လျှို့ဝှက် စပိုင်ကင်မရာများ

နည်းပညာ ထွန်းကားလှတဲ့ ဒီခေတ်ကြီးမှာ သတိထားနိုင်မှ တော်ကာကျပါလိမ့်မယ်ရှင်... ဘာလို့ဒီလို ပြောရတာလဲ ဆိုရင်ဖြင့် အောက်မှာ ဖော်ပြထားတဲ့ ပုံလေး တွေကို ကြည့်ပါ.. ဘယ်လိုမှ ထင်မှတ်မထားတဲ့ လျှို့ဝှက် ဗီဒီယို ကင်မရာလေးတွေပါ.. ကိုယ့်ရဲ့လွတ်လပ်မှု၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာတွေကို လျှို့ဝှက်စွာ ယူငင်သွားမဲ့ ကြောက်စရာ သိပ္ပံမျက်လုံးများ ဖြစ်ပါတယ်.. အထူးသဖြင့် ကမ္ဘာအရပ်ရပ်မှာ  ရောက်ရှိနေကြတဲ့  မြန်မာ အမျိုးသမီးလေးများ၊ နိုင်ငံတွင်းရှိ အမျိုးသမီးလေးများ ပိုပြီး သတိပြု နိုင်စေရန်အတွက်  အသိပေး ဖော်ပြခြင်း ဖြစ်ပါတယ်။


နံရံကပ် နာရီထဲ ဗီဒီယိုကင်မရာ လျှို့ဝှက်ထည့်သွင်း တတ်ဆင်ထားတာပါ။ ဟိုတယ်တို့ လေဆိပ်တို့၊ ရုံးခန်းတို့မှာ အသုံးများနိုင်ပါတယ်။

၎င်း နံရံကပ် နာရီ ကင်မရာ အလုပ်လုပ်ပုံပါ။ ကင်မရာဟာ အမြဲတမ်း အလုပ်လုပ်နေမှာ မဟုတ်ဘဲ Remote control နဲ့ အဖွင့်အပိတ်လုပ်ပြီး မိမိ လိုချင်တဲ့ အနေအထားကို ရချိန်မှ လျှို့ဝှက် ရိုက်ကူးထားနိုင်ပါတယ်။

*************@*************

Wireless Spy Camera Alarm Clock



နိုးစက်ထဲမှာ ထည့်သွင်းထားတဲ့ ကြိုးမဲ့လျှို့ဝှက်ကင်မရာ ဖြစ်ပါတယ်..


Image Hosted by PicturePush - Photo Sharing


အဝေးကနေ ထိန်းချုပ်တဲ့ Remote control ဖြစ်ပါတယ်။

*************@*************



ရုတ်တရက်ကြည့်ရင် သာမာန် ခါးပတ်ခေါင်းလေး တစ်ခုပါ....သေချာ ကြည့်ရင် ခါးပတ်ခေါင်းမှာ အပေါက်လေးကို တွေ့ရပါလိမ့်မယ်။


အဲဒီ အပေါက်လေးဟာ ကင်မရာတစ်ခုရဲ့ မှန်ဘီလူးလေးပါ.. ဘေးမှာတော့ ကင်မရာ တစ်လုံးရဲ့ ခလုပ်များအပြည့်အစုံပါရှိပါတယ်..

*************@*************



ဂက်စ်မီးခြစ်တစ်လုံးကဲ့သို့ အယောင် ဖျောက်ထားတဲ့ ကင်မရာပါ.. ဆေးလိပ်လဲမပါဘဲ မီးခြစ်လေး တစ်ကိုင်ကိုင် ကိုယ့်ရှေ့လာလုပ်နေရင် သတိထားသင့်နေပါပြီ။

*************@*************





 ဒါလေးကလဲ ဂဏန်းတွက်စက်နဲ့ချွတ်စွပ်တူတဲ့ ကင်မရာပါ.. ခလုပ်တွေထားတဲ့ နေရာနဲ့ မှန်ဘီလူးရှိတဲ့ နေရာကို ရှင်းပြထားပါတယ်..

