ရုပ်ရှင်မဟုတ်သော....

တစ်ကမ္ဘာလုံး စိတ်မကောင်းစရာသတင်းတွေ ဒီရက်ပိုင်း ဆက်တိုက် ဖြစ်လာနေပါတယ်.. ကမ္ဘာပျက်တဲ့ ၂၀၁၂ ရုပ်ရှင်ကားတို့လို၊ The day after tomorrow တို့လို ရေလွှမ်းမိုးတာတွေ၊ အအေးလှိုင်းကြောင့် မြို့ရွာတွေ ပျက်စီးတာတွေကို ရုပ်ရှင်ဆက်တင်နဲ့ တည်ဆောက်ပြီး ရိုက်ကူးထားတာ ဖြစ်ပေမဲ့ သည်းထိတ်ရင်ဖို ထိတ်လန့်ဖွယ် ကြည့်ကြရပါတယ်။ ဒါပေမဲ့ အခုတော့ ဆက်တင်ဆောက်ပြီး ရိုက်ထားတာမဟုတ်တဲ့ တကယ့် အဖြစ်အပျက်တွေကို တီဗီသတင်းတွေကနေ မျက်ဝါးထင်ထင် ထိတ်လန့်ဖွယ် မြင်လိုက်ကြရပါတယ်.. ဂျပန်မှာ အလွန်အင်အားကြီးတဲ့ ငလျှင်ကြောင့် ဆူနာမီ ရေလှိုင်းကြီးတွေ တစ်လိမ့်လိမ့်တက်လာပြီး ကျယ်လောာင်တဲ့ အသံကြီးတွေနဲ့ မြို့ရွာကြီးတွေကို ဖုံးလွှမ်းပစ်တာ၊ အိမ်တွေ အလုံးလိုက် အလုံးလိုက် မျှောပါနေတာတွေ၊ ကားတွေ၊ လေယာဉ်တွေ အစီးလိုက် ရေလှိုင်းတွေမှာ မျှောပါသွားတာတွေဟာ မယုံနိုင်ဖွယ် ကောင်းလွန်းလှပါတယ်.. ရုပ်ရှင်တွေကနေ ဆက်တင် ဆောက်ပြီး ရိုက်ပြတာထက် ပိုမိုဆိုးဝါး ထိတ်လန့်ဖွယ် ကောင်းလွန်းလှပါတယ်.. တကယ်တော့ တကယ့်အဖြစ်အပျက်တွေဟာ ရုပ်ရှင်ရိုက်ပြတာထက် ပိုမိုဆိုးဝါးလို့ နေပါတယ်။

ဂျပန်ငလျှင်နဲ့ တရုတ်နယ်စပ် ရန်ကျန်းခရိုင် ငလျှင်သတင်း ဓာတ်ပုံများကို မကြည့်မမြင်ရသေးသူများ၊ သတင်းတွေ ဖတ်ရှုဖို့ ခက်ခဲသော ပြည်တွင်းက လူများအတွက် ဓာတ်ပုံများကို ရနိုင်သလောက်  စုဆောင်းပြီး အောက်မှာ တင်ပေးလိုက်ပါတယ်နော်။


လှိမ့်တက်လာတဲ့ ရေလှိုင်းများ




ကြောက်စရာ ရေလှိုင်းများ


ရေလွှမ်းမိုးခံရပြီး ဆက်လက်မီးတောက်လောင်နေဆဲ အိမ်များ


တံမြက်စည်းလှဲသလို ရေလှိုင်းများက တိုက်စားပစ်တဲ့ အိုးအိမ်အဆောက်အဦးများ


အရုပ်ကားတွေ မဟုတ်ပါ

ပင်လယ်ကမ်းခြေက ၀င်ရောက်လာတဲ့ လှိုင်းလုံးများ


 အိမ်တွေအလုံးလိုက်


အိပ်မက် မဟုတ်သလို ရုပ်ရှင်လည်းမဟုတ်ပါ...



