နေပြည်တော် ဥပ္ပါတသန္တိစေတီတော်သို့..




ဆက်လက်ပြီး ခရီးသွားမှတ်တမ်းအနေနဲ့ နေပြည်တော် မြို့တော်သစ်ကြီးကို ရောက်ခဲ့စဉ်က အသစ်တည်ထားတဲ့ မြို့ပြကြီးကို လှည့်လှည်ကြည့်ရှုခဲ့တဲ့ အကြောင်းအရာများကို ဓာတ်ပုံနဲ့ တကွ ဖော်ပြပေးချင်ပါတယ်။  နေပြည်တော် မြို့တော်သစ်ကြီးနဲ့ ပတ်သက်ပြီး ရေးမဲ့အကြောင်းအရာ၊ ဖော်ပြမဲ့ ဓာတ်ပုံများ အားလုံးဟာ အသစ် တည်ဆောက်ထားတာ မကြာသေးတဲ့ မြို့တော်သစ် ဖြစ်တဲ့အတွက်  ပြည်ပကိုရောက်ရှိနေကြလို့ မရောက်ကြသေးတဲ့ မိတ်ဆွေ မောင်နှမများ၊ ပြည်တွင်းကနေပြီး အလှမ်းဝေးနေသေးလို့ မရောက်ရသေးသူများ အားလုံးအတွက် ရည်ရွယ်ပြီး  မြို့သစ်ကြီးရဲ့ အနေအထားကို တွေ့နိုင်၊ သိရှိနိုင်ဖို့ ဒေသန္တရ ဗဟုသုတ သက်သက် အနေနဲ့ ဖော်ပြ ရေးသားခြင်းဖြစ်ပြီး အခြား ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိကြောင်းကိုတော့ ပဏာမအနေနဲ့ စကားဦး ခံထားပါရစေရှင်။



လုံးတော်ပြည့် ဖူးတွေ့ရသော စေတီတော်ကြီး


ဒီပိုစ့်မှာတော့ ရွှေတိဂုံဘုရားနဲ့ ပုံစံတူတည်ထားတဲ့ ဥပ္ပါတသန္တိ စေတီတော်ကြီးရဲ့ ရှုထောင့်ပေါင်းစုံက ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံများကိုသာ သီးသန့် ဖော်ပြပေးမှာဖြစ်ပြီး နောက်ပိုစ့်တွေမှာ မြို့တော်တစ်ခွင်၊ နေပြည်တော် ရေပန်းဥယျာဉ်နဲ့ နေပြည်တော်ရဲ့ ဆာဖာရီ ဥယျာဉ်သစ်ကြီးများ အကြောင်းတို့ကိုလည်း ထပ်မံဖော်ပြပေးပါဦးမယ်။


စေတီတော်ကြီးသို့ ၀င်ရောက်ရာ လမ်းမပေါ်မှ ဖူးတွေ့ရပုံ


နီးလာတဲ့မြင်ကွင်း






တံခွန်တိုင်၊ ဓာတ်လှေကား၊ မြေထိန်းနံရံများ


 
ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဟူ၍ ဘွဲ့မည်ရ....


စေတီတော်ဆီသို့


အောက်တွင် ဆက်လက်ကြည့်ရှုပါရန်



Image Hosted by PicturePush - Photo Sharing

စေတီပေါ်သို့ တက်ရောက်ရန် ဓာတ်လှေကား

20 - Miss Chaw
 ကားပါကင်နဲ့ ဈေးဆိုင်များ




ဓာတ်လှေကားဆီမှ စေတီတော်သို့ လာရာလမ်း


ကျယ်ဝန်းတဲ့ ရင်ပြင်တော်နဲ့ တံခွန်တိုင်


ရင်ပြင်တော်ပေါ်မှ  



 ရင်ပြင်ပေါ်က လှမ်းကြည့်ရင်










ရင်ပြင်ပေါ်က လှမ်းမြင်ရတဲ့ ရှုခင်းနဲ့ ဓမ္မာရုံ




စေတီတော်ကြီးအတွင်း




စေတီတော်ကြီးအတွင်း မြင်ကွင်း


ကျောက်စိမ်းဆင်းတုတော်


အပေါ်ဆုံးက အစိမ်းကွက်တွေမြင်ရတဲ့ တိုင်လုံးကြီးတွေဟာလည်း ကျောက်စိမ်းပြားများ ကပ်လှူထားတာ ဖြစ်ပါတယ်


