ငါးလိမ္မော်ပေါင်းနဲ့ ၀က်သားသီဟိုဠ်စေ့ကြော်






ဒီအပတ်အတွက် အစားအသောက်ကဏ္ဍမှာ ဖော်ပြပေးချင်တဲ့ ဟင်းလျာက ထူးထူးခြားခြားမဟုတ်ပဲ အလွယ်တကူ ချက်ပြုတ်နိုင်တဲ့ ငါးလိမ္မော်ပေါင်းနဲ့ ၀က်သားသီဟိုဠ်စေ့ကြော် ဖြစ်ပါတယ်။

ငါးလိမ္မော်ပေါင်း

ငါးလိမ္မော်ပေါင်းဖို့အတွက် ငါးအနေတော် တစ်ကောင်လုံးကို ကြေးခွံထိုး၊ ဗိုက်ဖောက်၊ ရေစင်အောင်ဆေးပြီး ဓါးနဲ့မွန်းကာ ဆား၊ ငံပြာရည်၊ အရသာမှုန့်တို့ဖြင့် နယ်ပြီး ခေတ္တထားပါတယ်။


  ဆား အရသာမှုန့်နယ်



ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ခရမ်းချဉ်သီး ၃လုံးခန့်၊ နံနံအနည်းငယ် တို့ကို တောက်တောက်စင်းထားပါတယ်..





ထို့နောက် ၄င်းတို့ကို ပန်းကန်တစ်လုံးတွင်ထည့်ကာ ငရုပ်သီးဆော့၊ ဆား၊ ငံပြည်ရည် နှမ်းဆီအနည်းငယ်၊ အသားမှုန့်တို့ဖြင့် ရောမွှေထားပါတယ်။ ငံပြာရည်ကို ခပ်များများ ထည့်ပါတယ်.. သို့မှသာ ငါးထဲကို အရသာများ ၀င်မှာမို့ပါ။



ငါးကို ပေါင်းမဲ့ ပန်းကန်ပြားထဲထည့်ကာ ရောမွှေထားသော ခရမ်းချဉ်သီးအနှစ်များကို ငါးပေါ် လောင်းချ လိုက်ပါတယ်။ တကယ်လို့ ဒီအနေအထားအတိုင်း ပေါင်းရင်လဲဖြစ်ပါတယ်.




ကျွန်မက နည်းနည်းလေး ထပ်ကွန့်ဖို့အတွက် အခွံနွာကာ ပါးပါးလှီးထားသော လိမ္မော်သီး အချပ်ကလေးများဖြင့် ငါးပေါ် ပုံပါအတိုင်း လှလှပပ ပြင်ဆင်ပါတယ်။


ရေထည့်ထားတဲ့ အိုးတစ်လုံးနဲ့ ပေါင်းဖို့ ပြင်ဆင်ပါတယ်။ ၁၅မိနစ် မိနစ် ၂၀ခန့်ပေါင်းပြီးရင် ငါးအသားတွေ နူးလာပြီမို့ ချလို့ရပါပြီ။


အပေါ်က နံနံပင်လေးအလှဆင်ပြီး ငရုပ်ကောင်းမှုန့်လေး ဖြူးပြီးရင် လှလှပပလေး ပြင်ဆင်ထားတဲ့ ငါးလိမ္မော်ပေါင်းကို သုံးဆောင်နိုင်ပါပြီ။