ပြင်းအား ၈.၉ မဂ္ဂနီကျူတောင်ရှိပြီး အလွန်ထိတ်လန့်ဖွယ် ကောင်းအောင် အင်အားကြီးမားတဲ့ ငလျှင်အမျိုးအစား ဖြစ်ပါတယ်.. ဒါတောင် ဂျပန်နိုင်ငံလို နည်းပညာ တိုးတက်လွန်းပြီး အဆောက်အဦးတွေကို ငလျှင်ဒဏ်ခံနိုင်အောင် တွက်ချက်ပြီး ဆောက်လုပ်ထားတဲ့ နိုင်ငံမို့ ဒီလောက်ပြင်းအားကို ခံနိုင်ရည်ရှိတယ်လို့ ဆိုရမှာပါ။ နည်းပညာ အားနည်း၊ ငွေကြေးလည်း မချမ်းသာ၊ ကယ်ဆယ်ရေးလုပ်ငန်းလည်း နှေးကွေးလွန်းတဲ့ နိုင်ငံမျိုးသာ ဖြစ်ခဲ့ရင် ဒီလိုပြင်းအား၊ ဒီလို ရေလွှမ်းမိုးမှုမျိုးနဲ့ဆို လူဦးရေ အသေပျောက်ဟာ ကြောက်ခမန်းလိလိ များပြားမှာတော့ အသေအချာသာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်ပေးနေတာ၊ သတင်းတွေ အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်တာ၊ အသေအပျောက်နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နေတာ၊ ဒုက္ခသည်တွေကို ရဲရဲရင့်ရင့် သက်စွန့်ဆံဖျား ကယ်တင်နေတာတွေ ကြည့်ပြီး တာဝန်ရှိသူတွေကို လေးစားဖို့ကောင်းလှပါတယ်..


Image Hosted by PicturePush - Photo Sharing

ပြိုကျသွားတဲ့ လမ်းမကြီး


မီးလောင်နေတဲ့ လောင်စာကန်

ရေလှိုင်းများပေါ်က အပျက်အစီးများ







အပျက်အစီးတွေကြားက သူတို့..


မြို့တွင်းမှာ အင်အားပြင်းရေလုံးများ





အပျက်အစီးနဲ့ ကယ်ဆယ်သူများ


စက်ရုံတွေ အဆောက်အဦးတွေ လဲပြို မီးလောင်


Image Hosted by PicturePush - Photo Sharing

ကားတွေ လေယာဉ်ပျံတွေဟာ ရုပ်ရှင်ထဲကလို အရုပ်တွေမဟုတ် တကယ့်အစစ်တွေပါ..



ဖူကုရှီးမားကျွန်းပေါ်က ပေါက်ကွဲပျက်စီးသွားတဲ့ နယူကလီယားစက်ရုံ မပျက်စီးခင်နဲ့ ပျက်စီးပြီး


မိုင်ပေါင်း ၁၃၀၀ ရှည်လျားတဲ့ ကမ်းရိုးတန်းတစ်လျှောက်က မြို့၊ရွာ၊ နေအိမ်ပေါင်း မြောက်မြားစွာဟာ လှိုင်းလုံးကြီးတွေရဲ့ တိုက်စားမှုကို ခံလိုက်ရပြီး ရေအောက်ကို ကျရောက်လို့ သွားခဲ့ပါတယ်.. အင်အားပြင်းထန်တဲ့ ရေလှိုင်းကြီးတွေဟာ အဆောက်အဦးတွေ၊ ကားတွေကို သယ်ဆောင်ပြီး ရွံ့နွံတွေနဲ့အတူ မြို့တွင်းကို အရှိန်ပြင်းပြင်း ၀င်ရောက်လို့လာပါတယ်.. အချို့အိမ်တွေဟာ မီးတွေလောင်ရက်သား ရေထဲကို မျှောပါနေကြတာဟာ ကြည့်ရတာ တကယ်ကို ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလွန်းလှပါတယ်.. ဘေးအန္တရာယ်ကြောင့် ပြေးလွှားကြရင်း လူစုကွဲသွားပြီး ဟယ်လီကော်ပတာနဲ့ ကယ်ဆယ်လာလို့ ပြန်လည်ဆုံတွေ့ကြရတဲ့ မိသားစုရဲ့ ၀မ်းသာအားရ မျက်ရည်ကျပြီး အော်ဟစ် ပွေ့ဖက်ကြတဲ့ မြင်ကွင်းကလည်း ကြည့်ရသူတွေအတွက် မျက်ရည်ဝဲ မိရသလို ကြက်သီးများလည်း ထမိအောင် သူတို့ မိသားစုကိုယ်စား ၀မ်းနည်းဝမ်းသာ ခံစားရပါတယ်.. မီးခိုးတွေ တစ်လိမ့်လိမ့် တက်လာပြီး ပေါက်ကွဲသွားတဲ့ လျှပ်စစ်ဓာတ်အား စက်ရုံကြီးရဲ့ နယူကလီယာ လှောင်ကန်ကြီးကို တွေ့ရတာတော့ ဖော်မပြတတ်အောင် ထိတ်လန့် တုန်လှုပ်မိပါတယ်.. ဒီအကျိုးဆက်က ဘာတွေ ဖြစ်လာဦးမလဲဆိုတာ ခန့်မှန်းဖို့ ခက်ခဲပြီးတော့ အားလုံးက စောင့်ကြည့်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ မကြာခဏ ကျရောက်လာတတ်တဲ့ သဘာဝ ဘေးအန္တရာယ်တွေဟာ လူသားတွေရဲ့ ဇွဲသတ္တိနဲ့ ကြိုတင်ပြင်ဆင်မှုကို စိန်ခေါ်လို့နေခဲ့ပါပြီ။