*************@*************



 ဒါလေးကလဲ iPod သဏ္ဍာန် ကင်မရာလေးပါဘဲ..  ဘောင်းဘီအိတ်တို့ အင်္ကျီအိတ်တို့မှာ ခုလို ချိတ်လိုက်တော့  မှန်ဘီလူးက ရှေ့မြင်ကွင်းကို ချိန်ပြီးသားပေါ့..


                       
ဒီပုံကတော့ ချိတ်စရာမပါတဲ့ ရိုးရိုး iPod သဏ္ဍာန် ကင်မရာလေးပါ.

*************@*************



ဒီလို ဒီလို ချွင်းဂမ်း(ပီကေ) အိတ်လေးနဲ့ဆို အမှတ်တမဲ့ကြည့်ရင် ကင်မရာလို့ ဘယ်သူက သိမှာလဲနော်.

*************@*************              
 ကား သော့ control နဲ့ တူတဲ့ ကင်မရာပါ..  function လေးတွေ ရှင်းပြထားပါတယ်..

*************@*************

ကျန်ရှိနေသေးတဲ့ လျှို့ဝှက်ကင်မရာတွေကတော့ 




           
ဒီလို အချိုရည်ဗူးတွေမှာ ကင်မရာ တပ်ဆင်ထားပါတယ်ပြောရင် ဘယ်သူယုံနိုင်မလဲနော်..


                                       
 အဲဒီအချိုရည်ဘူး တွေရဲ့ လျှို့ဝှက်ချက်တွေပါ 

*************@*************


                                                  
                                    
ဒါလေးကလဲ မီးခြစ်ပုံစံ ဗီဒီယို ကင်မရာလေးပါဘဲ

*************@*************

MP3 ထဲ တပ်ဆင်ထားတဲ့ စပိုင်ကင်မရာပါ

*************@*************


 ဒါကတော့ မီးပလပ်ပုံစံ ကင်မရာပါ... ဟော်တယ်တို့ ရုံးခန်းတို့လိုနေရာမျိုးမှာ လျှို့ဝှက် တပ်ဆင်လို့ အကောင်းဆုံးပုံစံပါ..  (သတိပြုကြပါရန်)

*************@*************

                        

 မျက်မှန်မှာ တပ်ဆင်တဲ့လျှို့ဝှက်ကင်မရာလေးပါ..  နားကြပ်လေးတောင် ပါသေးတယ်နော်...   


*************@*************






          
                                 
 နာရီမှာ တပ်ဆင်ထားတဲ့ လျှို့ဝှက်ကင်မရာလေးတွေပါ 

*************@*************



  

ဘောပင်လေးတစ်ချောင်း ချိတ်ထားပြီး လာစကားပြောနေရင်လဲ သတိထားနော်...မဟုတ်တာတွေ လျှောက်မပြောမိစေနဲ့........

*************@*************



               
  ဦးထုပ်ဆောင်းထားရင်လဲ သတိထားတဲ့... ဦးထုပ်မှာလဲ ကင်မရာ တပ်လို့ရတယ်နော်

*************@*************






နောက်ဆုံးတော့ လည်စည်း စည်းထားတဲ့သူတောင် သတိထားရမလို ဖြစ်နေပြီ..  

