ချမ်းသာခြင်း အကြောင်းတရား



ချမ်းသာသူတိုင်းဟာလည်း  အမြဲတမ်း ပျော်ရွှင်ကြသူတွေ မဖြစ်နိုင်ကြပါဘူး။ ငွေကြေးတွေအများကြီး ကြွယ်ဝချမ်းသာနေကြလို့ သူတို့တွေကတော့ ပျော်ရွှင်နေကြမှာဘဲ စိတ်ဆင်းရဲစရာ ရှိမှာ မဟုတ်ဘူးလို့ ထင်ရင် တကယ်ကိုမှားပါတယ်.. သူတို့တွေရဲ့ဘ၀မှာလည်း စိတ်ဆင်းရဲစရာ မပျော်ရွှင်စရာ အကြောင်းတွေဟာ တစ်နည်းနည်းနဲ့ ရှိနေတတ်ကြပါတယ်.. အချို့သော သူတွေမှာ အလုပ်အကိုင်ကောင်းကောင်းနဲ့ လစာတွေ အများကြီး ရနေကြပါရက်နဲ့ မပျော်မရွှင်ဖြစ်နေကြတာ၊ စိတ်ဆင်းရဲနေကြတာတွေ ရှိပါတယ်.. ပိုက်ဆံလည်း အများကြီးရှိနေတယ်... အလုပ်အကိုင် ကောင်းကောင်းလည်းရှိတယ်.. ဒီလိုလူကိုမှသာ ချမ်းသာတယ်လို့ ခေါ်နိုင်ပါသလား..

တကယ်တမ်းတော့ ချမ်းသာတယ် ဆိုတဲ့နေရာမှာ ငွေကြေးတစ်ခုတည်းနဲ့ တိုင်းတာဆုံးဖြတ်လို့ မရပါဘူး။ မိမိရဲ့ လက်ရှိအနေအထားပေါ်မှာ စိတ်ကျေနပ်မှုရမယ် တင်းတိမ် ရောင့်ရဲတတ်မယ် ဆိုရင်လည်း ငွေကြေးအများကြီး မရှိရင်တောင် စိတ်ကျေနပ်မှု ရတဲ့အတွက် ချမ်းသာမှု တစ်မျိုးကို ရရှိနေတာဖြစ်ပါတယ်.. ဒါကြောင့် ချမ်းသာခြင်းကို အဓိပ္ပါယ် ဖွင့်ဆိုရမယ်ဆိုရင် စိတ်ပျော်ရွှင်ကျေနပ်မှု ရနေရင် ချမ်းသာနေတာဘဲ ဖြစ်ပါတယ်.. ငွေကြေးတွေ အများကြီး ရှိနေပြီး စိတ်ကျေနပ်မှု မရှိဘူး၊ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတယ် ဆိုရင်ဖြင့် အဲဒီလူဟာ အမှန်တကယ် ချမ်းသာနေတဲ့သူ မဖြစ်နိုင်ပါဘူး… အဓိကက စိတ်ချမ်းသာမှု ရှိနေတယ်ဆိုရင်လည်း ချမ်းသာနေတာ ဖြစ်ပါတယ်.. ဒီလိုဆိုရင် လောကကြီးမှာ လူတိုင်းလူတိုင်းဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ချမ်းသာသူတွေ ဖြစ်နိုင်ကြပါတယ်.. ဘယ်လိုနည်းနဲ့များ ချမ်းသာတဲ့သူ ဖြစ်နိုင်မလဲ.. စဉ်းစားကြည့်ရအောင်နော်…


