တောင်တန်းများဆီသို့...

ဒီတစ်ခေါက် အိမ်ပြန်ရင်းနဲ့ ကချင်ပြည်နယ်ရဲ့ သစ်တောများပေါလှတဲ့ တောင်တန်းကြီးတစ်ခုကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။ တောင်တန်းတွေပေါ်ကို ခရီးသွားရတဲ့အရသာဟာ စိတ်ကို တစ်မျိုးလေး လတ်ဆတ်စေသလို ရှုခင်းတွေကြည့်ရတာ စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ကျွန်မတော့ ခံစားမိပါတယ်။ ကျွန်မ သွားခဲ့တဲ့ တောင်ပေါ်ခရီးလမ်းဟာ လမ်းမကြီး မဟုတ်သလို မြို့ကြီးပြကြီး သွားတဲ့လမ်းလည်း မဟုတ်တာကြောင့်  ရောက်ဖူးသူ နည်းမယ် ထင်ပါတယ်။ အဲဒီဒေသဟာ သစ်တောတွေပေါတာကြောင့် သစ်တွေ ခိုးထုတ်ကြ၊ သစ်ထုတ်လုပ်ရေးတွေ လုပ်ကြတဲ့ ဒေသဖြစ်ပြီး ဗန်းမော်၊ မိုးမောက် စတဲ့ မြို့နယ်တွေကို ဖြတ်သွားပြီး ပေ ၅၀၀၀ကျော် မြင့်မားတဲ့ ကချင်တောင်တန်းကြီးကို ဖြတ်ရတဲ့ ခရီးဖြစ်ပါတယ်။ အဲဒီတောင်တန်းကြီးရဲ့ အမည်က စိန်လုံတောင်တန်း ဖြစ်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ဗလမင်းထင်တံတား

Image Hosted by PicturePush - Photo Sharing 
နှုတ်ဆက်နေတဲ့ မြစ်ကြီးနားမြို့


Image Hosted by PicturePush - Photo Sharing
ဝိုင်းမော်မြို့အ၀င်

Image Hosted by PicturePush - Photo Sharing

မြစ်ကြီးနားမြို့ကနေ ကားနဲ့သွားရပြီး မိုင်တစ်ရာကျော်ဝေးတယ်လို့ သိရပါတယ်။ ကားဆရာကိုမေးတော့ ကားဆရာကလည်း သူက အခုမှ ဒီလမ်းကိုမောင်းတာမို့ အတိအကျ မသိဘူးလို့ ဆိုပါတယ်။ ခရီးသွားရင် ကျွန်မလို မေးမြန်း စပ်စုတတ်သူနဲ့ တိုးလို့ကတော့ ကားဆရာတွေ စိတ်ညစ်မယ် ထင်ပါတယ်။ ကျွန်မအကျင့်က ခရီးသွားရင် လမ်းတစ်လျောက် ကိုယ်မသိတာမှန်သမျှ မေးတတ်တဲ့ အကျင့် ရှိပါတယ်။  စစချင်းတော့ မြစ်ကြီးနား - ဗန်းမော်လမ်းအတိုင်း မောင်းလာတဲ့ခရီးက ကတ္တရာခင်းလမ်းဖြစ်ပြီး ကျယ်လဲကျယ်ဝန်းပါတယ်။ မြစ်ကြီးနားမြို့ကနေ ထွက်လာပြီးမကြာခင်မှာ ၀ိုင်းမော်မြို့ကို ရောက်ပါတယ်။ ၀ိုင်းမော်မြို့ဆိုတာ တစ်ချိန်က ဗလမင်းထင်တံတားမရှိခင် မြစ်ကြီးနားမြို့ကနေ စက်လှေ၊ မော်တော် စသည်တို့ဖြင့်သာ ကူးသန်းသွားလာနိုင်ခဲ့ပြီး ခုချိန်မှာတော့ တံတားကြီးကနေ သွားလာနိုင်ပြီဖြစ်တာကြောင့် အတော်အသင့် ဖွံ့ဖြိုးနေပြီလို့ ပြောလို့ရတဲ့မြို့ကလေးဖြစ်နေခဲ့ပါပြီ။ တရုတ်နယ်စပ်နဲ့နီးတာကြောင့်လည်း တရုတ်ပစ္စည်းတွေနဲ့ စည်ကားလို့နေပါတယ်။ လမ်းတစ်လျှောက်မှာ လိမ္မော်ခြံ၊ ရာဘာခြံ၊ သစ်မွှေးခြံတွေ တစ်လမ်းလုံးတွေ့ရပါတယ်။ ယခင်ကတော့ ကျွန်မတို့ ကချင်ပြည်နယ်မှာ ရာဘာစိုက်ပျိုးတာမျိုး မရှိခဲ့ပါဘူး။ ခုနောက်ပိုင်းမှ ရာဘာကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြတာဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
လမ်းတစ်လျောက်က ရာဘာခြံများ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing
တောင်တန်းတွေဆီ ဦးတည်နေတဲ့ မြေပဲယိုလမ်းများ


