ရေမချိုးကြသူများ


ချစ်ခင်ရသော စာဖတ်သူများကို ဒီပိုစ့်လေးမှာတော့ တစ်သက်မှာ တစ်ခါလေးတောင် ရေမချိုးတဲ့ လူမျိုးနွယ်စုအကြောင်းလေး ပြောပြချင်မိတာပါ။ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြပြီးတော့ လူသိနည်းတဲ့ မျိုးနွယ်စုဖြစ်ကာ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက်ဖွံ့ဖြိုးမှု အလွန်နည်းပါးကြပါတယ်။ သူတို့ လူမျိုးစုရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က သူတို့ဟာ ဘယ်တော့ခါမှ ရေချိုးကြသူများ မဟုတ်ကြပါဘူး။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေးမလုပ်ဘူးလားလို့ မေးစရာရှိပါတယ်. ဒီလိုလည်း မဟုတ်ပါဘူး။ သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်.
     ဒါပေမဲ့ သူတို့ သန့်ရှင်းရေးလုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။ Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းကို ဖော်ပြရရင် မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေဖုံးနေတဲ့အခါ ၄င်း မီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေးလုပ်နည်းပါ လို့ ဆိုပါတယ်။ သူတို့ဝတ်ဆင်တဲ့ သားရေထည် ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။


The Ovahimba People Of Namibia
Ovahimba လူမျိုး ကလေးငယ်များ
The Ovahimba People Of Namibia
Ovahimba လူမျိုး ကလေးငယ်များ
The Ovahimba People Of Namibia
သနားစရာ Ovahimba လူမျိုး ကလေးငယ်များ

သူတို့ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီးကလေးလူကြီး အားလုံးဟာ လည်းပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင်ထားတတ်ကြပါတယ်။ သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။



The Ovahimba People Of Namibia

ဒီလိုလည်ဆွဲမျိုး ဆွဲထားတဲ့ မိန်းကလေးဆိုရင် အိမ်ထောင်မရှိသေးသူလို့ အဓိပ္ပါယ်ရပါတယ်။ စိတ်ဝင်စားသူများ စာရင်းပေးထားလို့ ရပါတယ်နော် ။ ဒါပေမဲ့ တစ်သက်လုံးမှာ တစ်ကြိမ်တောင် မလျှော်တဲ့ ခေါင်းပေါ်က ဆံပင်တွေကိုတော့ ခွင့်လွှတ်ရမှာ ဖြစ်ပါတယ်း)


Image Hosted by PicturePush - Photo Sharing


ဒီပုံကတော့ အိမ်ထောင်သည်အမျိုးသမီးရဲ့ မခို့တရို့အလှပါ။ အပေါ်က အိမ်ထောင်မရှိသူနဲ့ လည်ဆွဲချင်း မတူတာ တွေ့နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing


Ovahimba woman Namibia stock photo


Image of pc010370.jpg

Image Hosted by PicturePush - Photo Sharing



အဲဒီ ဒေသကို ရောက်ခဲ့ကြသူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့ အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည်ပြောပြကြပါတယ်။ မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်လို့လားမသိ။ သူတို့ရဲ့  အသားအရေကတောင် မီးခိုးရောင်ပေါက်နေသလိုပါဘဲ။


( ရေချိုးပျင်းသူများ၊ အဝတ်လျှော်ရမှာ ပျင်းသူများအတွက်တော့ Ovahimba လူမျိုးနွယ်စုတွေ နေထိုင်တဲ့ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ သွားနေကြည့်ဖို့ အကြံပေးချင်ပါတယ်)း)                                           
Image Hosted by PicturePush - Photo Sharing


