လည်စည်းလှလှ စတိုင်ကျကျ


 

ပုဝါတစ်ထည်ကို ဒီလိုအမျိုးမျိုးစည်းနိုင်ပါတယ်

ဆောင်းရာသီ ရောက်လာပြီဆိုတော့ အအေးဒဏ်ကနေ ကာကွယ်ဖို့ရယ်၊ ဖက်ရှင်ကျကျ လှလှပပလေး လမ်းထွက်နိုင်ဖို့ရယ် ၊ ပွဲလမ်းသဘင်ကို စတိုင်ကျကျလေး တက်နိုင်ဖို့ရယ်အတွက် လည်စည်းလှလှလေးတွေနဲ့ အသုံးပြုကြပါစို့လားနော်…  ကျွန်မနေတဲ့ မြို့ကလေးမှာလည်း မနက်ခင်းနှင်းတွေဝေပြီး အေးလာပြီ ဖြစ်တဲ့အတွက်  လည်စည်းလေးတွေက အအေးဒဏ်ကနေ ကာကွယ်ပေးတဲ့ အဖော်မွန်လေးအဖြစ် အသုံးဝင်လာပြီ ဖြစ်ပါတယ်.. ကျွန်မက လည်စည်းစကာဖ့် ကလေးတွေကို နှစ်သက်စွာ စုဆောင်းတတ်သူမို့ ဆောင်းရာသီမှာ ကိုယ်စုဆောင်းထားတဲ့ ပုဝါလေးတွေကို အသုံးချခွင့်ရတော့ နှင်းလေးတွေ ဝေနေတဲ့ ဆောင်းရာသီကို ပျော်ရွှင်ကျေနပ်မိပါတယ်..

ဝတ်စုံဗြောင်နဲ့ အပွင့်လည်စည်းတွဲဖက်
အရောင်တူတွဲစပ်
အပြာနဲ့အဖြူတွဲ


အရောင်အရင်နဲ့ အနုတွဲဖက်

ထူးခြားတဲ့ အရောင်တွဲ


မျက်မှန်နဲ့ လည်စည်းနဲ့


လှလှပပ စတိုင်ကျကျ

 
အေးတဲ့ရာသီနဲ့ အေးတဲ့အရပ်ဒေသ အတွက်တော့လည်စည်းက မရှိမဖြစ်လို့ ဆိုရလောက်ပေမဲ့ မြန်မာပြည်အလယ်ပိုင်းနဲ့ အောက်ပိုင်းတို့လို ပူနွေးတဲ့အရပ်ဒေသမှာလည်း လည်စည်းပုဝါ အပါးလေးတွေနဲ့ စတိုင်ထုတ်လို့ရပါတယ်.. နွေရာသီလို ဥတုမျိုးအတွက်လည်း ပါးလျသော အရောင်လှလှ လည်စည်းပုဝါလေးတွေ များစွာ ရှိပါတယ်.. လည်စည်းဆိုတာမျိုးကလဲ ပျိုပျိုအိုအို အသက်အရွယ်မရွေး ဘယ်သူနဲ့မဆို လိုက်ဖက်သင့်တော်တဲ့ ဖက်ရှင်လေးတစ်ခု ဖြစ်ပါတယ်.... ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားပေါ် မူတည်ပြီး လိုက်ဖက်မဲ့လည်စည်းလေး ရွေးချယ်ရတာကိုက စိတ်ဝင်စားစရာကောင်းပါတယ်. သာမာန်ရိုးရှင်းပြီး သိပ်ဆွဲဆောင်မှုမရှိတဲ့ ၀တ်စုံလေးတစ်စုံပေါ်မှာ လည်စည်းအရောင်လှလှလေး ဆင်မြန်းလိုက်တဲ့အခါ လည်စည်းပုဝါလေးရဲ့ အရောင်နဲ့ လှပစွာ စည်းနှောင်ထားတဲ့ အလှကြောင့် သင်ဟာ ထူးထူးခြားခြား ဆွဲဆောင်မှု ရှိနေမှာကို မယုံမရှိပါနဲ့နော်။ အောက်မှာ လည်စည်းစည်းနည်းအချို့ကို ပုံလေးတွေနဲ့ ဖော်ပြပေးထားပါမယ်.. နှစ်သက်ရာ စည်းနည်းနဲ့ လှပစွာ စည်းကြည့်လို့ရပါတယ်နော်...


