ပုဇွန်စတော်ဘယ်ရီ ချိုချဉ်ကြော်

ဟိုးတစ်လောက အဖြူရောင် နတ်သမီးက သူ့မွေးနေ့ပွဲကို ဘလော့ပေါ်ကနေ ကျင်းပပါတယ်.. အဲဒီမှာ သူတင်ထားတဲ့ အစားအသောက် ပုံတွေက တစ်ပုံက ကျွန်မကို တော်တော်လေး ဆွဲဆောင်သွားပါတယ်. တစ်ရက်တော့ အဲဒီထဲကအတိုင်း ချက်စားမယ် ဆိုတဲ့ စိတ်ကူးနဲ့ အဲဒီပုံလေးကို သိမ်းလာခဲ့ပါတယ်.. ပုံလေးက အောက်မှာပါ။ ဒီဟင်းလေးအတွက်တော့ ပုံလေးကို ရှာပြီးတင်ထားတဲ့ အဖြူရောင်နတ်သမီး ကို ကျေးဇူးတင်ပါတယ် ။ သူ့ပုံလေးကြောင့် ဒီဟင်းကို ချက်စားဖို့ စိတ်ကူးရလာလို့ ပါ။














အဖြူရောင်နတ်သမီးဆီက ခိုးလာတဲ့ပုံပါ။ ကျွန်မကြော်တဲ့ဟင်းမဟုတ် :)

 ပုဇွန်စတော်ဘယ်ရီ ချိုချဉ်ကြော်



ပုံထဲမှာ မြင်ရတဲ့ အတိုင်းပါဘဲ.. စားချင်စဖွယ်လေးမို့ တော်တော်လေး သဘောကျသွားပါတယ်. ဒီပုံလေးကြည့်ပြီး ကျွန်မကတော့ ပုဇွန်ရယ်၊ စတော်ဘယ်ရီ၊ ပြောင်းဖူးသေး (Baby Corn)  ၊ ငရုပ်ပွအစိမ်း ရယ်တို့ကို ချိုချဉ်ကြော်ထားတယ်လို့ ခန့်မှန်းပါတယ်.. ဒါနဲ့ အဲဒီကလည်းက စိတ်ကူးထားပါတယ်.. စတော်ဘယ်ရီပေါ်ချိန်ရောက်ရင် ဒီဟင်းလေးကို ချက်ဖြစ်အောင်ချက်စားမယ် ဆိုပြီးတော့ပေါ့.. ခုတော့ ကျွန်မနေတဲ့အရပ်မှာ စတော်ဘယ်ရီသီးတွေ ပေါ်နေပါပြီ။ ဒါနဲ့ဘဲ ဒီပုံလေးထဲက ဟင်းကို ကျွန်မက ချက်စားဖို့အတွက် အောက်ပါအတိုင်း အစီအစဉ် လုပ်ပါတော့တယ်..

ဒီလို စတော်ဘယ်ရီတွေကို ရေစင်အောင်ဆေးပါတယ်..

ဒီလိုလေးတွေ ခြမ်းထားလိုက်ပါတယ်.(သွားရေကျချင်စရာလေးနော် ) :)

သန့်စင်ဆားနယ်ပြီး ပုဇွန်
ပုဇွန်လေးကိုတော့ ဘာညာဘာညာ လုပ်ပြီး သန့်စင်ပြီး ခုလို ပဲငံပြာရည်အကြည်၊ ဆား၊ အသားမှုန့် တို့နဲ့ နယ်ပြီး ထားလိုက်ပါတယ်..
ဥနီ၊ ငရုပ်ပွ၊ ပြောင်းဖူးစေ့

ပုံမှာပါတဲ့အတိုင်း ငရုပ်ပွစိမ်း၊ ပြောင်းဖူးသေး( Baby Corn) က မရလို့ ပြောင်းဖူးအကြီးကိုဘဲ အစေ့တွေ ချွေထည့်ပါတယ်.. ဥနီကတော့ ကိုယ့်အိုင်ဒီယာနဲ့ ကိုယ်ထည့်လိုက်ပါတယ်.. အရောင်စုံအောင်လို့ပါ။ :)
ပုဇွန်၊ ဥနီ၊ ပြောင်းဖူး

ပထမဦးစွာ ဆားနယ်ထားတဲ့ ပုဇွန်တွေကို ထည့်ကြော်ပါတယ်.. ပုဇွန်ကျက်ခါနီးမှာမှ ကြက်သွန်ဖြူ ၃မွှာလောက်ကို ဓါးပြားရိုက်ထည့်ပါတယ်.. ပြီးတော့ ဥနီနဲ့ ပြောင်းဖူးလေးတွေကို ထည့်ကြော်ပါတယ်..

