ရွှေမှုန်စားကြသူများ..



ရွှေဆိုသည့်အရာသည် ဟိုးယခင်ရှေးခေတ်ကတည်းက အမြတ်တနိုး တန်ဖိုးထား သုံးစွဲခဲ့ကြသော သတ္တု တစ်မျိုးဖြစ်သည်။လွန်ခဲ့သော ခေတ်တွင်တော့ ရွှေဟူသည်မှာ မင်းစိုးရာဇာ သူဌေးသူကြွယ် တော်ဝင် အသိုင်းအဝိုင်းတွင်သာ သုံးစွဲဝတ်ဆင်နိုင်သော အဖိုးတန် ရတနာဖြစ်လေသည်။ ရာထူးအာဏာ ကြီးမားသူ၊ ဂုဏ်ဓန ကြွယ်ဝသူ တတ်နိုင်ကြသည့် လူချမ်းသာအသိုင်းအ၀ိုင်းမှ လူတန်းစားများက ချမ်းသာလျှင် ချမ်းသာသလောက် သိုင်းဝိုင်း ချဲ့ထွင်ကာ ရွှေထည်ပစ္စည်းများကို ချမ်းသာခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၏ ပြယုဒ်အဖြစ် ဝံ့ကြွားစွာ သုံးစွဲခဲ့ကြလေသည်။


ယခုခေတ်တွင် ငွေကြေးကြွယ်ဝသူများက ရွှေကို အသုံးအဆောင်ပြုလုပ် ၀တ်ဆင်သုံးစွဲရုံသာ အားမရဘဲ အစားအသောက်များတွင် နည်းမျိုးစုံဖြင့် ထည့်သွင်းကာ စားသောက်ဖို့ ကြံစည်ကြပြန်လေသည်။ ရွှေကို အလွန်နူးညံ့သော အမှုန်ကလေးများဖြစ်အောင် သန့်စင်ပြုပြင်ပြီး ချောကလက်၊ ကိတ်မုန့်၊ အဖျော်ယမကာများ စသည့် အမျိုးမျိုးသော စားသောက်ဖွယ်ရာများတွင် ထည့်သွင်းကာ ဈေးကြီးသော စားသောက်ဖွယ်ရာအဖြစ် ငွေကြေးချမ်းသာသူများက ပကာသနသက်သက် ဂုဏ်ဓနဖက်၍ လူအများရှေ့ စားသုံးကြလေတော့သည်။ ရွှေကို စားသောက်ခြင်းအားဖြင့် အကျိုးကျေးဇူး မယ်မယ်ရရဟူ၍ ဖော်ပြထားသည်ကို မတွေ့ရသလို စားသည့်လူအား မည်သို့မည်ပုံ ထိခိုက်နိုင်သည်ဟူ၍လည်း မတွေ့ရပါ။ လှချက်ရက် စက်စက်ယိုကြသူများကျတော့ ရွှေမှုန်သွင်းလျှင် မျက်နှာအသားအရေ လှပသည်ဟုဆိုကာ မျက်နှာပြင်အား ရွှေသွင်းကြပြန်လေသည်။ ရွှေသွင်းခြင်းအားဖြင့် ပိုလှလာသည် မလှလာသည်တော့ မသိ။ အချို့မှာ  side effect ကို ခံစားရပြီး မျက်နှာပြင်တွင် အဖုများ ပိုမိုပေါက်လာခြင်း၊ ချွေးပေါက်ပိုကျယ်လာခြင်းတို့ ဖြစ်လာကြောင်းကိုတော့ မကြာခန ကြားဖူးနေရသည်။ ရွှေကို အစားအစာ၊ အဖျော်ယမကာများတွင် မည်ကဲ့သို့ ထည့်သွင်းစားသောက်ကြသည်ကို ဖော်ပြရလျှင်


Image Hosted by PicturePush - Photo Sharing 

 ဒေါ်လာ ၁၀၀၀တန်ကမ္ဘာ့ဈေးအကြီးဆုံး ရေခဲမုန့်ပါ။ ရွှေမှုန်လေးတွေ ပါဝင်သည်


Image Hosted by PicturePush - Photo Sharing 

Glasgow ရှိ စားသောက်ဆိုင်တစ်ခုတွင် ရောင်းချသော ဒေါ်လာ ၅၀၀၀တန် ရွှေပြားလေးများ ပါဝင်သည့် ပီဇာဖြစ်သည်။

ကျန်ရှိနေသေးသော ရွှေမှုန်များ ပါဝင်သည့် စားသောက်ဖွယ်ရာများမှာ...