Photos and source from : google and http://www.elsasdesigns.com/ovahimba.html

နတ်သမီးသုံးဖော် လှိုဏ်ဂူတွင်းက ကျောက်စက်ပန်းဆွဲများ


ဒီနေ့တော့ ကျွန်မရောက်ခဲ့တဲ့ ကျောက်လှိုဏ်ဂူအကြောင်း ဆက်ရေးပါမယ်ရှင်။ ကျောက်လှိုဏ်ဂူက နတ်သမီးသုံးဖော်လို့ အမည်ရတဲ့ လှိုဏ်ဂူပါ။ နတ်သမီးသုံးဖော်လို့ အမည်ပေးရခြင်းအကြောင်းရင်းက လှိုင်ဂူထဲမှာ ယခင်က နတ်သမီးသုံးပါး စံပျော်ခဲ့ဖူးပြီး နတ်သမီးသုံးပါးနဲ့ဆင်တူတယ်ဆိုတဲ့ ကျောက်စက်ပန်းဆွဲတွေ ရှိနေတာကြောင့် နတ်သမီးသုံးဖော်လို့ ပေးထားတာပါလို့ လမ်းညွှန်လုပ်သူက ရှင်းပြပါတယ်။ဘယ် ကျောက်ခက်ပန်းဆွဲက နတ်သမီးနဲ့တူတယ်ဆိုတာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ များလွန်းတာကြောင့် မမှတ်မိတော့ပါဘူးရှင်။

ဂူအတွင်းလမ်းကြောင်းဟာ အဝင်လမ်းနဲ့ အထွက်လမ်း နှစ်ပေါက်ရှိပြီး ဂူထဲမှာ လှည့်ပတ်ကြည့်ရှုချိန်ဟာ တစ်နာရီကျော် နှစ်နာရီနီးပါး  ကြာပါတယ်။ လျှပ်စစ်မီးတွေ ထွန်းထားတာမို့ ဂူအတွင်းမှာ မဲမှောင်မနေပေမဲ့ မီးအရောင်တွေက ထိန်ထိန်လင်းနေတာမျိုးလည်း မဟုတ်ပါဘူး။ အချို့ ထင်ရှားထူးခြားတဲ့ ကျောက်စက်ပန်းဆွဲတွေ ကျောက်တိုင်ကြီးတွေနေရာမှာ အနီရောင် အစိမ်းရောင်လို ရောင်စုံ မီးလုံးလေးတွေ ထွန်းညှိထားတာပါ။ နတ်သမီး သုံးဖော် လှိုဏ်ဂူဟာ မြို့နဲ့ အင်မတန် အလှမ်းဝေးတဲ့နေရာမှာ ရှိတာကြောင့် လှပတဲ့ ကျောက်စက်ပန်းဆွဲတွေ ကျောက်တိုင်တွေ ရှိပေမဲ့ လူသူအသွားအလာ နည်းပါးပါတယ်။ လှိုဏ်ဂူရှိရာ တောင်ခြေကို ရောက်တဲ့အခါ    ဈေးဆိုင်အနည်းငယ်ကို တွေ့ရပါတယ်။  ဂူထဲဝင်မယ်ဆိုရင် သတ်မှတ်ဝင်ကြေးကို ပေးဆောင်ရပြီးတော့ သက်ဆိုင်တဲ့ လမ်းပြတစ်ယောက်က ဂူထဲကို လိုက်ပြတဲ့အပြင် ထင်ရှားတဲ့ နေရာတွေကိုလည်း ရှင်းလင်း ညွှန်ပြပေးပါတယ်။


Image Hosted by PicturePush - Photo Sharing

ဒီတောင်ကြီးဟာ ကျောက်လှိုဏ်ဂူကြီးရှိတဲ့တောင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဂူပေါက်ရှိတဲ့နေရာကိုရောက်ဖို့ တော်တော်လေး လမ်းလျှောက်တက်ရပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒါဘာပင်လေးလဲ သိလားး)

Image Hosted by PicturePush - Photo Sharing
မက်မန်းသီးလေးတွေလေ .. ချစ်စရာလေးမို့ ဓာတ်ပုံရိုက်ထားတာပါ။ အပင်ပေါ်ကခူးထားတာ မဟုတ်ပါဘူး. ဈေးဆိုင်တန်းမှာ ရောင်းထားတာကို ရိုက်လာတာပါ။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
လှိုဏ်ဂူရှိရာ တောင်ခြေမှာ ဒီလိုအပန်းဖြေတဲကလေးတွေနဲ့ မက်မန်းသီးပင်တွေ တွေ့ရပါတယ်။ 

