သွားဆိုတာဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်နော်။ တကယ်လို့ မိမိရဲ့ သွားကလေးတွေမှာ ပိုးပေါက်ကလေးတွေ ရှိနေရင် မညီမညာ ရွဲ့စောင်းနေတဲ့ သွားတွေ၊ ကျိုးနေတဲ့ရှေ့သွားတွေ၊ ၀ါညစ်ညစ် အရောင်ဖြစ်နေတဲ့ သွားတွေ ရှိနေခဲ့ရင် လူတွေရှေ့မှာ ဟက်ဟက်ပက်ပက် ရယ်မောဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေတတ်ပြီး အရှက်အကြောက်ကြီးလို့ ပါးစပ်ကို ကျယ်ကျယ် မဟရဲသလိုလို၊ ရယ်ဖို့ပဲ မေ့နေသလို၊ အပြုံးကလေးက ငါးခူလေးပြုံးနေသလို ရှိနေတတ်ကြပါတယ်။ မိမိရဲ့ သွားကလေးတွေ သဘာဝကျကျ ဖြူစင်သန့်ရှင်းနေပြီး လှလှကလေး ပြုံးနိုင်ဖို့ ဘယ်လိုများ လုပ်ကြရမလဲဆိုတာ စဉ်းစားကြည့်ကြပါစို့နော်။ သွားတွေ ဖြူဖွေးလှပဖို့ ထိရောက်တဲ့ နည်းလမ်းများစွာ ရှိပေမဲ့ အချို့နည်းလမ်းတွေက ငွေကြေး အကုန်အကျများတာကြောင့် ငွေကုန်ကြေးကျ မများဘဲ မိမိအိမ်မှာသာ လုပ်ဆောင်နိုင်တဲ့ နည်းလေးများကို ဝေမျှ ပါဦးမယ်ရှင်..
လိုအပ်တဲ့ပစ္စည်းတွေက
၁. အအေးသောက် ပိုက်တစ်ချောင်း
၂. သွားတိုက်တံတစ်ချောင်း
၃. သံပုရာရည်
၎. ဆား
၆. မုန့်ဖုတ် ဆော်ဒါ
၇. စတော်ဘယ်ရီ စတာတွေ ဖြစ်ပါတယ်။
အဆင့် (၁) အနေနဲ့ လုပ်ရမှာက သင့်သွားတွေကို ၀ါစေတဲ့ စားစရာ သောက်စရာတွေကို အကန့်အသတ်ထားပြီး စားသောက်ပါ။ သွားကို ၀ါစေတဲ့ အရာတွေထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်အနီ၊ ဆေးလိပ်သောက်ခြင်း စတာတွေ ပါဝင်တာကြောင့် ၄င်းတို့ကို ဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. ( ကော်ဖီကြိုက်တဲ့သူကို ကော်ဖီ ဖြတ်ခိုင်းနေပြန်ပြီ ) တကယ်လို့ မဖြတ်နိုင်ခဲ့ရင် အဲဒီအရာတွေကို သွားနဲ့ တိုက်ရိုက် မထိတွေ့စေနိုင်ရန် ကော်ဖီ အချိုရည် စသည်တို့ကို သင့်တင့်ရုံမျှ ပိုက်တစ်ချောင်းနဲ့ စုပ်သောက်ပါ လို့ အကြံပေးထားပါတယ်.. ( ဆိုင်မှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို ပိုက်နဲ့ စုပ်သောက်ရင် ရူးနေပြီထင်တယ်လို့များ ပြောကြလေမလား မသိနော် :) )
အစာစားပြီးတိုင်း၊ ကော်ဖီ၊ အချိုရည် သောက်ပြီးတိုင်း သွားတိုက်နိုင်အောင် ကြိုးစားပါ။ သွားတိုက်ဖို့ အခက်အခဲရှိပါက ရေများများဖြင့် ပလုတ်ကျင်းပါ။ အရောင်ရင့်သော အစားအသောက်များသည် သွားကို စွန်းထင်းစေနိုင်ပါတယ်။ ဥပမာ- ဘလူးဘယ်ရီသီး
အဆင့်(၃)

