တောင်ပေါ်ဈေးကလေး..

ကျွန်မတို့ ကချင်ပြည်နယ်က စိန်လုံတောင်တန်းပေါ်က စိန်လုံရွာကလေးမှာ သဘောကျစရာကောင်းတာက တောင်ပေါ်ဒေသထွက် စားသောက်ဖွယ်ရာများ ရောင်းချတဲ့ ဈေးဆိုင်ငယ်ကလေးတွေ ရှိနေတာပါ။ ကချင်ပြည်နယ် စိန်လုံတောင်တန်းပေါ်မှာ ထွက်သမျှ သစ်တောထွက်ပစ္စည်းတွေ၊ အသီးအရွက်တွေ စားသောက်စရာများကို ဒီဈေးဆိုင်ကလေးတွေမှာ တွေ့ရှိနိုင်ပါတယ်။  ဘာတွေများ တွေ့ရမလဲလို့ ကျွန်မနဲ့အတူတူ လေ့လာကြည့်ကြရအောင်နော်...





                                   စိန်လုံရွာက တောင်ပေါ်ဈေးဆိုင်ကလေး
                              
Image Hosted by PicturePush - Photo Sharing 
အဖြူရောင် ခွက်ကလေးနဲ့က တောင်ဆိတ်အဆီတွေလို့ သိရပြီး ဦးချိုနဲ့ ခွာကလည်း တောင်ဆိတ်ချိုနဲ့ တောင်ဆိတ်ခွာ ဖြစ်ကြောင်း သိရပါတယ်။


Image Hosted by PicturePush - Photo Sharing 

ဒီအသားတွေက ဂျီသားတွေလို့ သိရပါတယ်။ အမဲသားတွေမဟုတ်ပါဘူးနော်လို့ ကျွန်မက မေးတဲ့အခါ ဒီရွာမှာ အမဲသားကို ဆတ်သား၊ ဂျီသားလို့ ပြောပြီး ဘယ်သူကမှ မရောင်းကြဘူးလို့ ဆိုပါတယ်။ ရိုးသားတဲ့ ရွာသူရွာသားတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး သူတို့ပြောစကားတွေဟာ အမှန်ဖြစ်ကြောင်းလည်း သိသာအောင် ရိုးသားမှုက သူတို့ရဲ့ မျက်နှာပြင်မှာ ထင်ဟပ်လို့ နေခဲ့ပါတယ်။ ဒီဂျီသားကို ကျွန်မ၀ယ်ခဲ့ပါတယ်။ အိမ်ရောက်လို့ ချက်စားတဲ့အခါမှာ တကယ်လဲ ဂျီသားအစစ်ဖြစ်ကြောင်း သိရပါတယ်။ ကျွန်မက တောတောင်ပေါတဲ့အရပ်မှာ မွေးဖွားကြီးပြင်းသူ ဖြစ်တာကြောင့် တောတောင်ထဲက အစားအစာတွေကို ငယ်ငယ်ကတည်းက စားနေကျ ဖြစ်ခဲ့တော့ ဂျီသား၊ ဆတ်သားတွေကို အနံ့ရတာနဲ့ စစ်မစစ် ခွဲခြားတတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအသားဟာ ဂျီသားအစစ်လို့ သိလိုက်ပါတယ်။



Image Hosted by PicturePush - Photo Sharing

သဘာဝအတိုင်း လှပစွာ ဖြစ်ပေါ်နေတဲ့ အကွက်အကွက်တွေနဲ့ မြင်ရတဲ့ အတုံးတွေက ကျွန်မတို့ကချင်ပြည်နယ်မှာ “သစ်မင်း” လို့ခေါ်ပါတယ်။ သစ်ပင်တကာတို့ရဲ့ ဘုရင်လို့ သတ်မှတ်ပြီး သစ်မင်းလို့ ခေါ်ကြောင်းသိရပါတယ်။ ၄င်းသစ်မင်းကို နေအိမ်တွေမှာ ချိတ်ထားရင်
မကောင်းဆိုးဝါးများ မ၀င်ရောက်နိုင်ကြောင်းနဲ့ အိမ်ဆောက်ရာမှာ တောတောင်များထဲမှ ခုတ်လာသော သစ်ဝါးများတွင် သစ်ဆိုး၊ ၀ါးဆိုးများ ပါခဲ့ပါက အိမ်ကို မထိခိုက်အောင် ကာကွယ်ပေးတယ်လို့ ဒေသခံများက ယုံကြည်ကြပါတယ်။  ငယ်ငယ်တုန်းက  ကျွန်မတို့ အိမ်မှာလည်း ဒီလို သစ်မင်းတုံးများ ရှိခဲ့တာကို ပြန်သတိရမိပါတယ်။

Image Hosted by PicturePush - Photo Sharing 
ကျောက်ဂျင်း

သူကတော့ ထောင်းစားလည်း ကောင်းတယ်။ ခရမ်းချဉ်သီးနဲ့ သုပ်စားလည်း ကောင်းတယ်လို့ ဒေသခံများက ပြောကြပါတယ်။


