တောင်ထိပ်ပေါ်က ရွာကလေး...

စိန်လုံ တောင်ထိပ်ကို ရောက်ချိန်မှာတော့ ကချင်တိုင်းရင်းသားတို့ရဲ့ ရွာကလေးတွေကို မြင်ရပါပြီ။ ရွာကလေးတွေမှာ အိမ်ကြီးကြီးမားမားရယ်လို့ မတွေ့ရဘဲ  ခပ်သေးသေးအိမ်ကလေးတွေကိုသာ တွေ့ရပါတယ်။ အချို့အိမ်တွေကတော့ ရုံးမိုး၊  ထရံကာ အိမ်ကလေးများ ဖြစ်သော်လည်း အချို့မှာ သွပ်မိုး၊ ပျဉ်ကာ အိမ်ကလေးများ ဖြစ်ကြပါတယ်။ သေးငယ်ပေမဲ့ ချစ်စရာအိမ်ကလေးများ ဖြစ်ပါတယ်။ ကျွန်မ မှတ်မိသလောက် ပြောရရင် တောင်ပေါ်မှာ တွေ့ခဲ့တဲ့ ရွာတွေထဲမှာ ရွာသုံးရွာကို မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။ အဲဒီ ရွာကလေးတွေက စိန်လုံကဘာ၊ ပန်မူရွာနဲ့ စိန်လုံရွာတို့ ဖြစ်ပါတယ်။ ဒီရွာသုံးရွာဟာ စိမ်းစိုနေတဲ့ သစ်ပင်တွေ တောအုပ်တွေ ကြားမှာ ရှိနေပြီး မကြီးကျယ် မခမ်းနားလှသော်လည်း  တောတောင်အငွေ့အသက်တွေနဲ့ အေးချမ်းလှတဲ့ ရွာကလေးတွေ ဖြစ်ပါတယ်။
Image Hosted by PicturePush - Photo Sharing 
တောင်ပေါ်ရွာ



Image Hosted by PicturePush - Photo Sharing 
သစ်ပင်များကြား ကြိုကြိုကြား

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ထင်းရှူးပင်များလည်း ရှိရဲ့
Image Hosted by PicturePush - Photo Sharing 

ဘယ်လောက်တောင် အေးချမ်းလှတဲ့ မြင်ကွင်းလေးတွေလဲနော်


Image Hosted by PicturePush - Photo Sharing 

သစ်ပင်အုပ်ဆိုင်းဆိုင်းတွေကြားက အဆောက်အဦးလေးဟာ ဘာပါလိမ့်လို့ စိတ်ဝင်တစား လေ့လာကြည့်မိတော့


Image Hosted by PicturePush - Photo Sharing 
ထည်ထည်ဝါ၀ါ ဆောက်လုပ်ထားတဲ့ ဘုရားရှိခိုးကျောင်းတစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီစိန်လုံကဘာ ရွာကလေးရဲ့ ထူးခြားချက်က ဟိုးယခင်က အလွန်စည်ကားလှတဲ့ ရွာကြီးတစ်ရွာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကားလမ်းမပေါ်ကနေ သေချာလေ့လာ ကြည့်လိုက်ရင် အမိုးမရှိတော့တဲ့ အဆောက်အဦးဟောင်း တစ်ခုကို မသဲမကွဲ လှမ်းမြင်ရတာပါဘဲ။ ကင်မရာနဲ့ ဆွဲရိုက်ကြည့်လိုက်တဲ့အခါ အောက်မှာ မြင်ရတဲ့ ပုံအတိုင်း တွေ့ရပါတယ်။


Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing


အနီးကပ်ကြည့်မယ်ဆိုရင် အပေါ်ကပုံမှာတွေ့ရတဲ့ အတိုင်း အမိုးတွေ မရှိတော့တဲ့ အခိုင်အခံ့ အဆောက်အဦးတစ်ခုပါ။ ဒေသခံတွေရဲ့ ပြောစကားအရ အင်္ဂလိပ်တွေ ဆောက်လုပ်ခဲ့တဲ့ ကျောင်း အဆောက်အဦး ဖြစ်ကြောင်း သိရပါတယ်။ တစ်ချိန်က ဒီရွာကလေးဟာ အင်္ဂလိပ်တို့ရဲ့ အပန်းဖြေ တောင်ပေါ် စခန်းသာကလေးများ ဖြစ်ခဲ့လေသလားလို့ စဉ်းစားမိပါတယ်။ တောင်ပေါ်ဒေသတွေဟာ တစ်ချိန်က အင်္ဂလိပ်တို့ သာသနာပြုလုပ်ငန်းများ အကြီးအကျယ်လုပ်ခဲ့တဲ့ နေရာတွေလည်း ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing 
ပန်မူလို့ ခေါ်တဲ့ ရွာကလေးပါ။

