နေပြည်တော် ရေပန်းဥယျာဉ်သို့...




နေပြည်တော်ခရီးသွားပိုစ့်ကို ဆက်ပြီးဖော်ပြရမယ်ဆိုရင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့ရှိ ထင်ရှားသော ရေပန်းဥယျာဉ် ဖြစ်ပါတယ်။

တိုးချဲ့ဆောက်လုပ်ထားတာတွေ ပေါင်းပြီး စုစုပေါင်း ၁၆၅ဧက ကျယ်ဝန်းတဲ့ နေပြည်တော် ရေပန်း ဥယျဉ်ဟာ ကလေးများသာမက လူကြီးများပါ ပျော်စရာကြည့်ရှုစရာ အစုံအလင် ရှိပါတယ်.. ဒါပေမဲ့ ရေပန်း ဥယျာဉ်ကို ညနေခင်းမှသာ ၀င်ဖြစ်တဲ့အတွက် နေ့ရှုခင်းအလှကိုတော့ ဓါတ်ပုံမရိုက်ခဲ့နိုင်တာကြောင့် ရေပန်း ဥယျာဉ်ရဲ့ ညအလှကိုသာ ပြန်လည်ဖော်ပြပေးပါရစေရှင်။ မှောင်ရီညချမ်းမှာ ဥယျာဉ်တွင်း ထွန်းညှိထားတဲ့ မီးရောင်တွေကိုသာ အားကိုးပြီး ရိုက်ခဲ့ရတာကြောင့် ဓါတ်ပုံများ ကြည့်ရှုရတာ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွှတ်သီးခံပြီး ကြည့်သွားကြပါလို့လည်း ပန်ကြားချင်ပါတယ်..


ရေပန်းဥယျာဉ် အ၀င်မုဒ်ဦး

နေပြည်တော် ရေပန်းဥယျာဉ်



ရေပန်းဥယျာဉ်မှာ ရေပန်းရုပ်ရှင်၊ ရေပန်းအက၊ ရေတံခွန်၊ ကြိုးတံတား၊ လူကူးသစ်သားတံတား၊ ရေကန် စသဖြင့် စုံလင်လှပြီး ရုပ်ရှင် ဗီဒီယိုရိုက်ကူးသူများလည်း လာရောက်ရိုက်ကူးကြတယ်လို့ သိရပါတယ်… မြန်မာပြည်မှာ ပထမဆုံးနဲ့ တစ်ခုတည်းသော ရေပန်းဥယျာဉ်လည်း ဖြစ်တာကြောင့် စိတ်ဝင်စားသူ များပြားကြပါတယ်.. အနယ်နယ်အရပ်ရပ်က လာရောက်ကြသူများနဲ့ ရေပန်းဥယျာဉ်ရဲ့ ညနေခင်းဟာ စည်ကားလွန်းလှတာကို တွေ့ရပါတယ်။ ပျားပန်းခတ်အောင် ရှုပ်ထွေးနေတဲ့ လူတွေကြားထဲမှာ ဓါတ်ပုံရိုက်ဦးမလားလို့ လာလာမေးတဲ့ ကင်မရာမင်းတွေကို ဖြေရတာကလည်း အလုပ်တစ်ခုလို ဖြစ်ပါသေးတယ်. ရှောင်လို့ မလွတ်နိုင်အောင်ကိုဘဲ သူတို့တွေက များလှပြီး လာသမျှ လူဦးရေရဲ့ တစ်ဝက်လောက်က သူတို့တွေဘဲဖြစ်မယ်လို့တောင် ထင်ရလောက်အောင် ဓာတ်ပုံဆရာတွေ များလှပါတယ်.. ကိုယ်တွေက ကိုယ့်ဓာတ်ပုံလေး တကြည့်ကြည့်လုပ်ရလောက်တဲ့ အလှပိုင်ရှင်မျိုး မဟုတ်လေတော့ သွားလေရာ ကိုယ်ကသာ မြင်မြင်သမျှ ဓာတ်ပုံရိုက်ခဲ့ပေမဲ့ ကိုယ့်ပုံကိုတော့ ဓာတ်ပုံအရိုက်ခံဖို့ ၀န်လေးပါတယ်. (မတော် ကိုယ့်မျက်နှာကိုယ် ပြန်လှန့်ပြီး အိပ်မရဖြစ်မှာလဲ ကြောက်ရသေး  :)  )

