ဘလောဂ့်ရေးကြရာဝယ်...




ကျွန်မတို့ ဘလောဂ့်လောကကြီးမှာ အများအားဖြင့် ဘလောဂ့်ကို ပုံမှန်အတိုင်းလေး အရှိန်မပျက် ရေးနိုင်ကြတာ ပြည်ပကနေ ရေးနေတဲ့ ဘလော်ဂါတွေ များကြပါတယ်.. ပြည်တွင်းကနေ ရေးနေသူများကျတော့ အင်တာနက် ကော်နက်ရှင် အခက်အခဲနဲ့ ဘလော်ဂါထဲကို ၀င်ဖို့အတွက် ကျော်ရခွရ အခက်အခဲတွေနဲ့ကြောင့် ပိုစ့်တွေ ပုံမှန်တင်နိုင်ဖို့ အတော့်ကို အခက်အခဲဖြစ်ကြပါတယ်.. ပြီးတော့လဲ အခုတစ်လော ဘလောဂ့်ရေးဖော် သူငယ်ချင်းတွေထဲက ပြည်ပမှာ အလုပ်လုပ်နေရာကနေဖြစ်ဖြစ်၊ ကျောင်းတက်နေရာကနေ ဖြစ်ဖြစ် ကိုယ့်မြန်မာပြည်ကို အပြီးသော်လည်းကောင်း၊ အလည်အပတ် သော်လည်းကောင်း ပြန်ကြသူတွေ ရှိပါတယ်.... ကိုယ့်မြန်မာပြည်ကို ပြန်ကြတော့မယ်ဆိုရင် စိတ်မကောင်းစရာက ဘလောဂ့်ပေါ်ကနေ နှုတ်ဆက်ပိုစ့်လေးတွေ အသီးသီးရေးလို့၊ အချို့ကလည်း အွန်လိုင်းပေါ်ကနေ ကိုယ်ခင်ရာမင်ရာ သူငယ်ချင်းတွေကို  အိမ်ပြန်တော့မှာမို့ ဘလောဂ့် ရေးဖြစ်တော့မှာ မဟုတ်တဲ့အကြောင်း နှုတ်ဆက်စကားတွေ ပြောလို့၊ နောက် ပြည်တွင်းကနေ ရေးနေတဲ့ ဘလော်ဂါတွေကျတော့လဲ ကော်နက်ရှင်ကို အံမတုနိုင်တာနဲ့ဘဲ တဖြေးဖြေးနဲ့ ပိုစ့်တွေ အရေးကျဲ လာတာတွေ၊ အချို့လဲ ဘလောဂ့်လောကကို နှုတ်ဆက် ထွက်ခွာသွားကြတာတွေ အများကြီး ရှိကြပါတယ်.. အချို့သော စာရေးကောင်းသူတွေ၊ စာရေးဖို့ အရှိန်ယူနေတဲ့သူတွေ၊ အရှိန်ရနေသူတွေ ခုလို စိတ်ပျက်ပြီး နှုတ်ဆက် ထွက်ခွာသွားကြတာ နှမြောဖို့ ကောင်းပါတယ်..

