မိုင်းသာမြီးရှည် စားရအောင်



ပြီးခဲ့တဲ့ အပတ်က ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ရှိရာ မြို့ကလေးဆီ အလည်သွားကြပါတယ်.. မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းက အစားအသောက်တစ်မျိုးနဲ့ ကျွေးမွေးဧည့်ခံပါတယ်.. အမှန်တော့ အဲဒီအစားအသောက်ကို စားချင်တာကြောင့်လည်း သူ့ဆီသွားလည်တာပါလို့ ပြောရမှာဖြစ်ပါတယ်.. ဘာလို့ဆို အဲဒီအစားအသောက်က ဆိုင်တွေမှာ သိပ်တွေ့ရလေ့မရှိတဲ့ ရှားရှားပါးပါး တိုင်းရင်းသား အစားအသောက် တစ်မျိုးဖြစ်လို့ပါ။ အဲဒါကတော့ မိုင်းသာရှမ်းလူမျိုးတွေရဲ့ မြီးရှည် ဖြစ်ပါတယ်.. ရှားရှားပါးပါးဖြစ်တဲ့ ဒီမြီးရှည်လုပ်နည်းကို သူငယ်ချင်းအိမ်မှာ လုပ်စားဖြစ်ခဲ့တာလေး အတိုင်း ပြန်လည် ဝေမျှပါဦးမယ်...





မိုင်းသာမြီးရှည်အခြောက်တွေကို ရေစိမ်ပါတယ်.. ထူးခြားတာက ရိုးရိုး မြီးရှည်အဖြူရောင်မဟုတ်ဘဲ အနီရောင်လေး ဖြစ်နေတာပါ.. ဒါပေမဲ့ အနီရောင်မဟုတ်လဲ အဖြူရောင်နဲ့လည်း လုပ်စားကြပါတယ်.. မိုင်းသာမြီးရှည်ပြုလုပ်ပုံ အဆင့်ဆင့်ကို အောက်မှာ ဖော်ပြပေးထားပါတယ်နော်..









ပဲမှုန့်အစိမ်းကို အရည်ဖျော်ပြီး တိုဖူးဖြစ်အောင် ကျိုပါတယ်..





ဝက်သားအတော်များများကို အခေါက်ပါ အပါ ခုလိုပါးပါးလှီးပြီး မီးနဲ့ကင်ပါတယ်..





ပြီးတော့ ကျက်သွားတဲ့အသားတွေကို ခုလိုတောက်တောက်စင်းပါတယ်.





တောက်တောက်စင်းထားတဲ့ အသားနဲ့ အခေါက်များ





ငရုပ်သီး၊ ကြက်သွန်ဖြူ၊ နံနံပင်တို့ကို တောက်တောက်စင်းပါတယ်...





မုန်ညှင်းကနေ ပြုလုပ်ထားတဲ့ အချဉ်ရည်တစ်မျိုးပါ။။ တကယ်လို့များ မိုင်းသာမြီးရှည် လုပ်စားချင်သူများအတွက် ဒီအချဉ်ရည်ရဖို့ အခက်အခဲဖြစ်နိုင်ပါတယ်.. ကြိုက်တဲ့အချဉ်ရည်ကို အစားထိုးပြီး လုပ်စားနိုင်ပါတယ်..







တောက်တောက်စင်းအသား၊ ငရုပ်သီးကြက်သွန်ဖြူ၊ နံနံ၊ ဆားအချိုမှုန့်၊ ကျိုထားတဲ့ တိုဟူး၊  အချဉ်ရည်တို့ အားလုံးကို ရောသမမွှေပါတယ်.. မြေပဲဆန်တွေကို လှော်ပြီး ထောင်းထားတာလည်း မပါမဖြစ် ထည့်ရပါသေးတယ်.. မြေဆဲဆန်ကို ဓာတ်ပုံမရိုက်ထားလိုက်မိပါဘူး...







