ထူးဆန်းတဲ့ ရေပူစမ်းနဲ့ နှင်းခဲလုံးလေးများ

ထူးဆန်းတာလေးတွေအကြောင်း မရေးဖြစ်တာ ကြာပြီမို့ ဒီပိုစ့်မှာတော့ ထူးထူးဆန်းဆန်းလေးတွေ ရှာဖွေ တင်ပြချင်ပါသေးတယ်။


သဘာဝနှင်းရေခဲလုံးများ



မီချီဂန် ရေကန်အစပ်က ရေခဲလုံးများ


သိပ်မကြာခင်ကမှ နိုင်ငံတော်တော်များများမှာ နှင်းတွေ ကျတဲ့ ဆောင်းရာသီကို ဖြတ်သန်းခဲ့ကြပါတယ်။ နှင်းတွေ အဆုပ်အခဲလိုက် မြေပြင်ပေါ်မှာ ကျဆင်းလာရင် ကလေးတွေနဲ့ ပျော်တတ်သူအချို့က နှင်းလုံး (snow ball) တွေလုပ်ပြီး ဆော့ကစားတတ်ကြပါတယ်။ ဖြူဖြူအပွင့်လေးတွေ အဖြစ် ကျဆင်းပြီး မြေပြင်ပေါ်မှာ တဖြေးဖြေး အထပ်ထပ်ဖြစ်လာတဲ့ နှင်းပွင့်တွေဟာ လူကိုယ်တိုင်က မဖန်တီးဘဲ အလုံးကလေးတွေ ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ အောက်က ပုံမှာ ရှိနေတဲ့ နှင်းလုံးခေါ် ရေခဲလုံးလေးတွေဟာ လူက ဖန်တီးပြုလုပ်ထားတာ မဟုတ်ဘဲ အံ့သြဖွယ်ရာ အလိုအလျောက် ဖြစ်နေကြတဲ့ အလုံးလေးတွေဖြစ်ပါတယ်။ မစ်ချီဂန် ရေကန်ကြီးရဲ့ ကမ်းခြေတစ်လျောက် ခုလို များပြားလှတဲ့ နှင်းခဲလုံးတွေကို ထူးဆန်းအံ့သြဖွယ် မြင်တွေ့ရပါတယ်။ ဘယ်လို လူသားတွေကမှ ဒီလောက်များပြားလှတဲ့ နှင်းခဲလုံးတွေကို အအေးခံ၊ အပင်ပန်းခံပြီး ပြုလုပ်ကြမှာ မဟုတ်ပါဘူး။


ice balls 3
နံနက်ခင်းရဲ့ နေခြည်အောက်မှာ


နှင်းခဲလုံးတွေ ဘာကြောင့် ဒီလောက်များပြားစွာ ဖြစ်ပေါ်နေတယ်လို့ ဘယ်သူကမှ အတိအကျ မပြောနိုင်ပေမဲ့ ပညာရှင်တွေကတော့ ရေကန်ရဲ့ ကမ်းခြေအစပ်က နှင်းလွှာပြင်ကြီးဟာ ရေရဲ့ ရွေ့လျားလှုပ်ရှားမှုနဲ့ ရာသီဥတု အေးခဲမှတ်တို့ကြောင့် ခုလို နှင်းလုံးလေးတွေဟာ သဘာဝတရားရဲ့ ဖန်တီးမှုနဲ့ ထူးဆန်းစဖွယ် ဖြစ်ပေါ်လာရတယ်လို့ခန့်မှန်းကြပါတယ်။

ice balls 4
ဘယ်သူတွေက ဒီနှင်းခဲတွေကို အလုံးလေးတွေ လုပ်ထားတာပါလိမ့်.

