တောင်အဆင်းလမ်းနဲ့ ရွှေလီမြစ်ဝှမ်းအလှ

တောင်ပေါ်ကိုတက်သွားတဲ့ မချောတစ်ယောက် တောင်အောက်ကို ပြန်မဆင်းရသေးပါဘူး။ ဒါကြောင့် ဒီပိုစ့်မှာတော့ တောင်ထိပ်ပေါ်ရောက်နေတဲ့ ကျွန်မ တောင်အောက်ကို ပြန်ဆင်းပါတော့မယ်။ တောင်အဆင်းမှာတော့ လမ်းတစ်လျှောက် တွေ့မြင်ရတဲ့ ရှုခင်းလေးများအကြောင်းနဲ့ တောင်ပေါ်ကလှမ်းမြင်ရတဲ့ ရွှေလီမြစ်ဝှမ်း လွင်ပြင်တစ်လျှောက်ရဲ့ အလှအပတွေကို  ဖော်ပြသွားမှာ ဖြစ်ပါတယ်ရှင်။



Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

တစ်လမ်းလုံး မြင်တွေ့ရတဲ့ မြေပဲယိုလမ်းလို့ ခေါ်တဲ့ ဒီကျောက်ကြမ်းခင်းလမ်းတွေနဲ့ ပတ်သက်ပြီး အနည်းငယ် ရှင်းပြရရင် ဒီလမ်းတွေဟာ တစ်ဖက်နိုင်ငံက ခင်းထားပေးတာဖြစ်ပြီး ဒီအတိုင်းသာဆိုရင် သူတို့တွေဟာ သဘောထားပြည့်ဝလွန်းစွာ အလကားခင်းပေးတယ်လို့ ထင်မြင်ယူဆစရာ ရှိပါတယ်။ သို့သော် တကယ်တမ်းမှာတော့ သူတို့နိုင်ငံထဲက ထွက်ကုန်တွေ ဒီဘက်တိုင်းပြည်ထဲကို မြန်ဆန်လွယ်ကူစွာ စီးဆင်းစေဖို့ရယ်၊ တောတောင်တွေ ပေါလှတဲ့ ဒီဒေသက ကျွန်းနဲ့ အခြားသော အဖိုးတန်သစ်တွေ သူတို့ဘက်ကို ခိုးထုတ်သူတွေ ထုတ်ရလွယ်ကူအောင်ရယ်၊ လမ်းတစ်လျှောက်မှာ တွေ့ခဲ့ရတဲ့ ငှက်ပျောခင်းတွေထဲက ငှက်ပျောခိုင်တွေ ကားကြီးကားငယ် အသွယ်သွယ်နဲ့ သူတို့ဆီကို ပြန်သယ်သွားရ လွယ်ကူအောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ခင်းပေးထားတာ ဖြစ်တယ်လို့ ဗန်းမော်မြို့က ဌာနဆိုင်ရာ အသိမိတ်ဆွေတစ်ယောက်က သုံးသပ်ပြပါတယ်။

