တွက်ချက်မထားသော တန်ဖိုး

စကားလုံးတွေနဲ့ သိုင်းဝိုင်းတန်ဆာ ဆင်မထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ချစ်စွာသော မိတ်ဆွေများကို ဖော်ပြပေးချင်ပါတယ်… အောက်က ပုံလေးတွေနဲ့သာ စာတစ်လုံး စကားတစ်ခွန်းမှမပါဘဲ ခံစားကြည့်နိုင်ပါတယ်ရှင်…



































တိရိစ္ဆာန်တစ်ကောင်၏ အသက်ကိုပင်လျှင် တန်ဖိုးအနည်းအများ မတွက်ချက်ဘဲ ကယ်ဆယ်တတ်ကြသူများ ရှိသကဲ့သို့ လူအသက်ပေါင်း များစွာတို့ကို တန်ဖိုးမထား ဥပက္ခာပြုသူများလည်း ရှိတတ်ကြလေသည်။



32 Responses to “တွက်ချက်မထားသော တန်ဖိုး”

Anonymous said...

အမှန်ကန်ဆုံးသော နောက်ဆုံးမှစာကြောင်းကို ထောက်ခံသွားပါတယ်......

လပြည့်ရိပ်

PhyoPhyo said...

စာမဲ့ပုံလေးတွေ ခံစားသွားပါတယ်၊ တဘက်ခြုံထားတဲ့ပုံအကြိုက်ဆုံးပဲ၊
အဲဒီအချိန်ထိ လန့်နေတုန်းပုံစံလေးနဲ့၊
နောက်ဆုံးပုံက သက်ပြင်းချနေတဲ့ပုံလေး :D
နောက်ဆုံး မှတ်ချက်စာကြောင်းလေးက နှစ်ကြောင်းထဲနဲ့ ထိထိမိမိရှိလိုက်တာ
ချစ်တဲ့
စကားမစပ် အိပ်သေးဘူးလား

မေဓာဝီ said...

ဓာတ်ပုံတွေကိုကြည့်ပြီး ခွေးကလေးကို ဆင်းကယ်ပေးတဲ့ ကောင်လေးကို ချီးကျူးမိတယ်။
ချော အောက်ဆုံးမှာ ရေးထားတဲ့ စာကြောင်းလေးကလဲ သိပ်ကိုမှန်ပါတယ်။
တကယ်တော့ လူတယောက်ရဲ့ အသက်တချောင်းကို တန်ဖိုး အနည်းအများ ပိုင်းဖြတ်လို့ မရစကောင်းပါဘူး။ သူ့လုပ်ရပ်ကသာ သူ့တန်ဖိုးကို ပိုင်းခြား သတ်မှတ်ပေးမှာပါ။
ရွှေပုံကြီးပေါ်မှာထိုင်နေပေမဲ့ ကိုယ်တိုင်ရဲ့ ပကတိတန်ဖိုး ကင်းမဲ့နေသူတွေ အများကြီးပဲ မဟုတ်လား။

...အလင်းစက်များ said...

လူ့ အသက်တစ်ချောင်းတောင် တန်ဖိုးမထားတတ်တဲ့ သူတွေရဲ့ နိဂုံးက လှနိုင်ပါ့မလား အစ်မရေ... စောင့်ကြည့်ကြတာပေါ့...။

ဟူး... ကျနော် ကျွမ်းကျွမ်းကျင်ကျင်ရေကူးတတ်ဖို့  လေ့ကျင့်ထားမှ ထင်တယ်...။

အိုးပင်းဝါးတာမှာဆိုရင်တော့ မကယ်ရဲလောက်ဘူး လို့  ထင်တာပဲလေ

Anonymous said...

ဒီမှာခွေးတွေကို ဂျောက်ကမ်းပါးကြီးတွေကနေ ကြိုးသွယ်ပြီး လူကဆင်းကယ်တာ၊ ရေစီးထဲမျောသွားတဲ့ခွေးလေးကို အသက်စွန့် ပြီးလိုက်ကယ်တာ (ခုလို)၊ မီးလောင်နေတဲ့ အိမ်ထဲမှာပိတ်မိနေတဲ့ ခွေးတွေကို မီးတွေကြားထဲဝင်ကယ်တာ၊ နှင်းတောထဲမှာ ပိတ်မိနေတဲ့ခွေးတွေကို မရမကကြိုးစားပြီးကယ်ကြတာတွေ သတင်းထဲမှာ ခဏခဏ ကြည့်ရတော့ အောက်ဆုံးကစာကြောင်းလေးလိုဘဲ တွေးမိပါတယ်။ ဒီမှာခွေးဖြစ်ရတာ.."ဟိုမှာ"လူဖြစ်ရတာထက် ကံကောင်းပါလားလို့ ....
Iora

ညီလင်းသစ် said...

ပုံလေးတွေက အချိတ်အဆက်မိမိနဲ့ ပြီးပြည့်စုံလိုက်တာ မချောရေ...၊ ကြည့်ရတာ လေတွေ အတော်တိုက်နေပုံ ရတဲ့ ကြားထဲက ဆင်းဆယ်တာ အသက်တချောင်း ဘယ်လောက်တန်ဖိုးထားတယ် ဆိုတာ လက်တွေ့ပြ တာပါပဲ၊ ဒီလိုပုံတွေကို နောက်ဆုံးက အဆီအနှစ် အပြည့်နဲ့ စာကြောင်းလေးနဲ့ ပိတ်လိုက်လို့ လက်မ နှစ်ချောင်းစလုံးကို တပြိုင်နက် ထောင်သွားပါတယ်ဗျို့။ :D

noblemoe said...

သက်ရှိသက်မဲ့အရာအားလုံးကိုတန်ဖိုးထားတတ်သူတွေကတန်ဖိုးထားပြီး မထားတတ်သူတွေတွက်တော့ မမရယ် ....

ဓါတ်ပုံနဲ့မှတ်ချက် အရမ်းကောင်း

သာယာချမ်းမြေ့ပါစေရှင်း
မိုး

စာသားမပါတဲ့ ဓါတ်ပုံဇာတ်လမ်းလေးဖတ်သွားတယ်မချောရေ။ ပုံလေးကြည့်ပြီး ကြည်နူးမှုလေးဖြစ်မိတယ်။ တိရိစ္ဆာန်တစ်ကောင်ရဲ့အသက်ကိုလည်း တန်ဖိုးထားပေးတဲ့လူတွေ ရှိနေသေးလို့။

အောက်ဆုံးက စာကြောင်းလေးက ဟုတ်ပ...။ အခုတလော ဝေဟင်ကနေ လူစုတွေကို လေယဉ်နဲ့ ဗုံးကြဲတိုက်နေတာက ဥပမာတစ်ခုပေါ့နော်....။ ကိုယ်နဲ့ဆိုင်တဲ့ ဥပမာတွေတော့ ပြောလို့ကုန်မယ်မထင်....


ခင်မင်တဲ့
နေ၀ဿန်

Unknown said...

အင်မတန်ကောင်းတဲ့ ဓာတ်ပုံစာစုလေးပါပဲ။ ထိမိပါတယ်။

flowerpoem said...

အရမ်းကောင်းတဲ့ အတွေးနဲ့ ပုံတွေပါအမ.

သူတို့မိသားစုဝင်ခွေးတစ်ကောင်ထင်ပါရဲ့ တိရိစ္ဆာန်တစ်ကောင်ကို အဲဒီလောက်တန်ဖိုးထားတယ်နော်။ လူ့အသက်များစွာကို အဲဒီလောက်တန်ဖိုးနိုင်ရင် ဦးဇင်းတို့ အမိမြန်မာပြည်ဟာ ကမ္ဘာ့အလယ်မှာ ငါပါကွဆိုပြီး မားမားမတ်မတ် ရပ်တည်နိုင်ခဲ့တာ ကြာလှပေါ့။ ခုတော့ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရတယ်၊ မင်းဘယ်ကလဲလို့မေးရင် I'm from Burma. old name is Burma and new name is Myanmar ပါလို့ပြောတော့ သူကဆက်တယ် Where is it? တဲ့၊ မေးတဲ့လူကိုပဲ အပြစ်တင်ရတော့မလို ဖြစ်နေတယ်၊ (ဦးဇင်းအထင်သာ အမှားပါရင် ခွင့်လွတ်ကြပါနော်၊ ချောရေ ဒီခမန့်ကိုတော့ ဖော်ပြဖို့ မသင့်တော်ခဲ့ရင် ချန်လှပ်ထားခဲ့ပါနော်) ကျန်းမာပျော်ရွှင်ပါစေ...

mg han said...

မှန်၏နောက်စိ...တိန်ခနဲပဲ...:)

စော(အဝါရောင်မြေ) said...

အမရေ လူပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်ပဲဖြစ်ဖြစ် အတူတူနေတာ ကြာတော့ သံယောဇဉ် ဖြစ်မှာပါပဲ။ ကျမကတော့ ငိုနေတဲ့ ခွေးပိုင်ရှင်ကိုပဲ ခွေးလေးနဲ့ ထပ်တူ သနားပါတယ်။ ခွေးကယ်ပေးတဲ့ ကောင်လေးလိုပဲပေါ့။

မောင်မျိုး said...

စကားတွေ အများကြီးပြောစရာမလို လုပ်ရပ်လေးနဲ့ သက်သေပြသွားတာ လေးစားချီးကျူးဖို့ကောင်းလိုက်တာ။

ဝက်ဝံလေး said...

ပုံလေးကို scroll up and down လုပ်ပြီးတော့ ၂ ခေါက် တိတိ ကြည့်သွားတယ် သိလား ရင်ထဲမှာလဲ အတိုင်းမသိ ကြည်နူးမှုလေး တခု ရသွားသလိုပဲ
အပေါ်က တယောက်ပြောသလိုပါပဲ ဒီနိုင်ငံတွေမှာ ခွေးတွေ ဖြစ်ရတာ ရွှေပြည်ကြီးမှာ လူဖြစ်ရတာထက် ပိုမြတ်ပါသေးတယ်

ဟင်းးးးးးးးးးးးး
လို့သာ သက်ပြင်းရှည်ကြီးချရင်းနဲ့
မှတ်ချက် ။ ။ ဒီတခါ အတည်မန့်သွားတယ်နော်

Anonymous said...

ခွေးလေး သွေးတွေပေလို့ သနားပါတယ်
ကောင်လေးကိုလည်း ချီးကျူးမိတယ်
ဒီမှာတော့ ခွေးရယ်ကြောင်ရယ်လူရယ်မခွဲဘူး တန်းတူတန်ဖိုးထားကြတယ်
(ဟိုကနဲ့ နှိုင်းရင်တော့ တခါတလေ ပိုလွန်းသလို ဖြစ်နေတယ်)

စူးနွယ်လေး

ချစ်ကြည်အေး said...

အင်းးးဘာပြောရမှန်းတောင် သိတော့ပါဘူး ချောရယ်....မောတယ်....:)

ဟန်ကြည် said...

ဒီမှာက ခွေးရော၊လူပါ တန်ဖိုးထားမခံရတာကြာတော့ ရိုးတောင်နေပေါ့...တစ်ခုပဲတန်ဖိုးထားတယ်လေ မေဆွိသီချင်းထဲကလို အားလုံး အားလုံးကြိုက်တဲ့ ပိုက်ဆံများ ပေါ့...အခုတောင် အပြစ်မဲ့တဲ့ပြည်သူတွေကို ဒုက္ခပေးဖို့ ဒီစာမေးပွဲပြီးရင် တိုက်မယ်ခိုက်မယ်လို့ ဒီကေဘီအေတွေ ကြွေးကြော်နေပြန်ပါပကောလား...ခွေးကလေးကိုကယ်တဲ့ လူငယ်လေး ကိုယ်တို့ဆီ တစ်မနက်လောက် အလည်လာစေချင်လိုက်တာနော်...

သေချာတာကတော့ ၀တ်ဖြူစင်ကြယ်နဲ့ လူတွေ မဟုတ်တာပဲ။

Anonymous said...

တိရိစ္ဆာန်တစ်ကောင်၏ အသက်ကိုပင်လျှင် တန်ဖိုးအနည်းအများ မတွက်ချက်ဘဲ ကယ်ဆယ်တတ်ကြသူများ ရှိသကဲ့သို့ လူအသက်ပေါင်း များစွာတို့ကို တန်ဖိုးမထား ဥပက္ခာပြုသူများလည်း ရှိတတ်ကြလေသည်။

Anonymous said...

တိရိစ္ဆာန်တစ်ကောင်၏ အသက်ကိုပင်လျှင် တန်ဖိုးအနည်းအများ မတွက်ချက်ဘဲ ကယ်ဆယ်တတ်ကြသူများ ရှိသကဲ့သို့ လူအသက်ပေါင်း များစွာတို့ကို တန်ဖိုးမထား ဥပက္ခာပြုသူများလည်း ရှိတတ်ကြလေသည်။

kokoseinygn said...

