မိုက်ခရိုဝေဖ့် မီးဖို
နည်းပညာများ တစ်နေ့တစ်ခြား တိုးတက်ထွန်းကားလာသော ယနေ့လို ခေတ်ကာလမျိုးမှာ ဘယ်အရာမဆို ခလုပ်လေးတစ်ချက်နှိပ်ယုံနဲ့ အဆင်သင့် ရနိုင်လောက်တဲ့အထိ ခေတ်တွေ ပြောင်းလဲလာပြီ ဖြစ်ပါတယ်.. အစားအသောက်ချက်ပြုတ်ရာမှာလည်း ယခင်ကတော့ ထင်းမီးဖိုနဲ့ ချက်ပြုတ်ကြပါတယ်.. ဒီကမှ မီးသွေး၊ လျှပ်စစ်၊ဂက်စ် စသည်တို့နဲ့ ချက်ပြုတ်လာကြရာမှာ ခုတော့ အိမ်ရှင်မတွေအတွက် မိုက်ခရိုဝေဖ့်မီးဖိုနဲ့ လွယ်ကူလျှင်မြန်စွာနဲ့ သက်သက်သာသာ ချက်ပြုတ်နေကြပါပြီ.. အချိန်ကုန်လဲ သက်သာသလို လွယ်လဲလွယ်ကူတာကြောင့် လူသုံးများတဲ့ ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ် နေရာယူလာပြီ ဖြစ်ပါတယ်.. ဒါပေမဲ့ နည်းပညာတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေမှာ side effect ကတော့ အနည်းနဲ့ အများ ရှိနေတတ်ပါတယ်.. အခုလည်း တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုနေကြတဲ့ မိုက်ခရိုဝေဖ့် မီးဖိုနဲ့ပတ်သက်ပြီး လေ့လာမိသလောက် ဆိုးကျိုးတွေ ရှိတာကို တွေ့ရပါတယ်.. ၄င်းကနေ ဖြာထွက်လာတဲ့ ပြင်းထန်တဲ့ လျှပ်စစ် သံလိုက်လှိုင်းတွေဟာ အစားအသောက်နဲ့ ရေတွေမှာ ပါဝင်တဲ့ မူလ ဓာတ်သဘာဝကို ပြုပြင်ပြောင်းလဲပစ်နိုင်စွမ်း အားကြီးပါတယ်..
`````````````````````
စမ်းသပ်ထားတဲ့ အပင်ငယ်
နောက်ထပ် စမ်းသပ်ချက်တစ်ခုက အမျိုးအစားတူ အပင်ငယ်နှစ်ပင်ကို အိုးတစ်ခုစီမှာစိုက်ပျိုးထားပြီး ပထမအိုးကို Microwaved water လို့ စာတန်းကပ်ထားပြီး အခြားတစ်အိုးမှာ Purified water လို့ စာကပ်ပါတယ်.. ကပ်ထားတဲ့အတိုင်းပါဘဲ ပထမပန်းအိုးကိုတော့ မိုက်ခရိုဝေ့ မီးဖိုနဲ့ ကျိုချက်ထားတဲ့ ရေကို နေ့စဉ်လောင်းပေးပြီး ဒုတိယအိုးကိုတော့ ရိုးရိုး မီးဖိုနဲ့ ချက်ပြီး အအေးခံထားတဲ့ရေကို လောင်းပါတယ်.. အောက်က ပုံတွေမှာ ကြည့်ပါရှင်…
ပထမဆုံးနေ့ အနေအထား
တတိယနေ့ အနေအထား
၅ရက်မြောက်နေ့ အနေအထား
၇ရက်မြောက် အနေအထား
နောက်ဆုံးမှာတော့ မိုက်ခရိုဝေဖ့်က ရေနဲ့လောင်းတဲ့ပန်းအိုးက အပင်လေးဟာ တစ်ဖြေးဖြေး ညှိုးရော်လာပြီး ၉ရက်မြောက်နေ့မှာ အပင်ဟာ လုံးလုံးလျားလျား သေဆုံးသွားပါတော့တယ်. ဒီစမ်းသပ်ချက်ကို ပြုလုပ်သူက William P. Kopp ဖြစ်ပါတယ်ရှင်။
Prepared By: William P. Kopp
A. R. E. C. Research OperationsTO61-7R10/10-77F05
RELEASE PRIORITY: CLASS I ROO1a
ဒီတော့ ကျွန်မတို့ဟာ လွယ်ကူမြန်ဆန်တာနဲ့ဘဲ ဘေးထွက်ဆိုးကျိုးတွေရှိနေတဲ့ မိုက်ခရိုဝေဖ့် မီးဖိုတွေကို သုံးဖို့ မသုံးဖို့ စဉ်းစားရမှာပါနော်.. ဆက်လက်ပြီး မိုက်ခရိုဝေဖ့် နဲ့ ပတ်သက်တဲ့ ဆိုးကျိုးများကို ဖော်ပြရမယ်ဆိုရင်
