ကမ္ဘာ့အလှဆုံး ပန်းဥယျာဉ်များ





Image
ကမ္ဘာပေါ်မှာရှိတဲ့ သာယာလှပတဲ့ ပန်းဥယျာဉ်တွေထဲကမှ ထူးခြားထင်ရှားတဲ့ အပြင်အဆင်တွေ၊ များပြားလှတဲ့ ပန်းမျိုးစုံတွေ၊ ထူးခြားတဲ့ ဗိသုကာလက်ရာတွေ၊ ရေပန်းတွေ ၊ အလှအပတွေကြောင့် နံမည်ကျော်ကြား လူသိများတဲ့ ပန်းခြံတွေအကြောင်း ပြောပြချင်ပါသေးတယ်ရှင်။။





Yogi Hraday Kamal - India




Image


ဒါကတော့ Yogi Hraday Kamal လို့ခေါ်တဲ့ ဥယျာဉ်ကြီးပါ.. အပေါ်ခပ်မြင့်မြင့်နေရာကနေ ဆီးပြီးကြည့်မယ်ဆိုရင် ကြာပန်းပုံသဏ္ဍာန်ရှိပါတယ်.. ပညာရှင် ရှိတ်စပီးယား မာတင်လူသာကင်းနဲ့အိန္ဒိယအကျော်အမော် တွေးခေါ်ပညာရှင်ကြီးတို့ရဲ့ အဆိုအမိန့်တွေကို ကြီးမားတဲ့ ကျောက်တုံးကြီးတွေပေါ်မှာ ထွင်းထုထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်.. အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တည်ရှိပါတယ်..


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~






The Garden of Cosmic Speculation – Scotland




Image

~~~~~~~~~~~~~~~~~~~~~~~~





ဒီဥယျာဉ်ကတော့ စကော့တလန်နိုင်ငံရှိ တစ်နှစ်လုံးမှာမှ တစ်ရက်ထဲသာ အများပြည်သူကို ၀င်ခွင့်ပေးတဲ့ Cosmic Speculation ဥယျာဉ်ဖြစ်ပါတယ်.. သိပ္ပံနဲ့ သင်္ချာပညာကို  ကျွမ်းကျင်လှပစွာ ပူးတွဲပေါင်းစပ်ပြီး ဖွဲ့စည်းတည်ဆောက်ထားတဲ့ ဥယျာဉ်ကြီးလည်း ဖြစ်ပါတယ်.. ဒီလို စိတ်ကူးစိတ်သန်းနဲ့ တီထွင်ထားတဲ့ဥယျာဉ်မျိုး အခြား ဘယ်နေရာမှာမှ မရှိနိုင်ဘူး လို့ဆိုပါတယ်.. ၁၉၈၉ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး သာမာန်ဥယျာဉ်တွေနဲ့မတူ ထူးခြားဆန်းပြားတဲ့ စိတ်ကူးတွေနဲ့ လူတွေရဲ့ စိတ်အာရုံကို လှုံ့ဆော်မှုပေးနိုင်တဲ့ ဥယျာဉ်တစ်ခုအဖြစ် ထင်ရှားပါတယ်..

ကျန်ရှိနေသေးတဲ့ ဥယျာဉ်တွေကတော့...







~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~







Keukenh of Gardens – The Netherlands







Image