ငရုပ်ပွကိုထည့်လိုက်ပါပြီ။ ရေအနည်းငယ်ထည့်ပါတယ်..

ကော်မှုန့်၊ ဗနီဂါ၊ သကြား၊ ခရမ်းချဉ်သီးဆော့ ထည့်ပြီးပုံ

ပုံမှာမြင်ရသလို ကော်မှုန့် အနည်းငယ်ကို ရေအေးနဲ့ အရည်ဖျော်၊ ဗနီဂါအချဉ်ရည်၊ သကြား၊ ခရမ်းချဉ်သီးဆော့ အနည်းငယ်တို့ကို ထည့်လိုက်ပါတယ်.. အရသာ အပေါ့အငံမြည်းပြီး လိုတာ ထပ်ထည့်ပါ။

အပ်ချလောင်...  ပုဇွန်စတော်ဘယ်ရီချိုချဉ်ကြော် ထွက်လာပါပြီ။
အပေါ်ဆုံးက ပုံအတိုင်း တစ်ထပ်တည်းမဖြစ်ပေမဲ့လည်း ခုလိုလေးအတိုင်းလည်း အနီ၊ အ၀ါ၊ အစိမ်းလေးတွေနဲ့ စားချင်စဖွယ်လေးပါနော်.. ဧည့်သည်လာရင် လက်စွမ်းပြပြီး ဧည့်ခံလို့ကောင်းမဲ့ ရာသီပေါ်ဟင်းတစ်ခွက်ပါ။ ခုလို စတော်ဘယ်ရီသီးလေးတွေပေါ်ချိန်မှသာ ချက်စားလို့ ရတာမို့ ရာသီဟင်းလို့ဘဲ ပြောရမှာပါ။ ချိုချိုချဉ်ချဉ်လေးနဲ့ ခံတွင်းတွေ့စရာ ပုဇွန်နဲ့ စတော်ဘယ်ရီကို ချိုချဉ်ကြော်ထားတဲ့ ဟင်းတစ်ခွက် ဖြစ်ပါတယ်ရှင်။

နောက်တစ်ပုံ
ဒီပုံလေးကတော့ ပုဇွန်စတော်ဘယ်ရီ မတင်သေးဘူးလားလို့ မတင်ခင်ကတည်းက သွားရေ တမြားမြားနဲ့ လာလာမျှော်နေတဲ့ ဟင်းချက်ကောင်း သူလေးတွေအတွက်ပါ။ :)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုန်းရည်ကြီးထမင်းသုပ်

ဟင်းချက်ရမှာ ပျင်းတဲ့နေ့ (ဒါမှမဟုတ်) ဧည့်သည်က ရောက်နေပြီ။ ဟင်းချက်ဖို့ အချိန်မမှီတော့တာဘဲဖြစ်ဖြစ် အပျင်းပြေစားဖို့ဘဲ ဖြစ်ဖြစ် စားလို့ကောင်းတဲ့ ပုန်းရည်ကြီးနဲ့ ထမင်းသုပ်ပုံလေးကို လက်ဆောင်ပေးပါဦးမယ်..

နယ်တော့မည့် ထမင်းသုပ်

ပုံမှာပါတဲ့အတိုင်းပါဘဲ.. ထမင်းကို (စားမဲ့လူအရေအတွက်နဲ့ ခန့်မှန်းထည့်ပါ။) ကြက်သွန်နီ ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပုဇွန်ခြောက်၊ ဆား၊ အသားမှုန့်( အချိုမှုန့်) ၊ ပဲငံပြာရည်၊ ပုန်းရည်ကြီး၊ ဆီ ၊ မြေပဲဆန်ထောင်း တို့ကို ရောနယ်ဖို့ အဆင်သင့်ပြင်ပါတယ်.. ပုန်းရည်ကြီးကတော့ ကျွန်မဆီမှာ အထုပ်နဲ့လာတဲ့ အခြောက်မှုန့်ဘဲ ရှိတဲ့အတွက် အဲဒါကို အရည်ဖျော်ထားပြီး ထည့်ပါတယ်..

