တိမ်တွေပေါ်မှာ ခရီးနှင်.....

ကျွန်မရဲ့ ရေးလက်စ တောင်ပေါ်ခရီးအကြောင်း ဆက်ပါဦးမယ်ရှင်။ ကျွန်မ ခရီးသွားတဲ့ အချိန်ဟာ ဧပရယ်လအတွင်းမှာ ဖြစ်သော်လည်း ရာသီဥတုက ကပြောင်းကပြန်တွေ ဖြစ်ပြီး ကျွန်မတို့ ကချင်ပြည်နယ်မှာ နွေရာသီဟာ မိုးတွင်းလို မိုးသည်းသည်းမည်းမည်း ရွာနေခဲ့ပါတယ်။ မိုးရွာပြီး တိတ်စအချိန်မှာတော့ တောင်တန်းတွေနဲ့ နီးလာလေ တောင်ခိုးတွေ တိမ်တွေဟာ တောင်ခါးပန်းတွေ၊ တောင်ထိပ်ဖျားတွေမှာ ရစ်သိုင်းဖွဲ့ခြုံထားတာများ လှလွန်းလို့ မလွတ်တမ်း ဓာတ်ပုံရိုက်မိပါတယ်။ ကျွန်မအနေနဲ့ တောတောင်ထဲမှာ ကြီးပြင်းလာရသူမို့ ထင်ပါတယ်။ တောတောင်တွေရဲ့ သဘာဝအလှကို တော်တော်လေး နှစ်သက် သဘောကျတာကြောင့် ကျွန်မလိုဘဲ တောတောင်ရှုခင်းတွေရဲ့ အလှကို နှစ်သက်သူများ ရှိခဲ့ရင် ကြည့်နိုင်ဖို့ ပုံတွေကို အများကြီး တင်ပေးချင်မိပါတယ်။ ဒါကြောင့်လဲ ပုံတွေ သိပ်များတဲ့အခါ ပိုစ့်က သိပ်ရှည်မှာ စိုးတာကြောင့် တစ်ပိုင်းပြီးတစ်ပိုင်း ဖြတ်ချလိုက်ရတဲ့အခါ အကြောင်းအရာတစ်ခုထဲကို ပိုစ့်တွေ အများကြီးတင်တယ်လို့ မထင်စေချင်ပါဘူး။ ကျွန်မအနေနဲ့လည်း ခရီးစဉ်တစ်ခုထဲကို ပိုစ့်တွေ ခွဲခွဲပြီးတင်ရတာမျိုး သဘောမကျသလို တစ်ပုဒ်ထဲနဲ့ အပြီးရေးချင်သော်လည်း ကျွန်မ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ သိပ်များလွန်းတဲ့အပြင် ခရီးစဉ်တစ်ခုတည်းမှာတင်ဘဲ ရေးစရာတွေ တော်တော်များများ ရှိနေခဲ့တာကြောင့် ပိုစ့်တွေ အပိုင်းခွဲပြီးတင်ရတာကို နားလည်ခွင့်လွှတ်ပေးစေလိုပါတယ်ရှင်..


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing
စမ်းချောင်းကလေးရယ် စိမ်းစိုနေတဲ့ အပင်လေးတွေရယ် မှိုင်းပြာပြာ တောင်တန်းရယ် တိမ်စိုင်တွေရယ်

Image Hosted by PicturePush - Photo Sharing 
ခပ်နိမ့်နိမ့် တိမ်စိုင်များ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing
တောင်စတက်ပါပြီ



ကျွန်မတို့စီးလာတဲ့ကားဟာ တောင်တက်ခရီး မစခင်မှာဘဲ မြင်ကွင်းတွေမှာ တောင်နဲ့ နီးလာလေ တိမ်တွေနဲ့ ပိုပိုနီးလာသလို ခံစားရစေလောက်အောင် တိမ်တွေဟာ တောင်ခြေနားထိအောင် ရစ်သိုင်းနေပါတော့တယ်။ ဒီလိုနဲ့  ကားကလေးဟာ တောင်ခြေကနေ တိမ်တွေဖုံးနေတဲ့ တောင်ပေါ်ကို စပြီးတက်ခဲ့ပါပြီ။


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
တကယ်တမ်းတော့ ဒီမြင်ကွင်းဟာ တော်တော်လေးကို ဝေးပါတယ်. ကင်မရာကို zoom ဆွဲပြီး ရိုက်ထားတာမို့ ဒီလောက်မြင်ရတာဖြစ်ပါတယ်။

