ဝင်းပစိုပြေ အသားအရေ


 

လူတိုင်းဟာ တောက်ပစိုပြေချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်လိုကြမယ် ထင်ပါတယ်နော်။ အောက်မှာတော့ ဖတ်ခဲ့ဖူးတဲ့ အရေပြားစိုပြေလှပစေမဲ့ နည်းလမ်းတစ်ချို့ကို မျှဝေပေးပါရစေရှင်။





၁. နေ့စဉ် ရေ ဖန်ခွက် ၈ခွက်ခန့် သောက်ပါ။





၂.သကြားမုန်လာကို အပိုင်းပိုင်း ခုတ်ဖြတ်၍ အရည်ညှစ်ပြီး သင်၏မျက်နှာပေါ် ၅မိနစ်ခန့် လိမ်းကျံထားပါ… ထို့နောက် ဆပ်ပြာအပျော့စားဖြင့် မျက်နှာကို သန့်စင်ပေးပါ။








၃.နံ့သာကို နှင်းဆီရေဖြင့်ဖျော်၍ နွားနို့ အနည်းငယ်ရောကာ သင့်မျက်နှာနှင့် ကိုယ်ခန္ဓာကို လိမ်းကျံပြီး ၁၅မိနစ်ခန့်ကြာလျှင် ရေခပ်နွေးနွေးဖြင့် ဆေးကြောပေးပါ။

၎.ရေခွက်ထဲ ပျားရည်အနည်းငယ်ထည့်ကာ မနက်ခင်းတိုင်း သောက်သုံးပေးပါက သင့်အသားအရေကို စိုပြေ ချောမွေ့ တောက်ပ စေနိုင်ပါသည်။

၅.ပျားရည်ကို အနည်းငယ် အပူပေးပြီး ရှောက်ရည်၊ သံပုရာရည်ဖြင့် ရောကာ မျက်နှာကို ၁၀မိနစ်ခန့် ပေါင်းတင်ပေးပါ။

၆.နနွင်း၊ နံ့သာ၊ သံလွင်ဆီ တို့ကို ရောစပ်၍ ခန္ဓာကိုယ်ကို လိမ်းပေးပြီး ၁၀မိနစ်ခန့်ကြာလျင် ရေဆေးပစ်ပါ။

၇.နွားနို့ဖြင့် ခန္ဓာကိုယ်ကို နှိပ်နယ်ပေးပါ။ နွားနို့သည် အရေပြားကို ချောမွေ့သန့်စင်စေသော အကောင်းဆုံး အားဖြည့်အလှဆီ ဖြစ်ပါသည်။

၈.အခန်းတွင်း အပူချိန်ကို ပုံမှန်အနေအထားတွင်သာ ထားရှိပါ။ အလွန်အေးခြင်း အလွန်ပူပြင်းခြင်း စသော အစွန်းရောက် အနေအထားကို ရှောင်ကျဉ်ပါ။

၉.ရေကို အချိန်ကြာကြာချိုးပါက သင်၏ခန္ဓာကိုယ်ရှိ ဆဲလ်အသေများ အလိုလို ဖယ်ရှားပြီးသား ဖြစ်သွားပါလိမ့်မည်။ တဘက်ဖြင့် ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းကို ရှောင်ကြဉ်ပါ။

၁၀. ဗီတာမင် အေနှင့်စီ များများပါဝင်သော အစားအစားကို စားပါ။



၁၁.နေပူထဲထွက်ဖန်များ၍ အရေပြားများ နေပူလောင်သော် ပုံမှန်အသားအရေ ပြန်ရရှိရန်အတွက် သခွားရည်နှင့် ခရမ်းချဉ်သီးရည် ဆတူရောကာ ၄င်း အပူလောင်သောနေရာကို လိမ်းပြီး ၁၀မိနစ်ခန့်ကြာလျှင် ရေဆေးချလိုက်ပါ။




၁၂.မုန်ညင်းဆီဖြင့် အရေပြားကို ၅မိနစ်ခန့် နှိပ်နယ်ပြီး ဂျုံမှုန့် အနုစား သို့မဟုတ် ဆပ်ပြာအပျော့စားဖြင့် ရေချိုးပေးပါ။