ဆူနာမီ ရေလှိုင်းပျံ့နှံ့ပုံ


ပင်လယ်တွင်းက ၀ဲကယက်ကြီး

~~~~~~~~~~~~~~~~~~~~~


ရင်ကျန်း ငလျှင်

ဂျပန်ငလျှင်မတိုင်ခင် တစ်ရက်စောပြီး ၁၁.၃.၂၀၁၁ ကြာသပတေးနေ့မှာ တရုတ်နယ်စပ် ယူနန်ပြည်နယ် ရင်ကျန်းခရိုင်မှာ ငလျှင်တစ်ခု လှုပ်ခဲ့ပါတယ်.. အဲဒီငလျှင်ဟာ ပြင်းအား ၅.၈ သာ ရှိပြီး ဂျပန်ငလျှင်ထက်စာလျှင် အတော်ကို ပြင်းအားနည်းပေမဲ့ ရင်ကျန်းခရိုင် တစ်ဝိုက်မှာတော့ ပျက်စီးဆုံးရှုံးမှုတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့ပါတယ်.. အဲဒီငလျှင်အကြောင်း ထည့်ပြောရတာက ရင်ကျန်းမြို့ဟာ မြန်မာပြည်နဲ့ နီးတဲ့ နယ်စပ်မြို့ ဖြစ်တာကြောင့် မြန်မာလူမျိုးတွေ အတော်များများ စီးပွားရေးနဲ့ အရောင်းအ၀ယ်လုပ်နေတဲ့ မြို့ ဖြစ်ပါတယ်.. ရှမ်းလူမျိုးတွေလည်း အများအပြား နေထိုင်ကြတဲ့ ဒေသဖြစ်ပါတယ်.. အဆောက်အဦးများစွာ ပြိုကျပျက်စီးပြီး လူ ၂၅ယောက်သေဆုံးကာ ဒဏ်ရာရသူ ၂၅၀ ခန့်ရှိတယ်လို့ တရုတ်သတင်းဌာနက ဖော်ပြထားပါတယ်.. အဆောက်အဦးတွေက ဟောင်းနွမ်းနေတာရယ်.. ဖြစ်သလိုဆောက်ထားတဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့ အဆောက်အဦးတွေ ပြိုကျတာရယ်ကြောင့်  ထိခိုက်မှု များပြားရတာပါ။ ဒဏ်ရာရသူတွေထဲမှာတော့ မြန်မာလူမျိုးတွေပါ ပါဝင်ကြောင်း သိရပါတယ်..


ပြိုကျသွားတဲ့ အဆောက်အဦး



  ကယ်ဆယ်ရေးများ



 




အသင့်ပြင်





ပြိုကျပျက်စီးခြင်း


 




တရုတ်ပြည်မှာ ငလျှင်တို့ မြေပြိုတာတို့ စတဲ့ ဘေးအန္တရာယ်ဖြစ်ခဲ့ရင် သက်စွန့်ဆံဖျား ကယ်တင် ကြသူတွေ၊ လျှင်မြန်တဲ့ အကူအညီ ပေးကြသူတွေဟာ ပြည်သူအတွက် ကောင်းမွန်စွာ လေ့ကျင့်ထားတဲ့ စစ်တပ်က ဖြစ်ကြပါတယ်.. တစ်ခုခုဆို စစ်တပ်ဟာ အရင်ဆုံးရောက်သွားပြီး ပြည်သူတွေကို ကယ်တင်ကူညီကြပါတယ်.. ဒါကြောင့်လည်း သူတို့ဆီမှာတော့ ပြည်သူအတွက် အမြဲအဆင်သင့်ရှိတဲ့ ပြည်သူဘက်က ရပ်တည်တဲ့ စစ်တပ်ကို လူထုဟာ ချစ်ခင် လေးစားကြပါတယ်.. အဆောက်အဦး ပြိုကျလို့ ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူများကို စစ်တပ်ဟာ လေယာဉ်များနဲ့ သယ်ဆောင်ပြီး ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းဆေးရုံကြီးကို ပို့ဆောင် ပေးပါတယ်.. အဆောက်အဦးတွေ ကင်းလွတ်ရာ မြို့ပြင်ကွက်လပ်မှာ  ဒဏ်ရာရသူများ၊ နေစရာမရှိသူများ၊ ဒုက္ခသည်များ နေထိုင်ဖို့ အရေးပေါ် ယာယီတဲများထိုးပြီး ပြုစုစောင့်ရှောက်သလို၊ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦးများကြားက ပိနေသူများကိုလည်း ကယ်ထုတ်ဖို့ ကြိုးစားကြပါတယ်.. အထပ်မြင့်ဆေးရုံကြီးတွေပေါ်က လူနာတွေကို ကွင်းပြင်မှာ တဲထိုးပြီး ပြောင်းရွေ့ပေးပါတယ်..