နောက်ပိုင်းမှာတော့ ကတ္တရာလမ်းမဟုတ်တော့ဘဲ ဒီလို ကျောက်ကြမ်းခင်းလမ်းဖြစ်သွားပါပြီ။ အဲဒီလမ်းကို မြေပဲယိုလမ်းလို့ခေါ်ပါတယ်။ သေချာကြည့်ရင် မြေပဲယိုနဲ့တူလို့ပါ။ ကျောက်ကြမ်းခင်းထားပေမဲ့ လမ်းကြိတ်စက်နဲ့ သေချာ ဖိခင်းထားတာကြောင့် လမ်းကောင်းတယ် ပြောရမှာပါဘဲ။  ကားတွေလဲ အမြန်နှုန်းနဲ့ မောင်းနေတာ တွေ့ရပါတယ်။ ကျွန်မတို့ကချင်ပြည်နယ်သူ နယ်သားတွေကတော့ ဒီလောက်လမ်းတွေ ရှိနေတာကိုက ကျေးဇူးတင်ရမှာပါ။ သိရသလောက်တော့ ဒီလမ်းတွေကို တစ်ဖက်က ခင်းပေးတယ်လို့ ကြားမိတာပါဘဲ။ ဒါပေမဲ့ သေချာတော့ မပြောနိုင်ပါဘူး။


Image Hosted by PicturePush - Photo Sharing
လိုင်ဇာမြို့အနီး လဂျားယန်က တပ်စခန်း

(ဒီဂိတ်မှာ ခရီးသည်အားလုံး လမ်းဆင်းလျှောက်ရပါတယ်။)
Image Hosted by PicturePush - Photo Sharing 
လိုင်ဇာမြို့အ၀င်ဆိုင်းဘုဒ်

လိုင်ဇာမြို့ဆိုတာ တရုတ်နယ်စပ်နဲ့ ကပ်လျှက် ဖြစ်ပြီး ကချင် (KIO) ထိန်းချုပ်မှုအောက်က မြို့ကလေးဖြစ်ပါတယ်။ မြန်မာအစိုးရရုံးများ စစ်တပ်များက မြို့ဝင်ခါနီး လဂျားယန်မှာရှိပါတယ်။ တစ်ဖက်နိုင်ငံကို ၀င်ရောက်ဖို့ ၀င်ခွင့်စာအုပ်များကို ၄င်းအစိုးရရုံးများရှိရာ  လ၀ကရုံးမှာ လုပ်ရပြီးမှ လိုင်ဇာမြို့ထဲ ၀င်ရောက် ကြရပါတယ်။ လိုင်ဇာမြို့ထဲမှာတော့ မြောင်းသာသာ ချောင်းကလေးသာ ခြားထားတဲ့ တစ်ဖက်နိုင်ငံထဲကို ရောက်ပါတယ်။ ၀င်ခွင့်စာအုပ်ပါရှိရင် လူတိုင်း ၀င်ပေါက်ရှိရာ တံတားကြီးကနေ ဖြတ်သန်းပြီး တစ်ဖက်နိုင်ငံထဲ တရားဝင် ၀င်ရောက်လို့ ရပါတယ်။ ဒီ လိုင်ဇာမြို့ကလေးဟာ ကချင်ပြည်နယ် တစ်ခုလုံးသို့တရုတ်ကုန်ပစ္စည်းများ အများအပြား ၀င်ရောက်ရာ ၀င်ပေါက်တစ်ခုလည်း ဖြစ်ပါတယ်။ မုဒ်ဦးမှာ ကချင်လို Wunli Lu U Ga မြန်မာလိုတော့ မင်္ဂလာပါ လို့ ရေးထားပါတယ်။ လိုင်ဇာမြို့ကို ၀င်မယ်ဆို ဒီမုဒ်ဦးပေါက်က ၀င်ရမှာဖြစ်ပေမဲ့ ကျွန်မတို့က ဒီမြို့ဝင်မှာမဟုတ်လို့ လမ်းခွဲကနေ ဆက်ပြီး ထွက်ခွာလာခဲ့ပါတယ်။