ခပ်ဝေးဝေးက ကြည့်လိုက်ရင် လုံးစက်နေတဲ့ နှင်းလုံးလေးတွေဟာ ကမ်းခြေတစ်လျှောက် မျက်စိတစ်ဆုံး ရှိနေပြီး ပုလဲလုံးလေးတွေ ကြဲဖြန့်ထားသလို လှပဖြူဖွေးစွာ ရှိနေကြပါတယ်။ အောက်က ပုံတွေမှာ ဆက်ပြီး ကြည့်မယ်ဆိုရင် ရေကန်ရဲ့ အောက်ခြေ ကြမ်းပြင်တွေမှာပါ များပြားလှတဲ့ ရေခဲလုံးတွေ ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။


ice balls 2
လှပစီရီနေတဲ့ ရေခဲလုံးများ

ice balls 5
ရေကန်အောက်ခြေမှာပါ များပြားလှတဲ့ ရေခဲလုံးများ

အဲဒီရေခဲလုံးတွေဟာ အဆုံးအစမရှိအောင် များပြားနေတာကို ထူးဆန်းအံ့သြဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်.. အဲဒီအဖြစ်အပျက်ဟာ မီချီကန် ရေကန်ကြီးရဲ့ ကမ်းခြေမှာ ဖြစ်ပျက်နေတာဖြစ်ပြီး တစ်ခြားကမ်းခြေမှာလည်း ရေကန်အောက်ခြေမှာ ခုလို  ၀ိုင်းစက်နေတဲ့ အလုံးကလေးတွေ တွေ့ကောင်း တွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ သင်တွေ့ရတဲ့ အလုံးလေးတွေဟာ ခုမြင်ရသလို နှင်းခဲလုံးတွေတော့ မဖြစ်နိုင်ပါဘူး။ ကျောက်စရစ်ခဲလေးတွေသာ ဖြစ်နိုင်ပါတယ်။ ဒီလို နှင်းလုံးတွေကိုတော့ ခုမြင်ရတဲ့ မီချီကန် ရေကန်ကြီးမှာသာ ထူးထူးခြားခြား မြင်တွေ့ရမှာ ဖြစ်ပါတယ်။


ice balls 6
ပုလဲလုံးလေးများသဖွယ်


ice balls 7
ကမ်းခြေက ရေကန်စပ် တစ်လျှောက် များပြားလှတဲ့ ရေခဲလုံးများ


********@**********

ရောင်စုံရေပူစမ်း

fly geyser 12

 
ဆက်လက် ဖော်ပြချင်တဲ့ ထူးထူးဆန်းဆန်းတစ်ခုက နီဗားဒါး ပြည်နယ်ရှိ Hualapai တောင်ကြားမှာရှိတဲ့ ရေပူစမ်း အကြောင်း ဖြစ်ပါတယ်.. 
၎င်းရေပူစမ်းဟာ မြေပြင်ပေါ်မှာ စမ်းချောင်းသဖွယ် ငြိမ့်ငြိမ့်ညင်သာ စီးဆင်းနေတဲ့ ရေပူစမ်းမဟုတ်ဘဲ လေထဲမှာ ပန်းထွက်နေတဲ့ ရေပူစမ်း အမျိုးအစားဖြစ်ပါတယ်။  ၄င်းရေပူစမ်းက ရေထဲမှာ ပါဝင်တဲ့ ဓာတ်သတ္တုတွေ စုပုံလာမှုကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်လာပြီးနောက် ခုမြင်ရတဲ့အတိုင်း ၄မီတာခန့် မြင့်လာအောင် သဘာဝတရားရဲ့ ဖန်တီးမှုနဲ့ ဖြစ်ပေါ်လာရပါတယ်။ ရေထဲမှာ ဓာတ်သတ္တု အမျိုးအစား မြောက်မြားစွာ ပါဝင်ပြီး ၄င်း ရေပန်းရဲ့ ဘေးမှာ ဖြစ်ပေါ်နေတဲ့ ရေကန်လေးတွေထဲမှာတော့ ငါးလေးများ၊ ငွေငန်းဖြူများ၊ ဘဲခေါင်းစိမ်းများ မြူးတူးပျော်ရွှင် ကျက်စားလျှက် ရှိနေပါတယ် ။