(၁)

(၂)

(၃)


(၄)


(၅)


(၆)
(၇) ဒီနည်းကတော့ အင်္ကျီကုန်သက်သာမယ်.. ဒါပေမဲ့ မလုပ်နဲ့နော်  :)

(၈)

လည်စည်းကို နှစ်သက်ဖို့ကောင်းတဲ့ နောက်အကြောင်းရင်းတစ်ခုက လည်စည်းလေး ၀တ်ထားရင် ဘယ်လို လည်ဆွဲအဆင်တန်ဆာမှ ၀တ်ဆင်စရာ မလိုတော့တဲ့အတွက် ဆွဲကြိုးအဆင်တန်ဆာ ရွေးချယ်ရ သက်သာစေနိုင်ပြီး ဦးနှောက်စားတာလည်း သက်သာနိုင်ပါသေးတယ်.. ဒီတော့ သင့်မှာ လည်စည်းလုပ်ဖို့ စကာဖ့် ပုဝါတွေ အရောင်စုံသာ ရှိနေခဲ့မယ်ဆိုရင် အခြား ဖန်စီ ဆွဲကြိုးတို့၊ တန်ဖိုးကြီးလည်ဆွဲတို့ ၀ယ်ဖို့ မလိုတော့တဲ့အတွက် ငွေကုန်ကြေးကျ သက်သာစေတဲ့အပြင် လည်စည်းစည်းတာဟာ ကိုယ့်ရဲ့ စတိုင်၊ ကိုယ့်ရဲ့ အမှတ်အသားလေးအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ပါသေးတယ်။ တစ်ချို့တစ်ချို့သော မမတွေက လည်စည်းလေးတွေ အမြဲစည်းတတ်ကြတယ်လေ.. အဲဒါဆို သူများတကာထက် ထူးခြားနေတဲ့ သူတို့ရဲ့ကိုယ်ပိုင် အမှတ်အသားနဲ့ ကိုယ်ပိုင် စတိုင်လေးတွေဘဲပေါ့။ ဖက်ရှင်ဆိုတဲ့နေရာမှာ သူများလုပ်လို့ နောက်ကနေ လိုက်လုပ်တဲ့ဖက်ရှင်ထက် ကိုယ်ပိုင်စတိုင်လေးနဲ့ကိုယ် ရပ်တည်ပြီး မိမိနဲ့လိုက်ဖက်မဲ့ဖက်ရှင်ကို ကိုယ့်စိတ်ကူးလေးထဲကအတိုင်း ဆင်မြန်းတာက ပိုပြီး တင့်တယ်လှပစေပါတယ်..

(၉) စကာဖ့်ကို ခေါင်းစည်းနည်း


(၁၀) ဒါက တစ်နည်း
(၁၁) ဒါလည်း တစ်မျိုး
(၁၂)လည်ပင်းပေါက်ကျယ်လွန်းပြီး ပုဝါစည်းတာ သေးလွန်းတယ်