Image Hosted by PicturePush - Photo Sharing

ငှက်ပျောခင်းတွေဟာ သူတို့က ပျိုးပင်နဲ့ နည်းပညာပေးပြီး ကျွန်မတို့ပိုင်တဲ့ မြေကြီးကို  အငှားနဲ့ လာရောက် စိုက်ထားတာ ဖြစ်ပါတယ်. ထွက်သမျှ ငှက်ပျောခိုင်တွေကို သူတို့ဘက်ကို ပြန်ပြီး သယ်ယူသွားကြတာ ဖြစ်ပါတယ်။ အချို့ဒေသခံတွေ ပြောကြတာတော့ အဲဒီ ငှက်ပျောမျိုး စိုက်ပျိုးပြီးတဲ့ မြေဟာ အခြား ဘယ်လိုအပင်မှ စိုက်ပျိုးမဖြစ်ထွန်းဘူးလို့ ဆိုကြပါတယ်။ ကိုယ်တွေ့မဟုတ်တော့ ဒီစကားဘယ်လောက်မှန်တယ်ဆိုတာတော့ ကျွန်မအနေနဲ့ အာမမခံနိုင်ပါဘူး။ လမ်းတွေက ကြည့်ရတာ ကြမ်းတမ်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ကျောက်တွေကို မျက်နှာပြင်ညီညာအောင် သေချာ စီရီပြီး ခင်းထားတာဖြစ်လို့ ထိုးထိုးထောင်ထောင် ဖြစ်မနေဘဲ ကားတွေ အမြန်နှုန်းနဲ့ မောင်းလို့ရတဲ့အထိ ကောင်းမွန်ပါတယ်။ ရေတိုက်စားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သို့သော်လည်း ဘယ်လောက်ပင် ကောင်းမွန်သည်ဖြစ်စေ ဒီလမ်းပေါ်ကနေ ကျွန်မတို့တိုင်းပြည်ရဲ့ အဖိုးတန် ကျွန်းသစ်များနဲ့ အခြားသော တန်ဖိုးရှိ သစ်များ တစ်ဖက်နိုင်ငံကို အလုံးအရင်းနဲ့ တရားမဝင် ဝင်ရောက်သွားကြတယ်ဆိုရင်ဖြင့် ဒီလမ်းခင်းပေးတဲ့အတွက် ကျေးဇူးတင်သင့်ပါရဲ့လားလို့ စဉ်းစားစရာပါ။


Image Hosted by PicturePush - Photo Sharing 
တောင်အဆင်းတစ်လျှောက် တောတောင်အလှ

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
သစ်တောရဲ့ အချို့သော သစ်ပင်တွေရဲ့ သစ်ရွက်တွေဟာ နီတစ်ချို့ဝါတစ်လီနဲ့ ပန်းချီကားတစ်ချပ်လို လှနေပါသေးတယ်

မှိုင်းညို့နေတဲ့ တောင်တန်းတွေ တောအုပ်တွေကို ကျော်လွန်လို့ မြေအနည်းငယ် ပြန့်တဲ့နေရာကို ရောက်လာတဲ့အခါ စမ်းချောင်းလေးများ ဥယျာဉ်စိုက်ခင်းများကို မြင်တွေ့ရပါတယ်။ လမ်းဘေးတစ်လျှောက် စီးဆင်းနေတဲ့ ချောင်းငယ်လေးတွေကို မြင်ရတာဟာလည်း စိတ်အေးချမ်းဖို့ ကောင်းလွန်းလှပါတယ်။ ဥယျာဉ်ခြံထဲက စိမ်းဖန့်ဖန့် အပင်တွေကို တွေ့ရတော ဘာပင်တွေလဲလို့ ကားဆရာထံ စပ်စုကြည့်တော့
သစ်အယ်သီးပင်တွေလို့ သိရပါတယ်။ ဘေးနားက သစ်တောအုပ်ရဲ့ အစိမ်းရောင်နဲ့မတူတဲ့ စိမ်းဖန့်ဖန့်အရောင်လေးမို့ ကြည့်ရတာ တစ်မျိုး ချစ်စရာ ကောင်းနေပြန်ပါတယ်။ သစ်အယ်သီးကို ကျွန်မတို့ ဒေသမှာတော့ ဂုံးသီးလို့လည်း ခေါ်ကြပါတယ်။ သစ်အယ်သီးထက် ဂုံးသီးလို့ ခေါ်မှ လူသိများပါတယ်။


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing

လမ်းနဘေးက သဘာဝစမ်းချောင်းများကလည်း သဘာဝရဲ့ ပန်းချီကားများနှယ်

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
လမ်းနဘေးက သစ်အယ်သီးခေါ် ဂုံးသီးခြံများ