Image Hosted by PicturePush - Photo Sharing

သစ်ပင်အမြင့်မှာ ပေါက်တာမဟုတ်ဘဲ မြေပေါ်မှာပေါက်တဲ့ မြေသစ်ခွပါ။ အနံ့သင်းသင်းလေး မွှေးပါတယ်။ တောတောင်ထဲမှာ သဘာဝအလျှောက် ပေါက်ရောက်တတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing
ဒီဆိုင်မှာလည်း သစ်ခွပင်တစ်ချို့ရောင်းတယ်

Image Hosted by PicturePush - Photo Sharing
ဒီသစ်ခွလေးတော့ ခုလို အရွက်သေးသေးလေးတွေ တစ်ခါမှ မမြင်ဖူးလို့ ၀ယ်လာပြန်တယ်း) အဖူးကလေးတွေ ပါတယ်.. ပွင့်ရင်တော့ လှမယ်ထင်တယ်ဆိုပြီး ၀ယ်လာတာပါ။ ဆိုင်ရှင်အစ်မကို “အပွင့်ပွင့်ရင် ကြီးသလား” လို့ မေးတော့ “သိပ်မကြီးဘူး၊ အရွယ်လတ် လောက်ပါဘဲ” တဲ့။ အခြားဈေးသည်များလို “အပွင့်က အရမ်းကြီးတာ ၊ ပွင့်ရင် သိပ်လှတာ” စတဲ့ အပိုစကားတွေ မလိမညာ၊ မပြောတတ်တဲ့ တောင်ပေါ်သူ ဈေးသည်ထံက သစ်ခွတွေ ၀ယ်လာခဲ့ပါတယ်။ ၀ယ်လာတာ သိပ်တောင် မကြာသေးဘူး အခု ဒီစာရေးနေချိန်မှာတော့ အဲဒီပန်းကလေးတွေ ပွင့်နေကြပြီ။ အောက်မှာ မြင်နိုင်ပါတယ်. ခရမ်းရောင် အပွင့်လေးတွေ ပွင့်ပါတယ်။


Image Hosted by PicturePush - Photo Sharing





Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

ချဉ်စော်ကားသီးနဲ့ တည်သီး (တယ်သီး) တွေ ဒီစိန်လုံတောင်တန်းတစ်ဝိုက်မှာ အလွန်ပေါလှတာကြောင့် ချဉ်စော်ကားသီးဝိုင်၊ ဖျော်ရည်များ တည်သီးခြောက်များကို ဈေးနှုန်းချိုသာစွာ ရောင်းချကြပါတယ်။ လက်ဖက်ခြောက်များလည်း တွေ့ရပါတယ်။

Image Hosted by PicturePush - Photo Sharing 
မရင့်မှည့်သေးသော ချဉ်စော်ကားသီး အစိမ်းများကို ခုလိုအထုပ်လေးများနဲ့ ရောင်းပါတယ်။ ငရုပ်သီးနဲ့ထောင်းစားတာ အတော်ကောင်းပါတယ်။း)

Image Hosted by PicturePush - Photo Sharing
ပိန်းရိုးများ (ဒါကိုတော့ ဘယ်လိုလုပ်စားရတယ်ဆိုတာ မသိပါဘူး။ ဟင်းချို ချက်စားရတယ်လို့ ဆိုင်ရှင်က ပြောလိုက်တယ် ထင်ပါတယ်။ မမှတ်မိတော့ပါဘူး)


Image Hosted by PicturePush - Photo Sharing 
ချဉ်စော်ကားသီးယို။ တည်သီးခြောက်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
     တောင်ပေါ်ဒေသထွက် မှိုများ

ဒီမှိုနံမည်ကို ကျွန်မ မသိသလို တစ်ခါမှလည်း မစားဖူးပါဘူး။ အပြန်ခရီးမှာ ၀ယ်လာပြီး ကြော်စားတော့ သိပ်ကို စားကောင်းပါတယ်။ ကျွန်မရင်ထဲမှာ မှတ်မှတ်ရရ ရှိခဲ့ရသော ဒီမှိုရောင်းပေးတဲ့ တိုင်းရင်းသူ ဆိုင်ရှင် အစ်မကြီးအကြောင်းတော့ ပြောပြချင်ပါသေးတယ်။ ဒီဆိုင်လေးမှာ ရောင်းချတဲ့ ဒေသထွက် ပစ္စည်းတွေကို ကျွန်မက ဆိုင်ရှင်ကို ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ ဆိုင်ရှင်အစ်မကလည်း ရိုက်ပါ ရိုက်ပါနဲ့ ရယ်ရယ်မောမော ခွင့်ပေးပြီး “လူကိုတော့ မရိုက်နဲ့နော်။ ဗိုက်ပူတာ ပါသွားမှာစိုးလို့ ” ဆိုပြီး အရွှန်းဖောက် ပါသေးတယ်။ ဆိုင်ရှင် အစ်မကြီးကို “ကျွန်မ အပြန်ကျရင် ဒီမှိုတွေနဲ့ ချဉ်စော်ကားသီးဝိုင်တွေ အသီးတွေ လာဝယ်မယ်. ခုတော့ အသွားခရီးမို့ မ၀ယ်တော့ဘူး” လို့ ပြောလိုက်ရင်း ဓာတ်ပုံတွေသာ ရိုက်ဖြစ်ခဲ့ပါတယ်။ ဆိုင်ရှင် အစ်မကလည်း “ရပါတယ်။ အပြန်ကျရင် ကြုံရင် ၀ယ်ပါ” လို့ ပြောပါတယ်။

