ကျွန်မ ခရီးသွားတော့ စိန်လုံတောင်တန်းကနေ အပြန်မှာ ဗန်းမော်မြို့ကို အလည် ရောက်သွားဖြစ်ပါတယ်။ ဗန်းမော်မြို့ဟာ မိုးမောက်မြို့လမ်းခွဲကနေ ၁ဝမိုင်လောက် ဆက်ပြီး သွားရတဲ့ မြို့ကလေးဖြစ်ပါတယ်။ မိုးမောက်မှာ လမ်းနှစ်ခု ခွဲထွက်ပါတယ်.. တစ်လမ်းက မြစ်ကြီးနားဘက် ဆက်သွားမဲ့လမ်းပါ။ တစ်လမ်း ကတော့ ဗန်းမော်မြို့ကို သွားတဲ့ လမ်းခွဲပါ။ ဗန်းမော်၊ မိုးမောက်မြို့တို့ဆိုတာ ကျွန်းသစ်တွေ၊ သစ်မာတွေ အလွန်ပေါများတဲ့ ဒေသဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့လည်း နီးတာကြောင့် တရုတ်ပစ္စည်းတွေလည်း အလွန်ပေါပါတယ်။ ဒီပိုစ့်မှာတော့ ဗန်းမော်မြို့ အသွား လမ်းမှာတွေ့ရတဲ့ ရှုခင်းတစ်ချို့က ဓာတ်ပုံတွေ ဖော်ပြပေးချင်တာပါ။
မိုးမောက်မြို့အ၀င်
ကျွန်းတော
တောင်တန်းနဲ့ ကျွန်းတော
တောင်တန်းကြီးကို လှမ်းမြင်နေရတဲ့ ရှုခင်းက လှလွန်းလို့ ပါးစပ်က တစ်ဖွဖွ ပြောမိရင်း ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။ ပြာပြာညိုလွင်နေတဲ့ တောင်တန်းကြီးကလည်း လက်ကမ်းလို့ ကြိုနေတဲ့ အသွင် သဏ္ဍာန်ပါ။ မိုးမောက်မြို့အဝင်နားမှာ ကျောက်စခန်းဆိုတဲ့ အပန်းဖြေစခန်း တစ်ခု ရှိပါတယ်။ စိန်လုံတောင်တန်းပေါ်ကနေ စီးကျလာသော ရေစီးသန်တဲ့ ချာင်းထဲမှာ ကျောက်တုံးတွေ အရွယ်အစား အမျိုးမျိုး သဘာဝအတိုင်း လှပစွာ ရှိနေတဲ့နေရာဖြစ်ပါတယ်။ အဲဒီ ကျောက်စခန်းဆိုတာ ဗန်းမော်၊ မိုးမောက် ဒေသက လူတွေတွက်တော့ ဂုဏ်ယူစရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ သင်္ကြန်လို ရက်မျိုးဆိုရင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားတယ်လို့ ဆိုပါတယ်။ ပုံမှန်ချိန်တွေ မှာတော့ အေးအေးဆေးဆေး စားသောက်လိုသူများ၊ တောတောင် သဘာဝရှုခင်းကို ကြည့်လိုသူများ လာရောက်တတ်ကြပါတယ်။ စားသောက်ဆိုင်ကလေးတွေ ရှိပြီး အေးအေးချမ်းချမ်း နေထိုင် စားသောက်လို့ ကောင်းတဲ့ နေရာလေးဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ သဘာဝ အလှအပ နဲ့ တောတောင်တွေ ပေါတဲ့ မိုးမောက် ဗန်းမော် ဒေသကို မရောက်ဖူးသေးသူများ၊ စိတ်ဝင်စားသူများ၊ အလွမ်းပြေ ကြည့်ချင်သူများ ရှိရင် ကြည့်နိုင်ဖို့အတွက် မြင်ခဲ့ရ သလောက်လေးကို ပြန်လည် ဝေမျှ ချင်ပါတယ်ရှင်။
Stone Village Resorts အဝင်ဆိုင်းဘုဒ်
ချောင်းကူးတံတား
ချောင်းကိုဖြတ်ကူးဖို့ ဝါးတံတား
ချောင်းတစ်ဖက်ကမ်း
ရေနည်းတဲ့ နွေအခါမှာ ချောင်းရေဟာ အလွန်တရာမှ ကြည်လင်လှပြီး ကျောက်တုံး ကျောက်ဆောင်တွေ လည်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ရှုခင်းလည်း အလွန်လှတယ်လို့ ဒေသခံများက ပြောပါတယ်။ ကျွန်မ ရောက်သွားချိန်ကတော့ မိုးဦးရွာစအချိန်ဖြစ်တာမို့ ချောင်းထဲမှာ တောင်ကျရေ စီးနေပြီး ရေစီးလည်း သန်ကာ ရေလည်း နောက်နေခဲ့ပါပြီ။ ဒါကြောင့် ကျောက်တုံးကျောက်ဆောင်တွေရဲ့ အလှကို ပြည့်ပြည့် ၀၀ မြင်တွေ့ခွင့် မရခဲ့ပါဘူး။