Image Hosted by PicturePush - Photo Sharing
ဒါကတော့ ထင်းရူးပင်တွေ ဘေးနှစ်ဖက်မှာ စီတန်းနေတဲ့ လှိုဏ်ဂူရှိရာ အတက်လမ်းဖြစ်ပါတယ်။
Image Hosted by PicturePush - Photo Sharing

ဒီလိုလမ်းတွေကိုတက်ခဲ့ရတာပါ။
လှိုဏ်ဂူဝရောက်အောင် သွားရတဲ့လမ်းဟာ တောင်အတက်ခရီး ဖြစ်တာကြောင့် အသက်ကို မနည်းရှုပြီးတက်ခဲ့ရပါတယ်။ ဂူဝမရောက်ခင် လမ်းမှာ တစ်ထောက်နားရပါသေးတယ်။


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
လှိုဏ်ဂူဝရှိ ရာတောင်ပေါ်ရောက်တော့ ဘေးဝန်းကျင်ကို ကြည့်တဲ့အခါ ကြည့်လေရာရာ တောတောင်တွေ ပတ်လည်ဝန်းရံလို့နေခဲ့ပါတယ်။ ဒီလို စိမ်းစိုနေတဲ့ မြင်ကွင်းလေးတွေ တွေ့လိုက်ရပြန်တော့ အသက်ရှူမဝအောင် မောပန်းခဲ့တဲ့ တောင်တက်လမ်းက စိတ်အပန်းပြေသွားရပြန်ပါတယ်။

Image Hosted by PicturePush - Photo Sharing
လှိုဏ်ဂူဝကိုရောက်ပါပြီ..



ကျောက်ဂူကြီးထဲမှာတော့ လူတွေ ကောင်းမွန်စွာ သွားလာနိုင်အောင် လမ်းတွေကို သေချာပြုပြင် ဖောက်လုပ်ထားတာ တွေ့ရပါတယ်။ အချို့နေရာတွေမှာတော့ လှိုဏ်ဂူဟာ အလွန် ကျဉ်းမြောင်း နေတာကြောင့် ခေါင်းငုံ့ပြီး သွားရတာတွေ ကိုယ်တစ်စောင်းနဲ့ ဝင်ရတဲ့နေရာတွေ ရှိပါတယ်။ ကျောက်စက်ပန်းဆွဲကြီးတွေဟာ ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်ပေါ်နေပြီး ရင်သပ်ရှုမော ဖြစ်ရလောက်အောင်ကို ဆန်းကျယ်လှပလွန်းပါတယ်။ တက်လိုက်ဆင်းလိုက်နဲ့ လမ်းလျှောက်နေရတာကြောင့် ဂူထဲမှာ အေးနေပေမဲ့ ခန္ဓာကိုယ်မှာတော့ ချွေးပြိုက်ပြိုက်ကျလောက်အောင် အကြာကြီး လျှောက်ကြည့်ခဲ့ရပါတယ်။ အဆင်းအတက်များပြီး လှိုဏ်ဂူက ရှည်လျားလွန်းလို့ ဂူထဲက အဆင်းလမ်းမှာ ခြေထောက်တွေတောင် တုန်လာတဲ့အထိ မောပန်းလှပေမဲ့ ရှုမညီးစရာ လှပလွန်းလှတဲ့ ကျောက်ခက် ပန်းဆွဲတွေကြောင့် ဒီခရီးကို ကျေနပ်စရာကောင်းတဲ့ ခရီးတစ်ခုလို့ ခံစားခဲ့ရပါတယ်။