ကယ်ဆယ်ရေးထွက်ခွာဖို့ အဆင်သင့်ပြင်နေတဲ့ စစ်သည်တော်များ
 
 

ထွက်ခွာရန်..





အပျက်အစီးများကို ရှင်းလင်းစဉ်


ပြိုနေတဲ့ အဆောက်အဦးတွေကို ဖြိုချဖျက်ဆီး





 

ယာယီတဲထိုးနေသူများ


ယူနန်ဒေသခံ တိုင်းရင်းသားများ



ဒဏ်ရာရသူများကို လိုက်လံကြည့်ရှု



မြန်မာလူမျိုးအချို့လည်း ဒဏ်ရာရ



ဒဏ်ရာရသူများကို လေယာဉ်ဖြင့်...


အရေးပေါ်ကုသဖို့ပြင်


တရုတ်စိုက်ပျိုးရေးဘဏ်ကလည်း အဆင်ပြေတဲ့နေရာတစ်ခုမှာ ယာယီဘဏ်ဖွင့်လှစ်ပြီး ပြည်သူတွေ ငွေကြေးထုတ်ယူနိုင်ဖို့ အရေးပေါ်စီစဉ်


ငလျှင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဂျပန်နိုင်ငံ ဂျပန်လူမျိုးများ၊ ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာလူမျိုးများ၊ ချစ်ခင်ရသော မိတ်ဆွေ သူငယ်ချင်းများ၊ ဂျပန်ရောက် မြန်မာဘလော်ဂါများ၊ တရုတ်ငလျှင် ဘေးဒဏ်ကြောင့် ဒုက္ခရောက်သူများ၊ ရောက်ရှိနေတဲ့ မြန်မာလူမျိုးများ အားလုံးအတွက် စိတ်မကောင်းဖြစ်မိပါတယ်.. မကြာခင်မှာ အစစ အဆင်ပြေလာပါစေလို့လည်း ဆုတောင်းမိပါတယ်။


အပေါ်မှာ ပြောခဲ့သလို ကျွန်မတို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာ ရုပ်ရှင်ဆန်ဆန် အလွန်အင်အားကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ စိန်ခေါ်မှုကို ခံနေကြရပြီ ဖြစ်ပါတယ်..  သဘာဝ ဘေးအန္တရာယ် ကျရောက်လာရင် အပျက်အစီးဆုံးရှုံးမှု နည်းပါးအောင်၊ သက်သာအောင် ဘယ်လို ပြင်ဆင်ထားကြမလဲ၊ ဘယ်လို ကယ်ဆယ်ရေး လုပ်ငန်းတွေ စီစဉ်ထားကြမလဲ၊ မဖြစ်ခင်မှာ ပညာပေးလုပ်ငန်းတွေ ဘယ်လို ပြုလုပ်ကြမယ်ဆိုတဲ့ အချက်တွေဟာ နိုင်ငံတစ်နိုင်ငံအတွက် အလွန် အရေးပါနေပြီဆိုတာ ဖြစ်ရပ်တွေက သက်သေခံလို့ နေပါတယ်.. နည်းပညာ အဆင့်အတန်းမြင့်လှပြီး တိုးတက်လှတဲ့ ဂျပန်လို နိုင်ငံကြီးတောင် စနစ်တကျ တွက်ချက် တည်ဆောက်ထားတဲ့ အဆောက်အဦးတွေ၊ နယူကလီယာ စက်ရုံကြီးတွေဟာ ဆိုးဝါးတဲ့ သဘာဝဘေးဒဏ်ကြောင့် အလွန်ကြီးမားစွာ ပျက်စီးဆုံးရှုံးရသေးရင် ပြင်ဆင်မှုအားနည်းတဲ့ နိုင်ငံတွေအတွက် ခုလိုများ ကြုံလာရင် ဘယ်လိုများဖြစ်မလဲ... ဒီတော့ ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်မိပါတယ်.. ကျွန်မတို့ ဘာတွေပြင်ဆင်သင့်ပြီလဲ.. ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ?? သံဝေဂ ရစရာကတော့ ကျွန်မတို့ကမ္ဘာမြေကြီးမှာ တည်မြဲတဲ့အရာဆိုတာ ဘာမှ မရှိဘူးဆိုတာပါဘဲ။


ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေ...






သတင်းဓာတ်ပုံများကို




http://www.bbc.co.uk/news/
http://english.peopledaily.com.cn/
http://www.610cktb.com/news/local/
http://freddyo.com/death-toll-rises-in-japan/uncategorized/ 
http://kidsblogs.nationalgeographic.com/kidsnews/2011/03/earthquake-and-tsunami-jolt-japan.html
NHK  တို့မှ ရယူအသုံးပြုထားပါသည်။

30 Responses to “ရုပ်ရှင်မဟုတ်သော....”

may16 said...

အမရေ ဒုက္ခရောက်နေသူတွေအားလုံး ကျန်းမာချမ်းသာပြီး ဒီ ဆင်းရဲ က အမြန်ဆုံး လွတ်နိုင်ပါစေလို့ ဆုတောင်းပါတယ်ရှင်..

ကျန်းမာပါစေမင်္ဂလာပါ-
ချော---ရေ
မျှဝေပေးတော့အနီးကပ်မြင်ရတာပေါ့နော်-
စင်္ကာပူလည်းမျက်ခုံးခပ်လှုပ်လှုပ်ပါဘဲဗျာ-

rose of sharon said...

သဘာဝဘေးအန္တရယ်ကျရောက်လာတဲ့အခါ ဘယ်လောက်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်ပါစေ... ပြင်ဆင်ချိန်မရဘဲ ခံလိုက်ရတာပါဘဲ... မြန်မာနိုင်ငံများဖြစ်ရင်... မတွေးရဲအောင်ပါဘဲ...

ဝက်ဆလူး said...

ဟင်းးးးးး
သူတို့ နိုင်ငံက ဝန်ကြီးတွေ အထက်ကလူကြီးတွေက အားလုံး လုပ်ပေးတယ်လေ ကယ်ဆယ်တာတို့ ဘာတို့ပေါ့ အဲဒါတွေ့တိုင်း ဒေါသထွက်တယ် အဟုတ်ပြောတာ သူများတွေနိုင်ငံများ တခုခုဖြစ်ရင် စစ်တပ်ကလုံးဝ မနေဘူး အကုန်လုပ်ပေးတယ် လိုသေးလေးမရှိ အမလေး မြန်မာနိုင်ငံများ လှူမယ့်လူရှိတာတောင် ပိတ်ပင်တားမြစ်တယ် စိတ်ကိုတိုတယ် ဒေါသလဲ ထွက်တယ် တကယ့်တကယ်ကျတော့ မြန်မာပြည်သူတွေက သနားဖို့အကောင်းဆုံးပါ

ခု ဂျပန်လဲ အားလုံး အဆင်ပြေပါစေ လို့တော့ ဆုတောင်းပေးလိုက်ပါတယ် ......

ဝမ်းနည်းခြင်းများစွာဖြင့် ဖတ်သွားပါတယ် .....

မြစ်ကျိုးအင်း said...

ကြိုတင်မသိနိင်တဲ့ ငလျင်လိုမျိုးမှာ နိင်ငံခေါင်းဆောင်တွေက အားတက်သရော ကူညီကယ်တင်ပေးတာ မြင်ရတာ ဝမ်းနည်းစရာထဲက ဝမ်းသာစရာ အဖြစ်လေးတွေပါပဲ။ ကြိုသိနေတဲ့ မုန်တိုင်းမျိုး ဆိုရင်တော့ တစ်ယောက်မှ ဒဏ်ရာမရ မသေအောင် ပြင်ဆင်မှု အားကောင်းကြတယ်။ ဒါကြောင့်လည်း နိင်ငံတကာမှာ မျက်နာပန်း လှတာပေါ့။
ကမ္ဘာသူ ကမ္ဘာသားတွေ ကပ်ဘေးတွေမှ လွတ်ကင်းပါစေ။

မောင်မျိုး said...

ပုံတွေကြည်ါ့ပြီး စိတ်မကောင်းလိုက်တာ တကယ်ပဲ ရုပ်ရှင်ဆန်သောဖြစ်ရပ်တွေလည်း အပြင်မှာ ဖြစ်တတ်တာပါပဲး(

