စတော်ဘယ်ရီ ထမင်းကြော်နဲ့ ပန်းပွင့်သုပ်



ဒီနေ့တော့ အစားအသောက် ကဏ္ဍအတွက် ခုလိုဆောင်းရာသီမှသာ စားနိုင်တဲ့ ရာသီစာ စတော်ဘယ်ရီ ထမင်းကြော်ကို လက်ဆောင်ပေးချင်ပါတယ်ရှင်။


စတော်ဘယ်ရီ ထမင်းကြော်


ပထမဦးဆုံး စတော်ဘယ်ရီ ထမင်းကြော်ဖို့အတွက် အသားတစ်မျိုးမျိုးနဲ့ အသီးအရွက်တွေကို ပြင်ဆင်ပါမယ်.. အသားနဲ့ မကြော်လိုသူများ အသီးအရွက်တွေချည်း သပ်သပ်လွတ်လည်း ကြော်နိုင်ပါတယ်။

အသီးအနှံများနှင့် ကြက်အူချောင်း

ပုံထဲမှာတော့ စတော်ဘယ်ရီထမင်းကြော်ဖို့ အတွက် ပြင်ဆင်ထားတဲ့ အသီးအနှံတွေပါ။ ကြက်သား၊ ၀က်သား ကြိုက်ရာသုံးနိုင်သလို ဒီမှာတော့  ကြက်အူချောင်းကိုသာ သုံးထားပါတယ်.. အသီးအရွက် တွေကတော့ မှို၊ ဘရိုကိုလီ (ပန်းမုန်လာစိမ်း)  ၊ စတော်ဘယ်ရီသီး၊ ပြောင်းဖူး၊ ပဲသီး၊ ငရုပ်ပွစိမ်း၊ ဥနီ၊ အညိုရောင်ကတော့ ရေညှိဖြစ်ပါတယ်.. မရှိရင်ဖြစ်ဖြစ် မကြိုက်ရင်ဖြစ်ဖြစ် မထည့်ဘဲလဲ ဖြစ်ပါတယ်.. အသီးအနှံကိုလည်း မိမိမှာ ရှိတဲ့ အသီးအနှံလေးတွေ နှစ်သက်သလို ထည့်နိုင်ပါတယ်.. ကြက်ဥထည့်ချင်ရင် ကြက်ဥ ၂လုံးလောက်ကို ဖောက်ပြီး ခွက်တစ်ခုထဲ ခလောက်လို့ အရင်ကြော်ထားပြီး ကြက်ဥကြော်ကို ပါးပါးလှီးထားပါတယ်.


ထမင်းကိုတော့ မကြော်ခင်မှာ ချေမွပြီး ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်တို့နဲ့ နယ်ထားပါတယ်.. 


အသီးအရွက်တွေ ကြော်ပါတယ်.  

ပထမဦးဆုံး အသားပြားတွေကို အရင်ကြော်ပါတယ်.. ၀က်သား၊ ကြက်သားနဲ့ ကြော်မယ်ဆိုရင်လည်း အသားကို အရင်ကြော်ပါတယ်.. ကျက်ရင်ဆယ်ထားပြီး ကြက်သွန်ဖြူ၊ ဂျင်းတို့ကို အရင်ထည့် အသီးအရွက်ထည့်  ကြော်ပါတယ်.. အသားကို ပြန်ထည့်ကြော်ပါတယ်..


ကြက်ဥထည့်ကြော်ပြီ


 ပြီးတော့မှ အစောက ကြော်ပြီး ပါးပါးလှီးထားတဲ့ ကြက်ဥကိုထည့်ကြော်ပါတယ်.. ပြီးတော့ နယ်ထားတဲ့ ထမင်းတွေကို ထည့်ပြီး ကြော်ပါတယ်.. ငရုပ်ကောင်းလေး နည်းနည်းထည့်ပါတယ်.. အနံ့လေး မွှေးနေအောင်ပါ။


နောက်ဆုံးမှ သူလာတယ်..