Image Hosted by PicturePush - Photo Sharing

ဂူတွင်းသို့ ဆင်းရာလမ်း


Image Hosted by PicturePush - Photo Sharing

ဂူအဝင်ဝက ကျောက်စက်ပန်းဆွဲများ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ကွန်ကရိခင်းထားသော်လည်း ကျဉ်းမြောင်းပြီး အမိုးနိမ့်နေတာကြောင့် ဒီနေရာတွေမှာ ခေါင်းငုံ့ပြီးမှ ဝင်ရပါတယ်

အောက်မှာတော့ လှိုဏ်ဂူကြီးအတွင်းမှာ နှစ်နာရီကြာမျှ ကြည့်ရှုလှည့်လှည်ရင်း ရိုက်ဖြစ်ခဲ့တဲ့ သဘာဝအတိုင်း ဖြစ်ပေါ်နေသော ကျောက်စက်ပန်းဆွဲကြီးများ ကျောက်တိုင်ကြီးများ၊ ထဲမှ ကောင်းနိုးရာရာ ပုံလေးများကို ဖော်ပြထားပါတယ်ရှင်။

စိမ်းစိမ်းစိုစို ကျွန်မရဲ့ တစ်နေ့တာ ...


တစ်နေ့ကပေါ့..

ကျွန်မနေတဲ့ မြို့ကလေးကနေ မိုင်၈ဝနီးပါးကွာဝေးတဲ့ တောင်ပေါ်မြို့တစ်ခုကို ကားနဲ့ အလည်သွားကြပါတယ်။ အဲဒီမြို့ကို သွားရင်းနဲ့ လမ်းတစ်ဝက်လောက်မှာ လမ်းမကြီးကနေ ဖဲ့ဆင်းပြီး လမ်းသွယ်လေးကနေ သွားရတဲ့ ကျောက်လှိုင်ဂူကြီး တစ်ခုကိုလည်း ရောက်အောင် သွားခဲ့ကြပါတယ်။ လှိုင်ဂူတစ်ခုလုံး ကျောက်ခက်ပန်းဆွဲတွေ၊ ကျောက်တိုင်ကြီးတွေနဲ့ သိပ်ကို လှပပါတယ်။ ဆန်းပြားစွာ ဖြစ်ပေါ်နေတဲ့ ကျောက်ခက်ပန်းဆွဲကြီးတွေနဲ့ လှပဝေဆာနေတဲ့ ကျောက်ဂူကြီးအကြောင်းတော့ ဓာတ်ပုံတွေနဲ့အတူ နောက်များမှ သီးသန့် ရေးပါဦးမယ်။ ခုပိုစ့်မှာတော့ အဲဒီကျောက်ဂူကြီးကို သွားတဲ့ တောင်ပေါ်လမ်းတစ်လျှောက် စိမ်းစိုလှပနေတဲ့ စိုက်ခင်းတွေ တောင်တန်းပေါ်က လက်ဖက်ခင်းနဲ့ လှေကားထစ်စိုက်ခင်းတွေရဲ့ ပုံတွေကို မျှဝေပေးချင်ပါတယ်။

စိမ်းလန်းစိုပြေတဲ့ မြင်ကွင်းဟာ လူတွေရဲ့ စိတ်ကို ချမ်းမြေ့ကြည်နူးစေနိုင်တယ်လို့ ဆိုရိုးရှိတယ် မဟုတ်လားလေ။ ဒီတော့ ကျွန်မမြင်တွေ့ခဲ့ရတဲ့ စိမ်းစိမ်းစိုစို မြင်ကွင်းလေးတွေကိုလည်း ချစ်စွာသော မိတ်ဆွေများကို ပြန်လည် မျှဝေခံစားကြည့်စေချင်တာပါ။ ခရီးထွက်ရတာကို နှစ်သက်သဘောကျတဲ့ ကျွန်မအတွက် ခုလို စိမ်းစိုနေတဲ့ တောတောင် သဘာဝအလှတွေရဲ့ မြင်ကွင်းတွေကိုကြည့်ရတာ ဘယ်ခါမှ မရိုးနိုင်တဲ့ မြင်ကွင်းတွေ ဖြစ်သလို၊ စိတ်ကိုလည်း ကြည်နူး ချမ်းမြေ့စွာနဲ့ ပီတိတွေ  ဖြာဖြာဝေရပါတယ်။