တူညီကြတာ တစ်ခုက ဘယ်နေရာကနေ ဘလောဂ့်ရေးနေကြသူတွေဖြစ်ပါစေ… ကိုယ့်အိမ်ကို ခေတ္တဖြစ်စေ၊ အပြီးဖြစ်စေ ပြန်ကြတော့မယ်ဆိုရင် ဘလော့ဂ်မရေးဖြစ်တော့ဘူးတို့၊ အရင်လို ဘလောဂ့်ရေးနိုင်တော့မှာ မဟုတ်ဘူး ဆိုတဲ့စကားတွေ ကြားရတာဘဲဖြစ်ပါတယ်.. အခြား ဘယ်နေရာတွေမှာဘဲ ရှိနေသူဖြစ်ဖြစ် အင်တာနက်ကို အဆင်ပြေပြေ သုံးစွဲနိုင်ပြီး ကိုယ့်အိမ်ကိုယ့်မြေ ပြန်ကြတော့မယ် ဆိုကာကျမှ အင်တာနက် အဆင်ပြေတော့မှာ မဟုတ်ဘူး ဆိုတာမျိုး ဘာကြောင့်များ ဖြစ်ရပါသလဲလို့ အခါခါ စဉ်းစားရင်း စိတ်မကောင်းဖြစ်ရပါတယ်.. အဲဒီလို စိတ်မကောင်း ဖြစ်ရတဲ့အတွက်လည်း ကျွန်မ ဘာများ တတ်နိုင်မလဲ ဆိုတော့လဲ ကိုယ်လည်း မတတ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်.. ဒါပေမဲ့ တတ်နိုင်တာလေး တစ်ခုကိုတော့ စာရေးဖော် မိတ်ဆွေသူငယ်ချင်းများ၊ ဘလော့ရေးဖို့ အခက်အခဲ ဖြစ်နေသူများကို ဒီပိုစ့်လေးက အနည်းငယ်တော့ အထောက်အကူ ဖြစ်နိုင်မယ်လို့ မျှော်လင့်ပြီး ပြန်လည် မျှဝေရခြင်းဖြစ်ပါတယ်.. ဒီပိုစ့်လေးဟာ မိမိရဲ့ အီးမေလ်းထဲနေကနေပြီး ဘလော့ပေါ်ကို ပိုစ့်တင်တဲ့နည်းဖြစ်ပါတယ်.. ဒီအကြောင်းကို နည်းပညာ ၀က်ဆိုဒ်တွေမှာ ဖော်ပြပြီး ဖြစ်တာကြောင့် တော်တော်များများ သိပြီး၊ ဖတ်ရှုပြီးတဲ့ အကြောင်းအရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ အလုပ်တစ်ဖက်နဲ့မို့ အချိန်မရလို့ မဖတ်ရသေးသူများ၊ ၀က်ဆိုဒ်တွေကို ၀င်ဖို့အခက်အခဲဖြစ်သူများ၊ ဘယ်မှာ ရှာဖတ်ရမယ်ဆိုတာ မသိသေးသူများ အတွက် ရည်ရွယ်ပြီး ပြန်လည် ရေးသားဖော်ပြပါတယ်ရှင်..

ပထမဦးစွာ အီးမေလ်းကနေ ပို့စ်တင်ဖို့အတွက် မိမိရဲ့  blogger dashboard ထဲမှာတော့ Setting အရင် ၀င်ပြင်ထားဖို့ လိုပါမယ်.. အဲဒီလို ပြင်ထားပြီးရင်တော့ blogger ထဲကို ကျော်ခွပြီး ၀င်ဖို့ခက်နေသူများ blogger ထဲ ၀င်စရာမလိုဘဲ မိမိရဲ့ ဂျီမေလ်းထဲကနေ ပိုစ့်တွေ လှမ်းတင်လို့ ရမှာ ဖြစ်ပါတယ်..



စစချင်း Blogger  ထဲကို Sign in ၀င်ရပါမယ်.. ၀င်ပြီးရင်တော့ Dashboard ထဲကို ရောက်သွားပါပြီ။ အဲဒီကမှ ပုံမှာ ပြထားတဲ့အတိုင်း Setting ထဲကို ၀င်ပါမယ်။




Setting ထဲရောက်သွားခဲ့ရင် ပုံမှာပြထားတဲ့အတိုင်း Email & Mobile ကို ရှာပြီး ကလစ်နှိပ်ပါမယ်..




ပြီးတော့ ခုလို အနေအထားကို တွေ့ရမှာပါ။ Email Posting Address နေရာမှာ အရှေ့ကတော့ မိမိ ဘလော့ဖွင့်စဉ်က သုံးထားတဲ့ အီးမေလ်း  User Name ( အခု ကျွန်မပုံမှာ မြင်တွေ့ရတဲ့ apple လို စာလုံး တစ်ခုခုကို ) တွေ့ရမှာဖြစ်ပြီး လေးထောင့်ကွက်ထဲမှာ ဘာစာလုံးမှ ရှိမနေဘဲ အနောက်မှာတော့ @blogger.com ကို တွေ့ရမှာ ဖြစ်ပါတယ်…  ဒါကြောင့် လေးထောင့်ကွက်လေးထဲမှာ မိမိ အတွက် လျှို့ဝှက်နံပါတ် ( မိမိတစ်ဦးတည်းသာ သိမဲ့ ) စာလုံးများကို ရိုက်ထည့်ဖို့ လိုပါမယ်..




