ရွှေဖရုံသီး ဝက်သားအဆာသွပ်နဲ့ မာလာငါးခေါက်ဆွဲ

ချစ်စွာသော ဘလောဂ့်ကြွလာ မိတ်သဟာအပေါင်းတို့ ရွှင်လန်းကျန်းမာပါစရှင်.း)


အင်တာနက်မရတဲ့ အရပ်ကို ၃ရက်လောက် ရောက်သွားလို့ ဘလောဂ့်နဲ့ အဆက်ပြတ်သွားခဲ့ပါတယ်။ ခုတော့ ပြန်ရောက်လာပြန်ပါပြီ။ ဒါကြောင့် ၀မ်းသာအားရ ပျော်ရွှင်စွာဖြင့် နှုတ်ခွန်းဆက် ဂါရဝပြုလိုက်တာ ဖြစ်ပါတယ်ရှင်။ အင်တာနက် မသုံးဖြစ်တဲ့အချိန်တွေမှာ အလုပ်တွေ အလွန်ရှုပ်နေခဲ့တာကြောင့် စာအသစ်ရေးဖို့လည်း အချိန်မရသလို စိတ်ရောလူပါ မအားမလပ်ဖြစ်တာကြောင့် အသစ်တင်ဖို့ အဆင်သင့်မဖြစ်သေးခင်မှာ ပေါ့ပေါ့ပါးပါး စားသောက်စရာလေးနဲ့ အားလုံးကို ကြိုဆိုလိုက်ပါရစေနော်။

ကျွန်မ ဒီနေ့ ဦးဆုံး ဖော်ပြမဲ့ ဟင်းလျှာက ရွှေဖရုံသီး ၀က်သားအဆာသွပ် ဖြစ်ပါတယ်။ ခက်ခက်ခဲခဲ မဟုတ်သလို ဆန်းဆန်းပြားပြားလည်း မဟုတ်ပါဘူး။ နည်းလမ်းကိုတော့ အောက်မှာ ဆက်ဖတ်ကြည့်ပါစို့နော်။


Image Hosted by PicturePush - Photo Sharing 

ပုံမှာမြင်ရတဲ့ အတိုင်းပါဘဲ။ လူအနည်းအများပေါ်မူတည်ပြီး ရွှေဖရုံသီး အရွယ်အစားကို ရွေးချယ်နိုင်ပါတယ်။ ကျွန်မတော့ စားမဲ့သူနည်းတဲ့အတွက် ရွှေဖရုံသီး အသေးတစ်လုံးကို ရွေးလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

အဲဒီ ရွှေဖရုံသီးလေးကို ထိပ်ပိုင်းဖွင့်လိုက်ပြီး အတွင်းမှာ အစေ့များ၊ အသားများကို ဇွန်းလေးနဲ့ ခြစ်ထုတ်ပြီး ဖယ်ပစ်လိုက်ပါတယ်။ အတွင်းက အစေ့များပါတဲ့ အပိုင်းကို လွှင့်ပစ်ပြီး ရွှေဖရုံသီး အသားများကို  ချန်ထားပါတယ်။ အပေါ်ပိုင်း ဖြတ်ထားတာလေးကို မပျက်စီးအောင် ဂရုတစိုက် ထားရအောင်နော်


Image Hosted by PicturePush - Photo Sharing
ဝက်သားကို ကြက်သွန်ဖြူ၊ နံနံ၊ ငရုပ်သီး အနည်းငယ်(အစပ်ကြိုက်က ) ထည့်ပြီး ကြိတ်ပေးပါတယ်. သို့မဟုတ် အသားညက်အောင် တောက်တောက်စင်းပါ။ ပြီးနောက် ဖယ်ထားတဲ့ ရွှေဖရုံသီး အတွင်းသားများကိုလည်း ဝက်သားတို့နဲ့ ရောပြီး (တောက်တောက်စင်း) ကြိတ်ပေးပါ။  ၄င်းတို့ကို ဆား၊ အရသာမှုန့် တို့ကို ထည့်ပြီး ရောနယ်ပါတယ်။ ကြိုက်တတ်ရင် ရှောက်ကောပါးကောမှုန့်ပါ ရောနယ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ဒါကတော့ အားလုံး ရောနယ်ပြီး အဆာသွပ်ဖို့ အသင့်ဖြစ်နေတဲ့ ဝက်သား၊ ရွှေဖရုံသီးအသားတို့ပါ။