ထမင်းထည့်ပြီးကြော်လို့ အပေါ့အငံမြည်းလို့ လိုတာထပ်ထည့်ပြီး မီးပေါ်က ချကာနီးမှာ မထူမပါး လှီးထားတဲ့ စတော်ဘယ်ရီတွေကို ထည့်မွှေပြီး ချလိုက်ပါတယ်.. ချပြီးတာနဲ့ ချက်ခြင်းစားမှ စတော်ဘယ်ရီလေးတွေ အရည်မပျော်ဘဲ ရှိနေမှာပါ။ ချကာနီးမှ မထည့်ဘဲ အစောကတည်းက ထည့်ရင် မီးတအားပြင်းပြင်းနဲ့ဆို အသီးတွေ အရည်ပျော်ကုန်ပါလိမ့်မယ်..


စတော်ဘယ်ရီ ထမင်းကြော်

ထုံးစံအတိုင်း ထမင်းကြော်ကို အလှဆင်ထားပါတယ်. ထမင်းကြော်ကို ပန်းကန်လုံးတစ်ခုထဲ ဖိထည့် လက်နဲ့ အသာသိပ်ပြီး ပန်းကန်ပြားပေါ် မှောက်ချလိုက်ပါတယ်.. ခုလို ခပ်လုံးလုံးလေး ဖြစ်အောင် ပေါ့နော်.. ပြီးတော့ ဥနီနဲ့ သခွားသီးနဲ့ အလှဆင်ပါတယ်။  ကြက်ဥကို မမဲအောင်၊ မညိုအောင် ဖြူဖြူဖွေးဖွေးလေး ကြော်ပြီး ဘေးနားမှာ နေရာချပါတယ်.. သီးသန့်ချန်ထားတဲ့ စတော်ဘယ်ရီသီးလေးတွေကို ခုလို ပါးပါးလှီးပြီး ထမင်းကြော်အပေါ်မှာ အလှဆင်လိုက်ပါတယ်.. ဒါဆို စတော်ဘယ်ရီသီးနဲ့ အခြားအသီးအနှံတွေ ပါဝင်တဲ့ စတော်ဘယ်ရီ ထမင်းကြော်ရပါတယ်..

ကြက်ဥကို မညိုသွားအောင်၊ အနားတွေ မတူးအောင်၊ မကျက်တကျက် ဖြူဖြူဖွေးဖွေးဖြစ်အောင် ကြော်နည်းကတော့ ဆီကိုပူအောင်တည်ပြီးတာနဲ့ နည်းနည်း အအေးပြန်ခံပါတယ်.. ပြီးတော့မှ ကြက်ဥကို ဖောက်ထည့်လိုက်ပါတယ်.. ဆီအေးနေရင် မီး မျှဉ်းမျှဉ်းလေးနဲ့ ဖြည်းဖြည်းအပူပေးပါ။ ပူနေသေးရင်တော့ မီးခလုပ် မဖွင့်တော့ဘဲ သူ့အပူချိန်လေးနဲ့သူ ဖြေးဖြေး  ထားလိုက်ရင် ကြက်ဥဟာ ဖြူဖြူဖွေးဖွေးနဲ့ လှလှလေး ကျက်သွားပါမယ်..

မ၀မှာစိုးလို့ နောက်တစ်ပွဲ


စတော်ဘယ်ရီထမင်းကြော်လိုဘဲ နာနတ်သီး ထမင်းကြော်ကိုလည်း ကြော်စားနိုင်ပါတယ်.

နာနတ်သီးထမင်းကြော်

နာနတ်သီးပေါ်ချိန်တုန်းက ကြော်စားခဲ့တဲ့ နာနတ်သီး ထမင်းကြော်ပါ။ အဲဒီတုန်းက မတင်ဖြစ်ဘဲ ခုမှပေါင်းပြီး တင်ပေးလိုက်ပါတယ်နော်.. အပေါ်မှာ ငရုပ်ကောင်းမှုန့်လေးတွေ ဖြူးထားပါတယ်..  ပြီးတော့ အဲဒီချိန်တုန်းက ဓာတ်ပုံရိုက်ထားလိုက်မိပေမဲ့ လှတပတ မပြင်လိုက်ရပါဘူး.. ဖြစ်သလိုပေါ့နော်။ နာနတ်သီး ထမင်းကြော်ဟာ ချိုချိုချဉ်ချဉ်လေးနဲ့ အရသာ တစ်မူထူးပြီး စားလို့ ကောင်းပါတယ်။။