 ဥပမာ ကျွန်မဆီမှာ mylovelygreen19335 လို့ ဂဏန်းနဲ့ စာတွေ ဖြည့်လိုက်ပါတယ်.. ပြီးရင် အဲဒီ စာလုံး အတွဲကို မှတ်ထားဖို့ လိုပါမယ်.. အီးမေလ်းပို့ရင် ဒီလိပ်စာကို ပို့ရမှာ ဖြစ်ပါတယ်.. အခုဆိုရင် လိပ်စာက apple.mylovelygreen19335@blogger.com ဖြစ်နေပါပြီ။ apple နောက်မှာရှိနေတဲ့ . (dot)  ဆိုတဲ့ အစက်ကလေး မကျန်အောင် သတိပြုစေချင်ပါတယ်..



အီးမေလ်းကနေ ပို့လိုက်တဲ့ ပိုစ့်တွေကို တစ်ခါတည်း တက်ပြီးသားဖြစ်စေချင်ရင် publish emails immediately ကို on ထားဖို့လိုပြီး၊ တစ်ခါတည်း မတင်စေချင်သေးဘဲ Draft ထဲမှာသာ သိမ်းထားစေချင်တယ်ဆိုရင်တော့ save emails as draft posts ကို on ထားဖို့ လိုပါမယ်.. ပြီးသွားရင် အောက်ဆုံးက SAVE SETTINGS ကို နှိပ်လိုက်ရုံပါဘဲ။ ဒါဆိုရင် အီးမေလ်းထဲကနေ ပိုစ့်တွေတင်ဖို့ setting ချတာ ပြီးပါပြီ။

စမ်းပြီးတော့ ပိုစ့်တစ်ပုဒ်လောက် တင်ကြည့်ရအောင်နော်။




မိမိရဲ့ အီးမေလ်းထဲကို ၀င်ပြီး အခါတိုင်းအီးမေလ်းပို့သလိုဘဲ ပို့ပါမယ်.. ဘလောဂ့်ဖွင့်ထားတဲ့ အီးမေလ်းမှ မဟုတ်ပါဘူး... မိမိလက်ရှိသုံးနေတဲ့ ဘယ်ဂျီမေလ်းကနေမဆို ပို့လို့ရပါတယ်.. To ဆိုတဲ့ ပို့သူနေရာကို အစောက စာလုံးတွေ ဖြည့်ခဲ့တဲ့ လိပ်စာလေးကို ရေးထည့်ပါတယ်.. ဥပမာ ခုနက မှတ်ခဲ့တဲ့apple.mylovelygreen19335@blogger.com ကိုဖြည့်ပါတယ်.. Subject နေရာမှာတော့ ရေးမဲ့ ခေါင်းစဉ်ကို ဖြည့်ပါမယ်.. မေလ်းထဲမှာ ပိုစ့်ခေါင်းစဉ်အဖြစ် ကျွန်မ စမ်းပြီးတင်မဲ့ ပိုစ့်ခေါင်းစဉ်ဖြစ်တဲ့ ပျော်ပျော်ရွှင်ရွှင် နေရအောင် ကို Subject နေရာမှာ ထည့်ထားပါတယ်.. ပုံလေးပါ ထည့်ချင်ရင်တော့ attach file လေးနဲ့ ထည့်လို့ရပါသေးတယ်.. ပြီးတော့ စာရေးတဲ့ ဘောက်စ်ထဲမှာတော့ ပိုစ့်အတွက် မိမိရေးထားတဲ့ အကြောင်းအရာလေးတွေ ကူးရေးထည့်ရုံပါဘဲနော်။ စာတွေကိုတော့ word ထဲမှာ ရေးကတည်းက justify လုပ်ထားဖို့ လိုပါမယ်.. လုပ်ပြီးမှသာ မေလ်းထဲကို ကူးထည့်ပါ။ သို့မှသာ ဘလော့ပေါ်မှာ စာတွေ ညီနေမှာ ဖြစ်ပါတယ်.. ပုံလဲထည့်ပြီးပြီ.. စာတွေလဲ စစ်ပြီးပြီဆိုရင် မေလ်းပို့သလို Send လုပ်ရုံပါဘဲနော်..