ငရုပ်သီးများများပါဝင်တဲ့ မိုင်းသာမြီးရှည်အဆာပလာပါ.. ဒီပုံမှာ အားလုံး ရောမွှေပြီးပြီဖြစ်လို့ စားဖို့ အဆင်သင့်ဖြစ်နေတဲ့ အဆာပလာတွေပါ။





ပြုတ်ထားတဲ့ မြီးရှည်များကလည်း စားသုံးရန်အဆင်သင့်






မြီးရှည်ဖတ်နဲ့ အဆာပလာတွေကို ခုလို ရောနယ်ပြီး စားသုံးကြပါတယ်..






ငရုပ်သီးနဲ့ နံနံပင်လေးအပေါ်က ခုလိုဖြူးလိုက်ရင် စားချင်စဖွယ် မိုင်းသာရှမ်း တိုင်းရင်းသားတို့ရဲ့ ချဉ်ချဉ်စပ်စပ် မြီးရှည်အရသာတစ်မျိုးကို ရပါတယ်...




အခြားမြီးရှည်တွေနဲ့ မတူကွဲပြားတဲ့ အရသာကို ခံစားကြည့်ချင်သူများ  လုပ်စားလို့ရပါပြီနော်.. ဒီ မိုင်းသာမြီးရှည်လုပ်နည်းကို မိုင်းသာလူမျိုးတွေကလွဲလို့ အခြားသူများ လုပ်စားကြတာ ရှားပါတယ်.. လုပ်နည်းကိုလည်း လူသိနည်းပါတယ်.. ရှမ်းပြည်နယ်တစ်ဝိုက်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တစ်ဝိုက်တို့မှာတော့ ဆိုင်တွေမှာ ရောင်းချလေ့ ရှိပါတယ်...




မိုင်းသာမြီးရှည်ကတော့ ဒီတစ်ပတ် Sunday Special စားသောက်ဖွယ်ရာ လက်ဆောင်လေးပါရှင်..  စိတ်ဝင်စားသူများ လုပ်စားကြည့်ဖို့ ပြန်လည်ဝေမျှခြင်း ဖြစ်ပါတယ်..








( Spam comment များ အလွန်များသဖြင့် Comment ပေးရာတွင် Word Verification ခံထားရပါသည်။ ထို့ကြောင့် Comment Box ၏ အောက်နားတွင်ပေါ်နေသော စာလုံး ၄လုံးတွဲကို CAPTCHA  Code ဟုရေးထားသော အဖြူရောင် လေးထောင့်ကွက်လေးထဲသို့ ကူးထည့်ပြီးမှ  Submit Comment လုပ်ပါရန် လေးစားစွာ ပန်ကြားပါသည်)

22 Responses to “မိုင်းသာမြီးရှည် စားရအောင်”

အမ်မလေး တကယ့်ကို ဂလုဂလုဖြစ်စေတယ်ဗျာ
မြီးရှည်ဆို ကြိုက်မှကြိုက်
မရိုးနိုင်ပါလား .......

sosegado said...

ပုံတွေကိုကြည့်ပြီေးတာ့ စားချင်သွားတယ်၊
အမှန်တော့ မိုင်းသာ ဘယ်နားရှိမှန်းမသိပါ၊

khinmarlaraung said...

မရေ.....မြီးရှည်၊ အဖွယ်၊ အစီး အရမ်းကြိုက်တယ်ရှင်။
ဒီ ရောက်ပြီးကတည်းက တစ်ခါမှ မစားဖြစ်ဘူး။
ခုတော့ ပုံလေးတွေ ကြည့်ပြီး လုပ်စားချင်သလိုလိုပေမဲ့
ငရုပ်သီးတောင် ကောင်းကောင်းထောင်းချင်တာ မဟုတ် ဆိုတော့ကာ
အခွင့်အရေးလေးစောင့်ပြီး မချောများကျွေးလာမဲ့ နေ့ လေးပဲ
မျှော်ရတော့မယ်..မရေ။ လာလည်မယ်ဗျို့ ။ စားဖို့ ။ :)
....ခင်မင်လေးစားလျှက်..ခင်မာလာအောင်..:)

ဆောင်းတွင်းမှာ ခွင့်ရက်တွေရနေတယ် ချောရေ...
ဒီနေ့လည်း သူငယ်ချင်းတွေဆီသွားလည်မလို့..
မသွားခင်လေး မြီးရှည်လေး ဝင်ကစ်သွားတယ်နော်...