************@**************
ပန်းပွင့်သုပ်


နောက်ထပ် ဟင်းတစ်မျိုးက ပန်းပွင့်လို့ ခေါ်ကြတဲ့ ပန်းမုံလာ( မုန်လာပန်းပွင့်) သုပ်ဖြစ်ပါတယ်.. ပန်းပွင့်သုပ်ဖို့ မုန်လာပန်းတွေကို အနေတော်အရွယ်လေးတွေ ဖဲ့ထားပါတယ်..

ရေဆေးပြီးပြီ


ပြုတ်ပါတယ်..

ပန်းပွင့်တွေကို ရေနွေးဆူဆူနဲ့ ပြုတ်ပါတယ်.. ကြာကြာ မပြုတ်ဘဲ မပျော့ခင်မှာ ဆယ်ယူပြီး ရေအေးနဲ့ စိမ်လိုက်ပါတယ်..  ပျော့သွားရင် စားမကောင်းပါ။ ခပ်မာမာ အနေအထားမှာ ဆယ်ယူပါ။


သုပ်ဖို့ပြင်


ရေအေးနဲ့စိမ်ထားတဲ့ ပန်းပွင့်ကို ရေစစ်ပြီး ဥနီ၊ သခွားသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ နံနံ တို့ကို ထည့်ပါတယ်..

စုံအောင်ထည့်

နှမ်း၊ မြေပဲထောင်း၊ ပဲမှုန့်၊ ဆီကျက်၊ ပုဇွန်ခြောက်၊ ဆား၊ အချိုမှုန့် ( ဟင်းခတ်မှုန့်)၊ ပဲငံပြာရည်၊ သံပုရာသီး၊ နှမ်းဆီ( ရှိလျှင်) အနည်းငယ်ထည့်ပါတယ်.. အဆာပလာစုံလျှင် နယ်လို့ ရပါပြီ။

ချဉ်ချဉ်စပ်စပ် ပန်းပွင့်ခေါ် ပန်းမုန်လာသုပ်ပါ


လိုက်ပွဲ..


စတော်ဘယ်ရီ ထမင်းကြော်နဲ့ ပန်းပွင့်သုပ်က ဒီတစ်ပတ် Sunday Special ပါ။ နောက်အပတ် အစားအသောက် ကဏ္ဍမှာ အခြား ဟင်းလေးတွေနဲ့ ပြန်လည် ဆုံတွေ့ကြပါဦးစို့နော်.။


ပိတ်ရက်မှာ စားကောင်းသောက်ဖွယ်များဖြင့် ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။


29 Responses to “စတော်ဘယ်ရီ ထမင်းကြော်နဲ့ ပန်းပွင့်သုပ်”

rose said...

အစ်မချောရဲ့ စတော်ဘယ်ရီ ထမင်းကြော်လေး လာစားပါတယ်။ အစ်မက ထမင်းပာင်း ချက်ရင် စတော်ဘယ်ရီ တော်တော်ထည့်တယ်နော်။ ပိာုတစ်ခေါက်ကလည်း စတော်ဘယ်ရီ ပုဇွန်ကြော် ထင်တယ်။ ရို့စ် အတွက်တော့ အဆန်းဖြစ်နေတယ်။ ပန်းမုန်လာလို့ ခေါ်တာလား။ ရို့်စ်တို့တွေတော့ ပန်းဂေါ်ဖီလို့ ခေါ်တယ်။

Sunny said...

