သွေးချောင်းစီးတဲ့ မြစ်



 သွေးချောင်းစီးတဲ့မြစ်


သွေးချောင်းစီးနေတဲ့ မြစ်ကို တွေ့ရှိတဲ့နေရာက Bonney ရေကန်ထဲကိုစီးဝင်တဲ့ Taylor ရေခဲမြစ်ရဲ့ အစွန်း အက်ကွဲကြောင်းကနေ စီးကျနေတာ ဖြစ်ပါတယ်။ အဲဒီနေရာတစ်ခုလုံးဟာ ရေခဲတွေ ဖုံးလွှမ်းထားပြီး သက်ရှိလူသားများလည်း အခြေချ နေထိုင်ခြင်း မရှိတဲ့ အန္တာတိက ရေခဲပြင်အရပ် ဖြစ်ပါတယ်။ ဘူမိဗေဒပညာရှင်တွေဟာ ၁၉၁၁ခုနှစ်မှာ ၄င်း သွေးမြစ်ကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး စစချင်းမှာတော့ Algae တွေကြောင့် စီးကျလာတဲ့ မြစ်ရေဟာ နီရဲနေတယ်လို့ ထင်ခဲ့ကြပါတယ်။ သို့သော်လည်း ထပ်မံ လေ့လာတွေ့ရှိချက်များအရ ရဲရဲနီနေတဲ့ သွေးရောင်လို အရည်များဟာ သံအောက်ဆိုဒ် ဓာတ်ပေါင်းများပါဝင်တဲ့ ရေတွေဖြစ်ပြီး ရေခဲပြင်အောက် ပေ ၁၃၀၀ အနက်က ထွက်ပေါ်လာတယ်လို့ ဆိုပါတယ်။

Image Hosted by PicturePush - Photo Sharing

အဲဒီဒေသမှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁.၅ မှ ၄သန်းခန့် လောက်ကတည်းက ပင်လယ်သမုဒ္ဒရာအောက် ရောက်ခဲ့စဉ်က အချို့သော ပင်လယ်ရေငံတွေဟာ ရေအိုင်အဖြစ် ကျန်ရှိခဲ့ပြီး နှစ်သန်းများစွာ ကြာတဲ့အခါ ရေခဲပြင်တွေရဲ့ အောက်ခြေမှာ ပိတ်မိနေခဲ့ကြပါတယ်။ ၄င်း ပိတ်လှောင်ခံနေရတဲ့ ရေငံထဲမှာ  သက်ရှင်နေထိုင် ကျက်စားတဲ့  သက်ရှိ ဇီဝလေးတွေဟာ အေးခဲပြီး ပိတ်မှောင်မွန်းကြပ်ကာ အောက်ဆီဂျင်ရယ်လို့ မရှိသလောက် နည်းပါးကာ အသက်ရှင်သန်ဖို့ ခက်ခဲတဲ့ အခြေအနေမှာဘဲ ဆာလ်ဖာနဲ့ သံဓာတ်တွေ ကြားမှာ အသက်ရှင်အောင် ကြိုးစားနေထိုင်ခဲ့ကြဟန် တူပါတယ်။ အဲဒီ သက်ရှိဇီဝလေးနဲ့ အလွန်ပေါကြွယ်ဝတဲ့ သံဓာတ်တွေကြောင့် ရေခဲပြင်အောက်ကနေ ထွက်လာတဲ့ ရေဟာ အနီရောင်အဖြစ် ပြောင်းလဲသွားတာ ဖြစ်တယ်လို့ ပညာရှင်များက သုံးသပ်ကြပါတယ်။




Image Hosted by PicturePush - Photo Sharing

 ဒီသွေးမြစ်ကြီးကို တွေ့ရတာကြောင့်ဘဲ ပညာရှင်တွေ ထပ်မံ စဉ်းစားကြတာက အသက်ရှင်သန်ဖို့ အလွန်ဆိုးဝါး ခက်ခဲလွန်းတဲ့ အစွန်းရောက် အခြေအနေမျိုးမှာတောင် သက်ရှိလေးတွေဟာ ရှင်သန်နိုင်တယ်ဆိုခဲ့ရင် အေးခဲမဲမှောင်နေတဲ့ အခြားဂြိုလ်တွေမှာလည်း သက်ရှိတွေ ရှိကောင်းရှိနိုင်တယ်လို့ ဆိုကြပြန်ပါတယ်။ ဘယ်သို့ပင် ဆိုစေ အန္တာတိကတိုက်ရဲ့ ရေခဲသောအရပ် ရေခဲမြစ်အောက်ခြေကနေ ထွက်ပေါ်နေတဲ့ သွေးချောင်းစီး မြစ်ကြီးကတော့ မြင်တွေ့ချက်အရရော သိပ္ပံပညာအရလည်း ထူးဆန်းအံ့သြဖွယ်တစ်ခု ဖြစ်နေခဲ့တာ သေချာပါတယ်။


Image of Blood Falls located in Taylor Glacier, Antarctica | Blood Falls pouring into Lake Bonney. A tent can be seen in the lower left for size comparison. Photo from the United States Antarctic Program Photo Library.