~~~~~~~~~~~~~~~~~~~~~~~~~~~~


ရှားပါးသော အနက်ရောင်ကျူးလစ်ပန်းများ





အဆုံးမရှိလောက်အောင် ကျယ်ဝန်းလှတဲ့ ပန်းမျိုးစုံလင်စွာ စိုက်ပျိုးထားတာကြောင့် အရောင်အသွေး၊ မွှေးရနံ့စုံလင်လှပြီး သဘာဝနဲ့ လူတွေရဲ့ အနုပညာဆန်တဲ့စိတ်ကူးကို ဆန်းကျယ်စွာ ပေါင်းစပ်ထားတဲ့ ပန်းဥယျာဉ်ကြီးအဖြစ် ထင်ရှားလှတာကတော့ ကမ္ဘာပေါ်မှာ ပန်းပေါလှတယ်လို့ ထင်ရှားကျော်ကြားတဲ့  နယ်သာလန်(ဟော်လန်) နိုင်ငံရဲ့ စိတ်ဝင်စားဖွယ် Keukenh ဥယျာဉ်ကြီးလည်းဖြစ်ပါတယ်.. အဲဒီဥယျာဉ်ကြီးမှာ အမျိုးစုံလင်လှတဲ့ ကျူးလစ်ပန်းပေါင်း ၇သန်းခန့် စိုက်ပျိုးထားပြီး ရှားပါးလှတဲ့ အနက်ရောင် ကျူးလစ်ပန်းကိုလည်း အမြတ်တနိုးဂုဏ်ယူစွာ စိုက်ပျိုးထားတာကို တွေ့ရပါတယ်.. ဟော်လန်နိုင်ငံရောက်ရင် ၄င်း Keukenh ဥယျာဉ်ကြီးကို မသွားမနေ လူတိုင်းက သွားရောက်လည်ပတ်လေ့ရှိကြပြီး ဟော်လန်ရဲ့ ကျက်သရေဆောင် ပန်းဥယျာဉ်ကြီးအဖြစ် နိုင်ငံသားတို့က ဂုဏ်ယူကြပါတယ်..





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~






Suan Nong Nooch – Thailand






Image



Suan Nong Nooch ဥယျာဉ်ဟာ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာရှိတဲ့ ကြီးကျယ်လှတဲ့ ဥယျာဉ်ကြီးဖြစ်ပါတယ်.. နိုင်ငံခြားသားခရီးသွားများ စိတ်ဝင်တစား သွားရောက်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်.. ကျယ်ဝန်းလှတဲ့ မြေဧကများစွာပေါ်မှာ ခမ်းနားလှတဲ့ အပြင်အဆင် လက်ရာမြောက်လှပစွာ ပုံဖော်ထားတဲ့ ပန်းပင်များစွာတို့ကြောင့် ကြည့်ရှုမငြီးနိုင်လောက်အောင် ဆန်းကျယ်လှပြီး နတ်နန်းဥယျာဉ်တစ်မျှ လှပခမ်းနားလှပါတယ်.. ထိုင်းလက်ရာ အိမ်ငယ်များ၊ ဗီလာများ၊ ဧည့်ခန်းမဆောင်များ၊ စားသောက်ဆိုင်များ၊ ရေကူးကန်များ စသဖြင့် ၄င်းဥယျာဉ်ကြီးထဲမှာ အဆောက်အဦးများစွာ ရှိနေပါတယ်.. ၁၉၅၄ခုနှစ်မှာ ထိုင်းလူမျိုး ဇနီးမောင်နှံ Mr. Pisit    Mrs. Nongnooch တို့မှ သီးနှံနဲ့ စားပင်များစိုက်ပျိုးဖို့ဆိုတဲ့ရည်ရွယ်ချက်နှဲ့  ဧက ၆၀ခန့်ရှိ မြေကွက်လပ်ကြီးကို ၀ယ်ယူလိုက်ပြီးကာမှ နိုင်ငံခြားခရီးကနေ ပြန်ရောက်လာတဲ့အခါမှတော့ စိတ်ပြောင်းသွားခဲ့ပြီး ၄င်း မြေကွက်ကြီးကို ကြီးကျယ်ခမ်းနားလှတဲ့ ဥယျာဉ်ကြီးအဖြစ် ပြုလုပ်ဖို့ ဆုံးဖြတ်ချက်တွေချကာ လှပတဲ့ အပင်ပေါင်းများစွာနဲ့ အဆောက်အဦးများစွာတို့ ပါဝင်တဲ့ ဥယျာဉ်ကြီးကို စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်.. ခုချိန်မှာတော့ ကမ္ဘာ့အလှဆုံး ပန်းဥယျာဉ်ကြီးထဲမှာ တစ်ခု အပါအ၀င်ဖြစ်နေပြီ ဖြစ်ပါတယ်..




