မမလေး ကိုင်စရာ

မမလေး ကိုင်စရာဆိုလို့ တစ်ခြား ဟုတ်ပါရိုးလားနော်။ တန်ဖိုးကြီး လှပတဲ့ အမျိုးသမီး လက်ကိုင်အိတ်အကြောင်း  ပြောပြချင်တာပါ။

Ginza Tanaka’s Studded Diamond Platinum Purse    Price: $ 2 Million

ပုံမှာ တွေ့ရတဲ့ လက်ကိုင်အိတ်ဟာ ပလက်တီနမ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး စိန်ပွင့်တွေနဲ့ မြုပ်နှံ တန်ဆာဆင်ထားတာ ဖြစ်ပါတယ်.. လန်ဒန်ကျောက်မျက်ရတနာ ဆိုင်ကြီးတစ်ခုမှာ ခင်းကျင်း ပြသထားတာဖြစ်ပြီး ဂျပန် ဒီဇိုင်နာ Ginza Tanaka ရဲ့ လက်ရာဖြစ်ပါတယ်။ စိန်ပွင့်ပေါင်း ၂၀၀၀ ကျော်ခန့်ပါဝင်တာကြောင့် တန်ဖိုးလည်း အလွန်တရာ ကြီးမားလှပါတယ်။ ဒေါ်လာ နှစ်သန်း ( $ 2,000,000 ) ခန့် တန်ကြေးရှိကြောင်း သိရပါတယ်။

~~~~~~~~~~~~~~~




Chanel’s Diamond Forever Classic Bag   Price: $261,000

 
နံမည်ကျော် ပြင်သစ် ချန်နယ် ဖက်ရှင်ဟောက်စ်ရဲ့ တီထွင်မှုဖြစ်တဲ့ လက်ကိုင်အိတ်ဟာ အဖြူရောင် မိကျောင်း သားရေနဲ့ ပြုလုပ်ထားပြီး လက်ကိုင်ကြိုးနဲ့ တံဆိပ်တွေကို ၁၈ကာရက် ရွေဖြူနဲ့အတူ ၃.၅၆ အလေးချိန်ရှိ စိန်ပွင့်ပေါင်း ၃၃၄လုံးဖြင့် လှပစွာပြုလုပ်ထားပါတယ်.. ချန်နယ်ကုမ္ပဏီ လိုဂို အမှတ်အသားဖြစ်တဲ့ စီနှစ်လုံးနဲ့ လက်ကိုင်ကြိုးမှာလည်း ၁၈ကာရက် ရွှေဖြူနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်.. ၄င်း   Chanel Diamond Forever Classic Bag ကလည်း ဒေါ်လာ ၂၆၁၀၀၀ တန်ကြေးရှိကြောင်း သိရပါတယ်။

~~~~~~~~~~~~


Hermes Exclusive “Birkin” Bag  Price: $120,000

ပြင်သစ်ဖက်ရှင်ဟောက်စ်  Hermes ရဲ့ လက်ရာဖြစ်တဲ့ နောက်ထပ် အိတ်တစ်လုံးကလည်း တန်ဖိုးကြီး မိကျောင်းရေနဲ့ ပြုလုပ်ထားပြီး ပြင်သစ် တေးရေး အဆိုတော် Jane Birkin  ရဲ့ နံမည်ကို ယူပြီး Hermes Exclusive “Birkin” Bag လို့ပေးထားပါတယ်. အဖွင့်အပိတ် သော့ခလောက်နဲ့ ကြိုး အစွန်းနေရာတို့ကို ရွှေဖြူနဲ့ ပြုလုပ်ထားပြီး ၁၀ ကာရက် စိန်တွေစီထားပြီး ရောင်းဈေး ဒေါ်လာ ၁၂၀၀၀၀ ဖြစ်ပါတယ်တဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~


