သက်တန့်ရောင်စဉ် ယူကလစ်ပင်

သက်တန့်ရောင်စဉ် ယူကလစ်ပင်



သက်တန့်မှာ ပါဝင်တဲ့ ရောင်စဉ်တွေလို ပင်စည်ပေါ်မှာ အရောင်မျိုးစုံ ယှက်ဖြာနေတဲ့ ယူကလစ်ပင်ကို မြင်ဖူးကြပါသလားရှင်။ ကြည့်လိုက်ရင် တစ်စုံတစ်ယောက် ဆေးရောင်စုံတွေကို သစ်ပင်ပေါ်မှာ ဒေါင်လိုက် ဆွဲချထားတယ်လို့ ထင်ရလောက်အောင် အရောင်တွေကလည်း ထူးဆန်းဖွယ် စုံလင်လို့ နေပါတယ်။ တကယ်တမ်းတော့ လူတွေရဲ့ ဖန်တီးမှုကြောင့် မဟုတ်ဘဲ သဘာဝအတိုင်း သစ်ပင်ပေါ်မှာ အရောင်စုံလေးတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီလို ယူကလစ်ပင်မျိုးကို နယူးဂီနီ၊ နယူးဘရစ်တိန်၊ ဖိလစ်ပိုင်တို့မှာ တွေ့ရှိရတတ်ပြီး အမြင့် ၇၅မီတာထိအောင် ရှည်လျားတတ်ပါတယ်။
rainbow tree 1

ဒီအပင်က အစ်မချစ်ရဲ့ ပန်းချီလက်ရာများလား

rainbow tree 2
ဒါကတော့ မလေး(အိမ့်ချမ်းမြေ့) ရဲ့ လက်ရာနဲ့ ခပ်ဆင်ဆင်

rainbow tree 3


rainbow tree 4
ဒါကတော့ ပန်ဒိုရာ့ လက်ရာနဲ့ တူသလိုလို


rainbow tree 5


rainbow tree 6

ဒီပုံက ချစ်ညီမ ဖြိုးဖြိုးရဲ့ ဆေးပန်းချီ


rainbow tree 7


ထူးဆန်းတဲ့ နောက်တစ်ချက်က ဒီလို သစ်ပင်မျိုးကို အဖြူရောင်စက္ကူများ ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်… အရောင်မျိုးစုံး အကွက်လိုက်ဖြစ်ပေါ်နေတဲ့ ယူကလစ်ပင်ရဲ့ သစ်ခေါက်ဟာ အရေခွံ လဲတဲ့ အချိန်ဟာ မတူညီပါဘူး။ ပထမဦးစွာ အပြာရောင်၊ နောက် လိမ္မော်ရောင်၊ ခရမ်းရောင် နဲ့ နောက်ဆုံးမှာ ကြက်သွေးရောင်ကို ပြောင်းလဲ သွားတာဖြစ်ပါတယ်။ တကယ်လို့များ သင်ဟာ ၄င်း သက်တန့်ရောင်လို လှပအသွေးစုံလှတဲ့ ယူကလစ်ပင်ကြီးကို တွေ့ခဲ့မယ်ဆိုရင် သူ့ရဲ့ အရောင်တွေရဲ့ လှပဆန်းကြယ်မှုကို ရင်သပ်ရှုမော တွေ့ကြရမှာ ဖြစ်ပါတယ်။


