အရေးတကြီး လုပ်ရမဲ့အလုပ်



ဆီယာတယ်ကနေ ဒါးလက်စ်ကို နောက်ဆုံးထွက်မဲ့ လေယာဉ်ပေါ်မှာ ကျွန်မ ရောက်ရှိလို့နေပါတယ်.. ခုံတစ်ခုံမှာ နေရာယူပြီးတဲ့နောက် လေယာဉ် ပျံသန်းချိန်အတွင်း လုပ်ရမဲ့ အလုပ်တွေအတွက် ကျွန်မရဲ့ လက်ပ်တော့လေးကို  ပေါင်ပေါ်တင်ကာ ဖွင့်ဖို့ လုပ်နေမိပါတယ်။ အဲဒီချိန်မှာ လေယာဉ်ပေါ်ကို ကလေးသုံးယောက်နဲ့ အမျိုးသမီး တစ်ယောက်တို့ဟာ ဆူညံလှုပ်ခတ်စွာ တက်ရောက်လာပါတယ်.. သူတို့ကို ကြည့်ပြီး  ကျွန်မထိုင်နေတဲ့ ခုံအနီးတစ်ဝိုက်မှာ လာမထိုင်ဖြစ်ပါစေနဲ့လို့ ဆုတောင်းလိုက်မိတယ်.. ဒါပေမဲ့ ဆုတောင်းက မပြည့်ပါဘူး။ အမျိုးသမီးနဲ့ လေးနှစ်အရွယ် ကလေးငယ်လေးတို့ဟာ ကျွန်မနောက်က ခုံမှာ ထိုင်လိုက်ပြီး သူမရဲ့ ၁၃နှစ်အရွယ် ကလေးမလေးနဲ့ ၁၁နှစ်အရွယ် ချာတိတ်လေးတို့ကတော့ ကျွန်မဘေးခုံမှာ ၀င်ထိုင်လိုက်ကြပါတယ်.. ထိုင်ပြီးတာနဲ့ တပြိုင်နက် သူတို့နှစ်ယောက်ဟာ စကားတွေ အပြန်အလှန်ပြောရင်း အငြင်းပွားနေပြီး ယောက်ျားလေးဟာ အငြိမ်မနေဘဲ ခုံပေါ်မှာ တွယ်တက်လိုက်၊ ခုန်ဆင်းလိုက် လုပ်နေပါတော့တယ်။ တခါတခါ ထိုင်ခုံကို ဆောင့်ကန်တာမျိုးတောင် လုပ်နေပါသေးတယ်..

ပြီးတော့လည်း လေယာဉ်ထွက်ပြီး မကြာခင်မှာဘဲ ကောင်လေးဟာ သူရဲ့ အစ်မဖြစ်သူကို “မမ.. လေယာဉ်က အခု ဘယ်ရောက်နေပြီလဲ” ဆိုတဲ့ မေးခွန်းကို မိနစ်အနည်းငယ် ကြာတိုင်းမှာ မေးခွန်းထုတ်ပါတော့တယ်.. သူမေးတိုင်းလည်း သူ့အစ်မ ဖြစ်သူ ကောင်မလေးက “ ပါးစပ်ပိတ်ပြီး တိတ်တိတ်နေစမ်း… ငါလဲ ဘယ်သိမှာလဲ” လို့ စိတ်မရှည်သံ၊ မာကြောသံဖြင့် ပြန်ပြောပြီး မှုန်ကုပ်ကုပ်နဲ့ ထိုင်နေပါတယ်.. ဒါပေမဲ့ ချာတိတ်လေးဟာ အငြိမ်လည်း မနေသလို၊ အလျှော့မပေးဘဲ မိနစ် အနည်းငယ်ကြာတိုင်း အဲဒီမေးခွန်းကိုပဲ ထပ်တလဲလဲ မေးနေပါတယ်။ သူတို့ ၂ယောက်က ဆူရတဲ့အထဲမှာ အနောက်က ကလေးလည်း ငိုယိုနေပါတော့တယ်. အမျိုးသမီးကတော့ အင်မတန်မှ ညိုးနွမ်း စိတ်အားငယ်နေတဲ့ ပုံစံနဲ့ ကလေးငယ်ကို ချော့မော့နေပေမဲ့ အားရှိပုံ မရပါဘူး။ သူတို့ကို ကြည့်ပြီး ကျွန်မမှာ စိတ်တွေရှုပ်၊ ခေါင်းတွေလည်း မူးနောက်လာသလို ခံစားရပါတော့တယ်။