Image Hosted by PicturePush - Photo Sharing 

အသားတွေကို ရွှေဖရုံသီးထဲ ခုလို သိပ်ထည့်လိုက်ပါပြီ။

Image Hosted by PicturePush - Photo Sharing 

အပေါ်ပိုင်းဖြတ်ထားတာလေးကို ခုလို အဖုံးလေးဖုံးအုပ်လိုက်ပြီး ရေထည့်ထားတဲ့ အိုးတစ်လုံးပေါ်တင်ကာ ရေနွေးငွေ့ဖြင့် ပေါင်းလို့ ရသလို

Image Hosted by PicturePush - Photo Sharing 
ရေထည့်ထားတဲ့ အိုးထဲကို ရွှေဖရုံသီး သုံးပုံနှစ်ပုံမြုပ်စေအောင် ထည့်ပြီး အလုံးလိုက် ထည့်ပြုတ်လည်း ရပါတယ်။ အဲလိုပြုတ်တဲ့အခါ ရေထဲကို ဆားနဲ့ အရသာမှုန့်ပါ ထည့်လိုက်ပါတယ်။ ဒီလိုဆို ရွှေဖရုံသီး အသားထဲကို အရသာတွေ ၀င်သွားပြီး အထဲက ၀က်သားအပြင် ရွှေဖရုံသီး အကာသားပါ စားလို့ ရပါတယ်။ အချိန်ကိုတော့ သတ်မှတ်ချက် မပေးလိုပါဘူး။ အတွင်းက အသားရော၊ အပြင်က အကာသားပါ စားလို့ရအောင် နူးသွားချိန်ထိ ပြုတ်ရ(ပေါင်းရပါမယ်)။


ကဲလေ.. အထဲက အဆာသွပ်ထားတဲ့ ဝက်သားနဲ့ အပြင်က ရွှေဖရုံသီးအသားပါ စားလို့ရပြီဖြစ်တဲ့ ရွှေဖရုံသီး ဝက်သားအဆာသွပ်ဟင်း ရပါပြီ။


Image Hosted by PicturePush - Photo Sharing 

ဘေးက ခရမ်းချဉ်သီး၊ နံနံပင်တွေကတော့ အပိုဆာဒါးတွေ လုပ်ထားတာပါ။ ဒီတိုင်း အလုံးလိုက် တည်ခင်းရင် သိပ်စိတ်ဝင်စားဖို့ ကောင်းတယ် မထင်လို့ ခုလို့ ဘာဘာညာညာလေးတွေ ဖြည့်စွက်လိုက်ရပါတယ် :) အထဲက အသားတွေကိုလည်း စားသလို ဘေးနားက နူးနေတဲ့ ရွှေဖရုံသားလေးတွေကိုလည်း ဖဲ့စားတာတစ်လုံးလုံး ကုန်သွားပြီး ပစ်စရာကိုမကျန် ဖြစ်ရပါတော့တယ်။