မေဓာဝီ said...

ကပ်ဆိုက်နေသလားလို့ ထင်မိတယ် ချောရေ ...
ကမ္ဘာပေါ်မှာ တကယ်တမ်း ဘယ်နေရာမှ လုံခြုံစိတ်ချရတဲ့ နေရာမရှိဘူး။ ဒါတွေကြည့်ပြီး သံဝေဂလဲ ဖြစ်မိတယ်။
ဒါကြောင့်လဲ ဘုရားတရား ပိုလုပ်ဖြစ်တယ်။
သတ္တ၀ါတွေကို ဘေးကင်းအောင် မေတ္တာပို့ဖြစ်တယ်။ မရှောင်မလွှဲနိုင်လို့ ပါသွားလဲ ကောင်းရာမွန်ရာ ရောက်ချင်တယ်။

...အလင်းစက်များ said...

အစ်မချောရေ....

ကျနော်တီဗွီသတင်းတွေ ကြည့်ရင်း စိတ်မကောင်းလွန်းလို့  ခု သတင်းကြည့်တာ၊ ဖတ်တာတောင် ခဏနားထားလိုက်တယ်။

ရေလှိုင်းထဲမှာ မြောလာရင်း မီးတွေ လောင်နေကြတာ၊ လုံးဝကို မယုံနိုင်တာ...၊ ဂျပန်ဟာ နည်းပညာမှာ အရမ်းကို သာလွန်တဲ့ နိုင်ငံပါ၊ ဒါတောင် သူတို့  Reactor တွေရဲ့ Cooling System ပြန် ကောင်းအောင် မလုပ်နိုင်ကြတော့ဘူး၊ ငလျင်ကြားမှာ ဘယ်လို ပြန်လုပ်မလဲ အစ်မရယ်။

အဖိတ်အစင်နဲ ပါစေလို့ ပဲ ထိုင်ဆုတောင်းနေမိတယ်။

တရုတ်ပြည်မှာတော့ စစ်တပ်က အဲ့သည့် သဘာဝအေးဆိုးတွေ ကျရင် အင်မတန် အားကိုးရပါတယ်။ ကွမ်ကျိုး ? ငလျင်တုန်းကဆို စစ်တပ် ပဲ သေသေချာချာလုပ်သွားတာပဲ မဟုတ်လား။

ဘာပဲဖြစ်ဖြစ် စိန်ခေါ်မှုတွေက တစ်ခုထဲပြီးမှာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံက လူကြီးတွေကိုလဲ ဦးနှောက်ကြီးကြီးသုံးစေချင်တယ်ဗျာ။ Nuke မပိုင်တာ လောလောဆယ်တော့ စိတ်ပူပန်မှုတစ်ခုလျောကျစေတာပဲနော်။

ကျောက်နာမီ said...

ကယ်ဆယ်ရေးလုပ်ငန်းကို ဗမာပြည်က စံနမူနာယူသွားတာဖြစ်မယ်..
ဟိုနေ့က လွှတ်တော်သတင်းမှာ နာဂစ်ကယ်ဆယ်ရေးကို ကမ္ဘာကတောင် စံနမူနာယူရတယ်လို့ သတင်းစာမှာရေးတာဖတ်လိုက်ရသေး

ချစ်ကြည်အေး said...

မောတယ် ချော...ချစ်ညီမလေးရေ....စိတ်တွေ မကောင်းလိုက်တာများ အဲ့နေ့က အလုပ်ထဲမှာ ၅မိနစ်လောက် မျက်စိမှိတ်ပြီး ငြိမ်နေမိတယ်။ ပြီးမှ ခုနှစ်ရက်သားသမီးအားလုံးအတွက် စိတ်ထဲကနေ မေတ္တာပို့ အပျက်အစီး အဆုံးအရှုံး နဲနိုင်သမျှ နဲပါစေလို့ ဆုတောင်းရင်းပေါ့။ ဘယ်အရာမှ မမြဲပုံများ... သံဝေဂယူစရာနော်....။

sosegado said...

ဂျပန်ဟာပြန်လည်ထူထောင်နိုင်မယ်လို့ ဂျပန်လူမျိုးအားလုံးက ယုံကြည်ပြီးအေးဆေးတဲ့ပုံစံပါပဲ၊ အစိုးရကလည်း SOPအတိုင်းသွားတာပဲ၊

love said...

ကျေးဇူတင်ပါတယ်။

ညီလင်းသစ် said...

မြင်ရတဲ့ ပုံရိပ်တွေက တကယ့်ကို မယုံနိုင်စရာပါပဲ..၊ လောလောဆယ် မျက်စိထဲမှာ ဒါတွေပဲ မြင်နေတယ်..။

NayWaThan said...