သစ်အယ်သီး ခေါ် ဂုံးသီး

စိန်လုံတောင်တန်းမှာ အမြင့်ဆုံးဖြစ်တဲ့ ပေ ၅၅၀၀နေရာမှာရှိတဲ့ စိန်လုံရွာကို ကျော်လွန်ပြီးတာနဲ့ တောက်လျောက် အဆင်းလမ်းသာ ဖြစ်ပါတယ်။ လှပစိမ်းလန်းနေတဲ့ တောအုပ်တွေရှိရာ တောင်အသွယ်သွယ်ကို ကွေ့ကာဝိုက်ကာ ကျော်ဖြတ်ရပါတယ်။ တောင်အတက်တုန်းက လာခဲ့တဲ့လမ်းတစ်လျှောက် အနောက်ဖက်ကို ပြန်မျှော်ကြည့်လိုက်ရင် တက်လာတဲ့တောင်တက်လမ်း ကွေ့ကွေ့ကောက်ကောက်ကို တမျှော်တခေါ် မြင်နိုင်သလို အဆင်းမှာလဲ အရှေ့ကို မျှော်ကြည့်လိုက်တဲ့အခါ ကွေ့ကောက်နေတဲ့ တောင်အဆင်းလမ်းကို ခပ်ဝေးဝေမှုန်ပြပြထိအောင် မြင်နေရပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing






Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing

ကားဆရာကို ကားရပ်ပေးပါလို့ တောင်းဆိုပြီး သေသေချာချာရိုက်ဖြစ်ခဲ့တဲ့ မြင်ကွင်းတွေပါ။ ဒီရှုခင်းတွေ လှမ်းမြင်ရတဲ့ ဒီနေရာလေးကို ကျွန်မကတော့ view point လို့ ဆိုချင်ပါတယ်။ အလွန်အားကောင်းတဲ့ မှန်ဘီလူးပါ ကင်မရာ အကောင်းစားနဲ့သာ ရိုက်ခွင့်ရခဲ့မယ်ဆိုရင် သိပ်လှတဲ့ မြင်ကွင်းကို ခုထက်ပိုပြီး ကြည်ကြည်လင်လင် မြင်တွေ့ကြရမှာပါ။ ခုတော့ ကျွန်မရဲ့ ကင်မရာ ခပ်ညံ့ညံ့လေးနဲ့ ရိုက်လာတဲ့ မပီမသပုံလေးတွေကိုသာ ဖော်ပြလိုက် ရပါတယ်။
Image Hosted by PicturePush - Photo Sharing
တောင်စဉ်အထပ်ထပ် ကျော်ဖြတ်ပြီးနောက် ဟိုးဝေးဝေးက မြေပြန့်လွင်ပြင်

 


Image Hosted by PicturePush - Photo Sharing
မှုန်ပျပျ ရွှေလီလွင်ပြင်ဒေသ


 
Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
မောရှမ်းတို့ရဲ့ ရွှေလီမြစ်ဝှမ်း

တကယ်တမ်းတော့ တရုတ်ပြည်နဲ့ မြန်မာနိုင်ငံဟာ နယ်နမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံ၂ခုဖြစ်ပါတယ်။ နယ်ချင်း ထိစပ်နေတဲ့နေရာမှာ နှစ်နိုင်ငံကြားကို သဘာဝ အရံအတားအဖြစ် ကျွန်မ ဖြတ်သန်းခဲ့တဲ့ စိန်လုံတောင်တန်းကြီးက ပိုင်းခြားထားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီလိုကွေ့ကောက်နေတဲ့ တောင်ဆင်းလမ်းကို ကျော်လွန်ပြီး တောင်တန်းကြီးရဲ့ အဆုံးစွန်မှာတော့ ကျယ်ဝန်းပြန့်ပြူးတဲ့ လွင်ပြင်ပေါ်မှာ တည်ရှိနေတဲ့ ရွှေလီမြစ်ဝှမ်းဒေသကြီးကို လှမ်းမြင်လိုက်ရပါပြီ။ တောင်တန်းကြီးရဲ့ အခြားတစ်ဖက်က တစ်မျှော်တစ်ခေါ် ကျယ်ဝန်းလှတဲ့ မြစ်ဝှမ်း လွင်ပြင်ကြီးဟာ ကြည့်လို့မဆုံးနိုင်အောင် ကျယ်ပြောလှပြီး နှစ်နိုင်ငံ နယ်စပ်မြို့တွေဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ မြို့ငယ်တွေရော မြန်မာပြည်ပိုင်နက်က မြို့ငယ်ကလေးတွေကိုပါ လှမ်းမြင်နေရတာပါ။  ရွှေလီမြစ်ဝှမ်းလွင်ပြင်ဒေသဟာ မြေသြဇာ ကောင်းမွန်လှပြီး ဥယျာဉ်ခြံ စိုက်ပျိုးကြတဲ့ ရှမ်းလူမျိုး တောင်သူများ၊ ယာသမားများ နေထိုင်ကြတဲ့ဒေသဖြစ်ပါတယ်။ ယခုအခါမှာ တရုတ်နိုင်ငံ ပိုင်နက် ဖြစ်နေပြီ ဖြစ်သော်လည်း ယခင် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကတည်းက ရှမ်းစော်ဘွားများ အုပ်စိုးခဲ့တဲ့ ဒေသဖြစ်ပါတယ်။ ပုဂံခေတ် အနော်ရထာမင်းရဲ့ မိဖုရား စောမွန်လှဟာ ဒီရွှေလီမြစ်ဝှမ်းသူ ဖြစ်ပါတယ်။ ထိုချိန်ကတည်းက ရှမ်းလူမျိုးတို့ဟာ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင် ကိုးကွယ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ရွှေလီမြစ်ဝှမ်းသူ ရှမ်းမင်းသမီး မိဖုရားစောမွန်လှရဲ့ မွေးဖွားရာ ဒေသ စယ်လန့်ရွာကလေးမှာ တည်ရှိနေတဲ့ စောမွန်လှဘုရားနဲ့ စောမွန်လှ ဟော်နန်းအကြောင်းကိုတော့ နောက်များမှ ပိုစ့်တစ်ပုဒ် သီးသန့် ဖော်ပြချင်ပါသေးတယ်။