ရောသမမွှေ

အားလုံးရောနယ်ပြီးတော့ စားချင်စဖွယ် ဒီလိုလေးပါ။ နံနံပင်လေးပါ ထည့်နယ်ထားပါတယ်.. အရသာ အပေါ့အငံတော့ စိတ်ကြိုက် ထပ်ထည့်ပေါ့နော်...  ပြီးသွားပါပြီ။ ဒါပေမဲ့ ဧည့်သည်ကို ဒီလို ဇလုံလိုက်ကြီး ချကျွေးရင် ဘယ်ကောင်းပါ့မလဲနော်..  ပန်းကန်လေးနဲ့ လှလှပပလေး ထည့်ကျွေးမယ်လေ (အမှန်တော့ ကိုယ့်အတွက် မချန်ဘဲ အားလုံးစားသွားမှာစိုးလို့ပါ။) :)
ဟမ်း............ ပုန်းရည်ကြီးထမင်းသုပ် လှလှလေး ရပါပြီ။

ပန်းကန်လုံး တစ်ခုထဲကိုထည့် ၊ လက်ကလေးနဲ့ အသာဖိ၊ ပြီးတော့ ပန်းကန်ပြားတစ်ခုပေါ်ခုလို မှောက်ချလိုက်ပါတယ်.. ပြုတ်ထားတဲ့ ကြက်ဥတွေကို ဘေးနားမှာ အလှဆင်၊ ကြက်သွန်မြိတ်၊ ငရုပ်သီး၊ ကြက်သွန်ဖြူတို့ကို စီရရီလေးထည့်.. ဟော လှလဲလှ စားချင်စဖွယ်လဲဖြစ်တဲ့ ပုန်းရည်ကြီးထမင်းသုပ်ရပြီပေါ့နော်။ အစားအသောက် ပြင်ဆင်ချက်ပြုတ်ရာမှာ အရသာရှိရုံနဲ့ မပြီးသေးပါဘူးတဲ့ .. စားချင်စဖွယ် မျက်စိပသာဒ ဖြစ်ဖို့လည်း လိုပါသေးတယ်တဲ့။ ( ကြည့်ဖူးတဲ့ ကိုးရီးယားကားထဲက စားဖိုမှူးက ပြောတာပါ) :)  :)
နောက်တစ်ပုံ လာထား

ဒါပေမဲ့ ကျွန်မတော့ စားဖိုမှူးပြောတာ လက်ခံပါတယ်.. အပေါ်က ဇလုံကြီးထဲကနဲ့စာရင် ပန်းကန်ပြားလေးထဲက ထမင်းသုပ်က ပိုပြီး စားချင်စဖွယ် မဖြစ်ဘူးလားရှင်။ အရသာချင်း တူဦးတော့တောင် အမြင်လှလှလေးက ပိုပြီး ဆွဲဆောင်မှု ရှိပါတယ်နော်.. ဟုတ်တယ်ဟုတ်း)

ဒီပုန်းရည်ကြီးထမင်းသုပ် ဖြစ်မြောက်ဖို့အတွက်တော့ ပုန်းရည်ကြီးထုပ်၊ မုန့်ဟင်းခါးထုပ်များ၊ အခြားသော စားသောက်ဖွယ်ရာများနဲ့ ကျွန်မအလိုချင်ဆုံး စာအုပ်များကို မဖြစ်ဖြစ်အောင် ရှာပြီး ပို့ပေးသော ချစ်စွာသော အစ်မ မမြသွေးနီကို ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားပါရစေရှင်။

စားကောင်းသောက်ဖွယ်များဖြင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေရှင်။

25 Responses to “ပုဇွန်စတော်ဘယ်ရီ ချိုချဉ်ကြော်”

Flowerpoem said...

အမရေ စားချင်လိုက်တာ ဟင့် ခုတော့ ပုံတွေကိုပဲကြည့်ပြီး သားရေကျနေရတယ်. ..

Sunny said...

ပုစွန်ချိုချဉ်ကြော်နဲ့ ပုန်းရည်ကြီးထမင်းသုပ် စားသွားပြီ.. :)

MDW said...