ကျောက်စိမ်းဆင်းတုတော်အား အနီးကပ် ဖူးတွေ့ရပုံ (မျက်နှာတော်မှာ ကျောက်စိမ်းအရည်ကြောင့် အစိမ်းရောင် ဖြစ်နေပါတယ်)


ကျောက်စိမ်းပြားစီ၊ ရွှေရေးချ တိုင်ကြီး



တိုင်လုံးတော်များ





စေတီအတွင်း မျက်နှာကျက်တော်မှ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသော တရားတော်များ



ကျယ်ဝန်းတဲ့ စေတီတွင်းမြင်ကွင်း


ဝတ်ရွတ်စဉ်ဖြင့် ရွတ်ဖတ် ပူဇော်နေကြသူများ


စေတီနံရံမှာ မြတ်စွာဘုရား၏ ဇာတ်နိပါတ်တော်များကို စကျင်ကျောက်များဖြင့် ထွင်းထုကာ ရွှေရေးချ ဘောင်များဖြင့် ပူဇော်ထားပါတယ်။



၎င်း ဗုဒ္ဓ၀င် စကျင်ကျေက် ပန်းပုကားချပ်များမှာ စေတီနံရံပတ်ပတ်လည် တလျှောက်လုံး ကပ်လှူပူဇော်ထားတာကို တွေ့ခဲ့ရပါတယ်။



မီးဆလိုက်များထွန်းကာ အလင်းပေးထားတဲ့ ပန်းပုကားချပ်များ

အောက်မှာတော့ ကျွန်မ ဓာတ်ပုံရိုက်ခဲ့မိတဲ့ အချို့သော စကျင်ကျောက်ထွင်း ဗုဒ္ဓ၀င်ကားချပ်များကို ဖော်ပြပေးပါမယ်။















စေတီတော်ကြီးနဲ့ တံခွန်တိုင်ကြီးကို ညချမ်းအချိန် ခပ်လှမ်းလှမ်းမှ ဖူးတွေ့ရပုံ






ကားမောင်းနေချိန် ရိုက်မိလို့ နည်းနည်း ၀ါးသွားတယ်။


စေတီနဲ့ တံခွန်တိုင်





ထိပ်ဖျားတွင် အလောင်းတော် ရွှေဟသာင်္မင်းရုပ်တု၊ အောက်ခြေတွင် စတုလောကပါလ နတ်မင်းကြီး လေးပါး ပါသော တံခွန်တိုင်


နတ်မင်းကြီးလေးပါး ရုပ်တုပါ တံခွန်တိုင်ကြီးနဲ့ အင်္ဂလိပ်လို ရေးထိုးထားတဲ့ ကဗ္ဗည်းစာ



မြန်မာဘာသာဖြင့် ရေးထိုးထားတဲ့ ကဗ္ဗည်းစာ



“ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ရာဇဓာနီ မင်းနေပြည်တော်” ဟု မော်ကွန်းမှတ်တမ်း ရေးထိုးထားသော တံခွန်တိုင်




ကျန်ရှိနေသေးတဲ့ ဆာဖာရီဥယျာဉ်၊ ရေပန်းဥယျာဉ် စတဲ့ မြို့တော်အကြောင်းကို ကျွန်မရဲ့ ခရီးသွား မှတ်တမ်းအဖြစ် နောက်နေ့တွေမှာ ချစ်သော မိတ်ဆွေ သူငယ်ချင်းများအတွက် ဒေသန္တရ ဗဟုသုတ အဖြစ် ဆက်လက် ဖော်ပြပေးပါဦးမယ်ရှင်။ နေပြည်တော် မြို့တော်သစ် အကြောင်းတွေရဲ့ ပိုစ့်နဲ့ပတ်သက်ပြီး  မြို့တော်တစ်ခွင်ကို စိတ်ရှည်လက်ရှည် ပို့ဆောင်ရင်း လိုက်လံ ပြပေးသော သူငယ်ချင်းကို ကျေးဇူး အထူးတင်ကြောင်း ဒီနေရာကနေ ပြောကြားပါရစေနော်။


မှတ်ချက်။           ။ ဒေသန္တရ ဗဟုသုတအတွက် မျှဝေခြင်း ဖြစ်ပါကြောင်း ထပ်လောင်း ပြောကြား ပါရစေရှင်။

အားလုံးဘဲ ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ...



