နှစ်သစ်ဆုတောင်း


ချစ်ခင်ရပါသော ဘလော့ရေးဖော် မိတ်ဆွေများ၊ အလည်လာ စာလာဖတ် ကြသူများ ၊ ရောက်လာကြသူများ အားလုံး မင်္ဂလာရှိတဲ့ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါရစေရှင်.. တစ်နှစ်ကုန်ဆုံးသွားပြီးတော့ နှစ်တစ်နှစ် စချိန်မှာ အားလုံးဟာ မျှော်လင့်ချက် အသစ်တွေနဲ့ တက်ကြွနေကြမှာတော့ အမှန်ပါဘဲနော်... ဘယ်လိုဘဲ ဖြစ်ဖြစ် နှစ်သစ်ကူးတဲ့ရက်ဆိုရင်တော့ စိတ်ထဲမှာ ခါတိုင်းနဲ့ မတူ အနည်းငယ်လေးတော့ဖြစ်ဖြစ် ထူးထူးခြားခြား ခံစားမိကြမှာပါ။ ဒီလိုထူးခြားတဲ့ နေ့လေးမှာ ကျွန်မခင်မင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းများ၊ ဘလော်ဂါများ၊ စာလာဖတ်ကြတဲ့ မိတ်ဆွေများ အားလုံး ဘ၀ရဲ့ ချိုမြိန်ခြင်း အသီးအပွင့်တွေကို ဆွတ်ခူးနိုင်ပါစေ.... စိတ်ရောကိုယ်ပါ ကြည်လင် ချမ်းမြေ့ပါစေ.. အောင်မြင်ပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ... စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒအားလုံးပြည့်ဝကြပါစေ... နေ့ရက်တိုင်း အဓိပ္ပါယ်ပြည့်ဝသော ရှင်သန်ခြင်းဖြင့် ဘ၀ကို ကျော်ဖြတ်နိုင်ပါစေ... ကံကောင်းခြင်းတွေနဲ့ ပြည့်စုံပါစေ လို့ နှစ်သစ်ဆုတောင်းလေး ပေးပါရစေရှင်။

ကုန်လွန်ခဲ့တဲ့ ၂၀၁၀ကတော့ ကျွန်မအတွက် အပြောင်းအလဲ ကြီးကြီးမားမား မရှိတဲ့နှစ်လို့ ပြောရမှာပါ။ ထူးခြားတာဆိုလို့ ကျွန်မဒီဘလော့လေးကို လုပ်ဖြစ်ခဲ့ပြီး ဒီဘလော့နဲ့ပတ်သက်ပြီး စိတ်ခံစားမှုများစွာ ရှိခဲ့သလို  ပျော်ရွှင်ကြည်နူးမှု များစွာကို ရခဲ့ပါတယ်.. ဒါကြောင့်လည်း ၂၀၁၀ဟာ စာတွေအများကြီး ရေးဖြစ်တဲ့နှစ် ဖြစ်တဲ့အတွက် ထူးခြားမှုတစ်ခုလို့ ပြောရမှာပါ။ စာရေးရင်းနဲ့ မိတ်ဆွေကောင်းတစ်ချို့ကိုလည်း ရရှိခဲ့ပါတယ်.. စာရေးဖော် ဘလော်ဂါများနဲ့လည်း စာတွေ ဖတ်ကြရင်း ဘလော့်ပေါ်ကနေ ရင်းနှီးနွေးထွေးခွင့်ရခဲ့သလို စာလာဖတ်ကြသူတွေဆီက ရခဲ့တဲ့ တုံ့ပြန်သံလေးတွေကလည်း ကျေနပ်ဖို့ကောင်းစွာ ကျွန်မအတွက် အမှတ်ရစရတွေဖြစ်ခဲ့ပါတယ်.. ဒီအတွက်တော့ ၂၀၁၀ကို ကျေးဇူးတင်ပါတယ်.. ဘာဘဲဖြစ်ဖြစ် နှစ်တစ်နှစ်တော့ ကုန်ဆုံးခဲ့ပါပြီ။ ကျွန်မအတွက် ထူးထူးခြားခြား ဘာမှ မလုပ်ဖြစ်ပေမဲ့ ကျွန်မနေတဲ့ မြို့ကလေးမှာတော့ နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ မီးရှူးမီးပန်းတွေလွှတ် ဗျောက်အိုးတွေဖောက်နဲ့ တစ်မြို့လုံး ဆူညံနေခဲ့ပါတယ်.. မီးပန်းတွေ ကြည့်ရတာလည်း  အနက်ရောင် ကောင်းကင်ကြီးရဲ့ အောက်မှာ အရောင်စုံတဲ့ မီးပန်းတွေကြောင့် စိတ်လှုပ်ရှားဖို့ကောင်းလှသလို၊ လှလည်းလှပြီး အတော့်ကို ပျော်စရာကောင်းပါတယ်.. ဒါကြောင့် ကျွန်မလဲ ဖုန်းကင်မရာလေးနဲ့ ကောင်းကင်ထက်က မီးပန်းတွေကို ဓာတ်ပုံ ရိုက်ယူထားမိပါတယ်.. အဲဒီပုံလေးတွေထဲက တစ်ချို့ကို ပြန်လည်မျှဝေချင်ပါတယ်ရှင်… 