ဘူးသီး၊ ဗုံလုံသီး (ပဲလင်းမြွေသီး)၊ ကြက်ဟင်းခါးသီး ( အခါးကြိုက်ရင်ပေါ့) ၊ စတဲ့ အသီးတွေထဲကလည်း သွပ်ချင်တဲ့ အသီးထဲကို သွပ်နိုင်ပါကြောင်းး)

~~~~~~@@@~~~~~~
မာလာငါးခေါက်ဆွဲ

နောက်ထပ် ချက်မဲ့ ဟင်းက ငါးနဲ့ ဝဥကနေ လုပ်ထားတဲ့ ခေါက်ဆွဲကို မာလာဟင်းအနှစ်နဲ့ချက်မှာဖြစ်ပါတယ်


Image Hosted by PicturePush - Photo Sharing 
ဒါကတော့ ဝဥခေါက်ဆွဲအခြောက်ပါ။ မချက်ခင်မှာ သူ့ကို ရေစိမ်ထားရပါမယ်။ ဒါမှ ခေါက်ဆွဲချက်တဲ့ခါ နူးလွယ်မှာဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing
ငါးကို ရေဆေး ၊ ကြေးခွံထိုးထားပါတယ်

Image Hosted by PicturePush - Photo Sharing 

မာလာဟင်းချက်မဲ့ အနှစ်ထုပ်ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing 
ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ဆီသတ်ပါတယ်

Image Hosted by PicturePush - Photo Sharing 
မာလာအနှစ်ကိုထည့်ပါမယ်။ ဒီအနှစ်ထဲမှာ စုံစုံစေ့စေ့ပါပြီးသားမို့ အဆာပလာ သိပ်မထည့်ဖြစ်တော့ပါဘူး

Image Hosted by PicturePush - Photo Sharing 
ငါးကို နှစ်ပိုင်းပိုင်းပြီး အိုးထဲထည့်၊ ရေထည့်ပြီး ရေစိမ်ပြီးခေါက်ဆွဲများကိုထည့်ပါတယ်။ ဆိုင်တွေမှာတော့ ငါးကို အကောင်မပျက်ထည့်ပါတယ်. ခုတော့ အိုးမဆံ့တာနဲ့ နှစ်ပိုင်းပိုင်းလိုက်ရပါတယ်။ :)


Image Hosted by PicturePush - Photo Sharing 
ငါးကျက်ခါနီးမှာ ကြက်သွန်မြိတ်များထည့်ပါတယ်။ အရသာမှုန့်၊ဆား စသည်တို့ ထည့်ပါတယ်။ မာလာအနှစ်က စပ်ပြီးသားမို့ ငရုပ်သီးထပ်မထည့်တော့ပါဘူး။ စပ်စပ်လေးကြိုက်သူများ ငရုပ်သီးထပ်ထည့်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing 
ဟင်းအိုးချခါနီးမှာ ဖက်ဖယ်ရွက်၊ ရှမ်းနံနံတို့ကို ထည့်ပါတယ်။


Image Hosted by PicturePush - Photo Sharing 
ခုဆိုရင် စားဖို့အဆင်သင့်ဖြစ်တဲ့ မာလာငါးခေါက်ဆွဲ ရပါပြီ။


Image Hosted by PicturePush - Photo Sharing

နောက်တစ်ပွဲ
မဝရင် နောက်တစ်ပွဲ စားနိုင်ပါတယ်နော်

အားလုံးအတွက် ပျော်စရာ အချိန်လေးများကို ပိုင်ဆိုင်ကြပါစေရှင်.. စာတွေဆက်ရေးဖို့ အားယူပါဦးမယ်။ အိမ်အလည် ပျက်ကွက်ခဲ့တဲ့ နေ့တွေအတွက် ချစ်စွာသော ဘလောဂ့်မိတ်ဆွေများ ခွင့်လွှတ်ကြပါလို့....



Image Hosted by PicturePush - Photo Sharing

31 Responses to “ရွှေဖရုံသီး ဝက်သားအဆာသွပ်နဲ့ မာလာငါးခေါက်ဆွဲ”

rose said...