Image Hosted by PicturePush - Photo Sharing 
တံတားထိပ်က ဗုဒ္ဓရုပ်ပွားတော်

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing
တာပိန်မြစ်ကူးကြိုးတံတား

လိုင်ဇာမြို့ကနေ ကျော်လာပြီး တာပိန်မြစ်ကို ဖြတ်ဖောက်ထားတဲ့ ကြိုးတံတားရောက်ပါတယ်။ ဒီမြစ်ကို တွေ့တော့ ပထမဦးဆုံး တွေ့ဖူးတယ်ဆိုပေမဲ့ စိတ်ထဲ ရင်းနှီးနေသလို ခံစားရပါတယ်။ ဘာလို့ဆိုတော့ ကျွန်မတို့ငယ်ငယ်က ပထ၀ီမှာ ဧရာဝတီမြစ်ထဲ စီးဝင်တဲ့ မြစ်လက်တက်တွေအကြောင်း သင်ခဲ့ရတဲ့အခါ မြစ်လက်တက်တွေထဲမှာ  တာပိန်မြစ် ဆိုတာကိုလည်းပါတော့ ခု တွေ့ချိန်မှာ ငယ်ပေါင်းမိတ်ဆွေ တစ်ယောက်ကို တွေ့လိုက်ရသလို  စိတ်ထဲ ပျော်ရွှင်သွားမိပါတယ်။



Image Hosted by PicturePush - Photo Sharing 
Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing 
မိုးမောက်မြို့ကလေးအ၀င်

Image Hosted by PicturePush - Photo Sharing 
လွတ်လပ်ရေးကျောက်တိုင်

မိုးမောက်မြို့ရဲ့ ဒီကျောက်တိုင်ဟာ သမိုင်းမှတ်တမ်းတစ်ခုခု ရှိပုံရပြီး ကားအမြန် ဖြတ်သွားတာကြောင့် သေချာ မေးမြန်းစုံစမ်းခွင့် မရလိုက်ပါဘူး။ ကျွန်မအနေနဲ့တော့ ဒီကျောက်တိုင်လေးကို စိတ်ဝင်စားမိပါတယ်။ နောက်တစ်ကြိမ်များ ရောက်ခဲ့ရင် ဒီကျောက်တိုင်ရဲ့ သမိုင်းမှတ်တမ်းလေးကို သိခွင့်ရမယ်ထင်ပါတယ်။ ဒီနေရာလေးမှာ လမ်းနှစ်သွယ် ခွဲထွက်ပါတယ်။ တစ်လမ်းက ဗန်းမော်ကို ဆက်သွားပြီး တစ်လမ်းကတော့ တောင်တန်းကိုကျော်ဖြတ်ပြီး လွယ်ဂျယ်လို့ခေါ်တဲ့ နယ်စပ်မြို့ကလေးဆီ ရောက်တဲ့လမ်းဖြစ်ပါတယ်။ ကချင်ပြည်နယ်သူ ပြည်နယ်သားများမှအပ အခြားပြည်နယ်သားများကတော့ စိန်လုံတောင်တန်းကို ကြားဖူးလိမ့်မယ် မထင်ပါဘူး။ လူသွားလူလာ နည်းပါးတဲ့ တောင်ပေါ် ခရီးလမ်း ဖြစ်ပါတယ်။ ကျွန်မက စိန်လုံတောင်တန်းပေါ်တက်မှာမို့ ဗန်းမော်ဘက် မသွားဘဲ လမ်းခွဲတစ်ခုကနေ တောင်တန်းတွေရှိရာ ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 
ရှေ့က တောင်တန်းကြီးတွေဆီ ဦးတည်နေတဲ့ ခရီး