ချမ်းသာတယ်လို့ပြောနိုင်ဖို့ နည်းလမ်း (၇)ရပ်ရှိပါတယ်.. အဲဒါတွေက

(၁) မိမိရဲ့ အတွင်းစိတ်မှ ချမ်းသာမှု ရရှိခြင်း

လောကကြီးမှာ အရာရာကို ကောင်းတဲ့ဘက်ကနေ ကြည့်မြင်တတ်သူတွေဟာ အလွယ်တကူ စိတ်ချမ်းသာမှုကို ရရှိနိုင်ပါတယ်.. တစ်ချို့သောသူတွေဟာ အခက်အခဲတွေ၊ စိတ်ပျက်စရာတွေနဲ့ ကြုံတွေ့ရရင်တောင် အကောင်းဘက်ကနေ သော်လည်းကောင်း၊ ရယ်စရာအနေနဲ့သော်လည်း ကြည့်မြင် တတ်ကြပါတယ်.. သူတို့တွေဟာ သောကဖြစ်စရာ၊ စိတ်ညစ်ညူးစရာတွေကို မိမိရဲ့နှလုံးသားထဲမှာ ကြာရှည် သိမ်းဆည်းထား တတ်သူတွေ မဟုတ်တဲ့အတွက်  စိတ်အေးချမ်းမှုကို အမြဲတမ်း ခံစားနေရမှာ ဖြစ်ပါတယ်.. ဘ၀မှာ ဘယ်လောက်ပင် ခက်ခဲတဲ့ ပြဿနာပင်ဖြစ်ပါစေ.. အချိန်တန်ရင် တစ်နည်းနည်းနဲ့ ကျော်လွှား အောင်မြင်ကြရမှာ ဖြစ်ပါတယ်.. မဖြေရှင်းနိုင်ခင် တဒင်္ဂ အခြေအနေလေးသာ စိတ်သောက ရောက်ကြရမှာ ဖြစ်ပါတယ်. ဒါကြောင့် အခက်အခဲ အတားအဆီးတွေနဲ့ ကြုံတဲ့အခါ ကြံ့ကြံ့ခံနိုင်ပြီး မကြာခင်မှာ အောင်မြင်စွာ ဖြေရှင်းနိုင်မယ်လို့တွေးတောကာ အကောင်းမြင်တတ်သူ တော်တော် များများဟာ မိမိရဲ့ အတွင်းစိတ်မှာ အေးချမ်းနေတဲ့အတွက် ချမ်းသာသူတွေလို့ ခေါ်ဆိုလို့ရပါတယ်..

(၂) ကျန်းမာရေး ကောင်းမွန်မှုကြောင့် ချမ်းသာခြင်း


ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ ဆိုကြသလိုပါဘဲ.. လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ငွေနဲ့ချိန်စက်ပြီး ၀ယ်ယူလို့ မရနိုင်ပါဘူး.. ပိုက်ဆံဘယ်လောက်ပင် ကြွယ်ဝချမ်းသာစေကာမူ ကျန်းမာရေး ချို့ယွင်းနေသူများဟာ စိတ်ပျော်ရွှင်မှုကို မရတဲ့အတွက် သူတို့မှာ အပြည့်အ၀ ချမ်းသာနေတယ်လို့ ခေါ်လို့မရပါဘူး.. ဒါကြောင့် သင့်မှာ နာတာရှည်ရောဂါမရှိဘူး၊ ကျန်းမာရေးလည်း ကောင်းမွန်နေတယ်ဆိုရင် သင်ဟာ ချမ်းသာသူ တစ်ယောက်လို့ ပြောလို့ရပါတယ်။