ကိုယ့်ရဲ့ ဘလော်ဂါထဲကို ၀င်ကြည့်မယ်ဆိုရင် ခုလို မေလ်းနဲ့ပို့လိုက်တဲ့ပိုစ့်လေးက ရောက်နေပြီ ဖြစ်ပါတယ်




ကိုယ့်ရဲ့ ဘလော့ဂ် မိန်းပေခ်ျ့ကို ဖွင့်ကြည့်လိုက်မယ်ဆိုရင် မေလ်းကနေ ပို့လိုက်တဲ့ ပိုစ့်လေးဟာ ဘလော့မျက်နှာပြင်မှာ တက်သွားပါပြီနော်.. ပျော်ပျော်ရွှင်ရွှင်နေရအောင်ဆိုတဲ့ ပိုစ့်လေးပါ.. ထည့်လိုက်တဲ့ ပုံကတော့ ထိပ်ဆုံးမှာပါ။



ပုံတွေကို အများကြီးထည့်ချင်လည်း ထည့်လို့ရပါတယ်.. Attach File နဲ့ ကြိုက်သလောက်ထည့်ပါ။ သို့သော်လည်း ပုံတွေက ပိုစ့်ရဲ့ အပေါ်ဆုံးမှာ ခုလိုမျိုး အစဉ်လိုက်သာ ပေါ်နေမှာ ဖြစ်ပါတယ်..

အခုဖော်ပြသွားတဲ့ အီးမေလ်းကနေ ဘလော့စပေါ့ကို ပိုစ့်တင်နည်းလေးကို ဖတ်ပြီး လေ့လာခဲ့ရတဲ့ မူရင်းဆိုဒ်က  IT Share Site ဖြစ်ပါတယ်. တစ်ခြား နည်းပညာဆိုဒ်တွေမှာလည်း တင်ထားဖူးပြီးသား ဖြစ်ပါလိမ့်မယ်.. အခု ကျွန်မ ရှင်းပြထားတာ မရှင်းလင်းခဲ့ရင် IT Share Site ရဲ့(  ဒီနေရာလေးမှာ ) သွားရောက် ကြည့်ရှုနိုင်ပါတယ်..

ဒီပိုစ့်ကို ရေးသားပြီး တင်ပေးထားသော IT Share Site  နဲ့ အခြားသော နည်းပညာ ဆိုဒ်တို့အား ကျေးဇူးအထူး တင်ပါကြောင်းနဲ့ ပြည်တွင်းကနေ ဘလောဂ့်ပိုစ့်တင်ဖို့ အခက်အခဲဖြစ်သူများ၊ blogger ထဲဝင်ပြီး တင်ဖို့ အချိန်မရသူများ၊ ကျော်ခွရသူများ အဆင်ပြေချောမွေ့စွာ တင်နိုင်ကြပါစေလို့ ဆန္ဒမွန်ဖြင့် ဒီပိုစ့်လေးကို ထပ်ဆင့်ကာ ပြန်လည် ဝေမျှရေးသားပါတယ်ရှင်။