မကြာခဏ စတော်ဘယ်ရီသီးဖြင့် သွားတွေကို ပွတ်တိုက်ပေးပါ။ စတော်ဘယ်ရီသီးတွင် ပါဝင်သော အင်ဇိုင်းများမှာ သွားများကို ဖြူစေသော ပစ္စည်းပါဝင်သောကြောင့် ၄င်း အသီးဖြင့် ပွတ်တိုက်ပေးသင့်ကြောင်း အကြံပြုပါတယ်... စတော်ဘယ်ရီဖြင့် ပွတ်တိုက်ပြီးပါက သွားကို စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်.. မဟုတ်ပါက အသီးမှာ ပါဝင်တဲ့ သဘာဝ သကြားဓာတ်နဲ့ အက်ဆစ်ဓာတ်များ ကြွင်းကျန်ခဲ့မှာ ဖြစ်ပါတယ်.. ရှောက်သီးစိတ်၊ သံပုရာသီးစိတ်တို့ကိုလည်း အသုံးပြုနိုင်ပါတယ်။
အဆင့်(၄)

ကျွတ်ဆတ်သော သစ်သီးဝလံ အစိမ်းကို များများစားပါ။ ( ဥပမာ- မုန်လာဥနီ၊ တရုတ်နံနံ၊ ပန်းမုန်လာစိမ်း( Broccoli)၊ ပန်းသီး၊ သရက်သီးစိမ်း၊ မာလကာသီး )။ ၄င်း အသီးအနှံများကို များများစားပေးခြင်းအားဖြင့် သွားတွင် ကပ်ညှိနေသော သွားချိုးများကို ပွတ်တိုက်ပြီး ပြောင်စင်သွားစေနိုင်ပါသည်။ (သွားချိုးတွေက အစာနဲ့အတူ ဗိုက်ထဲဝင်ကုန်ရော :) )
အဆင့်(၅)
သွားတိုက်တံကို မုန့်ဖုတ်ဆော်ဒါ (စားဆော်ဒါ) အမှုန့်အနည်းငယ် ထည့်ကာ သွားကိုတိုက်ပေးခြင်းအားဖြင့်လည်း အချိန်အနည်းငယ်အတွင်းမှာ သွားများကို ဖြူဖွေးလာစေနိုင်ပါတယ်..
အဆင့်(၆)
ရေမရောထားသော သံပုရာရည်ကို ဆားတစ်ဇွန်းဖြင့် ရောကာ သွားတိုက်ဆေးကဲ့သို့ အသုံးပြုပါ။ သွားတိုက်ပြီး ရေစင်အောင်ဆေးပေးပါ။ အမြဲပြုလုပ်ပေးပါက သွားများ ဖြူဖွေးလှပါလာစေနိုင်ပါတယ်။
Hydrogen Peroxide ကို သွားတိုက်တံတွင် အနည်းငယ်ဆွတ်ကာ သွားများကို တိုက်ပေးပါ။ ပြီးလျှင်း ရေဖြင့်စင်ကြယ်အောင် ဆေးပစ်ပါ။ သို့သော် ၄င်းအရည်များကို မျိုမချမိစေရန် အထူးသတိပြုပါ။
အထက်ပါ အချက်အားလုံးထဲမှာ Hydrogen Peroxide ကို အသုံးပြုတဲ့ အဆင့် (၇) ကိုတော့ ဗဟုသုတအဖြစ် သိရုံသာ သိစေချင်ပါတယ်.. မတော်တဆ မျိုချမိရင် သော်လည်းကောင်း၊ အသုံးမပြုတတ်ခဲ့ရင် သော်လည်းကောင်း အန္တရာယ်တစ်စုံတစ်ရာ ဖြစ်စေနိုင်တာကြောင့် ၄င်း အချက်ကို ချန်လှပ်ပြီး ကျန်တဲ့ အန္တရာယ်လဲ မရှိ လွယ်ကူ သက်သာတဲ့ နည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ပြုံးတိုင်းလှနေမဲ့ သွားဖြူဖြူဖွေးဖွေး အလှပိုင်ရှင်လေးတွေ ဖြစ်လာနိုင်ပါတယ်လို့ James Coolridge ရဲ့ How to keep your teeth white naturally ကို ကိုးကားပြီး ဖော်ပြလိုက်ပါတယ်ရှင်။ ဒီပိုစ့်လေးအတွက် ပါဝင် ဆွေးနွေးပေးသော Dr. CK ကို ကျေးဇူးအထူးတင်ပါကြောင်း…
ပြုံးလိုက်တိုင်း လှပသူများ ဖြစ်နိုင်ကြပါစေရှင်...
