ကျွန်မနဲ့ မညှိုးပန်းကလေးများ ....

ဒီနေ့တော့ လက်မှုပညာ ဝါသနာပါတဲ့ အမျိုးသမီလေးတွေအတွက် ပန်းပွင့်လေးတွေနဲ့၊ဖဲန်စီ အသုံးအဆောင်လေးတွေကို မိမိစိတ်ကြိုက် ဖန်တီးလို့ရတဲ့ လက်မှုအနုပညာလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါလေးကို စတွေ့မိတာက တစ်ရက်မှာ မြို့ထဲ လျှောက်ကြည့်ရင်း ဆိုင်လေးတစ်ဆိုင်ကို ကျွန်မ သတိထား လိုက်မိပါတယ်. ဆိုင်က ခပ်သေးသေးလေးပါ.. ဆိုင်ထဲမှာတော့ ပန်းအိုးရောင်စုံလေးတွေ ခင်းကျင်းထားသလို၊ အရောင်စုံ ချည်လေးတွေလည်း စုံလင်စွာ ရောင်းချနေတာ တွေ့ရတာတော့ စပ်စုချင်စိတ်နဲ့အတူ ပန်းအိုးကလေးတွေမြင်တော့ ကြည့်ချင်စိတ်က တားမရတာကြောင့် ဆိုင်ထဲကို ဝင်သွားမိပါတယ်။ ဆိုင်ထဲရောက်လို့ ပန်းအိုးလေးတွေကို ကြည့်တဲ့အခါ အခါတိုင်း မြင်တွေ့နေကျ ပလပ်စတစ်ပန်းတွေနဲ့ လုပ်ထားတာ မဟုတ်ဘဲ ပန်းပွင့်လေးတွေကို အသားကပ် ခြေအိတ်လို အသားမျိုးလေးတွေနဲ့ ပြုလုပ်ထားပြီး နှင်းဆီ၊ ကျူးလစ်၊ သစ်ခွ စသဖြင့် ပန်းမျိုးစုံကို ဆိုင်ရှင်အစ်မကြီးက သူကိုယ်တိုင်လုပ်ပြီး ပန်းအိုးအဖြစ် အလှဆင်ထားတာဖြစ်ကြောင်း ရှင်းပြပါတယ်။ အဲဒီပန်းပွင့်လေးတွေ ဖြစ်လာဖို့ အသုံးပြုရတဲ့ ချည်လေးတွေနဲ့ ၀တ်ဆံတွေ စတဲ့ ပစ္စည်းတွေ၊ ပန်းအိုးကလေးတွေကို အောက်က ပုံတွေမှာ ကြည့်ရှုနိုင်ပါတယ်။





ဒါလေးတွေက ပန်းပွင့်အဖတ်တွေလုပ်တဲ့ အစတွေ ဖြစ်ပါတယ်။ အဲဒါလေးတွေဟာ ပါးပါးလှပ်လှပ်လေးတွေဖြစ်ပြီး အသားကပ်ခြေအိတ်အသားမျိုး ဖြစ်ပါတယ်။



ပန်းဝတ်ဆံတွေလုပ်တဲ့ အရာလေးတွေ


ပန်းထိုးဖို့ အိုးမျိုးစုံ

ပန်းကိုင်း ရိုးတံတွေ လုပ်တဲ့ အတံလေးတွေပါ


ပန်းအဖူးလေးတွေလုပ်ဖို့ ဖော့တုံးလေးတွေပါ

ပန်းအရွက်လုပ်ဖို့ (ဒါတွေကတော့ အဆင်သင့်လုပ်ပြီးသား ပလပ်စတစ် အရွက်တွေ ဖြစ်ပါတယ်)