(၁၃)အရောင်ဖျော့နဲ့ အရောင်လွင်လွင်လေး တွဲဖက်ထားတာ တော်တော် လှပါတယ

(၁၄) ဒီနည်းက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းပြန်စွပ်နေသလိုဘဲ.. ကြိုက်ဖူး.. လည်ပင်းအစ်တယ်
(၁၅) ဒါတော့လှတယ်.. လူလဲလှလို့ ဖြစ်မယ်ထင်တယ်နော်
လည်စည်းပုဝါလေးတွေဟာ ဈေးလည်း မများလှဘဲ စည်းထားသူကို စတိုင်ကျကျ အဆင့်မြင့်မြင့် လှပစေတဲ့ ထောက်ကူပစ္စည်းလေး ဖြစ်ပါတယ်.. တကယ်လို့များ  မိမိဝတ်ထားတဲ့အင်္ကျီကို အရမ်းရိုးလွန်းတဲ့ပုံ ပေါက်နေတယ်လို့ စိတ်ထဲကခံစားမိရင် လည်စည်းလှလှလေး တစ်ခုသာ ရွေးပြီးဆင်ယင်လိုက်ပါ.. စတိုင်ကျကျလေး ဖြစ်သွားနိုင်ပါတယ်.. တစ်ခါတစ်လေမှာလဲ ကိုယ်ဝယ်လာတဲ့အင်္ကျီဟာ လည်ပင်းပေါက်ကလေးများ သိပ်ကျယ်နေခဲ့ရင်လည်း.. လည်စည်းလေးကို အသုံးချလိုက်ခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ လူတွေအကြား သွားလာဖို့ အဆင်ပြေနိုင် စေပါတယ်..  လည်ပင်းပြောင်ပြောင် ရှင်းရှင်းနဲ့ ရိုးရိုးရှင်းရှင်းအင်္ကျီတို့က လည်စည်းနဲ့အလွန်လိုက်ဖက်ပါတယ်.. အတွန့်အဖတ်အလွန်များတဲ့ အင်္ကျီမျိုးကို လည်စည်းနဲ့ တွဲဖက်ဝတ်ဆင်မယ် ဆိုရင်တော့ ဖက်ရှင်မကျတဲ့အပြင် အမြင်အာရုံ ရှုပ်ထွေးစေနိုင်ပါတယ်။

အနက်ဖက်ရှင်


အဖြူအနက်

ဆောင်းဖက်ရှင်



ချည်ထိုးလည်စည်း




ကိုယ့်ရဲ့ အိတ်မှာ ခုလိုချည်နှောင်ပြီး စတိုင်ထုတ်မယ်ဆိုရင်လည်း လှပါတယ်..

မိမိဝတ်ဆင်မဲ့အင်္ကျီဟာ အပွင့်အခက်များတဲ့ အဆင်သော်လည်းကောင်း၊ အစင်းအကြားများပါတဲ့ အဆင်သော်လည်းကောင်း ဖြစ်ခဲ့မယ်ဆိုရင် လည်စည်းဗြောင်ကလေးနဲ့သာ တွဲဖက်သင့်ပါတယ်.. ၀တ်ဆင်မဲ့ ၀တ်စုံဟာ အရောင်မထွက်ဘဲ ခပ်မှိုင်းမှိုင်း ဖြစ်နေတယ်လို့ သင့်စိတ်ထဲ ထင်နေခဲ့ရင် အရောင်ခပ်တောက်တောက် လည်စည်းပုဝါလေးကို အသုံးပြုပြီး လူတွေရဲ့ အမြင်အာရုံကို ဆွဲဆောင်စေနိုင်ပါတယ်..  အပွင့်အခက် အတွန့်အတက်မပါတဲ့ ရိုးရိုးရှင်းရှင်းအင်္ကျီမျိုးကတော့ ဘယ်လိုလည်စည်းနဲ့မဆို လိုက်ဖက်ပါတယ်.... အချို့ကတော့ ၀တ်စုံနဲ့ လိုက်ဖက်တဲ့ အရောင် အနုအရင့်လေးတွေကို ရွေးချယ် ဆင်မြန်းတတ်ကြပါတယ်..  ခရီးသွားတဲ့အခါမှာလည်း လည်စည်းပုဝါ တွေဟာ ခေါင်းစည်းအဖြစ် အသုံးချပြီး နေပူဒဏ်နဲ့ ဖုန်ထူထူဒဏ်ကိုလည်း ကာကွယ်နိုင်ပါသေးတယ်... အသက်ငယ်ငယ် မိန်းမပျိုလေးများအတွက် ဘောင်းဘီမှာ ခါးပတ်အနေနဲ့ လည်စည်းပုဝါတွေကို စည်းနှောင်ပြီး ဖက်ရှင်ထွင်လို့လည်း အဆင်ပြေနိုင်ပါသေးတယ်..