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





Versailles – France






Image





ကမ္ဘာ့အထင်ရှားဆုံး ဥယျာဉ်ကြီးတစ်ခုအဖြစ် နံမည်ကျော်တဲ့ ပြင်သစ်နိုင်ငံရဲ့ Versailles ဥယျာဉ်ကြီးဟာ ပြင်သစ်ဘုရင် လူဝီ၁၄ လက်ထက်က ဒီဇိုင်နာ Andre Le Notre ရဲ့ လက်ရာဖြစ်ပါတယ်.. အစောပိုင်းက ၄င်းကွက်လပ်ကြီးဟာ ရွံ့နွံတွေ၊ မြက်ခင်းပြင်တွေ သစ်တောကြီးတွေသာ ရှိနေခဲ့သော်လည်း လူအင်အားများစွာနဲ့ မြေဖို့ပြုပြင်ပြီး ပြင်သစ်နိုင်ငံ နေရာအနှံ့က ပန်းပင်တွေ သစ်ပင်တွေကို တပ်မတော်ကြီးတစ်ခုလုံးက စစ်သားတွေဟာ လှည်းမြောက်မြားစွာနဲ့ သယ်ယူလာကာ အကွက်ကျကျ လှပ ဆန်းကျယ်ခမ်းနားစွာ ဆောက်လုပ်ထားတဲ့ဥယျာဉ်ကြီး ဖြစ်ပါတယ်.. ခုချိန်မှာတော့ ရေပန်းကြီးတွေ၊ တူးမြောင်းတွေ၊ သာယာလှပတဲ့ ရေကန်ငယ်တွေနဲ့ တင့်တယ်လှပစွာ ရှိနေပြီဖြစ်ပါတယ်..




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





Jardim Botânico de Curitiba – Brazil






Image

ဘရာဇီးလ်နိုင်ငံတောင်ဘက်ပါရာနာပြည်နယ်တွင် အကြီးဆုံးမြို့တော်ဖြစ်သော Curitiba  တွင်တည်ရှိသော Curitiba ရုက္ခဗေဒဥယျာဉ်ကြီးသည်လည်း ပြင်သစ်စတိုင် တည်ဆောက်ထားတာဖြစ်ပြီး လှပတဲ့ ရေပန်းများ ရေကန်များစွာ ရှိသကဲ့သို့ အပင်ပေါင်းများစွာ စိုက်ပျိုးထားသည့် ၄၅၈ စတုရန်းမီတာကျယ်ဝန်းသော  ဖန်လုံအိမ်ကြီးသည်လည်း လှပထင်ရှားစွာ တည်ရှိပါတယ်။ ၄င်းအထဲတွင် အပူပိုင်းဒေသ ပေါက်ပင်များစွာကို စိုက်ပျိုးပြသထားပါသည်။ အပြင်ဘက်တွင်မူ အရောင်စုံလှပသော ပန်းစိုက်ခင်းများမှာ ကော်ဇောကြီးခင်းထားသည့်နှယ် ကျယ်ဝန်းလှပြီး ဥယျာဉ်တွင်း ရောက်လာသူတို့ရဲ့ စိတ်နှလုံးကို သိမ်းကျုံး ညှို့ငင်နိုင်စွမ်းအား ရှိလှပါတယ်...



