မာလာငါးပေါင်း၊ အာလူးချဉ်စပ်နဲ့ ကျောက်ပွင့်သုပ်





ဒီနေ့တော့ ဟင်းချက်ပြမဲ့ အစီအစဉ်ပေါ့နော်.. ဟင်းချက်ကောင်းတဲ့ အိမ်ကလေးတွေလိုက်လည်ပြီး သူများချက်ထားတာတွေ ကြည့်ပြီး တံတွေးမြိုမြိုပြီး ပြန်ခဲ့ရလို့ ခုတော့ ကိုယ့်ဟာကို ဟင်းချက်ပါဦးမယ်.. ပထမဦးဆုံးချက်မဲ့ဟင်းက မာလာငါးပေါင်းပါ။ ထွေထွေထူးထူးလဲ မဟုတ်ပါဘူး.. ငါးကို မာလာအနှစ်နဲ့ ရောနှယ်ပြီး ပေါင်းလိုက်တာပါဘဲ။

မာလာငါးပေါင်း


ဆား၊ ပဲငံပြာရည်တို့နဲ့ နယ်ထားတဲ့ငါး


ပထမဦးဆုံး ငါးကို ကြေးခွံဖယ် ဗိုက်ဖောက်၊ ရေများများချိုးပေးပြီး ၊ ဓါးနဲ့ မွန်းပါတယ်.. ပြီးရင်တော့ ဆား၊ အချိုမှုန့်( ဟင်းခတ်မှုန့်) ပဲငံပြာရည်၊ ဟင်းချက်ဝိုင် (သို့) ဆန်အရက် နည်းနည်းတို့နဲ့ နယ်ပြီး အရသာတွေ အသားထဲ စိမ့်ဝင်အောင် အချိန်ကြာကြာ ထားလိုက်ပါတယ်..

အဆာပလာ နယ်ထားတယ်၊ စားလို့ ရသေးဘူးနော် အစိမ်းကြီး ရှိသေးတာ


ကြက်သွန်ဖြူ၊ ဂျင်း၊ ဥနီ၊ နံနံတို့ကို အဆင်သင့်ပြင်ပြီး ငါးနဲ့ နယ်ပါမယ်.. အချောင်းကလေးတွေက ဂျင်းနဲ့ ဥနီပါ။ ပြီးတော့ မာလာ အနှစ်နဲ့ ထမင်းစား ၂ဇွန်းလောက်ဘဲ ထည့်ပါတယ်.. အများကြီးဆို တအားစပ်ပြီး ငံမှာ စိုးလို့ပါ.. ငရုပ်သီးစိမ်းတော့ မထည့်တော့ပါဘူး မာလာအနှစ်က စပ်နေပြီးသားမို့ပါ. မွှေးအောင် နှမ်းဆီလေးလည်း နည်းနည်းထည့်ပြီးတော့ နှံ့အောင် နယ်ပါတယ်..


 ဒီပုံလေးထဲက မာလာအနှစ်ကို သုံးထားတာပါ။


ခုမှ ပေါင်းမှာ..


ပြီးတော့  အိုးတစ်လုံးမှာ ရေထည့် ငါးပန်းကန်ကိုတင်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပါတယ်.. အဖုံးအုပ်ပေးဖို့ မမေ့ပါနဲ့... အငွေ့တွေနဲ့ ကျက်အောင်ပေါင်းတာမို့ အဖုံးမဖုံးရင် ကျက်ဖို့ ကြာတတ်ပါတယ်.. ပြီးတော့  ငါးက ပေါင်းနေရင်း သူ့အရည်တွေ အများကြီးထွက်လာတတ်ပါတယ်..  တစ်ဖက် ကျက်ရင် နောက်တစ်ဖက် လှန်ပေးပါတယ်.. သိပ်မကြာခင်မှာ မာလာငါးပေါင်း ရပါပြီ.



ကျက်သွားရင် ခုလို အရည်တွေက ထွက်လာသေးတယ်လေ။ အစောက ချန်ထားတဲ့ ဥနီနဲ့ နံနံကို ခုလို အပေါ်ကနေ ပြန်ပြီး ဒီလိုလေး လှတပတဖြစ်အောင်  စားချင်စဖွယ်လေး ပြန်ထည့်ပါသေးတယ်.. စားလို့လဲ တကယ်ကောင်းတဲ့ မာလာငါးပေါင်းပါ။  


 ဒါကတော့ အနီးကပ်လေးပေါ့နော်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အာလူးချဉ်စပ်

နောက်ထပ် ဟင်းတစ်မျိုးက သက်သပ်လွတ် အာလူးချဉ်စပ်ပါ.. ခုတစ်လော ကြားနေတာ ၀က်သား၊ ကြက်သား၊ အမဲသားတွေမှာ Dioxin တွေ တွေ့နေတယ်ဆိုတော့ အသားမစားတဲ့လူတွေ များနေမှာမို့ အာလူး သက်သပ်လွတ်ချက်နည်းလေး တင်ပေးချင်ပါတယ်နော်.. အဲ Dioxin ပါတယ်ဆိုတာ ပြည်ပနိုင်ငံတစ်နိုင်ငံပါ.. မြန်မာနဲ့ အာရှနိုင်ငံတွေ မပါပါဘူး.. အဲဒီမှာနေတဲ့ တစ်ချို့သော သူလေးတွေ ခုတစ်လော အသီးအရွက်တွေ နေ့တိုင်း စားနေကြပါတယ်.. အသီးအရွက်ကို ကြိုက်လို့ မဟုတ်ဘဲ  Dioxin ကို ကြောက်လို့ စားနေတာဖြစ်မှာပါ :)



ပထမဦးဆုံး အာလူးကို အခွံနွာပြီး ခုလို ပြားပြားလေးနဲ့ ပါးပါးလေး ဖြစ်အောင်လှီးပါတယ်.. ပြီးရင် ရေစိမ်ထားပါတယ်..



ကြက်သွန်ဖြူနီ၊ ဂျင်း၊ ငရုပ်သီး၊ ခရမ်းချဉ်သီးတို့ကို အသင့်ပြင်ထားပါတယ်.. စပ်စပ်လေးဖြစ်ချင်ရင် ငရုပ်သီးပိုထည့်နိုင်ပါတယ်..




အိုးထဲ ဆီအနည်းငယ်ထည့် ၊ ဆီပူလာရင် ကြက်သွန်ဖြူနဲ့ဂျင်းကို ထည့်ပါတယ်. ပြီးတော့ ကြက်သွန်နီနဲ့ အာလူးတွေကိုထည့်၊ ဆား၊ အရသာမှုန့် ၊ ပဲငံပြာရည်နဲ့ အချဉ်အတွက် ရှာလကာရည်(သို့) ဗနီကာရည် အနည်းငယ်ထည့်ပါတယ်.. ပြီးတော့ ရေအနည်းငယ်ထည့်ပါတယ်..




ခရမ်းချဉ်သီးနဲ့ ငရုပ်သီးတွေ ပျော့အိကုန်မှာစိုးတာကြောင့် အာလူးကျက်ခါနီးမှ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးကို ထည့်ပါတယ်။  ကော်မှုန့်နည်းနည်းကို ရေအေးနဲ့ဖျော်ပြီး အိုးထဲကိုလောင်းချကာ မွှေပေးပါ။ အာလူးကို စမ်းကြည့်လို့ ကျက်ပြီဆို အပေါ့အငံမြည်းလို့ အနေတော်ရင် ချလို့ရပါပြီ။ အာလူးကို ပျော့ပြဲအောင် ချက်ရင် စားမကောင်းပါ။ ခပ်ဆတ်ဆတ် အနေအထားမှာ ချတာ အာလူးချဉ်စပ်အတွက် စားလို့အကောင်းဆုံးပါ။

ချဉ်ချဉ်စပ်စပ် စားလို့ရပြီ


မ၀မှာစိုးလို့


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောက်ပွင့်သုပ်

နောက်ထပ် ဟင်းတစ်မျိုးက ကျောက်ပွင့်လို့ခေါ်တဲ့ အဖြူရောင် အပွင့်ကြီးတွေပါ။ တရုတ်ကုန်စုံဆိုင်တွေမှာ ရှိတတ်ပါတယ်..


သူ့ကို မသုပ်ခင်မှာ ရေစိမ်ထားရပါမယ်.. ပြီးတော့ ရေနွေးနဲ့ ခဏပြုတ်ပါတယ်.. အဖြူရောင်အဆုပ်ကြီးက သို့မှသာ ပွတက်လာမှာ ဖြစ်ပါတယ်..