ဒီသွေးမြစ်ကြီးအကြောင်း ဖတ်မိတော့မှ ကျွန်မတို့ကချင်ပြည်နယ်မှာ ကျောက်တောင်နံရံအချို့ကနေ အဲဒီလို နီရဲပြီး စေးပျစ်ပျစ်အရည်များ စီးကျနေတတ်တာ တွေ့ခဲ့ရဖူးတာကို သတိရမိပါသေးတယ်။ အဲဒီ စေးပျစ်နေတဲ့ အရည်ဟာ ကျောက်တောင်ကြားထဲကနေ စီးကျလာတာမို့ ကျောက်သွေးလို့ ခေါ်ကြပြီး နီညိုရောင် အခဲလေးအဖြစ် ရောင်းချတာကို တွေ့ရပါတယ်။ အခြားသော ပြည်နယ်အချို့ရဲ့ ကျောက်တောင်များမှာလည်း ၄င်း ကျောက်သွေးကို တွေ့ရှိရတတ်တယ်လို့ သိရပါတယ်။ 

၎င်း ကျောက်သွေးရဲ့ ထူးခြားချက်မှာ သွေးကဲ့သို့ အညှီနံ့ ရှိပါတယ်။  ကျောက်သွေးအခဲကို ရေခွက်ထဲ စိမ်လိုက်ပါက ရေခွက်ထဲရှိ ရေမှာ သွေးရောင်ကဲ့သို့ နီရဲသွားတတ်ပါတယ်။ ကျောက်သွေးကို ဆေးဘက်ဝင်သည်ဟု ဆိုကာ  အားဆေးအဖြစ် လည်းကောင်း၊ တိုင်းရင်းဆေးများတွင် သော်လည်းကောင်း ထည့်သွင်း ဖော်စပ်ကြပါတယ်။  ကျောက်သွေးခဲပုံတော့ မရှိလို့ မဖော်ပြနိုင်တာ ခွင့်လွှတ်ပါ။ ဒါကြောင့် အပေါ်က ရေခဲမြစ်အောက်ခြေက ထွက်ပေါ်လာတဲ့ သွေးမြစ်ဟာ ကျောက်သွေးနဲ့ သဘောတရား သဘာဝချင်းများ တူနေမလားလို့ သတိတရနဲ့ စဉ်းစားမိတာ ဖြစ်ပါတယ်။ တစ်ခါတစ်ခါမှာတော့ လောကကြီးရဲ့သဘာဝတရားဟာ ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။

~~~~~~~~~~~~~~~@@@~~~~~~~~~~~~~~~~


စူးစမ်းလေ့လာမှုသည် အဆုံးမရှိသော မြစ်တစ်စင်းနှင့် တူသည်။



Ref: Antarctica’s “Blood Falls” ( discovermagazine.com )

27 Responses to “သွေးချောင်းစီးတဲ့ မြစ်”

mg han said...

ထူးထွေသည့်အံ့ရာသော်...ကြောက်စရာကြီး..အီးး
ရှာလဲရှာတတ်ပ..မမချောရယ်..ပေါက်တတ်ကရှာ.
အဲမြစ်ကိုသွားမယ်ဆိုခေါ်ဦးနော်..

Baby taster said...

သွေးချောင်းစီးတဲ့ မြစ်အကြောင်းလာဖတ်တယ်
ရွံစရာကြီးရယ်နော်

ဝက်ဆလူး said...

ဖွဘွတ်ကနေ တွေ့လို့ လာဖတ်တာ စိတ်ဝင်စားစရာပဲနော်

ဒါနဲ့ ခေါင်းကို လိမ်းဖို့ ဗာနီဂါပါဆိုနေ မချစ်လဲ မေးထားသေးတယ်နော် ဖြေပေးအူး

အော...တိုင်းရင်းဆေးဘူးတွေမှာ ရေးရေးထားတဲ့ ကျောက်သွေးဆိုတာ အခုတော့ ကျွန်မသိဘီ။

rose said...

အနီရောင် ရေတွေ စီးနေတာ မိုက်တယ်း) အစ်မချော ရှာဖွေ တင်ပြသည်ပေါ့နော်း)

PhyoPhyo said...

မြစ်က ကြောက်စရာကြီး
အဆန်းကြီးနော်၊
သံဓါတ်များတဲ့ရေတော့ တွေ့ဖူးတယ်၊ ရွာက ရေပေါ့ :D
“စူးစမ်းလေ့လာမှုသည် အဆုံးမရှိသော မြစ်တစ်စင်းနဲ့ တူသည်” မှတ်ချက်လေးကြိုက်တယ်
ချစ်တဲ့

မြင်ရတာ ကြောက်စရာကြီး .. :-|

johnmoeeain said...

တူတူပဲ...။ ကျွန်တော်လည်း ကျောက်သွေး ကို သတိရသွားတယ် :P

စိတ်ဝင်စားစရာပဲနော်... ဒီကမ္ဘာမြေပြင်ကြီးမှာ လူတွေမတွေ့ရှိသေးတဲ့ အံသြဖွယ်ရာတွေ ဒုနဲ့ဒေး ရှိနေဦးမှာပါ.....

ခင်မင်လျက်