အခုမှ ဘလော့ခ်ထဲဝင်ကြည့်ဖြစ်တယ် မချောရေ..... လူဦးရေ ၁၃၀၀ ကျော်နေပြီ.. သေတာ.... အခုလောလောဆယ် နယူးကလီးယားစက်ရုံကို ပိုစိုးရိမ်နေရတယ်.......


ခင်မင်တဲ့
နေ၀ဿန်

ဖြစ်ပြီးသွားတဲ့ အတွက်စိတ်မကောင်းဖြစ်နေသလို ၊ ဖြစ်မလာသေးပေမယ့် စိုးရိမ်နေရတဲ့ နျူစက်ရုံကြီးအတွက် ထပ်မပေါက်ကွဲပါစေနဲ့ ဆုတောင်းပါတယ်။ တကယ်ကို ဖြစ်ပျက်နေတာတွေအတွက် စိတ်မကောင်းဖြစ်နေမိပါတယ်။

ခင်မင်လေးစားလျက်

စိတ်မကောင်းဖြစ်လိုက်၊ ၀မ်းသာရလိုက်၊ ဒေါသဖြစ်လိုက်နဲ့ပဲ ချောရေ...

စိတ်မကောင်းဖြစ်မိတာက-သူများတွေဒုက္ခရောက်နေလို့၊

ဝမ်းသာရတာက-သူတို့နိုင်ငံလူငယ်၊ လူကြီးတွေ၊ တကမ္ဘာလုံးကလူတွေ ကူညီကြမှာပါ၊

ဒေါသဖြစ်မိတာက-မြန်မာပြည်ရေလွမ်းတုန်းက မကူညီကြတဲ့အပြင် တခြားအကူညီလည်း လက်မခံဘူးလေ။

ရွှင်လန်းချမ်းမြေ့ပါစေ...

nYi ThU E@in said...

၂၀၁၂ တောင် မရောက်သေးဘူး
ရှေ့ပြေးနိမိတ်တွေ လာနေပြီ
ဒီမျှနဲ့ပဲ ဒီအနိဌာရုံတွေ ရပ်ပြီး ကမ္ဘာကြီး
ငြိမ်းချမ်းသာယာဖို့ တူတူဆုတောင်းကြတာပေါ့
ြ့ပီးတော့ ကိုယ်တိုင်လည်း ငြိမ်းချမ်းအောင်
နေကြပါစို့..။

jr said...

ချောရေ.. ပါးစပ်အဟောင်းသားနဲ့ ၂၀၁၂ကားထဲကလိုပဲနော် လို့ ခဏခဏ ရေရွတ်ပြောဆိုနေမိတယ်။

ပန်ဒိုရာ said...

ကြောက်စရာကောင်းလိုက်တဲ့ မြင်ကွင်းတွေဟာ ရုပ်ရှင်မဟုတ်ဘဲ တကယ့်အဖြစ်အပျက်ဆိုတာ ရင်နာစရာ။ လူသားတွေအားလုံး စစ်တွေရပ်စဲပြီး သဘာဝဘေးကို လက်တွဲညီညီ ခုခံရမယ့် အချိန်ရောက်နေပြီ။

အမချောရေ...
တကယ်ကို စိတ်မကောင်းစရာကြီး။ ပြီးတော့ ကြောက်စရာကြီး။ ကမ္ဘာမြေကြီး ငြိမ်းချမ်းပါစေလို့ဘဲ ဆုတောင်းရတော့မှာပေါ့

အားလုံးတရားသံဝေရပြီး ငြိမ်းချမ်းမှုဆီ ဦးတည်နိုင်ကြပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Baby taster said...

စိတ်မကောင်းစရာပဲနော် ဒါပေမဲ့ သူတို့ နိုင်ငံက
အစိုးရတွေက ကောင်းးပါတယ်။ တာဝန်ယူကြတယ်
ဒါနဲ့ ချောရေ ကိုယ့်ဘလောဂ့်မှာ ပို့စ်က မတက်လာဘူးနော် တင်ပြီး ၁၀နာရီလောက်ကြာမှ တွေ့တယ် ဘာလို့လည်း မသိဘူးနော်

အလင်း said...

အင်း....ကြောက်စရာကောင်းသလို၊ သံဝေဂ ရစရာလည်း ကောင်းပါတယ်ချောရေ။ ဘယ်မှာလည်းချမ်းသာတယ်ဆိုတာ။ ကောင်းကျိုးဆိုးကျိုးမျှတယ်ဆိုတဲ့ သိပ္ပံပညာဟာ ခုတော့ ဆိုးကျိုးတွေဘက်ကို သာ ဦးတည်လို့နေပါပြီ။ အေးချမ်းပါစေ။

မချောရေ ....
ပုံလေးတွေကို ပြည့်ပြည့်စုံစုံတင်ပေးတာ ကျေးဇူးတင်ပါတယ် ....။