ကျွန်မကတော့ ဒီယူကလစ်ပင်ကြီးရဲ့ အရောင်စုံတွေကို မြင်မိချိန်မှာတော့ ကျွန်မတို့ ဘလောဂ့်ရပ်ဝန်းက ပန်းချီ ပညာရှင်တွေ ဖြစ်ကြတဲ့ အစ်မ ချစ်ကြည်အေး၊ မလေး (အိမ့်ချမ်းမြေ့)၊ ပန်ဒိုရာနဲ့ ဖြိုးဖြိုး တို့တွေများ ဒီသစ်ပင်ကြီးကို တကူးတက သွားရောက်ကာ ဆေးရောင်စုံတွေ ခြယ်ထားလေသလားလို့ တွေးလိုက်မိပါသေးတယ်။   :)  :)

~~~~~~~~@@@~~~~~~~~~

သက်ရှည်ပင်ကြီး


Image Hosted by PicturePush - Photo Sharing


ရေအရင်းအမြစ်ရယ်လို့ လုံးဝမရှိတဲ့ သဲကန္တာရကြီးထဲမှာ တစ်ပင်ထီးတည်း ရှင်သန်နေတဲ့ သစ်ပင်ကြီးတစ်ပင်ဟာ ဘာရိန်းနိုင်ငံရဲ့ ထင်ရှားတဲ့ အမှတ်အသားတစ်ခု ဖြစ်ပါတယ်။ ရေရှိတဲ့ နေရာနဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ သဲကန္တာရကြီး အလယ်မှာ ထူးထူးခြားခြား ရှင်သန်ပေါက်ဖွားနေတာဟာ ပဟေဠိဖြစ်စရာပါဘဲ။


Image Hosted by PicturePush - Photo Sharing


၎င်းသစ်ပင် ပေါက်ရောက်နေတဲ့ သဲကန္တာရကြီးရဲ့ သဲပြင်ထုဟာ ၂၅မီတာ ( ၈၂ပေ ခန့်) မြင့်ပါတယ်။ ရွှေရောင် သဲပင်လယ်ကြီးလို့ ဆိုရလောက်အောင် မြင်မြင်သမျှ သဲပြင်အတိ ဖြစ်ပြီး ၄င်းကန္တာရ အလယ်မှာမှ အခြား ဘာအပင်မှ မပေါက်ဘဲ သူတစ်ပင်တည်း ပေါက်ရောက်ရှင်သန်နေတာ ဖြစ်ပါတယ်။ အပင်များ ပေါက်ရောက်ရှင်သန်ဖို့ ခက်ခဲလွန်းတဲ့ အခြေအနေမှာ ထူးခြားစွာ ပေါက်နေတဲ့အပင် ဖြစ်တာကြောင့် ဘာရိန်း ပြည်သားများကတော့ ၄င်း အပင်ကြီးကို ဒဏ္ဍာရီ ဆန်လှတယ်လို့ ပြောဆိုအံ့သြနေကြသလို ကမ္ဘာတစ်ဝှမ်းက စူးစမ်းလေ့လာသူများကလည်း အပင်ကြီးရဲ့ ထူးခြားမှုကို စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာကြပါတယ်။



Image Hosted by PicturePush - Photo Sharing



၎င်း Tree of Life လို့ခေါ်ကြတဲ့ ထူးဆန်းသော သက်ရှည်ပင်ကြီးဟာ ဘာရိန်းနိုင်ငံရဲ့ ဆွဲဆောင်မှု အရှိဆုံး အပင်ကြီးဖြစ်တဲ့ အပြင် ကမ္ဘာလှည့်ခရီးသည်အများအပြား သွားရောက်ကြည့်ရှုကြလေ့ ရှိပါတယ်။ အဲဒီအပင်ရှိရာကို ကားဖြင့်သာ သွားရောက်နိုင်သော်လည်း မသွားခင်မှာ ကားတွေကို သေချာ ကြည့်ရှုစစ်ဆေးဖို့တော့ လိုပါလိမ့်မယ်။ မဟုတ်ရင် လူသူမနီးတဲ့ သဲပြင်ကန္တာရကြီး အလယ်မှာ ကားတစ်ခုခုဖြစ်ခဲ့ရင် ဒုက္ခများမှာတော့ သေချာပါတယ်။