နေ၀ဿန်

Blood fall? It amazing and I wish I could visit there!!! Thank you Chaw for sharing!

ပထမတော့ ခေါင်းစဉ်မြင်ပြီး မဖတ်ရဲဘူး။
နောက်တော့ ချောတင်ထားတာဆိုတော့
စိတ်ဝင်စားစရာ သေချာပေါက်ရှိတာပဲလေ လို့အားတင်းပြီး လာဖတ်တယ်။

ဟင်း...။
ဖတ်ပြီးမှ နည်းနည်း ဘ၀င်ကျသွားတယ်။

ခင်မင်စွာဖြင့်

Anonymous said...

ထူးထူးဆန်းဆန်းလေးတွေကို သိခွင့်ဖတ်ခွင့်ရတဲ့အတွက် မမချောကို ကျေးဇူးအများကြီး တင်ပါတယ်။

ရတနာ

အားးးးးးးး
ကြောက်စရာကြီး သွားဖူးချင်တယ်။

နည်းနည်းကြောက်တယ်မ
ဒါပေမဲ့ဆန်းလိုက်တာနော်

တော်တော်ထူးဆန်းတာပဲမချောရေ
သွေးညှီနံ့ရတယ်ဆိုတော့ နဲနဲတော့ကြက်သီးထသွားတယ်းD

Iora said...

သိပ်စိတ်ဝင်စားဘို့ ကောင်းတယ်နော်။
အိုင်အိုရာ

အဖြူရောင်နတ်သမီး said...

သွေးအစစ်မဟုတ်ပေမယ့်..
ကြည့်ရတာ ကြောက်စရာကြီးနော်...

may16 said...

ထူး၂ဆန်း၂နော် အမ..

Nyi Linn Thit said...

အဖြူရောင် ရေခဲပြင်မှာ အနီရောင် သွေးမြစ်ရဲ့ contrast က လှတယ်၊ မြစ်အကြောင်းပို့စ်ကို စူးစမ်းလေ့ လာမှု မြစ်နဲ့ ပိတ်လိုက်တာလေးလည်း လှတယ်...။

An Asian Tour Operator said...

သဘာဝ တရားကြီး မှာ လျှို့ဝှက် ချက်တွေနဲ့ စိတ်ဝင် စားစရာ တွေချည်းပါလား နော်။

"စူးစမ်းလေ့လာမှုသည် အဆုံးမရှိသော မြစ်တစ်စင်းနှင့် တူသည်။"

ဆိုတဲ့မှတ်ချက် ကို အရမ်းသဘောကျမိပါတယ်။

chitsoe said...

မမချောကတော့တကယ်ရှာဖွေတတ်တယ် အံ့သြစရာဘဲနော် မမချောပြောတဲ့ကျောက်သွေးဆိုတာမြစ်ကြီးနားရထားပေါ်
မှာကြော်ငြာတာတွေ့ဘူးတယ်အဲဒါပြောတာလားဟင်
တော်တော်အားရှိတယ်လိုပြောတာဘဲ့ကြော်ငြာတဲ့သူက

sosegado said...

စူးစမ်းလေ့လာမှုသည် အဆုံးမရှိသော မြစ်တစ်စင်းနှင့် တူသည်။
အမှန်ဆုံးပါပဲ

ahphyulay said...

အင်း..
ဟုတ်တယ်ဗျာ..။
ရှာဖွေလျှင်တွေ့ ရှိ ကဏ္ဏ လေးပါပဲ။
ကျောက်သွေးကတော့  ယနေ့ ထိတိုင်
မတွေ့ ဘူးသေးပါ။

kotunygn said...

So Good post .......

စော(အဝါရောင်မြေ) said...

ဗဟုသုတရတယ်။
ကျောက်သွေးက ဆေးဖော်တဲ့နေရာမှာ သုံးတာတော့ ကြားဘူးတယ်။ ဘယ်လို အသုံးဝင်သလဲတော့ မသိဘူး။

မချောရေ...
အဲဒီရေလေး သောက်ကြည့်ရင် ဘယ်လို အရသာ ရှိမလဲ မသိဘူးနော်။ ကျောက်သွေးလို အသုံးဝင်မလားမသိဘူး။ ဘာမှ အသုံးမ၀င်ရင်တော့ အဲဒီ မြစ်ရေနဲ့ ရေချိုးရင် ယားနာ ပွေး ၀ဲ တွေတော့ ပျောက်ကင်းလောက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

SHWE ZIN U said...

ညီမ ချောရေ

ကိုကိုမောင်ကတော့ ရောဂါတွေ ပေါ်လာပြီ
စိတ်ဝင်စားစရာ အနီရောင် မြစ်ရေတွေ ကြည့်ချင်တယ်
ပျော်ရွှင်စရာ ခရီးလေး ဖြစ်ပါစေလို့ ဆုတောင်းပေးမယ် ညီမရေ


ခင်မင်စွာဖြင့်
ရွှေစင်ဦး