တောင်တက်လာလို့ တော်တော်ကြာပြီး ၇မိုင်လောက်အရောက်မှာတော့ ခုတွေ့ရတဲ့ မြင်ကွင်းကို ကားလမ်းပေါ်ကနေ ပေါ်တစ်လှည့် ကွယ်တစ်လှည့်မြင်ရပါတော့တယ်။ ဗန်းမော်၊ မိုးမောက်၊ မြစ်ကြီးနား လွင်ပြင်ဒေသကြီးတစ်ခုလုံးကို အပေါ်စီးကနေ မြင်ရတာ စိတ်လှုပ်ရှားဖို့ ကောင်းလွန်းလှပါတယ်။ ကွေ့ဝိုက် ရစ်ခွေ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးကိုလည်း မှုန်ပျပျ လှမ်းမြင်နေရသလို၊ ရွာတွေ၊ မြို့တွေ၊ လယ်ယာ ချောင်းမြောင်းတွေကိုလည်း တောင်ပေါ်ကနေ လှမ်းမြင်နေရပါတယ်။


Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing
ခွေကာရစ်ကာ မြစ်ဧရာ


Image Hosted by PicturePush - Photo Sharing

ဟိုးတစ်ဖက်က မြစ်ဟာ ဧရာဝတီမြစ်ဖြစ်ပြီးတော့ ဒီဘက်က မြစ်ကတော့ တာပိန်မြစ်လို့ ကျွန်မထင်ပါတယ်။ တောင်ပေါ်ကို တက်လာတဲ့ လမ်းတောက်လျှောက် သစ်ပင်နဲ့ ကွယ်မနေဘဲ မြင်ကွင်းရှင်းတဲ့နေရာရောက်တိုင်း ဒီမြင်ကွင်းကို မြင်နေရပါတယ်။ 
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 
အမြင့်ဆုံးတောင်ထိပ်ရောက်တဲ့အထိ ဧရာဝတီမြစ်ကြီး လှပစွာ စီးဆင်းနေတာကို တွေ့မြင်နေရပါတယ်



Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing



တိမ်တွေပေါ်မှာ

 တိမ်ပင်လယ်

တဖြေးဖြေး တောင်တွေအထပ်ထပ်ကို ကျော်ဖြတ်လာပြီးတဲ့အခါ တောင်ပေါ်က လှမ်းအကြည့် မြင်ရတဲ့ တိမ်ဖုံးနေတဲ့ မြင်ကွင်းလေးတွေကြောင့် ကျွန်မတို့ဟာ တိမ်တွေထက်မြင့်တဲ့ အပေါ်ကို ရောက်နေတယ်ဆိုတာ သိသာနေပါတယ်။ လေယာဉ်နဲ့ ခရီးသွားတဲ့အခါ အောက်ကို ငုံ့ကြည့်ချိန်မှာ ကိုယ့်ရဲ့ အောက်မှာ တိမ်တွေ ရောက်နေတာကို မြင်ရတဲ့ ခံစားချက်မျိုးလို အခုမြင်ရတဲ့ မြင်ကွင်းဟာလည်း ပီတိတစ်မျိုးနဲ့ စိတ်ကို အေးချမ်းလို့ နေစေပါတယ်။
ဘေးဝန်းကျင်က တောင်တွေဟာ တဖြေးဖြေး နိမ့်နိမ့်လာပြီး ကျွန်မတို့တက်နေတဲ့ တောင်က အမြင့်ဆုံးလို ဖြစ်နေပါတော့တယ်။ ဒီတော့လည်း မြင်ရတဲ့ အခြားသော တောင်ထိပ်တွေဟာ ကျွန်မတို့ရောက်နေတဲ့နေရာထက် ပိုနိမ့်နေခဲ့ပါပြီ။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
ခပ်ဝေးဝေးက မြင်ရတဲ့ ဖြူဖြူလေးတွေက တောင်စောင်းတွေမှာ ရွာတည်ထားတာဖြစ်ပြီး သွပ်မိုးရဲ့ အလင်းရောင်ကို မြင်နေရတာဖြစ်ပါတယ်။



Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
လှပလွန်းတဲ့ တောတောင်ရှုခင်းတွေကို မြင်တွေ့ရသလို တောအုပ်ကြီးတွေကိုလည်း ဖြတ်သန်းရသည်။