(၃) မိသားစု မိတ်သင်္ဂဟ ပေါများ ချမ်းသာခြင်း

သင့်မှာ သင့်ကို ချစ်ခင်စွာ ဂရုစိုက်ပူပန်သူ၊ သတိတရ ရှိနေကြသူ မိဘမောင်ဖွား၊ မိသားစုဝင်တွေ၊ ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းတွေ ချစ်သူခင်သူတွေ ရှိနေခြင်းဟာလည်း အလွန်မှ ကံကောင်းခြင်း တစ်မျိုး ဖြစ်ပါတယ်.. ပိုက်ဆံချမ်းသာ ကြွယ်ဝသော်လည်း မေတ္တာ စေတနာနဲ့ ဂရုတစိုက် ပူပန် စောင့်ရှောက်သူ မရှိခဲ့ရင် အဲဒီလူရဲ့ ဘ၀ဟာ အထီးကျန် ဆန်လှပြီး စစ်မှန်တဲ့ ပျော်ရွှင် စိတ်ချမ်းသာမှုကို ရနိုင်မှာ မဟုတ်ပါဘူး။ သင်နေထိုင်မကောင်း ဖြစ်ချိန်၊ သင် လိုအပ်ချိန် တွေမှာ သင့်ဘေးနားမှာ အချိန်မရွေး ဂရုတစိုက် ပြုစုပေးနိုင်မဲ့သူ၊ အားပေးမဲ့သူတွေ ရှိနေပြီဆိုရင် သင်ဟာ တစ်နည်းတစ်ဖုံအားဖြင့် ချမ်းသာသူတစ်ဦး ဖြစ်နေပါသေးတယ်..




(၄) အလုပ်အကိုင်ကောင်းကြောင့် ချမ်းသာခြင်း

သင်ဟာ သင်လုပ်နေတဲ့အလုပ်မှာ နေရာကောင်း တစ်နေရာ ရထားတယ်.. ဒါမှမဟုတ် လက်ရှိ ရောက်နေတဲ့ အနေအထားကို စိတ်ကျေနပ်မှု ရတယ်။ မိမိ လုပ်နေတဲ့အလုပ်မှာ ပျော်ရွှင် စိတ်ချမ်းသာတဲ့ အနေအထား ရှိတယ်ဆိုရင်လည်း မိမိအလုပ်ကို ကျေနပ်နှစ်သိမ့်တဲ့ ခံစားချက် လေးတော့ ခံစားကြရမှာ ဖြစ်ပါတယ်.. ဒီလို အလုပ်မှာ ပျော်ပိုက်နေတာ၊ အဆင်ပြေ နေတာဟာလည်း စိတ်ကို ချမ်းသာမှု ပေးနိုင် တာကြောင့် သင်ဟာ ဒီနည်းအားဖြင့်လည်း ချမ်းသာသူတစ်ဦးလို့ ပြောလို့ရပါတယ်..




(၅) စီးပွားရေး ပြည့်စုံအဆင်ပြေမှုကြောင့် ချမ်းသာခြင်း

ဒီအချက်ကတော့ ငွေကြေးကြွယ်ဝမှုကိုခေါ်တဲ့ ချမ်းသာခြင်းဖြစ်ပါတယ်.. စီးပွားရေး အဆင်ပြေနေရင် ငွေကြေးလည်း အဆင်ပြေနေမှာ ဖြစ်ပါတယ်.. လောကကြီးမှာ အရာရာကို ငွေနဲ့ ဆုံးဖြတ် တိုင်းတာလို့ မရဘူးဆိုပေမဲ့ ကိစ္စ တော်တော်များများကို ငွေက ပြီးပြည့်စုံ နိုင်စေတာကြောင့် လူတွေအတွက် ငွေကြေး ဟာလည်း မရှိမဖြစ် လိုအပ်နေတဲ့ လိုအပ်ချက်ကြီး တစ်ခု ဖြစ်နေပါတယ်.. ငွေကြေးများများစားစား လက်ထဲမှာ ရှိနေခဲ့ရင် ကိုယ်သွားချင်တာ၊ စားချင်တာ၊ ဖြစ်ချင်တာတွေကို ဖြစ်စေနိုင်တာကြောင့် ငွေဟာ ပျော်ရွှင်မှု တော်တော်များများကိုလည်း ဖန်တီးပေးနိုင်ပါတယ်.. မိမိစိတ်တိုင်းကျ လှူဒါန်းနိုင်ခြင်း ပေးကမ်းစွန့်ကြဲနိုင်ခြင်းဟာ လူတွေအတွက် ဂုဏ်ယူစရာ၊ စိတ်ကျေနပ်မှု ရစရာ တစ်မျိုးလည်း ဖြစ်တာကြောင့် သင့်လက်ထဲမှာ ငွေကြေးများများစားစား ရှိခဲ့ရင် စိတ်တိုင်းကျ လှူနိုင်၊ ပေးကမ်း စွန့်ကြဲနိုင်တယ်.. ဒီလို ကိုယ်လုပ်ချင်တဲ့ အချို့သောအရာတွေ လုပ်နိုင်ခြင်း၊ လှူနိုင်တန်းနိုင်၊ ပေးကမ်း စွန့်ကြဲနိုင်ခြင်းကြောင့်လည်း စိတ်ချမ်းသာမှုကို ရရှိနိုင်တဲ့အတွက် ငွေရှိတာဟာလည်း ချမ်းသာခြင်းတစ်မျိုး ဖြစ်ပါတယ်..