ချောင်းတစ်ဖက်က စားသောက်ဆိုင်
သစ်ပင်တောတောင်ကြားက စားသောက်ဆိုင်များ
စိမ်းစိမ်းစိုစို တောနဲ့ တောင်စွယ်
ကျောက်တုံးကျောက်ဆောင်များ
ကျွန်မမှာ ခရီးသွားဟန်လွဲ ၀င်ခဲ့ရတာဖြစ်တာကြောင့် အချိန်များများ မရတဲ့အတွက် အတွင်းထဲဘက်ကို မရောက်ဖြစ်ခဲ့ပါဘူး။ တကယ်တမ်းတော့ ချောင်းအထက်ဖက်ထိ တက်နိုင်ရင် ခုထက်ပိုလှပတဲ့ ရှုခင်းတွေ၊ ကျောက်တုံးကြီးတွေ၊ ရေတံခွန်တွေ မြင်တွေ့နိုင်ပါတယ်. ကျားနဲ့ တစ်ပုံစံတည်း တူတဲ့ ကျောက်တုံးကြီးလည်း ရှိတယ်လို့ ဆိုပါတယ်။ နောက်တစ်ကြိမ်သွားခွင့်ရရင်ဖြင့် ယခုထက်ပိုပြီး စုံစုံလင်လင် သွားနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ အောက်မှာတော့ ဗန်းမော်၊ မိုးမောက်မြို့ လမ်းတစ်လျှောက်က မျက်စိအေးစရာ ရှုခင်း ဓာတ်ပုံများ ဖြစ်ပါတယ်။
ဒီရေတွေက ကျောက်စခန်းက စီးလာတဲ့ရေတွေလို့ သူငယ်ချင်းက ပြောပါတယ်။ ဒီရေချောင်းကလေး ကြည်နေရင် ကျောက်စခန်းကရေလည်း ကြည်လင်နေပါတယ်တဲ့။ ခုတော့ ရေနောက်ပါတယ်။
လမ်းဘေးတစ်လျှောက်က လိုင်ချီးခြံ
မိုးရေတက်ရေ တဖွေးဖွေး
တောင်ပြာတန်းက ငိုနေတယ် ..း)
ဗန်းမော်မြို့အကြောင်းမရေးခင်မှာ ဗန်းမော်အနီးတစ်ဝိုက်က ရှုခင်းတွေနဲ့ အရင်မိတ်ဆက်ပေးတာပါ။ မကြာခင်မှာ ဗန်းမော်မြို့ကို အလည်သွားကြပါဦးစို့နော်။
စိမ်းစိုလန်းဆန်းသော ရှုခင်းများဖြင့် စိတ်နှလုံးအေးချမ်းကြပါစေ..
33 Responses to “ဗန်းမော်လမ်းနဲ့ ကျောက်စခန်း”
သွားလည်ချင်တယ်.. အရမ်းကြိုက်တယ်... အေးချမ်းမယ့်ပုံလေးပဲ...း))
ခင်မင်လျက်
နေ၀ဿန်
ဗန်းမော်ကိုမရောက်ခင် ချောင်းထဲဆင်းနေလိုက်အုံးမယ်မချော.. ချောင်းဘေးက စားသောက်ဆိုင်လေးကိုလည်း စိတ်ဝင်စားတယ်။
သာယာလိုက်တာ။
ဟမ်းနီးမွန်းထွက်ရင်...ကျောက်စခန်းကိုသွားမယ်...လှတယ်ဗျာ....အေးတော့အတော်အေးမဲ့ပုံပဲနော်
ချောရေ စမ်းချောင်းရေကို ချိုးချင်တယ်...အေးမြနေမှာပဲနော်...သီဟိုဠ်ကို သတိရသွားပြီ...သီဟိုဠ်မှာ တစ်နိုင်ငံလုံး ခုနစ်ရက် ခရီးသွားတုန်းက...တွေ့လေရာရာ ချောင်းတွေမှာ ရေချိုးဖြစ်ခဲ့တယ်...(ကားနဲ့ သီးသန့်လည်း သွားချိုးဖူးတယ်...)ဗန်းမော်ဆရာတော်ဆိုတာလည်း မကြားဖူးသူ မရှိသလောက်ပဲနော်...ဗီဒီယိုရိုက်ခဲ့သေးလား ချော...ရိုက်ခဲ့ရင် တင်ပေးပါလား...ဗန်းမော်မြို့အကြောင်းတင်ရင်...ဗန်းမော်ဆရာတော် သီတင်းသုံးတော်မူခဲ့တဲ့ကျောင်း သို့မဟုတ် ကျောင်းတော်ရာပုံတွေ ပါဦးမလား မသိဘူး...ဟိ...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ ချော...