Image Hosted by PicturePush - Photo Sharing 
ဒီနေရာကတော့ တောင်ပေါ်ကဆင်းလာတဲ့  နောက်ဆုံးတောင်ဆင်းလမ်းနေရာဖြစ်ပါတယ်။ ဒီကနေ နည်းနည်းလေး ကျော်တာနဲ့ မြန်မာပြည်နယ်စပ်မြို့ကလေး လွယ်ဂျယ်မြို့ကိုရောက်ပါတော့တယ်။


Image Hosted by PicturePush - Photo Sharing
ခပ်လှမ်းလှမ်းက လွယ်ဂျယ်မြို့ကလေး



Image Hosted by PicturePush - Photo Sharing 
လွင်ပြင်ကို စဖြတ်ပြီ

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

မြို့အဝင်လမ်းဘေးက လိမ္မော်ခြံနဲ့ ပြောင်းခင်း


Image Hosted by PicturePush - Photo Sharing 
ကြိုဆိုနေတဲ့ လွယ်ဂျယ်မြို့ကလေး

Image Hosted by PicturePush - Photo Sharing 
မြို့အဝင် စစ်ဆေးရေးဂိတ်။

ဒီဂိတ်ဟာ တရုတ်ပြည်မှ မြန်မာပြည်တွင်းသို့ ပစ္စည်းများ တင်သွင်းသော ကုန်ကားများ ၊ မြန်မာပြည်ဘက်မှ တရုတ်ပြည်သို့ တင်ပို့သော ကုန်ပစ္စည်းများ၊ အဝင်အထွက် ကားများကို စစ်ဆေးရာ မြန်မာပြည်ဘက်မှ နယ်စပ် စစ်ဆေးရေးဂိတ်ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 
လွယ်ဂျယ်မြို့ထဲ ဝင်လာပြီ

Image Hosted by PicturePush - Photo Sharing
ဘာလဲလို့ မပြောတော့ဘူး ဆိုင်းဘုတ်ဖတ်ရင်သိပြီး)