 

Image Hosted by PicturePush - Photo Sharing

Gold Flakes Supreme ဟု အမည်ပေးထားသော ရွှေမှုန်ကလေးများ ပါဝင်သည့် ယမကာတစ်မျိုး ဖြစ်ပါသည်။ ၀.၇၅ လီတာပါဝင်သော တစ်ပုလင်းကို ဒေါ်လာ၆၀ ကျသင့်သည်။

Image Hosted by PicturePush - Photo Sharing

ဆွစ်ဇာလန် သကြားလုံး စက်ရုံမှ ထုတ်လုပ်သော တစ်လုံးလျှင် ၂၉ ဒေါ်လာတန် ရွှေပြားလွှာဖုံးအုပ်ထားသည့် သကြားလုံး ဖြစ်ပါသည်။


တစ်ပုလင်းကို ဒေါ်လာ ၆၀တန် hot sauce ပုလင်း



ဝ.၇၂ လီတာ တစ်ပုလင်းကို ဒေါ်လာ၃၀တန် ဂျပန်ဆာကေး 



Image Hosted by PicturePush - Photo Sharing 
အင်္ဂလန်ရှိ စက်ရုံတစ်ခုတွင် ၁၂၅နှစ်ပြည့် နှစ်ပတ်လည်ပွဲ ကျင်းပချိန်တွင် အလွန်ဈေးကြီးသော ယိုတစ်မျိုးကို အထူးစီမံ ထုတ်လုပ်ခဲ့ကြသည်။ ၄င်းယိုတွင်  ရွှေမှုန်အစစ်များ ပါဝင်ပြီး ရောင်းချရန်မဟုတ်ဘဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။


Golden food
ရွှေမှုန်ကြဲတဲ့ ရေခဲမှုန့်

Food-of-the-Golds_9_(theourworld.com) 
ရွှေရောင်လွှမ်းတဲ့ ဆူရှီများ



edible gold leaf gold bar Edible Gold Leaf is the Priciest Food Ever
ရွှေမှုန်ဖြန်းတဲ့ ချောကလက်

edible gold leaf Edible Gold Leaf is the Priciest Food Ever

ရွှေရောင် ချောကလက်ဘား

Food-of-the-Golds_5_(theourworld.com) 
ရွှေရောင်ဆေးခြယ်ပြီးလည်း အသီးတွေကို လက်ဆောင်ပေးလို့ ရပါသည်။

Food-of-the-Golds_10_(theourworld.com) 
Frrozen Haute Chocolate Sundae

Food-of-the-Golds_11_(theourworld.com) 
Cupcake Wars

Food-of-the-Golds_12_(theourworld.com) 
ရွှေမှုန်များပါဝင်သော လော်လီပေါ့ပ် နှင့် ရွှေချထားသည့် ဈေးအကြီးဆုံး စီးကရက် 


Food-of-the-Golds_1_(theourworld.com) 
ဒီလိုလည်း သောက်ကြစားကြပြန်သေးသည်။



သင်သာဆိုလျှင်ရော ငွေကြေးချမ်းသာ ကြွယ်ဝသူတစ်ဦးသာဖြစ်ခဲ့လျှင် ဂုဏ်ပကာသနလုပ်ကာ အများအထင်ကြီးဖို့ သက်သက်အတွက် ရွှေမှုန်လေးများ ကြဲထားသော စားသောက်ဖွယ်ရာများကို ဝယ်ယူ စားသောက်မည့်သူထဲတွင် ပါဝင်သူများ ဖြစ်လေမည်လားဟု မေးကြည့်ချင်ပါသည်။ :)


Image Hosted by PicturePush - Photo Sharing 


Golden foods and drinks)

25 Responses to “ရွှေမှုန်စားကြသူများ..”

အဲဒီ ပိုက်ဆံတွေကိုအာဖရိက အီသီယိုပီယားနဲ့ ရေဘေးလေဘေး သင့်တွေကို လှူလိုက်ရလျှင်ဖြင့်.........