“ကလေးတွေဟာ ဘာမှ နားလည်မှုကို မရှိကြဘူး။ တကယ့် လူဆိုးလေးတွေပဲ..” စိတ်ပေါက်ပေါက်နဲ့ ကျွန်မ တွေးမိပါတယ်။ လေယာဉ်ပေါ်မှာ လုပ်မယ်လို့ စိတ်ကူးထားတဲ့ အလုပ်ကိစ္စတွေလည်း  ကြက်ပျောက်၊ ငှက်ပျောက် အကုန် ပျောက်ကုန်ပါတော့တယ်။ စိတ်တိုတိုနဲ့ တွေးနေမိတုန်းမှာ ဘေးနားက ချာတိတ်လေးဆီက သူ့အစ်မကို မေးတဲ့  “မမ… ငါတို့တွေ အခု ဘယ်နေရာ ရောက်နေပြီလဲ ” ဆိုတဲ့ မေးခွန်းက ထွက်လာပြန်ပါတယ်..
ကျွန်မလည်း လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ အလုပ်တွေကို မေ့ပစ်လိုက်ကာ ဖွင့်ဖို့ကြံရွယ်ထားတဲ့ လက်ပ်တော့ကို ပိတ်လိုက်ပြီး လေယာဉ်ထိုင်ခုံ နောက်ကျောတိုင်းမှာ ထည့်ထားပေးတတ်တဲ့ လေကြောင်းလိုင်းထုတ် မဂ္ဂဇင်းကို ဆွဲထုတ် လိုက်ပါတယ်.. ပြီးတော့ ဆီယာတယ်ကနေ ဒါးလက်စ်ကို ပျံသန်းတဲ့ ခရီးစဉ် မြေပုံပါတဲ့ စာမျက်နှာကို လှန်လိုက်ကာ  ပျံသန်းချိန်နဲ့တွက်ပြီး မြေပုံကို လက်နဲ့ထောက်လို့ ဘယ်ရောက်ပြီလဲ ဆိုတဲ့ မေးခွန်းကို မေးမေးနေတဲ့ ချာတိတ်လေးကိုသေသေချာချာ ရှင်းပြမိပါတော့တယ်။

ချာတိတ်ရဲ့ အစ်မဖြစ်သူ အကြီးမလေးကပါ ကျွန်မ ရှင်းပြနေတာကို စိတ်ဝင်တစား လည်ပင်းလေးလိမ်ပြီး နားထောင်နေပါတယ်…  ကလေးတွေကြည့်ရတာ ကျွန်မကို ခင်မင်ရင်းနှီးသွားပုံပေါ်ပြီး သွက်သွက် လက်လက်နဲ့ သူတို့ ဆီယာတယ်ကို ရောက်လာရတဲ့ အကြောင်းကိုလည်း ကျွန်မကို ပြောပြပါတော့တယ်။ ဆီယာတယ်ရဲ့ ဆေးရုံတစ်ခုမှာ အပြင်းအထန် နေမကောင်းဖြစ်နေတဲ့ သူတို့ရဲ့ ဖခင်ဖြစ်သူကို လာတွေ့ကြတာ ဖြစ်ကြောင်း၊ သူတို့ သူငယ်ချင်းတွေ၊ သူတို့တက်တဲ့ ကျောင်းတွေအကြောင်းကို တစ်ယောက်တစ်မျိုး သူမကို ပြောပြနေကြပါတယ်.. စကားသွက်ပုံရတဲ့ ချာတိတ်လေးကလည်း လေယာဉ် ခရီးစဉ်အကြောင်း၊ လေယာဉ်ပေါ်က မြင်ရတဲ့ ရှုခင်းတွေနဲ့ တိမ်တွေအကြောင်း တစ်လမ်းလုံး မေးလာပါတယ်.. သူ့အစ်မ ဖြစ်သူကလည်း တစ်ချက်တစ်ချက် ၀င် မေးတတ်ပါတယ်။ ကျွန်မမှာလည်း ချာတိတ်လေးနဲ့ သူ့အစ်မ မေးတာ ဖြေလိုက်။ သူတို့ပြောတာ နားထောင်ပြီး ခေါင်းလေး တငြိမ့်ငြိမ့် လုပ်လိုက်၊ မေးခွန်းလေးတွေ ပြန်မေးလိုက်နဲ့ လေယာဉ် ပျံသန်းချိန်တစ်လျှောက်လုံး ကလေးထိန်း ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပါတော့တယ်။ အရေးတကြီး လုပ်မယ်လို့ ရည်မှန်းထားတဲ့ အလုပ်ကိုလည်း မေ့ထားလိုက်ရပါတော့တယ်။