ဆိုင်လေးထဲမှာ ခင်းကျင်းထားတဲ့ ပန်းအိုးလေးတွေပါ



ဆိုင်ရှင် အစ်မရဲ့ လက်ရာ ချစ်စရာဂန္ဓာမာပန်းအိုး



ကျူးလစ်ပန်းကလေးနဲ့ တူပါတယ်



သစ်ခွ နှင်းဆီ စတဲ့ ပန်းမျိုးစုံ

Image Hosted by PicturePush - Photo Sharing

ဒီပန်းအိုးလေးတွေက အပေါ်မှာ ဖော်ပြထားတဲ့ ပစ္စည်းလေးတွေနဲ့ ပြုလုပ်ထားတဲ့ ပန်းအိုးတွေ ဖြစ်ပါတယ်။ ရောင်စုံ အဝတ်စလေးတွေ ပန်းပွင့်တွေ အဖူးတွေ ပွင့်ချပ်ပွင့်ဖတ်တွေ ပြုလုပ်ပုံက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါကြောင့် လုပ်ပုံလုပ်နည်းတွေကို ဆိုင်ရှင်ကို သေသေချာချာ မေးကြည့်မိတော့ ဆိုင်ရှင်က သူကိုယ်တိုင် လုပ်ပြတဲ့အပြင် လုပ်နည်း စာအုပ်တွေပါ ထုတ်ပြပါတယ်။



ဒါကတော့ ပန်းပွင့်မျိုးစုံ နဲ့ ပန်းအိုးထိုးနည်း မျိုးစုံအကြောင်း သရုပ်ဖော်ပုံလေးတွေနဲ့ ရေးထားတဲ့ စာအုပ်ပါ။ စာအုပ်ရော ပြုလုပ်တဲ့ ပစ္စည်းအားလုံးသည် တရုတ်က ထုတ်တဲ့ ပစ္စည်းများ ဖြစ်ပါတယ်။ စာအုပ်လေးတွေမှာ လုပ်နည်းအဆင့်ဆင့်နဲ့ စီဒီခွေပါ ပါဝင်တာကြောင့် ကျွန်မ အတော်သဘောကျသွားပါတယ်။ ဒါကြောင့် ကိုယ်တိုင်လုပ်ကြည့်ဖို့အတွက် စာအုပ်လေးတွေနဲ့အတူ ပန်းပွင့်တွေ ပန်းအိုးတွေလုပ်ဖို့ ပစ္စည်းကိရိယာ စုံစုံလင်လင် ဝယ်ယူလာခဲ့ပါတော့တယ်။




ဒီပစ္စည်းတွေက ပန်းကလေးတွေ ပြုလုပ်ဖို့ မဖြစ်မနေ လိုအပ်တာလေးတွေပါ.. အရောင်စုံက ချည်ထည်များဖြစ်ပါတယ်။ အစိမ်းရောင်အဖြူရောင်က  လိုအပ်တဲ့ ပွင့်ချပ်တွေ ပြုလုပ်ဖို့ သွပ်ကြိုးလေးတွေပါ။ ကပ်ကြေးတစ်လက်လည်း လိုပါတယ် အစလေးတွေ ဖြတ်ဖို့ပါ။ ပြီးတော့ ပလာယာသေးသေးလေးလိုပါတယ်.. သွပ်ကြိုးတွေကို လိမ်ဖို့ ဖြတ်ဖို့ပါ။ အဖြူရောင် အကွင်းတွေကတော့ သွပ်ကြိုးတွေကို ပွင့်ချပ်အရွယ်အစားအမျိုးမျိုး လုပ်နိုင်ဖို့ပါ။ ခရမ်းရောင် အညိုရောင်က ပန်းပွင့်ရဲ့ ရိုးတံမှာ ဖုံးဖို့ပါ။ အပြာရောင်လေးက ကော်ချောင်းကို အပူပေးတဲ့ သေနတ်ပါ။ ပလပ်လေးထိုးလိုက်ရင် အနောက်က ကော်ချောင်းလေး အရည်ပျော်သွားပြီး ပန်းပွင့်တွေကို မိမိလိုအပ်တဲ့နေရာမှာ ကပ်စေဖို့ပါ။