Image Hosted by PicturePush - Photo Sharing 
Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

အခုမြင်နေရတဲ့ ဓာတ်ပုံထဲက အိမ်ဟာ အဆိုတော် ဒေါ်အယ်လ်ခွန်းရီတို့ ယခင်က နေခဲ့တဲ့ အိမ်ဖြစ်ကြောင်း ဒေသခံ ရွာသူတစ်ဦးမှ ပြောပြပါတယ်. အိမ်အရှေ့မှာ တိုင်တွေနဲ့ထောက်ထားတဲ့ ကြိုးလိုလိုတစ်ခုကို တွေ့ရမှာပါ။ တကယ်တမ်းတော့ အဲဒါဟာ ကြိုးမဟုတ်ဘဲ ရေပိုက်ဖြစ်ပါတယ်။ မြို့တွေမှာလို ရေပိုက်က မြေကြီးအောက်မှာ ရှိမနေဘဲ ကောင်းကင်ပေါ်မှာ ရှိနေတာ ထူးခြားနေတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေခဲ့ပါတယ်။ ဒီ တောင်ပေါ်ဒေသမှာ ရေပေးဝေရေးစနစ် မရှိပါဘူး။ သဘာဝအတိုင်း တောင်ပေါ်ကနေ စီးကျလာတဲ့ တောင်ကျ စမ်းချောင်းကလေးတွေကနေ မိမိတို့ရဲ့ အိမ်ကို အရောက် ခုလို ပိုက်တွေနဲ့ သွယ်ယူ တတ်ကြပါတယ်။ ရေအတွက် ငွေပေးဝယ်ပြီး သုံးစရာမလိုအောင် သဘာဝတရားရဲ့ လက်ဆောင်များကို လှပစွာ သုံးစွဲခွင့်ရနေကြတဲ့ နေရာဒေသ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 
တောင်ကျရေကို အိမ်တွေဆီ သွယ်ထားတဲ့ ရေပိုက်


စိန်လုံရွာကလေး သာသာယာ


Image Hosted by PicturePush - Photo Sharing
ငွေကုန်ကြေးကျ များစရာမလို.. သဘာဝ ဆိုင်းဘုတ်လို့ ပြောရမဲ့ ကျောက်တုံးကို ဆေးသုတ်ပြီး ရေးထားတဲ့ “တို့တာဝန်အရေးသုံးပါး”


ဒီနေရာလေးဟာ ဆက်တိုက် တက်လာတဲ့ တောင်တန်းကြီးတစ်လျောက်လုံးမှာ အမြင့်ဆုံးနေရာကို ရောက်ပြီ ဆိုရမှာပါ။ ဒီနေရာကို ကျော်လွန်တာနဲ့ တောင်ဆင်းခရီးသာ ဖြစ်ပါတယ်။ ကျွန်မစိတ်ထဲ ဒီနေရာဟာ ပေပေါင်း အတော်မြင့်ပြီလို့ ခန့်မှန်းနိုင်ပေမဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေဘယ်လောက်ရယ်လို့ အတိအကျ မသိနိုင်ပါဘူး။ သို့သော် ကံကောင်းတာက ဒီဆိုင်းဘုတ်လေးမှာ ခုရောက်နေတဲ့ ရွာကလေးရဲ့ အမြင့်ပေကို ရေးထားတာ တွေ့လိုက်ရပါတယ်။


Image Hosted by PicturePush - Photo Sharing 

ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၅၆၆၀မှာ ရှိတဲ့ စိန်လုံရွာကလေးပါ။ ဆောင်းရာသီမှာ ရေခဲလောက်အောင် အေးတယ်လို့ ဆိုပါတယ်။ နွေရာသီလိုချိန်မှာတောင် ပူအိုက်မနေဘဲ သိပ်ကိုနေလို့ကောင်းတဲ့ တောင်ပေါ်ဒေသ ရာသီဥတုမျိုး ရှိတဲ့အရပ်ပါ။ တောင်ပေါ်စခန်းမြို့ ဖြစ်တဲ့ ပြင်ဦးလွင်မြို့တောင် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃၅၁၀သာရှိပါတယ်။ အိမ်ခြေရော လူဦးရေပါ ယခုအခါမှာ အလွန်နည်းလှသော်လည်း ယခင်ကတော့ စည်ကားခဲ့ဖူးတဲ့ နံမည်ကျော် ရွာကလေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရွာကလေးမှာလည်း အင်္ဂလိပ်ခေတ် အဆောက်အဦးနဲ့ အုတ်ရိုးဟောင်းများကို တွေ့ရပါတယ်။

Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
သစ်ပင်တွေကြားက မထင်မရှားတွေ့ရတဲ့ အဆောက်အဦးဟောင်း၏ အုတ်ရိုးများ

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
ကျောက်တုံးပေါ်မှာရော သစ်ပင်ပေါ်မှာပါ တွေ့ရတဲ့ သစ်ခွပင်များ

Image Hosted by PicturePush - Photo Sharing 
ရွာကလေးပေမဲ့ လွတ်လပ်ရေးကျောက်တိုင် ခုထိရှိနေသေး

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ဒီဆိုင်ကလေးမှာ ထမင်းစားရင် ကချင်ဟင်းများ၊ ဆတ်သား၊ ဂျီသားဟင်းများနဲ့ စားလို့ရပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
လမ်းနဘေးက အိမ်

Image Hosted by PicturePush - Photo Sharing
ပြာရီမှိုင်းကာမို့မို့ ညို့ညို့ ညိုလွင် 

သစ်တောသစ်ပင်ကြီးများ စိမ်းညို့ ညိုမှောင်ကာ သဘာဝဆန်သော အလှများဖြင့် အေးချမ်းလှတဲ့ တောင်ပေါ်ရွာကလေးများဟာ မြင်ရသူကို စိတ်အေးချမ်းစေသလို တောင်ပေါ်နေ ရွာသူရွာသားများရဲ့ တင်းတိမ်ရောင့်ရဲမှု၊ ဖြူစင်ရိုးသားမှုတို့ကိုလည်း ဒီခရီးမှာ တွေ့ခဲ့ရပါတယ်။ ဒီအကြောင်းတော့ မကြာခင် ဖော်ပြပါဦးမယ်။ လူတို့ရဲ့ ပြုပြင်ဖန်တီးမှုကြောင့် မြင်တွေ့လာရတဲ့ ရုပ်ဝတ္ထုတိုးတက်မှုများဟာ သဘာဝတရားရဲ့ အလှအပတွေလောက် မြင်ရတဲ့သူတွေရဲ့ ရင်ကို ငြိမ်းချမ်းအေးမြခြင်းတွေ ပေးစွမ်းနိုင်ခြင်း မရှိနိုင်ပါဘူး။

Image Hosted by PicturePush - Photo Sharing
သဘာဝရဲ့ အလှများ

တကယ်တမ်းတော့ ဒီစိန်လုံတောင်တန်းပေါ်က သဘာဝပတ်ဝန်းကျင် အလှအပတွေဟာ အခု ကျွန်မ ဓာတ်ပုံများဖြင့် ဖော်ပြထားတာထက် အများကြီး သာလွန်လှပနေပါတယ်။ ကျွန်မရိုက်ခဲ့တဲ့ ဓာတ်ပုံတွေဟာ professional camera နဲ့ ရိုက်ယူထားတာ မဟုတ်တဲ့အပြင်၊  သေသေချာချာ စီစဉ်ပြီး ရိုက်ယူလာရတာ မဟုတ်ဘဲ ခရီးသွားလာရင်းက မောင်းနေတဲ့ ကားပေါ်ကနေ ကြုံသလို ရိုက်လာရတဲ့ ပုံတွေဖြစ်တာကြောင့် မျက်စိက မြင်လိုက်ရတဲ့ ရှုခင်းအလှအပတွေအားလုံးကို ရိုက်ယူနိုင်ခဲ့တာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်နိုင်ရင် ဒီခရီးကို အချိန်ယူပြီး နောက်ထပ် ထပ်သွားချင်စိတ်တွေ ဖြစ်မိအောင် တောင်ပေါ်ဒေသ ရှုခင်းတွေ အလှအပတွေက ကျွန်မကို ဆွဲဆောင်ညို့ယူလို့ နေခဲ့ပါတယ်။


Image Hosted by PicturePush - Photo Sharing 
တောနဲ့တောင်စွယ် မောတယ် မထင်

(အမှန်ကတော့ ကျွန်မက တောင်နဲ့ လမ်းကွေ့လေးကို ရိုက်တာပါ။ တစ်ဦးနဲ့တစ်ဦး ချစ်ခင် ကြင်နာနေတဲ့ အတွဲတစ်တွဲက ဒီလိုလမ်းမျိုးမှာ ဘယ်လိုရောက်နေပါသလဲ မေးစရာပါ။ တကယ်တော့ ရှေ့နားမှာ ကားပျက်နေလို့ ကားပြင်နေချိန်မှာ ဒီအတွဲက ဒီနားရောက်နေပြီး ကင်မရာထဲ ပါသွားတာ ဖြစ်ပါတယ် .. တမင်တကာရိုက်တာ မဟုတ်ရပါကြောင်း :)  )