ဥယျာဉ်တွင်းမှာ

ရေပန်းနဲ့ မီးရောင်

ရေပန်းဥယျာဉ် ၀င်ဝင်ချင်းမှာ ပထမဦးဆုံးက ကြိုးတံတားကို သွားလျှောက်ပါတယ်.. လှုပ်ရမ်းနေတဲ့ ကြိုးတံတားပေါ်မှာ လူတွေများစွာ လျှောက်ကြတော့ တံတားက ယိုင်တိယိုင်တိုင်ဖြစ်လို့ လျှောက်ရခက်ရတဲ့အထဲ ပျော်တတ်တဲ့ လူတစ်ချို့က ဟေးဟေးဟားဟား အော်ဟစ်ပြီး ကြိုးတံတားကို ရမ်းသထက် ရမ်းအောင် လျှောက်ကြတော့ သက်ကြီးရွယ်အိုတွေမှာ ဗျာများရပါတော့တယ်.. တစ်ချို့ဆို အသံထွက်ပြီး အော်ဟစ်နေကြကာ အချို့ကျတော့လည်း ကုန်းကုန်းကွကွနဲ့ တရွေ့ရွေ့ ရောက်အောင်သွားကြသလို အချို့ကတော့ တော်ပြီ ရိုးရိုးတံတားကဘဲ သွားလျောက်တော့မယ်ဆိုပြီး ဆင်းပြေးသွားသူတွေလည်း ရှိပါတယ်။


Image Hosted by PicturePush - Photo Sharing 
ရမ်းခါနေတဲ့ ကြိုးတံတား


ဖြေးဖြေးလျှောက်ပါ။


 မီးရောင်တွေနဲ့ ကြိုးတံတားကို ခပ်လှမ်းလှမ်းက ရိုက်ချက်



 အောက်က ရေပြင်ပေါ်မှာပါ အရိပ်ထင်ပြီး လှနေတဲ့ ကြိုးတံတား


ကျန်ရှိနေသေးသော ပုံများကို အောက်တွင်ဆက်လက် ကြည့်ရှုပါရန်....









Image Hosted by PicturePush - Photo Sharing 
ကလေးများအတွက် ရေလွှာလျှော

Image Hosted by PicturePush - Photo Sharing 
ကလေးကစားကွင်း


ခပ်လှမ်းလှမ်းက မြင်ရတဲ့ ရေတံခွန်

NAYPYIDAW WATER FOUNTAIN GARDEN (MYANMAR)

Image Hosted by PicturePush - Photo Sharing

ရေသံတွေ တဝေါဝေါနဲ့

ရေတံခွန်အောက်မှာ လူတွေ ၀င်ထွက်လို့ ရတဲ့ လှိုင်ဂူလည်း ရှိပါတယ်




ရေတံခွန်သုံးဆင့် ( ဘေးနားက ကျောက်ခက်ပန်းဆွဲတွေအောက်မှာ လူဝင်ပေါက် ရှိလေသည်)


အခြားတစ်ဖက်


ရေတံခွန်

ဥယျာဉ်တွင်းမှာတော့ နေ့ခင်းအပူဒဏ်ကို မေ့သွားရလောက်အောင် သစ်ပင် ပန်းမာန်များ၊ စိမ်းစိုနေတဲ့ မြက်ခင်းများ၊ မီးအလှများနဲ့ လှလှပပ ပြင်ဆင်ထားတာကို တွေ့ရပါတယ်.. ညမီးရောင်အောက်မှာ မထင်မရှား လက်လှမ်းမီသလောက် ဓာတ်ပုံရိုက်ဖြစ်ခဲ့တဲ့ ဥယျာဉ်တွင်းအလှကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။