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





Butchart Gardens – Canada




butchart ဥယျာဉ်တွင်းရှိရေပန်းအလှ





Image




မီးရောင်နဲ့ ပန်းရောင်စုံတို့ရဲ့ ပဏာရတဲ့ အလှ





အကောင်းဆုံးတွေထဲက အကောင်းဆုံးအဖြစ် ကနေဒါနိုင်ငံရှိ ဘရစ်တစ်ကိုလံဘီယာပြည်နယ်မှာ တည်ရှိတဲ့  Butchart ဥယျာဉ်ကြီးလည်း ပါဝင်ပါတယ်.. ပထမဦးဆုံးအကြိမ် ရောက်ဖူးတာနဲ့ အသက်ရှူပင် မှားမိလောက်အောင် သာယာလှပလွန်းတဲ့ ဥယျာဉ်ကြီးတစ်ခုလို့ နံမည်ကျော်ထင်ရှားပါတယ်… ဧက၅၀ပေါ်မှာ တည်ရှိပြီး ဗင်ကူးဗားကျွန်းအနီးမှာ တည်ရှိပါတယ်.. တစ်နှစ်ပတ်လုံး လှပတဲ့ပန်းတွေ ၊စိမ်းလန်းတဲ့ အပင်လေးတွေ မပြတ်စိုက်ပျိုးထားပြီး အမြဲတမ်းလည်း အရောင်စုံပန်းတို့က လှပဝေစီစွာ ညွှတ်ဖူးနေကြတာမို့ နတ်ဘုံးနတ်နန်းတမျှ လှပ ဆန်းကျယ်တယ်လို့ သိရပါတယ်.. ဥယျာဉ်အတွင်းသို့ ရောက်သွားသူတိုင်း ပြင်ပ ကမ္ဘာကြီးရဲ့ ပူပြင်းခြောက်သွေ့မှုတွေကို မေ့လျော့သွားနိုင်လောက်အောင်ကို Butchart ဥယျာဉ်ကြီးဟာ စိမ်းလန်းစိုပြေနေပြီး ရေတံခွန် ရေကန်ပေါင်းများစွာတို့က လူတွေရဲ့ စိတ်နှလုံးကို အေးချမ်း ငြိမ်သက်စေနိုင်စွမ်း ရှိတာကြောင့် နံမည်ကျော်ထင်ရှားရခြင်း ဖြစ်ပါတယ်..


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




Yuyuan Garden – China






Image

တရုတ်ပြည်ရှိ Yuyuan ဥယျာဉ်ကြီးဟာ မင်မင်းဆက်ကတည်းက ဆောက်လုပ်ခဲ့တယ်လို့ ယုံကြည်ရပြီး နှစ်ပေါင်း ၄၀၀ခန့် သက်တမ်းရှိပြီလို့ သိရပါတယ်.. တရုတ်တို့ရဲ့ ရိုးရာယဉ်ကျေးမှု လက်ရာများဖြင့် တည်ဆောက်ထားတာဖြစ်ပြီး မရေတွက်နိုင်အောင် များပြားလှတဲ့ ကျောက်တုံးကြီးများ၊ သစ်ပင်ကြီးများ၊ ရေကန်များ နဂါးရုပ်ကြွနံရံများ၊ မုဒ်ဦးပေါက်များ ခမ်းနားဆန်းကျယ်စွာ  ကွေ့ကောက်နေသော တံတားများ၊ သီးခြားဥယျာဉ်ငယ်များ၊ ရှေးပုံစံ အဆောက်အဦးများ၊ ကျန်းမာရေး အထောက်အကူပြု ကိရိယာများ စသည်ဖြင့် စုံလင်လှပါတယ်.... လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ အတွင်းမှာ ၄င်း ဥယျာဉ်ကြီးကို တည်ဆောင်ပြုပြင်မှုပေါင်း အကြိမ်များစွာ ပြုလုပ်ခဲ့တာဖြစ်ပြီး တစ်ကြိမ်မှာတော့ ဥယျာဉ်ကြီးကို ပိုင်ဆိုင်ခဲ့သူ ပဲန် သေဆုံးသွားပြီးတဲ့နောက်မှာ ဥယျာဉ်ကြီးဟာ အမှိုက်ပုံကြီးသဖွယ် ဖြစ်ခဲ့ရပြီး အသုံးပြုသူ ကင်းမဲ့ ခဲ့ရပါတယ်.. နောက်ပိုင်းမှာ ချမ်းသာတဲ့ ဒေသခံများက ဥယျာဉ်ကြီးကို ပြန်လည်မွမ်းမံဖို့ ဆုံးဖြတ်ခဲ့ကြပြီး ပြုပြင်ခဲ့သောလည်း ၁၉ရာစု အလယ်ပိုင်းမှာ အကြိမ်များစွာသော ပြည်တွင်းစစ်ဒဏ်ကြောင့် ဥယျာဉ်အတွင်းရှိ ရှေးဟောင်းလက်ရာ အတော်များများ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်.. ခုချိန်မှာတော့ နိုင်ငံအစိုးရရဲ့ ပြုပြင်ထိန်းသိမ်းမှုနဲ့ ဥယျာဉ်ကြီးဟာ ကမ္ဘာ့အလှဆုံးတစ်ခုထဲမှာ ပါဝင်နေပြီဖြစ်ပါတယ်..