Image Hosted by PicturePush - Photo Sharing

မှိုကို ပန်းကန်လုံးနဲ့ ချိန်တွယ်ရောင်းပါတယ်


ဒီလိုနဲ့ အပြန်ခရီးကျတော့ ဒီစိန်လုံရွာကလေးမှာ ကားခဏ ရပ်နားပေမဲ့ အလာတုန်းက  အပြန်ကျရင် ၀ယ်မယ်လို့ ကျွန်မပြောခဲ့တဲ့ ဆိုင်နဲ့ တော်တော် လှမ်းလှမ်းမှာ ကားရပ်ပါတယ်။ ဒါပေမဲ့ ကျွန်မက နီးရာဆိုင်မှာ မ၀ယ်ဘဲ အပြန်ဝယ်မယ် ပြောခဲ့တဲ့ ဆိုင်ရှင်အစ်မကြီးဆီ ရောက်အောင်သွားလိုက်ပါတယ်။ သူ့ဆီမှာ မှိုတော်တော်များများ ၀ယ်ပါတယ်။ ပြီးတော့ ချဉ်စော်ကားသီးဝိုင်၊ ဖျော်ရည်၊ တည်သီးခြောက်၊ ချဉ်စော်ကားသီးအစိမ်း၊ ယို၊ ကျောက်ဂျင်း၊ စသဖြင့် အမျိုးအစားစုံအောင် ၀ယ်ဖြစ်ပါတယ်။ လက်ဆောင်ပေးဖို့ရော ခရီးအမှတ်တရအဖြစ်ပါ ၀ယ်ဖြစ်တာပါ။ အဲလို ၀ယ်တဲ့အခါ ကချင်တိုင်းရင်းသူဖြစ်တဲ့ ဆိုင်ရှင် အစ်မဟာ မှိုခြောက်ထုပ်တွေ သူ့ဆိုင်မှာ ရှိနေရက်သားနဲ့ အခြားဆိုင်ကနေ လှမ်းမှာလိုက်ပါတယ်။ ကျွန်မက အံ့သြသွားပြီး ဘာဖြစ်လို့လဲ အစ်မမှာ ရှိနေတာဘဲ လို့ မေးလိုက်တော့ သူ့မှာ ရှိတာ နည်းနည် မဲနေတော့ အရောင်မလှ ဖြစ်နေလို့ တစ်ခြားဆိုင်က မှာပေးတာပါလို့ ပြန်ပြောပါတယ်။


Image Hosted by PicturePush - Photo Sharing

မှိုခြောက်များ

အပေါ်ပုံမှာပါတဲ့ ဟာတွေက နေပူလှမ်းပြီး ခြောက်အောင် လုပ်ထားတဲ့ မှိုခြောက်တွေပါ။  သူတစ်ခြားဆိုင်ကနေ လှမ်းမှာလိုက်တယ်ဆိုတဲ့ ဆိုင်ရှင်ရဲ့ စိတ်စေတနာကောင်းလေးကို တော်တော်ဘဲ လေးစားသွားမိပါတယ်။ ကြုံတွေ့ဖူးတဲ့ ဈေးရောင်းသူ တော်တော်များများဟာ မိမိဆိုင်က ပစ္စည်းကို ရောင်းထွက်ဖို့၊ အရင်ကုန်သွားဖို့သာ ဦးစားပေးပြီး ရောင်းချသူတွေ များပါတယ်။ မိမိဆိုင်က ပစ္စည်းသည် ဘယ်လောက်ပင် ညံ့နေပါစေ ကောင်းကြောင်းတွေသာ တွင်တွင် ပြောပြီး ရောင်းချတတ်ကြပါတယ်။ ခုလို ဈေးဝယ်သူက ဘာမှ မပြောတာတောင် သူ့မှိုခြောက်တွေ အရောင်မလှလို့ဆိုပြီး တစ်ခြားဆိုင်က လှမ်းမှာပေးတဲ့ ဆိုင်ရှင်လို ဈေးရောင်းသူမျိုး တော်တော်ကို ရှားပါးတာမို့ ရိုးသားလှတဲ့ ဆိုင်ရှင်အစ်မကြီးရဲ့ စိတ်ကို  လေးစားတဲ့အနေနဲ့ ဒီပိုစ့်လေးမှာ အမှတ်တရ ဖော်ပြဖြစ်တာပါ။