လူကူးသစ်သားတံတား

မီးရောင်အောက်မှာ


Reflection


မီးသစ်ပင်


ဝါစိမ်းနီ


ရေဘ၀ဲလည်း အလည်လာတယ်


မီးရောင်တွေ အမျိုးမျိုးပြောင်းတဲ့ ရေကန်


နောက်တစ်မျိုး

ဒါလည်းတစ်မျိုး



ဒါလည်းတစ်ရောင်


ဖြာထွက်နေတဲ့ ရေပန်းပေါ်မှာ ပရိုဂျက်တာနဲ့ ထိုးပြတဲ့ ရေပန်းရုပ်ရှင် ဆိုတာလည်း တွေ့ခဲ့ပါသေးတယ်။ ပိတ်ကားအစား ရေပန်းပေါ်မှာ ပြနေတာမျိုးပါဘဲ။ လူတွေ တော်တော်ကို စိတ်ဝင်တစား ကြည့်ရှု အားပေးကြပါတယ်။ ကျွန်မ ရောက်သွားချိန်မှာ ပြနေတာက ခင်မောင်တိုးရဲ့ မဟာဆန်သူ သီချင်းပါ။ စိတ်ပူတာက သရုပ်ဆောင်နေတဲ့  ကြည်လဲ့လဲ့ဦးနဲ့ ညီညီနေနိုင်တို့ ရေပန်းပေါ်မှာ ကြာနေလို့ အအေးမိမှာ စိုးတာပါ :) 

ကြည်လဲ့လဲ့ဦးလည်း နေပြည်တော် ရေပန်းဥယျာဉ်ထဲမှာ ပျော်လို့ပေါ့။


မဟာဆန်သူကြည်လဲ့လဲ့ဦး


သူတို့ဘာတွေပြော


ခပ်စွေစွေလေးကြည့်လို့... ချမ်းလို့ထင်ပါရဲ့ ...


ရေပန်းရုပ်ရှင် ပြီးသွားတော့  ဂီတသံစုံရေပန်းအက ( Musical Water Dancing) ဆိုတာ စပါတော့တယ်.. တီးလုံးသံလေးထွက်လာပြီး ကန်ထဲကနေ ရေပန်းတွေ အမျိုးမျိုး၊ အရောင်အစုံစုံနဲ့ ဖြာထွက်လာပါတော့တယ်… ပြီးတော့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ တီးလုံသံအလိုက် လှုပ်ရှားနေတော့တာပါဘဲ။ ကိုယ်တွေက တောက ရောက်သွားသူတွေ ဖြစ်တာကြောင့် ခမ်းနားလှတဲ့ ရေပန်းကြီးတွေ ကနေတာကို ပါးစပ်လေး အဟောင်းသားနဲ့ ကြည့်ခဲ့ရတာပေါ့။ ပါးစပ်ဟတာ ကြာသွားလို့ ပြန်ပိတ်ဖို့ မနည်းကြိုးစားလိုက်ရသေး :)

ရေပန်းတွေ ကတော့မယ်ဆိုဘဲ..


ရောင်စုံမီးများနဲ့ ရေပန်းအက


ရှေ့နားကလူတွေ တိုးတိုးတိုးတိုးနဲ့ ဘာတွေပြော..