အရောင်စုံ

ပြီးနောက် အပိုင်းအစသေးသေးလေးများ ဖြစ်အောင် တစ်စီစီ လှီးဖြတ်ပါမယ်... ကြက်သွန်ဖြူ တောက်တောက်စင်းထည့်၊ ကြက်သွန်နီပါးပါးလှီး၊ ငရုပ်သီးစိမ်းထည့်၊ အနီရောင်ခရမ်းချဉ်သီး၊ လိမ္မော်ရောင်ဥနီ၊ အစိမ်းရောင်သခွားသီး စတာတွေကို အရောင်လေးတွေစုံအောင်ထည့်ပါတယ်.. ကျောက်ပွင့်က အဖြူရောင်ဆိုတော့ အရောင်လေးတွေ စုံနေတာပါဘဲ။


ကျောက်ပွင့်သုပ်ပါ။


ဆား၊ အချိုမှုန့်၊ ငရုပ်သီးဆီကြော်(သို့) ဆီကျက်၊ နှမ်းလှော်နဲ့ သံပုရာသီးညှစ်ပြီး နယ်လိုက်ရင် ချဉ်ချဉ်စပ်စပ် အရောင်လှလှ ကျောက်ပွင့်သုပ်ရပါပြီ။


စားသောက်ဖွယ်ရာ မာလာငါး၊ အာလူးချဉ်စပ်၊ ကျောက်ပွင့်သုပ်တို့က ဒီတစ်ပတ် Friday Special ပါရှင်။ လာမဲ့ ရုံးပိတ်ရက်မှာ လုပ်စားချင်သူများအတွက် ပြန်လည် ဝေမျှပါတယ်.. အစားအသောက်များဖြင့် စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေရှင်။





           

25 Responses to “မာလာငါးပေါင်း၊ အာလူးချဉ်စပ်နဲ့ ကျောက်ပွင့်သုပ်”

Anonymous said...

စာမဖတ်ရသေးဖူး
အရင် မန့်တာ :P


Baby taster

Anonymous said...

အကုန်ကြိုက်တယ် မာလာ ငါးပေါင်းတဲ့
တခါမှမစားဖူးဘူး တကယ်ပြောတာ
ကိုယ် ပြည်တွင်းကထွက်လာတာ ၁၃နှစ်
ရှိနေပြီဆိုတော့ မာလာဟင်းတဲ့ မာလာငါးပေါင်းတဲ့
ကျေးဇူးပါ ချောရေ... ကျေးဇူးရှင် မေမေက ပို့ပေးထားတယ် အဲ့လိုအနှစ်ထုပ်တွေ လုပ်စားရမယ်

Baby taster

rose said...

မမချော... ငါးကို မျက်လုံး ဖယ်လိုက်တာ မပာုတ်ဘူး။ သူက ကိုယ့်ကို ကြည့်နေသလိုကြီးပဲ ပီားးး အစ်မ ရေးထာ ဖတ်ပြီး ရို့စ် ပြုံးမိတယ်။ "ငါးကို ရေများများ ချိုးပေးပြီး" ဆိုလို့ ၊ ခိခိ ရေဆေးတယ်လည်း မပာုတ်ဘူးး)။ မာလာငါးပေါင်းနဲ့ ကျောက်ပွင့်သုတ်လေး စားသွားပြီ။ အစ်မ ဒါဆို... ကျောက်ပွင့် ဆိုတာ ရို့စ်ရဲ့ ပို့စ်မှာ ရေးထားတဲ့ Sparassis မှို မပာုတ်ဘူးပေါ့နော်။ တော်တော်တော့ ဆင်သားနော်။

အိပ်ခါနီးလာကြည့်ပြီး ဂလုသွားတယ် ချောရေ ... ။
ချက်လိုက်ရင် အရောင်အဆင်းလှလှလေးနဲ့ ပြင်ဆင်ထားပုံကလဲ စားချင်စဖွယ်တွေချည်းပဲ။
မာလာအနှစ်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲဟင်။ ဒါမှမဟုတ် တရုတ်ဆိုင်မှာ ဘယ်လိုမေးဝယ်ရင်ရမလဲ။

အာလူးချဉ်စပ်လဲ စိတ်ဝင်စားတယ်။ သိပ်လဲ မခက်ဘူး လုပ်စားကြည့်အုံးမှ။
ကျောက်ပွင့်ကတော့ ကြိုက်လို့ ခဏခဏ လုပ်စားဖြစ်တယ်။ ချောသုပ်သလိုတော့ တခါမှမသုပ်စားဖူးဘူး။ လုပ်ထားတာလေးလှလို့ စားချင်ပေမဲ့ သေးသေးလေးတွေလှီးရမှာ စိတ်မရှည်ချင်စရာ။

အပေါ်က မေဓာဝီလိုဘဲ အိပ်ခါနီး လာကြည့်သွားတယ်။ ဗိုက်ထဲက ဂလုဂလုနဲ့ စစ်ဖြစ်ကြရော။ အမချော မကောင်းဘူး။ အိပ်ပျက်အောင်လုပ်တယ်။ အစားအစာနဲ့။းဝ))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ခွန် said...

