မှတ်ဖွယ်မှတ်ရာ..

ကျွန်မတို့တွေ ချက်ပြုတ်ရာမှာ သော်လည်းကောင်း၊ ပတ်ဝန်းကျင်တွေမှာသော်လည်းကောင်း တွေ့ရတတ်တဲ့ စိတ်အနှောက်အယှက် ဖြစ်စရာလေးတွေကို ဖြေရှင်းဖို့အတွက် အောက်ပါ အချက်တွေကို သိထားမယ်ဆိုရင် တစ်နည်းတစ်ဖုံအားဖြင့်တော့ အထောက်အကူ ဖြစ်မယ် ထင်ပါတယ်။

၁. ပုရွက်ဆိတ်


Useful and Handy Info You Must Know

ပုရွက်ဆိတ်တွေဟာ သခွားသီးကို အလွန်မုန်းပါတယ်.. ဒါကြောင့် သင့် အိမ် (သို့မဟုတ်) သင်နေထိုင်ရာ နေရာအနီးမှာ ပုရွက်ဆိတ်များ များပြားနေတယ်ဆိုလို့ရှိရင် သခွားသီးကို အခွံခွာပြီး ၄င်းအခွံကို ပုရွက်ဆိတ် လာရာလမ်း၊ ပုရွက်ဆိတ်တွင်းဝ တို့မှာ ချထားလိုက်မယ်ဆိုရင် ပုရွက်ဆိတ်ရန်က ကင်းဝေမယ်ဖြစ်ပါတယ်။

၂. ရေခဲသန့်သန့်

မိမိအိမ်က ရေခဲသေတ္တာထဲမှာ ရေခဲသန့်သန့်လိုချင်ရင် ရေကို ကျိုချက်ပြီးမှ ခဲပါ။

၃.တောက်ပြောင်တဲ့ မှန်များ

                    Useful and Handy Info You Must Know
မိမိအိမ်ရှိ မှန်ပြူတင်း၊ မှန်တင်ခုံ၊ ပြူတင်းပေါက်၊ ကားမှန် စတာတွေကို တောက်ပ ပြောင်လက်စေချင်တယ်ဆိုရင် အရက်ပြန်ကို အသုံးပြုကာသန့်စင်ပေးနိုင်ပါတယ်။

၎.အင်္ကျီမှာ ကပ်တဲ့ ပီကေ

Useful and Handy Info You Must Know

မိမိအိမ်ရှိ ကလေးများရဲ့ အ၀တ်အစား၊ လူကြီးများ၏ အ၀တ်များကို မတော်တဆ ပီကေများ(ချွင်းဂမ်းများ) ကပ်ပေလာပါက လျှော်ဖွပ်ရ မရဘဲ အလွန်အခက်အခဲဖြစ်ရတတ်ပါတယ်။ ၄င်းကို ဖြေရှင်းဖို့ဆိုရင် ရေခဲသေတ္တာထဲမှာ ၄င်းပီကေကပ်သောအ၀တ်ကို တစ်နာရီခန့်ထားပြီးလျှင် ဆွဲခွာလိုက်ပါက အလွယ်တကူ ကျွတ်ပါလာပါလိမ့်မယ်။

၅. အ၀တ်ဖြူများကို ဖြူဖွေးတောက်ပြောင်စေဖို့

Useful and Handy Info You Must Know

အဖြူရောင် အ၀တ်များကို လျှော်ဖွတ်တဲ့အခါမှာ ပုံမှန်အတိုင်းလျှော်ရင် ဖြူဖွေးတောက်ပြောင်ဖို့ ခက်ပေမဲ့ ရေခပ်နွေးနွေးထဲမှာ အ၀တ်ကိုစိမ်ထားပြီး သံပုရာသီးခပ်ပါးပါး တစ်ချပ် ကို ထည့်ကာ ၁၀မိနစ်ခန့် ထားပြီး လျှော်ဖွပ်ပါက အ၀တ်များ ပိုမိုဖြူစင်စေနိုင်ပါသည်။