ကျွန်မ တွေ့ခဲ့တဲ့ ဒီတောင်တန်းပေါ်က လူတွေဟာ စကားအပြောအဆို ရိုးသားကြပြီး ခင်မင်နှစ်လိုဖွယ် ကောင်းကြပါတယ်။ သစ်ခွပင်လေးတွေ သဘောကျလို့ ၀ယ်ပြန်တော့ ကျွန်မက ဓာတ်ပုံလည်းရိုက်၊ မေးခွန်းတွေလည်း မေးနဲ့ တော်တော်စပ်စပ်စုစု လုပ်ခဲ့ပါတယ်။ ကျွန်မမေးတာကိုလည်း စိတ်ရှည်လက်ရှည် ဖြေပေးကြပါတယ်.. သစ်ခွပင်လေးတွေ အကြောင်းမေးတော့  အပင်လေးတွေက မကြာခင် အများကြီး ပွားလာမှာ လို့ ပြောတာကြောင့် အများကြီးပွားလာရင် ဒီမှာ ပြန်လာရောင်းမယ်နော် လို့ ပြောလိုက်တော့ သူတို့တွေ ၀ိုင်းရယ်ကြပါသေးတယ်။

မထူးဆန်း မခမ်းနားသော်လည်း တောတောင်ထွက် ပစ္စည်းလေးတွေရောင်းချရာ တောင်ပေါ်ဒေသရဲ့ ဈေးကလေးနဲ့ ကျွန်မမြင်ခဲ့ရတဲ့ သူတို့တွေရဲ့ ရိုးသားအေးဆေးကြကာ ချစ်စရာ၊ ခင်မင်စရာ ကောင်းပြီး ဖြူစင်သော စိတ်ဓာတ်ကလေးများကိုတော့ အမြဲ အမှတ်ရနေဖြစ်တော့မှာပါ။


Image Hosted by PicturePush - Photo Sharing

38 Responses to “တောင်ပေါ်ဈေးကလေး..”

rose said...

တောင်ဆိတ်ချိုနဲ့ ခွာ မြင်ဖူးသွားပြီ။ ဂျီသား၊ ဆတ်သားတော့ တစ်ခါမှ မစားဖူးဘူး အစ်မချောရေ...။ သစ်မင်းက အကွက် အကွက်လေးတွေက လူ လုပ်ထားတာလားဟင်။ သစ်ခွ ခရမ်းရောင်လေးက လှလိုက်တာ။ ချဉ်စော်ကားသီး၊ တည်သီး၊ ပိန်းရိုးလည်း မစားဖူးဘူးရယ်။ ဟိဟိ... မသိတာတွေ များနေတယ် အစ်မချောရယ်...။ ကချင်ပြည်နယ် ဒေသထွက် ပစ္စည်းလေးတွေ အကြောင်း ဗဟုသုတတွေ အများကြီး ရသွားလို့ ကျေးဇူးနော်။

Anonymous said...

ကိုယ်ကတော့ ပိန်းရိုးကို ဟင်းခါးသောက်တယ်
ပင်စိမ်းနဲ့ တနိုင်းငါးခြောက်နဲ့ ရှလွတ်
ဒီသစ်ခွက ထိုင်းမှာ ပေါသလားလို့(မှားနိုင်ပါတယ်)
ဆတ်သားခြောက် ပန်းဥရောပြီးထောင်းစားတယ်
(ငယ်ငယ်ကပြောတာ)
မြန်မာပြည်အိမ်မှာ သစ်မင်းတွေ ရှိတယ်
မီးမလောင်အောင်လို့တဲ့ အဖွားကပြောတာပဲ
ကဲ ချောငယ် ကိုယ်ပြန်ပြီ :P
ခေါင်းချန်ခဲ့မယ်နော် :P

"အဲလို ၀ယ်တဲ့အခါ ကချင်တိုင်းရင်းသူဖြစ်တဲ့ ဆိုင်ရှင် အစ်မဟာ မှိုခြောက်ထုပ်တွေ သူ့ဆိုင်မှာ ရှိနေရက်သားနဲ့ အခြားဆိုင်ကနေ လှမ်းမှာလိုက် ပါတယ်။ ကျွန်မက အံ့သြသွားပြီး ဘာဖြစ်လို့လဲ အစ်မမှာ ရှိနေတာဘဲ လို့ မေးလိုက်တော့ သူ့မှာ ရှိတာ နည်းနည် မဲနေတော့ အရောင်မလှ ဖြစ်နေလို့ တစ်ခြားဆိုင်က မှာပေးတာပါလို့ ပြန်ပြောပါတယ်။"
ဂုဏ်သိက္ခာရှိလိုက်တဲ့၊ ခင်မင်ချင်စရာကောင်းလိုက် တဲ့ ဈေးသည်အမျိုးသမီးပဲ။ စကားမစပ် ကျနော်လည်း ဘလော့ဂါတယောက်ပါး)။ အခု မလေး(အိမ့်ချမ်းမြေ့) ဘလော့ဂ်ကနေ လိုက်လာပါတယ်။ ကျနော့်ဆီကိုလည်း အားတဲ့အခါ လာလည်ဦးပေါ့ဗျာ..။

အထုပ်ထဲကဟာက ချဉ်စော်ကားသီးဟုတ်ရဲ့လား.. မသေချာလို့မေးတာပါ... မတူသလိုပဲ....