Image Hosted by PicturePush - Photo Sharing 
စိန်လုံ သစ်တောကြိုးဝိုင်း ဆိုင်ဘုဒ်နဲ့ စည်းကမ်း ဥပဒေများ


သစ်တော၊ သစ်ပင်ကြီးတွေ ပေါလှတဲ့ မိုးမောက်၊ ဗန်းမော်၊ စိန်လုံဒေသဟာ သစ်သမားများအတွက် မက်မောလောက်စရာ နယ်မြေဒေသများ ဖြစ်ပါတယ်။ မည်သူမဆို ချွင်းချက်မရှိ စည်းမျဉ်းစည်းကမ်း အတိုင်းသာ သစ်တောဥပဒေကို လေးစားလိုက်နာကြမယ်၊ သစ်ခုတ်မယ်၊ သစ်ထုတ်လုပ်ကြမယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ရေမြေတောတောင် သဘာဝဟာ ရေရှည် တည်တံ့ခိုင်မြဲနေဦးမှာပါ။ အဲဒီလိုမှ မဟုတ်ဘဲ စည်းကမ်းသည် စာအုပ်ထဲမှာ၊ စည်းကမ်းသည် ဆိုင်းဘုဒ်ပေါ်မှာသာ တည်ရှိပြီး ၊ လက်တွေ့ လိုက်နာကျင့်ကြံဖို့ အားနည်းမည် (သို့တည်းမဟုတ်) စည်းကမ်းသည် အချို့သောသူများအတွက် မဟုတ်ဟု ဆိုခဲ့ပါလျှင် ရေမြေတောတောင် သဘာဝဟာ အမြန်ဆုံးနည်းနဲ့ ပျက်စီးဆုံးရှုံးမည်မှာ အသေအချာသာ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 
ကျောက်နံရံကို ကျော်




လမ်းဘေးမှာ တွေ့ရတဲ့ လိပ်ပုံသဏ္ဍာန် သဘာဝကျောက်တုံးကြီး

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
ဘဘာဝတရားရဲ့ ဆန်းကြယ်မှုက အံ့မခန်း

ဒီလို နှစ်ခြမ်းကွဲနေတဲ့ ကျောက်တုံးကြီးကို တွေ့ရတော့ နယူးဇီလန်က နံမည်ကျော် split apple ကျောက်ဆောင်ကြီးကို သတိရလိုက်မိပါတယ်။ တကယ်တမ်းတော့ ကျွန်မတို့ တိုင်းပြည်မှာလည်း ထူးဆန်းအံ့သြဖွယ်တွေ အများကြီး ရှိနေခဲ့ပေမဲ့ လူသူအသွားအလာ နည်းပါးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် လူသိနည်းတဲ့အတွက် မထင်ရှား မကျော်ကြားဘဲ ရှိနေခဲ့ရတာဟာ နှမြောဖို့ ကောင်းလှပါတယ်။


Image Hosted by PicturePush - Photo Sharing 
ရှေ့မှာ တိုင်းရင်းသားတို့ရဲ့ တောင်ပေါ်အိမ်ကလေးတွေကို စပြီးတွေ့ရပြီ
Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 
ရွာရောက်ပြီ


Image Hosted by PicturePush - Photo Sharing 
ချစ်စရာ အိမ်ကလေး


Image Hosted by PicturePush - Photo Sharing 

ကျွန်မတို့ ကချင်ပြည်နယ်ဟာ ကချင်၊ ရှမ်း၊ ဗမာ စတဲ့ တိုင်းရင်းသာ မျိုးနွယ်တွေ အဓိက နေထိုင်ကြပြီး ဖြတ်လာခဲ့တဲ့ မိုးမောက်၊ ၀ိုင်းမော်စတဲ့ မြို့တွေ ကျေးရွာတွေရဲ့ မြေပြန့် လွင်ပြင်ဒေသမှာတော့ ရှမ်း တိုင်းရင်းတွေများပြီး ဒီတောင်ပေါ်တစ်လျှောက်က ရွာကလေးတွေမှာတော့ ကချင် တိုင်းရင်းသားတွေသာ အများအားဖြင့် နေထိုင်ကြတဲ့ ရွာကလေးတွေ ဖြစ်ပါတယ်။ စကားပြောကြည့်တဲ့အခါမှာ တရုတ်စကား၊ ကချင်စကားနဲ့ ဗမာစကားတို့ကို အသုံးပြုကြပါတယ်။