Image Hosted by PicturePush - Photo Sharing 
ပွင့်ဖတ်လေးတွေ လုပ်ဖို့

Image Hosted by PicturePush - Photo Sharing 
သွပ်ကြိုးလေးကို ဒီလိုအ၀ိုင်းလေးဖြစ်အောင် လုပ်ပါတယ်

Image Hosted by PicturePush - Photo Sharing 

ဒီလို အသားကပ်ခြေအိတ်လို အသားပါးပါးလေး

Image Hosted by PicturePush - Photo Sharing 
အဲဒါကို သွပ်ကြိုးအ၀ိုင်းလေးကို ဖုံးမိအောင် အုပ်လိုက်တာပါ

Image Hosted by PicturePush - Photo Sharing 
ဒီလိုလေးတွေဆို ပွင့်ချပ်လေးတွေ ပါတယ်

Image Hosted by PicturePush - Photo Sharing 
ပန်းပွင့်ပြုလုပ်ဖို့ ပွင့်ချပ်များ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 
အဲဒီ အရွယ်မတူတဲ့ ပွင့်ချပ်လေးတွေကို ခုလိုပန်းပွင့်လေးတွေ ဖြစ်အောင် လုပ်တာပါ။

Image Hosted by PicturePush - Photo Sharing 
ဒါလေးက ကြာပန်းလေးပါ ။

Image Hosted by PicturePush - Photo Sharing 

ကြာပန်းကို ပန်းအိုးလေးနဲ့ နေရာချဖို့ ပြင်ဆင်နေတာပါ. ကြာဖူးနဲ့ ကြာရွက်ကတော့ ဒီတိုင်းရောင်းတာလေး ၀ယ်လာတာပါ.. ကြာပွင့်တွေကိုတော့ ကိုယ်တိုင်လုပ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

ပန်းအိုးပြင်ဆင်နေတာပါ (ညဘက်ကြီး အားကြိုးမာန်တက် လုပ်နေတာမို့ ပုံထဲမှာတော့ မှောင်နေပါတယ်)


မနက်ခင်းရောက်တော့မှ အလင်းရောင်အောက်မှာ ဒီလို ပန်းအိုးလေးဖြစ်သွားပါတယ်။။ (လှတယ်ဟုတ်)း)




ကြာရွက်ပေါ်မှာ ဖားကလေးတွေတောင်ပါသေးတယ်.. :)


Image Hosted by PicturePush - Photo Sharing
ပိန်းပန်းလုပ်နေတာပါ

Image Hosted by PicturePush - Photo Sharing 

ဟော. ဒီမှာ ပိန်းပန်းတွေ


Image Hosted by PicturePush - Photo Sharing 
ဒီလို ပန်းအိုးထိုးဖို့ ပြင်နေပြီ

ဒီချည်ထည်ရောင်စုံလေးတွေကို အသုံးပြုပြီး အိမ်မှာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ပန်းအိုးကလေးတွေနဲ့  မိတ်ဆွေတို့ကို မိတ်ဆက်ပေးချင်ပါတယ်။ ပန်းအိုးကလေးတွေကို အောက်မှာ ဆက်လက်ကြည့်ရှုရအောင်နော်..



Image Hosted by PicturePush - Photo Sharing 

အလယ်က ခရမ်းရောင်ရယ်ဒီမိတ်ပန်းပွင့်ကလေးနဲ့ ရောထိုးလိုက်ပါတယ်.. ပိန်းပန်းအိုးလေးကိုတော့ “အသည်းပန်းနီနီ ” လို့ နာမည်ပေးလိုက်ပါတယ် ..