ခင်မင်လျက်
နေ၀ဿန်

flowerpoem said...

တောင်ဆိတ်ဆီကတော့ တော်၂ကောင်းတယ် အမ အရင် က အိမ်မှာ ရှိတယ် သစ်မင်းကိုလည်း ကြားဘူးတယ်. . . ပြီးတော့ ချဉ်စော်ကားသီးကတော့ တောင်ကြီးဖက်မှာ တွေ့ဘူးတယ် ဟင်းချက်ရင် မကျီးသီးအစားသုံးကြတာနော်.
ခရီးသွား ဗဟုသုတ များကို ပြန်ဖြန့်ဝေပေးတာ ကျေးဇူးတင်ပါတယ်အမ

PhyoPhyo said...

သစ်မင်းအကြောင်းကြားဖူးတယ်၊
တော်ပေါ်ဈေးလေး သွားချင်လိုက်တာ မချောရာ၊
မှိုတွေ သဘောကျလိုက်တာ၊
ဂျီသားတော့ အဖေက ကြိုက်တယ်။
အဖေ အဲ့ဒီဘက်မှာ နေတုန်းက ရွာသားတွေဖမ်းလာတာ ကျားတစ်ကောင်ရဖူးတယ်တဲ့၊ ရွာသားတွေက ကျွေးတယ်ဆိုလားပဲ။
မီးပုံပွဲတွေလုပ်ကြတာတဲ့၊
မသိတာတွေ သိရလို့ ကျေးဇူးအများကြီးတင်ပါတယ် ။ မချောရေ။
အားလုံး အဆင်ပြေပါစေ။
ချစ်တဲ့

Anonymous said...

ဒီနေရာမျိုးက
လွယ်လွယ်နဲ့ မသွားဖြစ်တဲ့နေရာတစ်ခုပါ ...
ဗဟုသုတမျှဝေပေးတာကျေးဇူးပါ ..အစ်မ

ခင်မင်လေးစားလျှက်
အုပ်ကြီး

ကျောက်ဂျင်းက ပိန်းဥ ကျနေတာပဲ.... ပိန်းဥလို ချွဲလားအစ်မ... တယ်သီး ချင်စော်ကားသီးတို့  တော့ ကြားဖူးရုံပြင်မပိုပါဘူး..။

တိုင်းရင်းသားတွေရဲ့ ရိုးသားတဲ့ (လောဘနဲတဲ့) စိတ်ဓါတ်ကိုတော့ လက်တွေ့ ကြုံခဲ့ဖူးလို့  ယုံကြည်ပါတယ်အစ်မရေ... ဒါမျိုးအောက်မြန်မာပြည်မှာ သိပ်ရှားပါတယ်..။ ဈေးဝယ်တဲ့သူကို ကောင်းတာလေး ရသွားစေချင်တဲ့ စိတ်ထားလေးက သိပ်လေးစားဖို့  ကောင်းပါတယ်ဗျာ...။

ခင်မင်လျက်....။

ဘလော့ပြန်ဝင်လို့ ရသွားလို့  ကော်မန့် ပျော်ရွှင်စွာနဲ့  လာရေးပါတယ်... :D

အော် သစ်မင်း ကိစ္စကျန်သွားတယ်... ကျနော် သစ်မင်းပင်ကို တောထဲကနေ ကိုယ်တိုင်ခုတ်လာခဲ့ဖူးပါတယ်... အလည်က ဖော့အူတိုင်ကို ထုတ်ပြီး နေပူလှမ်းရင် သစ်မင်းက ရှုံ့သွားတယ်..။ ဒါမယ့် လှတုန်းပါပဲ။ ရင့်တဲ့ သစ်မင်းမှ ပုံစံ သိပ်မပျက်ပဲ ကျန်ခဲ့တာ တွေ့ ရဖူးတယ်အစ်မရေ.. စိတ်ဝင်စားဖို့  သိပ်ကောင်းတဲ့ အပင်တစ်မျိုးပါပဲဗျာ....

ဟန်ကြည် said...

ဂျီးတော်ရေ...လာမယ့်နှစ်တော့ ကချင်ပြည်နယ်ကို လာလည်ဖို့ ဆုံးဖြတ်လိုက်ပြီ...မသိချင်ယောင် ဆောင်နေလို့ကတော့  အပြတ်ပဲဗျာ...

အဖြူရောင်နတ်သမီး said...

မချောရေ...
သစ်ခွလေးတွေလိုချင်လိုက်တာ..။
တောင်ကြီးသွားတုန်းက ကလော၊ အောင်ပန်းဘက်ကနေ ဝယ်ပြီး စိုက်ဖူးတယ်..၊
ရန်ကုန်ပြန်ရောက်မှပဲ ပန်းစိုက်အလုပ်ကို ပြန်လုပ်တော့မယ်..၊ အခုတော့ အခန်းကျဉ်းလေးထဲမှာနေနေရတာ..း(

myathida said...