လန်းတယ်ဟုတ်
ခါးမှာ အလှပတ်တဲ့နည်း
ဒါတော့ တစ်မျိုး(အရပ်ရှည်ရှည် စတိုင်ဘောင်းဘီနဲ့ဆို ဒီနည်းအတိုင်းချည်)
ဒါကတစ်ဖုံ
ဒါလည်းလန်းတယ် ..

ဒါကတော့ အပေါ်ကနေ ပတ်ချင်သူတွေအတွက်




သူတို့တွေများ လှလိုက်ကြတာ


ဒီလိုလည်း ပတ်တယ်

 
လည်စည်းကို ပိတ်ချည်သား အရောင်စုံအဆင် ဒီဇိုင်းမျိုးစုံ ၀တ်ဆင်ကြသလို.. သိုးမွေး၊ ယုန်မွေးလို ချည်မျိုးနဲ့လဲ စိတ်ကြိုက်ပုံစံထိုးပြီး ၀တ်ဆင်ကြတာ တွေ့ရပါတယ်... အသက်ငယ်ရွယ်သူများကတော့ အရောင်ဆန်းဆန်း၊ ဒီဇိုင်းဆန်းဆန်းတွေကို ရွေးချယ်ဝတ်ဆင်လို့သင့်တော်ပေမဲ့ အသက်ရလာတဲ့ အန်တီတို့ ဘွားဘွားတို့အရွယ် ( ကျွန်မတို့လိုအရွယ် :) )   တွေကတော့ တည်တည်ငြိမ်ငြိမ်ဖြစ်မဲ့ အဆင်လေးတွေနဲ့ လူကြီးဆန်တဲ့ အရောင်ငြိမ်ငြိမ်လေးတွေကို ဆင်ယင်သင့်ပါတယ်.. ကျွန်မ တို့ဆီမှာ တစ်ခေတ်တစ်ခါက လည်စည်း၊ ခေါင်းစည်းဖက်ရှင်တွေ ခေတ်စားခဲ့ဖူးပါတယ်.. ရုပ်ရှင်မင်းသမီးကြီး အန်တီဒေါ်ခင်ယုမေဆိုရင် လည်စည်းလေးတွေနဲ့ စတိုင်ကျကျလေး အမြဲတမ်းတွေ့ရတတ်ပါတယ်.. ဖက်ရှင်ဆိုတာ ခေတ်ကုန်ပြီရယ်လို့မရှိဘဲ အမြဲတမ်း တစ်ပတ်ပြန်လည် လာတတ်တာမို့ မိမိနှစ်သက်တဲ့စတိုင်ကို လိုက်ဖက်အဆင်ပြေစွာ၊ စိတ်ကူးပုံဖော်ရင်း  ရာသီချိန်ခါမရွေး လှလှပပလေး ရွေးချယ် ၀တ်ဆင်နိုင်ပါတယ်ရှင်..

နံမည်ကျော်တို့ရဲ့ လည်စည်းဖက်ရှင်များ
ရီဟားနားရဲ့ စတိုင်


ဟောလီဝုဒ်စတား ကေသီဟုမ်းရဲ့ လည်စည်းဖက်ရှင်

အမ်မာရောဘတ်ရဲ့ဖက်ရှင်



ဂျက်ဆီကာ အယ်လ်ဘာ



ပဲရစ်စ်ကတော့ ခေါင်းစည်းစကာဖ့်ကို ပိုကြိုက်ပုံရပါတယ်.




ီလာရီဒဖ့်ရဲ့စတိုင်




အင်ဂျလီနာ ဂျိုလီရဲ့ လည်စည်း




ဂျနီဖာ လိုပက်ဇ်ကတော့ ၀တ်စုံနဲ့ ၀မ်းဆက် ပုဝါတွေကို နှစ်သက်စွာ ၀တ်ဆင်တတ်သူပါ။




ဗစ်တိုးရီးယား ဘက်ခမ်း


လည်စည်းဆိုတာ အမျိုးသမီးတွေသာ စည်းသင့်တယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်.. အမျိုးသားများဟာလည်း ဖက်ရှင်ကျဖို့အတွက်နဲ့ အအေးဒဏ်ကို ကာကွယ်ဖို့  လည်စည်းကို စည်းကြတယ်.. ပူအိုက်နေတဲ့ အချိန်မျိုးမှာတော့ စတိုင်ထုတ်ချင်ဇောနဲ့ လည်စည်းအထူကြီးတွေ ပတ်ပြီး မသွားမိဖို့တော့ လိုမယ် ထင်ပါတယ်.. စတိုင်မကျဘဲ လူတွေပြုံးစရာ ဖြစ်နေမှာ စိုးလို့ပါနော်…  အောက်မှာ လည်စည်းနဲ့ စတိုင်ကျန ခန့်ထည်နေတဲ့ အမျိုးသားအချို့ရဲ့ ပုံတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်….