Image Hosted by PicturePush - Photo Sharing 
ဒါကလည်း လည်စည်းမှာ လျှို့ဝှက်တတ်တဲ့ ကင်မရာပါဘဲ

*************@*************

Tie Spy Camera


*************@*************

thanko_spy_camera_1.jpg
ဒီအင်္ကျီကြယ်သီးဟာ ကင်မရာပါလို့ ဘယ်သူက ထင်ပါ့မလဲနော်။


Image Hosted by PicturePush - Photo Sharing 

ဂျပန်နည်းပညာနဲ့ လုပ်ထားတဲ့ လျှို့ဝှက်ကင်မရာဖြစ်ပါတယ်

*************@*************


Image Hosted by PicturePush - Photo Sharing
Covert Tissue Box DVR Camera (တစ်ရှူးဘောက်စ် ကင်မရာ)


*************@*************


Image Hosted by PicturePush - Photo Sharing 
ကမ္ဘာ့အသေးငယ်ဆုံး ကင်မရာ


*************@*************


ဒီပိုစ့်ကို ကျွန်မရဲ့ ယခင် ဘလောဂ့်အဟောင်းမှာ တင်ခဲ့ဖူးပါတယ်.. ယခု တိုးတက်လာတဲ့ နည်းပညာတွေနဲ အသစ်ထပ်မံ ပေါ်လာတဲ့ ကင်မရာများကို ထပ်မံထည့်သွင်းပြီး ဗဟုသုတအတွက်ရော.. သတိပြုကြဖို့အတွက်ပါ ရည်ရွယ်ပြီး တင်ပေးခြင်းဖြစ်ပါတယ်ရှင်။


  
  



အထက်ပါ လျှို့ဝှက် ကင်မရာ အမျိုးအစားတွေကို စိတ်ဝင်စားလို့ တစ်နေရာထဲမှာ ၀ယ်ယူလိုပါတယ်ဆိုရင် http://www.chinavasion.com/index.php/cName/surveillance-equipment-spy-camera/  မှာ လေ့လာ ကြည့်ရှုနိုင်ပါတယ်။

33 Responses to “လျှို့ဝှက် စပိုင်ကင်မရာများ”

အဖြူရောင်နတ်သမီး said...

အောင်မြတ်လေး...
အဲဒီလိုသာဆိုရင် နတ်သမီးတို့တော့ နေစရာကိုရှိမှာမဟုတ်တော့ဘူး..။

Anonymous said...

ချောငယ်
ပုံတွေ မမြင်ရဖူးရယ် ၅ထိတော့ မြင်ရတယ်
ကျန်တာမမြင်ရဘူးနော် ဘာဖြစ်နေတာလဲတိဝူး


Baby taster

ညယံ said...

ပုံတွေ အကုန်မမြင်ရဘူးနော် .. ဘာဖြစ်လို့ လဲ သိဘူး။

ခင်မင်စွာဖြင့်
ညယံ

ကျောက်ဟေကို said...

အဲဒါတွေ...များ အရမ်းစိတ်ညစ်တာပဲ..ဟင်းးး
များတို့ lotion လိမ်းချင်တာတောင် လွတ်လွတ်လပ်လပ် လိမ်းဖို့ မလွယ်တော့ဘူး..

ဟုတ်ပ. .အောက်ကပုံတွေမမြင်ရပါဘူး. မချောရေ.. ပြန်တင်ပါ..း)))

ခင်မင်လျက်
နေ၀ဿန်

sosegado said...

ဟော်တယ်တွေမှာ နာရီဆို အကုန်စစ်ရမလိုပဲ၊
တစ်ချို့ကို မကာအိုနဲ့ ရှန်ကျန်းဈေးတန်းတွေမှာ တွေ့ဘူးပါတယ်၊

shwewunyatana said...

ဟုတ်ပ မမချောရေ ကျွန်တော်တိုတောင်မှဘယ်မှမသွားဝံ့စရာဘဲ ခေတ်ကြီးကလဲဆမ်ပြာလိုက်တာနော် အားလုံးလုံလုံခြုံခြုံရှိပစေ

မောင်ဟန် said...

နာရီထဲထည့်တာကိုအကြောက်ဆုံးပဲ.....

Anonymous said...