မြင်နေရတဲ့ တောင်တန်းကြီးဆီ ဦးတည်ပြီး သွားနေတယ်ဆိုတဲ့ အသိက တစ်မျိုးလေး ခံစားရစေပါတယ်။ ကျွန်မက ခရီးသွားရတာ နှစ်ချိုက်ပျော်ရွှင်ပြီး ဘယ်လိုပင်ပန်းခက်ခဲတဲ့ ခရီးဖြစ်ဖြစ် အခွင့်အရေး ရရင် ရသလို သွားဖြစ်အောင် ကြိုးစားပါတယ်။ အခုလည်း စိန်လုံတောင်တန်းပေါ်သွားတဲ့ ခရီးဟာ အချိန်တိုအတွင်း ဖြတ်သွားရတဲ့ ခရီးဖြစ်တာကြောင့် အေးအေးလူလူမဟုတ်ဘဲ အချိန်ကိုလုပြီး သွားရတဲ့အတွက် ဓာတ်ပုံတွေအတွက်ရော တင်ပြမှုအတွက်ပါ အားရမှုတော့ မရှိပါဘူး။ ကျွန်မကလည်း ရုပ်ရှင်မင်းသား ကိုလွင်မိုးလို ကိုယ်ပိုင်ကားနဲ့ ၊ ကင်မရာ အကောင်းစားနဲ့ အချိန်လေးယူပြီး လမ်းတစ်လျှောက် တွေ့သမျှ သဘာဝရဲ့ ရှုခင်းလှလှပပတွေကို မှတ်တမ်းတင်ရင်း ဓာတ်ပုံရိုက်ချင်မိတာပါ။ အဲဒီလို တစ်ချိန်ချိန်တော့ ဖြစ်လာမယ် ထင်ပါတယ်နော်။ အဲဒီခါကျရင်တော့ “မချော ခရီးသွားနေသည်” လို့ နံမည်ပေးရမယ် ထင်ပါရဲ့ :)


ဒီစိန်လုံတောင်တန်းကို သွားတဲ့ ခရီးသွားမှတ်တမ်းဟာ သိပ်ရှည်မှာစိုးတာကြောင့် ဒီလောက်နဲ့ ရပ်နားပြီး ကျန်ရှိနေတဲ့ တောင်ပေါ် ရှုခင်းများနဲ့ တောင်ပေါ်ဒေသထွက်ကုန်များ အကြောင်းကိုတော့ နောက်တစ်ပိုင်းမှ ဆက်ပြီးဖော်ပြပါရစေရှင်။


အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေနော်။


38 Responses to “တောင်တန်းများဆီသို့...”

လမ်းက ကြမ်းမယ့်ပုံပဲ..အောက်ဆုံးကပုံကိုကြည့်ပြီး အသည်းယားတာ... လမ်းကိုပြောတာ..း))))


ခင်မင်လျက်
နေ၀ဿန်

မကြီး ခရီးသွားနေသည်;)

sosegado said...