Image Hosted by PicturePush - Photo Sharing

အရင်ပိုစ့်မှာရော ဒီတောင်ပေါ်ခရီးဟာ ဘယ်ကို သွားတာလဲလို့ မေးလာသူများနဲ့ တစ်လမ်းလုံး ဒီလို လမ်းမျိုးတွေလားလို့ မေးလာသူများအတွက် ဖြေရမယ်ဆိုရင် ဒီခရီးဟာ မြစ်ကြီးနားကနေ ဗန်းမော်၊ မိုးမောက်၊ လွယ်ဂျယ် စတဲ့ မြို့တွေဆီ သွားရင်းက တရုတ်ပြည်နဲ့ ကျွန်မတို့ မြန်မာပြည်ကြီးကို သဘာဝတံတိုင်းကြီးသဖွယ် တားဆီးထားတဲ့ စိန်လုံတောင်တန်းကြီးကို ဖြတ်သန်းတဲ့ ခရီးဖြစ်ပါတယ်။ ယခင်က လမ်းဆိုးလွန်းတာကြောင့် ဘယ်သူမှ အသွားအလာသိပ်မရှိတဲ့ လမ်းခရီးတစ်ခုလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ပုံမှာ မြင်တွေ့ရတဲ့ မြေပဲယိုလမ်းလို့ ခေါ်တဲ့ ကျောက်စီလမ်းတွေ တောက်လျောက် ခင်းထားပြီဖြစ်လို့ လမ်းကောင်းတယ်လို့ သတ်မှတ်ရတဲ့ အနေအထားမှာ ရှိပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
ဆိုင်ကယ်နဲ့လည်း သွားကြသည်

ကျွန်မတို့ ကချင်ပြည်နယ်ဟာ မိုးများတဲ့ အရပ်ဒေသ ဖြစ်တာကြောင့် မိုးရာသီမှာ တောင်ပြိုခြင်း မြေကျွံခြင်း၊ ရေကြီးရေလျှံခြင်းတို့ မကြာခဏ ဖြစ်တတ်ပါတယ်။ ယခုခင်းထားတဲ့ ကျောက်စီလမ်းတွေဟာ တစ်ဖက်နိုင်ငံက ဖောက်ထားပေးတာဖြစ်သော်လည်း ဘယ်လိုရည်ရွယ်ချက်မျိုးဖြင့် ဖောက်ထားပေးသည်ဟု မသိရသော်လည်း သေသေချာချာ စနစ်တကျလေး ညီညီညာညာခင်းထားတာ ဖြစ်တာကြောင့်  ကတ္တရာလမ်းထက် ရေတိုက်စားခြင်း၊ ပျက်စီးခြင်းဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ မြစ်ကြီးနား ၀ိုင်းမော်တစ်လျှောက်မှာတော အလွန်ကောင်းမွန်တဲ့ နိုင်လွန်ကတ္တရာလမ်း ခင်းထားပါတယ်။ ဒီလမ်းကြောင်းတစ်ခုလုံးကို ခြုံပြီး ပြောရရင် အချို့နေရာ အနည်းငယ်မှ အပ လမ်းကောင်းတယ်လို့ ပြောရမှာပါ။ ဒီခရီးကို သွားချင်သူ စိတ်ဝင်စားသူများ ရှိခဲ့ရင် အီးမေလ်းလိပ်စာ ချန်ခဲ့မယ်ဆိုရင် ဘယ်လို သွားရမယ်ဆိုတာ အီးမေလ်းနဲ့ သေချာ ရှင်းပြပေးပါမယ်ရှင်။

Image Hosted by PicturePush - Photo Sharing 
တောင်ခိုးနဲ့ တိမ်


ယခုပိုစ့်မှာ တောင်ထိပ်က ရွာကလေးအကြောင်း ဖော်ပြထားတာဖြစ်လို့ တောင်အဆင်းတစ်လျှောက်ရဲ့ ရှုခင်းများအကြောင်း အချိန်ရရင် ဆက်လက်ပြီး ဖော်ပြချင်ပါသေးတယ်။ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ တောင်ပေါ်ဒေသက လူသူအသွားအလာ နည်းပါးပြီး သစ်တောတွေ တောင်တန်းတွေနဲ့ မပျက်စီး သေးသော သဘာဝအလှအပနဲ့ တောင်ပေါ် တိုင်းရင်းသားတို့ရဲ့ ကျေးရွာတွေအကြောင်းကို လူသိလာအောင် ဂဃနဏ ဖော်ပြချင်တာကြောင့် ပိုစ့်တွေခွဲပြီး ပုံတွေ ခပ်များများနဲ့ တင်ဖြစ်တာ ဖြစ်ပါတယ်။ ဒီပိုစ့်တွေအတွက်  ကျွန်မကို အကူအညီ ပေးခဲ့ကြသော (ဗန်းမော်မြို့မှ) မိတ်ဆွေများကို လှိုက်လှဲစွာ ကျေးဇူးတင်ပါကြောင်းနဲ့ စာလာဖတ်ကြသူများ အားလုံးကိုလည်း ကျေးဇူးအထူး တင်ပါတယ်လို့ ပြောပါရစေရှင်...