Image Hosted by PicturePush - Photo Sharing



၎င်းအပင်ကြီးရဲ့ နှစ်ပေါင်း ၄၀၀ ခန့် သက်တမ်းရှိတဲ့ ၄င်းအပင်ကြီးဟာ ရေမရှိဘဲ ဘယ်လိုရှင်သန် နေတယ်ဆိုတာ ရုက္ခဗေဒ ပညာရှင်များနဲ့ သိပ္ပံ ပညာရှင်တွေကို ဦးနှောက် ခြောက်စေပါတယ်။  တစ်ယောက်တစ်မျိုး အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြပေမဲ့ တိတိကျကျတော့ အဖြေထုတ်ဖို့ ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေပါတယ်။ အချို့ကလည်း ၄င်းအပင်ကြီးရဲ့ အမြစ်တွေဟာ ရေရှိနိုင်တဲ့နေရာအထိ ခန့်မှန်းလို့ မရနိုင်လောက်အောင် နက်ရှိုင်းစွာ ထိုးဖောက် ၀င်ရောက်ကာ ရှင်သန်နေတာဖြစ်မယ် လို့ ပြောဆိုပေမဲ့ သက်သေပြနိုင်ခြင်းတော့ မရှိသေးပါဘူး။


Image Hosted by PicturePush - Photo Sharing




ဘာရိန်းပြည်သူ ပြည်သားတွေ ကြားမှာ အပင်နဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇ၀င်များစွာ ရှိသော်လည်း အများအားဖြင့် ယုံကြည်နေကြတဲ့ ဒဏ္ဍာရီတစ်ခုက ၄င်းအပင်ကြီး ပေါက်နေတဲ့ အရပ်ဟာ ကမ္ဘာဦးအစက ဖြစ်ပေါ်ခဲ့တဲ့ အေဒင်ဥယျာဉ်ရဲ့ နေရာဖြစ်မယ် လို့ ယုံကြည်စွာ လက်ခံ ပြောဆိုနေကြပါတယ်။ ဒဏ္ဍာရီ ပုံပြင်တွေ ဘယ်လိုပင် ပြောဆိုနေစေကာမူ အပင်ကြီးကတော့ ရေမနီး၊ သဲပြင်ကြီး အလယ်ထဲမှာ ရာစုနှစ် ၄ခုကြာအောင် ထူးဆန်းစွာ ရှင်သန်နေတုန်း ဖြစ်ပါတယ်။


သုတများဖြင့် ပြည့်စုံကြပါစေရှင်။

 


Crazy Colored Eucalyptus Tree ( Planetoddity )

The Tree of Life – A Mysterious Natural Phenomenon (odditycentral ) 

19 Responses to “သက်တန့်ရောင်စဉ် ယူကလစ်ပင်”

Nyi Linn Thit said...

ယူကလစ်ပင်ရဲ့ ဒီဇိုင်းက အတော်လန်းတာပဲ...၊း)
စုတ်ချက်တွေကလည်း အနု၊ အရင့် စုံလို့...။

rose said...

ရောင်စုံ အပင်လေး လှလိုက်တာ။ သဲကန္တရ အလယ်က အပင်ကြီးကလည်း လှလိုက်တား) ခရီးက ပြန်ရောက်ရင် မုန့်ဝယ်ခဲ့နော် အစ်မချော။ သတိတရ လာနှုတ်ဆက်လို့လည်း ကျေးဇူးပါ။

Iora said...

