ဇောက်ထိုးသစ်ပင်နှင့် ကမ္ဘာ့အကြီးဆုံးသစ်ပင်

ဇောက်ထိုးသစ်ပင်

ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း အပင်တွေထဲကမှ ဇောက်ထိုးပေါက်နေတဲ့ ပုံသဏ္ဍာန်ဖြစ်နေတဲ့ သစ်ပင်များ၊ ကမ္ဘာ့အကြီးဆုံးသစ်ပင်နဲ့ ပင်စည်မှာ ပြွတ်သိပ်စွာသီးတတ်တဲ့ ခရမ်းရောင် ဘရာဇီလ်း စပျစ်သီးခေါ် Jabuticaba အသီး အကြောင်း ပြောပြချင်ပါသေးတယ်ရှင်.. အောက်ကပုံတွေမှာကြည့်ပါနော်..

Amazing Baobab Tree or Upside-Down Tree
လမ်းဘေးဝဲယာ
Amazing Baobab Tree or Upside-Down Tree
Baobab ခေါ် ဇောက်ထိုး သစ်ပင်ဟာ အာဖရိက၊ သြစတြေးလျနဲ့  အီကွေတာတစ်ဝိုက်မှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်.. မြင်ရတဲ့ အတိုင်းပါဘဲ ရုတ်တရက်ကြည့်လိုက်ရင် သစ်ပင်ကိုဇောက်ထိုးပြောင်းပြန် လှန်ထားတာနဲ့ ဆင်တူပါတယ်.. ဒီသစ်ပင်ဟာ အမြင့်ပေ၁၆ပေမှ ၉၈ ပေအထိ ရှိနိုင်ပြီး ပင်စည်လုံးပတ်ဟာ ၂၃ပေမှ ၃၆ပေအထိ ကြီးထွားတတ်ပြီး နှစ်ပေါင်းထောင်နဲ့ ချီကြာအောင် အသက်ရှင်ကြတယ်လို့ သိရပါတယ်.. တစ်နှစ်မှာ ၉လခန့် သစ်ရွက်တစ်ရွက်မှ မရှိဘဲ ပင်စည်နဲ့ သစ်ကိုင်းတွေသာ ခြောက်သွေ့စွာ ရှိတတ်ပါတယ်…. သို့သော်လည်း ပင်စည်အတွင်းမှာတော့ ရေဂါလံပေါင်းများစွာ သိုမှီးထားနိုင်တယ်လို့ သိရပြီး မီးလောင်ဖို့ ခက်ခဲတဲ့အပင်လည်း ဖြစ်ပါတယ်.. .. Baobab တစ်ပင်လုံးဟာ အသုံးဝင်ပြီးတော့
ပင်စည်မှာရှိတဲ့ သစ်ခေါက်ဟာ  အ၀တ်အထည် ယက်လုပ်တဲ့နေရာနဲ့ ကြိုးတွေ အဖြစ်အသုံးပြုပါတယ်.. ၄င်းအပင်ရဲ့ အရွက်တွေကိုတော့ ဆေးဝါးအဖြစ်လည်းကောင်း၊ ဟင်းခတ်ရာတွင်လည်းကောင်း အသုံးပြုလေ့ ရှိကြပါတယ်.  monkey bread လို့တဲ့ အသီးကိုတော့ စားလို့ရပါတယ်..  ကြီးမားလှတဲ့ ပင်စည်ကြီးဟာ အခေါင်းပေါက်ကြီး ဖြစ်နေတတ်တာကြောင့် ကျယ်ဝန်းလှတဲ့အတွက် တိရိစ္ဆာန်နဲ့ လူတစ်ချို့က ၀င်ရောက် နေထိုင်နိုင်တတ်ကြပါတယ်..

Amazing Baobab Tree or Upside-Down Tree
အသီးသီးတဲ့ ချိန်ခါ


Amazing Baobab Tree or Upside-Down Tree
အရွက်တွေဝေတဲ့ကာလ


Amazing Baobab Tree or Upside-Down Tree
တစ်ပင်ထီးတည်း


Baobab avenue by Taishi.M
လှတဲ့ ရှုခင်းနဲ့အတူ



ပုလင်းသစ်ပင်


Teapot baobab
ပုလင်းကြီးတစ်လုံးနဲ့ ဆင်ဆင်တူ


Toilet inside a baobab tree
ရက်ရက်စက်စက် Toilet အဖြစ် ဖန်တီးထားခြင်းခံရတဲ့ အပင်ကြီး

ကြီးမားတဲ့ပင်စည်ကြီးနဲ့ လူနေတဲ့ အခေါင်းပေါက်

ပင်စည်ကြီးများထွားကြိုင်းသလောက် အခက်အလက်နဲ့ သစ်ရွက်များ နည်းပါးလှတာကြောင့် ကြည့်ရတာ ထူးဆန်းပြီး တစ်မျိုးဆွဲဆောင်မှု ရှိတဲ့ အပင်ဖြစ်ပါတယ်.. ဒေသခံတို့ရဲ့ ဒဏ္ဍာရီစကားအရ ၄င်း အပင်ဟာ ကမ္ဘာမြေကြီးပေါ်မှာ ပထမဦးဆုံး ပေါက်လာတဲ့အပင်ဖြစ်ပါတယ်တဲ့.. နောက်ထပ် ပေါက်လာတဲ့ အခြားသော အပင်တွေကို မနာလိုဖြစ်ပြီး အဲဒီအပင်တွေအတိုင်းဖြစ်ဖို့ ဘုရားသခင်ကို တစ်ခုပြီးတစ်ခု တောင်းဆိုရာမှ ဘုရားသခင်က စိတ်ဆိုးပြီး ၄င်းအပင်ကို ဆွဲနှုတ်ပစ်ကာ ဇောက်ထိုးဖြစ်အောင် ပြန်စိုက်ထားတယ်လို့ ပါးစပ်ရာဇ၀င်တွေနဲ့ ပြောဆိုနေကြတုန်းပါဘဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကမ္ဘာ့အကြီးဆုံး သစ်ပင်



Sequoia National Park - The General Sherman Tree

The General Sherman tree


အထက်က ပုံမှာ ဖော်ပြထားတဲ့ သစ်ပင်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ သတ်မှတ်ထားခြင်းခံရတဲ့ General Sherman လို့ အမည်ပေးထားတဲ့ သစ်ပင်ကြီးဖြစ်ပါတယ်..

general sherman tree photo

အမြင့် ၂၇၅ပေရှိပြီး အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ရှိ Sequoia အမျိုးသားဥယျာဉ်တွင်းမှာ ထိန်းသိမ်းထားရှိတဲ့အပင် ဖြစ်ပါတယ်.. ပင်စည်ကြီးမား ထွားကြိုင်းတာကြောင့် ကမ္ဘာ့အကြီးဆုံး သစ်ပင်ရယ်လို့ သတ်မှတ်ခံရတဲ့အပြင် အသက်အကြီးဆုံး သစ်ပင်စာရင်းမှာပါ ပါဝင်နိုင်လောက်အောင် အပင်ရဲ့ သက်တမ်းဟာ့  နှစ်ပေါင်း ၂၃၀၀ မှ ၂၇၀၀ အတွင်း ရှိနိုင်တယ်လို့ ယုံကြည်ကြပါတယ်.. ဒီသစ်ပင်ကြီးကို ပထမဦးဆုံး လေ့လာတွေ့ရှိခဲ့သူ General William Tecumseh Sherman ကို အစွဲပြုပြီး ၄င်းအပင်ကြီးကို General Sherman လို့ အမည်ပေးခဲ့ကြပါတယ်.. အလေးချိန် ၁၃၈၅တန်ခန့် ရှိပြီး ပင်စည်လုံးပတ်မှာ ၃၆ပေခွဲခန့် ကြီးမားပါတယ်.. ပင်စည်လုံးပတ်မှာ နှစ်စဉ် တစ်နှစ်ကို ၀.၄လက်မခန့် ကြီးထွားနေဆဲ ဖြစ်ပါတယ်..