Image Hosted by PicturePush - Photo Sharing

34 Responses to “တောင်ထိပ်ပေါ်က ရွာကလေး...”

Anonymous said...

ရှုခင်းတွေသိပ်လှတယ်..

rose said...

ရှုခင်းတွေ သိပ်လှတာပဲ အစ်မချောရေ... သြော်... အဆိုတော် ဒေါ်အယ်လ်ခွန်းရီ နေခဲ့တဲ့ အိမ်လေးကိုလည်း ဓာတ်ပုံ ရိုက်ခဲ့တယ်လား။ ပာုတ်ပနော်။ အိမ်ရှေ့မှာ ကြိုးနဲ့ ဆိုတော့ ဓာတ်မီးတိုင် ကြိုး တစ်ခုခု ထင်နေတာ။ ရေပိုက်ကြိုးကိုး။ ဆန်းကြယ်လိုက်တား)

Anonymous said...

မတွေ့ဖူးသေးတဲ့ဒေသဖက်ကရှုခင်းတွေမို့ သေချာကြည့်သွားပါတယ်။ ရွာလေးကလည်းလူခြေနည်းနည်းလေးပဲနော်။ ဆတ်သားချေသားဟင်းနဲ့ကချင်ဟင်းတွေ စားချင်လိုက်တာ။

စူးနွယ်လေး

Anonymous said...

ကျေးဇူးတင်ပါတယ်. ကိုယ့် မွေးရပ် ဒေသ ကို လူတွေသိအောင် ပိုစ် တခုဖန်တီးရေး ထား တာ ဖတ်လို့ အလွန်ကောင်းတယ်။ စိမ်းလန်းတဲ့ တော တောင် တွေ ကြားမှာ စာလာဖတ်တာ စိတ် ထဲ ချမ်းစိမ့်စိမ့် လေး ခံစားရတယ်။

Baby taster said...

အယ်လ်ခွန်းရီက ဗန်းမော်ကလား
ကိုယ်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ နေတာပဲ
သိတာ။ ပုံတွေ အတွက် ကျေးဇူးပါ။ အရမ်းပြန်ချင်တယ်

Evy said...

ရှုခင်းလေးတွေက သာယာလိုက်တာ။ ပုံတွေအတွက်ကျေးဇူးပါချောရေ

မချောရေ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်ဗျား)) ကျေးကျေးပါး)))

အိမ်လေးကို အဆိုတော်အယ်လ်ခွန်းရီ ပိုင်နေတုန်းပဲလား အစ်မ။ ကျနော်ရောက်ခဲ့တဲ့ တောင်ပေါ်ဒေသတွေမှာ ရေပိုက်တွေကို အဲ့လိုပဲ တောင်ခါးပန်းကနေ ပတ်ပြီးသွယ်ယူကြတယ်။ မိုးရွာတဲ့ခါ ရေပိုက်ပိတ်ခြင်း၊ ရေနောက်ကျိခြင်း စတဲ့ ဒုက္ခတွေကိုတော့ ခံစားရတတ်ပေမယ့် ကျန်တာတော့ အဆင်ပြေလှပါတယ်။

စကားမစပ်... သူများစုံတွဲ အားကျလို့  ရိုက်လာတာ မဟုတ်လား.. ဟီးဟီး ...:P :P :P

flowerpoem said...

ရှုခင်းတွေ သိပ်လှတယ်နော် အမ . . အခွင့်အရေးများ ရခဲ့ရင် အဲဒီဘက်ကို တစ်ခါလောက် သွားလည်ချင်ပါတယ်ရှင်..

ဆိုင်ကယ် လျှောက်မောင်းကြည့်ချင်တယ်..

thadarhline said...

တောင်တွေ.. သစ်ပင်စိမ်းစိမ်းစိုစို ရှုခင်းတွေကို
ကြည့်ရရင် အမောပြေသွားသလိုပါပဲ မချောရယ်။
အသက်ရှူဝသွားတယ်။
ချစ်တဲ့
သဒ္ဓါ

Sint Si said...