သိပ်ထူးဆန်း အံ့သြဖို့ ကောင်းတာဘဲ။ နည်းပညာတွေကို ကြောက်တောင်ကြောက်လာပြီ။

နာရီရယ် ခါးပတ်ရယ်ကို ကြောက်တယ်။

ရတနာ

ဒေါ်ချောက ထောက်လှမ်းရေး သင်တန်းဆင်းထင်ပ..

ဟီးဟီး...

လမ်းကြုံရင် ကင်မရာ ဘောလ်ပန်လေးများ လက်ဆောင်ပေးပါက အသာတကြည်ယူပါမည် ခင်ညာ။

flowerpoem said...

ဟုတ်တယ် အမရေ နည်းပညာတွေ တိုးတက်တာ ကောင်းလည်းကောင်းတယ် မကောင်းလည်းမကောင်းဘူးနော် :)

ဒုက္ခပဲ၊ အိမ်သာတက်ရင် သတိထားရတော့မယ်။ ပုံတွေ အကုန်မြင်ရပါတယ် ချောရေ၊ အေးချမ်းပါစေ။ အစိမ်းရောင်လွင်ပြင်လေး ထာဝရ ငြိမ်းချမ်းပါစေ။

Sunny said...

မမချောကော.. အပြင်သွားရင် ကင်မရာ ဘယ်နားမှာ ဆောင်သွားလဲ.. ဟိဟိ

နောက်ဆုံးကင်မရာလေးလိုချင်တယ် ချော။ သူများကို ဒုက္ခပေးဖို့တော့ ဟုတ်ပါဘူး။ ဘုန်းဘုန်းက တောသားဆိုတော့ သိတယ်မလား။ နေရာတိုင်းမှာ ဓာတ်ပုံရိုက်ချင်နေတာလေ။ အလင်းစက်ပြောသလိုပဲ တစ်ခါတစ်လေ ရိုက်ချင်ရဲ့သားနဲ့ မရိုက်ရဲဘူး။ ရှက်လို့လေ။ အဟိ။

အတွေးတွေများပြီး အေပရယ် ၁-ရက်နေ့ ရေးမလို့ဟာကို မေ ၁-ရက်နေ့လို့ သွားရေးမိတယ်။ သီရိလင်္ကာကို ဒီည ၉:၁၅ မှ ထွက်မယ်။ အေပရယ် ၈-ရက်နေ့ကျရင် မလေးကို လွင့်မယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ ချော...

Anonymous said...

အဲဒါမျိုး ဟိုနေ့က တီဗွီမှာ ကြည့်လိုက်ရသေးတယ် :P

စူးနွယ်လေး

ညီလင်းသစ် said...

ဒီလို ကင်မရာတွေနဲ့ ရိုက်လာတဲ့ documentary တွေ ဒီက တီဗီအစီအစဉ်တွေမှာ မကြာခဏ တွေ့ဖူးတယ်၊ အရာရာ စိစစ်တင်းကျပ်တဲ့ နိုင်ငံတွေကို သတင်းသွား ယူရင် သုံးကြတယ်၊ အခုတော့လည်း ကမ္ဘာကြီး တခုလုံးက ဂျိန်းစဘွန်းတွေနဲ့ချည်း ပြည့်နေပြီပေါ့..၊း)

crystal said...

ကိုယ့်အိမ်ကိုယ်နေတာပဲ ကောင်းပါတယ်အေ...
ရှုပ်ရှုပ်ရှပ်ရှပ်တွေကလည်း ပေါထာ...
စကားမစပ် အဲဒီကင်မရာတွေ သယ်သွားပြီး နေပြည်တော်မှာ သတင်းသွားယူနေတာမဟုတ်လား တိတယ်နော် :P

ကိုအောင်(ပျူနိုင်ငံ) said...

ဟုတ်တယ် မချောရေ၊ အမျိုးသမီးတွေအတွက်
စပိုင်ကင်မရာအန္တရာယ်က တော်တော်ကို
မလွယ်ဘူး။

အသေးဆုံးကင်မရာလေးလိုချင်တယ် အရုပ်တွေကြားစီထည့်ထားရင်လှမှာ။

ဆွေလေးမွန် said...