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


Shalimar Garden – Pakistan






Image

Shalimar ဥယျာဉ်ကြီးဟာ ပါကစ္စတန်နိုင်ငံတွင် တည်ရှိပြီး ပါရှန်းယဉ်ကျေးမှုလက်ရာ ဥယျာဉ်ကြီးတစ်ခု ဖြစ်ပါတယ်.. ထိုဥယျာဉ်ကြီးကို မဂိုရ်အင်ပါယာ ဘုရင်ကြီး ရှားဂျဟန်က တည်ဆောက်ခဲ့တာဖြစ်ပြီး အေဒီ ၁၆၄၁ ကတည်းက ဆောက်လုပ်ခဲ့ပြီး နှစ်များစွာ တည်ဆောက်ခဲ့ရတယ်လို့ သိရပါတယ်.. ၄င်း Shalimar ဥယျာဉ်ကြီးဟာ နံရံမြင့်ကြီးများ ၀ိုင်းရံထားတဲ့ ကျောက်ဖြူသား ကြမ်းပြင်ကြီးကြောင့် ထူးခြားမှုအဖြစ် ထင်ရှားကျော်ကြားပါတယ်။။ UNESCO အဖွဲ့ကြကီးရဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရေး မှတ်တမ်းဝင် ဥယျာဉ်ကြီးတစ်ခုလည်း ဖြစ်ပါတယ်..




~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Minneapolis Sculpture Garden – EUA



Image



Minneapolis Sculpture ဥယျာဉ်ကြီးဟာ မင်နီဆိုးတားပြည်နယ်ရဲ့ ရတနာတစ်ပါးလို့ တင်စားရလောက်အောင် ထင်ရှားတဲ့ အထိမ်းအမှတ်တစ်ခု ဖြစ်ပါတယ်.. ဥယျာဉ်ကြီးရဲ့ အလယ်မှာ တည်ရှိနေတဲ့ ဇွန်းပုံသဏ္ဍာန်နဲ့ ချယ်ရီသီးအမှတ်အသားဟာလည်း မင်နီဆိုတားပြည်နယ်ရဲ့ အမှတ်တံဆိပ် ဖြစ်လာပါတယ်..  ဥယျာဉ်ကြီးဟာ အရာဝတ္ထုတွေကို ဆိုဒ်ကြီးဖြစ်အောင် ထုသွင်းပြုလုပ်ထားတဲ့ ရုပ်တုများစွာကြောင့် ထင်ရှားရခြင်းဖြစ်ပါတယ်..





ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။










Source from http://www.funonthenet.in/articles/gardens.html#ixzz16HvG7Sv3


24 Responses to “ကမ္ဘာ့အလှဆုံး ပန်းဥယျာဉ်များ”

Ahphyulay said...

မမချော..........
ကျွန်တော်တို့ 
ပြည်သူ့  ဥယာဉ် ဘာလို့  မထည့်တာလဲ ။
ဒါပဲ နော်..။

အဲဒီနေရာတွေကို သွားကြည့်ဖို့ အခွင့်အရေးမရသေးခင် ဒီကနေပဲကြည့်သွားပြီ ချောရေ...။
ခရီးလွန်နေလို့ အခုမှပဲ လာဖြစ်တော့တယ်...။

အနက်ရောင် ကျူးလစ်တွေရှိမှန်း အခုမှသိတော့တယ် ....ချောရယ်
ကြိုက်တာတော့ ကျူးလစ် အရောင်လွင်လွင်လေးတွေပဲ ကြိုက်တယ်

phyophyo said...