ဟုတ်တယ် ဂျပန်မှာ ဆူရှီအပြင် ထမင်းဆုတ် (အိုနီးဂိရိ)တို့( အူဒွန်) ခေါက်ဆွဲပြုတ် တို့ထဲမှာ လည်း ထည့်စားတယ်လို့ ကြားဖူးတယ်။ သူတို့ပြောတာ တော့ ဂုဏ်လုပ်တဲ့ ဖက်ရှင်တစ်မျိုးလို့ဆိုတာပဲ။ ကိုယ်တိုင်ကတော့ မြန်မာပြည်မှာ ငယ်ငယ်က အဖွားသောက်တဲ့ ရွှေပါတဲ့ သွေးဆေးသောက်ဘူးခဲ့တယ်။ ကြီးမှ သိရတာက ရွှေက ခန္ဒာကိုယ်ထဲမှာ အစာကြေသလို မဖြစ်သွားပေမယ့် မလိုတဲ့ အညစ်အကြေး အချို့ကို ပြန်ထုတ်သွားနိုင်တဲ့ တွင်းထွက်သတ္တုဓါတ်တော့ ရှိတယ်တဲ့ ။ ဘာပဲပြောပြော ချော တင်ပေးထားတဲ့ ဓါတ်ပုံတွေကိုကြည့်ရတော့ အကုန် စားကြည့်သောက်ကြည့်ချင်လာတယ်နော်။

ဂုဏ်လုပ်ချင်တာတော့ ဟုတ်ပါဘူး။ ပိုက်ဆံ လည်း မကြွယ်ဝပါဘူး။ လှလို့စားကြည့်ချင်တာပါ။
ခွင့်လွှတ်ပါနော်။
စိတ်ထဲရှိတဲ့အတိုင်းရေးမိတယ်။

Anonymous said...

သင်သာဆိုလျှင်တော့ ဆိုတော့... ကျွန်တော်သာ ဆိုလျှင်တော့ စားရဲဘူးဗျ။ အဲဒီ ရွှေ တွေပါနေတယ်တဲ့ အသိကြီးကိုက အဲဒီအစားအစာတွေကို မစားရဲသလိုဖြစ်နေတာ။ ကြည့်ရတာတော့ မက်မော လောက်စရာအစားအစာ တွေပဲနော် :) တက်နိုင်တယ်ဆိုရင်တော့ အဲလို ပကာသန တွေကို မက်မက်မောမော ဝယ်မစားပဲ ၊ တက်နိုင်သလောက်ကို လိုအပ်တဲ့သူတွေကို ပဲ ပေးလှူချင်တယ်လို့ ပဲ စိတ်ထဲရှိတာ လေးကို ပြောကြည့်တာ ပါ။

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ကျွန်တော်တို့လည်း ရွှေတွေပဲပေါ့... :D..

ခင်မင်လျက်
နေ၀ဿန်

ဆွေလေးမွန် said...