ဘရက်ပစ်ရဲ့ စတိုင်

 
ဂျိတ် ဂျီလင်ဟောလ်

 
ပင်လယ်ဓားပြကြီးကလည်း လည်စည်းကြိုက်တယ်..


ဘောလုံးစတား ဘက်ခမ်းတော့ ပြောစရာမရှိ.. မိုက်မှမိုက်

 

အရမ်းအေးရင်တော့ ဒီလိုလေး ၀တ်



ပဲလေးနဲ့ ဒီလိုလေးလည်း စည်းလို့ရသေး


ဒါလည်းတစ်မျိုး



ပေါ့ပေါ့ပါးပါး



စွပ်ကျယ်နဲ့ လည်စည်းနဲ့  ( ဟိဟိ ဒါလည်း စတိုင်တစ်မျိုးပေါ့လေ)

 

ဒီလိုလည်း စည်းကြပြန်သေး


တစ်ချို့သော သူငယ်ချင်းတွေက အမျိုးသားတွေအတွက်တော့ မပါဘူး မျက်နှာလိုက်တယ် ပြောလာမှာစိုးလို့ မဖြစ်မနေ ထည့်ပေးရပါတယ်..... :)  :)


လူတိုင်း စတိုင်ကျကျနဲ့ ပျော်ရွှင်အဆင်ပြေစွာ လှပဆင်ယင်နိုင်ကြပါစေရှင်…



32 Responses to “လည်စည်းလှလှ စတိုင်ကျကျ”

မိုးခါး said...

မိုက်တယ် .. ညီမကတော့ အဲလိုလည်စီးလေးတွေ ကြိုက်တယ် .. ဒါပေမယ့် မစီး ဖြစ်ပါ :D
သူများတွေစီးထားရင် စီးချင်တာ ..း)

Baby taster said...

လည်စီး အရမ်းကြိုက်တယ်
နွေရာသီမှာတောင် အိတ်မှာစီး ဖြစ်တယ်
မျှဝေပေးတာ ကျေးဇူးပါ

ယမင်း said...

ခိခိ မချောကတော့ မြှောက်ပေးနေပြန်ပြီ ရန်ကုန်မှာက လည်စည်း စည်းသွားရင် ၀ိုင်းရယ် ကြလိမ့်မယ် ဒါပေမဲ့ မချောပြောလို့ အားပါသွားပြီ ခိခိခိ စည်းဦးမှာ:D

ဂျီလင်ဟောလ်စတိုင်လေး ကြိုက်တယ်
အဲလို လည်စည်းလေး ၀ယ်ပေးမယ့်သူ မရှိလို့ မချောပဲ ၀ယ်ပေးနော်:P

ခေါ်န် said...

အမ
ဆောင်းလဲရောက်ပြီဆို
လိုလဲလိုအပ်တယ်လေ......ညီမလေးတော့ ပဲများလို့ ရပြီနဲ့တူတယ်
ဟီးးးးးးးးးးးးးးးးးး
ကျေးဇူးပါအမ ....အများအများကြီးတင်နိုင်ပါစေနော်......

khinmarlaraung said...

မရေ...ရောက်တယ်။
လည်စည်းလေးတွေ သိပ်ကြိုက်တယ် မရေ။ တစ်ခါတစ်လေတော့
ပဲလေးဘာလေးပေးရင်း စည်းဖြစ်ပါတယ်။ အဲ..ခါးမှာစည်းထားတဲ့
ဒီဇိုင်းလေးတွေ မြင်တော့ တော်တော်သဘောကျမိတယ်။
သေချာတယ်...ညီမ လက်တွေ့ စည်းကြည့်မိလိမ့်မယ်။ အခွင့်ကြုံခဲ့ရင်ပေါ့။ :)
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်..:)

သစ္စာဖြူ said...