ယူကလစ်ပင်တွေအခေါက်ကွာရင် ဖြူဖြူညိုညိုစိမ်းစိမ်းတွေမြင်ဘူးပေမဲ့ ဒီလိုပန်းချီဆန်ပြီးသက်တန့် ရောင်တွေဖြစ်နေတာခုမှမြင် ဘူးတယ်။ သိပ်လှတာဘဲ။
နောက်ဆိုသတိထားကြည့်ဦးမယ် အဲဒီလောက်အရောင်မစုံရင်တောင် ဘယ်လိုများရှိနေမလဲလို့ ကြည့်ဦးမယ်။

သစ်ပင်တွေချစ်တဲ့သူဆိုတော့ နှစ်ခုစလုံးသိပ်သဘောကျတယ်ချောရေ..
ခရီးမှာပျော်ရွှင်ပြီးအဆင်ပြေပါစေ။
အိုင်အိုရာ

Those Rainbow Eucalyptus are amazingly beautiful, thank you Chaw!!!

Anonymous said...

ချောငယ်
ယူကလစ်ပင်တွေရဲ့ အရောင်လေးတွေက လှလိုက်တာ
တခါမှတောင် မမြင်ဖူးဘူရယ် ကျေးဇူးပါ။ သင်္ကြန်အ၀ပျော်ခဲ့နော် :)


ချစ်တဲ့
ယောက္မဂျီး

sonata-cantata said...

ချောရေ..ဟုတ်တယ်နော်..
ဘလော့ဂ်ကတဆင့် သံယောဇဉ်တွေလေ
တိုက်ဆိုင်သွားရင် သတိရ,ရတာအမော...
အိမ်နားမှာ သစ်ပင်လေးတွေ စိုက်တဲ့ အမတယောက်ရှိတယ်။ သူက ဘလော့ဂ်တွေလည်း ဖတ်ပါတယ်။ သူ့ ပန်းလေးတွေ ပွင့်ရင် ခေါ်ပြရင်း စာရေးတတ်တဲ့သူဆိုရင် ရေးပြီးပြီလို့လည်း ပြောတတ်သေးတယ်။ ဒီက ချောကို သတိရ,ရတာအမော...:)

ချစ်ကြည်အေး said...

ဟုတ်ပါ့ ချောရယ် တခါမှ မမြင်ဖူးပါဘူးဟယ်... လှထှာ ဟို အမချစ်ဆွဲထားတာလား ဆိုတဲ့ အပင်က ပိုလှသေး...ဟဟဟဟဟား...၊ "ဘလောဂ့်ရပ်ဝန်းက ပန်းချီ ပညာရှင်တွေ" တဲ့ မြောက်သွားပြီ ချောရေ...ပြန်ကျရင်တော့ အတော် နာမှာဟ....:P

မျှဝေတဲ့အတွက် ကျေးဇူးပါ ချောညီမရေ....

စော(အဝါရောင်မြေ) said...

မြန်မာပြည်က ယူကလစ်အပင် ကတော့ အဲလို မဟုပ်ဘူး။ မြေဆီစုပ်တယ်၊ မိုးခေါင်တယ်တဲ့။

ကန္တာရထဲက သစ်ပင်ကတော့ အဓိပ္ပါယ်ရှိတယ်။ သဘောကျတယ်။

Shinlay said...

သဘာဝရဲ့ ထူးဆန်းမှုတွေက အံ့သြဖိုကောင်းလိုက်တာ။

ဗဟုသုတရမိပါတယ်.....

ခင်မင်လျက်
နေ၀ဿန်

ahphyulay said...

အင်း...
ပြောရရင် ကဗျာ တစ်ပုဒ်လိုပါပဲ..။
ပန်းချီကားတစ်ချပ် အဲ.. စကားလုံးများစွာ
ပြောနေတဲ့  ပန်းချီကားတစ်ချပ် ..။
ဘယ်လိုပဲဖြစ်ဖြစ် ဟင်းလင်းပြင်ကြီးမှာ
ထီးထီးကြီးဆိုတော့  ကိုယ်ဖွဲ့ နွဲ့  ကွန့် မြူး
နိုင်သလောက် ရဿတွေ မြောက်တော့ မယ်။

Su said...

Thanks for your shearing....:D

T T Sweet said...