စားချင်တယ် .... စားချင်တယ် .... စားချင်တယ် ချောရေ ....
လုပ်တတ်လိုက်တာနော်။ ပြင်ဆင်ထားတာလဲ လှတယ်။
စတော်ဘယ်ရီတော့ ဒီမှာပေါ်သေးဘူး။
ပုန်းရည်ကြီးခြောက်မှုန့်တွေ ဗမာပြည်က ပို့ထားလို့ ထမင်းသုပ်လုပ်စားအုံးမယ်။

အစားအသောက်တွေနဲ့နှိပ်စက်နေတယ်။
ဘယ်လိုဖစ်ဖစ်..ချက်နည်းပြုတ်နည်းလေးတွေ
အတွက်..ကျေးဇူးပါ။မမရေ..
ပြန်ရင် သင်တန်းလာတက်မယ်။

ခင်တဲ့
ခိုင်နုငယ်

Rose said...

အစ်မချောရေ...ပာင်း အဆန်းလေး ဖြစ်တဲ့ ပုဇွန်စတော်ဘယ်ရီ ချိုချဉ်ကြော်ကို မြည်းကြည့်သွားတယ်။ ပာင့်...ပုန်းရည်ကြီး မစားရတာ ဘယ်နှစ်နှစ် ရှိပြီလဲ မသိး( ပုန်းရည်ကြီး ထမင်းသုပ်ကို သွားရေကျသွားတယ်။

မချောရာ ... အပြင်သွားနေရလို့ မနက်စာခုမှစားမှာ ..
မစားခင်ဖတ်လိုက်တော့ ပိုလို့ ပိုလို့ စားချင်လာပြီ၊
ဟင်းပြင်ဆင်ထားတာလည်းလှလိုက်တာ .. ပုန်းရည်ကြီးအရမ်းကြိုက်တာ
ပြင်ထားတဲ့ တစ်ပွဲစာကတော့ မ၀ဘူး အများကြီးစားချင်တယ်။
ချစ်တဲ့

Baby taster said...

အယ် သူကလည်းကြွားလိုက်တာနော် :(
မြန်မာမပြောရဘူး ကော်ပီရတယ်ပေါ့ဟုတ်လား:P
ဒါနဲ့ မချက်ခင်ကတည်းက ကြော်ငြာတာ အခုမှ
ဘလောဂ့်ပေါ် ရောက်တယ်။ ဘာအရသာမှ မရှိတော့ဘူး
ပုံထဲက ပန်ကန်တွေထဲမှာ :) ဘလောဂ့်ပေါ်မရောက်
ခင်ကတည်း ခဏခဏ သရေယိုပြီး အရသာ စုပ်ပလိုက်တယ်
ဟဟ ငါကွ။ ပုန်းရည်ကြီး ထမင်းသုပ် တော်တော် စိတ်ဝင်စား
သွားတယ်။ စားချင်စရာလေးနော် ကိုယ်လည်း မြန်မာပီပီ ကော်ပီ
ပါရစေနော် ချော :) မြေပဲဆံက ရစေ့နဲ့ တခြမ်း၊ ကြက်ဥက ၉စိတ်၊
ကြက်သွန်မိတ် တိုရှည်က ၄ပင်၊ ငရုတ်သီးစိမ်း မိသားစုက ၄တောင့်
ကြက်သွန်ဖြူက ၃မွှာနဲ့ အလှဆင်ထားသော ပုန်းရည်ကြီး ထမင်းသုပ်ကို
ကော်ပီပါတယ် ။ နောက်နေ့ လုပ်စားပါ့မယ် :)))) :DDDDD :PPPPPP

Bravo said...

ရန်ကုန်မှာ အဆောင်နေရတဲ့ ကျနော့်အတွက်တော့ အရမ်းကောင်းမဲ့ ဟင်းခွက်တွေ ဖြစ်နေမှာ အမှန်ပဲ မချောရ..

ahphyulay said...

အင်း...
အားလုံးကရှယ်တကာ့ ရှယ်တွေကြီးမို့ 
ရှယ်ရေ.. အဲ .ရှာရည် ကျသွားတယ်ဗျိုး..။

ဗိုက်တောင်ဆာလာတယ်…….။
ချက်နည်းများ သေချာမှတ်သွားကြောင်းးးးးးး
ကြက်သွန်နဲ့ ငရုပ်သီးများနော်……..ဟမ်းးးးးးးးးးးး

ခင်မင်ခြင်းအားဖြင့်…….
ဏီလင်းညို

လုပ်စားကြည့်ဦးမှ ချောရေ ပုံတွေက အတော် ဆွဲဆောင်တယ်ဟ...:)