fly geyser 1
ရောင်စုံ ရေပူစမ်း


fly geyser 2


fly geyser 4
ရေပူစမ်းဘေးက ရေကန်လေးများ


ရေပူစမ်းရဲ့ဘေး အောက်ခြေမှာတော့ ရွံနွံတွေ သဲတွေ ထူထပ်များပြားစွာ ရှိနေခဲ့ပါတယ်.. ရေထဲမှာပါဝင်တဲ့ သဘာဝ ဓာတ်သတ္တုတွေနဲ့ နေရဲ့ အပူရှိန်တို့ကြောင့် ရေပူစမ်းရဲ့ ဘေးဝန်းကျင်မှာရှိတဲ့ ကျောက်ဆောင် ကျောက်သားတွေကို လှပဆန်းကြယ်တဲ့ အရောင်အသွေးတွေ ဖြစ်ပေါ်လာစေပါတယ်။ ကမ္ဘာမြေပေါ်မှာ မြင်ရခဲတဲ့ အရောင်အသွေးစုံ ကျောက်ဆောင်တွေကြောင့် ရုတ်တရက်ကြည့်ရင် အခြားသော ဂြိုလ်တစ်ခုခုကို ရောက်နေတယ်လို့ ခံစားမိလောက်အောင် ထူးဆန်းလှပနေတယ်လို့ ဆိုပါတယ်။ လေထဲမှာ ပန်းထွက်နေတဲ့ ရေတွေဟာ ပူနွေးကာ သန့်ရှင်းတဲ့ ရေချိုများဖြစ်ပြီး ၂ မီတာ အမြင့်ထိ လှပဆန်းကြယ်စွာ ဖြာထွက်နေတာမို့ ကြည့်ရတာ ရင်သပ်ရှုမော ဖြစ်ရတယ်လို့ ရောက်ဖူးသူများက ဆိုပါတယ်။

fly geyser 3

အောက်မှာတော့ ရေပူစမ်းရဲ့ ရှုထောင့် မျိုးစုံက ဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါတယ်နော် ။


fly geyser 5
ဆည်းဆာနဲ့ အလှချင်းပြိုင်

fly geyser 7


fly geyser 8


fly geyser 9

fly geyser 6


fly geyser 10


fly geyser 11



fly geyser 13



fly geyser 14


fly geyser 15

ကျွန်မတို့လည်း ဒီ သဘာဝတရားကြောင့် ထူးထူးဆန်းဆန်း လှပစွာ ဖြစ်ပေါ်နေတဲ့ နှင်းခဲလုံးတွေနဲ့ ရောင်စုံရေပူစမ်းကို လူကိုယ်တိုင် သွားရောက်လို့ မကြည့်နိုင်ပေမဲ့ ဓာတ်ပုံလေးတွေကြည့်ပြီး ခံစားကြည့်နိုင်ပါတယ်နော်။


ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာကြပါစေရှင်။



Sources from :  http://planetoddity.com/

30 Responses to “ထူးဆန်းတဲ့ ရေပူစမ်းနဲ့ နှင်းခဲလုံးလေးများ”

ချောရေ ကျေးဇူးပဲနော်။ ထူးထူးဆန်းဆန်းလေးတွေ ကြည့်ရလို့။ အဲဒီနေရာကိုတောင် သွားပစ်လိုက်ချင်တယ်။ ဖြစ်နိုင်ရင်ပေါ့နော်။ နှင်းလုံးလေးတွေကို ကစားချင်တယ်။ ရေပူစမ်းတွေကို ချိုးပစ်လိုက်ချင်တယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

ကိုကိုမောင် (ပန်းရနံ့) ပြောသလို ခမန့်မှာ ပထမရလို့ ထီပေါက်တော့မယ်နဲ့တူတယ်။ အဟိ။ ခါတိုင်းနေ့က ကျောင်းသွားတက်ရတယ်။ ဒီနေ့ ကျောင်းမရှိလို့။ ကျန်းမာပျော်ရွှင်ပါစေ ချော...

Sunny said...

နှင်းလုံးလေးတွေ ချစ်စရာ.. ဆော့တော့ ဆော့ချင်တယ်.. အတော် အေးမှာပဲ.. တော်ပါပြီ.. ရေပူစမ်းပဲ သွားလည်တော့မယ်.. သိပ်လှတာပဲ.. လူနဲ့တွဲပြီး ဓာတ်ပုံရိုက်ချင်တယ်.. :)

ရေခဲလုံးလေးတွေက မလိုင်နဲ့တူတယ်.. စားချင်တယ်..း)).. အောက်ကရေပူစမ်းက ပန်းချီမှတ်လို့....