အစ်မချောက ဟင်းအဆန်းလေးတွေ အမြဲ ချက်တယ်နော်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ရွှေဖရုံသီးကို အဲ့လိုလေး ကြက်သားနဲ့ လုပ်စားမယ်။ ကျေးဇူး အစ်မ။ မာလာဟင်း အနှစ်ထုပ်ကို ပုံလေး တင်ပေးတာ ကောင်းတယ်။ ရို့စ် မသိဘူးရယ်။ ရှာဝယ်ကြည့်ရမယ်း) အစ်မချော အစစ အရာရာ အဆင်ပြေပါစေရှင်။

ဟင်းဟင်း...... “ဟင်းဟင်း” ဆိုလို့  ဟင်းကိုပြောတာ မဟုတ်ဘူးနော်.. “စားမယ့်သူ နည်းလို့ ” ဆိုတာလေးကို စိတ်ဝင်စားလို့ ။ နည်းတယ်ဆိုတာ တစ်ယောက်ထည်းတော့ မဟုတ်ဘူးလို့  အဓိပ္ပါယ်ကောက်နိုင်ပါတယ်။ ဟဲဟဲ... အဲ့သည်တော့ ဘူသူဒုန်းဗျာ...။ အွန်လိုင်းက မောင်ဒမတွေ အတွက်တင်မက “နည်းတယ်” ဆိုတဲ့ သူအတွက်ပါ ချက်ရတာဆိုတော့ ငါ့အစ်မတော့ ပင်ပန်းတော့မှာပဲ..။ စားမယ့်သူတွေရဲ့ ဓါတ်ပုံလေး တင်ပေးရင် အရမ်း. (အရမ်း) ကို ပိုစိတ်ဝင်စားသွားကြမလားလို့ ပါ။

ရွှေဖယုံသီးရော၊ မာလာဟင်းရော စားဖို့ စိတ်မ၀င်စားတဲ့ အထဲမှာ ပါတဲ့ အတွက် လူကိုပဲ ပြဿနာပတ်ရှာသွားတယ်.... (ငါ့အစ်မချော စိတ်မဆိုးရ) :)))) (အဟီး ဒီစာကြောင်းနဲ့ ပဲ ပြောချင်ရာပြောနေကျ)

Baby taster said...

မာလာငါးဟင်းတဲ့ လုပ်ပြန်ပြီ
ဒါတွေပဲစားလားဟင်
ချွေးမနော် ချွေးမး)

Mghan said...

အညာမှာတော့..ပဲလင်းမြွေသီး..ဘူးသီးတို့ထဲ..အစာသွတ်ကြသဗျ..ဘူးသီးအစာသွပ်..အလုံးလိုက်ပေါင်း..သိပ်ကြိုက်သဗျို့..ရွှေဖယုံသီးတော့ကြိုက်ဘူး..တအားချိုလို့...:P(ma sar ya lo bar)

ငယ်ငယ်ကတည်းက ဖရုံသီးကို ဘယ်လိုချက်ချက် မကြိုက်ခဲ့ဖူးတဲ့ ဘုန်းဘုန်း ဒီတစ်ခါတော့ စားဖူးချင်သွားပြီ။ ချောရေ အမဲသားနဲ့ရော လုပ်လို့ရသလား။ (အော် ဆောရီးနော် ချော၊ ချောက အမဲသားမစားဘူးနော်...အဟိ)ရိုစ်က ၀က်သားမစားတော့ ကြက်သားနဲ့ချက်မယ်တဲ့။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

This comment has been removed by the author.

ရွှေဖရုံသီးနဲ့ ဝက်သား စားချင်တယ်.. :D

မြတ်မွန် said...

ရွှေဖယုံသီးတစ်လုံးရှိတာနဲ့ အတော်ပဲ မမရေ..လက်တည့်စမ်းကြည့်မှ..။

ဖရုံသီးအစာသွပ်ကတော့ ငယ်ငယ်ကတည်းက ကြိုက်တယ်..း))

Evy said...

ရွှေဖရုံသီးတော့ စိတ်ဝင်စားသွားပြီ။ စမ်းလုပ်ကြည့်မယ်။ မာလာဟင်းကတော့လေ ဟိုတစ်ခါဗမာပြည်ပြန်တုန်းက စားပြီး တော်တော်ခံလိုက်ရလို့ စားရမှာကြောက်နေတယ်

ရွှေဖရုံသီးကိုတော့ ဘာမှမပါဘဲ သူ့ချည်းပြုတ်စားရင်တောင် ကြိုက်တာ....၊ အဲလိုတော့ အစာသွပ် မစားဖူးဘူး..။ ချက်စားကြည့်ပါဦးမယ် ချောရေ...။ မာလာဟင်းကတော့ အနှစ်ထုပ် ဒီမှာ မရနိုင်ဘူးကွဲ့ ။ မချော ပို့ပေးရင် ချက်စားမယ်လေ ဟဟဟ :))

ရွှေဖရုံသီးဆို သိပ်ကြိုက်

အစာသွပ် ကြိုက်တယ်။ အစာ ကို ပါးစပ်ထဲ ကိုသွပ်ရတာ။ :P ဟိဟိ