လှလိုက်တာ ... သွားချင်လိုက်တာ ..
မချော banner က အစိမ်းရောင်လွင်ပြင်ဆိုတဲ့ စာလုံး အားကြီးလှတယ်၊ အရောင်ရွေးထားတာရောပဲ...

ချစ်တဲ့

sosegado said...

လှလိုက်တဲ့ဥယျာဉ်တွေ၊ တရုတ်ပြည်ရှိ Yuyuan ဥယျာဉ်ကလွဲလို့ ကျန်တာမရောက်ဖူးဘူး၊ ဂျပန်ကတစ်ခုမပါဘူး တော်တော်လှတယ်။

JohnMoeEain said...

Landscape Design တွေနဲ့ အရမ်းကောင်းတဲ့ ပို့စ်လေးပါ...။
ကျေးဇူးနော်...။

ပန်းခြံတွေကတော့ လှမှ လှပဲ၊ အခုလို နှင်းအရမ်းကျနေတဲ့ ရာသီမျိုးဆိုရင် ဥရောပက
ပန်းခြံတွေထဲ ဖြူဖွေးနေလောက်မယ်လို့ ထင်တယ် မချောရေ ...

အပေါ်စီးက မြင်ကွင်းကျယ် ကြည့်ရတာကြောင့် တော်တော်လှတာကို သိနိင်တာနဲ့ တူတယ်နော်။ နိင်ငံဂုဏ်ရှိအောင် အကုန်ကျခံ တည်ဆောက်ထားတာနဲ့တင်
ရည်ရွယ်ချက်က တန်ဖိုးရှိနေပါပြီ။
အခုမှ မြင်ဖူးတဲ့ မြင်ကွင်းတွေ အတွက် ကျေးဇူးပါဗျာ

yetunzaw said...

နယ်သာလန်ကဥယျာဉ်ကိုကြိုက်တယ်

Sunny said...

တော်တော်လှကြတာပဲနော်.. အဲဒီနေရာတွေသွားပြီး ဓာတ်ပုံရိုက်ချင်လိုက်တာ.. :)

blackroze said...

အရမ်းလှတယ်မကြီးချော...
ညီမကတော့..နယ်သာလန်ပန်းခြံကိုအကြိုက်ဆုံးဘဲ...ကျန်တာတွေလည်း
လှတာဘဲလေ..တမျိုးစီပေါ့နော်..

babytaster said...

ချောရေ...
လှလိုက်တဲ့ နေရာတွေနော်

khinmarlaraung said...

မရေ..... မြင်နေရတဲ့ မြင်ကွင်းတွေကို ဒီနေရာကနေကြည့်ပြီးတောင်
တော်တော် စိတ်ကြည်နူးနေပြီ။ တစ်နေ့ နေ့ ပေါ့..
တစ်နေရာရာ မကတော့ ရောက်မှာပါ။
အဲဒီအချိန်ကြရင်...အမရဲ့ လက်ရာလေးတွေအတိုင်း
လိုက်ကြည့်ရင်း သတိတွေရမယ်။ :)
၁ နှစ်မှ တစ်ခါတည်း ဝင်ခွင့်ရတဲ့ Scotland ဥယျာဉ်ကိုတော့
တော်တော့်ကို စိတ်ဝင်စားမိတယ်...မရေ။
..ခင်မင်လေးစားလျှက်..ခင်မာလာအောင်..:)

Butchart က မလေးနေတဲ့နေရာကနေ သဘောင်္နဲ့ နာရီဝက်လောက် စီးသွားရတယ်။ သဘောင်္စီးရတာလည်း ပျော်စရာ..

အရင်ကတော့ နှစ်စဉ်သွားတယ်..နောက်ပိုင်းကျ အည့်သည်တွေလာမှပဲ လိုက်ပို့ဖြစ်တော့တယ်။
ွParkistan ဥယျာဉ်လည်း လှတယ်နော်..
အရှေ့တိုင်း ဥယျာဉ်တွေနဲ့ ဝေးလို့လား မသိဘူး ပိုကြိုက်သလိုပဲ.. နွေးနွေးကလေးနေမယ်

လသာည said...

