ခေတ်သစ် သစ်ခုတ်သမားပုံပြင်နှင့် ဘုရားသခင်ထံ ရေးတဲ့စာ



ခေတ်သစ် သစ်ခုတ်သမားပုံပြင်

ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်ဟာ ပရိုဂရမ်တစ်ပုဒ်ကို အသစ်ရေးဆွဲဖို့ လူသူရှင်းတဲ့ မြစ်ကမ်းဘေးက သစ်ပင်ကြီးတစ်ပင်အောက်ကို ရောက်ရှိနေခဲ့ပါတယ်။ သူဟာ သူရဲ့ Pentium ကွန်ပျူတာကို ပေါင်ပေါ်တင်ပြီး စိတ်ဝင်တစား အလုပ်လုပ်နေရင်း သူရေးဆွဲတဲ့ ပရိုဂရမ်ဟာ အောင်မြင်စွာပြီးဆုံးသွားတာကြောင့် မြစ်ကမ်းဘေးမှာ ရောက်နေတာကို သတိမေ့ပြီး ၀မ်းသာအားရ မတ်တပ်ရပ်လိုက်တော့ သူ့ရဲ့ လက်ပ်တော့ကွန်ပျူတာဟာ ပေါင်ပေါ်ကနေ လျှောပြီး မြစ်ထဲကျသွားပါတော့တယ်။

ကွန်ပျူတာရေထဲကျသွားတော့ စိတ်ညစ်သွားတဲ့ အင်ဂျင်နီယာဟာ ရုတ်တရက် ငယ်ငယ်တုန်းက သူအမြဲကြားခဲ့ရဖူးတဲ့ သစ်ခုတ်သမားနဲ့ ပုဆိန် ပုံပြင်ကို သတိရလိုက်ပါတယ်။ အဲဒီအခါမှာ သူဟာ မြစ်စောင့်နတ်သမီးကို တိုင်တည်ပြီး ဆုတောင်းလိုက်ပါတယ်။ အဲဒီခါ မြစ်စောင့်နတ်သမီးက ကိုယ်ထင်ပြလာပြီး “ဘာအတွက် သူ့ကိုတိုင်တည်ပါသလဲ” လို့မေးတော့ အင်ဂျင်နီယာက သူ့ကွန်ပျူတာ ရေထဲကျသွားကြောင်း နတ်သမီးကို ပြောပြပါတယ်။
Image Hosted by PicturePush - Photo Sharing


ပုံပြင်ထဲက အတိုင်းပါဘဲ။ နတ်သမီးက အင်ဂျင်နီယာရဲ့ ရိုးသားမှုကို စမ်းချင်တော့ မီးခြစ်ဆံဗူးကလေးကို မြစ်ထဲက ယူလာပြီး “ဒါဟာ ရေထဲကျသွားတဲ့ ကွန်ပျူတာလား”လို့ အင်ဂျင်နီယာကို ပြပါတယ်။ ဒီတော့ အင်ဂျင်နီယာကလည်း ကွန်ပျူတာကိုတောင် မသိတဲ့ နတ်သမီးရဲ့ ခေတ်ရဲ့ ဗဟုသုတ နည်းပုံကို စိတ်ပျက်သွားပြီး သူ့ကွန်ပျူတာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing


ဒါနဲ့ နတ်သမီးက နောက်တစ်ကြိမ်မှာ  ခပ်သေးသေး အိတ်ဆောင်ဂဏန်းပေါင်းစက် တစ်လုံးကို ယူလာပြီး ပြပြန်ပါတယ်။ အင်ဂျင်နီယာကလည်း စိတ်ပျက်လက်ပျက်နဲ့ မဟုတ်ကြောင်း ငြင်းပြန်ပါတယ်။

ဒါနဲ့ တတိယတစ်ကြိမ်မှာတော့ နတ်သမီးက အင်ဂျင်နီယာရဲ့ လက်ပ်တော့အစစ်အမှန်ကို ရေထဲက ယူလာပြီး ပြပြန်ပါတယ်။ ပုံပြင်ထဲက အတိုင်းဆို နောက်ဆုံးတစ်ကြိမ်ဖြစ်တာကြောင့် အင်ဂျင်နီယာမှာ ပုံပြင်ထဲက သစ်ခုတ်သမားလို အကောင်းစားတွေ ရဖို့၊ ကံကောင်းဖို့ အခွင့်အရေး မရှိတော့ပါဘူး ။ ဒါနဲ့ သူက “ဟုတ်ပါတယ်” လို့ မဖြေချင်ဖြေချင်နဲ့ ဖြေလိုက်ပါတယ်။ နတ်သမီးဟာ အင်ဂျင်နီယာရဲ့ ရိုးသားမှုအတွက် ၀မ်းသာသွားပြီး သူမြစ်ထဲက ယူလာပြတဲ့ ပစ္စည်း သုံးခုလုံးကို အင်ဂျင်နီယာကို ပေးလိုက်ဖို့ ပြင်လိုက်ချိန်မှာဘဲ အင်ဂျင်နီယာက နတ်သမီးကို “ နတ်သမီး ခင်ဗျားက ကျုပ်ရဲ့ ကွန်ပျူတာအစစ်ကို မပြခင် ပထမနဲ့ ဒုတိယ ၂ကြိမ်လုံးမှာ ကျုပ်ကွန်ပျူတာထက် ပိုကောင်းတဲ့ အမျိုးအစားတွေကို ပြရမယ်ဆိုတာ နည်းနည်းမှ မသိဘူးလား။ ခင်ဗျား သစ်ခုတ်သမား ပုံပြင် မကြားဖူးဘူးထင်တယ်… ပြီးတော့ ကွန်ပျူတာဆိုတာလည်း အရင်က မတွေ့ဖူးဘူးထင်တယ်” လို့ ပြောလိုက်ပါတယ်။

ဒီလိုအပြောခံလိုက်ရလို့ နှာတင်းပြီး စိတ်ဆိုးသွားတဲ့ နတ်သမီးက ငါသိပါတယ်ဟဲ့ ငတုံးရဲ့။ နင်သာ ငတုံး ငအ။ ငါ ပထမနဲ့ ဒုတိယ ယူလာပြတဲ့ ဟာတွေက ခုနောက်ဆုံးပေါ်နည်းပညာနဲ့ IBM ကုမ္ပဏီထုတ် Trillennium နဲ့ Billennium ကွန်ပျူတာတွေ၊ နင့်ဟာက  Pentium အဆင့်ဘဲ ရှိတယ်” လို့ ပြောလိုက်ပြီး အင်ဂျင်နီယာရဲ့ လက်ပ်တော့နဲ့အတူ နတ်သမီးဟာ ပျောက်ကွယ်သွားပါတော့တယ်။ သစ်ခုတ်သမားပုံပြင်ကို အားကျတဲ့ အင်ဂျင်နီယာဟာ သူတစ်ပါးကို အထင်သေးလိုက်မိတဲ့ အတွက် ကွန်ပျူတာ အကောင်းစားတွေကို မရတဲ့အပြင် ကိုယ်ပိုင် ကွန်ပျူတာပါ ဆုံးရှုံးသွားပါတော့တယ်။ :)

~~~~~~@@@~~~~~~~


ဘုရားသခင်ထံ ရေးတဲ့စာ

Dear God: From the Major Motion Picture Letters to God


အသက် ၈နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ မုန့်ဝယ်စားချင်တာကြောင့် ပိုက်ဆံ ၅၀၀၀ လိုချင်တဲ့အတွက် ဘုရားသခင်ထံ မုန့်ဖိုးပေးဖို့ နေ့စဉ် ဆုတောင်းပါတယ်။ သူဆုတောင်းပေမဲ့ နေ့တွေသာ ကုန်သွားပြီးဘာမှ မထူးခြားပါဘူး။ နောက်ဆုံးတော့ ကောင်ကလေးဟာ ဘုရားသခင်ထံ စာရေးပြီး မုန့်ဖိုး ၅၀၀၀ တောင်းဖို့ ဆုံးဖြတ်လိုက်ကာ စာတစ်စောင်ရေးပါတယ်. စာထဲမှာ မုန့်ဖိုး ၅၀၀၀ လိုချင်တဲ့အကြောင်းရေးပြီးနောက် စာအိတ် ပေါ်မှာတော့ ဘုရားသခင်သို့ လို့ လိပ်စာရေးလိုက်ပါတယ်။

လိပ်စာအတိအကျမပါဘဲ ဘုရားသခင်သို့လို့ ရေးထားတဲ့ စာအိတ်ဟာ စာတိုက်ကို ရောက်သွားပြီးနောက် စာတိုက် ၀န်ထမ်းတွေက ဟာသတစ်ပုဒ်လို သဘောထားကာ အဆင့်ဆင့် လက်ဆင့်ကမ်းဖတ်ကြရင်း ၀န်ကြီးထံ ရောက်သွားခဲ့ပါတယ်။ ၀န်ကြီးကလည်း ကလေးငယ်ရဲ့ စာကို ဖတ်ရပြီးနောက် ရယ်မောကာ မကြာခင်က အသစ်တက်လာတဲ့ သမ္မတကြီး ရယ်စရာအဖြစ် ဖတ်ပါစေဟုဆိုကာ ၀န်ထမ်းတစ်ဦးအား ၄င်းစာကို သမ္မတအိမ်တော်ထံ ပို့လိုက်စေပါတယ်။

သမ္မတကြီးက ကလေးရဲ့ စာကိုဖတ်ပြီး သဘောတကျ ရယ်မောကာ သူ့ရဲ့ ၀န်ထမ်းတစ်ဦးကို စာရေးတဲ့ ကလေးငယ်ထံ ပိုက်ဆံ ၂၀၀၀ ပို့ပေးလိုက်ဖို့ ညွှန်ကြားလိုက်ပါတယ်။ သမ္မတကြီးက ပိုက်ဆံ ၅၀၀၀ ဆိုတာ ကလေးအတွက် များလွန်းတယ် လို့ စဉ်းစားမိပြီး အလဟဿ သုံးပစ်မှာစိုးတာကြောင့် ၂၀၀၀သာ ပို့ပေးဖို့ စိတ်ကူးရမိတာ ဖြစ်ပါတယ်။ ကလေးငယ်ဟာ သမ္မတကြီးဆီက ပိုက်ဆံ ၂၀၀၀ ကို လက်ခံရရှိတဲ့အခါ ဘုရားသခင်က သူ့စာကြောင့် ဒီပိုက်ဆံကို ပို့လိုက်တယ်လို့ထင်ပြီး သိပ်ကို ပျော်ရွှင်သွားပါတယ်။ ဒါကြောင့်လည်း ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း စာတစ်စောင် ပြန်ရေးဖို့ စဉ်းစားမိကာ စာတစ်စောင် ပြန်ရေးလိုက်ပါတယ်။

“ဘုရားသခင်..
ကျွန်တော့်ထံ ပိုက်ဆံပို့ပေးလိုက်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ..
သို့သော်လည်း ဘုရားသခင် ပို့ပေးလိုက်တဲ့ ပိုက်ဆံ ၅၀၀၀ဟာ ကျွန်တော့်ထံ ၂၀၀၀ဘဲ ရောက်လာပါတယ်။
ကျန်တဲ့ ပိုက်ဆံ ၃၀၀၀ကိုတော့ သမ္မတကြီးက အခွန်တော်အဖြစ် ကောက်ယူထားလိုက်ပါတယ်ခင်ဗျာ” တဲ့။


Latest Technology and Little Boy's letter to God (Funzug.com) အား ပေါ့ပေါ့ပါးပါး ပြုံးစရာအဖြစ် ဘာသာပြန်ပါသည်။



Image Hosted by PicturePush - Photo Sharing 

24 Responses to “ခေတ်သစ် သစ်ခုတ်သမားပုံပြင်နှင့် ဘုရားသခင်ထံ ရေးတဲ့စာ”

အမချောလဲ လက်ပ်တော့လေး ယူပြီး မြစ်ကမ်းဘေး သွားမထိုင်နဲ့နော်။ တော်ကြာ ဘလော့ဂင်းတောင် မလုပ်နိုင်ဘဲ ဖြစ်နေဦးမယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မှတ်ပလားဟဲ့...နတ်သမီးကို ဆရာလုပ်ချင်ဦး...