မီးရောင်စုံဖြာ ကောင်းကင်မှာ

လင်းလက်ကောင်းကင်

မီးပန်းတို့ရဲ့ ပေါက်ကွဲသံစဉ်

ရောင်စဉ်ယှက်ဖြာ


နှစ်သစ်ဦးညလယ်ယံ


ဒါကတော့ ကျွန်မနေတဲ့ မြို့ကလေးမှာ နှစ်သစ်ကူးညရဲ့ နှင်းမှုန်လေးတွေကျနေပုံပါ။

သူများတွေလို နှင်းဖြူဖွေးဖွေးတွေကျတာမဟုတ်ဘဲ မှုန်မွှားမွှားနှင်းကလေးတွေ ကျတာမျိုးပါ။

 
 ဒီပိုစ့်လေးနဲ့အတူ ကျွန်မရဲ့ ဘလောဂ့်ကို အမြဲတမ်းအလည်လာပြီး စာလာဖတ်ကြသူများ၊ ကျွန်မဘလော်ဂ့်ကို လင်ခ့်ချိတ်ထားကြတဲ့  မိတ်ဆွေဘလော်ဂါများကို တစ်ခုပန်ကြားလိုတာက ကျွန်မဘလော်ဂ့်ဟာ Wordpress ကနေ အခုဒီ Blogger ကို ပြောင်းလိုက်တာ ဖြစ်တဲ့အတွက် အရင်လင့်ခ် ချိတ်ထားတဲ့ ဘလော့ဂ်တွေမှာ ပိုစ့်အသစ်တင်တိုင်း Update မပြတော့ဘဲ ဖြစ်နေပါတယ်.. ဒီအတွက် ယခင်ချိတ်ထားတာကို ဖြုတ်ချပြီး ဒီလင့်ကိုဘဲ နောက်တစ်ကြိမ်ပြန်လည် ချိတ်ပေးကြဖို့ အနူးအညွှတ် တောင်းပန်ပါရစေ.. ဘလော့လိပ်စာ ပြောင်းသွားတာ မဟုတ်ပေမဲ့ လင်ခ့်ကို အသစ်ပြန်ချိတ်မှသာ ပိုစ့်အသစ်တင်တိုင်း Update ဖြစ်မှာမို့လို့ပါရှင်။ အလုပ်ရှုပ်သွားစေခဲ့ရင် အနူးအညွှတ် တောင်းပန်ပါတယ်ရှင်။ အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့တဲ့ နှစ်သစ်ဖြစ်ကြပါစေနော်။ ၂၀၁၁ကို ကြည်လင်ရွှင်လန်းစွာ ကြိုဆိုနှုတ်ခွန်းဆက်ကြပါစို့ရှင်။ အားလုံးအတွက် Happy New Year ပါ။


ချစ်ခင်စွာဖြင့်



                                              

