ပုဇွန်ကြက်သွန်ဖြူပေါင်း၊ ပဲပင်ပေါက်ချဉ်စပ်သုပ်




ဒီရက်ပိုင်းမှာ ခရီးသွားဘာညာနဲ့ဆိုတော့ ဟင်းမချက်စားဖြစ်တာ ကြာပါပြီ။ မချက်တာကြာတော့လည်း ပျင်းနေသလိုဘဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ အလုပ်လဲ မလုပ်ချင်၊ ထမင်းဟင်းလဲ မချက်ချင် ဖြစ်နေပါတယ်။ ဒါပေမဲ့ အလုပ်မလုပ်ပဲ နေလို့တော့ ဘယ်ရပါ့မလဲနော်.. တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘ၀မှာ တစ်ရက် အလုပ်မလုပ်ရင် ထမင်းငတ်မှာ စိုးရတာကြောင့် ပျင်းပျင်းနဲ့ပဲ အလုပ်တွေ လုပ်ရပါတော့တယ်။ စာရေးရမှာလည်း ပျင်းသလို ဖြစ်နေတယ် ဒါနဲ့ စာလည်းမရေးချင်ဘူးဆိုရင် ဘာလုပ်မလဲ စဉ်းစားလိုက်တော့ ဟင်းချက်တာ ကောင်းပါတယ်လို့ စိတ်ကူးရမိတယ်။ ချစ်ညီမလေး တစ်ယောက်ကလည်း Weekend အစီအစဉ်ကို မျှော်နေမယ်နော်လို့ ပြောနေတော့ ချက်ဖို့ စဉ်းစားရပါပြီ။ ဘာဟင်းချက်ရပါ့.. စဉ်းစားလိုက်တော့ ပုဇွန်ချက်ဖို့စိတ်ကူးရပါတယ်။ ကျွန်မက အသီးအရွက်ကို ကြိုက်သူဖြစ်ပြီး အသားတွေထဲမှာတော့ Sea food ကို ကြိုက်ပါတယ်။ ငါးတို့ ပုဇွန်တို့ကို ကြက်၊ ၀က် တို့ထက် မကြာခဏ ပိုစားဖြစ်ပါတယ်။  ကျွန်မက ချောင်းဘေးမှာ ကြီးလာတဲ့သူမို့ ထင်ပါရဲ့။ ရေထဲကအကောင်တွေကို ပိုကြိုက်ပါတယ်။  :)

ဒါကြောင့် ပုဇွန်နဲ့ ငါးကို ခဏခဏ ချက်ဖြစ်ပါတယ်.. အခုလည်း ပုဇွန်ကို ဘယ်လိုချက်မလဲ စဉ်းစားလိုက်တော့ ဆီလဲမများတဲ့ ကြက်သွန်ဖြူလေးနဲ့ ပေါင်းစားတဲ့နည်းကို စိတ်ကူးရမိပါတယ် ။ ဒီတော့လည်း ပုဇွန်ကြက်သွန်ဖြူပေါင်းကို စပြီး ချက်ဖို့ ပြင်ဆင်ပါတော့တယ်။


ပုဇွန်ကြက်သွန်ဖြူပေါင်း


ဒါနဲ့ ပုဇွန်ဝယ် အမြီးခေါင်းဖြတ်၊ အခွံချွတ်၊ အလယ်ကြောက ချေးကြောင်းထုတ်၊ ရေဆေးသန့်စင်ပြီး ဆား၊ ဟင်းချက်ဝိုင်၊ အရသာမှုန့်တို့နဲ့ နယ်ပြီး ခေတ္တ နှပ်ထားလိုက်ပါတယ်။




မှိုအခြောက် ၄ပွင့်လောက်ကို ရေနွေးပူပူနဲ့ စိမ်လိုက်ပါတယ်..



ကြက်သွန်ဖြူ များများ ၊ ငရုပ်သီးစိမ်း၊ နံနံ၊ ဥနီ တို့ကို တောက်တောက်စင်းပြီး ပြင်ဆင်ထားပါတယ်..