Image Hosted by PicturePush - Photo Sharing 
ဒီလို ပန်းမျိုးစုံလည်း လုပ်လို့ရပါတယ်။

Image Hosted by PicturePush - Photo Sharing
“ခရမ်းပြာမေ” လို့ နာမည်ပေးထားတဲ့ ပန်းအိုး(ညဘက် ရိုက်ထားတာပါ)

Image Hosted by PicturePush - Photo Sharing 
ခရမ်းပြာမေရဲ့ နေ့ဘက်အလှ

Image Hosted by PicturePush - Photo Sharing 
“စိတ်ရောင်စုံ” လို့ အမည်ပေးထားပါတယ်

Image Hosted by PicturePush - Photo Sharing 

ဒါလေးက အိမ်နံရံမှာ ချိတ်ဖို့လုပ်ထားတဲ့ ပန်းခြင်းပါ။ သူ့ကိုတော့ ဝါဝါဝင်းရွှေလို့ နာမည်ပေးချင်ပါတယ်

Image Hosted by PicturePush - Photo Sharing 
အိမ်နံရံမှာ ဒီလိုလေးချိတ်ထားရင် မကောင်းဘူးလားနော်..

Image Hosted by PicturePush - Photo Sharing 
ခေါင်းရင်းဘက်

ခရမ်းပြာကျူးလစ်

Image Hosted by PicturePush - Photo Sharing

ဒီပန်းအိုးလေးက ပဲပန်းတစ်မျိုးပါ။ သူ့ကိုတော့ “သွယ်နွဲ့နှောင်း” လို့ အမည်ပေးထားပါတယ်


စိတ်ဝင်စားဖို့ကောင်းတာက အဲဒီချည်ရောင်စုံလေးတွေဟာ ပန်းအိုးနဲ့ ပန်းပွင့်လှလှလေးတွေသာ လုပ်လို့ရတာ မဟုတ်ပါဘူး။ လက်ကောက် လက်စွပ် ဆွဲကြိုး၊ကလစ် စတဲ့ ဖန်စီပစ္စည်းလေးတွေလည်း လုပ်လို့ ရပါတယ်။ ကျွန်မက ဖန်စီပစ္စည်းလေးတွေကို စိတ်ဝင်စားသူဆိုတော့ အတော်ဘဲဖြစ်သွားပါတယ်။ (အစစ်မှမဝယ်နိုင်တာ ဖဲန်စီကြိုက်တယ် ပြောရတော့တာပေါ့နော် :) ) ဒါနဲ့ အချိန်ရတဲ့ အခါတိုင်း ဖန်စီလည်ဆွဲ ကလစ် ရင်ထိုးလေးတွေ လုပ်ဖြစ်ပါတော့တယ်.. အောက်မှာတော့ ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ ဆွဲကြိုး၊ ရင်ထိုးလေးတွေပါ။



Image Hosted by PicturePush - Photo Sharing 
အစိမ်းရောင် လည်ဆွဲ၊ နားကပ်၊ လက်စွပ်၊ ရင်ထိုး

Image Hosted by PicturePush - Photo Sharing

ဒီလိုလေးဆို လှတယ်ဟုတ်.. (မော်ဒယ်တစ်ယောက်ကို ငှားပြီးရိုက်ထားတာပါ)း)

Image Hosted by PicturePush - Photo Sharing 
မြစိမ်းရောင် လက်စွပ်

Image Hosted by PicturePush - Photo Sharing 
ပန်းခရမ်းလက်စွပ်

Image Hosted by PicturePush - Photo Sharing 
ခရမ်းရောင် ဆံညှပ်

Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing 
ဒါလေးက လက်မှာဝတ်တဲ့ ဖန်စီလေးပါ။

Image Hosted by PicturePush - Photo Sharing 
ဆံကုတ်မှာ တတ်ဖို့ပါ

Image Hosted by PicturePush - Photo Sharing 
ပန်းပွင့်အနောက်ဖက်ကို အပူပေးထားတဲ့ ကော်ချောင်းက ထွက်လာတဲ့ အရည်နဲ့ တို့လိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing 
ဆံကုတ်လေးကို ကော်ရည်ပေါ်မှာ လာဖိကပ်လိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing 