ဖြည့်စွက်ချက်။   ။ ပြည်တွင်းကနေ Blogger ကို အသုံးပြုပြီး ဘလော့ရေးနေသူများ၊ ကိုယ်ပိုင်ဒိုမိန်း မရှိသူများအတွက် sub domain ပေးလိုပါသဖြင့် အောက်ပါ အီးမေလ်းလိပ်စာကို မေလ်းပို့ပြီး တောင်းခံနိုင်တယ် ဆိုတာလေး ထပ်ပြီးဖြည့်စွက်ချင်ပါတယ်.. sub domain ရပါက မိမိ၏ဘလော့နှင့် ချိတ်ဆက်ပြီး  ပြည်တွင်းမှ ကြည့်ရှုသူများက ကျော်ခွစရာမလိုဘဲ အလွယ်တကူ ၀င်ရောက်ကြည့်ရှုနိုင်မှာ  ဖြစ်ပါတယ်လို့ သိရပါတယ်.. ပေးမဲ့ sub domain က mmblogger.info ဖြစ်ပါတယ်.. အရှေ့က မိမိရဲ့ ဘလော့လိပ်စာ(myname) နေရာမှာ ဖြည့်လိုက်ရင် http://(myname)mmblogger.info/ ဖြစ်လာမှာ ဖြစ်ပြီး ပြည်တွင်းမှ သုံးစွဲနေသူများကို အဓိက ပံ့ပိုးပေးလိုတာဖြစ်ပြီး sub domain အရေအတွက်  ၇၀ နီးပါး ပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်.. ဘလော့ရေးသားသူများသည် ရသစာပေ၊ သုတစာပေ၊ ကဗျာ၊ ဆောင်းပါး တို့ကို ရေးသားနေသူများ ဖြစ်ပြီး တစ်လတစ်ကြိမ် အနည်းဆုံး ပိုစ့်များကို တင်နိုင်သူများ ဖြစ်ရပါမယ်ဆိုတဲ့ စည်းကမ်းချက်လေးများ ထားရှိပါတယ်လို့ sub domain ပံ့ပိုးပေးလိုသူမှ ဆက်သွယ် ပြောကြားလာပါတယ်။ စိတ်ဝင်စားသူများ mrs.niniwin@gmail.com ကို အီးမေလ်းပေးပို့၍ ဆက်သွယ်နိုင်ပါကြောင်းရှင်....




21 Responses to “ဘလောဂ့်ရေးကြရာဝယ်...”

baby taster said...

ချောရေ...
အခုလိုဆိုတော့လည်း အတွင်းကလူတွေ အတွက်
လွယ်တာပေါ့နော့။ မျှဝေပေးတာ ကျေးဇူးပါ။

ကျနော်လည်း တစ်နှစ်လောက် မွေးရပ်မြေပြန်တုန်းက သူငယ်ချင်းတစ်ယောက်က အဲ့လို အကြံပေးဖူးတယ် တစ်ခြားသူင.ယ်ချင်းတွေရဲ့ ဘလော့ကိုလည်းမလည်ရ ကော့မန့်လည်းပေးမရ နဲ့ အရင်လိုမဟုတ်တော့ပဲ သူစိမ်းဆန်သွားသလို ။ ပြီးတော့ အီးမေးလ် နဲ့ပို့စ်တင်ရတာက edit လည်းပြန်လုပ်လို့မရ။

ဟုတ်ပါ့ဗျာ မြန်မာပြည်ပြန်တော့မယ်ဆိုရင် ဘလော့ကိုခွဲရတာ ကိုယ့်ဆွေမျိုးတွေနဲ့ခွဲရသလိုပဲ ကိုးနတ်ရှင်ကြီး မကောင်းတာသိနေတော့လည်း အပြီးပဲ နှုတ်ဆက်လိုက်ရသလိုနဲ့ ။

တစ်နေ့တော့ဖြစ်လာမှာပါ 2010 လည်းပြီးပြီ ပြေတီဦးလည်း မင်္ဂလာ 6 ပွဲဆောင်ပြီးပြီ ဆိုတော့ ဟီဟီး ဘာမှလည်းမဆိုင်ဘူးး ။

SHWE ZIN U said...

ညီမ ချော ရေ

ဖတ်သွားပြီနော် ဘာသာပြန်လေး လာလာဖတ်တဲ့ အတွက် ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

JUSTICE999BURMA said...