၆. တောက်ပတဲ့ ဆံကေသာ



သင်ရဲ့ ဆံကေသာတွေကို အရောင်တောက်ပစေဖို့ ခေါင်းမလျှော်ခင် ဗနီဂါအရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ဆံပင်ပေါ်မှာ လိမ်းပေးပြီးမှ ခေါင်းလျှော်သင့်ပါတယ်။

၇.သံပုရာသီး၊ ရှောက်သီး အရည် များများထွက်ဖို့

 
ဟင်းထဲထည့်ရာတွင်လည်းကောင်း၊ သံပုရာရည်ဖျော်ရာတွင်လည်းကောင်း သံပုရာသီး၊ ရှောက်သီးများ အရည်များများ ထွက်စေလိုလျှင် ရေနွေးထဲတွင် သံပုရာသီးကို တစ်နာရီခန့် စိမ်ပြီးမှ အရည်ညှစ်ပါက အရည်များ အလွန်ထွက်ပါတယ်။

၈. ဂေါ်ဖီထုပ် အနံပျောက်ဖို့
Useful and Handy Info You Must Know

ဟင်းချက်တဲ့အခါ ဂေါ်ဖီထုပ်မှာ အနံ့ရှိတတ်လို့ ပေါင်မုန့် တစ်ဖဲ့လောက် ဟင်းထဲကို ထည့်လိုက်မယ်ဆို အနံ့ကင်းဝေး ပါပြီ။

၉.လက်မှာ ငါးနံ့မနံဖို့
Image Hosted by PicturePush - Photo Sharing


ငါးဟင်းတော့ ချက်ချင်ပါတယ်.. လက်ညှီလို့ မကိုင်ချင်သူများအတွက် ငါးကိုင်ပြီးရင် လက်ကို ပန်းသီး ဗနီဂါနဲ့ ဆေးလိုက်ရင် အနံ့ပျောက်ပါတယ်။

၁၀.ကြက်သွန်လှီးရင် မြမျက်ရည် မြေမခဖို့

Useful and Handy Info You Must Know

ဟင်းချက်ရင်း ကြက်သွန်နီများများစားစား လှီးရတဲ့အခါ ကြက်သွန်ခိုးတွေကြောင့် အလွမ်း မျက်ရည်တွေ ကြွေရတတ်ပါတယ်.. ဒီလိုအဖြစ်မျိုးက ကင်းဝေးဖို့ ကြက်သွန်ခွာနေတုန်း ပီကေစားပါလို့ ဆိုပါတယ်။

၁၁. အာလူးပြုတ်ရင် မြန်မြန်ကျက်ဖို့

Useful and Handy Info You Must Know
အာလူးပြုတ်တဲ့အခါ အချိန်တိုတိုအတွင်း ကျက်စေလိုတယ် ဆိုရင်ဖြင့် အာလူးတစ်လုံးကို ယူပြီး အခွံတစ်ခြမ်းထဲ နွာပြီး ပြုတ်အိုးထဲကို အခြားအာလူးများနဲ့ အတူထည့်ပြုတ်ပါ။

၁၂. ကြက်ဥအမြန်ကျက်ဖို့


ကြက်ဥပြုတ်တဲ့အခါ အမြန်ကျက်အောင် ဆားထည့်ပြုတ်ရတယ်လို့ သိရပါတယ်.