စတော်ဘယ်ရီထည့်ပြီး မကြော်ဖူးဘူး.. ပန်းမုန်လာလည်း မသုပ်ဖူးဘူး.. ဟိဟိ.. အခု မမချောဆီက နည်းရပြီ.. ချစ်ချစ်က အခုပဲ လာကြည့်ရင်းနဲ့ ပြောသွားတယ်.. မမချောရဲ့  ပန်းမုန်လာသုပ် စားချင်တယ်တဲ့.. :)

ပန်းမုန်လာသုပ်စားချင်တယ်
အသုပ်ဆိုကြိုက်တယ် :)

အိပ်ခါနီးမှ လာဖတ်မိပြီး ရှလွတ်သွားတယ်။
ထမင်းကြော်ကို ပြင်ဆင်ထားတာ လှမှလှ။
နာနတ်သီးထည့်ကြော်တာတော့ ကြိုက်ဖူး သိလား။ ချိုတိုတိုနဲ့မို့။
စတော်ဘယ်ရီထည့်ကြော်တာတော့ မစားဖူးဘူး။ သူကတော့ ချဉ်တင်တင် မွှေးတေးတေး ဖြစ်မယ် ထင်တယ်။
ဂေါ်ဖီပန်းသုပ်တော့ စိတ်ဝင်စားသား ... နောက်မှ စမ်းလုပ်ကြည့်အုံးမယ်။

ကိုမြကြီးလား ဘယ်သူလဲမသိဘူး ဆိုထားတဲ့ ဟိုသီချင်းလေး ဘာတဲ့... “ကိုယ့်အားနှိပ်စက်ကြသည်မို့ လားကွယ်... ” ငှယ်ငှယ် .... လို့ ပဲ အော်သွားအိ....

(ပန်းပွင့်သုပ်တော့ ကြိုက်တယ်)

mabaydar said...

ဗိုက်ဆာနေတုန်း ဒီကိုရောက်လာလိုက်တာ ပိုဆာသွားတာပဲ... ခုချက်ပြထားတာ ၂ခုလုံး မဗေဒါ အကြိုက်တွေဖြစ်မယ်ထင်တယ်... တခါမှ မစားဖူးပင်မဲ့ အဲလိုမျိုးတွေဆို ကြိုက်တယ်...
ပန်ဂေါ်ဖီကို သုတ်စားလို့ရတာ မသိဘူး... ကြော်ပဲစားတတ်တာ... ခုတော့ တစ်မျိုးသိသွားလို့ မေမေကို စမ်းချက်ခိုင်းကြည့်မှပဲ... ဟိဟိ.... နောက်မို့ဆို ဒီဟင်းတွေချည်းထပ်နေတယ်...

ဒါနဲ့ ဓာတ်ပုံလေးတွေရိုက်ထားတာလဲ Quality ကောင်းလိုက်တာ... တကယ့် pro အတိုင်းပဲ... ဘာကင်မရာနဲ့ ရိုက်တာလဲဟင်... မချောကိုသာ အိမ်ခေါ်ထားလိုက်ချင်တယ်... နောက်တစ်ခါချက်လို့ရှိရင် မဗေဒါကို မချောအိမ်ခေါ်ထားလိုက်နော်.. စိတ်ဆိုးဘူး... ဟဲ. ဟဲ...

Anonymous said...

စတော်ဘယ်ရီပင်အောက်မှာ ဟဟား
ကိုယ်တိတယ်နော်ချော ရှင်ညာမယ်တော့
မစဉ်းစားနဲ့ ဒါနဲ့အလွမ်းဖြေနေတာမှလား :P
စားဖူးဘူးကွယ်။ ချဉ်တင်တင်ဆိုရင်တော့ ဟင့်အင်း
ပန်းမုန်လာသုပ်တော့ အကြိုက်ပေါ့ စားဖြစ်တယ်။

Baby taster

ရိုစ့် > ပန်းဂေါ်ဖီလည်းခေါ်ပါတယ်. အစ်မတို့ဘက်တော့ ပန်းမုန်လာ အခေါ်များလို့ အကျင့်ပါနေတား)
Sunny > ကောင်းကောင်းလုပ်ကျွေးလိုက်နော်း)
စူးနွယ်လေး> ပန်းမုန်လာသုပ်က စားကောင်းတယ်
မမေ > သုပ်စားကြည့်နော် အိပ်မက်ထဲတော့ ထည့်မမက်နဲ့
JUSTICE999BURMA >မနှိပ်စက်ပါဘူး နည်းနည်းပါးပါး သွားရေကျအောင် လုပ်တာပါး)
မဗေဒါလေး > ဓာတ်ပုံက ဖုန်းနဲ့ဘဲ ရိုက်တာပါ။ ကင်မရာသီးသန့်နဲ့ဟုတ်ဘူး Sony W 595ပါ။ နောက်တစ်ခါ ချက်ရင် ခေါ်လိုက်မယ် လာဖြစ်အောင်လာခဲ့နော်း)
Baby>> စတော်ဘယ်ရီပင်အောက်မှာ ပုရွက်ဆိတ်ကိုက်တဲ့ ဇာတ်လမ်းတော့ ဖြစ်နိုင်တယ်..း) ထမင်းကြော်က ချဉ်ဘူးအေ့ ချဉ်ချိုချိုလေး စားကောင်းတယ်..
အားလုံး ကျေးဇူးပါနော်..

