင် ဘယ်လိုမဆိုကြိုက်သည်
ချော ကိုယ့်ကိုခေါ်နော် သွားရင် ကိုယ်လဲ လိုက်မယ်နော် (ဒီတခါ တမျိုးပြောင်းမန့်ကြည့်တယ်)
အလင်းရောင်တွေ လင်းဖြာနေတဲ့ ကြယ်လိုလို ကောင်လေးတွေကိုတော့
ကြည့်ချင်သားး...မရေ။
ပင်လယ် ကြီးထဲလည်း ရောက်တော့ရောက်ဖူးချင်သား။
တွေးကြည့်တာနဲ့ တင်တောင် အသဲတွေ ယားလို့ ။
ကြောက်စရာ ကြီး။ လေ့လာခွင့် ကြုံခဲ့ရင်တော့
ရေဆင်းငုပ် လိုက်မယ်။ :)
....ခင်မင်လျှက်....ခင်မာလာအောင်...:)
ကောင်းမှ ကောင်း။ :)
Very Good bec we got some knowledge from ur posts. Thanks.
အင်း..
သွားဖို့ လဲ မလွယ်၊ ရောက်လဲမရောက်နိုင်တဲ့  နေရာလေးကို
ရှာရှာဖွေဖွေ တင်ပြပေးလို့  ကျေးဇူးပဲ ဗျာ။
ကြယ်လေးတွေ (ပိုးကောင်လေးတွေ)ကို လေ့လာချင်တာ။ သူတို့ က ပိုးစုန်းကြူးလေးတွေနဲ့မျိုးတူသလားဟင်..
အမချော....ကျနော်သွားမလို့ စိတ်ဝင်စားဖို့ကောင်းတယ်နော် လိုက်ခဲ့ပါလား :)
ဗဟုသုတရသွားပါတယ် အမချောရေ..... ရှဲ့ရှဲ့ :)
ခင်တဲ့(ဖိုးကြယ်)
တွင်းနက်ကြီးကို ဓာတ်ပုံထဲကနေကြည့်ယုံနဲ့တင် ကျောချမ်းစရာ...
လှလည်းလှတယ်...အသဲလည်းယားတယ်...
စိတ်ဝင်စားစရာလည်း ကောင်းတယ်နော်...
ကမ္ဘာပေါ်မှာ ဒီိလိုထူးဆန်းတာတွေအများကြီးရှိနေမှာဘဲနော်
ကြည့်ပြီး မြင်ဖူးချင်တယ် ဒါပေမဲ့ မသွားရဲဘူး
ညီမ ချော ရေ
မြန်မာပြည်က ပိုးစုန်းကြူးလို့ အကောင်လေးတွေထင်တယ်နော် အလင်းရောင်ထွက်နေတယ် မြင်ချင်တယ် တွင်းနက်ကြီးထဲတော့ သွားရဲဘူး
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အထူးအဆန်းတွေပဲနော်။ အဲလိုမျိုးပိုးကောင်လေး ၃၊ ၄ ကောင်လောက် လိုချင်တယ်။ အပြာရောင်တွင်းကြိးကလည်း အသည်းအေးစရာကြီး။ ငုံကြည့်တော့ ကျောချမ်းသွားတယ်။
အထူးဆန်းတွေ လာကြည့်သွားပါတယ်။ နောက်ထပ်ရှိသေးရင် လည်းတင်ပေးပါအုံးနော်........
အဲလို အကောင်တွေ မီးပျက်ချိန် အိမ်မှာ ရှိစေချင်တယ်....:P
ကြယ်လေးတွေ အတော်လှတယ်နော်းဝ
တွင်းနက်ကြီးတော့ ကြောက်တယ်း))
အထူးအဆန်းတွေချည်းပဲနော်...ရှာရှာဖွေဖွေ တင်တတ်ပါတယ်..
သွားလည်ကြည့်ချင်သေးးးးးး
မဖတ်ဖြစ်လို့က သိမှာမဟုတ်ဘူး။
ဒါကိုဖတ်ရလို့ သိပ်ကျေးဇူးတင်တယ်။
ဒီလိုအကြောင်းအရာတွေကို မြန်မာစာလုံးတွေနဲ့တွေ့ရတာ အရမ်းဝမ်းသာတယ်။
ချောကို
ခင်မင်စွာဖြင့်
ဓါတ်ပုံပဲ သေချာကြည့်သွားတော့တယ်မမရေ....သွားရဲဘူး ကြောက်ရို့....ဟီးးးးဟီးးးးးး
Thanks for the post
Post a Comment