21 Responses to “နှစ်သစ်ဆုတောင်း”

ဟက်ပီးနယူးယီးယားပါမကြီးချောရေ..
သူတို့မြို့လေးမှာ မီးရှူးတွေ ဝေဆာနေသလို
ကျနော်တို့ အဆောင်မှာလည်း ကျောင်းသားတွေ
စုပြီး ကခုန်နေကြတာ..အခန်းထဲအောင်းနေတာတောင် နားတွေ ကွဲတော့မယ်..:(
ကဲကဲ..
၂၀၁၁ ဆိုတဲ့ နှစ်နဲ့အညီ နှစ်သစ်မှာ လူသစ်၊စိတ်သစ်၊
အမြင်သစ်၊ အတွေးသစ်၊ဘ၀သစ်၊ယုံကြည်ချက်အသစ်၊
အားအင်အသစ်တွေနဲ့အတူ မီး(၁၁)ပူကင်းပြီး ပျော်ရွှင်ဖွယ်နှစ်လေးဖြစ်အောင် တူတူဆုတောင်းလိုက်ကြရအောင်နော်..ပြီးတော့
လက်တွေ့ဆုံးဖြတ်ထားတဲ့အတိုင်း အကောင်ထည်ဖော်ကြပါစို့..။

mr.ck said...

ဘယ်သူမှမပေးသေးခင်...ပျော်ရွှင်ဖွယ်ရာနှစ်သစ်ဖြစ်ပါစေအမ။မပြည့်သေးသောဆုတောင်းများလဲပြည့်ပါစေ။
ပြည့်သောဆုများလဲတည်တန့်ခိုင်မြဲပါစေ။ကိုယ်၏ကျန်းမာ
ခြင်းစိတ်၏ချမ်းသာခြင်းကော်နက်ရှင်၏ကောင်းခြင်းနဲ့လဲ
ဖြစ်ပါစေခင်ဗျား။

rose said...

Happy New Year to you, sis.... ပျော်ရွှင်တဲ့ နှစ်သစ်လေး ဖြစ်ပါစေ အစ်မချောရှင့်...။ ဓာတ်ပုံလေးတွေ လှတယ်း)

JUSTICE999BURMA said...

ဟက်ပီးနယူးရီးယား အစ်မ...

နှစ်သစ်မှာ ပျော်ရွင်ပါစေ....

PhyoPhyo said...

Ma Chaw,
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤

♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......

Shinlay said...

ပျော်ရွှင်ချမ်းမြေ့ပြီး ကျန်းမာရွှင်လန်းစွာဖြင့် နှစ်သစ်ကို
ဖြတ်သန်းနိုင်ပါစေ.....ဆုတောင်းပေးပါတယ်။

မချောရေ.... ပျော်ရွှင်ချမ်းမြေ့သာယာစေမဲ့နှစ်သစ်ဖြစ်ပါစေရှင်။

မင်္ဂလာနှစ်သစ်ပါ ချောညီမရေ...
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနှင့် စာတွေအများကြီး ဆက်လက်ရေးသားနိုင်ပါစေလို့ ဆုမွန်ချွေလိုက်ပါ တယ်..။

nyeinsoe said...

2011- ခုနှစ် ၊ နှစ်သစ်နှင့်အတူ ...
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ ...
ငြိမ်းစိုးဦး

ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ
မျှော်လင့်ချက်အသစ်နဲ့ စိတ်ညစ်ဖွယ် ခံစားချက် အဟောင်းတွေကို ချန်ရစ်ပြီး တက်ကြွစွာ စာဖတ်သူအကျိုးရှိစေမယ့် စာတွေ ဆက်ရေးနိင်ပါစေ။
၂၀၁၁ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေဗျာ။

ညီမလေး said...

အကောင်းဆုံးတွေ သယ်ဆောင်လာပေးမဲ့ နှစ်သစ်ဖြစ်ပါစေချောရေ....

Sunny said...

Happy New Year မမချော..

ဟန်နာ said...

ရည်မှန်းချက်တွေ၊ ဖြစ်ချင်တာတွေ အကုန်လုံး အထမြောက်နိုင်တဲ့ နှစ်လေးတစ်နှစ်ဖြစ်ပါစေရှင်။ ပျော်ရွှင်မှုတွေ အများကြီးရပြီး စာတွေလည်း ဒီထက်မ က ရေးနိုင်ပါစေ....
အမ ဘလော့ဂ်ကို comment မချန်ခဲ့မိပေမယ့် ၀င်ဖတ်
်ဖြစ်ပါတယ်။ ဟန်နာ့ အမေလည်း ဘလော့ဂ် မရေးပေမယ့် အမဘလော့ဂ်ကိုတော့ အမြဲဝင်
ဝင်ဖတ်တယ်လေ။ နောက်ထက်လည်း ဒီထက်မက စာတွေရေးနိုင်ပါစေနော်.. :)

Anonymous said...

မင်္ဂလာရှိသော နှစ်သစ်လေးဖြစ်ပါစေ။


ခင်မင်စွာဖြင့်
Baby taster

SHWE ZIN U said...

ညီမ ချောရေ

မင်္ဂလာနှစ်ကူးပါ ကွန်မကောင်းလို့ လာမလည်ရတာ ညီမ ရေ ဒီနေ့မှ ရတယ်
စာတွေ စုဖတ်သွားတယ် လင်ခ် လည်း ပြောင်းချိတ်ပေးမယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နှစ်သစ်ဆုတောင်း ပို့ပေးတာ ကျေးဇူးတင်ကြောင်း မပြောရသေးလို့ လာပြောတယ် ချောရေ ...

အစိမ်းရောင် မင်းသမီးလေး ချောလဲ မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ နှစ်သစ် ဖြစ်ပါစေ ... ။
စာကောင်းပေမွန်လေးတွေလဲ ဆက်လက် ရေးသားနိုင်ပါစေ ...
ဖွယ်ဖွယ်ရာရာ ဟင်းလျာလေးတွေလဲ ဒီထက် ပိုချက်ပြီး စာဖတ်သူတွေ သွားရည်ကျအောင် တင်နိုင်ပါစေ ...
ကောင်းနိုးရာရာ ဘာသာပြန်လေးတွေလဲ မျှဝေတင်ပြ နိုင်ပါစေ ...
ကောင်းကျိုးလိုရာ ဆန္ဒတလုံးတ၀ ပြည့်စုံပါစေ ...

Anonymous said...

ချောချော
မင်္ဂလာနှစ်သစ်ပါဗျာ ကွန်မကောင်းလို့ နောက်ကျသွားပါကြောင်း
နှစ်သစ်မှာ ပို့စ်တွေ အများကြီးရေးပေးနိုင်ပါစေ

ခင်မင်တဲ့
seesein

မမနေတဲ့ မြို့လေးက လှလိုက်တာ။
ပျော်ရွှင်ဖွယ် မင်္ဂလာနှစ်သစ်ပါ မမ။ ထာဝစဉ်ပျော်ရွှင်ချမ်းမြေ့ပါစေး)

အစ်မချောရေ...
မင်္ဂလာနှစ်သစ်ပါနော်။ အစ်မရဲ့ နှစ်သစ်ဆုတောင်းလေးအတွက်လည်း ကျေးဇူးပါ။ ကော်နက်ရှင်ကြောင့် ဒီနေ့မှပဲဝင်လို့ရလို့ နောက်တောင်ကျနေပြီထင်ပါတယ်။ ပုံလေးတွေအရမ်းလှတယ်။ မီးရှူးမီးပန်းလေးတွေကြည့်ပြီး တကယ်ကို စိတ်ချမ်းမြေ့သွားတယ်။ တစ်ခေါက်လောက်တော့ အစ်မတို့မြို့ကို လာလည်ချင်ပါသေးတယ်။ “အစ်မချောလည်း စာတွေအများကြီးရေးနိုင်ပါစေ”

ခင်မင်စွာဖြင့်...

မမ....ဆုတောင်းတာ နောက်ကျနေပေမယ့် စေတနာကတော့ နောက်မကျပါဘူးနော်။ ~~~ငါ့အစ်မတစ်ယောက် ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ပြီးပြည့်စုံသောနှစ်သစ်ကို ရရှိပိုင်ဆိုင်နိုင်ပါစေ~~~လို့

မမရဲ့ညီမလေး