အစ်မချောရေ...
အခုချက်ချင်းတောင် လည်စည်းပြေးဝယ်ချင်လာပြီ
စတိုင်အရမ်းကျတယ်နော် :)

ပဝါကို ကြိုက်ပေမဲ့ ညီမလေးက ကြာကြာပတ်ထားရင် လည်ပင်းကြီး ညောင်းလာသလိုမို့ ဆောင်းတွင်းဆို လည်ထောင်အကျီ င်္တွေပဲ အဝတ်များတယ် ။ နောက်ပြီး ပဝါလေးတွေက မိုက်ပေမဲ့ လူက စတိုင်မကျတော့ သူတို့လေးတွေကို အားနာတာလဲပါတယ်း))

ဇူး said...

ချောရေ.. အစုံအလင်ပါလား.. လည်စည်းဒီဇိုင်းလေးတွေက...

လင်းစင်ယော် said...

မမချောရေ......ညီမလေး ပဲများချင်နေတာနဲ့ အတော်ပဲ.....လည်စည်းလေးတွေနဲ့ ပဲများလိုက်အုံးမယ်...

လန်းတယ်...လန်းတယ်...။လည်စည်းကိုမဟုတ်ဘူး..လူကိုပြောတာ...။လည်စည်း ကတော့ သိပ်မသိဘူးဗျ။

shinlay said...

လည်စည်းစည်းပုံတွေ လေ့လာသွားပါတယ်။
ဆောင်းတွင်း တော့ သုံးဖြစ်ပါတယ်။ ဒါပေမဲ့ အချမ်းကာကွယ်ဖို့  မရှိမဖြစ်သုံးဖြစ်တာမျိုးပါပဲ။

လှလှပပတော့သိပ်မလုပ်ဖြစ်ပါဘူး။

phyophyo said...

မချောရေ .. နေကောင်းလား၊ လက်ကမနာတော့ပါဘူး၊ စိတ်မအား၊ လူမအားနဲ့ မို့၊ ကိုယ့်ဘလောဂ်လည်းမဖွင့်ဖြစ်ဘူး၊ စာလည်းမရေးဖြစ်၊
မချောဆီတော့ ရောက်ရောက်လာတယ်၊ ပုဝါလေးတွေကြိုက်တယ်၊ အေးရင်စည်းရနှောင်ရလွန်းလို့ စိတ်တောင်ညစ်တယ်၊ မချောက ပုဝါကြိုက်တယ်၊ ရင်ထိုးကြိုက်တယ်၊ ဟုတ်တယ်မလား၊
နောက်တစ်ပိုစ့်ကို ရင်ထိုးလှလှလေးတွေအကြောင်းရေးပါလား၊
အိမ်က အစ်မတွေဆို ရင်ထိုးတွေကိုပဲ စုကြတာ၊ စာမှန်မှန်ရေးနိုင်လို့ တကယ်ကြီးချီးကျူးတယ်၊
မချောပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်တဲ့

ကိုကို ဝယ်ပေးထားတဲ့ လည်စည်းရယ် သူများပေးထားတဲ့ လည်စည်း ရှိတယ် ဒါပေမယ့် မသုံးဖြစ်ဘူး လည်ပင်းယားတာနဲ့ နောက် အလုပ်ရှုပ်လို့ တခါတလေတော့ လည်ပင်းထိ ကော်လံပါ တဲ့ (သိတယ်မလား အဲလိုအင်္ကျီမျိုး) ဟာမျိုးတော့ ဝတ်ဖြစ်တယ်
တော်တော်ကြီးအေးမှ ဦးထုတ်ဆောင်းဖြစ်တယ် ဆံပင်တွေ လေထဲ လွင့်နေရတာ ကြိုက်လို့ အဲလိုလုပ်လွန်းလို့လဲ ခေါင်းအေးပြီးတော့ ခေါင်းခဏ ခဏ ကိုက်တယ် လက်အိပ် မကြိုက်ဘူး အိပ်ကပ်ထဲ လက်ထည့်ရတာပဲ ကြိုက်တယ်