Lana Marks' Exquisite Cleopatra Bag Price: $100,000

ကိတ်ဝင်းဆလက်ကလည်း ကြိုက်တယ်တဲ့။

ဒီအိတ်ကတော့ သမ္မတကတော်ဟောင်း လော်ရာဘုခ်ျနဲ့ ဝေလ်းမင်းသမီး ဒိုင်ယာနာတို့က ကိုင်ဆောင်ခဲ့တဲ့ အိတ်ဒီဇိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ၀င်ငွေကောင်းလှတဲ့ နံမည်ကြီး ရုပ်ရှင်သရုပ်ဆောင် အချို့ကသာ ၀ယ်ယူနိုင်တဲ့ အိတ် ဖြစ်ပြီး ဟောလိဝုဒ်အသိုင်းအ၀ိုင်းမှာတော့ လိုချင်တဲ့သူများလှတယ်လို့ ဆိုပါတယ်.. ငွေမှင်ရောင် မိကျောင်းရေဖြင့် ဖြစ်ပြီး အနက်နဲ့အဖြူရောင်စိန်ပွင့် ၁၅၀၀ နဲ့အတူ ၁၈ကာရက် ရွှေဖြူဖြင့် ပြုလုပ်ထားတာ ဖြစ်ပါတယ်..

~~~~~~~~~~~~~~~~~~~~

 Precious Rose bag : $ 92,000



ပန်းပွင့်ပုံသဏ္ဍာန် ဒီဇိုင်းဖြစ်ပြီး အလေးချိန် ၄၂.၅၆ ကာရက်ရှိ စိန်ပွင့်ပေါင်း ၁၀၁၆ ပွင့်နဲ့ ပြုလုပ်ထားကာ ပန်းရောင် နီလာ ၁၁၆၉ ပွင့်၊ အလုံးရေ ၈၀၀ ရှိ အနက်ရောင် ကျောက်တစ်မျိုးတို့ဖြင့် လှပဆန်းကြယ်စွာ ပြုလုပ်ထားပါတယ်.. တန်ဖိုးမှာ ဒေါ်လာ ၉၂၀၀၀ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

အောက်မှာတော့ ဆန်းဆန်းပြားပြား လက်ကိုင်အိတ် ဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်

ဘရိုကိုလီ (မုံလာပန်းအစိမ်း) ပုံ လက်ကိုင်အိတ်


ချိစ်တုံး လက်ကိုင်အိတ်


ဘလူးဘယ်ရီသီး လက်ကိုင်အိတ်


အနီရောင်ဘယ်ရီသီး လက်ကိုင်အိတ်


ပေါင်မုန့်လက်ကိုင်အိတ်


ပိုးစာသီး လက်ကိုင်အိတ်




keyboard handbag Teenage Fun with Creative & Funky Handbags
ကီးဘုတ်လက်ကိုင်အိတ်

z watermelon design handbag Teenage Fun with Creative & Funky Handbags
ဖရဲသီး လက်ကိုင်အိတ်

gun handbag Teenage Fun with Creative & Funky Handbags
ရွှေသေနတ် လက်ကိုင်အိတ်


cassette tape handbag Teenage Fun with Creative & Funky Handbags
ကက်ဆက်တိပ် လက်ကိုင်အိတ်

boot shape bag Teenage Fun with Creative & Funky Handbags
ဖိနပ်ဒီဇိုင်း လက်ကိုင်အိတ်


အားလုံးဘဲ ပျော်ရွှင်နှစ်သက်ကြပါစေရှင်



27 Responses to “မမလေး ကိုင်စရာ”

မချောရေကိုင်စရာလေးတွေလာကြည့်သွားတယ်နော်။
အပေါ်ကကိုင်စရာတွေကဈေးကြီးလှပါလား

Crystal said...

သြော်ဟော် ဒီလောက်ဈေးများ ချောရယ် သိပ်တောင် ကြိုက်သေးတာဟုတ်ဖူး ဟီဟိ
(ပိုက်ဆံအိတ်အတွက် အစောင့်တစ်ယောက်လောက် ထားရမယ့်သဘောပဲကိုး):P

Anonymous said...

တန်ဖိုးတာကြီးတယ် မကြိုက်ပါဘူး မမရာ လှလဲလှဘူး..