Sunny said...

ကျေးဇူး အစ်မရေ.. မြီးရှည်အထူးအဆန်းလေး လုပ်စားလို့ ရပြီ..

လသာည said...

မြီးရှည်လေးစားချင်စဖွယ် ချောရယ်.။အဆင့်တွေနည်းနည်းတော့များတယ်နော်။ ချက်ထားပြီးသားလေးသာ စားချင်တား))

ယောင်းယောင်းရေ ခရီးလေးထွက်ဦးမယ်။ ၂၀၁၁ကျမှ ပြန်ဆုံကြသေးတာပေါ့။

Ahphyulay said...

အင်း...
ကျွန်တော်တို့ ဆီမှာတော့  အဲ့ ဒီလို ခပ်ဆင်ဆင် တူနေတဲ့  မြီးရှည်တစ်မျိုးရှိနေတယ်လေ။
ယူနန်အနွယ်တွေ ရောင်းနေတာ။ ဘာပဲဖြစ်ဖြစ် ဘယ်အစာမဆို ဗမာပြည်က အကောင်းဆုံး ပါ။
ဒါနဲ့  ...
လိုင်း ကျန်းမာရေး ကောင်းသွားပြီလား ၊
နောက်ကို လူကျန်းမာရေး မမေးတော့ ဘူးနော်..၊

ahphyulay said...

အင်း..
ကျွန်တော်တို့ ဆီမှာလဲ ရှိတယ်လေ ၊ အဲ့ ဒီမြီးရှည်မျိုးလေးပဲ။
ယူနန်အနွယ်တွေရောင်းနေတာ။ဒါပေမဲ့  ဘယ်အစားအသောက်မဆို ဗမာပြည်သာအကောင်းဆုံး။
ဒါနဲ့ ..
လိုင်း ကျန်းမာရေးရော ကောင်းသေးဘူး လား။

shinlay said...

နည်းအဆန်းလေးတင်ပေးတာကျေးဇူးတင်ပါတယ်။

shwezinu said...

ညီမ ချောရေ

အမ က မြီးရှည် အရမ်းကြိုက်တယ် အခုတော့ မန်းလေး ဗထူးကွင်းမြီးရှည် ဘဲ စားနေတယ် ညီမ လာရင် လိုက်ကျွေးမယ် ညီမ ရဲ့ မိုင်းသာ မြီးရှည် လည်း စားချင်တယ် ကောင်းဘို့သေချာတယ်

ချစ်တဲ့
အမရွှေစင်

အသားကိုကင်ပြီးမှ ထည့်တာဆိုတော့ အရသာတမျိုး ဆန်းနေမှာပဲ။
စားကောင်းမယ့်ပုံပဲ။
အစားကောင်းတော့ ကြိုက်တယ် တကူးတကလုပ်ရမှာ ပျင်းတတ်တော့
ကောင်းကောင်းမစားရတာ များတယ်။

မကြီးရာ..ပိန်ပြီးရင်း ပိန်လာပြီ
(ဒါနဲ့ ကျုပ်list မှာ အသစ်ပြောင်းချိပ်ထားတာတောင် update မဖြစ်ပါလား)

babytaster said...

ချောရေ......................

ရှင့် မြီးရှည်ဖတ်ပြီး ကိုယ့်မှာစားချင်လိုက်တာ
ဒါကြောင့် ရှိတဲ့ မုန့်တီဖတ်လေး သုပ်စားလိုက်ရတယ် :(

mg han said...

