နော်ဝေးနိုင်ငံရဲ့ အချို့သော အိမ်တွေဟာ အမိုးပေါ်မှာ စိမ်းလန်းစိုပြေနေတဲ့ မြက်ခင်းတွေ အပင်ငယ်တွေ၊ ပန်းပင်လေးတွေကို စိုက်ပျိုးထားတတ်ကြပါတယ်။ အိမ်တိုင်းရဲ့ အမိုးတွေဟာ မြက်ခင်းတွေချည်း သက်သက်စိုက်တာ မဟုတ်ပါဘူး။ အချို့ အိမ်တွေကတော့ ကတ္တီပါသားလေးတွေလို နူးညံ့တဲ့ မြက်ခင်း စိမ်းစိမ်းတွေသာ စိုက်ပျိုးထားတတ်ကြပေမဲ့ အချို့အိမ်တွေကျတော့ စိမ်းဝါရောင်သန်းနေတဲ့ အပင်တွေ စိုက်ပျိုးထားတတ်တာမို့ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဂျုံခင်းများ ၀င်းမှည့်နေတာနဲ့တောင် တူတယ်လို့ ဆိုပါတယ်။ အချို့အိမ်တွေကျတော့ လှပတဲ့ ပန်းပင်ငယ်များကို မြက်ပင်များနဲ့ ရောယှက်လို့ စိုက်ပျိုးထားတတ်ကြသလို အချို့အိမ်တွေကျပြန်တော့ ခပ်နိမ့်နိမ့် အပင်ငယ်တွေတောင် စိုက်ပျိုးထား တတ်ကြပြန်ပါတယ်။

အပင်ငယ်တွေ၊ မြက်ခင်းတွေ စိုက်ပျိုးထားတဲ့ အိမ်အမိုးတွေဟာ လေးလံလွန်းလှတဲ့အတွက် ဒီလို အမိုးပေါ်မှာ အပင်တွေ စိုက်ပျိုးဖို့အတွက် သူတို့ရဲ့ အိမ်ခေါင်မိုးတွေကို ခိုင်ခံ့အောင် အရင်ဆုံး စီစဉ်တည်ဆောက်ရပါတယ်။ နော်ဝေးနိုင်ငံမှာတော့ အိမ်အမိုးပေါ်မှာ မြက်ခင်းတွေ သစ်ပင်တွေ စိုက်ပျိုးထားတဲ့ အိမ်တွေကို နေရာတကာ မြင်တွေ့နိုင်ပါတယ်။ အဲဒီ အမိုးပေါ်မှာ အပင်စိမ်းကလေးတွေ စိုက်ပျိုးကြတဲ့ အလေ့အထဟာ ယခုခေတ်မှသာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေနဲ့ တီထွင်စမ်းသပ်ပြီး စိုက်ပျိုးလာကြတာ မဟုတ်ပါဘူး။
နော်ဝေးနိုင်ငံမှာတော့ လွန်ခဲ့သော နှစ်ပေါင်း ရာပေါင်းများစွာကတည်းက ခေတ်စားခဲ့တဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ် ပြီးတော့လည်း ဒီလို အပင်စိမ်းစိမ်းတွေ စိုက်ပျိုးကြတာဟာ သူတို့ဆီမှာတော့ ရိုးရာဓလေ့လို့တောင် ပြောလို့ရလောက်အောင် နှစ်ရှည်ကြာခဲ့ပြီ ဖြစ်ပါတယ်။
နော်ဝေးနိုင်ငံမှာတော့ လွန်ခဲ့သော နှစ်ပေါင်း ရာပေါင်းများစွာကတည်းက ခေတ်စားခဲ့တဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ် ပြီးတော့လည်း ဒီလို အပင်စိမ်းစိမ်းတွေ စိုက်ပျိုးကြတာဟာ သူတို့ဆီမှာတော့ ရိုးရာဓလေ့လို့တောင် ပြောလို့ရလောက်အောင် နှစ်ရှည်ကြာခဲ့ပြီ ဖြစ်ပါတယ်။
အ၀ါနဲ့ အစိမ်း