ခေါင်းမှာဆင်မြန်းဖို့ ဆံကုတ်လေး ရပါပြီ။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 
အဲဒီလို အဆင့်ဆင့်ပြုလုပ်ထားတဲ့ နှစ်ရက်အတွင်းမှာ လုပ်ပြီးသမျှ ဖဲန်စီလေးတွေပါ။ အရှေ့ဆုံးတန်းက လက်စွပ်လေးတွေပါ အနောက်တန်းက ပန်းပွင့်ခပ်ကြီးကြီးတွေက ရင်ထိုးလေးတွေပါ။ အနောက်ကတော့ဆံကုပ်နဲ့ ခေါင်းစိုက်ကလစ်လေး၊ လက်ပတ်နဲ့ လည်ဆွဲတွေ ဖြစ်ပါတယ်..။ လိုချင်တာ ယူသွားနိုင်ပါတယ် နော် :)



ဒီလို အသုံးလည်းဝင် လှလည်းလှတဲ့ ပန်းအလှပြုလုပ်တဲ့ ပစ္စည်းလေးတွေဟာ လက်မှုပညာဝါသနာပါသူများ၊ စိတ်ဝင်စားသူများရှိရင် လုပ်နိုင်ဖို့ ပြန်လည် ဝေမျှတာဖြစ်ပါတယ်.. ပိုက်ဆံပေးပြီး လုပ်ပြီးသားအဆင်သင့် ဝယ်ယူရင် ရနိုင်ပေမဲ့ ကိုယ်တိုင်လုပ်လို့ ရရှိလာတဲ့ အောင်မြင်ခြင်း အသီးအပွင့်လေးတွေဟာ စိတ်ကို ကျေနပ်မှု၊ ချိုမြိန်မှုတို့ကို ပိုပြီးပေးစွမ်းနိုင်တယ်ဆိုတာ ကိုယ်တိုင်လက်တွေ့ ပြုလုပ်ကြည့်တဲ့အခါ သိသာပါလိမ့်မယ်ရှင်။ ဘယ်တော့မှ မညှိုးနိုင်တဲ့ ပန်းကလေးတွေနဲ့ မိမိကိုယ်မှာ ဆင်မြန်းဖို့ရယ်.. အိမ်ကို အလှဆင်ဖို့ရယ် စသဖြင့် များစွာဘဲ အသုံးဝင်ပါတယ်ဆိုတာလေးကို ပြောကြားရင်း ဒီပိုစ့်လေး နိဂုံးချုပ်ပါတယ်နော်........

ကျွန်မကိုယ်တိုင် လုပ်ထားတဲ့ ဖဲန်စီလေးတွေနဲ့ ပန်းအိုးလေးတွေ လက်ဆောင် လိုချင်တယ်ဆိုရင်ဖြင့် စောစောစီးစီး စာရင်းပေးထားကြပါလို့  .. :)


Image Hosted by PicturePush - Photo Sharing 

40 Responses to “ကျွန်မနဲ့ မညှိုးပန်းကလေးများ ....”

Thinzar said...

လှလိုက်တာ အမရယ်.. ပန်းအိုးလေးတွေရော.. ဖန်စီပစ္စည်းလေးတွေရောကို ရင်သပ်ရှုမောပြီး ကြည့်သွားတယ် :)

လှလိုက်တာ သိပ်စိတ်ဝင်စားတာပဲ
အဲ့ဒါလေးတွေ ဘယ်မှာဝယ်လို့ ရတာလဲဟင်
လုပ်နည်းလေးတွေလည်း သိချင်တယ်

အိုးးးးး သဘောကျစရာ...လှတယ်၊ စိတ်ဝင်စားတယ်။ တော်လိုက်တာ ချောရေ။ ကိုယ်တိုင် လုပ်လည်း လုပ်ကြည့်ချင်တယ်။ ဒီတခါတွေ့ရင် အဲဒီ ဝမ်းဆက် တစုံ လုပ်ပေးနော်...။ အနက်ရောင် အပွင့် သေးသေးလေးနဲ့ လုပ်ပေး၊ ဒါပဲ အော်ဒါအပ်လိုက်ပြီ....:))

နောက်ကျ တစ်စုံတစ်ယောက်အတွက် မချောကို မှာရမယ်... အော်ဒါ... :D

ခင်မင်လျက်
နေ၀ဿန်

ပိန်းပန်းအိုးကလေးလည်း ကြိုက်တယ်.. သွယ်နွဲ့နှောင်း ဆိုတဲ့ ပန်းအိုးလေးလည်း ကြိုက်တယ်..
လက်ရာမြောက်လိုက်တာ....