(၆) ခရီးထွက်ခြင်းကြောင့် ချမ်းသာမှု ရရှိခြင်း

ကိုယ်မရောက်ဖူးတဲ့ နေရာဒေသ အသစ် အဆန်းတွေကို ခရီးသွားရတဲ့အခါမျိုးတွေ၊ ကိုယ်ပြင်းပြင်းပြပြ သွားချင်တဲ့နေရာတွေကို ရောက်ရတဲ့အခါ၊ မတွေ့ကြုံဖူးတဲ့  လူသစ်တွေနဲ့ တွေ့ဆုံသိကျွမ်းရတာ ၊ မသိသေးတဲ့ဒေသန္တရ ဗဟုသုတတွေနဲ့ ထိတွေ့ခွင့်ရတာဟာ စိတ်ကို ပျော်ရွှင် ကြည်နူးစေတယ်.. လန်းဆန်း တက်ကြွတဲ့ စိတ်ခံစားမှု အသစ်တွေ၊ စိတ်လှုပ်ရှား စရာတွေကို ရရှိစေပါတယ်.. အဲဒီလို နေရာဒေသ အသစ်တွေကို မကြာခဏ ရောက်ရခြင်း၊ စိတ်ဝင်စားဖွယ် ခရီးများကို မကြခဏ သွားရခြင်းတို့ကြောင့် ရရှိတဲ့ စိတ်ပျော်ရွှင် ချမ်းမြေ့မှုဟာလည်း တန်ဖိုး ကြီးမားတဲ့အတွက် ခရီးမကြာခဏ သွားနိုင်ခြင်းဟာလည်း ချမ်းသာမှုတစ်မျိုးလို့ ပြောလို့ရပါတယ်..


(၇) အများအကျိုး၊ ပရဟိတအကျိုး ဆောင်ခြင်းအားဖြင့် ချမ်းသာခြင်း


 အကူအညီလိုအပ်သူများ၊ မိမိထက် ဆင်းရဲချို့တဲ့သူများ၊ ဘေးဒုက္ခရောက်နေသူများကို ကူညီခြင်း၊ စောင့်ရှောက်ခြင်း စတဲ့ မွန်မြတ်သော ပရဟိတ အလုပ်တွေ၊ လူမှုရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ပြီး လူအများကို စိတ်ကောင်း စေတနာဖြင့် ကူညီခြင်းအားဖြင့် မိမိကိုယ်ကို ယုံကြည်မှု မြင့်မားလာစေနိုင်သလို ပတ်ဝန်းကျင်မှ လူအများက လေးစားအားကျရသူ ဖြစ်လာ နိုင်ပါတယ်.. ထိုသူများဟာ ငွေကြေးအားဖြင့် မချမ်းသာစေကာမူ မိမိပတ်ဝန်းကျင်မှာတော့ ချီးကျူး လေးစားထိုက်သူ ဖြစ်နေပါတယ်.. ထိုကဲ့သို့ လူအများက လေးစား အားကျခံရခြင်းဟာလည်း ဘ၀မှာ ချမ်းသာခြင်း တစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်..