ပြုံးလိုက်တိုင်း လှပသူများ ဖြစ်နိုင်ကြပါစေရှင်...
29 Responses to “ပြုံးတိုင်းလှတဲ့သူ..”
အပင်ပန်းခံလို့ဗျာ..သွားဆေးခန်းသွားလိုက်..သွားဂျိုးချချင်လို့..သွားဖြူအောင်ပါလုပ်ပေးပါဆို..ပီးတာပဲ..
ဟိုရေပန့်စနစ်နဲ့ဆေးပေးလိမ့်မယ်..ကုန်လှသောင်းဂဏန်း
ပေါ့..ကြာလှ..နာရီဝက်ပေါ့..ကော်ဖီတော့ပိုက်ကြီးနဲ့
သောက်ချင်ပေါင်..
မီးသွေးနဲ့တိုက်ရင်လည်း ဖြူတယ်တဲ့ ချောရေ ပန်းသီးက ဈေးကြီးတယ်ဟ အဲဒီပန်းသီးအစား မုန်လာဥနီပဲ ပိုစားလိုက်တော့မယ် ဟိ ရွှင်လန်းချမ်းမြေ့ပါစေ
ဟိ ပြုံးတိုင်းလှတဲ့လူဆိုလို့ များကို များ ပြောတာလားလို့ အပြေးလေး လာဖတ်တယ် ဟိဟိ ဟုတ်လဲ အဟုတ်ဘူး ရွှေချော လူဇိုး ခစ်ခစ်
ဒါပေသိ ဗဟုသုတ အနေနဲ့တော့ ဖတ်သွားတယ် သိလား
ဘုရားဘုရား စတော်ဘယ်ရီးသီးက ဈေးကြီးတယ်ရှင့် ဟင့်
တခြားဟာတွေနဲ့ စမ်းကြည့်ပါ့မယ် ဟက်ဟက်
ဒီပို့စ်လေး အသုံးဝင်တယ် ချောရေ ... ။
ကိုယ်က သွားမလှရတဲ့အထဲ သွားတိုက်ပျင်းတယ်၊ ကော်ဖီ တနေ့ ၃ ခွက် အနည်းဆုံး သောက်တယ်၊ သောက်တာကလဲ များသောအားဖြင့် ဘလက်ကော်ဖီ။ ဗမာပြည်တုန်းကဆို ကွမ်းယာလေးဘာလေးတောင် အပျင်းပြေ၀ါးသေး .... ဆိုတော့ ... အဟဲ ... ဘယ်လိုနေမလဲ ... စဉ်းစားသာကြည့်တော့။
ဒီမလာခင်တုန်းက ရန်ကုန်က သွားဆေးခန်းမှာ သွားခြစ်ပါသေးတယ်။ သွားကို ကျဉ်နေတာပဲ။ သိပ်လဲ ဖြူလှတယ်မထင်ပေါင်။ ဒီမှာကတော့ သွားဆေးခန်းတွေက ဈေးကြီးတယ်။ ကျောင်းသားဆိုရင်တော့ လျှော့ပါတယ်။ ဒါပေမဲ့ တခါမှ မသွားဖြစ်ဘူး။
ချောပေးတဲ့ နည်းတွေ စမ်းကြည့်အုံးမှ။ သံပုရာသီးနဲ့ ဆားက အလွယ်ဆုံးပဲ။ မြိုချမိလဲ အကြောင်းမဟုတ်ဘူး။
ဗမာ့နည်း ဗမာ့ဟန် ကြံစုတ်တာတို့ မီးသွေးခဲနဲ့ ဆားနဲ့ တိုက်တာတို့ တမာရိုးနဲ့တိုက်တာတို့လဲ သူတို့ဆွေးနွေးခန်းထဲ ထည့်ဆွေးနွေးသင့်တယ်နော်။
ကော်ဖီကတော့ မဖြတ်နိုင်ဘူး အစ်မရယ်.....