ယူကလစ်ပင် အဖြူတွေပဲ မြင်ဖူးတာ။ တကယ်ကို အရောင်တွေနဲ့ ထူးဆန်းလိုက်တာ။

တို့လဲ စိတ်ဝင်စားတယ်။ အပင်ကြီးက ရေမရှိပဲ ဘယ်လို အသက်ရှင်?????

ကိုကိုမောင်(ပန်းရနံ့) said...

အပင်နှစ်မျိုးလုံး ထူးဆန်းနေတယ်။ ယူကလစ်ပင်ရော ကန္တာရထဲက အပင်ရောပေါ့။ ထူးဆန်းပါပေ့ ဆတွတ်ရယ် လို့ ဆိုရမလို ဖြစ်နေပြီ။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

chitsoe said...

အခုလိုခက်ခက်ခဲ့ခဲ့ရှာဖွေတင်ဆက်ပေးတဲ့မမချောကိုကျေးဇူးတင်ပါတယ်ကျွန်တော်လဲယူကလစ်ပင်အဖြူဘဲမြင်ဘူးတယ်ရောင်စုံတစ်ခါမှမမြင်ဘူးဖူးအံ့သြစရာဘဲနော်မမချော


မမချောကိုခင်မင်လေစာလျှက်

မချောရေ မမြင်ဖူးတဲ့ အပင်လေးတွေ မြင်တွေ့လိုက်ရလို့ ကျေးဇူးတင်ပါတယ်နော်။ တော်တော်ထူးဆန်းတဲ့ အပင်တွေပါလားနော်။ လှလိုက်တာ ။ ကန္တာရထဲက အပင်ကလည်း အရမ်း သဘောကျဖို့ကောင်းတယ်။ နောက်လဲ ထူးဆန်းတာလေးတွေ တင်ပေးပါဦးနော်။


မချောရေ

ကျွန်မတို့ရဲ့ ဆိုက်အသစ်လေးမှာလဲ စာတွေ ဝင်ရေးပေးပါဦးလို့ ဖိတ်ပါတယ်ရှင်။ မြန်မာ အွန်လိုင်းဘလော့ဂ္ဂါများအသင်းပါ MOBA ပေါ့။ ဒီလိပ်စာလေးကနေဝင်ခဲ့ပါနော်။ www.moba4all.org ပါရှင်။ မချော ဝင်ရောက်ကူညီရေးသား ပေးမယ်ဆိုရင်တော့ တစ်အားပါပဲရှင်။ ဆက်ဆက်လာခဲ့ပါနော်။

ခင်မင်လေးစားလျက်
မေသိမ့်သိမ့်ကျော်
(www.moba4all.org)

ရောင်စုံလေးနော် လှမှလှပဲ...
သဘာဝတရား များ တယ်ဆန်းကျယ်တာပဲနော်...

PhyoPhyo said...

မချောရေ ယူကလစ်ပင်အရောင်တွေက လှလိုက်တာ၊
သဘာဝတရားကို ဆးခြယ်ကြည့်ရင် လိုက်လို့မမှီဘူး၊
တခါမှ မသိဘူး ယူကလစ်ပင်အရောင်လေးတွေ အဲလိုဖြစ်နေတာ၊ ထူးဆန်းတယ်၊ ယူကလစ်အရွက်အနံ့ ကြိုက်တယ်၊
ဘာရိန်းက အပင်ကြီးက အေဒင်ဥယျာဉ်ကအပင် ဟုတ်ချင်ဟုတ်နေမှာနော် ;) ရုပ်ရှင်တွေထဲမှာ ပါတဲ့ အပင်ပုံစံနဲ့ တော်တော်တူတယ်၊
မချော ကို ရေလောင်းပါတယ်၊ ကချင်မှာဆိုတော့ အေးမယ်ထင်တယ်၊ သပြေရွက်လေးနဲ့ နုနုရွရွလေး ရေလောင်းသွားတယ်နော်
သင်္ကြန်နဲ့ နှစ်သစ်မှာ မချောတို့ မိသားစုအားလုံးပျော်ရွင်ချမ်းမြေ့ပါစေ။
ဘလော့ဂ်သူငယ်ချင်းများအားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ။