ကမ္ဘာ့အလှဆုံး ပန်းခြင်းများရဲ့ ဥယျာဉ်


သိပ်ကိုလှပ ခမ်းနားတဲ့ ပန်းခြံကြီးတစ်ခုထဲ အလည်သွားကြည့်ကြပါစို့လားရှင်။ အဲဒီ ပန်းဥယျာဉ်ကြီးကတော့ ကန္တာရထဲက အိုအေစစ်လို့ ပြောလို့ရလောက်အောင်ဘဲ ပူပြင်းခြောက်သွေ့လှတဲ့ UAE နိုင်ငံရဲ့ ရာသီဥတုကို အံတုပြီး ပန်းမျိုးစုံလင်စွာ လန်းဆန်းပွင့်ဝေနေအောင် အထူးပြင်ဆင်ထားတဲ့ Al Ain Paradise အမည်ရ ပန်းဥယျာဉ်ကြီးပါ။ Akar မြေယာရှုခင်း ပြုပြင်အလှဆင်ရေးလုပ်ငန်းက တာဝန်ယူကာ အလှဆင်နေခဲ့တာဖြစ်ပြီး ယခင်ကတော့ စတုရန်းပေ ၇၀၀၀ခန့်သာ ကျယ်ဝန်းသော်လည်း ခုချိန်မှာတော့ စတုရန်းမီတာ ၂၁၀၀၀ အထိ ကျယ်ဝန်းလာပြီ ဖြစ်ပါတယ်။ ပန်းဥယျာဉ်ကြီးထဲမှာ လျှောက်လမ်းများ၊ ကော်ရစ်ဒါများဟာ အရှည် စုစုပေါင်း ၂၄၀၀ မီတာခန့် လှပခမ်းနားစွာ ရှိနေပါတယ်။



Al-Ain-Paradise-gateway

စတင်ပြုလုပ်စဉ်က  



Al-Ain-Paradise-2

အီဖယ်လ်မျှော်စင်နဲ့ ပုံစံတူလည်းရှိရဲ့

ဒီပန်းခြံရဲ့ ထူးခြားချက်က မြေပြင်ပေါ်စိုက်ထားတဲ့ ပန်းပင်သက်သက်သာ ရှိတာမဟုတ်ဘဲ အမြင့်မှာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ပန်းခြင်းများစွာပြုလုပ်ပြီး လှပစွာ ချိတ်ဆွဲထားတာဖြစ်တာကြောင့် Hanging Gardens လို့လည်း အမည်ခေါ်တွင်ပါတယ်။ ယခင်ကတော့ ပန်းခြင်းအများဆုံး ပန်းခြံအဖြစ် ကမ္ဘာ့စံချိန်တင်ဖို့အတွက် သက်သက် ပြုလုပ်ခဲ့တာဖြစ်ပြီး ၄င်းတို့ရည်ရွယ်ချက်အတိုင်း Guinness စာအုပ်ထဲမှာ ကမ္ဘာ့ ပန်းခြင်းအများဆုံး ပန်းခြံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပန်းခြင်း စုစုပေါင်း ၂၅၀၀ ဖြင့် အလှဆင်ထားပြီး ကမ္ဘာတလွှား အမေရိကား၊ ဥရောပ၊ ဂျာမဏီ၊ ဂျပန်၊ အီတလီ စသည့်နိုင်ငံတို့မှ ပန်းအမျိုးအစားပေါင်းစုံတို့ကို မှာယူတင်သွင်းကာ စိုက်ပျိုးထားတာ ဖြစ်ပါတယ်။