အမိုးစိမ်းစိမ်းလေးတွေနဲ့ အိမ်ကလေးတွေကို အိုက်စ်လန်၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ စကော့တလန်၊ စတဲ့ နိုင်ငံတွေမှာလည်း တွေ့နိုင်ပါတယ်။ ဒီလိုအိမ်ကလေးတွေဟာ ပူပြင်းတဲ့ နေပူဒဏ်ကို ကာကွယ်ပေးနိုင်သလို မျက်စိအမြင်လည်း အေးစေတာမို့ ကျွန်မတော့ တော်တော်လေးကို သဘောကျမိပါတယ်။ ကျွန်မတို့ဆီမှာလည်း ဒီလိုအိမ်ကလေးတွေ များလာမယ်ဆိုရင် နွေနေရဲ့ ဒဏ်ကို အတော်အတန် သက်သာရာရမှာ ဖြစ်သလို ကြည့်ရတာလည်း မျက်စိအေးစေမှာ ဖြစ်ပါတယ်။ သို့သော်လည်း မခိုင်မခံ့၊ ဖြစ်သလို ဆောက်ထားတဲ့ အမိုးပေါ်မှာ စိုက်ပျိုးထားမိလို့ အဆောက်အဦးပြိုကျမဲ့ အန္တရာယ်ကတော့ ထည့်သွင်းစဉ်းစားထားရမဲ့ အချက်လည်း ဖြစ်ပါတယ်။
အခုလို အိမ်အမိုးပေါ်မှာ မြက်ခင်းတွေ သစ်ပင်ငယ်လေးတွေ စိုက်ပျိုးလို့ ရရှိလာတဲ့ ရလဒ်ကတော့ အများကြီးပါဘဲလို့ ဆိုပါတယ်။ ၄င်း သစ်ပင်တွေနဲ့ အမိုးစိမ်းစိမ်းတွေဟာ နွေရာသီဆိုရင် ပူပြင်းတဲ့ နေပူကနေ သက်သာရာ ရစေနိုင်သလို ဆောင်းရာသီလိုချိန်ခါမှာလည်း အအေးဒဏ်ကနေ ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ အပင်တွေနဲ့ အမိုးဟာ လေးလံတဲ့အတွက် အိမ်ကို တည်ငြိမ်မှုရှိအောင် အထောက်အပံ့ဖြစ်စေသလို ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်ထားတဲ့ အမိုးတွေမှသာ ခုလို မြက်ခင်းစိမ်းများ၊ အပင်များ စိုက်ပျိုးနိုင်တာကြောင့် အိမ်တွေကို ခိုင်မာအောင် စီစဉ်ဆောက်လုပ်တဲ့ အလေ့အထကို ရစေပါတယ်။ မိုးသည်းသည်းမဲမဲ ရွာသွန်းသော်လည်း ၄င်းအမိုးပေါ်မှ ရေများမှာ တစ်ရှိန်ထိုး စီးဆင်းတာ မဟုတ်ဘဲ ဖြေးဖြေးသာသာ စီးဆင်းသောကြောင့် အောက်ခံ မြေသားများ မိုးရေကျဆင်းသည့် အရှိန်ကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေခြင်း၊ ညစ်ညမ်းသော လေနဲ့ ဖုန်မှုန့်များကို စုပ်ယူထားနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရှိပါတယ်။
မြက်ရိတ်ဖို့လည်း အလုပ်တစ်ခု
ခုချိန်မှာတော့ အိမ်တွေရဲ့ အမိုးတွေကို စိမ်းစိမ်းလေးဖြစ်အောင် ဆောက်လုပ်တဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုပြင်ခြင်းဟာ ခေတ်စားလို့ လာနေပါပြီ။ စီးပွားရေးအဆောက်အဦးများ၊ အထင်ကရ အဆောက်အဦးများနဲ့ အမေရိက၊ အင်္ဂလန်စတဲ့ နိုင်ငံတွေရဲ့ အဆောက်အဦးတွေမှာ အမိုးစိမ်းစိမ်းလေးတွေ ထည့်သွင်းလာကြပါပြီ။ ကျွန်မတို့လည်း ကောင်းတဲ့ အကျိုးကျေးဇူးတွေ ရှိတဲ့ အမိုးပေါ်က မြက်ခင်းစိမ်းတွေ ပန်းပင်လှလှလေးတွေနဲ့ အိမ်ကလေးတစ်လုံး ပိုင်ဆိုင်ခွင့်ရဖို့ စိတ်ကူးယဉ်လိုက်ကြပါဦးစို့ရဲ့ နော်။
Source: Amazing Grass Roofs in Norway ( Funzug.com)