အောက်က အသီးတွေနဲ့လုပ်ထားတာကမှ လှသေးတယ်..
ဗိုက်ဆာရင် ပိုက်ဆံအိပ်ကိုက်စားယုံပဲ...။
မြတ်မွန်

အိတ်တွေက စုံလို့ပါလား။ Hermes Exclusive “Birkin” Bag ကို အကြိုက်ဆုံးပဲ ဟိဟိ။ လင့်လေး ပြန်ချိတ်လိုက်ပြီ မချောရေ။ ဟိုတလောက မအားတာနဲ့ မရောက်ဖြစ်တာ။

မချောရေ.. အောက်လေးဘာလေးဆင်းပါဦး.. :D.. တခါတခါ မမီမကမ်းဟာလေးတွေပဲ လာပြီးသွားရည်လာကျရတယ်.. ဟဲဟဲ....း))


ခင်မင်တဲ့
နေ၀သန်

လက်ကိုင်အိတ်တွေ ဒီလောက်ဈေးကြီးတာ ကိုင်တယ် ... ပိုက်ဆံထားစရာ နေရာမရှိလို့လား။ ရူးကြောင်ကြောင်နိုင်တာလား.. ခရေဇီဖြစ်တယ်လို့ပဲ နံမည်တပ်ချင်တပ်ပါ။

ပိုးစာသီးအိတ်ကိုမြင်တော့ ကြက်သီးထတာ....

အပေါ်ဆုံးကအိတ်လေး ၀ယ်ပေးပါလားအစ်မ.. အဟီး ကိုင်ဖို့ ဟုတ်ဘူးနော်... စိန်တွေ ဖြုတ်ရောင်းစားဖို့  :P

ဆွေလေးမွန် said...

ပေါင်မုန့်လက်ကိုင်အိတ်က အတော်ပဲ.
တစ်ဖဲ့ကိုက်စားလိုက် လက်ကိုင်အိတ်ပဲ့နေတာလဲ
ပဲများပြီးကိုင်လိုက်..
အိမ်လဲ ပြန်ရော ပေါင်မုန့်လဲ ကုန်မှာမို့
ပေါ့ပေါ့ပါးပါးပြန်လို့ရ ဘယ်လောက်ကောင်းလဲ..
နော်..

Anonymous said...

အဆန်းပဲနော် ပေါ့ပေါ့ပါးပါး ဖရဲသီးလက်ကိုင်အိတ်လေးသဘောကျမိတယ်။
သာယာချမ်းမြေ့ပါစေရှင်း
မိုး

သက်ဝေ said...

ကိုယ်က အိတ်တွေ အရမ်းကြိုက်လို့ လာကြည့်ပါတယ်။ အသီးပုံတွေတော့ ကြည့်ရတာ အူယားတယ်...း))

ချောရေ ဘလူးဘယ်ရီသီးကို စာမဖတ်ခင်တုန်းက စပျစ်သီးမှတ်နေတာ။

ဒီတစ်ခေါက် မြန်မာပြည်ပြန်တုန်းက ဆွမ်းလာပို့တဲ့ ဒကာမတစ်ယောက်နဲ့ စကားစပ်မိလို့ "မြန်မာအမျိုးသမီးတစ်ဦးပါပဲ Shopping Mall တစ်ခါထွက်ရင် ဒေါ်လာသုံးထောင်ဖိုးလောက်သုံးပြီး သူမကိုင်ထားတဲ့ပိုက်ဆံအိတ်ကလည်း ဘယ်လောက်တန်တယ်ဆိုလား" ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ်ဆိုပဲ။ သူ့နာမည်ဘယ်သူပါလိမ့်။ ပိုက်ဆံပေါလိုက်ကြတာများနော်။

ဒါပေမယ့် ဇောတိကသူဌေးကိုတော့ မှီနိုင်တဲ့လူ မရှိလောက်သေးဘူး။ ဇောတိကသူဌေးအိမ်မှာ ကြွေပြားအစား စိန်တွေ၊ ကျောက်စိမ်းတွေ ကပ်ထားတယ်ဆိုပဲ။

ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

တအိတ်တော့ ယူသွားပြီမချောရေ..။
မမမြသွေးအတွက်လည်း တအိတ်ထားခဲ့မယ်။
ရော့....
ချစ်တဲ့
သဒ္ဓါ

မြစ်ကျိုးအင်း said...

၂ သန်းတန် လက်ကိုင်အိတ်လွယ်ပြီး ဘတ်စ်ကား တိုးစီးခိုင်းလိုက်ရင် ဘယ်လိုနေမလဲ

ခွဲရာတွေဗရပွနဲ့ အသဲမှာလေကြေမွ ဖြစ်သွားနိင်တယ်။

ချမ်းလင်းနေ said...