၁၃. အ၀တ်အစားတွေမှာ မှင်ပေစွန်းခဲ့ရင်

Useful and Handy Info You Must Know

သင့်အ၀တ်တွေမှာ မှင်စွန်းသွားခဲ့ရင် သွားတိုက်ဆေးကို မှင်ကွက်ရာပေါ် နှံ့အောင် သုတ်လိမ်းပြီး လုံးဝ ခြောက်သည်ထိ အခြောက်ခံထားပြီး လျှော်ဖွတ်လိုက်တဲ့အခါ မှင်စွန်းရာများ ပျောက်ကွယ်သွားနိုင်ပါတယ်။

၁၄.  ကန်ဇွန်းဥ ပြုတ်

Useful and Handy Info You Must Know
 ကန်ဇွန်းဥပြုတ်ကို အခွံနွာလို့ လွယ်အောင် ပြုတ်ပြီးချင်းချင်း ရေအေးထဲ စိမ်ထားလိုက်ရင် အခွံခွာလို့ လွယ်ကူစေပါတယ်။

၁၅. ကြွက်ပြေးအောင်

gay-mice.jpg 
သင့်အိမ်မှာ ကြွက်တွေ သောင်းကျန်းနေတယ်ဆိုပါက ငရုပ်ကောင်းမှုန့်ကို ဖြန်းပက်ထားလိုက်ပါက ကြွက်များ ထွက်ပြေးသွားမှာဖြစ်ပါတယ်။

၁၆. ပိုးဟပ်ရန်က ကာကွယ်ဖို့

American Roach













ပိုးဟပ်တွေပြေးဖို့ တမာဆီ အနည်းငယ် နဲ့ ရေတစ်ခွက်လောက်ကို ရောပြီး အနံ့မရှိတဲ့ ဆပ်ပြာရည် အနည်းငယ်တို့ကို ရေစပ်၍ ပိုးဟပ်လာတတ်သော နေရာများတွင် ပက်ဖြန်ထားထားပါ။ အနံ့အနည်းငယ် ရှိသော်လည်း ပိုးဟပ်များ ထွက်ပြေးရန် အကောင်းဆုံးနည်းဟု သိရပါတယ်။ တမာဆီကို ဆေးဆိုင်တွေမှာ (Neem Oil) ဟု မေးဝယ်နိုင်ပါသည်။
နောက်တစ်နည်းမှာ စားဆော်ဒါ ( baking soda ) နှင့် သကြားအမှုန့်ကို ရောစပ်ကာ ပိုးဟပ် လာရာလမ်းတွေမှာ ပက်ဖြန်းထားပါက ပိုးဟပ်များ မလာတော့ဟု သိရပါတယ်။

ပိုးဟပ်တွေရန်က ဝေးအောင် ဘယ်လိုလုပ်ရမလဲလို့ ကော်မန့်မှာ မေးထားသူများအတွက် ထပ်မံဖြည့်စွက်ပေးတာပါ။

ကျွန်မဖတ်မိတဲ့ အချက်အလက်များကို အသုံးလိုသူများ ရှိခဲ့ရင် အသုံးတည့်ကောင်း တည့်နိုင်ဖို့ အင်တာနက်မှ ရှာဖွေ ဘာသာပြန်ကာ ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်.. စာဖတ်သူများနဲ့ ချစ်စွာသော ဘလောဂ့်ရေးဖော် မိတ်ဆွေများလည်း အထက်ပါ အချက်တွေမှာ မပါဝင်သေးတဲ့ မိမိသိထားသော အသုံးဝင် အချက်အလက်များ ရှိခဲ့ရင် အားလုံးလည်း သိရအောင် ကော်မန့်မှာ ပြန်လည် ဝေမျှပေးသွားဖို့ တောင်းဆိုချင်ပါတယ်။

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။


Source : Funzug.com


40 Responses to “မှတ်ဖွယ်မှတ်ရာ..”

Anonymous said...

တချို့ တွေ သိတယ် တချို့ တွေ မသိဘူး
ကျေးဇူးပါ ချွေးမလေးရေ


ချစ်တဲ့
ယောက္ခမဂျီး

Oh, Thank you for sharing Chaw.