နောက်ဆုံးတော့ နဂို ရှိမှ နဂိုင်းထွက်တာပါ ချောရယ် ဒါကြောင့်လဲ ဝက်တို့က ဘာမှကို မလုပ်ဖြစ်တာ မဝတ်မဖြစ် အင်္ကျီလောက်သာ ဝတ်ပြီး အပြင်ထွက်လေ့ရှိတာ အဲဒါတွေ လုပ်လဲ မထူးဘူးလေ ပိုလှလာမှာမှ မဟုတ်ဖဲ ဟားဟားးးးးးးးးးးးးးးးး

ဘာပဲပြောပြော ရွှေချော တကူးတက ရှာဖွေပြီး တင်ထားတဲ့အတွက် ကျေးဇူးပါ နောက် လှချင်တော့ အိုင်ဒီယာ ရသည်ပေါ့လေ ဟဲဟဲ

အိုးမိုင်လော့ (ohhh my lord) ဒီတခါ စာရှည်သွားပါ့လား ချောရေ......

ahphyulay said...

အင်း...
အားလုံး မိုက်တယ်၊
ဒါပေမဲ့  မချော ပုံ လဲ မပါပါလား...ဗျ။

နေမြမြဆွေ said...

ဒီ post လေးက ကျမအတွက်အရမ်းအသုံးဝင်တာပဲ
အခုလို တစုတစည်းထဲ ဖော်ပြပေးလို့ အရမ်းကျေးဇူးတင်ပါတယ်နော်

shwezinu said...

လည်စည်း လှလှပပ စီးတဲ့ မိန်းမချောလေးတွေ ထဲမှာ ရွှေစင်ဦး မပါတော့ ခက်တယ်

လှလှလေးတွေ အတွက် ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ယွန်း said...

ချည်ထိုးပုဝါ လေးတော့ရှိတယ် ..ဆောင်းတွင်းမှပဲ သုံးဖြစ်တာများတယ်..
နွေဘက်တော့ မသုံးရဲဘူး ..ရီစရာဖြစ်မှာစိုးလို့ လေ..
ပုဝါလေးတွေ လှ၏ ..ပုဝါပါးပါးလေးတွေ သဘောကျမိတယ်
မချောတင်ထားတဲ့ ပုံတွေကြည့်ပြီး နွေဘက်မှာလည်း ပုဝါပါးပါးလေးတွေ သုံးကြည့်ချင်သွားပြီ ..

ချစ်တဲ့ 
ယောက္ခမလောင်း (ဟီဟိ)

kom said...

ကြိုက်ပေမဲ့အသုံးနည်းပါတယ။်

လသာည said...

လည်စည်းလေးတွေ လှသလို စတိုင်လေးတွေလည်းကျလို့ ကြည့်ရတာကို ကြည်နှုးစရာ။ ကိုယ်လုပ်ရင် လှပါ့မလားတွေးရင်း မှန်ကြည့်လိုက်လုပ်ကြည့်လိုက်သေးတယ်။ လည်စီး ဖဲပွင့်တွေ ဘယ်လိုမှ လိုက်လုပ်မရတော့တဲ့အဆုံး စိတ်လျှော့ပြီး ရိုးရိုးပဲ လည်ပင်းမှာ ပတ်လိုက်တယ်း)) ယောင်းယောင်းရေ ကျေးဇူးနော်

ဒီမှာက ဆောင်းရောက်ပေမယ့် သိပ်မအေးတော့ လည်စည်းနဲ့ ပဲများလို့မ၇ပါဘူးဗျာ ကျနော်က ဆောင်းတွင်းကို အရမ်းသဘောကျတာ ။

သန္တာ said...