အမ် ဟီး ငယ်ငယ်တုန်းကတော့ ရွှေဆေးဆိုလား အဲဒါတော့ စားဖူးတယ်။ နှလုံးရောဂါအတွက်ကောင်းတယ်ဆိုလို့။
ဆွေလေးက တော့ အစားအသောက်ဆို အရသာကောင်းဖို့နဲ့ သန့်ဖို့ပဲ ဦးစားပေးတယ်။
ဒါပေမယ့် ပုံလေးတွေတော့ ချစ်စရာလေး။

မချောရေ
ဟိုနေ့က မွေးနေ့ကိတ်မှာ ရွှေမှုန်ဖတ် သေးသေးလေးပါလို့ ဘာကြီးလဲ သူငယ်ချင်းတွေကို မေးမိသေးတယ်

သူတို့က စားလို့ရတယ်တဲ့ .. ကိုယ်က မယုံလို့ မစားဘူး .. သိမှ မသိပဲ :D

ပြောရရင်တော့ မစားကြည့်ချင်ဘူး .. စားစရာလို့ မထင်လို့ .. အမှိုက်တက်ကပ်နေသလိုပဲ ထင်နေတယ် .. :D

Shinlay said...

ရွှေ... မစားရက်ဘူး။

Anonymous said...

In those days,Burmese princesses put on real gold nailed thanakha at Mandalay palace.If you need to take harbal and traditional gold edded medicine........it's ok.............. or else...:(...I won't do it for"pakar thana"
Gyidaw

Anonymous said...

I am interested to eat all of them if they are free of charge, lol!!! Thank you Chaw again for sharing.
Mon Petit Avatar

Mghan said...

မရှိဝမ်းစာရှိတန်ဆာ..ထင်တာ..ခုတော့..ရှိဝမ်းစာဖြစ်နေပါပရော့လား..ဖလားဖလား.ဒေါ်လာ၆၀တန်၇.၅..လေးတော့သဘောကျသဗျို့..အဟေးဟေး

PhyoPhyo said...

မချော မေးထားတော့လည်း ဖြေကြည့်တာပေါ့၊
စားချင်ပါဘူး မချောရယ် ...
တတ်လည်းမတတ်နိုင်ပါဘူး ...
ရွှေရောင်လေးက လှတော့ အစားအစာတွေကလှနေမှာပဲ။
မျက်နှာရွှေသွင်းတာလောက်ပဲ ကြားဖူးတာ အထူးအဆန်းသိရတာ ကျေးဇူး။
ချစ်တဲ့
စကားမစပ် ... ဒီနေ့ ဘာနေ့လဲ ;)

ကျန်းမာပါစေမင်္ဂလာပါ-
ကျနော်ကတော့ဘာမှမစားဘဲမြန်မာနိုင်ငံကဘယ်နေရာကို
လှူလှူ-လှူလို့ရပါတယ်ဗျာ-
ချော ကတော့စိတ်ကောင်းရှိလို့ နဲ့ တူပါရဲ့ ချောပြီးရင်း
ချော နေတော့တာဘဲနော်-

flowerpoem said...

အမရေ ရွှေစားရင်တော့ နှလုံးရောဂါကောင်းတယ် ပြောတယ်. . . အဲလောက်တော့ မဖြုန်းနိုင်ဘူး :D

SHWE ZIN U said...

ညီမ ချောရေ

ဒေါ်လာ ၃၀ တန်တဲ့ ဂျပန်ဆာကေးလေး တော့ သောက်ချင်သား မရောင်းတော့တဲ့ ရွှေယို လေးလည်း စားချင်တယ်

jr said...

ချောရေ..
မစားရက်တာထက် မစားရဲတာ။
ဘာဖြစ်မလဲမသိဘဲ မစားရဲဘူး။
ဟုတ်မဟုတ်တော့မသိဘူး။ ရွှေစားရင် အသားလှတယ်လို့တော့ ပြောကြတယ်။

ညီမလေး said...

အင်း...ဒီမှလာလဲရှထိတယ် ... သုံးတာလား ဖြုန်းတာလားးး မသိတော့ပါဘူး .. ပိုနေလျှံနေကြတယ် ဆိုတော့လည်း အကျိုးသင့်တွေ အြောင်းသင့်တွေ .. ဘယ်မှာသုံးသင့်တယ်တွေ ဘယ်တွေးတော့မလဲလေ...

ညီမလေး said...