ဒါးလက်စ်မြို့နား နီးလာပြီး လေယာဉ်ကွင်းကို လေယာဉ် ဆင်းသက်တော့မယ်လို့ ကြေငြာချိန် ရောက်တဲ့အထိ ကလေးတွေနဲ့ စကားကောင်းလာကြပါတယ်. အဲဒီချိန်ကျမှ ကျွန်မမှာ ပေါင်ပေါ်တင်ထားတဲ့ လက်ပ်တော့ကို အိတ်ထဲထည့်သိမ်းဖို့ သတိရပါတော့တယ်.. သိမ်းပြီးတာနဲ့  တစ်ခု သတိရလိုက်ပြီး ကလေးတွေကို မေးလိုက်မိတာက “ဆေးရုံတက်နေတဲ့ မင်းတို့ ဖေဖေရော နေကောင်းသွားပြီလား ” ဆိုတဲ့ မေးခွန်းပါ။ ကျွန်မ အမေးကို  ရုတ်တရက် ဘယ်သူကမှ မဖြေကြဘဲ တိတ်ဆိတ်သွားခဲ့ပါတယ်.. ခဏအကြာမှ ကောင်လေးဆီက “အဖေက သေသွားပြီ” ဆိုတဲ့ အသံ ထွက်ပေါ်လာပါတယ်.. “အိုး စိတ်မကောင်းလိုက်တာ” ကျွန်မ တကယ်ကို လှိုက်လှိုက်လှဲလှဲ ရင်ထဲက အသံနဲ့ ပြောမိပါတော့တယ်.. ဒီလိုဆို လင်သား ပူပူနွေးနွေးဆုံးရှုံးပြီး ကလေးသုံးယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဒီအမျိုးသမီးဘ၀ဟာ တကယ်ကို သနားဖို့ ကောင်းနေပါရောလား။

လေယာဉ်ပေါ်က အဆင်းမှာ ထိုအမျိုးသမီးက ကျွန်မကို အင်မတန်မှ ကျေးဇူးတင်တဲ့ အကြည့်တစ်ချက်နဲ့ အပြုံး ခပ်နွမ်းနွမ်းလေးတစ်ခုကို ပြုံးပြပြီး ဆင်းသွားပါတယ်.. ခရီးစဉ်တစ်လျှောက် ကျွန်မနဲ့ စကားလက်ဆုံကျခဲ့တဲ့ ချာတိတ်လေးကတော့ ကျွန်မကို လက်ဆွဲနှုတ်ဆက်ပြီး သူ့ကို လေယာဉ် ခရီးစဉ်အကြောင်း ရှင်းပြတာ ကျေးဇူးတင်ပါတယ် လို့ ပြောပြီး တာ့တာ လုပ်ကာ ထွက်ခွာသွားပါတယ်။ သူ့ရဲ့ အစ်မဖြစ်သူ အကြီးမလေးကတော့ “ကြင်နာတတ်တဲ့ အန်တီကို ဖေဖေကလည်း ကျေးဇူးတင်နေမှာပါ” လို့ ပြောပြီး ဆင်းသွားပါတော့တယ်.. ကလေးမလေးရဲ့ စကားက ကျွန်မနားထဲမှာ ပဲ့တင်ထပ်ပြီး ကျန်နေခဲ့ပါတယ်.. ကျွန်မဟာ တကယ်တမ်းတော့ မိမိရဲ့ အရေးတကြီးအလုပ်ထက် သူတစ်ပါးအတွက် အရေးတကြီးအလုပ်ကို လုပ်မှန်းမသိ လုပ်ပေးလိုက်မိတာပါဘဲ။