သွားကတော့ အရမ်းဝါတဲ့ထဲတော့မပါဘူး။ ဒါပေမယ့်
ဖြူချင်တယ် :)
ခု ဖြူတာဝါတာထက် သွားကြဲတာက ဒုက္ခပေးနေတယ်။
အဖွားကြီးဖြစ်လာတဲ့သဘောလားမသိဘူး အစ်မရယ် :D
သွားလေးတွေဖြူနေရင်အရမ်းစိတ်ချမ်းသာတာ
ကော်ဖီဖျက်မယ်ကြံတိုင်းပိုသောက်ချင်လာလို့ တစ်နေ့ ၁ွခွက်တော့သောက်ရမှလေ။
မမနည်းတွေကလွယ်တယ် လုပ်ကြည့်အုံးမှ ကျေးဇူးမမ စာဖတ်ပြီမန့် မရလို့ မမန့်ခဲ့ရဖူး
အောက်ဆုံးကိုတော့ကိုတော့မီးမီးကြောက်ကြောက်းD
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ကျနော်တို့ က သွားအနည်းငယ်ဝါတဲ့ အမျိုးအစ်မရေ.. ဒါပေမယ့် ဖြူစင်နေတဲ့ သွားလေးတွေနဲ့  ရယ်ပြချင်သေးဗျ...
သံပုရာသီးနဲ့  ဆားရောပြီး သွားတိုက်တာ တော့ လုပ်ကြည့်ဦးမယ်.. အလွယ်ဆုံးလို့ ထင်တယ်လေ။
Baking soda နဲ့ သံပုရာသီး + ဆား ဘယ်ဟာကပိုဖြူမလဲ လို့ စဉ်းစားမိနေတယ်။
Iora
ချော....အမလည်း အဲလို လှချင်တာ....
အပေါ်က ညီမ မေဓါဝီလိုပဲ သွားမလှတဲ့ အထဲမှာ အမက ဂရုလည်း မစိုက်တတ်တော့ ပိုဆိုးတယ်
မနက်တကြိမ် ညတကြိမ် ဖလော့စ်လုပ်ပြီး သွားတိုက်တတ်တာက လွဲလို့ ဘာမှ မလုပ်....:)
ကျေးဇူး မချောရေ .. သွားလေးတွေ ဖြူဖွေးနေတာ အရမ်းသဘောကျတယ် .. လုပ်ကြည့်ဦးမယ် ..း)
သွားလှလှ လေး တွေ နဲ့သူတွေ ဆို
အရမ်း သဘောကျတယ် ..
ကိုယ်တိုင်လည်း အဲ့လို
ဖြူဖြူလေးတွေနဲ့ အရမ်းလှချင်တယ် ..
လုပ်ကြည့်လိုက်ဦးမယ် ..
ကျေးဇူးပဲ မချော ရေ ...
ခင်မင်လျှက်
ဆောင်းနှင်းရွက်
လုပ်ကြည့်အုံးမယ်း) ကျေးဇူးဗျ ။
ကျေးဇူးတင်ပါတယ် အမရေ
Thanks sis... ;)
ဒီ ပို့စ်ကို ဖတ်ရင်း ဟိုးတုန်းက အာရောဂျံတို့ ဇီဝကတို့အပြင် တစ်ခြား မဂ္ဂဇင်းတွေက ကျန်းမာရေး ဆောင်းပါးလေးတွေကို သတိရသွားတယ်...။ မဂ္ဂဇင်း ဆောင်းပါးတစ်ချို့နဲ့ ဝေးကွာနေခဲ့မိတာ တော်တော်ကြာခဲ့ပါရောလားဆိုပြီးလည်း တွေးမိပါရဲ့..။ Anyhow, thanks နော်
ချောရေ...