မှတ်ဖွယ်မှတ်ရာ..တွေဖတ်ပြီးမှတ်သွားတယ်ချောရေ

မော်ဒယ်လ် လုပ်မယ့် ဆလူး ဝက် said...

ချော ချော ရေ ... ဟို ဆံပင်တောက်ပြောင်တာ ဗာနီဂါက ဟုတ်ပြီ ဘာ ဗာနီဂါလဲ များဆီမှာ ဆန် ဗာနီဂါပဲရှိတယ် ဘာအမျိုးအစားပဲဖြစ်ဖြစ်လား အဲဒါ သိချင်တယ် များ ဆံပင်တောက်ပြောင်ချင်တယ် လုပ်ရတာလဲ လွယ်တယ်ဆိုတော့ တချက်လောက် အဲဒါလေး ပြောပေးပါ ရွှေချောရယ်နော် ... အာာာာာာာာာာာာဘွားးးးးးးးး

လပြည့်ရိပ် said...

မသိသေးတာတွေကို စိတ်ဝင်တစားဖတ်သွားတယ်။ မျှဝေပေးလို့ ကျေးဇူးပါချောရေ....

Iora said...

ကြက်သွန်လှီးရင်မျက်ရည်မထွက်အောင် ဘေးနားမှာဆားပုံထားရတယ်ဆိုလား။

ဆံပင်ပျော့ပြီးတောက်အောင် ကြက်ဥအကာကို ဆေးဆိုးရင်ရောထဲ့ပြီး သဘက်ကိုရေနွေးနဲ့ စိမ်ညှစ်ပြီးခေါင်းမှာပေါင်းတာတွေ့ ဘူးတယ်။

ပီကေ ကပ်သွားတုန်း က အင်တာနက်မှာကြည့်ပြီး ရှာလကာရည်နဲ့ ပွတ်ဖူးတယ်။ နဲနဲတော့ အိုကေပေမဲ့ များတာကျတော့ အင်္ကျီနာတယ်။

ပီကေကျောက် said...

ငရုပ်ကောင်းကြိုက်တဲ့ ကြွက်ဆိုရင် မဆလာနဲ့ ပက်ပါ..
ကုလားသီချင်းလဲ ဖွင့်ထားပါ...စိတ်ညစ်ပြီး ထွက်ပြေးပါလိမ့်မည်။ မပြေးပဲ က နေတဲ့ ကြွက်ကို အလွယ်တကူ ရိုက်ချင်စားနိုင်သည်။

တယ်ဟုတ်ပါလား.. နောက် မချောလို စွယ်စုံကျမ်းကို တွေ့ရင် ကောင်းကောင်ပြုစုထားမှာ.. အဟဲ..ဖားတာ... ဟိဟိ

ခင်မင်လျက်
နေ၀ဿန်

ချောရေ။ ၃ခုလောက်ပဲသိတယ်။
ဒါကောင်းတယ် စုထားလို့ရတယ်နော်။
အိမ်ရှင်မလက်စွဲ လိုမျိုးလေ။

sosegado said...

ပုရွတ်ဆိတ် ရောင်းရန်ရှိသည် ကြွက် ရောင်းရန်ရှိသည် ရေးထားပါက
ပုရွတ်ဆိတ်များ ကြွက်များ မလာတော့ပါ၊
မယုံရင်စမ်းကြည့် အုပ်စုလိုက် အဖွဲ့လိုက်ပိုလာသည်ကို တွေ့ရပါသည်။း)

ရီဒါမှာ စတားလုပ်ထားလိုက်တယ် .. ဟဲဟဲ ..

ပိုးဟပ် မရှိအောင်လုပ်တဲ့နည်းလေးရော သိရင်ပြောပေးဦးနော် ..း)

PhyoPhyo said...