ဟုတ်ကဲ့..စာရင်းလာပေးပါတယ်..း)) ချော က တော်လိုက်တာ..။ လက်ရာတွေအကုန်ကြိုက်တယ်။ ကိုယ်တိုင်စမ်းလုပ်ကြည့်ချင်လိုက်တာ။ အင်းးး..ဒီမှာဝယ်လို့ရရင် သိပ်ကောင်းမှာပဲလို့တွေးနေမိတယ်။

myo said...

အစ်မရေ။
ပုံတွေကြည့်ပြီး ကိုယ်တိုင်လုပ်ချင်စိတ် အရမ်းပေါက်လာလို့ ။ Sample တွေက သိပ်လှတယ်မလား။ အဲ့ဒီလို ပန်းတွေလုပ်ဖို့  စာအုပ်နဲ့ ပစ္စည်းတွေကို internet ထဲမှာ ဘယ်လိုခေါ်ပြီး ရှာရမလဲ။ အချိန်ရရင် ပြန်ပြောပေးပါဦးနော်။ ကျေးဇူး။

ကျန်းမာပါစေမင်္ဂလာပါ ချော -
ကျနော်ကတော့အစိမ်းရောင်တဆက်လုံးကိုယူသွားတယ်-
ကျနော့်သူငယ်ချင်း ချော ကိုပို့ပေးလိုက်ပါနော်-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

စော(အဝါရောင်မြေ) said...

ပန်းလုပ်နည်းတွေ သဘောကျတယ်။ ကျေးဇူးပဲ။

ချစ်စရာလေးတွေ .. ညီမလည်း အဲလိုတွေ လုပ်တာ ၀ါသနာပါတယ် .. :D

may16 said...

လှတယ်နော် အမ ကျွန်မကသဘောတော့ကျတယ် ကိုယ်တိုင်လုပ်ဆို လုပ်ဖြစ်မှာဟုတ်ဘူး :D

ညယံ said...

ပန်းရောင်ကြာပန်းအိုးလေး ကြိုက်လွန်းလို ဒက်စတော့ပေါ် တင်ရအောင် ယူသွားတယ်နော် .. :)

ညီမလေး said...

ညီမလေးလဲ အဲ့လိုလေးတွေ လုပ်ရတာကို သိပ်သဘောကျတာ... လုပ်တတ်ချင်တယ်ချောရယ် .. ဒါပေမဲ့ ကိုယ်တိုင်ဝတ်ဖို့ဆိုရင်ကျ သိပ်မမြင်သာတဲ့ အရောင်နဲ့ ခပ်သေးသေးလေးတွေကို ပိုသဘောကျတယ်း)

shwewunyatana said...

မချောရေနေကောင်းပါစပန်းအလှလုပ်တာကိုစိတ်ဝင်စားတယ်စီးပွားအဖြစ်လုပ်ရင်ပိုကောင်းမယ်နော်ကျယ်ကျယ်ပြန်ပြန်ဖြစ်သွားတာပေါ့ ကျေးဇူးဘဲမချောရေ

Evy said...

ဟယ်လှလိုက်တဲ့ ပန်းလေးတွေ။ ဒို့လည်းအဲလိုလုပ်တာလေးတွေဝါသနာပါတယ်။ ဆွဲကြိုးနားကပ် စိမ်းဝါရောင်ဝမ်းဆက်လေးကို အကြိုက်ဆုံးပဲ

မချောရေ
လှလိုက်တာနော် ဂန္ဒမာကော ကြာပန်းကော
ကြိုက်တယ်

Baby taster said...

ဟယ်လှတယ်တော့
ဘုရားဖူး မလိမ်ဘူး တကယ်လှတယ် :)

Anonymous said...

လှလိုက်တာ ပန်းလေးတွေရော ဖန်စီလေးတွေရော

Mghan said...