မိုက်ခရိုဝေဖ့်ဖြစ့် ချက်ပြုတ်ထားသော အစားစာများကိုရေရှည် စားသုံးခြင်းအားဖြင့် ဦးနှောက်၏လုပ်ငန်းစဉ်များ နှောင့်နှေးခြင်းနှင့့် အစားထိုးမရသော ဦးနောက်ဆဲလ်များ ယိုယွင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
လူ၏ ကိုယ်ခန္ဓာသည် မိုက်ခရိုဝေဖ့်ကြောင့် အသစ်ထပ်မံထွက်လာသော အော်ဂဲနစ်ပစ္စည်းများကို ပုံမှန်ချေဖျက်နိုင်ခြင်း မရှိနိုင်တော့သဖြင့် ကိုယ်တွင်းတွင် ကြာရှည်စွာ ခိုအောင်းနေနိုင်ခြင်းများ ဖြစ်စေနိုင်ပါတယ်.။
ကျားဟိုမုန်း၊ မဟိုမုန်း ထွက်စေသည့် ဖြစ်စဉ်များကို ပြောင်းလဲစေနိုင်ခြင်း၊ မညီမျှစေခြင်း၊ လျော့နည်းသွားခြင်းများ ဖြစ်စေနိုင်ပါတယ် ။
မိုက်ခရိုဝေဖ့်ဖြင့် ချက်ပြုတ်ထားသော အစားအသာက်များတွင် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် အဟာရဓာတ်များ လျော့နည်းသွားခြင်းသော်လည်း လျှပ်စစ် သံလိုက်လှိုင်းများကြောင့် အခြားဓာတ်ပေါင်းများ အဖြစ်သို့ ပြောင်းလဲသွားခြင်းသော်လည်းကောင်း ဖြစ်နိုင်သောကြောင့် စားသောက်သူအတွက် အကျိုး ဖြစ်ထွန်းမှု နည်းပါးပါတယ်.. ၄င်းအပြင် ဖြစ်ပေါ်လာသော ဓာတ်ပေါင်းများကိုလည်း ခန္ဓာကိုယ်က အလွယ်တကူ ချေဖျက်နိုင်စွမ်း နည်းပါးပါတယ်.
အသီးအရွက်များတွင် ပါဝင်တတ်သော သတ္တုဓာတ်မှာလည်း မိုက်ခရိုဝေဖ့်ဖြင့် ချက်ပြုတ်လိုက်ပါက ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုးပစ္စည်းများ အဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပါတယ်..
မိုက်ခရိုဝေဖ့်ဖြင့် ချက်ပြုတ်ထားသော အစားအသောက်သည် အစာအိမ်၊ အူမကြီး၊ သွေးတို့တွင် ကင်ဆာ ဖြစ်နိုင်ချေ ပိုမိုများပြားပြီး ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို လျော့နည်းစေနိုင်ပါတယ်
မိုက်ခရိုဝေဖ့်ဖြင့် ချက်ပြုတ်သော အစားအသောက်များသည် မှတ်ဥာဏ်အားနည်းခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ထက်မြက်သော ဥာဏ်ရည်ဥာဏ်သွေး လျော့နည်းလာခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်.
ဒီလိုဆိုရင် ကျန်းမာရေးအရ မိုက်ခရိုဝေဖ့်မီးဖိုတွေကို အမြဲတမ်း မသုံးစွဲသင့်ကြောင်းကို လေ့လာတွေ့ရှိချက်တွေက ညွှန်ပြနေပါတယ်.. ကမ္ဘာအနှံ့မှာ မိုက်ခရိုဝေဖ့် မီးဖိုများကို သုံးစွဲနေကြသော်လည်း ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ အချို့သောပိုက်ဆံရှိ အိမ်ထောင်စုများမှ လွဲ၍ အသုံးပြုကြသူ နည်းပါးပါသေးတယ်.. ဘယ်လိုပင်ဖြစ်စေကာမူ မိုက်ခရိုဝေဖ့်ကို အမြဲတမ်းအသုံးမပြုဘဲ ရိုးရိုး သာမာန် လျှပ်စစ်မီးဖို ဂက်စ်မီးဖို၊ ထင်းမီးသွေး မီးဖိုတို့ကိုသာ တတ်နိုင်သမျှ အသုံးပြုသင့်ကြပြီး ရံဖန်ရံခါလောက်သာ အသုံးပြုသင့်ပါတယ်လို့ ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားပါတယ်ရှင်..