အမ ကိုသိပ်လေးစားတာပါ ။စာရေးတာ တင်ပြတာ ပေးချင်တဲ့ ဗဟုသုတလေးတွေ နဲ့ ပုံတွေ သိပ်ကောင်းတယ် ။ မနိုင်းနိုင်း နဲ့ အမ ကို အမြဲဖက်ဖြစ်တယ် ။ ကျန်းမာ ပျော်ရွင်စွာ နဲ့ စာတွေ ဆက်ရေးနိုင်ပါစေ ။ တစ်ခါမှ စာမချန်ခဲ့ပါဘူး ဒီနေ့တော့ဖက်ပြီးဘယ်လိုမှ မနေနိုင်လို့ ရေးလိုက်တာပါ။ ကရင်ပြည်နယ် အနှံ့လည်စဉ်က ရသေ့ပျံဂူ ကော့ဂွန်ဂူ ၊ အရိပ်ကျဘုရား ဆိုတာလည်းအရမ်းဝေးပါတယ် အဲလိုနေရာတွေ သွားစဉ်က သိပ်လေးစားဖို့ ကောင်းတဲ့တောသူတောင်သား မျက်နှာချိုလေးတွေ ကို ဒီစာဖက်ရတဲ့အချိန်အရမ်းသတိရ သွားလို့  အမကို စာရေးပေးခဲ့တာပါ ။ တိုင်းရင်းသားတွေ ရိုးသားမှုကို ရင်ထဲမှာ မမေ့နိုင်အောင်ပဲ .....................

Thank you so much for sharing those knowledgeable facts and photos, Chaw!

ဘာဝယ်ခဲ့လဲ မရွှေချော

ဈေးဆိုင်လေးတွေ ဖွဲ့တည်ထားပုံကိုက မြင်ရတာ တမျိုးလေးပဲ။ မြို့ပြမှာ နေတဲ့သူတွေ တွေ့ဖို့မလွယ်တဲ့ ပုံလေးတွေပါပဲ။

ပြည်ကောင်းအောင် said...

"အဲလို ၀ယ်တဲ့အခါ ကချင်တိုင်းရင်းသူဖြစ်တဲ့ ဆိုင်ရှင် အစ်မဟာ မှိုခြောက်ထုပ်တွေ သူ့ဆိုင်မှာ ရှိနေရက်သားနဲ့ အခြားဆိုင်ကနေ လှမ်းမှာလိုက် ပါတယ်။ ကျွန်မက အံ့သြသွားပြီး ဘာဖြစ်လို့လဲ အစ်မမှာ ရှိနေတာဘဲ လို့ မေးလိုက်တော့ သူ့မှာ ရှိတာ နည်းနည် မဲနေတော့ အရောင်မလှ ဖြစ်နေလို့ တစ်ခြားဆိုင်က မှာပေးတာပါလို့ ပြန်ပြောပါတယ်။"
ဂုဏ်သိက္ခာရှိလိုက်တဲ့၊ ခင်မင်ချင်စရာကောင်းလိုက် တဲ့ ဈေးသည်အမျိုးသမီးပဲ။ စကားမစပ် ကျနော်လည်း ဘလော့ဂါတယောက်ပါး)။ အခု မလေး(အိမ့်ချမ်းမြေ့) ဘလော့ဂ်ကနေ လိုက်လာပါတယ်။ ကျနော့်ဆီကိုလည်း အားတဲ့အခါ လာလည်ဦးပေါ့ဗျာ..။

sosegado said...

ထူးဆန်းသောသစ်မင်းကို ဝယ်ပြီးသိမ်းထားချင်တယ်၊ ဝါးကျဉ်တောက်ထဲက တောင်ဆိတ်သွေးတွေဖြစ်မယ်၊

သဒ္ဓါလှိုင်း said...

မချော.
ဂျီသားစားချင်တယ်။ သစ်ခွတွေပွားရင် ပို့လိုက်အုံးနော်။

ချစ်တဲ့
သဒ္ဓါ

နေ၀ဿန် said...

အထုပ်ထဲကဟာက ချဉ်စော်ကားသီးဟုတ်ရဲ့လား.. မသေချာလို့မေးတာပါ... မတူသလိုပဲ....


ခင်မင်လျက်
နေ၀ဿန်

မိုးခါး said...

အဲလိုနေရာလေးတွေ လျှောက်သွားချင်လိုက်တာ ..း) တော်တော် ငြိမ်းချမ်းမယ်နော် .. စိတ်ချမ်းသာစရာလေး ..း)

တောက်ပကြယ်စင် said...