မချောရေ....ခဏခဏ လာလည်ဖြစ်ပါတယ်...ဒီတခါတော့ လည်စည်းအကြောင်းရေးထားလို့ အေးတဲ့ဒေသမှာ သူများတွေ လည်စည်း စီးတာတွေ့လို့ သဘောကျပြီး၊ ပဲများဘို့ လည်စည်းလေး တစ်ထည် သူငယ်ချင်း က ထိုးပေးပါရဲ့..အခုတော့ ပူအိုက်တဲ့ဒေသ ပြန်ရောက်နေလို့ သေတ္တာထဲမှာ အိပ်မောကျနေရှာလေရဲ့....အခုမချောရေးလိုက်တော့ လွမ်းလိုက်တာနော်.....

ရာသီအေးပြီး အပြင်မှာ ကြာကြာနေဖြစ်တဲ့ အခါတော့ သုံးဖြစ်ပါတယ်။

saundoo said...

အင်္ဂလန်မှာတော့ ဘက်ဟန်လိုမျိုး စီးတာ ၉၀%လောက် များတယ်။

ဝတ်ရည်က လည်စည်းတော့ သိပ်မစည်းဖြစ်ဘူး။ ခရီးသွားရင်တော့ ရှိုးထုတ်ပြီ လှလှလေးတွေ သိုးမွေးလေးတွေ စည်းတတ်တယ်.. လည်စည်းစည်းမှ ပိုလှသွားတယ် ထင်တာပဲ... :D

poe poe said...

:D ကျေးဇူးတင်ပါတယ် လာလည်သွားပါတယ်
လည်စည်းလေးတွေစည်းတာကိုအရမ်းသဘောကျပါတယ်

လည်စည်း....လည်စည်း....လည်စည်း...
အင်း...သူများတွေ စည်းရင် သိပ်သဘောကျတယ်..။ ကိုယ်ကတော့ ၀ါသနာ သိပ်မပါလှဘူး...။
ဒါပေသိ...မှတ်မှတ်ရရ တစ်ခါကမ်းခြေခရီးသွားတုန်း...သောင်ပြင်မှာ လမ်းလျှောက်ထွက်ရင်း ပဲများပြီး ဟို.. ကိုရီးယားမင်းသမီးလေး ချွဲဂျီဝူးနဲ့များ တူလေမလား... မလား.. မလား...ဆိုပြီး စည်းမိလိုက်ပါတယ်...။ သူကတောင် " မင်းဟာက လည်ပင်းကြိုးကွင်းများ စွတ်ထားသလား မှတ်ရတယ်.." တဲ့။ အဲ့ဒီလို တယုတယ အားပေးလေတာ။ သောင်ပြင်တလျှောက် မြောက်ကြွ မြောက်ကြွလျှောက်တုန်း... ကတည်း... လေနဲ့လွင့်ပြီး လည်စည်းက လှိုင်းထဲ မျောပါသွားလိုက် တာ.... တော်ပါသေးရဲ့.. နဘေးမှာပါလားတဲ့ မြသွေးနီရဲ့ မောင်ခလာ က အသက်စွန့်ဆံဖျား အပြေးအလွှား ဆင်းဆယ်ပေးပေလို့..။ ဟိ..။

(ချောရေ.. တကယ်ကတော့ ညစ်နေတာ..။ မြသွေးနီ ညစ်ရင် အဲ့ဒီလို ပေါက်ကရတွေပဲ ပြောချင်နေတော့တယ်.. သိတယ်ဟုတ်! )

noblemoe said...

လည်စည်းအရမ်းကြိုက်တာလေ ရန်ကုန်မှာတော့ဘုရားဖူးသွားတုန်းကလောက်ပဲသုံးဖြစ်ပါတယ်။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မချောရေ..
လည်စီးလေးတွေဝတ်ရတာကိုသဘောကျကြိုက်နှစ်သက်တယ်.။ အားလုံးကို သေချာကြည့်
သွားရတယ်.။

သူလေးနဲ့ဆိုရင် ဘာလေးနဲ့ လိုက်မယ်ပါ့.. :P

lovely said...

လည်စည်းကိုအရမ်းကြိုက်လို့........ copy လုပ်သွားပါတယ်မမရေ.....

lovely said...

လည်စည်းကိုအရမ်းကြိုက်လို့........ copy လုပ်သွားပါတယ်မမရေ.....