ပန်းကန်ပြားတစ်ခုထဲမှာ ပုဇွန်တွေကို နေရာချပါတယ်.. အပေါ်ကနေ မှိုပွင့်တွေကို ပါးပါးလှီးထည့်ပါတယ်။



တောက်တောက်စင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ နံနံ၊ ဥနီ တို့ကို အပေါ်က ခုလိုထည့်လိုက်ပါတယ်.. ပြီးတော့ ပဲငံပြာရည်၊ ခရုဆီ အနည်းငယ်နဲ့ နှမ်းဆီမွှေးနည်းနည်း တို့ကို လောင်းထည့်ပါတယ်။



ရေနွေးဆူဆူအိုးထဲကို ၁၅မိနစ်ခန့် ခုလိုလေး ထည့်ပေါင်းပါတယ်.. အောက်မှာ တူ ( တုတ်ချောင်းလေးတွေ ခံထားတာပါ)၊ ပြီးရင်တော့  အဖုံးအုပ်ဖို့ကို မမေ့နဲ့ပေါ့နော်။ မိုက်ခရိုဝေဖ့်ရဲ့ ဆိုးကျိုး (မဖတ်ရသေးသူများ ဒီနေရာကို ကလစ်နှိပ်ပြီး ဖတ်နိုင်ပါတယ်)  တွေကို မကြောက်သူတွေက မိုက်ခရိုဝေ့ဖ်နဲ့ ပေါင်းနိုင်ပါတယ်။ ကျွန်မကတော့ မိုက်ခရိုဝေဖ့်ကို မသုံးပါဘူး။ ခုလို လေးဘဲပေါင်းပါတယ်။ ( တကယ်က မိုက်ခရိုဝေဖ့်မီးဖို မရှိလို့ပါ)  :)

စကားများနေတာနဲ့ ဟင်းအိုးမေ့သွားတယ်.. ကျက်ပြီလား မသိဘူး ချောင်းကြည့်လိုက်မယ်....

အပ်ချလောင်း............



အဲ ကျက်ပါပြီတဲ့ ဒီလိုဆိုရင် ပုဇွန်ကြက်သွန်ဖြူပေါင်းလေး စားလို့ရပါပြီနော်။ အချဉ်အရသာနဲ့ စားချင်ရင်တော့ သံပုရာသီးလေး ညှစ်ပြီး စားလို့ရပါတယ်.. အချိုပေါင်းသက်သက် စားချင်သူများကတော့  ဒီတိုင်းလေး ကြက်သွန်ဖြူနံ့ မွှေးနေပြီး၊ အစပ်အရသာပါတဲ့ ပုဇွန်ကြက်သွန်ဖြူပေါင်းကို သုံးဆောင်နိုင်ပါပြီရှင်။




ပေါင်းပြီးချိန်မှာ နံနံရွက်လေးတွေက အစိမ်းရောင် သိပ်မပေါ်တော့တာကြောင့် နံနံနဲ့ ငရုပ်သီးကို ခုလို အပေါ်က ပြန်ဖြူးလိုက်ပြီး အရောင်လေးပေါ်လာအောင် ပြင်လိုက်ပါတယ်။