Copy ကူးပြီးအထဲကသူငယ်ချင်းတွေကို ဝေပေးလိုက်မယ်ဗျာ.... ကောင်းလိုက်တာ... အထဲကလူတွေ ၀မ်းသာစရာပါပဲ...

Crystal said...

နှစ်သစ်မှာ ရေးတဲ့ အကျိုးပြုပိုစ့်လေးအတွက် ပြည်တွင်းက လူတွေကိုယ်စား ကျေးဇူးပါ ချောရေ။

Anonymous said...

ဂွတ်ထ..
ဒီပို့စ်ကိုဖတ်ရင်း တစ်ခါထဲ လက်တွေ့စမ်းရင်း
ရှင်းပြထားတဲ့ ပုံလေးတွေဖတ်ရင်း
ဆုံးလဲဆုံးရော ပို့စ်လေးတစ်ပုဒ် အီးမေးကနေ
ပထမဆုံး တင်ဖူးသွားတော့တယ်..။
စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့အတွက် ကျေးဇူးတော်။

မချောရေ
ခုလိုမျှဝေပေးတာ ကျေးဇူးပါပဲ
ဒီတစ်ခါပြန်ရင်တော့ ကြိုးစားကြည့်ဦးမယ်
တစ်ကယ်ပဲ မြန်မာပြည်မှာက သိပ်စိတ်ပျက်ဖို့ကောင်းတယ်...
ဘလောက်ဆိုတာထားလိုက်ဦး အီးမေးလ်ကို ဖတ်ဖို့မလွယ်ဘူး
ကော်နက်ရှင်ကျကျ သွားလို့ စိတ်မရှည်တာနဲ့ပဲ ဘာမှကို မလုပ်ဖြစ်ပါဘူး... မြန်မာပြည်တစ်ခေါက်ပြန်သွားတာ သတိရလို့ ကိုယ့်ဘလော့ကိုယ်အမှတ်တရ ဖွင့်ကြည့်သေးတယ် ၁နာရီစာပိုက်ဆံသာပေးခဲ့ရတယ်
မကြည့်ခဲ့ရဘူး မချောရေ ....း(

Sunny said...

ကျေးဇူးပဲ မမချောရေ.. ဘလော့ ဖွင့်မရတဲ့အခါ မေးလ်ကနေပို့လို့ရတာပေါ့နော်..

ကျေးတမာတယ်...(ဖူဖူကျော်သိန်းလေတံနဲ့)

နှစ်သစ်မှာ အသစ်စတင်နိုင်ပါစေ..(ဟဲ ဟဲ လိုရာတွေးနော် အစ်မ)

မင်္ဂလာ နှစ်သစ်မှာ ပျော်ရွှင်ပါစေနော် . .
ကောင်းလိုက်တာ နည်းပညာတွေ ပြန်ဖြန့် ပေးလို့ 
ကျတော်ကတော့ ဘာမှမသိပါဘူး
IT သမားမဟုပ်လို့ လေ
နှစ်သစ် ဆုတောင်းပို့ လိုက်တာ ကျေးဇူးတင်ပါတယ်နော်

ဟန်နာ said...

ဟယ်...အဲ့လိုလေးလဲ ရတယ်လား.. ဒါဆို ရန်ကုန်မှာ ဘလော့ဂ်ရေးချင်တဲ့ ဟန်နာ့ သူငယ်ချင်းတွေ အတွက် အဆင်ပြေသွားပြီပေါ့... ပြန်ပြီး ဝေမျှပေးတာ ကျေးဇူးအထူးပါ.. မမရေ :)

rose said...

မမချောရေ... စိတ်ရှည်လက်ရှည်နဲ့ မျှဝေပေးတာ ကျေးဇူးပါနော်။ မြန်မာပြည်က လူတွေ အတွက် တကယ် အကျိုးရှိပါတယ်။ စိတ်ညစ်စရာ ကောင်းလိုက်တာ။ ဘယ်တော့များမှ ပာိုပာာ ဘလော့၊ ဒီပာာ ဘလော့ ထားတဲ့ ဘ၀က လွတ်ပြီး ကွန်နက်ရှင် ကောင်းကောင်းနဲ့ သူတို့ သုံးနိုင်မလဲ မသိဘူး.... ပာူးးးးးးးးး

ဂွတ်တယ်အစ်မချော....ခုမလိုလဲ နောင်လိုမှာဆိုတော့ do ထားလိုက်ပြီ :)

ခင်တဲ့(ဖိုးကြယ်)

ahphyulay said...