၁၃. ဒိန်ချဉ်နှင့် ဂျုံမှုန့်တို့ကို ရောနယ်ကာ မျက်နှာပေါ်တွင် ၅မိနစ်ခန့်ထားပြီး ဆေးကြောပေးပါ။

၁၄.အသားအရေ ကြမ်းတမ်း ညစ်နွမ်းနေသောသူများ အရေပြား ပြန်လည်စိုပြေ လှပလာစေရန်အတွက် အသီးအနှံ များများစားပါ။ မချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက် (အသုပ်) များများစားပါ။ဆိတ်နို့၊ ချိစ်၊ ထောပတ်သီး၊ မုံလာထုပ်၊ ပင်လယ်ကျောက်ပွင့် တို့ကို များများစားပေးပါ။

၁၅. အရေးအကြောင်း၊ အတွန့်များသော မျက်နှာနှင့် အသားအရေ ပိုင်ရှင်များအတွက် သခွားသီးသည် အကောင်းဆုံး ကုသပေးနိုင်သော သဘာဝဆေးတစ်လက်ဖြစ်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ မျက်နှာပြင်ပေါ်တွင် ၁၅မိနစ်ခန့်ထားပြီး ရေစင်အောင်ဆေးလိုက်ပါ။

၁၆.အဖုအပိန့်များသောအရေပြားပိုင်ရှင်များသည် ပဲပင်ပေါက်၊ ဘာလီ၊ ဂျုံ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး ၊ သဖန်းသီး၊ သတွတ်သီး၊ ဟင်းနုနွယ်ရွက် စသည်တို့ကို များများစားသုံးသင့်ပါသည်။

 ၁၇.ခြောက်သွေ့ကွဲအက်နေသော အသားအရေများအတွက် ဂျုံမြက်နုနှင့် အစိမ်းရောင် များများပါသော အသီးအရွက်များကို စားသုံးသင့်ပါသည်။


စိုပြေလန်းဆန်း နုပျိုကျန်းမာ စိတ်ချမ်းသာကြပါစေရှင်။

19 Responses to “၀င်းပစိုပြေ အသားအရေ”

Sunny said...

အလှအပကတော့ စိတ်ဝင်စားတယ် မမချောရေ.. တချို့နည်းလေးတွေက လုပ်ရလွယ်တယ်.. စမ်းလုပ်ကြည့်ဦးမယ်.. ကျေးဇူးနော်..

subuueain said...

အသားအရေက သိပ်မကောင်းတော့ ဘယ်လိုလှအောင်လုပ်ရမလဲဆိုတာ သိပ်စိတ်ဝင်စားတာဘဲမချောရေ။ ကျေးဇူးပါနော် :)

rose said...

အစ်မချောရေ... အသားအရေ ထိန်းသိမ်းနိုင်မယ့် နည်းလေးတွေ မှတ်သားသွားပါတယ်။ ရို့စ်က ရေသောက်ရတာ သိပ်ကြိုက်တော့ ခဏ ခဏ သောက်ဖြစ်တယ်။ ၈ ဖန်ခွက်လောက်တော့ ရှိမယ် ထင်တယ်။ ဒီတစ်ခုတော့ စိတ်ချရပြီး)

Anonymous said...

thnx for this post.

ကရိကထများလိုက်တာ ... အသက်လဲကြီးပြီကွယ် ...မလှရင်နေပါစေတော့ ... :D

baby taster said...

ချောရေ.................
ကမန်းကတန်းကိုလာခဲ့ရတယ်ကွယ်း)
နံပတ် ၁၅ တော့စိတ်ဝင်စားမိပါရဲ့
အပေါ်ကတယောက်ပြောသလိုပါပဲ
အသက်လည်း ကြီးပါပြီကွယ်
မှတ်ပုံလည်း တင်ပြီးသားပဲ:)
နေပါစေတော့ အဟက် ဘယ်လောက်လှလှ
တယောက်ပဲ ရမှာပဲဆိုပြီး စိတ်လျော့ပြန်သွားမယ်
မထင်ပါနဲ့လို့။ မလှကုန်ပဲဟာ လှချင်တာပေါ့
အကုန်မှတ်သွားမယ်။ ဘယ်မှလဲ ကြက်ကြော်နဲ့
ခေါက်ဆွဲကြော်။ လွတ်လွတ်လပ်လပ် ချက်စားပါအေ
သူများဆီက မ, လာရတယ်လို့ ကြားမကောင်းပါဘူး :)
ဟူးဟူး ငါကွ :P :P :P

ဆွေလေးမွန် said...