Image Hosted by PicturePush - Photo Sharing
လှပါတယ်။













Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ရောင်စဉ်ဖြာ

ရေပန်းဥယျာဉ်မှာ အခြားသော လည်စရာ၊ ကြည့်ရှုစရာများစွာ ရှိသေးတယ်လို့ သိရပါတယ်.. သို့သော်လည်း နေပြည်တော်ကို တစ်ရက်ခရီးသာ သွားတဲ့တာဖြစ်ပြီး ည ၁၀နာရီမှာ ကားဆက်စီးရမှာ ဖြစ်တာကြောင့် အချိန် မရတော့တဲ့အတွက် ဒီလောက်နဲ့ဘဲ ဥယျာဉ်တွင်းကနေ ပြန်ထွက်ခဲ့ရပါတယ်.. ကျန်ရှိသေးသော နေရာများ မရောက်နိုင်ခဲ့တာကြောင့် မဖော်ပြဖြစ်တာ ခွင့်လွှတ်ပေးကြပါလို့.. မကြာခင်မှာ နေပြည်တော် မြို့တော်တစ်ခွင် မှတ်တမ်း ဓါတ်ပုံများနဲ့အတူ ထင်ရှားတဲ့ နေရာများကို ဖော်ပြပေးပါဦးမယ်ရှင်…

ရွှင်လန်းချမ်းမြေ့ကြပါစေ။


27 Responses to “နေပြည်တော် ရေပန်းဥယျာဉ်သို့...”

ကိုကိုမောင်(ပန်းရနံ့) said...

အမချော..
ပျော်စရာကြီးနော်။ မြန်မာမှာလဲ အဲဒီလို ရှိနေပြီကိုး။ မြန်မာ ပြန်ရောက်ရင်တော့ သွားဖြစ်အောင် သွားလိုက်ဦးမယ်။ ရေပန်းဥယျာဉ် စိတ်ဝင်စားဖို့ကောင်းတယ်။ အဲလိုမျိုး ရုပ်ရှင် အခုထိ ကြည့်ဖူးသေးဘူး။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုကိုမောင်(ပန်းရနံ့) said...

ဒီနေ့ ထီပေါက်မယ်နဲ့တူတယ်။ ကွန်မင့်ပေးတာ ၁ ဖြစ်နေလို့။ :D

NayWaThan said...

း)).. မချောပုံတွေကြည့်ပြီးတော့ ပျော်ရွှင်သွားရတယ်...


ခင်မင်တဲ့
နေ၀ဿန်

မချောရေ ... အားရပါးရကြည့်သွားတယ်း)
နေပြည်တော်မှာ အိမ်ရှိပေမယ့် တစ်ခါမှ မရောက်ဘူးသေးဘူး အဲဒီနေရာတွေကို

Anonymous said...

နေပြည်တော် ရေပန်းဥယျာဉ်ကို ရောက်ဖူးတယ် ညကြီးဘဲ အချိန်မရတာနဲ့ မြန်မြန်ဝင်ကြည့်ပြီး ပြန်ခဲ့တာ အခု မချော ပုံတွေကြည့်မှ ဘဲ နေရာစုံတော့တယ်
နောက်မှ တစ်ခေါက်ထပ်သွားကြည့်အုန်းမယ်
ခင်မင်စွာဖြင့်
ငွေလမင်း

ခွန် said...

နေပြည်တော် တခါမှ မရောက်ဖူးသေးဘူး အစ်မရေ။
သွားတော့ကြည့်ချင်တယ်....

ကျောက်ပန်းဥယျာဉ် said...

ရန်ကုန်မြို့တွင်လဲ ရေပန်းဥယျာဉ် ကို ဖယောင်းတိုင်မီးအလှများဖြင့် ပြသရန် စီမံဆောင်ရွက်နေပါသည်..ဟု သတင်းရရှိပါသည်..

ခနွဲ said...

မြင်းခြံကနေ ရန်ကုန်ကို သွားရင် နေပြည်တော်ကို ညအချိန်မတော် ဖြတ်သွားဖြတ်လာပဲ သွားဖူးတာ။ ပုံတွေကတော့ လှတယ်။ မြန်မာနိုင်ငံမှာလည်း လုပ်နေပြီးကိုး။ ပြန်မှ သွားကြည့်ဦးမယ်။

မချောရေ-နေပြည်တော်ရေပန်းဥယျာဉ်ကိုမချောဆီကတစ်ဆင့်အလည်ရောက်သွားတယ် :-)

Pwint Myue Zin said...