မိုက်လဒယ်ဂျာ..လှချက်...

ဘရာဗို....
အရမ်းမိုက်တယ်...
မချောရေ...

ahphyulay said...

အင်း..
မမချောကတော့  အမြဲတန်း အနုအရွ
အလှအပတွေပဲ ဖန်တီးနေတော့ တာပါပဲလား..

Touch Me Not said...

အဲဒီလို ဖန်တီးရတာလေးက ပျော်စရာနော် ချောရေ၊
ချောလုပ်ထားတာလေးတွေ သိပ်လှတယ်။
သွယ်နွဲ့နှောင်းလေးက နာမည်နဲ့လိုက်တယ်။
ခရမ်းပြာမေတဲ့လား၊ ကြိုက်တာပဲ။
ကြာပန်းအိုးလေးကို သဘောကျလိုက်တာ။

SHWE ZIN U said...

ညီမ ချော

စစ အတွက် ဆံပင်ညှပ်တဲ့ ပန်းပွင့် နဲ့ ဆံကုပ် ကလေး တော့ အမြန်ပို့မှ ရမယ်

ပန်းပွင့်လေးတွေက လှလိုက်တာ...၊ ပန်းဆို ဂေါ်ဖီပန်း လောက်ပဲ ကောင်းကောင်းကန်းကန်း စိတ်ဝင်စားတဲ့ ကျနော့်လို လူတောင် စမ်းလုပ်ကြည့်ချင်စိတ် ပေါက်သွားတယ်၊း) မချောက တကယ်တော်တာပဲ..၊ ချီးကျူးပါတယ်ဗျာ...။

PhyoPhyo said...

မချောရာ လှလိုက်တာ၊ အစက မြင်ရတုန်းက သေးသေးလေးတွေ သေချာမမြင်ရဘူး။
လက်မှုပညာမြောက်တာလည်းမပြောနဲ့ လက်ချောင်းလေးတွေက ထိပ်ချွန်သွယ်သွယ်လေးတွေ၊ အဲ မချော မေမေများလားပဲ၊ မချောက ဓါတ်ပုံရိုက်တယ်မလား။ နားကပ်လေးတွေ၊ လက်စွပ်လေးတွေ ဆွဲကြိုက်အားလုံးကြိုက်တယ်။
လုပ်နည်းပါသေချာ တဆင့်စီမှတ်သွားတယ်နော်၊ သိချင်လို့။ သွယ်နွဲ့နှောင်းအရောင်စပ်တာလေးနဲ့ ပုံစံလေးကြိုက်တယ်၊ ကြာပန်းလည်းလှတယ်၊ အကုန်လှတယ်။ အော်ဒါ မှာထားမှ၊ မချော တစ်စုံစာနော် :D
ချစ်တဲ့

Anonymous said...

I appreciate your ability of art.I am your blog reader. May I keep your photos of flower pots. Thanks

sonata-cantata said...

တော်လိုက်တာ...
ဒီမှာဖြင့် သားတို့ ကျောင်းအင်္ကျီမှာ နာမည်တံဆိပ်တပ်ပေးရရင်တောင်
အရပ်ကူပါ လူဝိုင်းပါလို့ အော်နေရတာ...ရှက်ထှာ

အိမ်ရှင်မကို မျက်နှာလုပ်ဖို့ မချောလက်ရာ fancy လက်ပွေ့အိတ်လေးတစ်လုံးလောက် မှာဦးမှ(ပုံထဲမှာ မပါတာကို တမင်ရွေးမှာလိုက်တယ်)...ပိုက်ဆံတော့ နောင်ခါပေး တွေ့တိုင်းတောင်းပေါ့လေ...မပိုင်လား...

တောက်ပကြယ်စင် said...