27 Responses to “အမိုးစိမ်းစိမ်း အိမ်ကလေးများ...”
အို့အို လှတော့လှတယ်
အဲ့ဒီပေါ်တက်ပြီး မြက်ဖြတ်ရမှာ မသက်သာဘူးထင်တယ်နော်။
မြွေတွေဘာတွေ တက်လာရင် ဒွတ်ခနော်
အိမ်ကလေးတွေ သဘောကျတယ်၊ ကျနော်တို့နားက ဘူတာရုံလေး တစ်ခုမှာလည်း အမိုးပေါ်မှာ အခုလိုပဲ မြက်ခင်းတွေစိုက်ပြီး နံရံမှာတော့ တိုက်ကပ်နွယ်တွေ စိုက်ထားတယ်၊ မြင်ရတာနဲ့ မျက်စိထဲ အေးစေတဲ့ ပုံလေးတွေကို ဝေမျှလို့ ကျေးဇူးပါ မချောရေ...။
ချောရေ မင်္ဂလာရှိသော နံနက်ခင်းလေးပါနော်...အိမ်လေးတွေကို သိပ်................သဘောကျသွားပြီ။ ချောရေ စိတ်ကူးယဉ်မနေနဲ့ လက်တွေ့အကောင်အထည် ဖော်ကြည့်လိုက်တော့။ ကိုယ်ပိုင်ကျောင်းဆောက်ရင် စိုက်ကြည့်ဦးမှ...ဟီး။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
မိုက်တယ်နော် .. တော်တော်အေးချမ်းမှာ နေချင်စရာလေး ..း))
ဒါပေမယ့် အကောင်တွေတက်မှာတော့ ကြောက်တယ် .. :P
တော်တော်ကို သဘောကျတယ်... အပေါ်ကပြောသလို မြွေတွေဘာတွေ ၀င်လာပြီး အိမ်ထဲကို ၀င်လာရင်တော့ ဒွတ်ခ... :P
ခင်မင်လျက်
နေ၀ဿန်
Heart-shaped building is Design and Art school in NTU, singapore.
စိတ်ကူးကောင်းလေးတွေပဲ အေးချမ်းမယ့်ပုံလေး စိမ်းစိမ်းလေးတွေမြင်တော့ လူလည်းလန်းဆန်းတာပေါ့ဗျာ ။
ကျေးလတ်အိမ်တွေမှာ စိုက်ရင်တော့ နွေရောက်ရင် နွားတွေအတွက် အစာတစိတ်တဒေသတော့ အထောက်အကူ ရမှာပဲ။
အမိုးပေါ်မှာမြက်ခင်းလေးစိုက်ထားတဲ့ အိမ်လေးကို
သဘောကျတယ်။ အေးချမ်းနေမှာပဲနော်မချော။
စိတ်ကူးယဉ်သွားမိတယ်..။
ချစ်တဲ့
သဒ္ဓါ
စိတ်ကူးယဉ်လို့တော့ကောင်းပါတယ် မချောရေ ဒါပေမယ့် ဒီမှာဆိုရင်တော့ မြွေအန္တရယ်ကြောက်တယ် :P
ကောင်းတာပေါ့.. .ပျော်ပွဲစားထွက်ချင်ရယ်.. မီးဖိုချောင်ကနေ ဆွဲခြင်းတစ်လုံးနဲ့ ထွက်လာ အိပ်ခန်းထဲက ဂစ်တာ ၀င်ယူပြီး လှေကားထောင် ခေါင်းမိုးပေါ်တက်လိုက်ရုံပဲ... ဂွတ်လိုက်တဲ့ အိုင်ဒီယာတွေကွယ်။
မမချောရေကျန်းမာပါစ..တကယ်စိတ်ဝင်စားစရာကောင်း
တဲ့အိမ်လေးတွေဘဲ မမချောကအထူးဆန်တွေတော်တော်
ရှာတတ်တယ်နော်..အိမ်ကလေးတွေမြင်ရတောစိတ်ကိုအေးချမ်းသွားတာဘဲမမချောရေ.ဒါမျိုးတွေများများတင်နိုင်ပါစေ....
သိပ်လှပြီး စိတ်ကူးကောင်းနဲ့ ဆောက်ထားကြတဲ့ အိမ်တွေ။ အကောင်တွေဘာတွေအိမ်ထဲဝင်လာမှာတော့ ကြောက်သား။
နော်ဝေးကအိမ်လေးတွေက ဟိတဲ လို့ခေါ်ပါတယ်။ အမြဲနေတဲ့ အိမ်လေးတွေတော့မဟုတ်ဘူး။ အားလပ်ရက် မှာ ခနသွားနေကြတဲ့အိမ်လေးတွေလေ။ တီဗီမရှိ၊ အင်တာနက်မရှိပဲ ရေကအစ ကိုယ့်ဘာကိုယ် ရေဗူးနဲ့ယူသွားကြပြီး တကယ့်တောထဲမှာနေသလိုပဲ နေလေ့ရှိပါတယ်။ ကျေးဇူးနော်၊ နော်ဝေးအကြောင်း ဗဟုသုတရအောင် တင်ပေးတာ။
လှလည်း လှတယ် အေးလည်းအေးတယ် ကောင်းလိုက်တဲ့ အိမ်လေးတွေ အဲလိုဘဲနေချင်တယ်
It's very nice and beautiful photo. Thanks for sharing ma chaw. Have a nice day.