30 Responses to “နေပြည်တော် ဥပ္ပါတသန္တိစေတီတော်သို့..”

မေဓာဝီ said...

ချောရေ ...
ကြားသာ ကြားဖူးပြီး မရောက်ဖူးတဲ့နေရာမို့ ခုလို ချောရိုက်ပြမှ စုံစုံလင်လင် ကြည့်ရတာ ... ကျေးဇူးတင်ပါတယ်။
တော်တော်ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်ထားတာပဲနော်။ ကင်မရာတလက်နဲ့ ရောက်တဲ့နေရာ မှတ်တမ်းတင်နိုင်တဲ့ ချောကို အဟုတ် ချီးကျူးတယ်။

ဗုဒ္ဓဘာသာ နိင်ငံအတွက် ခမ်းနားကြီးကျယ်စွာ စေတီပုထိုးတွေ တည်ရှိတာကို ဂုဏ်ယူစရာပါပဲ။ ဘာသာရေးအမြင်နဲ့ပဲ ပြောချင်ပါတယ်။ တခြားကိစ္စတွေတော့ စိတ်ခံစားချက် တစ်မျိုးပေါ့။

သေသေချာချာရိုက်လာပေးလို့ ကြည့်ခွင့်ရတာမို့ မချောကိုလည်း ကျေးဇူးတင်မိပါတယ်။
ကိုယ့်ဘာသာဆို ရောက်ဖြစ်ပါ့မလား မသေချာဘူးလေ။ ကြည့်ခွင့်ရလို့ သုတ တိုးရပါတယ်။

ရှိသေးရင် ထပ်တင်ပါအုံး...။

ပုံတွေ ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်ထပ်မျှဝေ ပေးမယ့်ပုံများကိုလည်းမျှော်လင့်လျှက်.....

မချောရေ..
တစ်ခေါက်မှ မရောက်ဖူးဘူး။ အဲဒီကို။ အခုမှဘဲ စုံစုံလင်လင် မြင်ရတော့တယ်။ မျက်စိပသာဒ အရမ်းဖြစ်ပါတယ်။ မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

မြင်ရတာတော့ အတော်ကျေနပ်စရာကောင်းပါတယ်။ ဥပ္ပါတ က မိုးကြိုး သန္တိက လွတ်ငြိမ်းချမ်းသာခွင့်ပေါ့။ အဓိပ္ပာယ်ကတော့... အရမ်းကောင်းတယ်။ မရောက်ဘူးသေးလို. အတော်ကြည်နူးရပါတယ်။

ဒီတစ်ခါတော့ တော်တော်ဝမ်းသားကြည်နူးမိတယ်.. ဗုဒ္ဓဘာသာတိုင်းပြည်ဆိုတဲ့အတိုင်း ရွှေရောင်လွှမ်းတဲ့စေတီတွေအပြည့်နဲ့ကိုး..ရွှေကျောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင်မဖြစ်ရင်ပိုကောင်းတာပေါ့..

ကြည်နူးဖွယ်မြင်ကွင်းတွေကို မြင်ခွင့်ရအောင် အားထုတ်တဲ့မချောကို သာဓု သာဓု သာဓု ပါ ခင်ဗျာ...

Anonymous said...

ရွှေကျောင်းပြောင်ပြောင်ပေမဲ့ ၀မ်းဟာနေသူတွေကိုပဲ ပြေးမြင်မိပေတော့...

သူတို့လက်ထက် ဘုရား ဘယ်ဘုရားမှ မသွား။ ရှေးဟောင်းဘုရားတွေကိုပဲ ကိုးကွယ်ပူဇော်လျက်..

မြတ်နိုး

ညီလင်းသစ် said...

အဝေးကနေ ကားနဲ့ပဲ ဖြတ်သွားဖူးတယ်၊ အခုလို မြင်ရမှ တော်တော့်ကို ခမ်းနား ကြီးကျယ်တာပဲ၊ ကျေးဇူး တင်ပါတယ် မချောရေ...။

ချမ်းလင်းနေ said...

နေပြည်တော်ရောက်တုန်းကတော့ ဒေသခံတွေက ရွှေတိဂုံပုံတူဘုရားသွားဖူးဆိုပြီး ဆိုင်ကယ်နဲ့ လိုက်ပို့ပေးလို့ ရောက်ခဲ့သေးတယ်ဗျာ။ လွင်တီးခေါင်ဒေသကို နေ့ခင်းဘက် ဘုရားသွားဖူးတာဆိုတော့ ပူတယ်ဗျာ။ မြန်မာအင်ဂျင်နီယာတွေ လက်ရာလို့တော့ပြောတယ်။ အခုလဲ ထပ်လာဖူးတာပါ မချောရေ။

မချောပုံတွေကြည့်လိုက်တာနဲ့ေ၇ာက်ဖူးသွားပြီ..း)))


ခင်မင်တဲ့
နေ၀သန်

နိုင်ငံခြားရေးရုံးကိုသွားစရာကိစ္စရှိလို့ နေပြည်တော်ကိုတစ်ခေါက်တော့ ရောက်ဖူးပေမယ့် အချိန်မရခဲ့လို့ ဘုရားမဖူးခဲ့ရဘူး။ ဘယ်မှလည်း မရောက်ခဲ့ဘူး။ မချော ပို့စ်ကပုံတွေကြည့်ပြီး စေတီတော်ကြီးကို တစ်ဝကြီးဖူးမျှော်သွားပါတယ်။ ကျေးဇူးမချောရေ။

sosegado said...

ရှယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်၊
သမတ တို့ ဝန်ကြီးတို့ ဖြစ်တော့မှ သွားမယ်စိတ်ကူးထားတာ၊ ခုတော့ မချောဓါတ်ပုံတွေကြည့်ပြီး ဘုရားဖူးတော့သွားဦးမှ၊းD

နေပြည်တော်ကျောက် said...

တနိုင်ငံလုံးမြို့တိုင်းမှာ ရွှေတိဂုံပုံစံတူ စေတီတွေ တည်ထားတာ တွေ့ရတာ ဘာသဘောလဲ မသိဘူးနော်

ssye said...

thanks for sharing

ပထမဆုံးအကြိမ် ဖူးခွင့်ရလို့ ငါ့အစ်မကို ကျေးဇူးတင်သွားပြီ :)

ခင်တဲ့(ဖိုးကြယ်)

ဥပ္ပါတသန္တိစေတီတော်ကို ဖူးမျှော်ခွင့် ရလို့ တင်ပေးတဲ့ချောကို ကျေးဇူးတင်တယ်။ ဘုရားဖူးမယ်ဆိုတဲ့ ရည်ရွယ်တစ်ခုတည်းနဲ့ပဲ နေပြည်တော်ကို တစ်နေ့နေ့တစ်ချိန်ချိန် ရောက်ဖြစ်မယ်လို့လည်း မျှော်လင့်မိတယ်။ မြစ်ကျိုးအင်းပြောသလိုပါပဲ ဗုဒ္ဓဘာသာနိင်ငံအတွက် ခမ်းနားကြီးကျယ်စွာ စေတီပုထိုးတွေ တည်ရှိတာကို တော့ ဂုဏ်ယူစရာပါပဲနော်

ိမရောက်ဖူးသေးဘူး ဗျ ကျေးဇူးပါ ဘုရားဖူးခွင့်ရလိုက်တာအတွက်ကော ။

Anonymous said...

ကျွန်တော်က အမြဲစာလာဖတ်တဲ့ မောင်လေးပါ။ကချင်ပြည်နယ်သူဖြစ်တဲ့ ဟော့ဒီကစာရေးဆရာမ မမချော ပုံနဲ့အတူ မြင်ဖူးချင်တယ်....

အုပ်ကြီး said...

ဝေမျှပေးတာကျေးဇူးပါ ..အစ်မရေ

...အလင်းစက်များ said...

ညဖက်ပဲ ဖြတ်သွားဖူးတယ် အစ်မရေ... အဲ့ဒီတုန်းက ဆောက်လက်စပဲ... မီးရောင်တွေနဲ့  အလွန်ကိုသပ္ပါယ်တာပေါ့.... ဘယ်သူတည်တဲ့ ဘုရားဖြစ်ဖြစ် ဦးချပါတယ်.... အစွဲ မရှိပါဘူးလို့ .. ဘုရားက ဘုရား သတ်သတ်၊ မုန်းတဲ့သူတွေက မုန်းတဲ့သူတွေ သတ်သတ် တကန့် စီပါပဲလေ.. နော... အစ်မချောရေ....

(သာဓုပါဗျာ)

ညီမလေး said...

အော် ... နေပြည်တော်နေပြည်တော်...

ahphyulay said...

ဘာပဲပြောပြောလေ..
ကိုယ့် ဘာသာရဲ့  အထွတ်အမြတ်နေရာတစ်ခု
တိုးလာတယ်ပဲ ဆိုပါတော့ ။
ဘုရားရိပ်က ဘယ်နေရာဖြစ်ဖြစ် အေးစိမ့် နေတတ်
တာပါပဲလေ။ သွားသင့် ဖူးသင့် တဲ့ နေရာတစ်ခုမို့ 
တနေ့ နေ့  သွားဖူးပါအုံးမည်။

Anonymous said...

မရောက်ဖူးဘူး ချောရယ် အတွင်းပိုင်းထဲမှာ သိတ် ခမ်းနားတာပဲနော်....မျှဝေပေးလို့ ကျေးဇူးပါ ချောရေ....

ချစ်ကြည်အေး

Anonymous said...

"ရာဇဓာနီ၊မင်း‌နေပြည်‌တော်"ဆိုတဲ့‌မော်ကွန်းစာကိုဖတ်ပြီးနင်သွားတာဘဲ..။ကျမက‌တော့..တယူသန်တယ်ဘဲ‌ပြော‌ပြော..ဒင်းတို့တည်ထားတဲ့ဘုရား‌တွေကိုဘယ်လိုမှစိတ်ညွတ်လို့မရဘူး...။ဘာဘဲ‌ပြော‌ပြောခုလိုကိုယ်မမြင်ဘူး‌သေးတာကြိုမင်ခွင့်ရတဲ့အတွက်‌ကျေးဇူးပါ...။

ကိုယ်လည်း စေတီကြီးတစ်ဝိုက်နဲ့ အတွင်းအပြင် စုံအောင် ရောက်ခဲ့ဖူးပေမယ့် ဒီလောက်သပ္ပါယ်သာယာတယ်လို့ မခံစားမိခဲ့ဘူး
(အဲဒီတုန်းကပေါ့)
လက်အုပ် အခါခါ ချီမိုးသွားပါကြောင်း
ပုံတွေ တ၀ကြည့်ခွင့်ဖူးခွင့်ရလို့ ကြည်နူးချမ်းမြေ့ရပါကြောင်း။

ကျွန်တော် သွားဖူးတုန်းက ဆောက်လုပ်ဆဲ... နောက်ပိုင်း နေပြည်တော် ရောက်လည်း မသွားဖြစ်တော့ပါဖူးလေ..။ တစ်ခုပဲ.. ဓါတ်လှေကားနဲ့တက်ဖို့မှာ သွားတဲ့ တံတားလေးကို ထောက်ထားတဲ့ တိုင်တွေ တော်တော်အာရုံနောက်နေမိတာ.. ခုထိ..။ ကျွန်တော် ရောက်တုန်းကနဲ့ တော်တော် ကွာသွားပြီပဲနော်..။

Anonymous said...

your site is very nice please keep it as is

ပုံလေးတွေကြည့်ပြီး မရောက်ဖူးတဲ့ နေရာ ရောက်သွားရသလို ခံစားမိပါတယ် ချောရေ။ ကျေးဇူးတင်ပါတယ်။

Anonymous said...

Thanks for sharing.
Iora

PhyoPhyo said...

မချော ပဏာမလည်း စကားဦးခံတယ် ထပ်လောင်းလည်းပြောကြားတယ်၊ ဘာလို့ပါလိမ့်၊ :D
ဘုရားအတွင်းအပြင် သပ္ပါယ်လိုက်တာ၊ ခမ်းခမ်းနားနားတည်ထားတာပဲနော်၊
ဘုရားဖူးခွင့်ရလို့ ကျေးဇူးတင်ပါတယ်၊
မချောလည်း နောက်ထပ်သွားချင်တဲ့ခရီးတွေ ထပ်သွားရပါစေ၊
ချစ်တဲ့