အပေါ်ကအမမေဓာဝီနဲ့ သူကြီးက အိပ်ခါနီး
ုဒုက္ခရောက်သွားတယ်။
ခွန်ကတော့ နေ့လည်ထမင်းစားဆင်းခါနီး ဖတ်မိလို့
နှစ်ဆပိုဆာသွားတယ် :)
အဲဒီမာလာဟင်းဆိုတာ ကြားဖူးတာ ကြာပြီ။
တခါမှမစားဖူးသေးဘူး မမရေ.....

Crystal said...

ပိုစ့်ကို အသေးစိတ် ဖတ်ရသေးဘူး မာလာငါးပေါင်းပဲ စိတ် အသကုန်ဝင်စား၏။ ရေးမနေနဲ့ ချက်ပြီးသာ ပို့လိုက်ပါတော့ စားချင်လို့ ဒီမှာ ရှလွတ် ဂလု လု လု ....

Anonymous said...

ညီမ ချော ရေ

မနက်စောစော ဆာဆာ နဲ့ အဝစားသွားတယ်နော်

ကျေးဇူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အာလူးချဉ်စပ်နည်းလေးကို မေ့နေတာ.. ငယ်ငယ်က အမေအမြဲချက်ကျွေးတယ်။ ပိတ်ရက်မှာ အာလူးချဉ်စပ်နဲ့ ကျောက်ပွင့်သုပ်စားချင်သွားပြီ.. :) မာလာငါးကတော့ အနှစ်မလွယ်လို့..

Anonymous said...

မနက်စောစော အိပ်ယာကထတာနဲ့ အဆင်သင့် ဖွယ်ဖွယ်ရာရာလေးတွေ တည်ခင်းဧည့်ခံပေမယ့်
မျိုမကျဘူးဗျ..
ငါးကြီးက မျက်လုံးပြုးပြီးအကောင်ကြီးနေတော့
သားက ကြောက်ရယ်:P (မတော်.ဗိုက်ထဲရောက်မှ ရေထကူးနေရင် ဒွတ်ခ)
အာလူးလေးတော့ ငမ်းသွားတယ်..ကိုယ်က ၀ချင်တာကိုး..။ဆိုတော့ အာလူးများများစားပေးရမယ်:)

မာလာငါးဟင်းအရမ်းကြိုက်တယ်။ မမချောချက်ထားတာ စားချင်စရာလေး။ ကျောက်ပွင့်သုပ်လည်း ကြိုက်ပါ့။ အာလူးချဉ်စပ်တော့ တစ်ခါမှ မစားဖူးဘူး။ လုပ်စားကြည့်ဦးမယ်။

flowerpoem said...

အားလုံးကိုကြိုက်တယ် အမ တကယ်စားချင်တယ် ဘယ်လိုလုပ်ရမလည်းအမ :P

မောင်မျိုး said...

ကျနော် က ကျောက်ပွင့်သုတ် တအားကြိုက်တာ အားး စားချင်တယ်ဗျ

PhyoPhyo said...

ကျောက်ပွင့်သုတ်ကြိုက်တယ်၊ အမေနဲ့တုန်းက ခဏခဏစားဖြစ်ကြတယ်၊ အမေက မြေပဲဆန်လည်းထည့်သုတ်တယ်၊ မုန်လာဥနီတော့မထည့်ဘူး၊
မချောသုတ်ထားပုံလေးလည်း စားချင်စရာ၊ ဟင်း ...
မာလာငါးဟင်းလည်း ငါးခေါင်းကို မကြည့်ပဲစားမယ်၊
အာလူးလဲ ကြိုက်တယ်၊ အာလူးကို ဘယ်လိုဖြစ်ဖြစ်ကြိုက်တယ်၊ အာလူးစားတဲ့သူလေ
တော်လိုက်တဲ့မချော
ချစ်တဲ့

ယမင်း said...