 
အထက်က ဖော်ပြပါ နည်းလမ်း(၇)ရပ်ထဲမှာမှ တစ်ချက်ချက်ထဲက အကြောင်းအရာဟာ သင့်ရဲ့လက်ရှိ အနေအထားနဲ့ ကိုက်ညီမှု ရှိခဲ့တယ်ဆိုရင် သင်ဟာ ချမ်းသာတဲ့သူတစ်ဦး ဖြစ်နေပါတယ်.. ဒါကြောင့် ဘ၀ရဲ့ ချမ်းသာနိုင်တဲ့ အချက်တွေထဲကမှ မိမိနဲ့ ဘယ်အချက်များ ကိုက်ညီမလဲ၊ မခက်ခဲလှတဲ့ ချမ်းသာခြင်းကို တစ်နည်းမဟုတ် တစ်နည်း ရရှိအောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ချင့်ချိန်စဉ်းစားရင်း ကျွန်မတို့ ဘယ်လောက်များ ချမ်းသာနေပြီလဲဆိုတာ ရှာဖွေကြည့်ကြပါစို့လားနော်။





Ref: Are We Really Wealthy? ( Funzug.com)  

24 Responses to “ချမ်းသာခြင်း အကြောင်းတရား”

ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည်...
စိတ်ချမ်းသာမှ ဥစ္စာချမ်းသာမည်...ဆိုသလိုပေါ့ မချောရယ်..။
လာလောဆယ် ကိုယ်ကမကျန်းမာသေးတော့ စိတ်လည်းမချမ်းသာနိုင်သေးဘူး..၊
စီးပွားရေး..
လူမှုရေး...
အပေါင်းအသင်း...
အားလုံးဆင်းရဲနေသေးတယ်...
အမြန်ကျန်းမာလာအောင် ဆုတောင်းပေးနော်...း(

rose said...

အလွန် အဖိုးတန်ပြီး အနှစ်သာရ ပြည့်ဝတဲ့ ပို့စ်လေးအတွက် ကျေးဇူးတင်ပါရစေ။ အင်း... ကျွန်မ အတွက်ကတော့ အချက် ၁၊ ၂၊ ၃ တွေနဲ့ အခု ချမ်းသာနေတယ်း) အချက် ၇ နဲ့ ချမ်းသာအောင် ကြိုးစားရဦးမယ်။

Anonymous said...

၁ ၂ ၃ ၇ (ကြိုးစားဆဲ)
ဟဲဟဲ ရွှေချော တာ့တာ

ရွှေချောလို့ခေါ်တာ ဘူလဲ သိမှာပါနော် မပြောတော့ဘူး တာ့တာ

Anonymous said...

ကျေးဇူးတင်လိုက်တာမနက်စောစောစီးစီးကောင်းတဲ့Postလေးဖတ်လိုက်၇လို့စိတ်ချမ်းသာဖို့အေ၇းကြီးဆုံးဖြစ်တဲ့နံပတ်၁အချက်လေးကိုဖတ်လိုက်၇လို့လေ

Anonymous said...

ချောရေ
လာဖတ်တာ ကြာလှပေါ့
မန့်မရလို့လေ ခုမှပြန်လာတာ
စိတ်မချမ်းပါဘူးအေ
ကိုယ်မကျန်းမာလို့ပေါ့


Baby taster

sosegado said...

မောင်ချမ်းသာကို ရ၍ ချမ်းသာ ရခြင်း၊ (နာမည်= ချမ်းသာ):D

ပို့စ်လေးက ဖတ်လို့ကောင်းလိုက်တာ။ ကိုယ့်ကိုယ်ကို ငါလည်း ချမ်းသာတဲ့ စာရင်းထဲပါနေပါလားဆိုပြီး ပျော်သွားတယ်။ မျှဝေမှုတွေအတွက် ကျေးဇူးပါ မမချောရေ။

flowerpoem said...