အင်း..
အိုင်ဒီယာ ကောင်းပါတယ်။
ဒါပေမယ့်  သံဘောင်တွေ၊သံကူကွန်ကရိ တွေ
သုံးရမှာပါ။ ကုန်ကျစရိတ် ရှိနိုင်လို့  ကျွန်တော်တို့ 
ပြည်သူတွေအနေနဲ့ တော့ မလွယ်။ အဆောက်အဦ
ကြီးကြီးတွေမှာ နိုင်ငံတော်အစိုးရအနေနဲ့  လုပ်ရင်
တော့  ဖြစ်နိုင်တယ်ဗျ။
မချောရေ ပုံလေးတွေ လှလိုက်တာ၊
အဲလို အိမ်လေးပိုင်ရရင်ကောင်းမယ်၊ ပျော်ပွဲစား၏ထွက်ချင်ရင်
ခေါင်မိုးပေါ်တက်သွားရုံပဲ :D
မချော နဲ့ စပ်တူ အိမ်ဆောက်မယ်လေ။
ချစ်တဲ့
ချောရေ..
Grass Roof အိမ်လေးတွေကြည့်ရတာမျက်စိအေးလိုက်တာ.. (အရေးအသားနူးညံ့ညက်ညောသူ ချောရဲ့ စာတွေကို အမြဲလာဖတ်လေ့ရှိပါတယ်..အခုမှပဲ comment ရေးဖြစ်ပါတယ်..။)
လေးစားခင်မင်စွာဖြင့်
ဘယ်နှာ့အိမ်တွေဘာလိမ့်ဗျာ..လှတော့လှတယ်..ကြည့်ရုံပဲနေတော့နေချင်ဝူး..ကျွတ်ကြောက်လို့...:P
ကချင်ပြည်နယ်ကအိမ်တွေလားလို့၊ အရင်ဟာနဲ့ရောသွားတာ၊
ခေါင်မိုးပေးဆိတ်တွေတက်နေတာ မိုက်တယ်။
အရမ်းလဲကြည့်လို့ ကောင်းပြီး
ဗဟုသုတယူသွားတယ်နော်အမ
နေချင်စရာကြီးနော်
ဟီးးးးးးးးးးးးးးးး
အများကြီးတင်နိုင်ပါစေနော်အမ
မဆီမဆိုင် ခေါင်းကို တဗြင်းဗြင်း ထကုတ်မိပါ၏။ ပုံတွေကြည့်ပြီး မျက်စိ အလွန်အေးသွားသော်လည်း ခေါင်းပေါ်မှ ယားယံသည့် ဝေဒနာ ပြင်းထန်စွာဖြစ်ပေါ်လာ သောကြောင့် မနေနိုင်မထိုင်နိုင် ဖြစ်သွားရပါလေအိ။
:))))))))))))))))))))
မြွေတွေ ဘာတွေ ထွက်လာရင်တော့ ဒုက္ခပဲနော်။ နေရတာတော့ ကောင်းမယ်ထင်တယ်။
အကြံကောင်းတယ်။ ပတ်ဝန်းကျင်ပါ ထိန်းသိမ်းပြီးသား ဖြစ်ရော။ မြင်ရတာ အမြင်အေးစေတယ်။
တော်တော်လှတယ်။ သဘောလည်းကျတယ်။ နေလည်းနေချင်တယ် အဲလိုမျိုးလေး။ မြန်မာပြည်မှာပါ အဲလိုလေးတွေ လုပ်လာနိုင်ရင်ကောင်းမယ်နော်....။
မြန်မာပြည်က ရာသီဥတုမျိုးနဲ့ဆိုရင် နွေရာသီမှာ အပူသက်သာနိုင်တယ်...။
အမိုးပြိုမှာတော့ ကြောက်ရတာပေါ့......း)
ကျေးဇူးပါဗျာ ဖတ်သွားပါတယ်...
Post a Comment