အင်း ...
သိပ်ကျေးဇူးတင်တာပဲဗျာ..။
ကျွန်တော်တို့  မလွဲမသွေ ရင်ဆိုင်ကြရတော့ မှာပါ။
အခုလိုရှင်းပြပေးတာကျေးဇူးကမ္ဘာပါ။
ကျွန်တော်လည်း ဒါကိုပဲ ခေါင်းကိုက်နေတာလေ။
မဟာ ကုသိုလ်ကြီးတစ်ခု မချောအဲ မ...ချော လုပ်လိုက်ပြီ။
ဒီပို့ (စ)လေးကိုသိမ်းလိုက်ပြီ။ အေးဆေး ပြန်ဖတ်နေလို့ 
ရအောင်လေ..။

မှတ်ထားလိုက်အုံးမယ်ဗျာ၊ ကျေးဇူးပါ။

အမချောရေ..
အခုလို စေတနာပါပါနှင့် စိတ်ရှည်လက်ရှည် ရှင်းပြပေးတဲ့အတွက် အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။ အခုလို မေးလ်ကတစ်ဆင့် တင်လို့ရတဲ့ နည်းကို တကယ် သိထားသင့်ပါတယ်။ အင်တာနက်ခက်ခဲတဲ့ နေရာကလူတွေအတွက် ပိုပြီး အကျိုးကျေးဇူးဖြစ်စေပါတယ်။

အားလုံးအဆင်ပြေပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဘန်းကျော်ရတဲ့ ဘဝလဲ မလွယ်ဘူးနော် အစ်မ.. :) ယူနီကုဒ်ပြောင်းမယ်ဆိုရင် ခဏစောင့်ရင်စောင့်ပေါ့..ပြောင်းရတာတော့ မခက်ပါဘူး။ ရုတ်တရက်ကြီး စာလုံး ဝိုင်းဝိုင်းလေးတွေ ဗြောင်းဆန်သွားတာ နည်းနည်းတော့ လန့်ဖို့ကောင်းတယ်။

အတော် အသုံးဝင်တယ်၊ အမတယောက် အကြံပေးလို့ စမ်းကြည့်မယ် စိတ်ကူးတုန်း ချောရဲ့ ပိုစ့်တက်လာတာနဲ့ ကွက်တိပဲ။ စမ်းတင်ကြည့်ဦးမယ်ချောရေ....:)

ညီမလေး said...

ဒါကဒီလိုရှိသည်ပေါ့နော်း)) မှတ်သားစရာပါပဲ ရှဲ့ရှဲ့နော် ချေား)

ချောရေ...
မည်သို့ပင်အားပေးကာနည်းလမ်းတွေမျှဝေပါလည်း
တစ်ခါတစ်ရံ ရွှေပြည်ကြီးမှာ အွန်လိုင်းသုံးပြီး စာရေး၊ စာဖတ်ရတာ အင်မတိ အင်မတန်မှပင် စိတ်ပိန်ဖို့ကောင်းလှပါတယ်။
နောက်ဆုံး...အတတ်နိုင်ဆုံးအချိန်ထိ ကြိုးစားရေးရမှာပဲ..။
ပို့စ်လေးတော့ Save လုပ်သွားတယ် ချောရေ....။

အခုလောလောဆယ် မလိုသေးပေမယ့် အသုံးဝင်လာမယ့် အကြောင်းအရာလေး မို့လို့
သေသေချာချာ ဖတ်မှတ်လိုက်တယ်။ ရှင်းပြထားတာ ကောင်းတော့ တခါတည်း သိသွားရတယ်။ တန်ဖိုးရှိလေစွ...။