မသိတာတွေအများကြီးပဲ
လွယ်လွယ်နဲ့ အသုံးလည်းဝင်တယ်၊ အာလူးနည်းက အဆန်းနော် တစ်လုံးတည်းလုပ်ရမှာ၊ ကြက်ဥတော့ ဆားထည့်ပြုတ်ဖူးတယ်၊ အခွံခွာရလွယ်တယ်ဆိုလို့၊ ကြက်သွန်ခွာရင် မျက်ရည်ကျတတ်လို့ မျက်မှန်တပ်ပြီးခွာဖူးတယ်၊ မျက်မှန်ဘေးက အငွေ့က လှည့်ပတ်ပြီး ၀င်တော့ မျက်ရည်ကျတာပဲ၊ :D
ဒီတစ်ခါပီကေ၀ါးပြီး ခွာမယ်၊
ကျေးဇူးအများကြီးတင်ပလိုက်ပါတယ် မချောရေ
ချစ်တဲ့

sonata-cantata said...

ကျေးဇူးချောရေ...
အသုံးတည့်တာလေးတွေ မှတ်သွားတယ်

ညီလင်းသစ် said...

မအိုင်အိုရာ ပြောသလိုပဲ ကြက်သွန်နွှာရင် ဆားပုံရတယ် လို့လည်း ကြားဖူးတယ်၊ စမ်းတော့ မစမ်းဖူးဘူး၊ အဝတ်အစားမှာ ပီကေကပ်ရင် ရေခဲသေတ္တာထဲ ထည့်ပြီး ခွာတဲ့နည်းက လွယ်ပြီး အသုံးတည့်လိုက်တာ၊ ဟိုနေ့က ဘေးအိမ်က ကလေးတစ်ယောက် ဆံပင်မှာ ပီကေတွေ ကပ်လာလို့ သူ့အမေက ဘယ်လိုလုပ်ရမလဲ လို့ လာမေးနေတယ်၊ အခု အတော်ပဲ၊ ဒီနည်းကို ပြောပြ လိုက်မယ်....၊ သူတို့ ရေခဲသေတ္တာကလည်း ကြီးတော့ အဆင်ပြေမှာပါ၊ ကျေးဇူးပါပဲ မချောရေ...။ :D

flowerpoem said...

အမရေ ကျေးဇူးပဲ လုပ်ဖို့အများကြီးပဲ ဒီထဲကနေ မှတ်သွားပြိ :)

noblemoe said...

မမ မှင်မဟုတ်ပဲ ခေါင်းဆိုးဆေးအင်္ကျီ်မှာပင်သွားတာ ဆိုရင်ကော
ဆံပင်တွက်မှတ်သားသွားပါကြောင်းး)
စလုံးမှာဂျပိုးပေါတယ်အမရ
ဘေးခန်းကဂျပိုးနှိမ်နှင်းရေးလုပ်နေတာမအောင်မြင်သေးဖူး သူတို့မောင်းတော့ ဒီဘက်ပြေးလာမှာကြောက်လို့ ဆေးကြိုဖြန်းထားရတယ်။ နည်းသိရင်ကူပါဦးကြောက်စ်လို့း)

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မရေ သိပ်အသုံးဝင်တာပဲ
ကျေးဇူးပါ

စော(အဝါရောင်မြေ) said...

ပုရွတ်ဆိတ်တွေက ဆနွမ်းကျောက်တယ်။

ရေနောက်ရင် ကျောက်ချည်ကို ရေထဲမှာ ခဏ မွေပေးရတယ်။

အကျီမှာ ဆီပေရင် သနပ်ခါးလူးပြီး အခြောက်လှမ်းရတယ်။ သနပ်ခါး ဆီဆုပ်သွားမှ ရေနှင့် လျှော်ရတယ်။

ပိုးဟပ်တော့ မသိဘူး၊ ဂျပိုးရှိရင်တော့ အိပ်ယာခင်းတွေလျှော် အောက်က ဖော့တွေကို လွှင့်ပစ်ပြီ အိမ်သာပြောင်းလိုက်ပါ။ :P

စော(အဝါရောင်မြေ) said...