အိမ်မှာတစ်ယောက်တည်း ပိတ်ရက်ကလဲ ရဆိုတော့
ကြိုးစားကြည့်အုန်းမယ်..
ဒါမှ အိမ်အပြန် မျက်နှာပန်းလှမှာ..

ကျေးဇူး မချောရေ..

လကုန်ခါနီးဆို ရေက တစ်နေ့ကို ၁၈ ခွက်လောက်သောက်ရတယ် အစ်မရး) အသားရည် စိုပြေ မပြေတော့မသိဘူး လူတော့ ပိန်ပိန်ကျသွားတယ် ဟိဟိ

အင်း....ရေကို၈ခွက်ပြည့်အောင် ကြိုးစားသောက်ရမယ်။
ကျန်တာတွေတော့သိပ်မလုပ်ဖြစ်ပေမယ့် သခွားသီးကိုတော့ သုံးဖြစ်တယ်။း))

မချောရေ ...
မိန်းကလေး သိပ်မပီသပေမယ့်
အသားအရေ ထိမ်းသိမ်းတာကိုတော့
စိတ်ဝင်စားတယ်း)
ရုံးမှာက အလုပ်နဲနဲများတဲ့အခါတွေကျတော့
ရေ ၈ခွက်ပြည့်အောင် သောက်ဖို့ကို မလွယ်တာ
ကြိုးစားပြီး သောက်ရမှာပဲနော် ကျန်းမာရေးအရကြည့်ရင်လဲ ကောင်းတယ်လေ ...။
ခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မချောရေ .......။

အသားအရေလှအောင် စေတနာလေးတွေ
ပေးလို့ ခုတောင် တော်တော်လေး လှလာပြီ:p
ဟင်းနုနယ်ရွက်နဲ့ တစ်ခြားသီးနှံတွေတော့ အရမ်းကြိုက်တယ်..ရေတော့ မသောက်ဖြစ်ဘူး ပျင်းလို့

Shinlay said...

လှတော့လှချင်သား... စမ်းကြည့်မှ...
ကျေးဇူးနော်။

မချော နည်းလမ်းတွေ စမ်းကြည့်အုန်းမှ... သခွာသီးတော့ တခါတလေ လုပ်ဖြစ်တယ်... ကျေးဇူးပါ :D

ညီမလေး တခါမှ အဲ့လိုတွေ မလုပ်ဖူးဘူး ... ရေဆိုသောက် အစားဆိုရင်စား ဒါပဲသိတယ် ဟိဟိ

ssye said...

မဟေသီ အပေါင်းတို့
မျက်နှာရော၊ လက်ဖမိုးတွေရော ခြေဖမိုးတွေပါ လိမ်းရမှာနော် ။ တော်ကြာနေ မျက်နှာက ၃၆နှစ်၊ လက်တွေက ၄၅နှစ် ဖြစ်နေအုံးမယ် (ဥပမာပြောတာပါ၊ :) ) အထူးသဖြင့်လက်ဖမိုး၊ လက်ချောင်းလေးတွေပေါ့။ သူတို့လေးတွေက ဆပ်ပြာနဲ့ အမြဲထိတွေ့နေတာ

ချောရေ--
ကျန်းမာပါစေမင်္ဂလာပါ-
ချောလည်းဒီလိုအသားအရေတွေလှပအောင်လုပ်နေတယ်
ထင်ပါရဲ့ -

flowerpoem said...

မရေ အသားအရေ စိုပြေစေတဲ့ နည်းလမ်းတွေကတော့ အရမ်းကောင်းပါတယ်ရှင်

Anonymous said...

အလှအပစိတ်ဝင်စားလို့လားမသိဘူးဖတ်လို့အရမ်းကောင်းတယ်

silvermelodylover said...

နည်းလမ်းလေးတွေအတွက်ကျေးဇူးပါတခါမှတော့မလုပ်ဘူးသေးဘူးပျင်းတာနဲ့နောက်ပြီးနံ့သာဆိုတာဘာလဲမသိဘူးနော်