လောလောလတ်လတ် ဖခင်ဆုံးရှုံးထားတဲ့ ကလေးတွေကို ဂရုတစိုက် ကြင်ကြင်နာနာ ဆက်ဆံခဲ့မိခြင်းဟာလည်း ကျွန်မအတွက် ဘာမှ ပြောပလောက်တဲ့ ကိစ္စမဟုတ်ပေမဲ့ သူတို့ရင်ထဲမှာ အနည်းငယ်လေးဘဲဖြစ်ဖြစ် စိတ်သက်သာရာ ရသွားခဲ့တယ်ဆိုရင် ကျွန်မရဲ့ ကိုယ်ပိုင် အရေးတကြီးအလုပ် လုပ်မဲ့အချိန်နဲ့ လဲလိုက်ရတာ တန်တယ်လို့ ယူဆပါတယ်.. ပြီးတော့ သူတို့အကြောင်း မသိခင်က ကလေးတွေကို ဆူတယ်.. နားငြီးစရာ ကောင်းတယ်.. လို့ ထင်ခဲ့မိတာတွေဟာလည်း ကျွန်မရဲ့တစ်ဖက်သတ် အမြင်တွေနဲ့ ဘာမှ မသိဘဲ ဆုံးဖြတ် လိုက်မိတာသာ ဖြစ်တယ်ဆိုတာ နားလည် သဘောပေါက်မိရပါတယ်.. ဒါကြောင့် အကြောင်းမသိခင် ဘာကိုမှ အလျင်စလို မဆုံးဖြတ်လိုက်မိဖို့နဲ့ နောင်ကိုလည်း ကလေးသူငယ်တွေကို ကြင်ကြင်နာနာ ဆက်ဆံဖို့ ကျွန်မ နှလုံးသားထဲကနေ ဆုံးဖြတ်လိုက်မိပါတော့တယ်.. “တကယ်တမ်းတော့ သူတစ်ပါးကို ကြင်နာတယ်၊ အချိန်ပေးတယ် ဆိုတာဟာလည်း အရေးကြီးတဲ့ အလုပ်တစ်ခုပဲ မဟုတ်ပါလားနော်။”


Chicken Soup for the soul မှ  Dan S. Bagley  ရဲ့ Important Work ကို ဘာသာပြန်ပါသည်။



23 Responses to “အရေးတကြီး လုပ်ရမဲ့အလုပ်”

အရမ်းကို ကောင်းမွန်တဲ့ သင်ခန်းစာတစ်ခုပါဘဲ။ လူတိုင်းက များသောအားဖြင့် ကိုယ့်အတွက်ဘဲ ကိုယ်ကြည့်တတ်ကြတယ်။ တစ်ဘက်သားအပေါ် နားလည် မပေးတတ်ကြဘူးလေ။ အခု အဲဒီအမျိုးသမီးကို ချီးကျူးမိတယ်။ သူမို့လို့ အဲဒီလို စကားပြောပေးဖို့ အကြံရတာ။ များသောအားဖြင့်တော့ ကလေးတွေကို ဆူညံရကောင်းလား ဆိုပြီး အမြင်ကပ်ကြမှာပါဘဲ။
ကိုယ့်ရဲ့လုပ်ဆောင်မှုကြောင့် တစ်ဘက်လူ စိတ်သက်သာရာ ရသွားတယ်၊ ပျော်ရွှင်မှု တစ်စုံတစ်ခု ရသွားတယ်ဆိုရင် ကိုယ်တိုင်လဲ ၀မ်းသာကြည်နူးစရာပါ။

အလွန်မှတ်သားထိုက်တဲ့ သင်္ခန်းစာတစ်ခုပါပဲ ချော၊ တစ်ခါတစ်လေ တစ်ဖက်သားအပေါ် နားလည်ခွင့်လွတ်ပြီး ပေးလိုက်ရတဲ့ ကြင်နာမှု၊ အပြုံးပန်းတွေဟာ ကိုယ့်အတွက် အမြဲတမ်းအတွက် အမှတ်တရ ဖြစ်နေတတ်ပါတယ်၊ ရွှင်လန်းချမ်းမြေ့ပါစေ...

Anonymous said...

အကျိုးရှိစေတဲ့
ပို့စ်လေး တစ်ပုဒ်ကို
လာဖတ်သွားပါတယ် ...

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ညီလင်းသစ် said...

ဟုတ်ပါတယ်၊ တဖက်သားကို အကြောင်းမသိသေးခင် အပြင်ပန်း အမြင်တွေနဲ့ ဆုံးဖြတ်ပြီး ကိုယ်လိုရာ ကောက်ချက်ဆွဲ တတ်ကြတာ အင်မတန်မှ မှားယွင်းတဲ့ လုပ်ရပ်ပါပဲ၊ ပတ်ဝန်းကျင်မှာ ကျနော်တို့ အချိန်ပေးရမယ့်၊ ပေးသင့်တဲ့ လူတွေ အများကြီး ရှိနေကြတယ်နော်...၊

ဒီပို့စ်လေးကနေ သင်ခန်းစာတွေ အများကြီး ရလိုက်တယ်၊ ကျေးဇူးပါပဲ မချော....။

နေဘုန်းလျှံ said...

အဟီး အစိမ်းရောင်လွင်ပြင်များလားလို့ ဘာသာပြန်ကို..။

မေဓာဝီ said...

အတ္တကို ခဏဘေးဖယ်လိုက်ရင် ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်ပါ ငြိမ်းချမ်းတယ် ... နော် ... ။
များသောအားဖြင့် ကိုယ့်အတွက်ကိုယ်ချည်း တွေးနေမိတာ ... အတ္တကို ဖယ်ဖို့ကြိုးစားရအုံးမယ်။

အမချော....

ဟုတ်တယ်။ ပတ်ဝန်းကျင် လွယ်လွယ်နဲ့ မဆုံးဖြတ်မိကြဖို့ အရေးကြီးတယ်။ သူများတွေကို နားလည်ပေးပြီး စိတ်ချမ်းသာအောင် လုပ်ပေးနိုင်ရင် ကိုယ်လဲ စိတ်ချမ်းသာတာပါဘဲ။ ပို့စ်လေးကောင်းတယ် အမချော။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

...အလင်းစက်များ said...

ကဲ... လောလောဆယ် အရေးကြီးတာလေးတွေ ဘေးကိုချလို့  အစ်မချောရဲ့ ဘလော့ကို အရင်ဆုံးဖတ်လိုက်ပါတယ်...

အလွန်တန်ဖိုးရှိတဲ့ ပိုစ့်ပါပဲ... ကျနော် တစ်ခါတစ်လေ ကိုယ့်ဖက်ကိုပဲ မြင်ပြီး ပူလောင်နေတာတွေ ဖျက်ကနဲ မြင်သွားသလိုပဲ....

တကယ်တော့ လူတွေဟာ အတ္တသမားတွေပါ ... ပညာနဲ့  ထိန်းကွပ်နိုင်ဖို့  ဒီလိုစာတွေ လိုအပ်ပါတယ်... ကျေးဇူးအစ်မချောရေ

ဆွေလေးမွန် said...

ပို့(စ်) တစ်ပုဒ်အသစ် တင်လို့ဖတ်လိုက်
မှတ်သားစရာလေး တစ်ခုရသွားလိုက်နဲ့
မချောရေ တစ်ကယ့်ကို အကျိုးများပါတယ်

nYi ThU E@in said...

လည်ပင်းလေးလိမ်ပြီး နားထောင်တယ်ဆိုတာ
ဘယ်လိုမျိုးလဲဟင် အန်တီ..:P
(အယ်..ဒီခလေး သိပ်အမေးအမြန်းထူတာပဲ):D
ခလေးတွေ ၀ုန်းဒုန်းကြဲနှောင့်ယှက်ပုံ, စိတ်ညစ်ရပုံ, အကြောင်းသိသွားတော့ စိတ်မကောင်းရပုံ, သေးသေးလေးကူညီတယ်ဆိုပေမယ့် ကြည်နူးရပုံ စသည် စသည်...တင်ပြချက်ကောင်း၍မျက်စိထဲ အကွင်းလိုက် မြင်ယောင်ခံစားသွားပါကြောင်း/

Anonymous said...

Good writer!
Iora

လေယာဉ်ပဲ့ချိပ်ကျောက် said...

တော်ပါသေးရဲ့ အမေးအမြန်း ပဲထူတာမို့..
ကိုယ့်ပေါင်ပေါ် ဗွက်ကနဲ အံချလိုက်...လာကြွေးတာတွေ မစားပဲ တယောက်နဲ့ တယောက်..ဆော့လိုက် လုပ်နေတဲ့ ကလေးတွေသာဆို
ဒုက္ခပဲ...

flowerpoem said...

သူများတွေကို အချိန်ပေးပြီး လုပ်ပေးတာလည်း ကောင်းမွန်တဲ့ အလုပ်တစ်ခုပေါ့ မချောရယ် . . .ကျွန်မတော့ ၀ါသနာပါတယ်...

ဖတ်ရင်းနဲ့ရင်ထဲမှာ တစ်စုံတစ်ခုကျန်ရစ်ခဲ့တယ်. ..အစ်မရယ်....း(

ခင်မင်တဲ့
နေ၀ဿန်

blackcoffee said...

အင်း... သူက တကယ် အရေးကြီးဆုံး အလုပ်ကို လုပ်ခဲ့တာပါ...

PhyoPhyo said...

သူများကို ဂရုစိုက်ပေးရင် ကိုယ့်ရဲ့အပူတွေပါ လျော့သွားတတ်တယ်၊
မချော ဒီပိုစ့်လေးကို တော်တော်ကြိုက်တယ်၊
ကြိုက်တာတွေတော့အများကြီးပါနော် .. ကြက်သားဒိန်ချဉ်ရောပဲ မြေပဲချက်ရော :D
မချော ပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်တဲ့

အဖြူရောင်နတ်သမီး said...

တိုးပြန်ပြီ..“အသိတခု”
ကျေးဇူးမချော...

ahphyulay said...

အမှတ်မဲ့ နေရင်တော့  ဖြည့်ဆည်းပေးဘို့ မလွယ်
ဘူးလေ၊ ဒါပေမဲ့  အမြဲတန်းဖြည့် ဆည်းပေးဘို့ 
ကတော့  ကိုယ်က ပြည့်နေအောင် ဖြည့်ကျင့်နေရမယ်
လို့ ပဲ မြင်ပါတယ်။

အမည်ဖော်ဖို့ခက်တဲ့ ခံစားချက်လေး တစ်ခုရင်ထဲဆီးစင်းသွားတယ်ဗျာ ။

lady said...

very nice. let me share in FB. Thank you.

မြစ်ကျိုးအင်း said...

တခြားသူတွေအတွက် ရှင်သန်ပေးတဲ့သူကို သူရဲကောင်း လို့ သတ်မှတ်ကြတာဟာ တကယ်တော့ ကိုယ့်အတ္တကို ချိုးနှိမ်ပြီး တခြားသူ ဆန္ဒဦးစားပေးရတာ ခက်ခဲလို့ပါပဲ။
တခါတလေ ကူညီတာက လွဲပြီး ကိုယ့်ကိစ္စတွေ ရှေ့တန်းတင်မိတာတွေလည်း အခါခါပေါ့။

Thiha Soe said...

Very good! I like very much. Thanks for your post.Hope to read again like this post...

ကောင်းလိုက်တာ....ကျေးဇူးတင်ပါတယ်