If you have any picture of Moe Mauk please share. I live there about half a year many many years ago. I didn't get a chance to go to Sein Lon. But I had been to some near by villages. Thank you for all the pictures.

johnmoeeain said...

တောင်ခိုး နှင့် တိမ်
ရောယှက် လိမ် သည်
တိမ် နှင့် တောင်ခိုး
တောင်ကို မိုးသည်...။

အဲ့ဒီနေရာမှာ ဒီအတွေးကို အမြဲတွေ့ရတယ်...ဟုတ်း)

ရှုခင်းတွေကို သိပ်သဘောကျတယ်... အဲဒီလမ်းတွေမြင်တိုင်း အူယားတယ်.. အတော်ခါမှာပဲနော်...

soegyi said...

အရမ်းကိုသာယာလှပပြီးစိတ်ဝင်စားစရာကောင်းတဲ့တောင်ပေါ်ခရီးစဉ်လေးပဲ.အစ်မတင်ထားတဲ့ဓာတ်ပုံတွေကြည့်ပြီးအဲးဒီဒေသကိုခရီးသွားချင်စိတ်တောင်ပေါ်လာတယ်.ကျေးဇူးတင်ပါတယ်.ခုလိုမရောက်ဖူးသေးတဲ့ဒေသတခုရဲ့သဘာဝရူခင်းတွေတွေ့လိုက်ရတော့အရမ်းကိုပျော်ရွှင်ကြည်နူးစိတ်ဝင်စားမိပါတယ်..နောက်အဲးလိုစိတ်ဝင်စားစရာကောင်းတဲ့ခရီးစဉ်တွေသွားရင်တင်ပေးအုံးနော်..

Nyi Linn Thit said...

တောင်ပေါ်ရွာလေးတွေကို တကယ်ပဲ သဘောကျသွား ပြီ၊ ရွာ ၃ ခုစလုံးက တမျိုးစီလှတယ်၊ စိန်လုံရွာ ဆိုင်းဘုတ်မှာ ရွာလူဦးရေကို ရေးထားတာတွေ့တော့ ပြုံးမိသေးတယ်၊ တစ်ယောက်မွေး တစ်ခါပြင်များ ဖြစ်နေမလား မသိ၊း) တောင်ပေါ်အထိကို ရှင်းပြလာလို့ ကျေးဇူးတင်ရသလို အခု တောင်ဆင်းလမ်းကနေလည်း ခေါ်သွားပါဦး...။

professional camera နဲ့ ရိုက်ယူထားတာ မဟုတ်တာတောင် ရှုခင်းတွေကစိတ်ကိုသိပ်ငြိမ်းချမ်းစေတာပဲ အေးလည်းအေးမဲ့ပုံလေး သဘောကျတယ် ပြီးတော့ ကချင်ဟင်းလည်းကြိုက်တော့ အဲသည်ဟင်းဆိုင်လေးသွားစားချင်တယ်

Anonymous said...

သွားချင်လိုက်တာ။ သစ်ထုတ်တဲ့ ကားတွေမတွေ့ ရဘူးနော်။ တော်ပါသေးရဲ့ ။ သေချာတာပေါ့။ အင်္ဂလိပ်ခေတ်က ပူတာအိုမှာလည်း တပ်ကိုစွဲထားခဲ့တယ်။ ကိုယ်စိတ်ဝင်စားတဲ့ ငှက်ပညာရှင်နဲ့ ရုက္ခပညာရှင်တွေက မြစ်ကြီးနားကနေပူတာအိုတလျှောက်နဲ့ မြစ်ကြီးနားကနေ စိန်လုံတလျှောက်၊ အီမောဘွမ်းဝန်းကျင် တွေ၊ ခါကာဘိုရာဇီဝန်းကျင်တွေမှာ စစ်ရေးအတွက်လမ်းကြောင်းရှာရင်း၊ သဘာဝအရင်းအမြစ်တွေလည်းမှတ်တမ်းတင်ခဲ့ကြလို့ သိပ်စိတ်ဝင်စားမိတာ။ ကိုယ်တို့ မြန်မာတွေမှတ်တမ်းမတင်ခင်သူတို့ က တင်ထားခဲ့ကြတယ်။ ချောကို ကျေးဇူးအများကြီးတင်ပါတယ်။ ချောပြောတာတွေထိုင်နားထောင်ရရင်သိပ်ကောင်းမှာဘဲ။
အိုင်အိုရာ

PhyoPhyo said...