ဟွန် မမချောတို့ကတော့နော် နှိပ်စက်ပါ့ သူများထမင်းဆာသွားပြီ ကျောက်ပွင့်သုတ်လေးက စားချင်စရာလေး ငါးပေါင်းလဲခိုက်တယ် အားလူးကိုလဲ သွားရေကျ နောက်လူတွေစားဖို့ မချန်တော့ဖူး အကုန်စားသွားပြီ မှတ်ထား နာကွ....

Sunny said...

မာလာငါးပေါင်းကိုတော့ ကြိုက်သွားပြီ.. ကိုယ့်အစ်မကြီးတွေ သိပ်ချစ်ဖို့ကောင်းတာပဲ.. ငါးဟင်းမျိုးစုံ တင်နေကြလို့လေ.. အာလူးချဉ်စပ်ကတော့ ချစ်ချစ်ကို လုပ်ကျွေးလိုက်မယ်.. သူက အာလူးကြိုက်တယ်.. (ဟင် ပါပြန်ပြီ :P) ကျောက်ပွင့်သုပ်ဆိုလို့ အဲလို အခြောက်တွေက အရမ်းပွလာတယ်ဆိုတာ အရင်က မသိဘူး.. တစ်ခါက နည်းမှာစိုးလို့ဆိုပြီး ၆ ပွင့်လောက်စိမ်လိုက်တယ်.. အိုးကိုလည်း အကြီးကြီးနဲ့ စိမ်လိုက်မိတော့ ပွတက်လာချက်.. တပွင့်ကို တစ်နှပ်လောက် စားလို့ရတာဆိုတော့ အဲဒီ ၆ပွင့်ကို အချိုသုပ်လိုက်၊ ချဉ်စပ်သုပ်လိုက်နဲ့ မနည်းကုန်အောင် စားလိုက်ရတယ်..

ညီမလေး said...

စားချင်တာာာာာာာာာာာာာာာာ

ဗိုက်ဆာအောင် ရေးတတ်ပါ့ဗျာ ...

မိုး said...

ကြည့်ပြီး ဗိုက်ကိုပွတ် တံတွေးတွေ မျိုချပြီး ပြန်သွားပြီ အမချောရေ.....

ဒါနဲ့ ဒီမှာ သွားဖတ်ကြည့်ဦး အမ.....
http://yetunzaw.blogspot.com/2011/01/blog-post_14.html
အမရေးတာလားလို့ပါ ....
မဟုတ်ရင်တော့ ဆောတီးနော်...

blackcoffee said...

သုံးပွဲ တခါတည်း အော်ဒါမှာခဲ့တယ်နော် လာမဲ့ ဘလောဒ့် မွေးနေ့ အတွက်...

ဟန်နာ said...

မချက်တတ်ဘူး.. နည်းနည်းလောက်တော့ မြည်းသွားတယ် ..:D

Anonymous said...

ချောရေ လာစားသွားတယ်။ ကိုယ်က ဟင်းချက်နည်းတွေ ကြည့်ပြီး ဖတ်ပြီး ပြန်ပြန်မေ့တတ်တာ အကျင့်ဖြစ်နေပြီ။ ဟီးး စားချင်စရာတွေကြီးနော်။ အိမ်နဲ့ ဝေးတဲ့ ဟင်းထုပ်ဆွဲစားရတဲ့ အဆောင်မှာ နေရတာကြောင့်လည်းပါမယ်။ ဟင်းနည်းနည်း မြည်းသွားတယ်။ အိမ်ရောက်ရင် လုပ်စားဦးမှပဲ။ ဟဲဟဲ။ ချောရဲ့ ဟင်းတွေကို ကြည့်ရတာ တယ်ပြီး မျက်စိပဒသာ ရှိတာပဲ။ ကျေးဇူး ချောကျန်းမာပျော်ရွှင်ပါစေ။
ခင်တဲ့
maylay (မေးလ်မဝင်ဘူးလေ ဟိဟိ)

အာလူးချဉ်စပ်နဲ့ ကျောက်ပွင့်တော့ တနပ်လောက်စားချင်တယ်။

မချောရေ..
မာလာငါး. အာလူးသုပ်.. ကျောက်ပွင့်သုပ် အားလုံးကို
အရမ်းကြိုက်တယ်။ ရှလွတ်...ရှလွတ်.. ဒါပဲနော်.
ချက်ကျွေးရမယ်..။
ချစ်တဲ့
သဒ္ဓါ

Anonymous said...

မာလာအနှစ် အထုပ်..နာမည်လေး..သိပါရစေ...ကျနော်.....အဲဒါ..ရှာနေတာ...နာမည်မသိလို့ပါ