အရသာလဲရှိ အမြင်အားဖြင့်လဲ လှတာမို့ ဧည့်သည်လာရင်လဲ အထူးအဆန်းလေးအဖြစ် ဧည့်ခံဖို့ကောင်းတဲ့ လွယ်လွယ်ကူကူ ဟင်းတစ်မယ် ရနိုင်ပါပြီရှင်။

~~~~~~~~~~~~~~~~~~~~~~



ဝက်သားသီဟိုဠ်စေ့ကြော်


ဝက်သားသီဟိုဠ်စေ့ကြော်ဖို့အတွက် ၀က်သား မိမိနှစ်သက်သလောက်ကို အနေတော်အတုံးလေးများ တုံးပြီး ဆား၊ အရက်အနည်းငယ်၊ အရသာမှုန့်တို့ဖြင့် နယ်ထားပါတယ်။



ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးစိမ်း၊ မုန်လာဥနီတို့ကို ပုံပါအတိုင်း ပြင်ဆင်ပါတယ်။

သီဟိုဠ်စေ့များကို အဆင်သင့်ပြင်ထားပါတယ်။


ဝက်သားများကို ဆီနှင့်ကြော်ပါမယ်။



ဝက်သားရွှေရောင်သန်းလာပြီဆိုလျှင် ကြက်သွန်၊ ဥနီ စသည်တို့ကို ထည့်ပါတယ်..

သီဟိုဠ်စေ့များကို ထည့်ကြော်ပါတယ်.. ဆား၊ အရသာမှုန့်ထည့်ပြီး အနေတော်ဖြစ်ပြီဆို ချလို့ရပါပြီ



ပန်းကန်ပြားတစ်ချပ်တွင် ဆလပ်ရွက်များကို ခင်းလိုက်ပါတယ်.


ခင်းထားတဲ့ ဆလပ်ရွက်ပေါ် ၀က်သားသီဟိုဠ်စေ့ကြော်တို့ကို ထည့်လိုက်ပြီးရင်တော့ အစိမ်းရောင် အခင်းပေါ်က စိတ်ဝင်စားဖွယ် ပြင်ဆင်ထားတဲ့ ၀က်သားသီဟိုဠ်စေ့ကြော် ရပါပြီ။






ပိတ်ရက်တွေမှာ မိမိ အိမ်မှာ မိသားစုနှင့်သော်လည်းကောင်း၊ သူငယ်ချင်း မိတ်ဆွေများနဲ့ သော်လည်းကောင်း အချိန်ပေး ချက်ပြုတ်နိုင်ဖို့ ဝေမျှလိုက်တဲ့ ငါးလိမ္မော်ပေါင်းနဲ့ ၀က်သားသီဟိုဠ်စေ့ကြော် တို့ဟာ ဒီတစ်ပတ်အတွက် Weekend Special  ဖြစ်ပါတယ်။


အစစအရာရာ အဆင်ပြေ ပျော်ရွှင်သော နေ့ရက်များ ဖြစ်ကြပါစေရှင်။


26 Responses to “ငါးလိမ္မော်ပေါင်းနဲ့ ၀က်သားသီဟိုဠ်စေ့ကြော်”

Evy said...

စားချင်စဖွယ် ရှယ်လေးတွေ ချောရေ

ahphyulay said...

အင်း..
မချောရေ၊ နှစ်ခုလုံး သားရည်ကျစရာတွေပဲ။
မချောတော့  စားသောက်ဆိုင်ဖွင့်လို့ ရပြီနော..။
အစိမ်းရောင်လွင်ပြင်စားသောက်ဆိုင်ပေါ့ ဗျာ ၊
အဲ .. နောက်ဖေးက ချောင်းကလေးမှာဖွင့် ဟဲဟဲ..။
ဒါနဲ့  ကျွန်တော်တီထွင်တာတစ်ခုပြောခဲ့ မယ်လေ၊
ဘဲဥချဉ်ရည်ဟင်းကို ငါးပိစိမ်းဆားလေး နဲနဲ ခိုးထည့်
ပြီးရင် ထညက်ရည်လေးပါ တကယ့်နဲနဲလေးပဲ
ထပ်ပြီး ခိုးထည့်  ချက်ကြည့် ၊ ဒါလည်း ရှယ်ပဲ၊
လျှာပေါ်စွဲ ၊ ဟဲဟဲ .. ဆရာမကြီးကို
ဆရာလုပ်သွားပြီနော်..။

ခင်တဲ့ 

အဖြေးလူ ။

မောင်မျိုး said...