နံပတ် (၅) အချက်ကလွဲပြီးကျန်တာတွေတော့ ချမ်းသာတယ် :)

ညီမလေး said...

အင်းးးး အဲ့လိုဆို ညီမလေးလဲ ချမ်းသာတဲ့သူတွေ ထဲမှာ ပါတယ် .. ငွေတော့ မဟုတ်ဘူး စိတ်း))

အချက် ၁ နဲ့ ၃ ကျနော့်မှာ ရှိထားတယ်ဆိုတော့ လောလောဆယ် လတ်ထဲ တစ်ဘတ်မှမရှိလည်း ကျနော်က လူချမ်းသာပေါ့ နော့် အစ်မး)

Anonymous said...

တစ်ခါတစ်လေ ဖော်ပြပါ(၇)ချက်အားလုံးနီးပါး ကိုယ့်လက်ထဲ ရောက်လာတဲ့အခါရှိသလို တစ်ခါတစ်ရံကျတော့လည်း
အဲဒီ(၇)ချက်လုံး ကိုယ့်ဆီက ရှောင်ခွာထွက်ပြေးသွားတဲ့
အခါတွေလည်း ရှိတတ်ပြန်တယ်..။
အသင့်တော်ဆုံးကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို
"ကိုယ့်ကိုယ်ကို နားလည်ခြင်း"ဆိုတဲ့အချက်လေး ရှိနေခဲ့မယ်ဆိုရင်......?

ဆွေလေးမွန် said...

လောလောဆယ်တော့ ၁၊၂၊၄၊၇ အချက်တွေနဲ့ ကိုက်နေတယ်။ ဒီလိုချမ်းသာနေတယ်။ကြာဇံချက်ကတော့ ကောင်းမှကောင်းပါ။ စလုံးကို အလုပ်ပြောင်းလာရင် ချက်ကျွေးမယ်နော်..

khun said...

ပိုက်ဆံမရှိတာကလွဲရင် ကျန်တာတွေ အကုန်ချမ်းသာတယ် မမရေ... :P
ပို့စ်ကောင်းလေးအတွက် ကျေးဇူးပါ။ ပိုက်ဆံမရှိတိုင်း ဒီလိုစာတွေများများဖတ်ပြီး ကိုယ့်ကိုကိုယ်အားပေးရမယ် :)

ssye said...

လူသားတယောက်ဟာ သူ့အသက်အရွယ်အလိုက် ၊ သူ့ရဲ့ ဘ၀၊အမြင် နှင့် ကိုက်ညီတဲ့ ခံယူချက် (သို့) ရည်မှန်းချက်ဟာ ပြောင်းလဲတတ်ပါတယ်။ ကျန်းမာရေးကောင်းသူလူမွဲတယောက်နှင့် ချမ်းသာသောဒုက္ခိတ တယောက်အတွက် အကြောင်းတရား (၂) နှင့် (၅) ဟာ အလေးထားပုံချင်းမတူသလို ထိုလူနှစ်ဦးကို နေရာလဲလိုက်ပါက ယ္ခင်က အမြင်နှင့် ခံယူချက်လည်းပြောင်းသွားပါလိမ့်မယ်။ ယေဘူယအားဖြင့် ဤ အကြောင်းတရား (၇)ချက်ကို ” သင် အောင်မြင်ပြီလား ? ” ဆိုတဲ့မေးခွန်းတခုထည်းနဲ့ အစားထိုးပြီး ကိုယ်တိုင်မှတ်ကျောက်တင် လို့ရပါတယ် ။ အကယ်၍ သင်ဟာ ” လုပ်ချင်ကိစ္စ၊ ကြိုက်တဲ့အချိန် (ထ)လုပ်လို့ရ ၊ တနည်းအားဖြင့် စိတ်သွားတိုင်း ကိုယ်ပါ နှိုင်တဲ့ အခြေအနေမှာ ရှိနေ ” ရင် သင်ဟာ အောင်မြင်နေပါပြီ ။

Sunny said...

အပေါ်က khun ပြောသွားသလိုပဲ.. ဟိဟိ

ခရီးထွက်လို့ရလာတဲ့ စိတ်ကြည်နူးမှုကိုတော့
အကြိုက်ဆုံးပဲ။

ဟုတ်တယ် အစ်မချောရေ...
ဒီပို့စ်လေးကို ဖတ်လိုက်မှပဲ ကိုယ့်ကိုကိုယ် ချမ်းသာတဲ့လူပါလားဆိုပြီး တော်တော်လေးကို စိတ်ချမ်းသာသွားတယ်။ အစ်မချောကို ကျေးဇူးတင်တယ်။ တို့အစ်မလည်း ချမ်းသာခြင်း ( ၇ ) မျိုးလုံးနဲ့ ပြည့်စုံပါစေနော်...။

အခုမှပဲ ကိုယ့်ကိုကိုယ် တော်တော်ချမ်းသာမှန်း သိတော့တယ်။ နံပါတ်(၅)ပဲမရှိတာ၊ ကျန်တာအကုန်၇ှိတယ်....ဟဲဟဲ...

Crystal said...

ချမ်းသာတယ် ချမ်းသာတယ် (မှတ်သိစိတ်လေးနဲ့ပေါ့) မအားတဲ့ကြားက လာခဲ့တယ်... ချောပုံလေးထင်လို့ ဟီဟိ။ နောက်မှ သေချာလာဖတ်တော့မယ်။ တစ်လလုံးမအားတော့ဘူးနော်။ မလာနိုင်ရင် ချိတ်ချိုးနဲ့ :P

(၇)ချက်မှာ (၁)ချက်ကတော့ မပြည့်တပြည့်။ (၂) ချက်ကတော့ ဆုတောင်းယူရဦးမယ်။ (၄)ချက်က ပြည့်ပြည့်၀၀ချမ်းသာနေတယ်။ အဲ..အဲ့ဒီ(၄)ချက်အတွက်တော့ ၀မ်းသာနေမိတယ်။ ငါကွ.....! ..။ :)

မချောရေ..

ဒီလိုလေးဖတ်လိုက်ရတာ သိပ်စိတ်ချမ်းသာတယ်
အေးချမ်းတယ် ...။
မှတ်သားလိုက်နာကျင့်သုံးစရာတွေအတွက် ကျေးဇူးပါ ချစ်မရေး)

ahphyulay said...

မ ချောရေ...
ကောင်းလိုက်တဲ့  ထောက်ပြကွက်ကလေးပါပဲ။
အဲ့ ဒီအချက်တွေ အားလုံးပြည့် စုံဘို့ တော့ 
သိပ်မလွယ် အဲ လွယ်ကိုမလွယ်တာပါ။
ကျွန်တော်ကြားဘူးတာတော့  ချမ်းသာချင်ရင်
“ ရောင့်ရဲ ” တဲ့ ။

PhyoPhyo said...

မချောရေ .. ချမ်းသာခြင်းအကြောင်းတရား ပိုစ့်လေးဖတ်ပြီး စိတ်ချမ်းသာသွားပါတယ်၊ ကိုယ့်ဘာသာအရမ်းကြီးမဆင်းရဲပါလားလို့ မြင်သွားတယ်၊ ပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်တဲ့

၇ ချက်လုံးမပြည့်တောင် ၄ ၊ ၅ ချက်လောက် ပြည့်အောင်တော့ ကြိုးစားသင့်တယ်။ (ကိုယ့်ကိုကိုယ်ဆုံးမတာပါ)