အော် ရှိသေးတယ်

ခြတောင်ပို့ ပေါက်ရင် ရွှေရေ၊ ငွေရေဆေးပြီး တောင်ပို့ ပေါ်ကနေ အဲဒီရေနဲ့  လောင်းရတယ်။

T T Sweet said...

မသိတာတွေ အများကြီးပဲ။ မှတ်သွားပါသည်။ ပရွက်ဆိတ်ကိစ္စအကြိုက်ဆုံး။

ahphyulay said...

ဝေးးးးးးးးးးးး မမချောချော..ဘော်ဘော်ကြီးရေ..
ကျွန်တော့်အခန်းထဲက ပုရွက်ဆိတ် ငတ တွေနဲ့ 
ကိုရွှေကြွက် လဒ တွေအတွက် ကျေးဇူး ပဲဗျိုး..။


ခင်ဒဲ့ 

အဖြေးလူ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကော်မန့်တွေဖတ်ပြီး တစ်ယောက်တည်း မျက်ရည်ထွက်မတတ် အော်ရယ်မိသေး။
အားလုံးအားလုံးကို ကျေးဇူးအထူးပါ။

ချစ်ကြည်အေး said...

ချော....ဝက်ကလေးနဲ့ တူတူပဲ ဆံပင်လေးအိပြောင် နေချင်တယ် ကြက်ဥအကာက ညှီလို့ မလိမ်းနိုင်ဘူး...။ ပြောပါ ပြောပြပါ ဘာလုပ်ရမလဲ....ဘာ ဗနီကာလဲ အိမ်မှာက ပန်းသီးဗနီကာပဲရှိတယ် ရမ်းမလုပ်ရဲဘူး ဂတုံးမ ဖြစ်သွားမစိုးလို့ ခွိ ခွိ :)

ကျန်တာတွေလည်း မှတ်သားသွား၏.....

ပုရွက်ဆိတ်ပြေးနည်းအတွက်ကျေးဇူးတင်တယ်အစ်မရေ
အိပ်ယာပေါ်မှာ ကွန်ပြူတာရှေ့မျက်နှာအပ်ပြီး ထမင်းစား၊
ကော်ဖီသောက်၊မုန့်စား၊ အဲ့ဒီတော့ ပုရွက်ဆိတ် နဲ့ နှစ်ပါး
သွားနေရတာကြာပြီ..၊ဒင်းတို့တော့ အိမ်ပြောင်းဖို့ပြင်ပေ
တော့....:)))0

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မချစ်.. ၀က်ကလေး
ကြိုက်တဲ့ ဗနီကာနဲ့ လျှော်ပါ။ ကတုံးမ ချက်ခြင်း မဖြစ်ဖို့ အာမခံပါတယ်..
နှစ်နဲ့ချီကြာရင်တော့ မပြောတတ်ပါ။ ဟိဟိ
စကားမစပ်. များလဲဒီနေ့ ဗနီကာလိမ်းပြီး ခေါင်းလျှော်တယ်. ဆံပင်တွေများ သန့်ပြီးတောက်ပြောင်ချောမွတ်နေတာ။ ညနေက ခြင်တစ်ကောင် ခေါင်းပေါ်လာနားတာ ချော်လဲပါလေရောလား။
စဉ်းစားကြည့်.. ဘယ်လောက်ချောပြောင်နေတယ်ဆိုတား)

ကျေးဇူးကျေးဇူး အ၀တ်ဖြူဖြူတွေ ပြန်ဝတ်ရဦးမပေါ့

rose said...