ညဘက်မှ ပိုလှတာထင်တယ်နော်.. နေ့ဘက်ဆို အဲသလောက်လှမယ်မထင်ဘူး.. ရောက်တော့ ရောက်ဖူးချင်သား..း)

မေဓာဝီ said...

ညရှုခင်းဓာတ်ပုံ ရိုက်ချက်လေးတွေ လှတယ်။
ရေပန်းဥယျာဉ်ကြီးကလဲ ရင်သပ်ရှုမောစရာပါပဲ။
ဘကျောက်ပြောသလို ဖယောင်းတိုင်မီးတွေနဲ့ ပြရင် ဘယ်လိုနေမယ်မသိဘူးနော ... :P

နေပြည်တော်ရောက်ဖြစ်ဖို့ အကြောင်းနှစ်ချက်ရှိသွားပြီ ချောရေ-
၁။ ဥပ္ပါတသန္တိစေတီတော်ကို ဖူးမျှော်လိုခြင်း၊
၂။ ရေပန်းဥယျာဉ်ရောက်ဖူးလိုခြင်း။
ဆာဖာရီဥယျာဉ်ကျတော့ လက်မှတ်ရဖို့ စောင့်ရတာ ပျင်းစရာကြီးနေမှာပဲ၊ အဲဒီကိုတော့ သွားချင်မှသွားတော့မှာပါ။ ရွှင်လန်းချမ်းမြေ့ပါစေ

rose said...

အစ်မချောနဲ့ အတူ နေပူတော် ရေပန်း ဥယျာဉ် လိုက်လည်တယ်။ လှသားနော်။ ငယ်ငယ်က ရောက်ဖူးတဲ့ ပြည်သူ့ရင်ပြင် တို့ ဘာတို့တောင် သတိရ သွားတယ်း)

http://redroseofburma.blogspot.com/

sosegado said...

ဓါတ်ပုံတွေကြည့်ရတာကျေးဇူးပါ၊ ဥယျာဉ်ထဲစိတ်ညစ်ရင်အော်လို့ရလား၊ နေပြည်တော်က သူငယ်ချင်းတစ်ယောက် စိတ်ညစ်တယ်ချည်းပြောနေလို့ စိတ်ရှိလက်ရှိအော်ရမဲ့နေရာရှာနေတာ။

မြစ်ကျိုးအင်း said...

ခမ်းနားလှပပြီး မီးထိန်ထိန်လင်းတဲ့ နေရာတွေလည်း ရှိသေးတာကိုးး

...အလင်းစက်များ said...

အစ်မသွားတာ အချိန်ကောင်းလေးပဲ သိပ်မပူလောက်တော့ဘူးထင်တယ်နော် ညဦးပိုင်းလေးဆိုတော့...

ရောက်ဖူးချင်သေးတယ်ဗျာ... ဘာပဲဖြစ်ဖြစ် မရှိတာထက်စာရင် ရှိလာတာလဲ ၀မ်းသာစရာပေါ့....

nYi ThU E@in said...

ကိုယ်တွေ ရောက်တုန်းကတော့
ရေဘ၀ဲလေး ရှိသေးဘူး..။
ပရိုဂျက်တာနဲ့ ပြတဲ့ဟာကြီး ရှိသေးဘူး။
ရေတံခွန်အောက်က ဖြတ်သွားရတဲ့ ဂူလေးရှိသေးဘူး..။
ခုတော့ တော်တော်စုံနေပြီပဲ..။
နောက်တစ်ခေါက် ထပ်သွားအုံးမှ..။

ညီလင်းသစ် said...