မချောရေ သေချာဖတ်နေတာ၊
စိန်လုံတောင်တန်းတဲ့
ဗန်းမော်၊ မိုးမောက်၊ လွယ်ဂျယ်
သွားချင်လိုက်တာ၊ အဲဒီကို တစ်ခေါက်လောက်တော့သွားလည်ဦးမယ်၊ ကချင်ဟင်းတွေလည်း စားကြည့်ချင်တယ်၊
ရေပေးဝေရေးစနစ်ကလည်း စိတ်ဝင်စားစရာ၊
မချောသာမပြောပြရင် ရေပိုက်လို့တောင် မထင်ဘူး၊
ပုံတွေကြည့်ရတာ အေးချမ်းလိုက်တာ။
ကိုယ့်နိုင်ငံမှာ သွားစရာတွေအများကြီးပဲနော်။
အိမ်ခြေနည်းနည်းလေးပဲ ရှိတော့တယ်၊ အရင်တုန်းကတော့ လူတွေအများကြီးပဲနေခဲ့တယ်ဆိုတဲ့ စိန်လုံကျေးရွာလေးက လူတွေက မြို့တက်ကုန်လို့လားပဲ၊
အခုဆို လမ်းတွေကောင်းနေပြီဆိုတော့ လူတွေ ပြန်လာမလား မသိဘူး။
ချစ်တဲ့

ညီမ ချောရေ ဖြိုးဖြိုး မေးထားတာတွေ အမ လည်း သိချင်တယ် ရောက်ဘူးချင်တယ်

ညီမ တို့ ကချင်ပြည်နယ်ကို လာလည်ဖို့ အမပြောထားတယ်လေ ညီမ ကြိုးစားပါ လာလည်ချင်ပါတယ်

တောက်ပကြယ်စင် said...

ချောရေ ဒါက ဘုန်းဘုန်းရဲ့အီးမေးလ်ပါ nandasara.ashin@gmail.com
ဓာတ်ကြိုးကလည်း တစ်မျိုးပါလားလို့ စာဖတ်လိုက်တော့မှ ရေပိုက်ဖြစ်နေတာကိုး။ ချောတင်ထားတဲ့ပုံတွေ ကြည့်ပြီးတော့ မျက်မှန်ပါဝါတောင် နည်းနည်းကျသွားသလား ထင်ရတယ်။ စိမ်းစိုနေတာပဲနော်။ (အိမ်အသုံးအဆောင်တွေကို အစိမ်းရောင်သုတ်ပစ်လိုက်တဲ့ သူဌေးနဲ့ဘုန်းကြီးတို့အဖြစ်အပျက်)ပိုစ်ကို ပြန်သတိရမိသေး။

အင်္ဂလိပ်သာ မအုပ်ချုပ်ခဲ့ရင် ချောရဲ့ဓာတ်ပုံထဲမှာ တောင်ထိပ်က စေတီပုံတွေပါဦးမယ်နော် ချော။ (အတိတ်ကို အတိတ်မှာပဲ ထားလိုက်ပါမယ်လေ)

အတွဲတစ်တွဲပုံကြည့်တော့ မလေးရှားနိုင်ငံ လောယက်ပလာဇာကို သွားသတိရတယ်။ အဲဒီပလာဇာမှာ ဓာတ်လှေခါးအတက်အဆင်းတွေမှာ ဥရောပရောက်သလို ခံစားရတယ်။ ကြည်နူးလိုက်ကြတဲ့အတွဲတွေ။ ဒီလှေခါးအတက်အဆင်းအချိန်လေးတွေမှာပဲ ကြည်နူးလိုက်ကြတာများ။

ချောရေ ဂျီသားဆိုတာ ဘယ်လိုလဲဟင်။ အမဲသားလိုပဲလား။
ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

အရမ်းသာယာတဲ့ ရှုခင်းတွေပါပဲ။ တစ်ခါတစ်ခေါက်တော့အရောက်သွားဦးမယ်လို့ တွေးမိတယ် မချောရေ။

ခင်မင်လေးစားလျက်

တကယ်ပါ...
တစ်လလောက် သွားနေချင်တယ်။
အေးချမ်းတဲ့တောင်ပေါ်ဒေသကို နှစ်သက်တယ်။

Moe Tain Nyo said...

ဓါတ်ပုံလေးတွေက စိတ်ကြည်နူးစရာ လေးတွေဗျာ။ ကျွန်တော်လည်း အဲလိုနေရာလေးတွေ အရမ်းသဘောကျတယ်။ ရှမ်းပြည်ဖက်က ရွာလေးတွေ တော့ရောက်ဖူးတယ်။ ကချင်ပြည်တော့ မြစ်ကြီးနားတစ်ခု ပဲရောက်ဖူးတယ်ဗျို့။

ဆောင်း said...