မချောရေ.... မမလေးကိုင်စရာတွေက စုံလင်လှပ ဈေးကြီးပါပေတယ်။ ဒါကြောင့်မို့လဲ ကမ္ဘာမှာ အလှကုန်ပစ္စည်းထုတ်လုပ်သူတွေ အောင်မြင်ချမ်းသာ ကြပေသကိုး။

အဖြူရောင်နတ်သမီး said...

ဈေးကလည်း မတရားပါပဲလား ချောရယ်...
ဈေးကြီးကြီးပိုက်ဆံအိတ်ကိုကိုင်ပြီး အိတ်ထဲမှာ ဝယ်စရာပိုက်ဆံမရှိဖြစ်နေမယ့်အစား..
တော်ရုံတန်ရုံအိတ်လောက်ကို ကိုင်ပြီး အိတ်ထဲမှာ ပိုက်ဆံပြည့်နေဖို့က ပိုအရေးကြီးပါတယ်..။
အိတ်အစုတ်ပဲကိုင်တော့မယ် ချောရေ...
တော်ကြာ အိတ်မြင်ပြီး ဓားပြလာတိုက်နေမှ (အိတ်ထဲ ဟောင်းလောင်း ဆိုရင်) ပိုအရှက်ကွဲနေအုံးမယ်...
:P

Baby taster said...

လူတယောက်ပြောတာကြားဖူးတယ် မိန်းမတွေက ဈေးကြီးပေးပြီ အိတ်တွေ ကိုင်တယ် မသိရင် အိတ်ကလည်း ဖောင်းနေတာပဲတဲ့ ပိုက်ဆံတွေများလား
လို့ အောက်မေ့တာ ဘယ်ဟုတ်မလဲ ကိုယ့်မိန်းမရမှ
သိတော့တယ် အထဲမှာ အလှပြင်စရာပစ္စည်းနဲ့ အတွင်းခံ တစုံ အပိုထည့်တာကိုးတဲ့ ဒါက စကားမစပ်ရေးလိုက်တာ

၃ပုံနဲ့ ၄ပုံမြောက် အိတ်တွေကြိုက်၏

nYi ThU E@in said...

မမလေး ကိုင်စရာပဲလားမချော..
မက်နှာ မလိုက်နဲ့နော်..
နောက်တစ်ခါ ညီမောင်တို့ ကိုင်စရာလေးလည်း
ရှာရှာဖွေဖွေ တင်ပေးအုံး..။

မောင်မျိုး said...

သားတို့အတွက်ကော ရှာပြီးတင်ပေးအုံးး)

Anonymous said...

ကီးဘုတ်လက်ကိုင်အိတ်ကို သဘောကျတယ်။ လမ်းသွားရင်း ကားပေါ်မှာ ပျင်းရင် လက်ကွက်ကျင့်နေလိုက်ယုံပဲ.....)))

Anonymous said...

ဈေးကြီးတယ်..ချောရယ်.. မတတ်နိုင်ဘူး။ မကိုင်ရလဲနေပါစေ။

ဒါမဲ့ ကိတ်စ်ဝင်းလတ် ကိုင်တဲ့အိတ်တော့ မျက်စိတအားကျတယ်။

ပီးတော့ ဖရဲသီးအိတ်လေးလည်းကြိုက်တယ်။ လောင်ဆက်မပေးချင်ဘူးလားဟင်။


မြတ်နိုး

မမလေးတွေမှာ ကိုင်စရာတွေများတယ်နော်

မမလေးရေ ....
ဘယ်ရီသီး နဲ့  ပေါင်မုန့် လိုလိုဘာလိုလိုအိတ်ကို အကြိုက်ဆုံးပဲဗျ ....
အင်း ...
ကြိုက်သာကြိုက်တာ ..ဈေးတွေကတော့ .ဟိဟိ

sosegado said...

ခုလောက်ဆို တရုတ်ကလိုက်လုပ်လောက်ပြီ။
HK women street ရောက်မှာသေချာတယ်။

MDW said...

ချောရေ .. မမေအတွက် မမလေးတို့ ပိုးစရာဆိုပြီး ရေးပေးပါလား။ မမေက အိတ်ကို ကိုင်ဘူး၊ ကျောပိုးအိတ်ပဲ သုံးတာမို့လေ။ :))

MDW said...

ချောရေ .. မမေအတွက် မမလေးတို့ ပိုးစရာဆိုပြီး ရေးပေးပါလား။ မမေက အိတ်ကို ကိုင်ဘူး၊ ကျောပိုးအိတ်ပဲ သုံးတာမို့လေ။ :))

အားပါးပါး.....အဲဂလောက်တောင် ဈေးကြီးတယ်လား :) ဖျားဖျား...သိမ်းထားဖို့ပဲကောင်းတယ် :)

ခင်တဲ့(ဖိုးကြယ်)

မမ...အပေါ်ဆုံးက အိတ်ရယ် ကိတ်ဝင်းစလက် ကိုင်ထားတဲ့အိတ်ရယ် လိုချင်တယ်... :P :P