ချောရေ မောနင်းနော်...ဖတ်ရင်းနဲ့ပဲ ကြက်သီးမွေးညင်းထလာပါတယ်...ကိုယ့်ဆိုင်မှာ အရောင်နည်းနည်းမဲလို့ သူများဆိုင်ကို မှာပေးတဲ့ ရိုးသားပွင့်လင်းတဲ့ တောင်ပေါ်သားတို့ရဲ့စေတနာတွေကို...ထင်ထင်ရှားရှား မြင်လိုက်ရလို့...ဂျီသားကို အမဲသားလိုပဲ အကြာကြီးချက်ရတာပဲလား ချော...ချဉ်စော်ခါးသီးကိုတော့...ဘုန်းဘုန်းတို့အိန္ဒိယ မှာ...ဟင်းချိုလုပ်သောက်တယ်လေ...ရယ်ဒီမိတ်အထုပ်တွေကို...လုပ်သောက်တာပါ...မမြင်ဖူးသေးတဲ့အရာတွေကို မြင်လိုက်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ချော...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

Mghan said...

မြောင်းတကာဘက်သွားတော့..ဆိုင်မှာ..ဂျီရမယ်..ဆတ်ရမယ်..ဆိတ်ရမယ်..ဘာညာလျောက်ပြောနေလို့..အမဲသားစားချင်တာကွ..မရရင်မစားဘူးလို့ပြောတော့..တူတူပါပဲဆရာလေးရယ်တဲ့..ဟီး..ကဲအမရေသစ်ခွတွေပွားလို့ပြန်ရောင်းမယ်ဆိုပြောဗျ..ဝယ်မယ့်လူစပ်ပေးမယ်..ပွဲခတော့ပေးရမနော်..(မြို့သားပီသစွာဖြင့်)...ဒါနဲ့စကားမစပ် ဆရာနတ်နွယ်ကတော့ မြန်မာပြည်မြောက်ပိုင်းကို ဇာတ်သိမ်းမသွားနိုင်ခဲ့ဘူး..အမချော..ဆက်ရေးပါ့လား...အချွန်ဖြင့်လာမသွားပါသည်..ပျော်ရွှင်ပါစေအမ..

flowerpoem said...

တောင်ဆိတ်ဆီကတော့ တော်၂ကောင်းတယ် အမ အရင် က အိမ်မှာ ရှိတယ် သစ်မင်းကိုလည်း ကြားဘူးတယ်. . . ပြီးတော့ ချဉ်စော်ကားသီးကတော့ တောင်ကြီးဖက်မှာ တွေ့ဘူးတယ် ဟင်းချက်ရင် မကျီးသီးအစားသုံးကြတာနော်.
ခရီးသွား ဗဟုသုတ များကို ပြန်ဖြန့်ဝေပေးတာ ကျေးဇူးတင်ပါတယ်အမ

Anonymous said...

ပိန်ရိုးကို ချဉ်စော်ကားသီးခြောက်နဲ့ အချဉ်ချက်စားရင်သိပ်ကောင်းပါတယ်၊၊ ခုလို Post တွေတင်ပေးတာ အရမ်းကိုကျေးဇူးတင်ပါတယ် အမ၊၊

ခရစ္စတလ် said...

မယ်ချောရေ
ဒီပိုစ့်ဟာ များကို လွမ်းစရာတွေ တော်တော်ဖြစ်စေတယ်။
(ပြောချင်တာတွေများလို့ သို့သော်ဒီလိုက်ပဲ) :P

မိုး said...

အဲလို တောင်ပေါ်ဈေးမျိုး တောထဲကထွက်တဲ့ ပစ္စည်းတွေရောင်းတဲ့ဈေးမျိုးသိပ်သဘောကျတယ်...။ သဘောမကျတာက ပလပ်စတစ်တွေနဲ့ထည့်ထားတာကိုပဲ..။ သဘာဝကျကျ ဖက်နဲ့ဆို သိပ်ကောင်းမှာ...။

ခင်တဲ့
မိုးငွေ့

Nyi Linn Thit said...

အဖေ့မိတ်ဆွေ ကချင်လူမျိုး တစ်ယောက်ကပေးလို့ အိမ်မှာ သစ်မင်းတစ်တုံး လက်ဆောင်ရဖူးတယ်၊ မီးကွင်းတယ်လို့ ဆိုကြတာပဲ၊ ဒီပို့စ်လေးက ရိုးသားတဲ့ ဒေသခံတွေရယ်၊ တွေ့နေမကျတဲ့ ဒေသထွက်ကုန်တွေ ရယ်နဲ့ ငြိမ်းချမ်းလှတယ်..။

ညယံ said...

သစ်မင်းတဲ့ ။တော်တော်လှတယ်။ ဆေးရောင်ဆိုးရင်တောင် ဒီလောက်လှမှာ မဟုတ်ဘူး။

ကြယ်စင်အလင်း said...

တောင်ဆိတ်ချိုဘေးနားက ဝါးထဲမှာထည့်ထားတာက တောင်ဆိတ်အဆီလားဗျ.. ကျွန်တော့အဖေက အဲဒါကို ကြက်သားပေါင်းတဲ့အခါမှာထည့်ဖူးတယ်။ အားရှိအောင်တဲ့..။ပေါင်းလိုက်၇င် အမည်းေ၇ာင်အ၇ည်တွေထွက်လာတယ်။ စားလို့တော့ကောင်းသား.. ချဉ်စော်ခါးသီးခြောက်ကိုလဲ ကြက်သားချက်တဲ့အခါ ထည့်သုံးကြသေးတယ်..ကျွန်တော်တို့ဒေသကပေါ့.