ချော
ရွာပြန်ချင်သွားပြန်ပြီ ကျောက်စခန်းဆိုလို့ ဘကျောက်ကြီးကိုသတိရသွားပြန်ပြီ
ခင်မင်တဲ့
seesein
ခရီးတွေ စိတ်ကူးပေါက်တိုင်းထွက်နိုင်တဲ့ ဘ၀ ဖြစ်ချင်တယ် .. :D
သွားလည်ချင်လိုက်တာ ..
သွားချင်တယ် .. သွားချင်တယ် .. သွားချင်တယ်ဗျို့ ............
တောင်ပြာတန်းက ငိုနေတယ် ဆိုတဲ့ပုံလေး ကြိုက်တယ်
Thank you for sharing photos. It wasn't very safe to go stone village especially for visitors back in late 80. KNU will disturb or question you sometime. I wish I could visit there again.
လှပသာယာလိုက်တဲ့ ပြည်မြန်မာ...လူတွေပါ အေးချမ်းသာယာမယ်ဆိုရင် ဗျာ...
စကားမစပ်
အန်တီချော ခရီးသွားနေသည်။
လွမ်းလိုက်တာ...။း(
မောင်ရင်မာ့ (ကျောင်းကုန်း)က ရေးဖူးတယ်...။
"ဇာတိစိတ်ရှိ၍ ဇာတိရနံ့ကိုသာ မွှေးမြရှူရှိုက်လိုကြသည်မှာ အသိဥာဏ် ငြိကပ်သော သတ္တ၀ါတို့၏ ပထမလိုအင်ပဲ ဖြစ်သည်။" တဲ့
ခက်တာက ကျွန်တော်တို့က လိုအင်တွေကို လိုအပ်သလောက်ပဲ တောင့်တခွင့်တွေ ရှိနေတယ်..။
မဟုတ်ဖူးလား မချောရေ...။
ဓါတ်ပုံတွေကတော့ မြန်မာနိုင်ငံရဲ့  မိုးရာသီဥတုကို ညွှန်းဆိုနေတာပါပဲ။ မိုးတွင်း ခရီးသွားရတာ အဆင်မှ ပြေရဲ့ လား အမရေ။
ချောင်းဘေးက စားသောက်ဆိုင်လေကို သဘောကျတယ်။ ညတော့ ခြင်ကိုက်၊ မကိုက် မသိဘူးလေ စမ်းချောင်းဘေးဆိုတော့။
နောက်တခါ မူလာရှီတီကြိုးတံတားပုံ ရိုက်ပြ
ဒါဗြဲ ဟဟ ပူတာအိုမှာ ရှိတယ် :P
တောတောင်ကြားက စားသောက်ဆိုင်လေးရဲ့ပုံကိုကြည့်ရင်း ကျိုက်ထီးရိုးဘုရားဖူးဖို့ တောင် ၃၃ လုံးကို ခြေလျင်တက်တဲ့ လမ်းမှာ၊ တစ်ထောက်နားပြီး ဗူးသီးကြော်စားခဲ့တဲ့ ရွှေညီကို ဆိုင်လေးကို လွမ်းမိစေတယ်...
တောင်ညိုမှုံမှိုင်း၊ မြင်တိုင်း လွမ်းပါတယ် ချောရယ်း)
အင်း...
ဒီပို့ (စ) လေးက အစိမ်းရောင်နယ်မြေ ဆိုတဲ့ 
အမည်နဲ့  လိုက်ဖက်ပါတယ်ဗျား .....။
သိပ်သာယာတာပဲ၊
မြန်မာပြည်ပြန်ရောက်ရင်
အရောက်သွားလည်မယ်။
စမ်းချောင်းလေးဘေးက ဆိုင်ကလေးမှာ တစ်ယောက်တည်း အေးအေးလူလူထိုင်ရင်း သီချင်းတစ်ပုဒ် စာတစ်အုပ်နဲ့ လောကကြီးကို ခဏလောက်မေ့နေလိုက်ချင်တယ်...ဘာမှတော့ မစားချင်တော့ပါဘူးလေ...ဒီလောက်ဆိုရင် လုံလောက်ပါပြီ...တို့လဲ အားကျမခံပြောဦးမှ မြန်မာပြည်ပြန်ရောက်ရင်( ဟုတ်ပေါင် ) ပြည်ပထွက်ဖို့နေနေသာသာ လေယာဉ်တောင် တစ်ခါမှ အကောင်လိုက် မမြင်ဖူးသေးဘူး...ဒီတော့ ကချင်ပြည်ရောက်ရင် ၀င်ဦးမယ်...
သာယာလိုက်တဲ့ နေရာလေး...၊ ကျောက်စခန်းက စားသောက်ဆိုင်လေးမှာတော့ သွားထိုင်ချင်လာပြီ၊ ဒေသထွက်လေးတွေ စားရင်း စကားပြောကောင်းမယ့် နေရာလေးပါပဲ..၊ ပုံတွေ တဝကြီး ကြည့်သွားတယ် မချော...။
သာယာလိုက်တဲ့ နေရာလေး...၊ ကျောက်စခန်းက စားသောက်ဆိုင်လေးမှာတော့ သွားထိုင်ချင်လာပြီ၊ ဒေသထွက်လေးတွေ စားရင်း စကားပြောကောင်းမယ့် နေရာလေးပါပဲ..၊ ပုံတွေ တဝကြီး ကြည့်သွားတယ် မချော...။
သာယာလိုက်တဲ့ နေရာတွေ. . . . စားသောက်ဆိုင်လေးတွေက လှလိုက်တာ
သာယာလိုက်တဲ့ နေရာတွေ. . . . စားသောက်ဆိုင်လေးတွေက လှလိုက်တာ
စတုန်းအာလူးဗီလာရီဆော့ သွားချင်လိုက်တာ၊
ဖြတ်ကနဲကြည့်တော့ အာလူးလေးတွေပုံထားတာလားလို့၊
ကျွန်းပင်မမြင်ဖူးဘူး ခုတော့မြင်ဖူးသွားပြီ။ မြန်မာမှာ ကျွန်းပင်ရှိတယ်ဆို သိပ်အထင်ကြီးကြတယ် :)
နွေရာသီ ချောင်းလေးသွားကြည့်ရရင်ကောင်းမှာပဲ။
မချော သွားရအောင်၊
တိမ်တွေလည်းလှတယ်။
တိမ်တွေဘယ်လောက်လှလှ သစ်ပင်လေးတွေဘယ်လောက်စိမ်းစိမ်း တစ်စုံစာကတော့ တစ်စုံစာပဲ :D
စိမ်းစိမ်း စိုစို ထိုတောပျိုကြောင့် လွမ်းပိုရပြန်ပါသည်။
ဒီပို့ လေးကို ဖတ်ရင်း ဗန်းမော်ကို တစ်ခေါက်ရောက်ခဲ့သလို ခံစားခဲ့ရတယ်။
တော်တော်စုံစုံမြင်လိုက်ရတယ်။ အေးချမ်းမယ့်မြို့လေးလို့ထင်မိတယ်။ လတ်ဆတ်တဲ့ လေထု စိမ်းမြတဲ့ ပါတ်ဝန်းကျင်မှာ နေချင်မိတယ်။
အလည် သွားချင်လိုက်တာ ...
အခြေအနေပေးခဲ့ရင် မရောက်ရောက်အောင် သွားလည်ချင်တယ်....။
ညီမလေး
အင်ကြင်း
ဖတ်လို့ ကောင်း ၊ ပုံတွေ လည်း ကြည့် လို့ ကောင်း တယ်။ ဒီ လမ်း ကို ရောက် အောင် သွား အုန်း မယ်။ ဒါလေး ဖြစ်အောင် ရေး တာ ၁၅ မိနစ် ဗျာ။ မချော တို့ များ တော် လိုက် တာ။
ရွှေဖားလေး ဆိုင် ကယ်ဝပ့်ရှော့
မိုးမောက်မြို့
ပုံ/ရွှေကူ Chit Chan
သတိရတယ်။ ချော် မီး
ရှမ်း မ လေး
ပုံ/ရွှေကူ
Post a Comment