ရင်ထဲမှာလဲ ဒူက္ခရောက်နေသူ ကပ်ဘေးဆိုက်နေသူတွေနဲ့ ထပ်တူထပ်မျှခံစား စာနာမိတယ် ...။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ အတိုင်းပဲ သုညကမ္ဘာကို မရောက်ခင် တစ်နေ့ ကမ္ဘာကြီးပျက်မယ် ရေတွေ မီးတွေနဲ့ လူတွေ ကပ်ဆိုက်ကြမယ် ဆိုတာလေးကို စဉ်းစားမိရင်း တော်တော်လေး တုန်လှုပ်မိတယ်...။

ရုပ်ရှင်ထဲက ပုံစံမျိုးတွေ တကယ်ပဲ ဖြစ်နေပြီ.. တကယ် စိတ်မကောင်းစရာပါပဲ..

noblemoe said...

မမရေးး
နာဂစ်တုန်းကရန်ကုန်ကမြင်ကွင်းကိုကြည့်ပြီးရင်ထဲအတော် မနေသာဖူး ခုဟာတော်တော်ကြောက်စရာကောင်းတာ

ကမ္ဘာပေါ်ရှိလူသားတိုင်းဘေးကင်းနိုင်ပါစေ
ဘေးအန္တရာယ်များရှိခဲ့သော် လူသူမရှိသောအရပ်၌သာကျရောက်ပါစေသား

အားလုံးဘေးကင်းလို့ သာယာချမ်းမြေ့ပါစေရှင်း
မိုး

Anonymous said...

တကယ်စိတ်မကောင်းစရာမြင်ကွင်းတွေပါဘဲ။
Thanks for sharing.
Iora

စိတ်ကို မချမ်းသာပါဘူး မချောရယ် ..း((
ဘာပဲဖြစ်ဖြစ် သူတို့က ခိုးကိုးရာ ရှိသေးတယ်နော် .. ကိုယ့်မြို့ရွာမှာ ဖြစ်ကြည့်ပါလား ..

နာဂစ်တုန်းက အဖြစ်ကို တွေးမိရင် ဒေါသထွက်တယ် ..း(

မချောရေ တကယ်စိတ်မကောင်းစရာ ဖြစ်ရပ်လေးပါပဲ။ ဂျပန်ကို ဆူနာမီ၊ ငလျင်လှုပ်ပြီ ဆိုတာနဲ့ CNN ကကြည့်ရတယ်။ ဂျပန်ပြည်သူတွေနဲ့ အတူ စိတ်မကောင်းဖြစ်မိပါတယ်...

blackcoffee said...

ခုတလော စိတ်မကောင်း စရာတွေ ဆက်တိုက်တွေ့ နေရတယ်။ ကိုယ်တွေက စိတ်မကောင်းရုံဆိုပေမယ့် တကယ်ကြုံတွေ့ နေတဲ့ သူတွေကတော့ ကမ္ဘာပျက်နေသလို ခံစားရမှာပါ။ ကိုယ်ချင်းစာမိပါတယ်ဗျာ...
သူတို့ ဘဝလေးတွေ မြန်မြန်အဆင်ပြေပြီး အထိုင်ပြန်ကျပါစေလို့ ဆုတောင်းရင်း.....

PhyoPhyo said...

ပထမ ဂျပန်မှာငလျင်လှုပ်တယ်ဆိုတဲ့သတင်းတွေ့တော့ စိတ်ထဲ သိပ်မပူမိသေးဘူး၊ ဂျပန်ကလှုပ်နေကြကိုး၊ နောက်တော့ ပြင်းအားကများတာလည်း သတိထားမိ၊ သတင်းတွေက တက်လာ၊ ပုံတွေမြင်ရ၊ နောက်တော့ ဆူနာမီလှိုင်းနဲ့ အမှိုက်တွေမြောလာပြီး အိမ်တွေကားတွေ ဆိုတာ အရုပ်လေးတွေလိုပဲ၊ စိတ်တွေမကောင်းလိုက်တာ၊ နောက် ဒီနေ့သတင်းတွေကြည့် နူကလီးယားစက်ရုံတွေလည်း ပေါက်ကွဲကုန်တယ်ဆိုတော့ ကိုယ်လည်း စိတ်တွေပူလာတာ နေလို့တောင်မကောင်းဘူး၊ breaking news ပဲ စောင့်စောင့်ကြည့်နေမိတော့တယ်၊
ဟီရိုရှိးမားဗုံးကြဲခံရပြီးနောက်ပိုင်းပုံတွေတောင် ပြန်သတိရလာတယ်၊ အသေအပျောက်အနည်းဆုံးနဲ့ အမြန်ဆုံးနလန်ထူလာဖို့ ဆုတောင်းပါတယ်၊
မချောလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ
တရုတ်ငလျင်ကို သတင်းမှာ ကြားလိုက်ပြီး ဂျပန်ငလျင်သတင်းတွေကြည့်တာနဲ့ သေချာမသိလိုက်ဘူး၊ မြန်မာနဲ့ နီးတာကိုးနော်