ဒီရွာတွေမှာ နေထိုင်ကြတဲ့ ရိုးသားလှတဲ့ တောင်ပေါ်နေ ကချင်တိုင်းရင်းသားတို့ရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ လှပသော တောင်စခန်းမြို့ဖြစ်တဲ့ ပေ ၅၀၀၀ကျော် အမြင့်က စိန်လုံကျေးရွာလေးမှာ ရှိခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော် အင်္ဂလိပ်ခေတ် အဆောက်အဦးဟောင်း တစ်ချို့ရဲ့ ပုံများကိုတော့  နောက်ပိုစ့်မှာ ဆက်ပါဦးမယ်ရှင်...


Image Hosted by PicturePush - Photo Sharing

30 Responses to “တိမ်တွေပေါ်မှာ ခရီးနှင်.....”

Baby taster said...

ချောငယ် ပုံတွေလာကြည့်တယ်ဝေ့
အိမ်လေးတွေက ချစ်စရာလေးတွေ

Nyi Linn Thit said...

ဆရာ မောင်ချောနွယ် ပြောခဲ့တဲ့ တိမ်တွေနဲ့ တောင်တန်းတွေရဲ့ လင်ခန်းမယားခန်း အနေအထိုင် ဆိုတာ ဒီလိုမြင်ကွင်းမျိုးကို ပြောတာပဲ ဖြစ်ရမယ်၊ ပုံတွေ လှတယ် မချောရေ၊ အိမ်ကလေးကလည်း တကယ်ပဲ ချစ်စရာ...၊ ဝရန်တာမှာ ဂစ်တာထိုင်တီးလို့ ကောင်းမယ့် နေရာလေး...၊ ပုံတွေ၊ ပို့စ်တွေ ခွဲတင်ရလို့လည်း စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ဗျာ၊ စိတ်ဝင်စားစရာ ခရီးလေး ဖတ်နေကြည့်နေ ရတာကိုပဲ သဘောကျနေ မိတာ...။း)

johnmoeeain said...

eek.... you made me home sick. :(

johnmoeeain said...

အင်း.. ဟုတ်တယ်...။ တာပိန်း)

>>> ဟိုးတစ်ဖက်က မြစ်ဟာ ဧရာဝတီမြစ်ဖြစ်ပြီးတော့ ဒီဘက်က မြစ်ကတော့ တာပိန်မြစ်လို့ ကျွန်မထင်ပါတယ်။

တစ်ခေါက်တစ်ခါ ရောက်လာချင်တာ။

တိမ်တွေပေါ်မှာ လေဟုန်စီးပြီး ပျံနေချင်တယ်..မချော.။
ချစ်တဲ့
သဒ္ဓါ

အရမ်းသဘောကျတယ်... အဲဒီလို တောင်ပေါ်ရှုခင်းစိမ်းစိမ်းစိုစိုလေးတွေကို တန်ဖိုးထားတတ်လာတာ... အညှာကိုဖြတ်လို့ ရန်ကုန်ကို ပထမဆုံးစရောက်ကတည်းကပဲ....း)))

လျှောက်သွားချင်လိုက်တာ .........

Anonymous said...

ပို့စ်များများ ပုံများများ မြင်ချင်တာ မချောရေ။
ဒီလိုပုံတွေ မြင်ကွင်းတွေ မြင်ရဖို့ မလွယ်ဘူးလေ။
တင်သာတင်ပါ။ စောင့်မျှော်လျက်ပါ။

အိမ်လေးရဲ့ ဝရန်တာမှာ ကော်ဖီတစ်ခွက်နဲ့ လေညှင်းခံချင်တယ်ဗျာ။

ဒါနဲ့ လမ်းခင်းထားတာ အဲဒီဒေသဖက်မှာ ဒီလိုမျိုးပဲလားအမ။ ကတ္တရာလည်းမဟုတ် ကွန်ကရစ်လဲ မဟုတ်ဘူးနော်။ နည်းနည်းပြောပြပါလား။ တစ်လမ်းလုံး ဒီလိုအခင်းမျိုးတွေပဲလား။

တောင်ငူသား

ခွန် said...

အဲ့လိုလေး သွားချင်လိုက်တာ အစ်မရယ်
အမြင့် ကြောက်ပေမယ့် အဲ့လို တောတောင်တွေ ကြည့်ရတာ သိပ်ကြိုက်တာ...