sosegado said...

ကိုယ်ကိုကိုယ် တအား အထင်ကြီးတဲ့သူတွေအတွက် သင်ခန်းစာပါပဲ၊

ဆော့ဖ်ဝ်သမားများ သင်ခန်းစာ............။

ချစ်တဲ့
သဒ္ဓါ

flowerpoem said...

ဟား ဟား ကွန်ပျူတာသမားတွေ ထိသွားတယ် :P

Anonymous said...

Great computer story.

Haa haa haa!

Saund

နတ်သမီးကို အထင်သေးချင်ဦးဟ....

ဒီဘက်မှာလဲ အခွန်တွေ များမှများဘဲ။ အခွန်အပြင် VAT က ၀င်စွက်လိုက်သေး။

PhyoPhyo said...

hee hee hee hee hee hee:
နှစ်ခုလုံးကြိုက်တယ်၊ ရယ်ရလို့၊
ရှာရှာဖွေဖွေတွေ့တတ်တယ်။

နတ်သမီးကလည်း စိတ်ကြီးလိုက်တား)

barnay said...

ပုံပြင်လေး ကောင်းပါတယ် .. ..
ကွန့်မန့်တွေဖတ်ရင်း အောက်ဖျားမှာ ပုံတပုံတွေမိတယ် လှတယ်ဗျာ နော် .. ခေါင်းစီးလေးက ဖေ့ဘွတ်ဆိုပြီးတပ်ထားတယ် .. သေချာကြည့်လေ ချောလေပဲ .. :)

SHWE ZIN U said...

ညီမချောရေ

ပျော်စရာ စာလေးဖတ်သွားပါတယ်
စိတ်မညစ်နဲ့ ပျော်ပျော်နေ

ချစ်အမကြီး
ရွှေစင်ဦး

ahphyulay said...

အင်းလေ..
ထိုင်နေလို့  အကောင်းသား ထ သွားမှ
ကြိုးမှန်းသိတော့ တာပဲ။
အဲ.. လျှာရှည်တာလေ။
နှစ်ခုလုံး ရိုးပေမဲ့  ကောင်းတယ်။

rose said...

အစ်မချောရေ... စာလာဖတ်တယ်။ ခေတ်သစ် သစ်ခုတ်သမား ပုံပြင်က မဖတ်ရသေးပေမယ့် ဘုရားသခင်ထံ ပေးစာကတော့ ဖတ်ပြီးသားပါ။ အခုလို ပို့စ်လေးတွေ တင်ပေးတာ ကျေးဇူးတင်ပါတယ်။

Mghan said...

အပေါ်ကသစ်ခုတ်သမားပုံပြင်သာဖတ်ပါကြောင်း..အခွန်ကိစ္စကိုလုံးဝမဖတ်ပါကြောင်း..

ကဲ အခွန် ၃၀၀၀ ဖြတ်မယ်.. ဒါပဲ....... :)

ကုန်ပြုတာ ကိုရေထဲချကြည့်လိုက်မယ်.. ဟိဟိ.. နတ်သမီးပေါ်မလာရင် အစ်မချော အသစ်ဝယ်ပေး ... :P

Nyi Linn Thit said...

ဒုတိယ ပုံပြင်ကိုတော့ ကြားဖူးတယ်၊ ပထမပုံပြင် ခေတ်သစ် သစ်ခုတ်သမားကို ဖတ်ပြီး ပြုံးမိသွားတယ်၊ ရေးထားတာလေး ထိသလို ဘာသာပြန်သူကလည်း အမိအရ ပြန်နိုင်တော့ ဖတ်ရတာ မြူးတယ်၊ ကျေးဇူးပါ မချောရေ...။

ဖတ်ရင်းနဲ့ ပြုံးရတယ်... အတော်နောက်တာပဲနော်..း)))


ခင်မင်လျက်
နေ၀ဿန်

maylay said...

ပြုံးစေချင်တာရော။ ကိုယ့်ကိုယ်ကိုယ် သတိထားမိစေဖို့ပါ ရေးထားတတ်တဲ့ ချောရဲ့ စေတနာကို ပိုစ့်တွေထဲမှာ တွေ့လိုက်တယ်။ ကျေးဇူးပါ သယ်ရင်းရေ ကျန်းမာပျော်ရွှင်ပါစေ

တောက်ပကြယ်စင် said...

နတ်သမီးကို အထင်သေးမိတာ မှားတာပေါ့။ ...ဘုန်းဘုန်းဆီကို မုန့်ဖိုး ငွေငါးထောင်ပို့ပေးပါ...စာအိတ်ပေါ်မှာတော့ ချောအစိမ်းရောင်လွင်ပြင်ပဲ တပ်လိုက်မယ်...အဟိ။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ ချော။

Anonymous said...

I like both stories.2nd told me the innocence of child and 1st story told me the older one's mind:)TKS
Gyidaw

ဟာသနှစ်ခုလုံးနှစ်သက်မိပါသည်..။

ဟာသနဲ့ပတ်သက်လို့ဖတ်မိတာလေး ပြောသွားဦးမည်

Humor, YOu can't exist without it. You have to be able to laugh at yourself.Ohterwise, you suffer.

ဟာသမရှိရင် ဘ၀မှာရပ်တည်လို့မရဘူး။ ကိုယ့်ကိုယ်ကို ပြန်ပြီးဟားကို ဟားပစ်နိုင်ရမယ်။ မဟားနိုင်လို့ကတော့ ခင်ဗျား နာပြီသာမှတ်..။

အားပေးလျက်....

နတ်သမီးကိုအထင်သေးမိတော့
ကိုယ့်ပစ္စည်းလေးတောင်ပြန်မရတော့ဘူး

SuSu Hlaing said...

အခွန် ၃၀၀၀ ပေးလိုက်ရလို.အားရပါးရ ရယ်သွားပါတယ်မချောရေ :)