ဒီပုံလေး ကိုမြင်တော့ကျနော်ခွေးလေးကိုသတိ၇ပြီး
စိတ်မကောင်းဖြစ်ရပါတယ်....
“သတ္တ၀ါမှန်သရွှေ.တရားတွေ့ ချမ်းမြေ့သာယာ
ရှိကြပါစေ...................”

ညီသူအိမ် said...

နောက်ဆုံးနားကခွေးလေးကို တဘက်စောင်လေးခြုံပြိး နွေးထွေးစေတာကို
ကြည့်လိုက်မိတော့ ကိုယ်ပါ နွေးကနဲ ခံစားလိုက်ရသလိုပဲ..။

အင်...အားပေးသွားတယ်နော်။ တစ်ခါတစ်ရံ ဘာမှ မပြေတာက ပြောတာထက်ပိုပြိး ထိရောက်တတ်တယ်ဆိုတာ မချောရဲ့ ပို့စ်လေးက သက်သေထူပါတယ်။ အေးချမ်းပါစေ။ အလင်းအိမ်။ http://saytanarpankhinn.blogspot.com/

ခွေးလေးဒုက္ခရောက်နေတယ် ၊ ကယ်မည့်သူရောက်လာတယ် ၊ ကယ်ပြီးတော့ ပိုင်ရှင်က ငိုတယ်....လူတွေဝိုင်းအုံကြည့်နေတယ် ၊ ကယ်ချင်နေတဲ့လူတွေလည်းရှိမယ် ၊ ရေတွေကြီးတယ် ၊ လာကယ်ကြတယ် ၊တားထားကြတယ် ၊ နောက်တော့ဖွင့်ပေးလိုက်တယ် ၊ နောက်တော့ လူတွေဝိုင်း ဖြတ်ခုတ်ကြတယ် ၊ နောက်တော့...... အာရှုပ်ကုန်ပြီ :P

ခင်တဲ့(ဖိုးကြယ် )

မြစ်ကျိုးအင်း said...

လူတစ်ယောက်က ပါတ်ဝန်းကျင်ကို ဘယ်လိုဆက်ဆံလဲ တန်ဖိုးထားလဲဆိုတာက သူ့တန်ဖိုးပဲ မဟုတ်လား။
အခုဆို သူ့ကို မမြင်ဖူးပေမယ့် အားလုံးက လေးစားချီးကျူးကြတယ်လေ။ ကိုယ့်သမိုင်းမှာဖြစ်ဖြစ် နိင်ငံသမိုင်းမှာဖြစ်ဖြစ် နာမည်ကောင်း ကျန်ခဲ့ဖို့က အဓိက တန်ဖိုးပါ။

ညီမလေး said...

ကိုယ့်ဘဝ မှ ဘဝ လို့ထင်တတ်သူတွေ မှာ ....အဲ့လိုစိတ်မျိုးးးး......

blackcoffee said...

ဓာတ်တပုံ ဆရာက သေသေချာချာကို ရိုက်ခဲ့တာဘဲနော်...

IDIOT-Ki said...

ဟုတ်ပ..မချော ရေ ..
လိုရင်း တို ရှင်း .. ထိတယ်..
ဒါပေမဲ့ မစာနာတတ်တဲ့သူတွေ က မစာနာ တတ်ကြပါလား...
ဒီပုံ နဲ့ တကြောင်းတည်းသော စာလေးကို အရှည်တဝေး ရေးပြနေရင်တောင် နားမလည်တဲ့ သူတွေလည်း ရှိပါ့..( လူစိတ်ကင်းမဲ့နေတဲ့ လူတစုကို ရည်ရွယ်ပါသည် )

shwe said...

နောက်ဆုံးမှာ ရေးထားတဲ့ စာလေးကို
ထောက်ခံသွားပါတယ် မမရေ

Yin Sue said...

အစ်မရေ .......ပုံလေးနဲ့ကလည်း ပြောစရာမလိုအောင် ထိမိပါတယ်....နောက်ထပ်အားဖြည့်လိုက်တာကတော့ နောက်ဆုံးက မချောရေးသွားတဲ့ စာလေးပါဘဲ....ကျေးကျေးပါ မချော......