Anonymous said...

တိမ်တွေတောင်တွေကိုလာကြည့်သွားပါတယ်

စူးနွယ်လေး

စော(အဝါရောင်မြေ) said...

ပုံတောင်၊ ပုံညာမှာ Field ဆင်းခဲ့ရတာကို သတိယတယ်။ အဲလိုပဲ အတက်၊ အဆင်းကလည်း မတ်စောက်တယ်။
ကျောရွာလေးကတော့ တောင်နှစ်လုံးကြားက မြေပြန့် လေးပေါ့။
အဲဒီတုံးက ကိုယ်ပိုင်တာ ဘာမှ မရှိလို့  မရိုက်ထားနိုင်ခဲ့ပါဘူး။ ခုတော့ ရောက်ဖို့ မလွယ်တော့ဘူး။

SHWE ZIN U said...

ညီမ ချောေ၇

ပုံလှလှလေး တွေ အတွက်ကျေးဇူးပါ

မောင်မျိုး said...

လှလိုက်တဲ့ တိမ်စိုင်ခဲတွေ ပြီးတော့ စိမ်းလွင့်နေတဲ့ သစ်ပင်ကြီးတွေ လှလိုက်တာ ။

sosegado said...

ဖားကန့်တဝိုက်ပျက်စီးပေမဲ့ ဒီဘက်မှာလှနေတုန်းပဲ၊ သဘာဝအလှတွေပါ၊

မိုးရွာပြီးစ တောင်ခိုးဝေတဲ့ အချိန်ဟာ အင်မတန်ကို လှပတဲ့ အချိန်ပါပဲ အစ်မချောရေ...။

လိပ် ပုံရဲ့ အောက်က တစ်ပုံကျော်မှာ ဖွတ်ကြီးရေသောက်နေတဲ့ပုံများလားဟင်။

ဒီလို တောင်ပေါ် စခန်းသာမြို့တွေ အများကြီးရှိတဲ့နိုင်ငံပါ အစ်မရေ.. ထိုင်းမှာ အမြင့်ဆုံးတောင်ထိပ်တစ်ခုပဲ ရှိပါတယ်။ တောင်သေးသေး မြင်ရင်ကို သူတို့ မှာ အလှဆင်ပြီး ခရီးသွားတွေကို ဆွဲဆောင်နေကြတာ မြင်တော့ ရီချင်လှတယ်။

မျှော်နေမယ် နောက်ပိုစ့်။

ချောရေ ချောရဲ့ခရီသွားဓာတ်ပုံတွေဟာ စိမ်းစိုနေတာပဲနော်။ လိပ်ပုံသဏ္ဍာန်ကျောက်ကလည်း ထူးထူးဆန်းဆန်းကြီးပါလား။ ဧရာဝတီမြစ်က သိပ်...............လှတာပဲနော် ချော။ တိမ်ကို အဝေးကကြည့်တော့ အနားရောက်ရင် တောင်းထဲကောက်ထည့်လို့ ရနိုင်သလိုလို ထင်ရပေမယ့် အတွင်းထဲရောက်တော့လည်း ပျောက်သွားတာပဲနော် ချော။ ခရီးသွားပုံရိပ်တွေကို မျှဝေပေးတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်နော်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

Shinlay said...

သိပ်လှတဲ့နေရာတွေ...တချိန်ချိန်တော့ေ၇ာက်ဖြစ်မယ်
ထင်ပါတယ်။ ပုံတွေတင်ပေးတာကျေးဇူးပါနော်။
မနေ့ က တီဗီမှာ မြန်မာ၊တရုတ်နယ်စပ်ကပုံတွေပြတယ်။

မြူတွေဆိုင်းနေတဲ့ တောင်တန်းတွေကို သိပ်သဘောကျတယ်။ ကျိုက်ထီးရိုးဘုရားဖူး သွားတိုင်း ညနေဆိုရင် မြူတွေထဲက တောင်တန်းတွေကိုပဲ ထိုင်ကြည့်ဖြစ်တယ်။
တောင်တန်းတွေကို သိပ်သဘောကျလို့နဲ့ တူတယ်။ အခုရောက်နေတဲ့ နိင်ငံကလည်း တောင်တန်းတွေ ပါတ်လည်ဝိုင်းနေပုံများ ကျွန်တော်နေတဲ့ အိမ်ရှေ့ ဝရံတာကနေ ကြည့်ရင် ရှေ့ကိုက် ၃ ၊ ၄ ရာ လောက်မှာ တောင်တန်းတွေ ပတ်ဝိုင်းပြီး ရှိနေတယ်။

ထွဋ် said...