လွယ်ဂျယ်မြို့ကလေးဟာ နယ်စပ်မြို့ ခပ်သေးသေးလေးဖြစ်ပြီး နေထိုင်ကြတဲ့ လူမျိုးတွေက အဓိကအားဖြင့် ကချင်၊ ရှမ်း၊ တရုတ် စတဲ့ လူမျိုးတွေ အများဆုံးနေထိုင်ကြပြီး ဗမာနဲ့ အခြားတိုင်းရင်းသားလူမျိုးများလည်း နေထိုင်ကြပါတယ်။ ဒီမြို့ကလေးကနေ တရုတ်ပြည်ထဲကို ဝင်ရောက်နိုင်သလို ဗန်းမော်၊ မြစ်ကြီးနား တို့ကိုလည်း သွားရောက်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ခပ်လှမ်းလှမ်းမှာ တရုတ်တို့ရဲ့ နယ်ခြားစောင့် ဂိတ်ပါ။ တစ်ဖက်နိုင်ငံကိုဝင်မယ်ဆိုရင် မြန်မာဘက်ခြမ်းက လဝက ရုံးမှာ pass port size ဓာတ်ပုံ ၃ပုံ၊ မှတ်ပုံတင်မိတ္တူနဲ့ အဝင်အထွက် စာအုပ်လုပ်လိုက်ရင် အလွယ်တကူ ဝင်နိုင်ပါတယ်။ စာအုပ်ဖိုးတော့ ထောင်ဂဏန်းမျှ ကျသင့်ပါတယ်။ အတိအကျတော့ ပြောတော့ဘူးနော်း)

~~~~@@@~~~~~

ဒီမြို့ကနေ အပြန်မှာတော့ စိန်လုံတောင်တန်းကြီးကို ပြန်တက်ပြီးနောက် ဗန်းမော်မြို့ကို အလည်ဝင်သွားခဲ့ပါတယ်။ မကြာခင်မှာ ဗန်းမော်မြို့ကို မရောက်ဖူးသေးသူများ၊ ဗန်းမော်မြို့ကို လွမ်းနေသူများအတွက် အမှတ်ရစေဖို့ ဗန်းမော်မြို့ရဲ့ ပုံရိပ်များကို ဖော်ပြပေးပါဦးမယ်။ အခုတော့ တစ်ပုဒ်ပြီးတစ်ပုဒ် ရေးလာတဲ့ တောင်ပေါ်ခရီးကို ဒီပိုစ့်နဲ့ နိဂုံးချုပ်ပြီ ဖြစ်ပါတယ်ရှင်။ အားလုံးဘဲ ပျော်ရွှင်ငြိမ်းချမ်းကြပါစေလို့ ...



Image Hosted by PicturePush - Photo Sharing

26 Responses to “တောင်အဆင်းလမ်းနဲ့ ရွှေလီမြစ်ဝှမ်းအလှ”

rose said...

စိမ်းလန်း စိုပြေနေတဲ့ တောတောင်ရှုခင်းပုံလေးတွေ အရမ်း လှပါတယ်။ မျှဝေပေးတာ ကျေးဇူးပါ အစ်မချော။ ဗန်းမော်မြို့ အကြောင်းရော၊ မင်းသမီး စောမွန်လှ အကြောင်းပါ မျှော်နေမယ်နော်။

သွားချင်လိုက်တာ ... :-|

Baby taster said...

ချောငယ်
ပုံလေးတွေလာငေးသွားတယ်
စိတ်မပါလို့ ဘာမှမလုပ်ချင်ဘူးး)

မချော ရှုခင်းပုံလေးတွေ လာကြည့်သွားတယ်
မျက်စိအေးတယ် အလည်သွားချင်တယ်

johnmoeeain said...

မချော
ပို့စ်တွေ စောင့်နေတယ်နော်..။ သိတယ်ဟုတ်...။း)

@မိုးခါး.. နောက်တစ်ခါ ပြန်ရင် လိုက်ခဲ့လေ..။ လည်လည်သွားမယ် :D

Evy said...

ကျေးဇူးပါချောရေ။ ကိုယ်တိုင် မရောက်နိုင်မယ့်နေရာတွေကို တကယ်ရောက်သွားသလို ခံစားရပါတယ်