ချောတို့က လုပ်လိုက်ရင် အဆန်းကြီးပဲ ဆရာ... ဒါပေမဲ့ ပုဇွန်ဟင်းသက်သက် စတော်ဘယ်ရီ သက်သက်ပဲ စားချင်တယ်း)
ပုန်းရည်ကြီးထမင်းသုပ်ကတော့ နက်ဖြန်လုပ်စားကြည့်မယ်နော် ပြီးရင် အကြောင်းပြန်ကြားမယ် ဟဲဟဲ

ပုဇွန်တော့ ဘာနဲ့ချက်ချက် သဘောကျတယ်။
မကြိုက်တဲ့ ကြက်ဟင်းခါးသီးနဲ့ ရောချက်ရင်တောင် ပုဇွန်တော့ ရွေးစားလိုက်တာပဲ။
ပုန်းရည်ကြီးထမင်းသုပ် မြင်တော့ ငယ်ငယ်က ငရုတ်သီးစပ်စပ်နဲ့ သုတ်စားခဲ့တာ ပြန်သတိရမိတယ်။
ပုံတွေအမြင်အရတော့ စားကောင်းမယ့်ပုံပဲ။

ချိုအိမွှေးကြိုင်နေမှာပဲ စားချင်လိုက်တာဗျာာာာာ

လုပ်ပြန်ပြီ
ဟိုး အောက်နားလေးဆီက ရောသမမွှေလေး ရှလွတ်ဖြစ်သွားတယ်
ဒီမှာ ခရီးသွားရင်းလက်စနဲ့ဆိုတော့ အစားဂျီးများတဲ့ညီနဲ့ တွေ့ပြီဗျာ
အဲဒီမှာ မကြီးချောလက်ရာတွေ တွေ့တာပဲ တွေ့တာပဲ..အဲဒါ အဲဒါ..:P

ဒီနေ့ ရုံးမှာအလုပ်များနေလို့ ဘလော့တွေမလည်ဖြစ်ဘူး။ အိမ်ပြန်ရောက် ဖြစ်သလို dinner စားပြီးမှ ည ၁၂ နာရီလောက်မှ online ပေါ်ရောက်...မချော ဘလော့ကိုလဲအဖွင့်

ပုန်းရည်ကြီးထမင်းသုတ် ...ရှလွတ် ရှလွတ်..
ဘာတဲ့... စတော်ဘယ်ရီ ပုဇွန် ချိုချဉ်ကြော်....
ဟင့်...

အိပ်ခါနီးကို ဂယ်ပဲ နှိပ်စက်တယ်..

အမချောရေ...
မြင်ရရုံနဲ့တင် ဘ၀င်ချမ်းမြ စားချင်လှပါပြီ။ ဖားကန့်ကို အလည်လာတဲ့အခါ ချက်ကျွေး သုပ်ကျွေးဖို့ မမေ့နဲ့ဦးနော်။ ဒါပေမဲ့ အမချောကလဲ ဇာတိမှာ သိပ်မြဲပုံမပေါ်ပါဘူး။ ဒါနဲ့။ တင်းပလိတ်တွေ ပြောင်းလို့ပါလား။ မျက်စိတောင် လည်သွားတယ်။ ပြောင်းပြောင်းချင်းဆိုတော့ တစ်မျိုးကြီးဘဲနော် အမ။ အစိမ်းရောင်လွင်ပြင်ဆိုတဲံ နာမည်လေးနှင့် အစိမ်းရောင် တင်းပလိတ်ကလေးနဲ့က မျက်စိထဲ စွဲနေတာလဲ ပါမှာပေါ့လေ။

ပျော်ရွှင်ပါစေ။

ခင်မင်လျက်

noblemoe said...