မအားတာနဲ့ မရောက်ဖြစ်ဘူး. ခုလာလည်တော့ စပိုင် ကင်မရာ နဲ့တည့်တည့်တိုးသွားတယ်။
ဒီလိုဆိုတော့လဲ စိုးရိမ်စရာ.

မိန်းကလေးတွေအတွက်တော့ စိတ်ညစ်စရာပဲ....။

ဈေးကြီးလား သိဝူး..
ဝယ်ပြီး တစ်ခုလောက် တပ်ထား၇င် ကောင်းမယ်..အဟဲဟဲ..။

ဒီလိုပစ္စည်းတွေ များလာရင်
လူအချင်းချင်း မယုံကြည်မှုတွေ တိုးပွားလာစေပြီး သံသယတွေနဲ့ စောင့်ကြည့်နေရတော့မယ့် စိတ်တင်းကျပ်ဖွယ်ရာ နေ့ရက်တွေ ဖြစ်လာနိင်တယ်။

ကင်မရာသေးသေးလေးလိုချင်လိုက်တာ ချစ်စရာလေးတော့

ညီသူ said...

မကြီးရေ...နာရီချင်း လဲရအောင်နော်
ဘောလ်ပင်လေးလဲ အလိုက်ပေးအုံးပေါ့
(ညီ့နာရီက ဇီးရိုးဇီးရိုးဆဲဗင်းမင်းသားပတ်တဲ့ဟာနော်. ဈေးသိပ်ကြီးတာ) :P
ဒီခေတ်နဲ့တော့ လွယ်ဘူးဗျို့ အနောက်သွားရင်တောင် ကျီးလန့်စာစားဘ၀ရောက်ရတော့မယ့်ကိန်းပဲ
နော်..။

ကင်မရာတွေ များလာတာနဲ့အမျှ မြင်စရာတွေ များလာမှာပါဘဲ မချောရေ...

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

An Asian Tour Operator said...

ဒီအတိုင် ဆိုရင်တော့အနေအထိုင်ဆင်ခြင်မှပဲ.. :P

Anonymous said...

မထင်ထားတဲ့ အရာတွေ
မမြင်ဖူးတာတွေ မြင်ဖူးသွားတယ် ..
နိုင်ငံခြား စုံထောက် ဇာတ်လမ်းတွေထဲမှာဆိုရင်လည်း
သူတို့ သုံးတာတွေ ကြည့်ပြီး
အရမ်း သဘောကျတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မေနှင်းအေး said...

ကင်မရာလေးတစ်လုံးလောက် မချော ၀ယ်ပေးရင်ကောင်းမှာ
နော် မချော.. ၀ယ်ပေးပါလားဟင်

ဒီလိုစုဆောင်းတင်ပြတာ ကျေးဇူးတင်တယ်။
ဗဟုသုတစုံတယ်လေ။
တချို့ရှပ်အင်္ကျီအိပ်ကပ်မှာဘောပင်ကိုညှပ်ထားပြီး အဲဒီဘောပင်ထိပ်ညှပ်တံကနေ ဓါတ်ပုံရိုက်ယူတယ်တဲ့။

ကိုယ်ပျောက်ပညာသင်မှရတော့မယ်...;) ;)
ဗဟုသုတ ကင်မရာလေးတွေဝင်ကြည့်သွားတယ်နော်...

Anonymous said...

အင်မတန်မှ တိုးတက်တဲ့ နည်းပညာတွေဘဲ ။ အများကောင်းကျိုးအတွက် ဆိုရင်တော့ကောင်းပါတယ်

Anonymous said...

ဘောလ်ပင် ကင်မရာနဲ့ ကီးချိန်းကင်မရာ ကို ၄၀ sing doller နဲ့ similim square (singapore) မှာ ၀ယ်လို့ရပါတယ်