recipe တွေမှတ်ယူသွားပြီနော်..ချော။ ရွှေဖရုံသီးကိုတစ်ခါမှ အစာသွပ်မချက်ဖူးဘူးရယ်..အသစ်ပဲး))
ကျေးဇူးပါချော..

ရွှေဖရုံသီးအချိုချက်လေးစားချင်တယ်း)း)
း)

Iora said...

မာလာဟင်းကမကြိုက်လို့ ဘယ်တုန်းကမှ ချက်စားဘို့ မတွေးဘူး။ ချောချက်ထားတာကျတော့ကြည့်ရတာနဲ့ တင်စားချင်စရာ။

Nyi Linn Thit said...

ဖရုံသီးဟင်း ကြိုက်တယ်၊ ဗိုက်တာမင် ဘီတူးပါလို့ သွားဖုံးအတွက်လည်း ကောင်းပါတယ်၊ မလာငါးတော့ တခါမှ မစားဖူးဘူး၊ ကြုံရင်တော့ မြည်းကြည့်ချင်တယ်။

Anonymous said...

ရွှေဖရုံသီးဝက်သားအစာသွပ်ကအရသာရှိမယ့်ပုံလေး....
ကျေးဇူးတင်ပါတယ်..ချက်စားကြည့်ဦးမယ်

SuMieAung said...

:D ကို AATO ပြောသလိုပဲ အစာသွပ် .. အစာကို ပါးစပ်ထဲ သွပ်ရတာ ကြိုက်တယ်၊ ရွှေဖရုံသီးကြိုက်တယ်၊ ကြက်သားလေးသွပ်ရင်ချက်ရရင်ကောင်းမယ်၊ မာလာဟင်းလေးလည်း စားချင်တယ်။
မချောရေ အိမ်အသစ်မှာ အားလုံးအဆင်ပြေပျော်ရွှင်ပါစေ။
မအားတဲ့ကြားတဲ့က ရောက်အောင်လာလည်တဲ့အတွက်
ကျေးဇူး (ပိုချစ်သွားပြီ၊ အစထဲက ချစ်)
God bless you
ချစ်တဲ့

G

သက်ဝေ said...

မာလာငါးဟင်းလေး စားချင်တယ်... ချော ချက်ထားတာ တကယ် စားချင်စရာကောင်းတယ်...း))

Shinlay said...

မာလာဟင်းကြိုက်တယ်။ အိမ်ဦးနတ် ကမကြိုက်တာနဲ့ 
မခက်စားဖြစ်ဘူး။ တယောက်ထဲစားရတာပျင်းစရာ...

I could never cook those delicious yet difficult dishes in my life, Chaw.

ရှလွှတ်.....ထမင်းမစားရသေးခင်လာမိပြန်ပြီ :) ဗိုက်ဗိုက်ဆာလို့ တားတား ပြန်ပြီ :P

ခင်တဲ့(ဖိုးကြယ်)

My Heaven said...

ချောက ရွှေဖရုံသီးရွေးတတ်လိုက်တာ.
အရမ်းစီးမယ့်ပုံလေးပဲ..
မာလာငါးဟင်းကလည်း စားချင်စရာလေး...

sosegado said...

ချက်စားကြည့်ဘို့ မလွယ်ပါဘူး၊ ကြုံရင်တော့ ဝယ်စားချသ်ပါသည်၊

ရွှေဖရုံသီးအဆာသွတ်ပုံကိုကြည့်ပြီး အုန်းသီးအစားထိုးရင် ဘယ်လိုနေမလဲ
တွေးမိသေးတယ်။း)

ဒီရွှေဖရုံသီးဟင်းကို လူများများနဲ့ချက်စားချင်တယ်။
ဂျပန်မှာကတော့ ရွှေဖရုံသီးက ယောက်ျားတွေအတွက် ကောင်းတယ်လို့ပြောကြတာပဲ။

ဝဥခေါက်ဆွဲ စားကြည့်ချင်တယ်။
အစိမ့်ကြော်စားလည်း ကောင်းမယ်နော်။

tsawtsaw said...

ှရှလွတ်.....သရေတောင်ယိုလာတယ်
အရမ်းကြိုက်တယ် .......မစားရတာအတော်ကြာပြိ
ကျေးဇူးပဲနော်..............
အားပေးနေမယ်.....

ကြိုက်ပါတယ်......ကျေးဇူးတင်ပါတယ်....ဆက်လက် အားပေးနေမယ်...

ဗမာ ဟင်းချက်နည်းလေးတွေ တင်ပေးစေချင်ပါတယ်....အဝေးရောက်မြန်မာ ယောက်ျားလေးတွေအတွက်ပေါ့ ......

thant zaw oo said...

တပည့်ခံပရ စေရှီဖော