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေရှင်……
ဒီပိုစ့်လေးအတွက် အချက်အလက်များ ကူညီရှာဖွေပေးသော Dr. CK ကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင်…
Ref: http://www.highbeam.com/doc/1G1-75178712.html, Google and Funzug.com
26 Responses to “မိုက်ခရိုဝေဖ့်ရဲ့ ဆိုးကျိုးများ”
စာမမြင်ရ၀ူးနော်တိလာ မနက်ဖြန်လာဖတ်မယ်
ရင်နာစွာနဲ့ ဖတ်ရတော့မှာပေါ့ ဟိုနေ့ကမှ
အသစ်တလုံး ပြန်ဝယ်ထားတာ :( :( :(
ဟုတ်.... အသက်ရှည်ရာအနာမဲ့ရေးအတွက် တန်ဆေးလွန်ဘေးဆိုတဲ့စကားလေးနဲ့ ထိန်းညှိပြီး နေထိုင်အသက်ရှင်သင့်ပါတယ်.... ဒါနဲ့ မချောရေ.. မနေ့က မချောဆိုဒ်ကို ၀င်လို့မရပြန်ဘူး... အဲလိုဖြစ်နေကျလား... ကျွန်တော်ခဏခဏကြုံဖူးလို့.... အဲရာက ဒီဆိုဒ်ကို Support မလုပ်တော့ဘူးဆိုတဲ့ စာတွေတက်လာတယ်....
ခင်မင်တဲ့
နေ၀သန်
အယ်.. အဲလိုကြီးလား.. ကြောက်စရာပဲ.. ရှောင်မှဖြစ်မယ်.. ကျေးဇူးနော်..း)
ချောရေ...
ဝေမျှတာတွက် ကျေးဇူးတင်ပါတယ်နော်..
ပုံတွေ မမြင်ရဘူးချော..
ကြောက်စရာကောင်းတဲ့ မိုက်ခရိုဝေဖ့်ပါလား..။ အလွယ်တကူလုပ်လို့ရပေမယ့်
ဘေးထွက်ဆိုးကျိုးတွေကြောင့် မသုံးသင့်တော့ဘူးနော်..။
ချစ်တဲ့
သဒ္ဓါ
ဘယ်အရာမဆို အလွန်အကျွံ သုံးစွဲရင်တော့ ဘေးတွေ့စေတာပါပဲလေ ။
မိုက်ခရိုဝေ့က အဆင်ပြေတာတော့ တော်တော်ကို အဆင်ပြေစေတာပါ ။ ဒါပေမဲ့ အဲ့ဒါမရှိလဲ ဖြစ်ပါတယ်လေ ။ အဲ့ဒါကြီးက ပိုအဆင်ပြေစေတာတခုပဲမို့ မရှိမဖြစ်တော့ မဟုတ်ဘူးလို့ ထင်မိတယ် .. ညီမလေးနားလဲ ခုမရှိနေဘူး ။ အဲ့ထက်အရေးကြီးတာတွေ ဝယ်နေရတာနဲ့ အဲ့ဘက်ကို မရောက်ဘူးဖြစ်ဖြစ်နေတယ် ။ ခုတော့ ချောပို့စ် ဖတ်ပြီ သေချာတဲ့ ဆင်ခြေ တခုထပ်ရသွားသလိုပဲး))
မမဘေဘီလိုပဲ ဟိုတလောကမှ အသစ်တစ်လုံး ရထားတာ.. အခုမှ စမ်းသပ်ချက်တဲ့ အဆင့်ပဲ ရှိသေးတယ်.. ခိခိ.. ဟင်းချက်ပျင်းတဲ့အခါပဲ သုံးမယ်လေ..
We must take care about it.
Thanks sis... !
အင်း မဝယ်နိုင်တာနဲ့ အတော်ဘဲ ကောင်းလေစွ ကောင်းလေစွ
အကျိုးရှိတဲ့ ပိုစ့် လေးအတွက် ကျေးဇူးဘဲ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အွန် ........ ခုဘဲ ၀ယ်လာတာ ... ဘယ်လိုလုပ်ရပါ့ ..း(
အင်း..