တကယ်ဗဟုသုတတွေရရှိပါတယ်၊ ဓါတ်ပုံတွေပါတော့ပိုစုံသွားပါတယ်၊ သူတို့ပြောတဲ့ NWစီမံကိန်း၀၇ မှာပါရင်တော့ ဒီလမ်းတွေ ပြည်တွင်းလမ်းတွေထက်တောင်ကောင်လာဦးမှာ၊း

Iora said...

ချော..
သိပ်စိတ်ဝင်စားတယ်။
အီမောဘွမ်းတောင် နဲ့ ဆက်စပ်သလားဟင်။

PhyoPhyo said...

မချော အဲဒီဘက်တွေ သွားချင်လိုက်တာ၊ မချော အရင်က ဒီလမ်းက မသွားဖူးဘူးလား၊ မချော နေတာကဘယ်မှာလဲ၊
အပင်တွေ သဘောကျတယ်၊
မြေပဲယိုလမ်းလည်း သဘောကျတယ်၊
စိန်လုံတောင် မချောပြောသလိုပဲ မသိဘူး၊ တောင်တွေနဲ့ စိတ်ဝင်စားစရာနော် ခရီးသွားရတာ၊
မချော ခရီးသွားနေသည် အစီအစဉ်ကိုလည်း စောင့်ဖတ်မယ်။
ဖြစ်လာမှာပေါ့
တောင်ပေါ်ရှုခင်းတွေလည်း ကြည့်ချင်တယ်။
ချစ်တဲ့

johnmoeeain said...

မိုးမောက်ထိပဲလား မချောရယ်...။ :(

johnmoeeain said...

အင်း... ကျွန်တော်လည်း စိန်လုံသွားချင်တာ...။
ခုထိ မရောက်ဖူးသေးဖူး.. :S

ကျွန်တော် လည်း တောင် တန်းဒေသ တွေကို ခရီးသွား ရင် ပျော်တယ်။ အခု ရေး ထား တဲ့ ခရီး သွား ဆောင်းပါး ကို ဖတ် ရ တာ ကိုယ် တိုင် အဲဒီ ခရီးကို သွားရ သလို ဘဲ ခံစားရတယ်.

ahphyulay said...

အင်းဗျာ..
ကျေးဇူးသိပ်တင်တယ်။
ဒီလို ဓါတ်ပုံလေးတွေနဲ့  ဝေဝေဆာဆာ
ဖေါ်ပြလို့ ။
ကျွန်တော်တို့  မြေက ဆင်းရဲလွန်းပေမဲ့ 
တောတောင်ရှု့ ခင်းတွေက သိပ်ချစ်ဖို့ 
ကောင်းပါတယ်နော....။

ပုံတွေကိုကြည့်ပြီး မွေး၇ပ်မြေကိုသတိ၇လာပြီဗျို. မြစ်ကြီးနားပုံတွေလဲ၇ှိ၇င် တင်ပေးပါဦး။ အလွမ်းပြေကြည့်ချင်လို့ပါဗျ။း)

အဲဒိနေရာတွေရောက်ဖူးချင်တယ် ပုံတွေကြည့်ရတဲ့အတွက်ကျေးဇူးနော်။

wutyee said...

ိမချော ခရီးလေးက ပျော်စရာကြီးနော်... ၀တ်ရည်လည်း ခရီးသွားရတာကို သဘောကျတယ်.. ပုံတွေ မျှဝေပေးလို့ ကျေးဇူးပါ.. :D

မရောက်ဖူးတဲ့ဒေသရဲ့ ပုံတွေကြည့်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် ချောရေ... ခုလို ခရီးထွက်ဖြစ်တာကို တကယ်အားကျမိပါတယ်...

မြတ်မွန် said...

တာပိန်မြစ်ကူးကြိုးတံတားက စောင်းနေတယ် မမချောရေ...စတာ..