အဲ့လို ထူး၂ခြား၂ ချက်ထားတာလေးတွေ တစ်ခါမှမစားဖူးသေးဘူးး(

ဟေဟေ့...
ဒီနေ့တော့ တွတ်ပီတို့ ကံကောင်းပြီထင်တယ်.။
မနက်စောစော နိုးလာတာနဲ့ ရွှေချောခင်းကျင်းပြင်ဆင်ပေးထားတဲ့ ငါးလိမ္မော်ပေါင်းလေးနဲ့ ဗိုက်ကို ပြန်ပွတ်ကြည့်..။
အမယ်...မစားရသေးဘူး..အစာကောင်းတွေ့တော့ ဗိုက်ကလေးတောင် လုံးတုံးတုံးလေး ဖြစ်လို့

rose said...

အစ်မချောရေ... ငါးလိမ္မော်ပေါင်းလေး စားသွားတယ်။ ရို့စ်လည်း အဲ့လိုပဲ ပာင်းချက်ရင် တစ်ခါတလေ ဘယ်သူမှ မချက်တဲ့ နည်း ကိုယ့်ဘာကိုယ် လျှောက်ထည့် တတ်တယ် ခစ်ခစ်။ စားလို့ အရသာ ရှိ ပြီးတာပဲနော့။ ပုံသေ ကားချပ်ကြီး ဖြစ်စရာမှ မလိုတာ။ သူ ဆို ရို့စ် အဲ့လို ချက်ရင် ကြည့် ကြည့်ပြီး ရယ်ရော :D

Anonymous said...

မစားရပေမဲ့ ၀ခမန်းနီးနီးကြီးကို လာငမ်းသွားတယ် နောက်တစ်ခါဆို ရှမ်းတို့ဟူးလုပ်ကျွေး အမရာ...;)

ငါးပေါင်းက အရည်တွေ အပြင်ကို မကျဘူးလားအစ်မ ကျနော်ပေါင်းဖူးတာလေ... အရည်တွေကျတာ မိုက်ခရိုဝေ့ တောင် အူကြောင်ကြောင်ဖြစ်သွားတယ်... နေလှန်းလိုက်မှ အဆင်ပြေသွားတယ်ဗျာ။

ဝက်သားကတော့ ၀ိတ်တွေတက်လို့  ခဏရှောင်ထားတယ်။ အဟီး အစ်မအိမ်လာလည်ဖြစ်မှ အလကားစားမယ်..... ကောင်းဝူးလားဟင်။

subuueain said...

မမချောဟင်းတွေက အဆန်းလေးတွေချည်းဘဲနော်။ ငါးကို လိမ္မော်နဲ့ပေါင်းတဲ့အရသာက ဘယ်လိုလေးလဲအမ။ ချိုချဉ်လေးလား။စိတ်ဝင်စားစရာလေးနော်။

ကျောက်ငါးပေါင်း said...

ဒီတခါ ငါးပေါင်းရင် လှမ်းအော်လိုက် မယ်ချောရေ့..ပြေးလာခဲ့မယ်...
ဝေလငါး ကိုပေါင်းရင်တော့ လိမ္မော်သီးဖိုး မသက်သာလောက်ဖူး..

Anonymous said...

ဝက်သီဟိုစေ့က သူသိပ်ကြိုက်တာ
ငါးကတော့ ကိုယ့်အကြိုက်
ငါးပေါင်းလုပ်ကြည့်ဦးမယ် လိမ္မော်သီးမထည့်ပဲလုပ်မယ်

စူးနွယ်လေး

Anonymous said...

ဟင်းအဆန်းလေး စားသွားတယ် ညီမရေ

ဆောင်း

ညီလင်းသစ် said...

ငါးလိမ္မော်ပေါင်းက စိတ်ဝင်စားစရာပဲ၊ ပေါင်းချိန် မိနစ် ၂၀ လောက်ပဲ ကြာတယ်ဆိုတော့ မြန်မြန်၊ လှလှ၊ အရသာ ရှိရှိ စားရမယ့် ဟင်းတစ်ခွက်ပဲ ထင်တယ်..၊း)

ချောချက်တဲ့ဟင်းလေးတွေကအဆန်းလေးတွေ၊ငါးလိမ္မော်ပေါင်းလေးလုပ်စားကြည့်မယ်။

Iora said...

ငါးသံပုရာပေါင်းတော့ စားဘူးတယ်။ လိမ္မော်ပေါင်းတော့ မစားဘူးပါ။ ကောင်းမှာဘဲ လိမ္မော်သီးကို အရသာရော အနံ့ ရောကြိုက်တော့လေ။ သီဟိုစေ့တော့မကြိုက်။ ၀က်သားကတော့အားပေြး့ပီးသား။း))