အင်း... ဒီမှာလဲ ရှိတယ် ။။ သုံးတာလား ဖြုန်းတာလား မသိတော့ပါဘူး...
ပိုနေလျှံနေကြတယ်ဆိုတော့ အကျိုးသင့်လား အကြောင်းသင့်လား ဘယ်မှာသုံးသင့်သလဲတွေ ဘယ်တွေးတော့မလဲလေ...

မချောရေ အမျိုးမျိုးအဆန်းဆန်းပဲနော်
ရွှေကကျန်းမာတယ်ဆိုတာတော့ဟုတ်မယ်ထင်တယ်
ငယ်ငယ်ကမောမောတတ်လို့ အဘွားကဘုရားကရွှေပြားလေးတွေဝယ်ဝယ်ပြီး ရင်ဘတ်ကိုဆီလေးနဲ့လူးလူးပေးတတ်တယ်
အံ့သြစရာ ချက်ချင်းစိမ့်ဝင်သွားတယ်နော်

ဟန်ကြည် said...

ရွှေတဲ့လား...ဟုတ်ကဲ့ စားဖို့အသာထား ၀တ်ဖို့တောင် အသည်းအသန်ရှာကြရတဲ့ ပစ္စည်းလေ...ပိုက်ဆံတွေဖြုန်းစရာဘယ်လောက်ပဲများများ ပရဟိတအလုပ်တွေလုပ်ဖို့ လောက်တောင်လောက်မှာမဟုတ်ဘူး...ဘာပဲဖြစ်ဖြစ် ရွှေကိုစားပြီးတော့ မဖြုန်းဘူးဗျာ...လူပဲ လှစရာမလိုပါဘူး...ဖိုးလမင်းလည်း သူ့အဆင်းနဲ့ အချင်းနဲ့ပေါ့ မီးတိုင်ငယ်လည်း သူ့အရွယ်နဲ့ အစွယ်နဲ့လေ...ရုပ်နဲ့လုပ်စားစရာမလိုတော့ ရုပ်ကိုပြင်စရာမလိုတာ ၀မ်းသာလိုက်တာနော်...

အရသာ သိရအောင် နဲနဲလောက်တော့ စားကြည့်ချင်တယ်၊ ဒိထက်တော့ မပိုပါဘူးဗျာ...။း)

blackcoffee said...

ရွှေကို နွားနို့ နဲ့ စိမ်သောက်ရင်တော့ အသားအရေ လှတယ်လို့ ရောဂါရတယ်ပြောတယ်... ကျွန်တော်တို့ တော့ ရောဂါရတယ်ဆိုလို့ မစမ်းရဲပေါင်
ဒါပေမယ့် ဗဟုသုတ အနေနဲ့ သိခွင့်ရတဲ့ အတွက်တော့ ကျေးဇူးတင်တယ် မချော...

tsawtsaw said...

...........အီးးးးးးးးးးးကြောက်စရာကောင်းလိုက်တဲ့လူသားတွေ........

sosegado said...

ရွှေဆိုတာလည်း Heavy Metal တစ်ခုပါပဲ၊ limited အဆိပ်ပါ

အဲလိုကြီးတော့ မစားရဲဘူး မချောရယ်..
သာမာန်အဆင့်ထက် ကျော်လွန်သွားပြီ...
သဘာဝမှ မဟုတ်တာ...။
မျက်နှာရွှေသွင်းတာတောင်လွန်လှပြီ
အဲဒီလောက်တန်ဖိုးရှိတာတွေကို စားကြ သောက်ကြတယ်ပဲထားပါတော့.. ဗိုက်ထဲမှာ ဘယ်လောက်ကြာကြာသိမ်းထားနိုင်မှာမို့လို့လဲ...။
အဲဒီပိုက်ဆံတွေကို လှူလိုက်တာမှ ကုသိုလ်ရအုံးမယ်...။
မိုးယံနဲ့ ဦးဆိုးဆီပြောတာကို ထောက်ခံသွားပါတယ်...။

အလုပ်တွေများနေလို့ ခုမှရောက်ဖြစ်တယ်...
မချောရေ....။