မ ချော...ရေ၊
အခုခေတ်ကြီးမှာက နည်းပညာတွေ တိုးတက်သလောက် အဲ့ ဒီ
နည်းပညာတွေနဲ့ ပဲ လူတွေလျှောနေကြတာလေ ၊
ဘာပဲစားစား၊ဘာပဲသောက်သောက် နည်းပညာတွေနဲ့ ကိုမလွတ်တော့ 
အခု လူတိုင်း“ ကင်ဆာ ” မျိုးစုံနဲ့ ပဲ လျှော လျှောနေကြတာလေ။
ဒါပေမဲ့  ကြိုက်တယ်၊ ဒီပို့ (စ)ကို။
ရော်...အဲဒါ သိသေးဘူးကော
ဒီကိစ္စ လူတိုင်း သိသင့်တယ်နော်
ဘာလို့ဆို မြို့နေ လူတန်းစား တော်တော်များများက မိုက်ကရိုဝေ့နဲ့ မကင်းနိုင်ကြလို့
ခေတ်ပေါ်ပစ္စည်းတိုင်းလိုလိုမှာ ကောင်းကျိုးနဲ့ဆိုးကျိုးဒွန်တွဲနေတဲ့သဘောတွေ ပါနေတယ်နော်...။
အခုလို ဝေမျှတာ ကျေးဇူး မချောရေ ...
ကျန်းမာပါစေမင်္ဂလာပါ။ ကောင်းလိုက်တဲ့ပညာပေးကလေးဗျာ ဘယ်လိုကျေးဇူးတင်ရမယ်တောင်မသိတော့ပါ
ဘူးခင်ဗျာ ရင်ထဲကကိုတကယ်တင်သွားပါတယ် ချောကိုခဏခဏကျေးဇူးတင်ရတာတွေများနေပါပြီ။
ကူးလည်းသွားကြောင်းပါခင်ဗျာ။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
ချောရေ......
ဆိုးကျိုးလေးတွေ သိရတာ ကျေးဇူးတင်ပါတယ်။ ကိုယ်
ကတော့ မိုက်ကရိုဝေဖ့်နဲ့ ဟင်းတော့ မချက်ဖြစ်ပါဘူး။
နွေးတာလောက်ပဲ ရှိတာပါ။ အဲ့ဒါရော ဆိုးကျိုးရှိလားဟင်
ရှိတယ်ဆိုရင်တော့ ထုတ်တဲ့ ကုမ္ပဏီကို တရားစွဲရမယ် :)
မကြိုက်တာနဲ့ အတော်ဘဲ။ ကျေးဇူးနော်။
ဒါတွေ သိလို့ ဝယ်ကို မဝယ်ဘူးနော်။ တစ်ယောက်တည်းနဲ့ ဟင်းချက်ဖို့ အချိန်မပေးနိုင်လို့ အပြင်ကပဲ ဝယ်စားနေတာ နှစ်လတောင်ရှိပြီ။ ဒီနေ့မှ ဝင်ဖတ်လို့ရလို့ အခုမှ မန့်ခွင့်ရပါတယ် ချောရေ။
မ၀ယ်နိုင်တာနဲ့ အတော်ဘဲဖြစ်သွားတယ်..
စပျစ်သီးချဉ်လိုက်တော့မယ်အစ်မရယ်
ဒါကြောင့် မ၀ယ်တာလို့
ဘာဘဲဖြစ်ဖြစ် ဝေမျှတာ ကျေးဇူးပါနော်
အော်…….အော်..သြော်
အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာပါပဲ။
အလုပ်ပြန်ချိန် တအားနောက်ကျနေတော့လည်း ဆိုးကျိုးရှိမှန်းသိသိနဲ့
ချက်ဖြစ်တာတွေလည်း ရှိမှာပါ။ ဒါပေမယ့် အခုလို အဆိုးအပြစ်တွေကို
သိထားရတော့ တတ်နိင်သလောက် ဆင်ခြင်လို့ရတယ်။
ဒါက ဒီပို့စ်ရဲ့ တန်ဖိုးပါပဲ။
တော်ပါသေးရဲ့..။
မီးသွေးမီးဖိုလေးပဲ ယပ်ခပ်ချက်နေရလို့..။
မမချောရေသိသွားပြီ ၀ယ်တော့ဖူး အစကတည်း ကမ၀ယ်နိုင်တာလေ ခုတော့ မ၀ယ်နိုင်လို့ဟုတ်ဖူး အန္တရာယ် မကင်းလို့ လို့ပြောလို့ရသွားပြီလေ ဟဲ……..
မမချောရေသိသွားပြီ ၀ယ်တော့ဖူး အစကတည်း ကမ၀ယ်နိုင်တာလေ ခုတော့ မ၀ယ်နိုင်လို့ဟုတ်ဖူး အန္တရာယ် မကင်းလို့ လို့ပြောလို့ရသွားပြီလေ ဟဲ……..
ငပိချက်ကို ချက်စားကြည့်ဦးမှာ
Thanks so much for sharing knowledge.
Post a Comment