အဲ့လို ကျောက်စီပြီးလမ်းခင်းတာကို တရုတ်တွေ ကနည်းပညာနဲ့ လုပ်ပေးတယ်.. (ကားလမ်းဘေး)က ကျောက်တုံးကို ခွဲထုတ်ပြီး ပြောင်းဖူးစေ့ စီသလို လက်ဝင်ဝင်နဲ့  စီကြတယ်... အမှန်တိုင်းပြောရင်တော့ ငါးကြင်းဆီနဲ့  ငါးကြင်းကြော် တာပါပဲ.. အမည်ခံတော့ ကိုရွှေတရုတ်ပေါ့လေ.. ဒါမယ့် ကျေးဇူးတင်ပါတယ် :(။

တကယ်တမ်းပြောရရင် မြန်မာပြည်မှာ ရာသီဥတုစုံတယ်.. သဘာဝကပေးတဲ့ အံ့ဖွယ်တွေ အများကြီးပဲ အစ်မ.. အဲ့သာကို ဖော်ထုတ်သင့်တယ်။ ထိုင်းမှာ တောင်ကတုံးလေး မြင်ရင်ကို လှပနေအောင်လုပ်ပြီး ခရီးသည်ကို ဆွဲဆောင်တာ ကျနော်ဖြင့် ဟာသပဲ။ “ဟဟဟ.. ငါ့ရွှေပြည်ကိုလာကြည့်စမ်းပါလို့  ခပ်မာမာ ပြောချလိုက်ချင်တာ”..

ရာသီဥတု အကြောင်းလေး သိချင်တယ် အစ်မ.. အေးသလား ပူသလား မျှသလား ပေါ့... ထိုင်းမှာ သိပ်အေးတဲ့နေရာ လုံးဝကို မရှိဘူး.. တစ်နေ့ က ထိုင်းသူငယ်ချင်းတွေကို မေမြို့နဲ့  မန္တလေး ကား စီးချိန် ၁နာရီခွဲ လောက်ပဲ ကြာပေမယ့် ချက်ချင်း အေးစက်သွားတဲ့နေရာကို ရောက်တယ်လို့  ပြောတော့ မျက်လုံး အပြုးသားလေးတွေနဲ့  ထိုင်နားထောင်ကြတယ်။ လည်ကြည့်ပါလားဆိုတော့ သူတို့  ကြောက်ကြတယ်... ရွှေပြည်ကို မ၀င်ရဲကြဘူးတဲ့ အစ်မ .. (သူတို့  မှာလည်း အကြောင်းပြချက်ရှိသည်) အဓိက မီဒီယာကြောင့် ပဲဟုထင်သည်။

“တာမီးကလေ.. တာမီးက သောင်သန်းတွေကို မြင်ချင်သာပေါ့.. တိလား.. ” “အဲဒါနဲ့  တာမီးက ခွင့်ရသုန်း ခရီးသွက်လာသာပေါ့” ဟိဟိ.. အစ်မက ကားသမားကို တနဲ့ သနဲ့  ကွဲအောင်မှ မပြောတာ.. :))))

မှတ်ချက်။........။ မချော ခရီးသွားနေသီ။ အဟိ

rose said...

အစ်မချောရေ... ခရီးသွား ဆောင်းပါးလေး လာဖတ်တယ်နော်။ မရောက်ဖူးပေမယ့် အခုလိုလေး မြင်ရတော့ ဗပာုသုတတွေ အများကြီး ရသွားတယ်။ အစ်မချော အစစ အရာရာ အဆင်ပြေပါစေရှင်။

အဲဒီဘက်တွေကို တစ်ခါမှ မရောက်ဖူးဘူးဗျာ...လာမယ့်နှစ်တော့ ရှမ်းပြည်ဘက်ကို ခြေဦးလှည့်ရင်း ကချင်ဘက်ကို လှည့်ကြည့်ဦးမယ်...ကချင်ခေါင်ရည်လည်း သောက်ရင်းပေါ့...ဒါပေမယ့် ကချင်မီးတောက်အရက်တော့ ကြောက်တယ်ဗျို့...

Mghan said...

ယောင်ပြီး..like..ပေးဖို့.လိုက်ရှာနေမိသေးတယ်..ဟဲဟဲ...
ဓါတ်ပုံတွေစုံတယ်နော်..အမ..ပျော်ရွှင်ပါစေ...