ပုဇွန်ကို ဆီပြန်ချက်စားရတာ အီလာပြီ ဆိုသူများ ခုလို ကြက်သွန်ဖြူလေး၊ ငရုပ်သီးလေးနဲ့ ဆီမပါသလောက် ပေါင်းထားတဲ့ ပုဇွန်ကို စားနိုင်ပါတယ်နော်။ ပေါင်းပြီးချိန်မှာ ပုဇွန်ထဲက ရေများထွက်လာတာကြောင့် ခုလိုရေတွေနဲ့ ဖြစ်နေတတ်ပါတယ်.. ဒါကြောင့် စပြီးပေါင်းချိန်မှာ ရေထည့်ဖို့ မလိုပါဘူးနော်။ ဆီလဲပါဝင်မှုနည်းပြီး ကျန်းမာရေးအတွက် အကျိုးရှိတဲ့ ကြက်သွန်ဖြူကြောင့် အားလုံးနဲ့ သင့်တော်မဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်ရှင်။


~~~~~~~~~~~~~~~~~~~~~~~~~

ပဲပင်ပေါက် ချဉ်စပ်သုပ်

တကယ့်ကို လွယ်လွယ်ကူကူ ဟင်းတစ်ခွက်ပါ။ စားဖူးသူ များလိမ့်မယ် ထင်ပါတယ်နော်။ ပဲပင်ပေါက်ကို ရေနွေးဆူဆူထဲ ချက်ခြင်းထည့်ပြီး ချက်ခြင်းပြန်ဆယ်ပါတယ်။ ရေနွေးဖျောရုံလောက်ဆို အိုကေပါတယ်.. ပျော့သွားမှာ စိုးလို့ပါ။ နောက် ရေအေးနဲ့ စိမ်ထားလိုက်ပြီး ရေညှစ်ကာ ရေစစ်ထားလိုက်ပါတယ်။


ရေနွေးဖျောထားပြီး ပဲပင်ပေါက်တွေကို ဓားနဲ့ အနည်းငယ် ဖြတ်ကာ၊ ခရမ်းချဉ်သီး၊ ငရုပ်သီး(အစပ်ကြိုက်သူများ များများထည့်ရန်) ၊ ကြက်သွန်နီ၊ နံနံ၊ ဆား၊ အချိုမှုန့်၊ ပုဇွန်ခြောက်တို့ကို ထည့်ကာ အဆင်သင့် သုပ်ဖို့ပြင်ဆင်ထားပါတယ်..





စားခါနီးမှ သံပုရာသီးလေး ညှစ်ပြီး နယ်လိုက်ရင် ချဉ်ချဉ်စပ်စပ် ပဲပင်ပေါက်သုပ်ရပါပြီ။ ပဲပင်ပေါက်ကို အချဉ်တည်ဖို့ အချိန်စောင့်စရာမလိုဘဲ အမြန်ဆုံး စားနိုင်တဲ့ လွယ်ကူမြန်ဆန် ထမင်းမြိန်တဲ့ ဟင်းရံတစ်ပွဲ ဖြစ်ပါတယ်..


ချဉ်လဲချဉ် စပ်လဲစပ်


ချက်မိချက်ရာ ချက်လိုက်မိတဲ့ ပုဇွန်ကြက်သွန်ဖြူပေါင်းနဲ့ ပဲပင်ပေါက်ချဉ်စပ်သုပ်ကတော့ မိတ်ဆွေများအတွက် ဒီတစ်ပတ် Weekend Special ဟင်းလျာများ ဖြစ်ပါတယ်.. Weekend Special ကို စောင့်နေပါတယ်ဆိုတဲ့ သူလေးလဲ ကျေနပ်နိုင်ပါစေနော်။ မိတ်ဆွေများ အားလုံးလဲ ချက်ရေးပြုတ်ရေးမှာ  အဆင်ပြေချောမွေ့စွာ လျှာရင်းမြက်တဲ့ ဟင်းခွက်များ ချက်ပြုတ်နိုင်ကြပါစေရှင်။



23 Responses to “ပုဇွန်ကြက်သွန်ဖြူပေါင်း၊ ပဲပင်ပေါက်ချဉ်စပ်သုပ်”

Anonymous said...

အင်း...တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူကလည်း...သားငါးတွေထဲမှာ...ဈေးအပေါဆုံးဖြစ်တဲ့...ပုဇွန်ကိုပဲ...ချက်စားရတယ်ပေါ့နော်...ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျား
တောက်ပကြယ်စင်

rose said...

အစ်မချော... ရို့စ်လည်း ပုဇွန် ကြိုက်တယ်။ ဒီမှာတော့ ဇပွန်က အရမ်း ဈေးကြီးတယ် (ပြောချင်ဇောနဲ့ ချကားတွေတောင် အပီတော့ဝူးး)။ အစ်မချောရဲ့ ပုဇွန် ကြက်သွန်ဖြူပေါင်းလေးပဲ စားသွားတယ်နော်။ ကောင်းမှကောင်း။ ဓာတ်ပုံလေးတွေ ရိုက်ထားတာလည်း လှမှလှး)

မချောကို အမတော်မယ်.. ဟဲဟဲ.. ဟင်းချက်ကျွေးအောင်လို့. .အဟိ.. စားချင်စိတ်တွေ တဖွားဖွားပေါ်လာပြီ..

ခင်မင်တဲ့
နေ၀သန်

phyophyo said...

မချောရေ .. ကြိုက်တယ် ပဲပင်ပေါက်ကိုလည်းကြိုက်တယ်၊ မချောလိုသုတ်မစားဖူးသေးဘူး၊ ပုဇွန်ဟင်းလည်းကြိုက်တယ်၊ တော်လိုက်တာ နာမည်ကြားတာနဲ့ ကို ရှလွတ် ရှလွတ်ဖြစ်နေတာ၊
သံပုရာသီးလေးညှစ်၊ အချဉ်အရသာလေးနဲ့ဆို စားကောင်းလိုက်မယ့်ဖြစ်ခြင်း၊ ဒီတစ်ပတ် weekend special လေးကို သိပ်ကြိုက်သွားပါပြီ၊ မြန်လဲမြန် ကျန်းမာရေးနဲ့လည်းညီညွတ်တယ်၊
ဟင်းချက်နည်းမှတ်ထားဦးမယ်၊ ပဲပင်ပေါက် တရုတ်ဈေးမှာ သွားရှာမယ်၊ တခါတလေတွေ့တတ်တယ်၊
ပုဇွန်က ဟုတ်တယ် ဈေးကြီးတယ်၊
ရေခဲရိုက်ပုဇွန်တွေပဲရှိတယ်၊
ချစ်ဖို့သိပ်ကောင်းတဲ့ မချော ပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်တဲ့

အဖြူရောင်နတ်သမီး said...

နှစ်ခုလုံးကြိုက်တယ်..
စားသွားပြီ မချောရေ...

Evy said...

ပုဇွန်ဟင်းက အဆန်းလေးပဲ ချောရေ။ အဲလိုမျိုးတစ်ခါမှ မပေါင်းဖူးဘူး။ လုပ်စားကြည့်ရဦးမယ်။ ပဲပင်ပေါက်ချဉ်စပ်သုပ်ကတော့ အိမ်ကအကြိုက်ဆုံးဟင်းရံတစ်ခွက်ထဲမှာ ပါတယ် :-)

မေဓာဝီ said...

သမားရိုးကျ ဟင်းတွေကို ငြီးငွေ့နေတာနဲ့ အတော်ပဲ။
ချောဘလော့ကိုလာရင် ဟင်းဆန်းဆန်းလေးတွေ တွေ့ရတယ်။ အဲဒီလို ဟင်းမျိုးတွေ လုပ်စားချင်ပေမဲ့ ဦးရီးတော် လူပျိုကြီးမှာ ထုံးစံမပျက်သော သမားရိုးကျ ဟင်းခွက်များပဲ စားလိုတာမို့ အခက်တွေ့နေပါတယ်။

ရှလွတ် .......................

ဆွေလေးမွန် said...

ခုတစ်လောတော့ ဟင်းတွေထမင်းတွေစားရတာရိုးနေတာနဲ့..
READY MAKE အသားပေါင်းထုပ်တွေ ပေါက်စီ တွေပဲ ပေါင်းစားဖြစ်တယ်..
ခုလိုမျိုးလေး မြင်ရတော့လဲ ..
စားချင်လိုက်တာနော်...

nYi ThU E@in said...

ဟူး...
ဗိုက်ကလည်း ဆာပြန်ပြီ.။
ဘယ်သူချက်ကျွေးမလဲ ပြေးချောင်းလိုက်အုံးမယ်
အပ်ချလောင်း....ဟောင်း...ဝေါင်း..။
ဖွ...ဟ ကံကောင်းချက်..။
ဒေါ်ချော မီးဖိုထဲက ၂ ကောင်လောက် နှိုက်ပြီး