Jr said...

ချောရေ..
ရိုးသားမှုက မျက်နှာပြင်မှာ ထင်ဟပ်နေတယ်ဆိုတာကိုတော့ ယုံတယ်။
အဲဒါတကယ်ပါပဲ။

မြတ်မွန် said...

သစ်ခွ အရမ်းလိုချင်တယ်..
ခရမ်းသစ်ခွလေးက မွှေးတယ်နော်..မမချောရေ..။
အားလုံးထဲမှာ သစ်ခွအကြိုက်ဆုံး...
တောင်ပေါ်တွေလျှောက်သွားပြီး သဘာဝပေါက်နေတဲ့ သစ်ခွတွေ ယူလာပြီး အိမ်မှာ စိုက်ထားချင်တယ်..။

Anonymous said...

ဒီနေရာမျိုးက
လွယ်လွယ်နဲ့ မသွားဖြစ်တဲ့နေရာတစ်ခုပါ ...
ဗဟုသုတမျှဝေပေးတာကျေးဇူးပါ ..အစ်မ

ခင်မင်လေးစားလျှက်
အုပ်ကြီး

Shinlay said...

မြင်ရခဲတဲ့တောင်ပေါ်ဈေးလေးအတွက်ကျေးဇူးပါ။

koyinkomin said...

ချဉ်စော့ခါးသီးကို ကျွန်တော် အရမ်းကြိုက်တာ..ဗျ.
ငယ်ငယ်က ကျွန်တော်အိမ်မှာ ကြက်သားနဲ ပြုတ်သောက်ကြတယ်.. အခုတော့ တိုင်းတပါးမှာ ရောက်နေတော့ ပုံလေးတွေကြည့်ပြီးလွမ်းနေတယ်..ဗျိ

ssye said...

သစ်မင်းတုံး ရှိရင် မီးကွင်းတယ် ဆိုပဲလား၊ ခြရော ကွင်းမှာလား ?

သစ်မင်းဓါတ်ပုံကို သိမ်းထားချင်တယ်။
ဗဟုသုတတွေအတွက်ကော
ရိုးသားတဲ့ စိတ်ခံစားမှု ရသအတွက်ပါ
ကျေးဇူးတင်တယ်။

ချော အားကြီး စိတ်ရှည်တယ်နော်။

Unknown said...

မြန်မာနိုင်ငံထဲမှာရှမ်းပြည်နည် ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့ မှာအနေချင်ဆုံးပဲ။
၂၀၀၃လောက်ကလွိုင်ဇာမှာနေခဲ့ ဖူးတယ်။လဂျားယန်ဆိုတဲ့ ရွာကလေးမှာပေါ့ ။ညနေဘက်နေညိုချိန်ဆို မိုးလဲတံတားနဲ့ တောင်တွေနဲ့ ရူ့ ခင်းကအရမ်းလှတယ်။ဒေသခံတွေကလဲအရမ်းဖော်ရွှေပြီးရိုးသားတယ်။အခုတော့ သွားမယ်ဆိုရင်တောင်မလွယ်တော့ဘူး။တကယ်လို့ အဲ့ ဒီဘက်ကိုရောက်ဖြစ်ရင်ပိုစ့်လေးတင်ပေးပါလား။ကျေးဇူးက
မ္ဘာပါပဲ။

Anonymous said...

ရိုးသားဖြူစင်တဲ့ စိတ်စေတနာကောင်းလေးက တကယ့်ကို အတုယူစရာပါလား....


ညီမလေး
အင်ကြင်း

Taurus said...

ကချင်ပြည်နယ်ရဲ့ သဘာဝအဖိုးတန်ရတနာတွေအကြောင်း ကိုလည်းလူတွေပိုမိုသိရအောင် လင့်လုပ်လိုက်ပါတယ်၊ကျနော်ဆိုက်ဒ်ကလေးက ဧရာဝတီ မြစ်ဆုံရေကာတာ ရပ်တန့်ရေးအတွက် ကြိုးစားနေကြတာမို့ စိတ်ဝင်စားယင် ပါဝင်ရေးသားဖို့လည်း ဖိတ်ခေါ်ပါတယ် မိမိဘာသာ register လုပ်ပြီးဝင်ရောက်ရေးသားနိုင်ပါတယ်၊ http://www.irrawaddy.info နည်းပညာအခက်အခဲရှိပါက ကျနော့်တို့ အီးမေးလ် taurus@irrawaddy.info နဲ့ ချက်တင် gtalk နဲ့ မေးမြန်းနိုင်ပါတယ် Wordpress နဲ့တည်ဆောက်ထားတာမို့ ဘလော့နဲ့ လုပ်ပုံလုပ်နည်း အတူတူလိုပါပဲ၊ ကချင်ပြည်နယ်ထဲက အကြောင်းတွေ သိရတဲ့အတွက် အစိမ်းရောင်လွင်ပြင်ကိုကျေးဇူးတင်ပါတယ်။