Baby taster said...

ချောငယ်
:( :( ;( ;(
အရမ်းလွမ်းတာပဲ ချောရယ် (မြစ်ကြီးနားကိုပြောတာပါ)
အခုတောင်ထပြီး သွားချင်တယ်
ဗလမင်းထင်တံတားဖွင့်ပွဲလုပ်တော့ ကိုယ့် သူငယ်ချင်း
ရဲ့ ညီလေးက တံတားပေါ်မှာ ထိုင်တာ ပက်လက်လန်ပြီး အောက်ကိုကျသွားတယ် ဘာမှမဖြစ်ဘူး ရေကူးပြီး ကမ်းကို တက်လာတယ်။ နောက်ထပ် မြစ်ကြီးနား အလွမ်းပြေ ဓါတ်ပုံလေးတွေ ရှိရင်တင်ပေးပါအုံးနော်
ကျေးဇူးပါ

ဗဟုသုတ အရမ်းရတယ်.. ချော..
ကျေးဇူးပါရှင်။

Nyi Linn Thit said...

ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ စာဖတ်သူကိုပါ တပါတည်း ဘေးမှာထားပြီး ခေါ်သွားတဲ့ ခရီးသွား ဆောင်းပါးလေး ပါပဲ၊ ဆက်ပါဦး မချောရေ...။

ခွန် said...

ဓါတ်ပုံတွေ ကျေးဇူးပါ မမရေ...
အဲဒီဘက်ကို မရောက်ဖူးသေးဘူး။
အရမ်းသွားကြည့်ချင်တယ် :)

ကျောက်လုံကဘာ said...

မြေပဲယိုလမ်းပြီးရင်..ဇီးယိုလမ်းလေးလဲ ပြပါဦး..

မချောရေ ..ခရီးသွားမှတ်တမ်းလေးက စိတ်လှုပ်ရှားဖို့ကောင်းသလို စိတ်ဝင်စားဖို့လဲကောင်းပါတယ်
ဆက်ပီးရေးဦးနော်

စော(အဝါရောင်မြေ) said...

လွယ်ကျယ်မြို့ ကို ကြားဖူးနေတယ်။ တာပိန်မြစ်ကိုရောပေါ့။
လမ်းနံမည်ကြားရတာ စားခြင်စိတ်ပေါက်လာပြီ။
တစ်ခုကြားဖူးသေးတယ်၊ ကချင်ဆေးတွေက အစွမ်းထက်တယ်တဲ့။

ချောချောရေ...တောင်တန်းတွေကစိမ်းလန်းလှပနေလိုက်တာ ကချင်ပြည်ကိုရောက်ဖူးချင်တယ်...။ လာလည်ပါဦးမယ်...။ လမ်းတွေကတော်တော်ကြမ်းတယ်နော်...။ ခုလို ကိုယ်တိုင်အပင်ပန်းခံပြီး မျှဝေတဲ့ အတွက် ကျေးဇူးပါ....။

ခင်တဲ့
မိုးငွေ့

may16 said...

အမေရ ရှုခင်းတွေက တကယ်လှတယ်နော် တကယ်လို့ အခွင့်အရေးရရင်တော့ မြစ်ကြီးနားကို သွားချင်ပါတယ်.

IDIOT-Ki said...

မရောက်ဖူးသေးတဲ့ ကချင်နဲ့ချင်းပြည်နယ်ဖက်တွေ ရောက်ဖူးချင်လိုက်တာ..( မချောခရီးသွားနေသည်မှာ မင်းသမီးအထုတ်ထမ်းဖို့ နဲ့ မီးထိုးအလုပ်သမားလိုရင် ပြောနော်း)
မြေက မဆင်းရဲပေမဲ့ လူတွေ ဆင်းရဲနေကြတာ ရင်နာစရာကောင်းလိုက်တာ ချော ရေ..

Shinlay said...