လွေးလိုက်တယ်..။
အိမ်ရှင်ပြန်မရောက်သေးခင် လစ်မှ..၀ှစ်.။:P

Anonymous said...

ဟင်းလေးတွေကဆန်းပြီးလုပ်ရတာလည်းလွယ်တယ်။ လိုက်လုပ်စားဦးမယ်။ အခုတော့ ပဲပင်ပေါက်က ၀ယ်ရဦးမှာမို့ ပုစွန်ပဲအရင်သုပ်စားလိုက်တယ် :)

စူးနွယ်လေး

...အလင်းစက်များ said...

နံနံပင်က နောက်မှထည့်ရင် မကောင်းဘူးလားအစ်မ... ပုဇွန်ပေါင်းအတွက် အနံ့ အရသာ ပြောင်းသွားမလား...

အားတဲ့ခါတော့ စမ်းကြည့်မယ်စိတ်ကူးတယ်... အဟီး ပျင်းတော့ပျင်းတယ်ဗျာ....

ညီလင်းသစ် said...

မချောက ရှင်းပြထားတော့လည်း တကယ့်ကို ရိုးရိုးလေး ပဲ၊ ပြီးတော့ အင်မတန်လည်း အရသာ ရှိမယ့်ပုံ...၊

တကယ်ကြီးကို ဗိုက်ဆာပြီး ပြန်သွားပြီ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပ ကိုအလင်းစက်ပြောသလို လုပ်ရမှာ
နံနံတွေက နွမ်းသွားပြီး မလှတော့ဘူးဖြစ်သွားတယ် အဲ စားလို့တော့ ကောင်းတယ် အရသာအတော်ရှိ
နောက်တခေါက်ပေါ့ ခုထက်ကောင်းအောင် လုပ်စားဦးမယ် ဟီး

ပုဇွန်ကြက်သွန်ဖြူပေါင်းနဲ့ ပဲပင်ပေါက်ချဉ်စပ်သုပ်လေး လာစားတယ် မချောရေ။ အချဉ်အစပ်ဆို ကြိုက်ပြီးသားပဲ။

လက်ရာ ကောင်းကောင်းလေးမို့ ကြည့်ရုံနဲ့ သွားရည်ကျချင်နေပြီ။ အမချော နှိပ်စက်တယ်။း(

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Iora said...

ပဲပင်ပေါက် ကိုအမြဲမကြိုက်ဘူး။ ဒါပေမဲ့ ပဲပင်ပေါက်သုပ်ကျတော့ သိပ်ကြိုက်တယ်။
ချောရေ..စိတ်ရှည်ရှည်နဲ့ သေသေချာချာ ရေးပြထားလို့ ကျေးဇူးဘဲနော်။

Sunny said...

မမချောရေ.. ပုစွန်ကြက်သွန်ဖြူပေါင်းလေးအတွက် ကျေးဇူးနော်.. ဟင်းတွေ စားရတာ ထပ်နေလို့ ဘာစားရမလဲ စဉ်းစားနေတာနဲ့ အတော်ပဲ.. ပဲပင်ပေါက်သုပ်ကောပေါ့.. :)

flowerpoem said...

အမကတော့ အစားနဲ့ နှိပ်စက်နေပါတယ် :P

မေလွင် said...

ပုံတွေက လှလွန်းလို့ ကြည့်ရင်းသွားရေကျမိတယ်..
စားချင်လိုက်တာနော်

သဒ္ဓါလှိုင်း said...

ပုဇွန်ကြိုက်တဲ့သူဆိုတော့ ခုဟင်းလေးက
စားချင်စဖွယ်ပဲ.။ ရှလွတ်.......ရှလွတ်...
ချစ်တဲ့
သဒ္ဓါ

blackcoffee said...

အား... မချော နှိပ်စက်ပြီ ဗိုက်ဆာနေတဲ့ အချိန်မှာ အကြိုက်ဆုံး အနေဝေး အစားအသောက်တွေ လာပြထားတယ် ရက်စက်ပါ့ မကြီးချောရေ....

Anonymous said...

I tried to cook the prawns and mushroom curry.It is very delicious.