မြို့ပြမြင်ကွင်းတွေ ဘယ်လောက်တိုးတက် ခမ်းနားကြီးကျယ်နေပါစေ.. စိမ်းလန်းစိုပြေနေတဲ့ သဘာဝ ရေမြေတောတောင်ရဲ့ အလှလောက် လူတွေရဲ့ စိတ်နှလုံးကို ညွှတ်နူးပျော့ပြောင်းစွာ မဆွဲဆောင်နိုင်ပါဘူး။ လတ်ဆတ်တဲ့ လေပြေညင်း၊ စိမ်းလန်းတဲ့ ရှုမျှော်ခင်းနဲ့ ပြာပြာလွင်လွင်တောင်တန်းကြီးတွေကသာ လူတွေရဲ့ စိတ်နှလုံးကို အေးချမ်းကြည်လင်စေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူအများက သဘောဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးကြတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လှုံ့ဆော်ရေးတွေ၊ စီမံကိန်းတွေချပြီး စနစ်တကျ စီစဉ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ အချို့သော သူတွေသာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရကောင်းမှန်း မသိ ၊ တန်ဖိုးထားကြရကောင်းမှန်း နားမလည်သလို၊ သိရက်နဲ့ ကိုယ်ကျိုးအတ္တကို အလေးထားလို့ အသိခေါက်ခက် အဝင်နက်နေကြသူများလည်း ရှိနေကြပါတယ်။






Image Hosted by PicturePush - Photo Sharing

မြို့ကနေထွက်လာတဲ့ ပင်မ လမ်းမကြီးပါ။ လမ်းဘေးဝဲယာတစ်လျှောက်လုံး ဘယ်နေရာကြည့်ကြည့် တောင်တန်းနဲ့ စိုက်ခင်းတွေ ပြေးမလွတ်ပါဘူး



Image Hosted by PicturePush - Photo Sharing

 မြို့ကနေထွက်ပြီး မကြာခင်မှာဘဲ အစိမ်းရောင်မြင်ကွင်းတွေ စပါပြီ။ ဒီနေရာမှာ ကားရပ်ပြီး ဓာတ်ပုံစရိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
တောင်ထွတ်မှာ တိမ်တွေ ဆိုင်းနေပြီး ရစ်ခွေနေတဲ့ စမ်းချောင်းလေးက သိပ်ကိုလှပါတယ်



Image Hosted by PicturePush - Photo Sharing

ဒီလမ်းလေးက ကျောက်လှိုင်ဂူကိုသွားဖို့ ပင်မလမ်းမကြီးကနေ ခွဲထွက်တဲ့ လမ်းပါ။ တောင်တွေ အများကြီးကို ကွေ့ကာ ဝိုက်ကာနဲ့ ဖြတ်ကျော်ရတဲ့ လမ်းဖြစ်ပါတယ်။ ဟိုးဝေးဝေးမှာတော့ မိုးကလေးဖွဲဖွဲ စွေနေလေရဲ့...



Image Hosted by PicturePush - Photo Sharing

ဒီလို မြေပြန့်လမ်းလည်း ဖြတ်ရပါသေးတယ်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
လမ်းဘေးဝဲယာက စိမ်းစိမ်းစိုစိုများ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
စိုက်ခင်းများ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
အပေါ်အောက် စပါးခင်းများနဲ့ ကားသွားလမ်း

Image Hosted by PicturePush - Photo Sharing


ဒီလမ်းကလေးပေါ့

Image Hosted by PicturePush - Photo Sharing
ခုလို ကျောက်တောင်ကြီးတွေကိုဖြိုပြီးလည်း လမ်းဖောက်ထားတာပါ။ အကွေ့အကောက် သိပ်များတယ်..