ခြောက်ဆွဲခြောက်ကိုပဲပြုတ်သောက်လိုက်ပါတယ်ဗျာ။စိတ်သာအဓိကမဟုတ်လား။
ရသတဏှာလောက်လိုက်လို့မဖြစ်ချေပါဘူးလေ။

ချော----ရေ
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
စာလုံးကြီးကြီးတွေနဲ့ မို့ ပို့ စ်အဟောင်းတွေထဲကမဖတ်ရတာတွေလည်းဖတ်သွားတယ်။
မိုင်းမြီးရှည်ကိုလည်းကူးယူထားလိုက်တယ်။
မုံရွာသားပေမဲ့ မန်းတလေးမှာအနေများလို့ ရှမ်းအစားအစာတွေကိုကြိုက်တယ်ဗျ-
ကျေးဇူးလည်းအထူးတင်ပါတယ်။
လုပ်စားဖြစ်ရင်သတိထပ်ပြီးရနေအုံးမယ်-ထပ်ပြီးတော့ကျေးဇူးတင်မိတဲ့အကြောင်းပြောပြမယ်နော်-
ရင်ထဲကနေကျေးဇူးတင်သွားပါတယ်ဗျာ-

ချောရေ...ခုနဲနဲဝနေလို့ အစားရှောင်ပါတယ် မြီးရှည်ကိုတော့ လာငမ်းပြီး သရေယိုသွားတယ် ငယ်ငယ်က ဗထူးကွင်းနားက မြီးရှည်စားဖူးတာ သိပ်ကောင်း အပေါ်မှာ မမရွှေစင်ဦးပြောထားတယ်...။ နောက်မန်းရောက်ရင် 16လမ်းမြီးရှည်လဲသွားစားကြည့်သိပ်ကောင်းတာ...၀က်မြီးပြုတ်နဲ့ ဒညင်းသီးပြုတ်ပဲ ညှပ်ထည့်ပေးသေးတယ်....အင်းးး ပြောရင်းနဲ့တောင်စားချင်လာပြီ...ဂလု...။

ခင်တဲ့
မိုးငွေ့

စားချင်စရာလေးပဲ ချောရေ...စားဖို့ လုပ်ရမှာတွေက အများသားနော်၊ ဗထူးကွင်း မြီးရှည် အမရွှေစင် အပေါ်မှာ အစဖော်ပေးသွားလို့ သတိရသွားတယ်....

စားချင်တာ...မြီးရှည်ဆိုအရမ်းကိုကြိုက်တယ်ဆိုမှ...
ဒါပေမဲ့ CAPTCHA Code ကြီးတော့မကြိုက်ဘူးး မန့်ခါနီး ဟိုပြောင်းဒီပြောင်းလုပ်ရလွန်းလို့းP

မြတ်နိုး said...

စားချင်တယ်ဗျို့...။

Aung Kyaw Oo said...

ကျွန်တော်က တိုင်းရင်းသား အစားအစာလေးတွေ ကြိုက်တယ်ဗျာ့
ခုလို ထူးထူးဆန်းဆန်းလေးတွေ တင်ပေးတာ ကျေးဇူးပါ..
လုပ်မစားဖြစ်တောင် ဗဟုသုတတော့ ရတာပေါ့ဗျာ

မိုးအောင်သူ said...

မမရေ စလုံးရောက်ကတည်းက ရှမ်းအစားအစာ ရယ်လို့ ဘာမှ မစားရတော့ဘူး ခုမမချော ပြောတော့ မှ ရှမ်းပြည်ကိုလည်း ပိုပြီးတော့ လွမ်းမိတယ် အစားအသောက်တွေကိုလည်း တော်တော်များများသတိရတယ် စားချင်လာတယ် ဘာပဲဖြစ်ဖြစ် မမချောကို ကျေးဇူးအားကြီးတင်တယ်နော်

Chaw Su said...

ချော ရေ- တစ်ခါမှမစားဖူးတာလေးကို FB မှာတွေ.လို. အိမ်တိုင်ရာရောက် လာစားသောက်သွားပါတယ်....း)