မရောက်ဖူးသေးတဲ့နေရာတခုကို ပုံတွေနဲ့ တွေ့ ရလို့ 
ကျေးဇူးတင်ပါတယ်။

အရင်တုန်းက
တင်သန်းဦးရဲ့ ၀တ္ထုတွေထဲမှာ အဲဒီတောင်ပေါ်ဒေသ အကြောင်းတွေ ပါဖူးတယ်၊
ငယ်ငယ်တုန်းက ဖတ်ခဲ့တာပါ။
အခုတော့ ပုံတွေ တွေ့ရပြီ။

ခရီးသွားပြီး အမြင်ဆန်းတဲ့ အရာတွေဟာ စိတ်ဝင်စားစရာနော်၊ တောင်တန်းတွေက လှလိုက်တာ။

တောင်တန်းတွေကိုကြည့်ပြီး ခရီးသွားရတာ သဘောကျတယ်။ မရောက်ဖူးသေးပေမယ့် ပုံတွေ ကြည့်လိုက်ရတော့လည်း မြင်ဖူးသွားရတာပေါ့။

ပို့ စ်တွေ အတွက် ကျေးဇူးပါ ညီမရေ
ိကိုယ်တိုင် ရောက်သွားသလိုဘဲ
ဆောင်း

ကချင်ပြည်တော့ တချို့နေရာပဲရောက်ဖူးတယ်
သေသေချာချာ ပြန်သွားလည်ချင်သေးတယ်
ကချင်စာလည်း စားချင်တယ်
ဘလော့ဂ်ထဲကနေတော့အစားအစာနဲ့လည်ရမယ့်နေရာတွေ စိတ်ကူးထားပြီးနေပါပြီ :P

အဲဒီ ဗလမင်းထင်တံတား ရောက်ဖူးတယ် အမ။ ဟိုဘက်က တရုတ်တောင် သွားတက်တာလေ။
ကချင်ပြည်နယ်က ပျော်စရာကောင်းပါတယ်။ မြစ်ဆုံကို နှစ်ခေါက်တိတိ သွားလည်ဘူးတယ်။ ကြည်နူးစရာပါဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

yesoe said...
This comment has been removed by the author.
blackroze said...

မကြီးချောရေ...
ဒီစာလေးဖတ်ပြီးအ၇မ်းသဘောကျတယ်
ညီမလဲအဲလိုခရီးတွေသွားချင်နေတာ
မကြီးကမှမအားတဲ့ကြားကနေအကောင်အထည်
ဖော်ဖြစ်သေးတယ်..ညီမဆိုစိတ်သာရှိပြီး
လူကဘာမှကိုမလုပ်ဖြစ်ဘူး..
တချိန်မှာတော့အဲလိုတောင်တွေ..တောတွေ
ရှိတဲ့..နယ်မြို့လေးတမြို့မှာဘဲ..အေးချမ်းမှု့တွေနဲ့
ဘဝရဲ့နောက်ဆုံးအချိန်တွေကိုဖြတ်သန်းမယ်လို့
စဉ်းစားထားတယ်မကြီး...

ခရီးစဉ်လေးကို အားကျလိုက်တာ။
မြေပဲယိုလမ်းကို လည်း မြင်ယောင်လာမိတယ်။
ကောင်းကင်နဲ့ သစ်ပင်တွေရဲ့ အရောင်က တကယ့် မြန်မာပြည်ရဲ့ သဘာဝနော်။
ဗဟုသုတတွေအတွက်လည်းကျေးဇူးပါချောရေ။

အခုလိုကချင်ပြည်နယ်ရဲ့ တောတောင်ရှုခင်းတွေကို ဖတ်ရကြည့်ရတာကလည်း အဘိုးတန်ပြီး အရသာရှိတယ်။

ဒီလိုမျိုး ခက်ခဲပင်ပန်းတဲ့ နေရာတွေကိုပါ အရောက်ခရီးသွားခဲ့တာကိုး....။
ငါ့အစ်မရဲ့ဇွဲကိုတော့ ချီးကျူးပါတယ်။ :))

ညီမလေး
အင်ကြင်း