Sherman Tree

Specifications


Height above base274.9 ft83.8 m
Circumference at ground102.6 ft31.3 m
Maximum diameter at base36.5 ft11.1 m
Diameter 4.5 ft (1.4 m) above height point on ground25.1 ft7.7 m
Diameter 60 ft (18 m) above base17.5 ft5.3 m
Diameter 180 ft (55 m) above base14.0 ft4.3 m
Diameter of largest branch6.8 ft2.1 m
Height of first large branch above the base130.0 ft39.6 m
Average crown spread106.5 ft32.5 m
Estimated bole volume52,508 cu ft1,487 m3

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘရာဇီးလ် စပျစ်သီး ခေါ် Jabuticaba


Jabuticaba
သစ်ပင်ပေါ်မှာ ဘာတွေလဲ
Jabuticaba - A Tree that Fruits on its Trunk
ရုတ်တရက်ကြည့်ရင် ဂြိုလ်သားတွေ ဖန်တီးထားသကဲ့သို့ ထူးဆန်းစွာဖြင့် သစ်ပင်ကြီးတစ်ခုလုံး အကောင်တွေ တက်နေတယ်လို့ ထင်ရလောင်အောင် ပင်စည်ပေါ်မှာ ပြွတ်သိပ်စွာသီးတတ်တဲ့ အသီးတစ်မျိုးက ဘရာဇီးလ်စပျစ်သီးခေါ် Jabuticaba ဖြစ်ပါတယ်.. ဘရာဇီလ်းနိုင်ငံတွင် အထူးထင်ရှားသောအသီး ဖြစ်သောကြောင့် ဘရာဇီးလ်စပျစ်သီးဟု ခေါ်ဆိုကြသော်လည်း  ပါရာဂွေး၊ အာဂျင်တီးနားနဲ့ ဘရာဇီးလ်စတဲ့ တောင်အမေရိက ဒေသတစ်ဝိုက်မှာ ပေါက်ရောက်တဲ့အပင် ဖြစ်ပါတယ်… အရည်ရွှမ်းတဲ့ အသီးဖြစ်ပြီး ရင့်မှည့်ချိန်မှာ ခရမ်းရင့်ရောင် ရှိကာ အပင်ကနေ ခူးဆွတ်ပြီး အလွယ်တကူ စားသုံးနိုင်ပါတယ်.. ချိုသောအရသာရှိပြီး ဂျယ်လီပြုလုပ်ရာတွင် ပါဝင်ပစ္စည်းအဖြစ် ထည့်သွင်းအသုံးပြုကြပါတယ်.. အပင်ပေါ်တွင် ရင့်မှည့်နေသော အသီးကို ခူးဆွတ်ပြီးပါက ၃ရက်ခန့်အကြာတွင် ၄င်းအသီးများဟာ အချဉ်ပေါက်စ ပြုလာတတ်တဲ့အတွက်လည်း ကြာရှည် အထားမခံသောအသီး ဖြစ်တာကြောင့် အမြန်ဆုံး ယိုထိုးခြင်း၊ ဖျော်ရည်အဖြစ် ပြုလုပ်ရောင်းချခြင်းနဲ့ ၀ိုင်၊ အရက်အပြင်းစား စသည်တို့ကိုလည်း ချက်လုပ်ကြပါတယ်..



Jabuticaba ဖျော်ရည်ပုလင်း



Jabuticaba ယိုနှင့် အသီး



အကောင်တွေ တွယ်တက်နေသလို


အပင်တစ်ပင်ကြီးထွားလာဖို့ နှစ်များစွာ စောင့်ဆိုင်းရသော်လည်း အသီးသီးလာချိန်မှာတော့ တစ်ပင်လုံးပြွတ်အောင် သီးတတ်တာမို့ စိုက်ပျိုးထားသူများအတွက် အချိန်ကုန်ခံရကျိုးနပ်စေပြီး စိတ်ကျေနပ်မှု ရစေပါတယ်..   စွတ်စို၍ အက်စစ်ဓာတ်ရှိသော မြေအမျိုးအစားကို နှစ်သက်ပြီး တစ်နှစ်ကို ၂ကြိမ် အပွင့်ပွင့်တတ်ပါတယ်.. အပွင့်ပွင့်ဖို့အတွက် ရိုးတံရှိစရာမလိုဘဲ ပင်စည်ပေါ်နဲ့ သစ်ကိုင်းတွေပေါ်မှာတင်ဘဲ  ပွင့်လာတာဖြစ်ပါတယ်..


Jabuticaba - A Tree that Fruits on its Trunk
ပင်စည်ကနေ ဖောက်ထွက်လာဟန်



ပင်စည်နဲ့ သစ်ကိုင်းပေါ်မှာ ပြည့်အောင်ပွင့်တဲ့ပန်း


Jabuticaba - A Tree that Fruits on its Trunk
ပင်လုံးညွှတ်ဝေ



အသည်းယားစဖွယ်အသီးမှည့်များ



ခူးဆွတ်ထားတဲ့ အသီးများ



အမှည့်တစ်ဝင်းဝင်း




အပင်ကို ရေအမြဲတမ်းလောင်းပေးပြီး စနစ်တကျ စိုက်ပျိုးထားပါက တစ်နှစ်ပတ်လုံး အသီးအပွင့်များ မပြတ်အောင် သီးတတ်တဲ့အပင်မျိုးဖြစ်ပါတယ်.. အသီးအရွယ်အစားသည် ၄စင်တီမီတာခန့် ရှိပြီး အတွင်းတွင် အစေ့ကြီး ၄ခုခန့် ပါရှိပါတယ်.. အသီး၏ အတွင်းသားကို စားသုံးပြီး အခွံကို အခြောက်ခံကာ ပန်းနာရင်ကြပ်ရောဂါနဲ့ ၀မ်းပျက်ဝမ်းလျှောရောဂါတို့ကို ကုသရာတွင် အသုံးပြုကြပါတယ်.. အာသီးယောင်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်.. ထို့အပြင် ၄င်းအသီးမှာ ကင်ဆာကို တိုက်ဖျက်နိုင်သော ဓါတ်ပေါင်းများကိုလည်းတွေ့ရှိရပါတယ်.. ထို့ကြောင့်လည်း ထူးဆန်းတဲ့ ပုံသဏ္ဍာန်ရှိသော်လည်း ဆေးဘက်ဝင်ပြီး အသုံးတည့်သော အပင်တစ်မျိုးဖြစ်ပါတယ်..


ထူးထူးဆန်းဆန်းအပင်တွေအကြောင်း ဒီလောက်နဲ့ ရပ်ပါမယ်နော်.. နောက်တစ်ကြိမ်မှ ထူးဆန်းတာလေးတွေ ရှာဖွေတင်ပြပါဦးမယ်… အားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့သော တနင်္ဂနွေနေ့လေး ဖြစ်ကြပါစေရှင်…







Source from Funzug.com and Google
http://www.peregrinatrix.com/2006/09/24/jabuticaba/
http://en.wikipedia.org/wiki/General_Sherman_%28tree%29

31 Responses to “ဇောက်ထိုးသစ်ပင်နှင့် ကမ္ဘာ့အကြီးဆုံးသစ်ပင်”

အန်....ဒီတခါ ကျွန်တော်က ၁ ပါလား...။မချောကလေ..ရှာဖွေရေး အရမ်းကောင်းတာပဲ...။
စောက်ထိုးသစ်ပင်ကြီးတွေက ချစ်စရာကြီးတွေဗျနော်...။သူတို့ကြည့်ရတာ လူ(ဒါမှမဟုတ်)အကောင်တစ်
ကောင်ကောင်လို ခံစားရတယ်...။ဘရာဇီးစပျစ်သီးတွေကိုတော့ အသဲယားတယ်ဗျိုး...။အပွင့်လေးတွေ
ကတော့ သဘောကျစရာ...။

မချောရေ ... ဇောက်ထိုးသစ်ပင်ကို အနီးကပ်ရိုက်ပြတော့ ထူးဆန်းပြီး ကြောက်စရာ ကောင်းသလိုဘဲနော် ..

နောက်ပြီး ဘရာဇီး စပျစ်သီးတွေကြည့်ပြီး ကြက်သီးတောင် ထမိတယ် .. အသည်းယားလို့  ..
ဘာဘဲပြောပြော မျှဝေပေးတာ တိုင်းကျူးဘစ်ဘစ်ပါနော် ..

shwezinu said...

ညီမ ချောရေ

ဗဟုသုတ ရစရာလေးတွေ အတွက် ကျေးဇူး အဲဒီသစ်ခေါင်းပေါက် အိမ် နဲ့ နေကြည့်ချင်လိုက်တာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ahphyulay said...

အင်း ...
သိပ်ကောင်းတာပဲဗျာ ၊ ဖတ်လို့  ..။
ဒီလောက်အံသြစရာကောင်းတဲ့ အပင်မျိုး တစ်ခါဘူးမှ မမြင်မကြားဘူးခဲ့ ရိုးအမှန်ပါ။
ရှာရှာဖွေဖွေ တင်ပြပေးလို့  ကျေးဇူးပါပဲ ။
( လိုက်မမှီရင် မော်ဒန်ပဲ လို့  ပြောတတ်သလို မော်ဒန် အပင်ကြီးတွေပေါ့ နော် )

အကြီးကြီးပဲ သစ်ပင်ကြီးတွေက ။ အသီးတွေတော့မစားရဲဘူးဗျ ကြက်သီးထစရာကြီးး ဟဟား။

ဒီက Bottle Tree လို့ ခေါ်ကြတဲ့ အပင်မျိုး ထင်တယ်ချောရေ၊ အပင်တွေကို အဝေးက မြင်ရတဲ့ ရှုခင်းလေးက လှလိုက်တာနော်၊ ဘရာဇီး စပျစ်တွေကို မြင်ရတာ ကြက်သီးတွေတောင် ထမိတယ် အသည်းယားလို့...။

ယွန်း said...

ဘရာဇီး စပျစ်သီးတွေကိုကြည့်ရတာ အသဲယားစရာကြီးနော် ...ကုတ်ဖဲ့ပစ်ချင်စရာကြီး...:)))

သစ်ပင်ကြီးတွေက မိုက်တယ် ။ အိမ်မှာစိုက်ထားချင်တယ်း)
ဘရာဇီးစပျစ်သီးကလဲ မြင်ရတာနဲ့တင်လန့်စရာ.. စားရမှာမရဲလိုက်တာ ..

seeseinshinss said...

ချောချော ရေ ရှာဖွေလေတွေ့ရှိလေတွေဖတ်သွားတယ်နော်
ဇော်ထိုးသစ်ပင်ထဲနေကြည့်ချင်တယ်ဗျ အတွေးတွေပါ ဇောက်ထိုးဖြစ်ကုန်အောင်လို့လေ
ဒါဆို တည့်ရောပေါ့ နော
ခင်မင်တဲ့

ဟမ်..
ဇောက်ထိုးတွေချည်းပါလား..
ဒါနဲ့ လူကော အဲလို ရှိရင် နောက်ဆက်တွဲလေး လုပ်ပါအုံး
(ကြော်ငြာ) အကယ်၍ ဇောက်ထိုးလူ မရှိပါက မေပယ်လ်မှ ဇောက်ထိုးလူအဖြစ်
အခမဲ့ မော်ဒယ်လုပ်ပေးပါမယ့်အကြောင်း:D:DD

babytaster said...

ချောရေ....
ရှာဖွေလေ တွေ့ ရှိလေပေါ့နော့
နောက်လည်း ရှာရှာဖွေဖွေတင်နော်း)
အပင်တွေက တော်တော်ထူးဆန်းတယ်
တော်တော် အရုပ်ဆိုးတဲ့ အပင်တွေ
ကြည့်ရတာ မလှလိုက်တာကွယ်

ကြောက်စရာကောင်းလိုက်တာ
ဘာရာဇီးစပျစ်မစားရဲအောင်ပါပဲ
ခုမှပဲမြင်ဖူးတယ် မမရေ..။
မျှဝေပေးတာ ကျေးဇူးအရမ်းတင်တယ် မမချော။

ဘရာဇီးစပျစ်သီးရဲ့အရသာကို မြည်းစမ်းကြည့်ချင်လိုက်တာ ..
မှည့်ဝင်းနေတဲ့ ပုံသဏ္ဍာန်က ချိုမဲ့ပုံပဲ...

သစ်ပင်ကြီးတွေကလည်း ကြီးမားလိုက်တာများ အံ့သြစရာပါပဲ...
မျှဝေတာ ကျေးဇူးပါ မချောရေ...။

ဇောက်ထိုးသစ်ပင်တွေ ကြည့်ရတာ အထီးကျန်သလိုပဲ
ဘရာဇီးစပျစ်သီးပုံပါတဲ့ ပုလင်းတွေတွေ့ဖူးပေမယ့် အပင်ကို ခုမှပဲ မြင်ဖူးတယ်။
ဗဟုသုတ တိုးရတယ်။

phyophyo said...

မချောက ရှာတတ်လိုက်တာ၊ သစ်ပင်ကြီးတွေက အားရစရာကြီး၊
လှလဲလှတယ်၊ မတ်နေတာပဲ၊
တကယ် ဇောက်ထိုးဖြစ်နေသလိုပဲနော်၊
ဘရာဇီးစပျစ်က အသည်းယားစရာ၊ ပင်စည်မှာ ကပ်ပြီးသီးနေတာ၊
အပွင့်လေးတွေကတော့ လှတယ်၊
ပင်စည်က ထွက်ပြီးပွင့်ရတာ ခက်ခက်ခဲခဲနော်၊ အပင်တွေက ဆန်းလိုက်တာ၊
တစ်ခါမှ မသိဘူး ဒီအပင်တွေ၊ အဆန်းတွေသိရလို့ ကျေးဇူး၊ မချော ရေမွှေးလိုလေး မရေးသေးဘူးလား၊
အဲဒါမျိုးလေးလည်းဖတ်ချင်တယ်၊
မချော ပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်တဲ့

ချော---ရေ
လိုင်းပေါ်မှာပေါ်လာကတည်းကဖွင့်နေတာအခုမှပွင့်တော့တယ်ဗျို့ -
ဘာဖြစ်တာလဲမသိဘူးနော်-အခုတော့ပင်ပန်းခံရကျိုးနပ်သွားပါပြီ-
ဇောက်ထိုးအပင်တွေမှာအင်ကြင်းပင်လည်းအနွယ်ပင်တစ်မျိုးများဖြစ်လေမလားမသိဘူးနော်။
ကျေးဇူးတင်ပါတယ်ဗျာ-

ဇောက်ထိုးသစ်ပင်များအား........ဇောက်ထိုးကြည့်သွားပါသည်.......:P
စပျစ်သီးများကတော့......စားချင်စဖွယ်......။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

JohnMoeEain said...

အားလုံးထဲမှာ ပင်စည်ကနေ ဖောက်ထွက်လာတဲ့ ပန်းတွေ ကို စိတ်အ၀င်စားဆုံးပဲ...။

အပင်တွေကလဲ အမျိုးမျိုးပါလားနော်....ကြံကြံဖန်ဖန် ဇောက်ထိုးရယ်လို့ :) စဗျစ်သီးတော့ကြိုကိသား :)

ခင်တဲ့(ဖိုးကြယ်)

hkawn said...

ဝါးးးးးးးးးးးးအရမ်းအံ့သြဖို့ ကောင်းတယ်နော်
ဒီတခါပဲတွေ့ ဖူးတယ်.......
အမ ....နောက်ထက်လဲအများကြီးထူးဆန်းတာတွေ တင်ပေးအုံးနော်
စောင့်မျှော်နေမယ်နော်

ကိုယ့်အတွက်တော့ အားလုံး အထူးအဆန်းတွေမို့ ကျေးကျေးပါ အစ်မချောရေ......

သစ်ပင်တွေလဲ အသက်ရှည်ဖို့ ကိစ္စက မလွယ်ပါဘူးဗျာ၊ တွေ့ကရာ ခုတ်တတ်
တဲ့ နေရာမှာဆိုရင်တော့ ...

noblemoe said...

အင်း ဒီအပင်ကလည်းလောကကြီးကို အကျိုးပြုနေတာပဲနော်
ပင်စည်ထဲရေဂါလံများများသိုလ်မှီးထားတာ ထူးဆန်းလိုက်တာ ။
ပန်းလေးကို သဘောကျမိတယ်
အသီးကိုတော့ကြည့်ရင်းအသည်းယားလိုက်တာ အိ

သာယာချမ်းမြေ့ပါစေရှင်း
မိုး

စော said...

အဲဒီ သပျစ်သီး ဘယ်မှာဝယ်လို့ ရလဲဟင်
စားခြင်လို့ 
သစ်ပင်က မြန်မာပြည်က သစ်ပုတ်ပင်နဲ့  အမျိုးတော် သလားဟင်
သိခြင်လို့ ပါ

လသာည said...

ထီးထီးသစ်ပင်ကြီးတွေ ကြည့်ရတာ ပုလင်းပုကြီးတွေလိုပဲနော်။ သစ်ခေါင်းကြီးထဲ ၀င်ပြီးအပြင်က လေတိုးသံတွေကို နားထောင်ချင်လိုက်တယ်း))
စပျစ်သီးတွေက စားရင် အရသာရှိချင်ရှိမှာပေမယ့် ကြည့်ရတာ အူယားစရာနော်။

blackcoffee said...

အမလေး.. လေး.. စပျစ်သီးကြိုက်ပေမယ့် သီးနေတာကြည့်ပြီး အသဲတောင်ယားသွားတယ်။ သစ်ပင်တွေက ရေဂါလံပေါင်းများစွာ သိုမှီးထားလို့ အလွယ်တကူ မီးမလောင်နိုင်ဘူးဆိုရင် အဲဒီသစ်ပင်တွေနဲ့ အိမ်ဆောက်ရမယ်။ မီးရေးထင်းရေး စိတ်ချရတာပေါ့။

အပင်ကြီးကိုကြည့်ပြီးသစ်ပုတ်ပင်ကြီးကိုလွမ်းသွားရပေါ့မချော...။
စပျစ်သီးအပင်ကလည်းအသည်းယားစရာပါလား..။ စားတော့စားကြည့်ချင်သား......
ချစ်တဲ့
သဒ္ဓါ

ဇောက်ထိုးသစ်ပင်ကြီးတွေက အမြသ်ဆန်းစေတယ်..။
ဘရာဇီးစပျစ်သီးက အသည်းယားစရာ..။
အရသာတော့ ချိုမယ့်ပုံ..။
ထူးခြားရှားတွေ မယ်ချော ဘယ်နေရာက ရှာခဲ့ပါ့..။

Anonymous said...

ဟုတ်ကဲ့ မမ...ထူးထူးဆန်းဆန်းတွေ စိတ်ဝင်စားတတ်တဲ့ ညီမလေးအတွက်တော့ အရမ်းဖတ်လို့ကောင်းတဲ့ ပို့စ်ပါပဲရှင်..နောက်လဲ အဲလိုမျိုးရေးပေးပါအုံးနော်...မမအားရင်ပေါ့....

rose said...

အစ်မချောရေ... ဇောက်ထိုး သစ်ပင်ကြီး အကြောင်း လာဖတ်တယ်။ သစ်ပင်ကြီးတွေက အကြီးကြီးပဲနော်။ အဲ့ဒီမှာ အိမ်လေး ဆောက်ပြီး နေချင်လိုက်တား) ဘရာဇီး စပျစ်သီးက သီးနေတာ အူယားစရာနော်။ ဒါပေမယ့် ဘယ်လို အရသာ ရှိလဲလို့ မြည်းကြည့်ချင်သား။ ထူးထူးဆန်းဆန်းလေးတွေ၊ တစ်ခါမှ မမြင်ဖူးတဲ့ အကြောင်းအရာလေးတွေကို ဗပာုသုတ အဖြစ် မျှဝေ ပေးလို့ ကျေးဇူးပါ။