Shinlay said...

ပုံတွေအားလုံးအတွက်ကျေးဇူးတင်ပါတယ်။
အထူးသဖြင့် သစ်အယ်သီး ခေါ် ဂုံးသီး ပုံပါ။

လွင်ပြင်ရယ်၊ တောင်တန်းရယ်၊ တိမ်တိုက်ရယ် သိပ်ကြည့်လို့ကောင်းတာပဲ။ တမေ့တမော ကြည့်နေလိုက်ချင်တော့တယ်။

မြင်ရခဲတဲ့မြင်ကွင်းတွေရယ်၊ မရောက်ဖူးတဲ့တောင်ပေါ်ဒေသလေးရယ်ကို ချောရဲ့ အရေးအသားနဲ့ မျောပြီးလိုက်လည်ခွင့် ရတဲ့အတွက်ကျေးဇူးပါး)

ချောရေ မင်္ဂလာပါ...စိမ်းလန်းစိုပြေတဲ့ပုံတွေကို ငေးမောကြည့်ရှုသွားပြီး လည်လည်တောင် သွားချင်တယ် ချောရေ...ကျန်းမာရွှင်လန်း အေးချမ်းပါစေ ချော...

Nyi Linn Thit said...

ဒီမှာ marron လို့ခေါ်တဲ့ အဲဒီအသီးတွေဟာ သစ်အယ်သီး/ဂုံးသီးလို့ ခေါ်တာ သိလိုက်ရလို့ ကျေးဇူး ပါဗျာ၊ သစ်တော၊ သစ်ပင်တွေနဲ့ တောင်ဆင်းလမ်းက လည်း သာယာလှတယ်၊ ဗန်းမော်ကိုလည်း ဆက်လက် လိုက်ပါဖို့ စောင့်နေပါတယ် မချောရေ....။း)

PhyoPhyo said...

မချော မြေပဲယိုလမ်းက မခါဘူးလား၊
သူများခင်းပေးမှ လမ်းကောင်းရတယ်လို့ စိတ်တော့မကောင်းစရာကြီး။
မချောရေးပြတာ ထောင့်ကိုစေ့နေရောပဲ တရုတ်ပြည်ဘက်ဝင်ချင်ရင် လည်း သိရတယ်။
ဗန်းမော်မြို့အကြောင်းလည်းဖတ်ချင်တယ်။
စောမွန်လှအကြောင်းလည်း ဖတ်ဦးံမယ်။
ပုံလေးတွေ သဘောကျတယ်။ တဲပုံလေးကို အပေါ်စီးက ရိုက်ထားတဲ့ပုံလေးလည်း သဘောကျတယ်။
ချစ်တဲ့

တောင်ပေါ်သားကတော့ တောင်ပေါ်ကိုပဲ ချစ်တယ်.. စိမ်းလန်းနေတဲ့တောတွေတောင်တွေနဲ့ သိပ်ချစ်ဖို့ကောင်းတယ်.. သစ်အယ်သီးလည်း စားချင်တယ်..း)


ခင်မင်လျက်
နေ၀ဿန်

လသာည said...

ယောင်းယောင်း
ခရီးတွေသွားနေတာလား..
မရောက်တာကြာလို့ ရောက်အောင်ကို ၀င်လာတာ။

တောင်ပေါ်လမ်းနဲ့ ခရီးသရုပ်ဖော်ပုံလေးတွေအတွက် ကျေးကျေး.....

ဗန်းမော်အကြောင်း ရေးပါဦးနော်။

တောင်တန်းတွေ လွင်ပြင်တွေကို မချောနဲ့အတူ ဖြတ်လာရင်း ကောင်ကင်ကျယ်ကြီးနဲ
့တောင်စောင်းလေးမှာ တဲအိမ်လေးတခုကိုတွေ့လိုက်တော့ အဲဒီတဲအိမ်လေးထဲမှာ အေးအေးချမ်းချမ်းလေး သွားနေချင်လိုက်တာ..မချောရယ်။

ချစ်တဲ့
သဒ္ဓါ

မောင်မျိုး said...

မြင်ကွင်းစိမ်းစိမ်းတွေကို ကြည့်လိုက်၇တော့ ရင်ထဲ လန်းဆန်းသွားတာပဲ လှလိုက်တာ ။ေ၇ာက်ဖူးချင်တယ် အဲ့ မြန်မာပြည် မြောက်ပိုင်း အစွန်တွေကို ။

sosegado said...