ဥယျာဉ်တွေကို တပါတည်းစိတ်ကူးနဲ့ သွားခဲ့တယ်။ သာယာလိုက်တာ။

ပန်းအမည်းရောင်လေးတွေပဲ......လက်နဲ့ကိုင်ကြည့်ချင်မိသွားရတယ်....။
လှမှလှပဲလေ.....။

ခင်မင်ခြင်းအားဖြင့်.........
ဏီလင်းညို

ချောကလဲ သူများတို့ နိုင်ငံရဲ့ ပန်းမြို့တော်က ဥယျာဉ်ကြီးလဲ လှပါတယ်လေ ... ပိုလို့တောင် သဘာဝဆန်သလားလို့ ...

ကျူးလစ်ပန်း အမဲရောင်ကိုတော့ ခုမှပဲ မြင်ဖူးတယ် ။ ဒါပေမဲ့ ဘေးနားက အပန်းရောင်လေးက ပိုလှတယ်လို့ ထင်မိတယ် ။ အပန်းရောင်လေးက နူးညံ့သိမ်မွေ့မှု ပိုရှိသလိုလဲ ခံစားရတယ်း)
ပြီးတော့လေ ညီမလေးက ပန်းဥယျာဉ်ကြီးတွေကို လူဖန်တီးချက်တွေ သိပ်သိသာတဲ့ ဟာမျိုးဆို သိပ်မကြိုက်ဘူး ။ မသိမသာလေးဖန်တီးထားတဲ့ သဘာဝဆန်တာမျိုးကို ပိုကြိုက်မိတယ် ။ အဲ့ဒါကြောင့် အဲ့လိုပန်းဥယျာဉ်ကြီးမှာ ကြီးကြယ်ခန်းနား ဆန်းသစ်တဲ့ အဆောက်အဦးကြီးတွေ မရှိစေချင်ဘူး ။ ဝါးအိမ်ခပ်နွမ်းနွမ်းလေးနဲ့ ရှေးဆန်ဆန် ကော်ဖီဆိုင်လေး တဆိုင်လောက်ဆို လုံလောက်ပြီလို့လဲ ထင်မိတယ်း)

အင်း...ချစ်ချစ်နဲ့အတူသွား၇ရင် ကောင်းမယ်နော် အစ်မချော...ဒါပေမယ့် ရှိသေးဘူး :(

ခင်တဲ့(ဖိုးကြယ်)

အောင်ဦး said...

ဝါး.. သွားလည်ချင်လိုက်တာ
ပိုက်ပိုက်သာ များများရှိလည်း ဒီနေရာတွေ အကုန်သွားလည်မယ်

မြတ်နိုး said...

သွားချင်တယ်..ကွာ..။
ကျေးဇူးပဲ။ တကယ်သွားဖြစ်ရင်နောက်တခေါက်ပြန်လာ သတင်းလာဖတ်ရမယ်။

ashinkevala said...

In Sri Lanka,there is a garden called Botanical or Royal Garden. If you see,this Garden,you would be forgotten all Gardens which ever had you seen before around the World,indeed.So,search this so called Sri Lanka Yoyal Garden in wit.Happy in you by seeing amazed gardens in world wide!this is my wish on what a pity you are by not seeing Srilanka garden that i think heavenly garden,in fact.

လင်းစင်ယော် said...

မမရေ........ရင်သက်ရှုမောဖွယ်ရာ ပန်းခြံတွေပဲ...အားပါး သွားချုင်လိုက်တာ...ပိုက်ဆံများရှိလို့ကတော့..ဟဲဟဲ စိန်မစီဘူးနော်...သွားလည်မယ်..မမ
ရှာရှာဖွေဖွေ တင်ပြပေးတဲ့အတွက်....ကျေးဇူးများကြီးတင်တယ်...နောက်ထပ်လည်း ဒီလို လှလှလေးတွေ တင်ပေးပါအုံး ချစ်မမ ရေ.....ချမ်းမြေ့ပါစေ..
ညီမလေး....စင်ယော်...

RECORDED :)

http://www.designideology.info/ds/index.php/topic,206.0.html

10Q for your sharing!