မြန်မာပြည် လာလည် ရင်း တောင်တန်းဒေသ တခုခု ကိုဓါတ်ပုံရိုက် ထွက်ဘို့စီစဉ်ရှိပါတယ်။ တောင်ကြီး သို့မဟုတ်မြစ်ကြီးနားကိုသွားပါမယ်။ တောင်တန်းပေါ် အိမ်လေးတွေ ကြည့်ပြီး မြစ်ကြီးနား ကိုသွားမယ် ဆုံးဖြတ်လိုက်ပြီ။ ကျေးဇူးတင်ပါတယ်..

တောင်ခိုးရနံ့တွေ ဓါတ်ပုံမှာကပ်ပါလာတယ်။
ဆွံ့ပျံ့လွမ်းမောဘွယ်ရာ ဆိုတာ ဒီလိုရှုခင်းမျိုးပေါ့နော်။

ချောရယ် လေကောင်းလေသန့်တွေ ကို မှန်းပြီး ခံစားသွားတယ်။

Iora said...

ချောရေ..
ကိုယ်ဆိုတလျှောက်လုံးမှန်ဘီလူးနဲ့ ငှက်တွေကြည့်သွားမှာ။စိန်လုံကမ္ဘားကို ရောရောက်သလားဟင်။ ချောစာတွေဖတ်ပြီး ဖုန်ကန်တောင်တက်ခဲ့တာသတိရမိတယ်။ ကျေးဇူးအထူးပါ ဓါတ်ပုံတွေကြည့်ရလို့ ။

Anonymous said...

I always tell swiss and other foreigners,we have that kind of snow capped mountains and same scene northern part and hilly regions of our country.Actually i haven't been there yet:(.......Thanks for lovely photoes and your experience.
Gyidaw

ခနွဲ said...

လှလိုက်တာဗျာ။ ရောက်ဖူးချင်လိုက်တာ။။

လာလည်ချင်လိုက်တာ မချောရယ်...
အဲဒီလို စိမ်းလန်းနေတဲ့မြင်ကွင်းမျိုးလေးတွေကို အရမ်းကြိုက်တယ်...

PhyoPhyo said...

မချောရေ ...
ပုံတွေကလှလိုက်တာ၊
အောက်ဆုံးနှစ်ပုံကို ကြိုက်တယ်၊
တိမ်တွေက ဖြူလွလွလေးတွေ၊
အေးနေမှာပဲ၊
မချော ဘယ်ကိုသွားတာလဲ၊ ဖတ်လိုက်တာပဲ မတွေ့လိုက်လို့လားပဲ၊
တောင်ပေါ်ပဲသိလိုက်လို့။
ပုံလေးတွေကြည့်ရတာ အေးချမ်းလိုက်တာ။
ချစ်တဲ့

blackroze said...

မကြီးချော...
ပုံတွေရော..စာတွေရောတဝကြီးကြည့်သွား
ဖတ်သွားတယ်..မကြီး

မြတ်မွန် said...

စိမ်းလန်းနေတာ ကောင်းလိုက်တာ..
ညီမ အပေါ်ထပ်ကလေးကိုလည်း မြက်ပင်တွေ အုပ်ထားဖို့ အကြံရသွားးပြီ..။
ကျေးဇူး ချစ်မရေ..။

tsawtsaw said...

သွားခဲ့ဖူးတဲ့ မိုင်းမော် ဘက်ကို သတိရလာသလိုပဲ
ဟီးးးးးးးးဒါပေမဲ့အရမ်းပင်ပန်းတယ်
ကျေးဇူးပဲနော်အမ
အမ post ထဲ ၀င်လိုက်တာနဲ့ချက်ချင်းကိုလန်းဆန်းသွားတယ် ဟီးးးးးးးးးး
ငိုက်နေလို့ လေ ဟီးးးးးးးး

Anonymous said...

ကြည့်ရတာ ကြည်နူးချမ်းမြေ့စရာကောင်းလွန်းလို့ ရင်ထဲမှာ သိမ့်ကနဲ့တောင်ဖြစ်မိတယ်။ :)

ငါ့အစ်မကို ကျေးဇူးအများကြီးတင်ပါတယ်။

ညီမလေး
အင်ကြင်း