ကြည့်ရတာ စားကောင်းမဲ့ပုံပဲ၊ ချက်ကြည့်အုံးမယ်
ဖြစ် မဖြစ်တော့ မသိဘူး မချောရေ ...

PhyoPhyo said...

sunday special ပန်းမုန်လာသုပ် ကြိုက်တယ်၊ ပုဇွန်ခြောက်မှုန့်လဲပါတော့ သိပ်ကောင်းမှာပဲ၊ ပုဇွန်ခြောက်မှုန့်မရှိလို့ ... မေမေ၀ယ်ကျွေးနေကျ ပုဇွန်ခြောက်မှုန့် မွမွလေးတွေ သတိရလိုက်တာ၊ လဘက်လေးနဲ့စား သိပ်ကောင်း၊ မချော ထမင်းကြော်လည်းကြိုက်တယ်၊ စထရော်ဘယ်ရီသီးကို မကြိုက်ဘူး၊ ဖျော်သောက်တာပဲကြိုက်တယ်၊ ကြက်ဥဖြူဖြူကြော် လည်းကြိုက်တယ်၊
နောက် sunday မျှော်ရဦးတော့မည်၊
ချစ်တဲ့

စတော်ဘယ်ရီထမင်းကြော်နဲ့ ပန်းပွင့်သုပ် လာစားတယ် မမချောရေ။ စတော်ဘယ်ရီ ထမင်းကြော်လေး က ပြင်ထားတာ လှလွန်းလို့ စားတောင် မစားရက်ဘူး။

မျက်လုံးနဲ့ကော ပါးစပ်နဲ့ကော အရမ်းစားလို့ကောင်းမယ့်ပုံပဲ လို့ တွေးနေမိတယ်။ အသစ်အဆန်းစားစရာလေးကို သိရလို့ ကျေးဇူးတင်ပါတယ်။

Anonymous said...

စားချင်လိုက်တာကွာ...
တယောက်တည်းကျတော့ ချက်စားရမှာ အဆင်မပြေဘူး.ပျင်းနေတာနဲ့..။
တခါမှအဲလိုထမင်းကြောင် မစားဘူးဘူး။ လုပ်တော့စားကြည့်ဦးမယ်..။

မြတ်နိုး

Evy said...

စားချင်စဖွယ်လေး ပြင်ဆင်ထားတာ လှလိုက်တာ

ညီမလေး said...

ပန်းပွင့်သုပ်က စားချင်စဖွယ်လေး ။ စတော်ဘယ်ရီ ထမင်းကြော်ကတော့ စတော်ဘယ်ရီသက်သက် ထမင်းကြော်သက်သက် ပိုကြိုက်မယ် ထင်တယ်း))

Anonymous said...

မချော
ဝရင်တော့ မချောတရားခံဗျာ
ဘာအသီးအနှံမဆို ကြိုက်တယ်

ခင်မင်တဲ့
seesein

Anonymous said...

မချော
ဝရင်တော့ မချောတရားခံဗျာ
ဘာအသီးအနှံမဆို ကြိုက်တယ်

ခင်မင်တဲ့
seesein

nYi ThU E@in said...

စားဖူးဖို့ နေနေသာ ခုမှပဲ ကြား..ကြားဖူးတော့တယ်
ဘာတဲ့..စတော်ဘယ်ရီချစ်သဲရှင်..အဲ..ယောင်လို့
စတော်ဘယ်ရီထမင်းကြော်တဲ့..။ နာနတ်သီးထမင်းကြော်တဲ့..။
အိမ်း....
စားရကံကြုံတဲ့တစ်နေ့မှပဲ မုတ်ဆိတ်ထမင်းကြော်စွဲတော့မယ်ထင်ပါရဲ့လေ.။

flowerpoem said...