ခင်မင်တဲ့
နေ၀ဿန်

ရေပူစမ်းလေးကလှလိုက်တာ

ရေပူစမ်းကလှလိုက်တာမရယ်
ဒီမှာလည်းအေးသေးတော့ ဖတ်ရင်း ၀င်စိမ်ချင်စိတ်ပေါက်သွားတယ်
:D

jr.lwinoo said...

တခါတလေ သဘာဝတရားက ကိုယ်ထင်တာထက် ပိုပြီး ဆန်းကျယ်တယ်နော်။
အဲရေခဲလုံးလေးတွေနဲ့ ဓါတ်ပုံရိုက်ချင်လိုက်တာ ချောရေ ..း)

အဖြူရောင်နတ်သမီး said...

နှင်းလုံးလေးတွေက လှတော့ လှတယ် မချောရယ်..
မနေ့က တိုက်တန်းနစ်(II)ကို ကြည့်ပြီး နှင်းတောင်(ရေခဲတောင်) ပြိုကျပြီး ဆူနာမီဖြစ်တာကို ကြည့်ထားတာ..။
နှင်းခဲ ရေခဲတုံးတွေ တွေ့ရင် ကြောက်တတ်နေပြီ...။

နှင်းခဲတွေ ဒီအတိုင်းနေ မလှမှာစိုးလို့  ကျနော် လာလုံးပေးထားတာလေ.. အစ်မကလည်း ကြိုမေးရောပေါ့ဗျာ..... ဟီးဟီး။

ရေပူစမ်းက ကျောက်တောင်က ငှက်ပျောဖူးနဲ့  တူတယ်။ လူလုပ်ထားတာထက်တောင်လှသေး။ ဆင်းကူးရင် အသားဖြူမလားဟင် အစ်မ စုံစမ်းပေးပါ။

အသားဖြူချင်သူတစ်ဦး

Anonymous said...

သိပ်လှတာဘဲ။ ရောက်ဖူးချင်လိုက်တာ။

ရတနာ

ရေခဲလုံးတွေကိုကိုင်ကြည့်ချင်လိုက်တာနော်။

flowerpoem said...

အမရေပုံတွေက အကုန်မမြင်ရဘူး ဆိုးပ :(

ညီလင်းသစ် said...

ရေပူစမ်း ပုံတွေက လှလိုက်တာ မချောရေ...၊ တခါလောက် ဓါတ်ပုံသွား ရိုက်ချင်တယ်..၊ မျှဝေတာ လည်း ကျေးဇူးပါဗျာ...။

snow ball ကြောက် said...

နောက်လထဲ နီးဗားဒါးဖက်အလည်သွားမလို့..
အိုက်တင်တွေထုတ် ဓါတ်ပုံရိုက်ပြီး ကြွားလိုက်ဦးမယ်

ကိုကိုမောင်(ပန်းရနံ့) said...

မချောရေ..
မုန့်လုံးရေပေါ်လေးတွေကျနေတာဘဲ။ သင်္ကြန်နားလဲ နီးပြီဆိုတော့ အဲဒီနှင်းလုံးလေးတွေစုပြီး ထန်းလျက်ရည်လောင်းထည့် ရောမွှေပေးချင်စိတ်ပေါက်နေမိတယ်။း)))))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မောင်မျိုး said...

လှလိုက်တာ ဖန်တီးထားတာမဟုတ်တဲ့ အလှတရားတွေက ဖန်င်္တီးထားတာတွေထပ် ပိုလှနေတယ် ။

SHWE ZIN U said...

ညီမ ရေ

လှလိုက်တာနော် ကြည့်လို့ မဝနိုင်အောင်ပါဘဲ
မသွားနိုင်ပေမဲ့ ခုလိုလေး ကြည့်နေရတဲ့ အတွက် ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

PhyoPhyo said...