ချောက ဓါတ်ပုံအရိုက်လည်းကောင်းတယ် ပို့ စ်တွေက လည်း ဗဟုသုတ ဖြစ်စရာတွေ ချည့်ဘဲ။ စိတ်ဝင်စားစရာ တွေ ရေးပေးလို့ ကျေးဇူးတင်တယ်။ ဂျီသားခြောက် ဆတ်သားခြောက် ကို မစားရတာ ကြာလှပေါ့

အပေါ်က ဂျီသား အကြောင်းမေးလို့  ဂျီက သမင် နဲ့  ခပ်ဆင်ဆင်တူတယ်။ ကျမ နယ်သွားခဲ့တုန်းက ဂျီလေး တကောင် စပါးကျီထဲ ပိတ်မိနေလို့  မွေးထားတာ တွေ့ ဖူးခဲ့တယ်။ မသိရင် သမင်လို့ ဘဲ ထင်ခဲ့တာ။ meat အသားကတော့ အနီရောင်ဘဲ အရသာ ကိုတော့ မပြောတတ်တော့ဘူး။ အခြောက်ဘဲ စားဖူးတယ်။ ရေးရင်း သွားရည်ကျလာပြီ

sosegado said...

နာမည်ကြီး စိန်လုံကမ်းပါး တိုက်ပွဲဆိုတာ အဲဒီမှာဖြစ်သွားတာလား၊
အယ်ကွန်ဖန် လုပ်ကြံမှုဇာတ်လမ်းတွေလဲဖတ်ချင်ပါတယ်၊

Anonymous said...

သွားချင်လိုက်တာ...ကောင်းလိုက်တဲ့ ရှူခင်းလေးတွေနော်...သဘာဝလေးတွေပဲ...

မချောကို မနာလိုတော့ဘူးးးးး :) :D


ချစ်တဲ့
ယွန်း

ချော...ကချင်ပြည်ကို ရောက်ဖူးချင်တယ်...။ အမသွားခဲ့တဲ့ နေရာတချို့က တောင်ပတ်လမ်းလေးတွေနဲ့ ခပ်ဆင်ဆင်ရယ်...။ ပုံတွေ ပြန်ရတာလားဟင် ချော...ဝမ်းသာလိုက်တာ အများကြီး ကြည့်ရဦးမှာပေါ့နော်....:))

အလုပ်မအားလို့သိပ်မရောက်ဖြစ်တာမချောရေ။ ရှုခင်းလေးတွေ လာကြည့်တယ်။ ကချင်ပြည်နယ်ကို မရောက်ဖူးသေးဘူး။ သိပ်ရောက်ဖူးချင်တဲ့ နေရာတွေထဲမှာ ကချင်ပြည်နယ်လည်းပါတယ်။ ခါကာဘိုရာဇီတောင်ကိုလည်း သိပ်သွားချင်တာ။ ရေခဲတောင်တက်ချင်တယ်။ သဘာဝရှုခင်းတွေက စိတ်ကိုအေးချမ်းစေတယ်နော်။

သီရိဦး said...

ကျွန်မလဲ ဒီလိုရွာကလေးတွေ အလည်သွားချင်လိုက်တာ
သိပ်စိတ်ချမ်းသာဖို့ကောင်းမှာဘဲနော်

ခွန် said...

ပုံတွေကြည့်ပြီး ဆိုင်တော့မဆိုင်ပေမယ့်
ဂျူးရဲ့ တိမ်နဲ့ချည်တဲ့ကြိုး ၀တ္တု
အားလုံးပြောသလိုဘဲ သွားလည်ကြည့်ချင်တယ်။
နေလည်း နေကြည့်ချင်တယ် အစ်မရေ....

ခွန် said...

အပေါ်ကစာ ပြန်ပြင်ရေးနေတုန်
နှိပ်လိုက်မိလို့ အစ်မရေ...
ဝတ္တုကို သွားသတိရတယ်လို့ ပြောချင်တာပါ...
ဝတ္တုက ချင်းတောင်တွေဘက်ထင်တယ်...

နောက်သွားဖြစ်ရင် အစ်မကို ဆက်သွယ်မယ်နော်

tsawtsaw said...

ဘာရွာလဲ ရှမ်းရွာတော့ဟုတ်လောက်ဘူးထင်တာပဲ
ရမ်းသမ်းပြီးမေးကြည့်တာပါ.....
ညီမလေးတို့ ဘက်ကရွာတွေလဲအဲဒီလိုကြိးပဲ
တခါတလေတော့လဲကြောက်စရာကောင်းတယ်................

Anonymous said...

ရေပိုက်ကြိုးရယ်၊ တို့တာဝန်အရေးသုံးပါးရယ်၊ ဟိုစုံတွဲရယ်.....အားလုံးကို အထူးတဆန်းကြည့်သွားပါတယ်။ :D



ညီမလေး
အင်ကြင်း