အမရေ ဗိုက်ဆာဆာနဲ့. . လာစားပါတယ် မှားပြီ. . . လာဖတ်ပါတယ် :)

ခွန် said...

်facebook မှာ​စားြ​ပီးြ​ပီ ဒီ​မှာ​ေ​နာက္တေ​ခါက္ထပ္လာ
စား​တ​ယ် မမ :)

Anonymous said...

Urteter nuytre: http://lighriver.chez.com

ကိုယ်တို့က နောက်ဆုံးပိတ်မှာ အိပ်နဲ့ကျန်တာတွေ ထည့်ပြီး ပါဆယ်ယူသွားမလို့..။
ဟီး..
အမှိုက်တွေပြောတာပါ လာသိမ်းပေးတာ...။
နောက်ကျသွားတယ် မချောရေ..
အလုပ်တွေပိနေလို့...
နာနတ်သီးထမင်းကြော် အရမ်းစားချင်တယ်သိလား..။
မချောဆီလာလည်ရင် ကြော်ကျွေးနော်..။

ဆွေလေးမွန် said...

စတော်ဘယ်ရီ ထမင်းကြော်လဲ စားသွားတယ်။
ပန်းဂေါ်ဖီသုပ် လဲ လွေးသွားတယ်။ အားရပါးရပဲ။

Sunday Special ကို Sunday အမီ လာရောက်စားသုံးသွားပါတယ်။ ထမင်းကိုတောင် ဒီလိုလှအောင်ပြင်တယ်ဆိုရင် လူဆိုရင်တော့ ဆိုဖွယ်ရာမရှိ.... :))

ဝက်ဆလူး said...

ရွှေချောဆီ မလာပါဘူး မန့်လဲ မမန့်ဘူး စားလဲ မစားဘူး တကယ် မစားရလို့
အညင်ကိုကတ်တယ် တကယ်ပဲ တကယ်လဲ မကျွေးဖဲနဲ့ လူကို သွားရည်ယိုအောင်လုပ်တယ် ကျင့်ပုတ် ဟွင့်
ထော်ဘူး ဒါဗြဲ...

မလာဘူးနော် ရွှေချောအိမ်ကို တိတ်တိတ်လေးပြန်သွားတယ်သိလား ရွှေချော မသိလိုက်ဘူးမလား ဟင်းးး ဟင်းးးး

ဟောတော်...
လာတာနောက်ကျသွားပြီ... သူများတွေစားလို့ ကုန်ပြီထင်ပါတယ် အစ်မချောရေ... ဗိုက်ထဲက ဂွီဂွီတောင်မြည်တယ်... သွားရည်ယိုလိုက်တာ...ထမင်းကြော်လေးက ဆွဲဆောင်မှုအရှိဆုံးပဲ.. ဂလု..ဂလု

ခေါ်န် said...

စားလို့ ကောင်းလိုက်တာ
စိတ်ကူးယှဉ်ကြည့်တာပါ.........
လုပ်စားမယ် .....အဟုတ်..........ကျေးဇူးဘစ်ဘစ်နော် အမ

ဗိုက်ဆာနေချိန် မဆင်ခြင်ဘဲ ကြည့်လိုက်မိတယ်။
ခုတော့ မုန့်ထရှာစားရတော့မယ်။

ယမင်း said...

အော်အော် ... ဖြစ်ရလေကွယ် ဒီမျက်လုံး ကဲဟယ် .... ကဲဟယ် ဗိုက်ဆာချိန်မှ လာကြည့်မိသလား .... ဟွင့် မချောတို့နှိပ်စက် ချက်ကြောင့် သရေများကို သာတကွိကွိနှင့် မျိုချရင်း ဖတ်သွားပါကြောင်းးးး ဟွင့် မချောနော် ဂယ်ပဲ ဂယ်ပဲ ပန်းမုန်လာသုတ် ကိုပိုကြိုက်တယ် ဂယ်ပြောတာ ဟိဟိ