အဆင်းလဲလှ အတက်လဲလှပတဲ့ နေရာပါပဲ၊ တစ်ချိန်ချိန်တော့ ရောက်ဖြစ်မယ်ထင်ပါတယ်၊

Anonymous said...

ဗမာပြည်ကို ပြန်လာတဲ့အခါ
တနိုင်ငံလုံးကို ခရီးဆန့်မယ်၊
အဲဒီဖက်ဒေသကို အိမ်ရှင်အဖြစ် ဧည့်ခံပါလား ချောရေ။
:)

အပြုံးပန်း

စော(အဝါရောင်မြေ) said...

စ လုံးမှာ လှော်ရောင်းနေတာ စားလို့ ကောင်းတယ်။ ဒါပေမယ့် ဘာသီးမှန်းမသိဘူး။ အညာမှာတော့ တခါမှ မတွေ့ ဘူးလို့  မသိဘူး။
ခုမှ နံမည်သိတော့တယ်။

မြင့်သီတာ said...

စိတ်ဝင်စားစရာ ဒေသအကြောင်းလေးသိရလို့ မချောကို ကျေှးဇူးတင်မိပါတယ်။ ဆက်လက်ရေးသားမဲ့ ပိုစ့်များကို စောင့်မျှော်လျှက်ပါ

စိမ်းလန်းနေတဲ့တောတောင်ရေမြေတွေကိုမြင်ရတာ..ရင်ထဲမှာအေးသွားတာပဲမမရေ..နောက်ပြီး..အရမ်းအရသာရှိတဲ့သစ်အယ်သီးတွေကိုပြန်မြင်ရတာ..စားချင်စိတ်တောင်ပေါက်လာပါတယ်..
မရောက်ဘူးတဲ့ဒေသတွေကိုတကယ်ရောက်သွားသလိုခံစားရပါတယ်...ကျေးဇူးပါမမရေ........

စိမ်းလန်းနေတဲ့တောတောင်ရေမြေတွေကိုမြင်ရတာ..ရင်ထဲမှာအေးသွားတာပဲမမရေ..နောက်ပြီး..အရမ်းအရသာရှိတဲ့သစ်အယ်သီးတွေကိုပြန်မြင်ရတာ..စားချင်စိတ်တောင်ပေါက်လာပါတယ်..
မရောက်ဘူးတဲ့ဒေသတွေကိုတကယ်ရောက်သွားသလိုခံစားရပါတယ်...ကျေးဇူးပါမမရေ........

အားလုံးကျေးဇူးပါရှင်..
အလည်လာမယ်ဆိုရင်လဲ အိမ်ရှင်အဖြစ်
ဧည့်ဝတ်ကျေပါမယ်လို့..း)
လာလည်ကြဖို့ ဖိတ်ပါတယ်ရှင်

ချောရေ
ခရီးသွားပို့စ်လေးဗဟုသုတတွေရတယ်။
ဂုံးသီးလို့ခေါ်တယ်လား။
ဂျပန်မှာ သားရည်စာအဖြစ် စားသလို ထမင်းဟင်းအဖြစ်လည်းစားကြတယ်။
အဲဒီဘက်မှာ ကော တခြားစားနည်း ရှိသေးလား။
ကျွန်မသူရဲ့ တရုတ်သူငယ်ချင်းတွေက တော့ ဆန်ပြုတ်ထဲထည့်သောက်တယ်။
ပြီးတော့ ကိုယ်ဝန်ရှိတဲ့အချိန် ကလေး ဆံပင်ကောင်းအောင်စားကြတယ်တဲ့ ။ ကျွန်မ စားတာနဲ့ သားလေးလည်း ဆံပင် တကယ်ကောင်းတယ်။
ဂျပန်ပြည်တွင်း စိုက်ပျိုးထွက်ကုန်အပြင်
တရုပ်ဘက်က၀င်တာလည်းရှိတယ်။
စကားမစပ် “စိန်လုံ” ဆိုတာ စိန်ခြင်္သေ့ လား။

blackroze said...

မကြီးချော...
မြင်ကွင်းရူ့ခင်းလေးတွေကလှလိုက်တာနော်
ခရီးတွေအများကြီးသွားပါဦးနော်
စာတွေလည်းအများကြီးရေးပါဦးနော်

Anonymous said...

တကယ်တော့ လမ်းဖောက်ပေးတာက အကျိုးလိုလို့ ညောင်ရေလောင်းထားတာကိုး....။




ညီမလေး
အင်ကြင်း