စတော်ဘယ်ရီနဲ့ မစားဖူးဖူးမမ
ပုန်းရည်ကြည်တော့အကြိုက် ပုန်းရည်ကြည်နဲ့များထမင်းစားရရင် စိတ်ကိုချမ်းသာလို့ တမယ်တည်းနဲ့အဆင်ပြေတယ်လေ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ချိုချဉ်ကြောက်ကိုကြိုက်တယ်ဗျ-စတော်ဘယ်ရီချိုချဉ်ကြော်
ကိုတော့မစားဘူးသေးဘူး-အားရင်ချက်စားကြည့်မယ်-အခုတော့သားရည်ယိုသွားတယ်-
နောက်တစ်ခုကတော့တောင်းတောင်းပန်ပန်နဲ့တောင်းဆိုပါရ
စေခင်ဗျာ-
ကျနော်လည်းစားချင်သလိုတစ်ခြားမြန်မာတွေ
(အထူးသဖြင့်အညာသားတွေ)တောင်းဆိုချင်တာပါ။
အဲဒါကတော့ “ မုန့် ပေါင်း ” လုပ်နည်းကလေးတင်ပေး
ပါလားဗျာ-တော်တော်ကလေးစားချင်လို့ ပါ။
“ ရွှေစင်ဦး ” ကိုလည်းတောင်းဆိုဘူးပါတယ်-
သူမအားဘူးထင်တယ်-မတင်သေးဘူး-
အဲဒါ “ ချောအစိမ်းရောင်လွင်ပြင် ” ကများတင်ပေး
တင်ရင်တင်ပေးပါလားခင်ဗျာ-
အထူးမှတ်ချက်ကတော့ “ ကိုကြီးကျောက် ” ကလည်းစားချင်တယ်လို့ ပြောဘူးတယ်ဗျ-
မယုံရင်မေးကြည့်လိုက်ပါခင်ဗျာ-တကယ်ပြောတာပါ။
ကျေးဇူးတင်လျက်
အညာသားများကိုယ်စား
ဂျစ်တူး(မုံရွာ)

မချောလဲ အချက်အပြုတ်ဝါသနာပါပြီး လက်ရာလဲမြောက်မယ့်ပုံစံရှိတယ်း)
လမ်းကြုံရင်တော့ အိမ်လည်လာဦးမယ်လို့ စဉ်းစားမိသား ဟဲ ဟဲ ... လောလောဆည်တော့ သရေကျပြီး အဝေးကနေ လှမ်းမျှော်သွားပီနော်

မချောရေ.. စတော်ဘယ်ရီ သွားဝယ်ပြီး တစ်ခွက်တော့ ချက်လိုက်ဦးမယ်ဂျာ.. ကျေးကျေးပဲ..

kiki said...

စတော်ဘယ်ရီ ကြိုက်ပါသည် ။ ပုဇွန် လည်း ကြိုက်ပါသည် ။ ဒီ၂မျိုး တွဲဖက်ပြီး ဟင်းချက်တာကို ခုမှ မြင်ဖူး ကြားဖူးပါသဖြင့် ပုံ များ ကို ကြည့်ပြီး .. ဂလု ဂလွတ် ... အစာအိမ်မှ အက်ဆစ်ဓါတ်များ အထွက်များလာပါသဖြင့် ..လောလောဆယ် ကိုယ့်ရှေ့ တွင်ရှိနေသော ရေ တခွက် ကို အမြန်ဆုံးသောက်ပြီး စိတ်ဖြေလိုက်ရပါသည် ...၊
( ဒါတောင် ပုန်းရည်ကြီးထမင်းသုပ် ၊မကြည့်ရသေးဘူး နော်၊ နောက်ထပ် ရေတခွက် အမြန်သွားခပ်ထားအုံးမှပဲ .. ) ..း))

ခင်တဲ့ မကိ

လာထား...တစ်မျိုးပြီးတစ်မျိုး :) အကုန်လုံးဝါးမယ် တယ်တဲ့တယ်... :)

ခင်တဲ့(ဖိုးကြယ်)

ပို့စ်ဖတ်ရင်း ရှလွတ် ကနဲ ဖြစ်ရပါကြောင်း။
ပုန်းရည်ကြီးထမင်းသုတ် ချဉ်၊ ငန်၊စပ်လေး လုပ်စားမယ်..။

တော်တော်နှိပ်စက်တဲ့..ချော..။

P.S : ဘလော့စပေါ့နှင့်ကွန်မန့်အခုလို လွယ်လွယ်ကူပေးနိုင်တာ ချောရဲ့ ဆိုက်တခုပဲရှိတယ်ချောရေ..။ မိုက်သဟ !

ပုန်းရည်ကြီးထမင်းသုတ် မစားဖူးဘူး ...
သုတ်စားဦးမယ် ... ဟ ဟ
မိုက်တယ် ရှယ်ပဲ .......

(ဒါနဲ့ စကားမစပ် အမရေ my love cafe က ကိုသိင်္ဂါရကို မှတ်မိမလား ... သူက MLC ကလူတွေ ပြန်စုချင်လို့တဲ့ )