နှင်းခဲလေးတွေ အောက်ဆုံးပုံက မုန့်လုံးရေပေါ်နဲ့ တူတယ်၊
ဆန်းလိုက်တာ အလုံးလေးတွေဖြစ်နေတာ၊
ရေပူစမ်းကလည်း လှတယ်၊ နတ်သမီးပုံပြင်တွေထဲက ပုံစံမျိုးလိုပဲ ဆန်းလွန်းအားကြီးတယ်၊
သေလောက်တယ် ;)

နှင်းလုံးလေးတွေက ကိုက်စားချင်စရာလေးတွေနော် တွေ့တတ်တယ်။ နှင်းခဲလေးတွေလို အေးချမ်းပါစေ။ (လောလောဆယ်ရာသီဥတုက တော်တော်အေးနေတာ)

Anonymous said...

ဂျီးတော် လိုက်ပို့ :P

Baby taster

johnmoeeain said...

very interesting!
thanks sis :)

မချောရေ
ကြည့်ရတာ စိတ်ကြည်လင်အေးချမ်းသွားတာပဲ
တစ်ခါမှလဲမမြင်ဘူးဘူး ဒါမျိုးထူးဆန်းတဲ့ နှင်းရေခဲတုံးလေးတွေကို .... အရမ်းကျေးဇူးတင်တယ် ခုလို ရှာရှာဖွေဖွေတင်ပေးတာကို
ချစ်ခင်လေးစားလျှက်
နှင်း

Anonymous said...

မုန့်လုံးရေပေါ်နဲ့ တူတယ် နော်
စားချင်စရာကြီး

ချမ်းပေမယ့်။
ကြည့်ပြီး ၀ါးစားချင်လာတယ်။
(အဟဲ ချောဆီလာရင် စားရတယ်ဆိုတော့ အကျင့်ပါနေပြီ)
ဓါတ်ပုံတွေစုပေးထားတာ ကျေးဇူးပါ။

ဟုတ်ပ...သကြားလုံးစားနေကျမို့
နှင်းလုံးလေးတွေကြည့်ပြီး ၀ါးစားချင်လာတယ်.။
စားရတယ်ဆိုလို့ အကျင့်ပါနေပြီတဲ့..။ ဟေဟေး..။

ထူးဆန်းပါပေ့..။
နှင်းခဲလုံးတွေက ဆန်းကျယ်လှချည်လား တွေးနေတုန်းမှာပဲ ရေပူစမ်း ပုံတွေ့တော့ ပိုအံ့သြသွားမိတယ်။ အဲဒီကျောက်ဆောင်နဲ့ ဘေးပါတ်ဝန်းကျင်ပုံက မသိတဲ့သူဆို သဘာဝ ပုံလို့တောင် ထင်မှာမဟုတ်ဘူး။ အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတယ်ပဲ ထင်မိမှာ။
ဒီလိုထူးထူးဆန်းဆန်းတင်တာ သိပ်ကောင်းတယ်။ တထိုင်ထဲနဲ့ ကိုယ်မသိတာတွေ သိခွင့်ရတယ်။

rose said...

နှင်းလုံးလေးတွေနဲ့ ရောင်စုံ ရေပူစမ်း အကြောင်းလေ လာဖတ်တယ် အစ်မချော...။ ဓာတ်ပုံလေးတွေနဲ့ ဝေေ၀ဆာဆာ ဖော်ပြထားလို့ ကျေးဇူးပါ။

ညီမလေး said...

နှင်းလုံးလေးတွေက ချစ်စရာ...ရေပူစမ်းလဲသွားချင်မိတယ်..

noblemoe said...

နှင်းလုံးလေးတွေနဲ့ကစားချင်စရာ
ရေပူရေစမ်းစိမ်ချိုးလိုက်ရရင်တော့ဟူးးးးးးးး
တနေကုန်မောသမျှပြေသွားမှာ...


သာယာချမ်းမြေ့ပါစေရှင်း
မိုး

nangmyasuaung said...

အစ်မချောေ၇ .ေ၇ပူစမ်းက အ၇မ်းလှတယ် .အစ်မကျေးဇူးကြောင်. ကြည်ခွင်.၇တာ ကျေးဇူးဘဲနော်အစ်မ