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

တောင်ခြေရွာကလေးများ



http://www2.picturepush.com/photo/a/5959460/640/5959460.jpg


Image Hosted by PicturePush - Photo Sharing
ဖျာချပ်ကလေးတွေ ခင်းထားသလို

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
လှေကားထစ်လေးတွေ

Image Hosted by PicturePush - Photo Sharing
စိုက်ထားလိုက်ပုံများ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဒီလို စီရီစိမ်းစိုနေတဲ့ ပြောင်းပင်လေးတွေကြည့်ပြီး ပြောင်းဖူးပင်ကလေးတွေ တန်းစီလို့ အော်ပစ်လိုက်ချင်စရား)

Image Hosted by PicturePush - Photo Sharing
စမ်းချောင်းကလေးနဲ့ စိုက်ခင်းစိမ်းစိမ်း

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
စပါးခင်း စိုစို

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
လမ်းဘေးဝဲယာတစ်လျှောက်လုံး တောင်တန်းတွေပါမကျန် စိုက်ခင်းတွေကြီးပါဘဲ
Image Hosted by PicturePush - Photo Sharing
ဒါက လက်ဖက်ခင်းတွေ
Image Hosted by PicturePush - Photo Sharing
လှေကားထစ် လက်ဖက်ခင်းများ

Image Hosted by PicturePush - Photo Sharing
ဟိုးတောင်ထပ်က အပင်တွေက ထင်းရူးပင်တွေဖြစ်ပြီး လှေကားထစ်နဲ့ စိုက်ထားတာက လက်ဖက်ခင်းတွေဖြစ်ပါတယ်...

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
တောင်တွေ တောင်တွေ ဘယ်လောက်များတယ် မမှတ်မိလောက်အောင် ဝိုင်းရံနေတာပါဘဲ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ခပ်ဝေးဝေးက မှိုင်းပြပြ ရွာကလေးတွေကို ကြည့်ရတာကိုက လွမ်းစရာလိုလို


ပုံတွေမှာကြည့်ရင် တွေ့နိုင်တာတစ်ခုက ဘယ်ပုံမှာဘဲဖြစ်ဖြစ် ဘေးပတ်ဝန်းကျင်မှာ တောင်တွေမပါတဲ့ပုံ မရှိသလောက် ကျွန်မသွားတဲ့နေရာဟာ တောင်တန်းအထပ်ထပ်ကို ကျော်ဖြတ်သွားရတဲ့ ခရီးဖြစ်ပါတယ်။ သွားခဲ့ရတာက တစ်နေ့တာ ခရီးတိုလေးဖြစ်ပေမဲ့ အစိမ်းရောင် မြင်ကွင်းတွေကြောင့်  စိတ်ချမ်းမြေ့မှုကတော့ တိုင်းတာပြလို့မရအောင် ရရှိခဲ့ပြီး ဒီခရီးကို အမြဲတမ်း တသသ ဖြစ်နေဦးတော့မှာ သေချာပါတယ်။  စိမ်းစိုနေတဲ့ တောတောင်ရှုခင်း၊ စိုက်ခင်းများကြောင့် ကျွန်မ စိတ်ကြည်နူး ချမ်းမြေ့ခဲ့ရသလို ဒီခရီးကနေ ကျွန်မ ရိုက်ယူခဲ့တဲ့ စိမ်းစိမ်းစိုစို ရှုခင်း မြင်ကွင်း၊ စိုက်ခင်းတွေရဲ့ ဓာတ်ပုံလေးတွေက စာဖတ်သူတွေကို စိတ်နှလုံး ကြည်နူး ချမ်းမြေ့စေနိုင်တယ် ဆိုခဲ့ရင်ပဲ  ကျေနပ်ပီတိ ဖြစ်ရပါပြီရှင်...



Image Hosted by PicturePush - Photo Sharing
( ဒီခရီးမှာ သွားကြည့်ခဲ့တယ်ဆိုတဲ့ ကျောက်လှိုင်ဂူအကြောင်းကို မကြာခင်မှာ ဆက်လက် ဖော်ပြပေးသွားပါ့မယ်ရှင်. )