ဂရုပ်ပါအနီ (red grouper)ကိုသာ ပေါင်းလိုက်ရင်တော့ ရှယ်ပဲ။

may16 said...

မချော ရေ အစားနဲ့ နှိပ်စက်နေပါတယ် :P

ချောသုံးတဲ့ပန်းကန် အရမ်းလှတာပဲနော် ငါးလိမ္မော်ပေါင်းက ချဉ်ပြုံးပြုံးလေးနေမှာပဲ
ဝက်သားသီဟိုဠ်စေ့ကြော်လည်း အရမ်းကောင်းမယ့်ပုံပဲ ဘုန်းဘုန်းတို့နေတဲ့မြို့မှာတော့ ၀က်သားမရောင်းဘူး ကျန်းမာရွှင်လန်း အေးချမ်းပါစေနော် ချော...

ဆွေလေးမွန် said...

မချောရေ တစ်ခါတစ်ခါ မချောချက်တဲ့ ဟင်းတွေ ကြည့်ပြီး ...အားကျလိုက်တာလို့..
စားလဲ စားချင်တယ်..
အဲဒါ ပြောတာပေါ့...အိမ်နဲ့ဝေးဝေးနေမှ အိမ်ရဲ့ တန်ဖိုး ကိုသိတယ်ဆိုတာ..
ငါးလိမ္မော်ဟင်းလေး ကလှလဲလှ စားလဲ စားချင်စရာလေး..

တစ်ခါမှ လုပ်မစားဖူးသေးတဲ့ ဟင်းတွေပဲ။ ဗိုက်ဆာဆာနဲ့ ဝင်ဖတ်နေတာ ပိုဆာသွားပြီ မချောရေ....။ ခုမှ ညစာစားမှာ။ မချော ပုံလေးတွေဖွင့်ပြီးစားမယ် ပိုစားမြိန်အောင်လို့....း)

ခင်မင်လေးစားလျက်

လိမ္မော်သီးတွေ ထည့်ပေါင်းတော့ မခါးသွားဘူးလား။
ဝက်သားသီဟိုဠ်စေ့ကြော်မြင်တော့ ဘီယာဗူးလေး မြင်ယောင်သွားမိတယ်း)

ငါးတော့မကြိုက်ဘူးဗျာ...၀က်သားသီဟိုဠ်စေ့ကြော်တော့ မြည်းကြည့်ချင်သား အိမ်ရှင်မကို အချက်ခိုင်းရင်း ခေါင်းခေါက်ခံရရင်တော့ မချောကြောင့်ပဲဗျား

ဗိုက်အရမ်းဆာနေတုန်းရောက်လာတယ် ...ဂလု...ဂလု...။ ဗိုက်ထဲက အသံကြီးကြီးမြည်သွားတယ်...။


ခင်တဲ့
မိုးငွေ့

blackcoffee said...

မချောတို့ ကတော့ သားရေ မယိုယိုအောင် လုပ်နေတော့တာဘဲ...
ရှလွတ်... သားရေယိုရင်း ပြန်ပြီ။

ခွန် said...

အပေါ်ကမောင်နှမတွေအားလုံး ပြောတဲ့အတိုင်းပါဘဲ :D
အစ်မချက်တာတွေက အမြင်လည်းလှတယ်။ ခွန်တို့ဆီမှာ ဆိုင်ဖွင့်လို့ရတယ်အစ်မ။ ဂျပန်တွေက ပါးစပ်နဲ့မစားခင် မျက်လုံးနဲ့အရင်စားတာဆိုတော့လေ...

ဒီရက်ပိုင်းမမန့်ဖြစ်ပေမယ့် အမြဲေ၇ာက်ပါတယ်နော်..... အစ်မ။

PhyoPhyo said...

ငါးလိမ္မော်ပေါင်းက လုပ်ရတာလည်းလွယ်တယ် စားလို့လည်းကောင်းမယ့်ပုံလေး၊ ၀က်သားသီဟိုစေ့ကြောက်ဆိမ့်နေမှာပဲ၊
စားချင်တယ်၊ ဒီ weekend special စတင်မျှော်နေပါပြီ
ချစ်တဲ့

Anonymous said...

ဝက်သီဟိုဌ်စေ့ကြော်မှာသီဟိုဌ်စေ့ကအစိမ်းလား၊လှော်ထားပြီးသားလားခင်ဗျား