သေသေချာချာကို အကုန်ကျခံပြီး လုပ်ထားတာပဲနော်၊ ညဖက်ရိုက်တဲ့ ပုံတွေဆိုတော့လည်း မီးရောင်အလှတွေ မြင်ရတာပေါ့၊ ကျေးဇူးပါပဲဗျာ..၊

ရေတံခွန်ပုံလေး တစ်ပုံကြိုက်တယ်၊ ရေတွေခဲနေတာနဲ့ တူလို့....။

မရောက်ဖူးတဲ့ နေရာကို ပုံလေးတွေနဲ့ အရင်ရောက်ဖူးသွားသလိုပဲ။ ပုံတွေက ဝါးနေပေမယ့် စိတ်ဝင်စားဖို့ကောင်းတယ်။ ပျော်စရာကောင်းမယ့်ပုံပဲ။ သွားချင်လိုက်တာ ချောရေ.....

မောင်မျိုး said...

မီးတွေက မနာလိုစရာကောင်းလောက်အောင် ထိန်နေလိုက်တာ နယ်မြို့တွေနဲ့များကွာပါ့း)

ဂျစ်တူး(မုံရွာ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ချော ခေါ်သွားလို့ နေပြည်တော်ကရေပန်းစီကိုရောက်သွား
တော့တယ်ဗျို့ -အရင်ကစင်္ကာပူမှာအဲဒီအတိုင်းရေပန်းတွေ
ရှိခဲ့ဘူးတယ်-ဘာဘဲပြောပြောဓါတ်ပုံကလေးတွေအများ
ကြီးတင်ပြီးမျှဝေပေးတာကျေးဇူးတင်ပါတယ် ချော ရေ-

Anonymous said...

ချောရေ..ကျေးဇူးပါ။ နေပြည်တော်ကို မရောက်ဖူးလို့ ပါ။ဒီရေပန်းတွေမြင်တော့Las Vegas မှာ ကိုယ်ရိုက်လာတဲ့ ရေပန်းက ကို ပြန်ကြည့်မိ သွားတယ်။ Las Vegas က ကိုယ်တို့  နေပြည်တော် ကို မှီရဲ့ လားလို.။
ဘာဘဲဖြစ်ဖြစ်..ဘယ်နေရာမှာဘဲ တိုးတက်တိုးတက် ၀မ်းသာရမှာပေါ့။ ဟင်းးးးးးးးးးးးးး (သက်ပြင်းရှည်ကြီးကဘာကြောင့်ချရတာပါလိမ့်?)
Iora

seesein said...

ချော ရေ
မန်းရွှေပြည်မှာတော့ လွမ်းစရာမီးက ခဏခဏ လာတော်မူနေတာ အခုမှ သိတော့တယ်
မီးတွေက နေပြည်တော်ကို ရောက်ကုန်တာပါလား

ခင်မင်တဲ့
seesein

ဆွေလေးမွန် said...

နောက်ဆုံးမီးရောင်တွေနဲ့ ရေပန်းပုံတွေက အရမ်းလှတာပဲ..
ညဘက်ကြီးကို လက်ငြိမ်အောင် ရိုက်နိုင်တယ်.


သဘောကျတယ်..ပျော်စရာ

Anonymous said...

water of water fall is very dirty. but some people are playing there. One of my friend's son got skin allergy after playing there in water. So, it is only nice to see, becareful not to get down to water.

PhyoPhyo said...

မီးတွေလင်းထိန်နေတာပဲနော်၊ ရေဘ၀ဲလေးကြိုက်တယ်၊ မချောပုံလေးလည်းကြည့်ချင်တာ၊ ကြိုးတံတားအောက်က တကယ်မြစ်လား၊ ဖန်တီးထားတဲ့ မြစ်လား မချော၊
ပျော်စရာကြီးနေမှာပဲ
ချစ်တဲ့

Anonymous said...

တို့သွားလည်တုန်းကလဲ ပရိုဂျက်တာနဲ့ ပြတဲ့ဟာကြီး ရှိသေးဘူး။ ညနေဘက်ဆိုတော့ အေးပြီး ပျော်စရာတော့ကောင်းတယ်