ချောရေ မင်္ဂလာနံနက်ခင်းပါ...(တကယ်နံနက်ခင်းပါ...ခုစာဖတ်တဲ့အချိန်မှာ ၅-နာရီ ကျော်ကျော်သာ ရှိသေးသည်) ပန်းလေးတွေ လာကြည့်သွားတယ်...အကုန်လုံးလှတယ်...အဲဒီထဲမှာ ခရမ်းပြာမေက...အားလုံးထက်ပိုလှတယ်...လုပ်လည်းလုပ်တတ်ပါ့ဗျာ...မော်ဒယ်လ်ကို ငှားရိုက်တာ ဘယ်လောက်ပေးရလည်း...(သိသိလျက်နဲ့ မေးကြည့်သည်)...ဘုန်းဘုန်းလည်း မနက်ဖန် ညနေ ၄-နာရီကျရင် ထိုင်းကို ပျံသန်းထွက်ခွါပြီ...(အို မဆီမဆိုင် ချောရယ်...ပန်းအကြောင်းပြောရင်း ခရီးအကြောင်းရောက်သွားသည်)...ကျန်းမာကြည်ရွှင် ကြည်လင်တောက်ပ အေးမြပါစေ...နော်...ချော...

သိပ်လှတဲ့ မညှိုးပန်းလေးတွေကို ငေးမောသွားပါတယ်။ အခုလို ကိုယ်တိုင်လုပ်နိုင်တာ သိပ်တော်တာပဲနော်။ ကြာရွက်ပေါ်မှာ ဖားလေးတွေပါပါတဲ့ ကြာပန်းအိုးကိုတော့ အကြိုက်ဆုံးပါပဲ...

kiki said...

မချောက စာ အရေးအသားကောင်းသလို လက်မှု ပညာ လည်း ထူးချွန်ပါပေတယ်..လှတပတ လေးတွေ ကို အားကျစွာ ဖြင့် ငေးသွားပါတယ်..
ကိုယ်သာဆို ဒီလို စိတ်ရှည်လက်ရှည် လုပ်နိုင်မယ် မထင်ဘူး..

သက်ဝေ said...

ဒီလို စိတ်ရှည်ဖို့ဆိုတာ တော်တော်လေး မလွယ်တာပါ... ချောရဲ့ လက်ရာလေးတွေကြည့်ပြီး ချောက တော်တော်လေး စိတ်နှလုံး နူးညံ့ အေးဆေးသူ တယောက်လို့ မြင်တွေးပြီး အလွန်နှစ်သက် သဘောကျ... ပြီးတော့ အားကျသွားပါတယ်...။
ကိုယ်ကတော့ ထာဝစဉ် ယောက်ယက်ခတ် ပရမ်းပတာလေ...း))

jr said...

ချောရယ် တော်လိုက်တာ။
ခရမ်းပြာမေ နဲ့ သွယ်နွဲ့နှောင်းလေးကို ကြိုက်တယ်။
အိုး .. အောက်က ဖန်စီပစ္စည်းလေးတွေကတော့ တခုမှ မလှတာမရှိဘူးဆရာ။ လိုချင်လိုက်တာ။

ခင်မင်လျှက်

အဖြူရောင်နတ်သမီး said...

လှလိုက်တာ မချောရယ်..
နတ်သမီးရဲ့မွေးနေ့ကျရင် တစ်စုံလောက် လက်ဆောင်တောင်းအုံးမှ...ဟိ

OMG, love the water lilly a lot Chaw. Thank you for sharing too.

tsawtsaw said...

လှလိုက်တာနော်
စိတ်ဝင်စားတယ်...........ကျေးဇူးပဲ

Anonymous said...

>>ဒီလိုလေးဆို လှတယ်ဟုတ်..

Yes, beauty but cant see her, model face, pls re-upload again :)

improve-live.blogspot.com said...

>>ဒီလိုလေးဆို လှတယ်ဟုတ်..

Yes, beauty but cant see her, model face, pls re-upload again :)

တော်ချက်...ဆိုင်ဖွင့်လို့ရပြီ။ ဖောက်သည်ယူမယ်လေး)

ကီကို said...

အမ... ရန်ကုန်မှာဆိုရင်အဲဒါလေးတွေဘယ်မှာဝယ်လို့ရလဲဟင်