ပုရွက်ဆိတ်က သခွားသီး မုန်းတာ အခုမှ သိတယ်။ ဘာလို့လဲ မသိဘူးနော်။ သခွားသီးက ချိုတာပဲပာာ။ ရို့စ် ပုရွက်ဆိတ် မြင်ရင် ကြက်သီးထတယ်း) တော်သေးတယ်... ဒီရောက်ပြီး ကတည်းက ပုရွက်ဆိတ် မတွေ့ရတော့ဘူး။ ပိာပိာ ကြက်သွန်ခွာတုန်း ပီကေ စားရင် တကယ် မမွှန် ဘူးလား။ အစ်မချော စမ်းကြည့်ပြီးပြီလားပာင်။

အဖြူရောင်နတ်သမီး said...

အကုန်မသုံးဝင်လို့ အကုန်မှတ်သွားတယ် မချောရေ...
မသိ မဖြစ် သိသင့်တဲ့အချက်တွေပါပဲ...။
ကျေးဇူးပါဗျို့...

အစ်မချော...မဆိုးဘူးပဲနော်....အိမ်ရှင်မတွေမှတ်သား စရာတွေ...မှတ်သားစရာတွေ...အင်း....ဒီကိုလာပြီး စာဖတ်ခိုင်းဦးမှ :P

ခင်တဲ့(ဖိုးကြယ်)

အစ်မချော...မဆိုးဘူးပဲနော်....အိမ်ရှင်မတွေမှတ်သား စရာတွေ...မှတ်သားစရာတွေ...အင်း....ဒီကိုလာပြီး စာဖတ်ခိုင်းဦးမှ :P

ခင်တဲ့(ဖိုးကြယ်)

မှတ်စရာလေးတွေလာမှတ်သွားတယ်မချောရေ။ ပိုးဟတ်နဲ့ ပုရွက်ဆိတ်ကတော့ လက်တလော ဒုက္ခပေးနေတာမို့ မချောနည်းနဲ့ဖြေရှင်းရတော့မယ်။ ကျေးဇူးနော်။

Anonymous said...

အစ်မရေ
ဂျပိုးပြေးဆေး ရှိရင် ပြောပြပါအုံး
အခန်းဖော် အသစ်က ဂျပိုးပါ ခေါ်ပြောင်းလာတယ်

Shinlay said...

လေ့လာမှတ်သားသွားပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

မချောရဲ့ စာဖတ်ပရိသတ်က အိမ်မှာ ကျနော်
တစ်ယောက်တည်း မဟုတ်၊ ကျနော့်အမျိုးသမီးပါ
ပါ၏ ... :P

ချောပိုရဲ့ ဆလူး said...

ချောပို လို့ နံမည်ပေးရမယ် ဟွင့် ပိုလိုက်ထျာာာ ဘာတဲ့ ခြင်တကောင်လာနားတာ ချော်လဲတယ်တဲ့လား ဟွင်းးး
ဟုတ်တယ်
အဲဒီ ခြင်က ချောခေါင်းပေါ်လာနားလို့ ချောခေါင်းက ချော နေလို့ ချော်လဲတာ ဟားဟားးးးးးးးးး
“ခ” ခွေးတွေချည်းပဲ ခစ်ခစ်

chitsoe said...

အကုန်လုံးစိတ်ဝင်စားစရာကောင်းပါတယ်ဒါပေမယ့်ကြမ်းပိုးပြေးဆေးမပါတော့စိတ်မကောင်းဘူးကျွန်တော်တို့မလေးရှားမှာကြေမ်းပိုးအရမ်းပေါတာ့ဘဲမမချောရေနည်းလေရှိရင်ပေးပါဦးကြမ်းပိုးဆိုရင်အရမ်းမုန်းတာမမချောရေ

သိပ်ကိုအသုံးဝင်တဲ့ မှတ်သားစရာလေးတွေကို ဖတ်မှတ်သွားပါတယ် ချောချောရေ..

တကယ့်ကို မှတ်သားစရာတွေပါလား....ကျေးဇူးပဲ မမ...

Mhaw Sayar said...

ကျေးဇူးပါ အစ်မ. :))

mi mi said...

thank for your posts.