အကုန်မှတ်သွားတယ်
Baby taster
အပေါ်က ကော်ဖီသမားတွေလိုပဲ၊ ကော်ဖီတော့ မဖြတ်ဘူး၊ သတ်ချင်သတ်ပလိုက်..လို့ ပြောရမယ် ထင်တယ် မချောရေ့...၊း)
နည်းလေးတွေက ပတ်ဝန်းကျင်မှာ ရနိုင်တဲ့ ပစ္စည်းလေး တွေနဲ့ဆိုတော့ ရိုးရှင်း လွယ်ကူတယ်နော်..၊ မျှဝေတာ ကျေးဇူးပါဗျာ။
Have you ever considered about including a little bit more than just your articles? I mean, what you say is fundamental and everything. But think of if you added some great images or videos to give your posts more, "pop"! Your content is excellent but with images and video clips, this website could definitely be one of the most beneficial in its field. Fantastic blog!
အကောင်းဆုံးပဲဗျိုး ...
လုပ်ရတာလဲအလွယ်လေး..။
တစ်ချို့ ပစ္စည်းတွေကျ မရှိနိုင်၊ မရှာနိုင်ပေမယ့် 
ရှိနိုင် ရှာနိုင်တဲ့  ဟာလေးတွေနဲ့ လည်း
ရသလောက်လုပ်လို့ ရမယ်ထင်..။
ယနေ့ မှ စ ၍ အမြဲတန်း ပြုံး ... နေပါတော့ 
မည် ။
ခင်တဲ့  ....
အဖြေးလူ
ကော်ဖီတော့ မဖြတ်ခိုင်းလိုက်ပါနဲ့ကွယ်..
သွားကို ခနခနတိုက်ပါ့မယ်...း)
အသေအခြာမှတ်သွားပါတယ်ဗျာ။
သွားလေးတွေ ဖြူဖြူ ဖွေးဖွေး လှပစေချင်တဲ့ စေတနာနဲ့ ရေးတဲ့ ပို့စ်လေးမို့ သဘောတကျ ဖတ်သွားတယ်။ အစ်မချော ရေးထားတာ ဖတ်ပြီး တစ်ချက် တစ်ချက်လည်း ရယ်မိတယ် ခစ် ခစ်း)
"ဆိုင်မှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို ပိုက်နဲ့ စုပ်သောက်ရင် ရူးနေပြီထင်တယ်လို့များ ပြောကြလေးမလား မသိနော်" "သွားချိုးတွေက အစာနဲ့အတူ ဗိုက်ထဲဝင်ကုန်ရော :) "
http://redroseofburma.blogspot.com/
မနက် မိုးလင်း အိပ်ယာထတာနဲ့
သွားက မတိုက်ရသေးဘူး
ကော်ဖီက အရင်ထဖျော်နေမိတယ်..။
သွားဖြူစေတဲ့ နည်းပြီးရင်
အသားဖြူစေတဲ့ နည်းလေးလည်း
လုပ်ပါအုံးဗျး)
(ဟင်း...အသားမဲတာ လူတွေသိကုန်ပြီထင်ရဲ့)
ပို့ လေးကို သဘောကျလို့ 
I really like your post. Will continue reading your blog. :)
ကော်ဖီတော့မဖြတ်နိုင်ပါ၊ စတောဘယ်ရီလောက်တော့ သုံးကြည့်မယ်
Hydrogen Peroxide ဘယ်လောက် %ဆိုတာထည့်ရေးဦးလေ အပြင်းတွေသုံးမိလို့ သွားဖုံးတွေ သွားတွေပါကြွေကြလာဦးမယ်၊
လုပ်ကြည့်အုံးမှပဲ။
နည်းလမ်းလေးတွေက အတော်အသုံးတည့်တယ်။ သံပုရာသီးနဲ့လုပ်ကြည့်တာ သွားတော့ဖြူတယ် ချောရယ်... ဒါပေမယ့် သွားကျိန်းသကွယ် ..... ;Pနောက်နေ့ နောက်တစ်နည်းစမ်းမယ်....။
ခင်မင်လေးစားလျက်
မင်္ဂလာနံနက်ခင်းပါနော်။ စေတနာပန်းခင်းက လာလည်ရင်းနဲ့ စာလေးလည်းဖတ်သွားပါတယ်။ ဗဟုသုတရတာပေါ့။ အောင်မြင်ပါစေ။ ဒိထက်မကပေါ့။
ဆားနဲ့ သံပရာသီးနဲ့ အဲဒီနည်းလေးကို
လုပ်ကြည့်လိုက်အုန်းမယ်
Post a Comment