Al-Ain-Paradise-Hanging-Gardens-2-4

The Guinness World Records notice…


Al-Ain-Paradise-3

ပန်းခြင်းပေါင်းများစွာ

Al-Ain-Paradise-4


Al-Ain-Paradise-Hanging-Gardens-2-8


Al-Ain-Paradise-Hanging-Gardens-2-9


Al-Ain-Paradise-Hanging-Gardens-2-11

Al-Ain-Paradise-Hanging-Gardens-2-12



Al-Ain-Paradise-Hanging-Gardens-2-14


ပန်းခြံထဲသို့ အလည်ရောက်ရှိလာကြသော ကမ္ဘာတလွှားမှ ဧည့်သည်များစွာတို့က အရောင်မျိုးစုံလင်လှသော ပန်းပွင့်သော သန်းပေါင်းများစွာကို အခင်းအကျင်းမျိုးစုံဖြင့် တစ်နေရာထဲမှာ မြင်တွေ့ရတာဟာ အလွန်ထူးခြားလှတဲ့ မြင်ကွင်းဖြစ်တယ်လို့ ဆိုပါတယ်။ ရောက်လာသူတွေထဲမှာ စည်းကမ်းရှိပြီး ပန်းတွေကို တန်ဖိုးထားတတ်တဲ့ ဧည့်သည်တွေ ပါဝင်သလို ပန်းခြံထဲမှ အပင်တွေ ပန်းအိုးတွေကို ဖျက်ဆီးသွားသူတွေ၊ ခိုးယူသွားသူတွေလည်း ရှိပါတယ်။ ယခုအခါ စည်းစနစ်ကျနတဲ့ လုံခြုံရေးစနစ်ကို တတ်ဆင်ထားပြီဖြစ်ကြောင်းနဲ့ ပန်းခြံကို ဖျက်လိုဖျက်ဆီး ပြုလုပ်လိုသူတို့ အန္တရာယ်မှ ကာကွယ်ဖို့ ပြင်ဆင်ထားပြီဖြစ်ကြောင်း Akar မြေယာရှုခင်းပြုပြင်ရေး တာဝန်ခံ အထွေထွေမန်နေဂျာ Abdul Nasser Rahhal က ပြောပါတယ်။ ပန်းခြင်းမှာလည်း ယခင်က ၂၅၀၀သာ ရှိသော်လည်း ယခုအခါ ၂၉၆၅ခြင်း ရှိနေပြီဖြစ်ပါတယ်။ ယခုနောက်ပိုင်း ပြန်လည်ပြုပြင်ပြီး အရောင်အသွေးစုံလင် ပန်းမျိုးစုံဝေဆာနေတဲ့ ပန်းဥယျာဉ်ကြီးရဲ့ ပုံကို အောက်မှာ ဆက်လက်ကြည့်ရှုကြည့်ပါရှင်။

 


Largest Number of Hanging Flower Baskets World Record
 

Largest Number of Hanging Flower Baskets World Record
 

Largest Number of Hanging Flower Baskets World Record
 

Largest Number of Hanging Flower Baskets World Record
 
Largest Number of Hanging Flower Baskets World Record

Largest Number of Hanging Flower Baskets World Record

Largest Number of Hanging Flower Baskets World Record

Largest Number of Hanging Flower Baskets World Record
 
Largest Number of Hanging Flower Baskets World Record

Largest Number of Hanging Flower Baskets World Record

Largest Number of Hanging Flower Baskets World Record

Largest Number of Hanging Flower Baskets World Record

Largest Number of Hanging Flower Baskets World Record

Largest Number of Hanging Flower Baskets World Record

Largest Number of Hanging Flower Baskets World Record
 

Largest Number of Hanging Flower Baskets World Record

Largest Number of Hanging Flower Baskets World Record

Largest Number of Hanging Flower Baskets World Record


Image Hosted by PicturePush - Photo Sharing

အင်မတန်မှ ပူပြင်းခြောက်သွေ့ပြီး သဲကန္တာရဒေသဖြစ်တဲ့ အာရပ်ကမ္ဘာမှာ အရောင်အသွေး အမျိုးအစား စုံလင်လှတဲ့ ပန်းပေါင်းစုံတို့ ဖူးပွင့်ဝေဆာနေတဲ့ မြင်ကွင်းဟာ အိမ်မက်တစ်ခုပမာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသော်လည်း  ငွေကြေးချမ်းသာပြီး ငွေကို ရေလိုသုံးနိုင်၊ ဖြုန်းနိုင်တဲ့ နိုင်ငံအတွက်တော့ မဖြစ်နိုင်တဲ့ အဖြစ်တစ်ခုကို လက်တွေ့ဖန်ဆင်းပြလိုက်နိုင်တာဟာ ငွေကြေးတန်ခိုးသြဇာရဲ့ ပြယုဒ်တစ်ခုဘဲ မဟုတ်ပါလားနော်။



Image Hosted by PicturePush - Photo Sharing 

27 Responses to “ကမ္ဘာ့အလှဆုံး ပန်းခြင်းများရဲ့ ဥယျာဉ်”

အရမ်း အရမ်း လှတာဘဲ
အလည်သွားပြီး ဓါတ်ပုံရိုက်ချင်လိုက်တာ

Anonymous said...

ပန်းဥယျာဉ်လေးက လှလိုက်တာရှင် .. :)

အရောင်တွေကတောက်ပလန်းဆန်းနေတယ်။
သွားကြည့်ချင်လိုက်တာ။
သုံးနိုင်တဲ့ ငွေကြေး၊ လုပ်နိုင်တဲ့ နည်းပညာ၊မျှဝေချင်တဲ့ စေတနာတွေပေါ့နော်။

သုတကော ရသရော ရတယ် ချောရေ။
ကျေးဇူးနော်။

ပန်းခြံထဲ အလည်ရောက်ပါရဲ့ဗျာ....း))

ခင်မင်လျက်
နေ၀ဿန်

ပန်းတွေကို တော်တော် ပြုစုပျိုးထောင်ထားရမှာဘဲနော်

လှလိုက်တာနော် .....

အသဲပုံ အာ့ခ်ျကြီးတွေအောက်ကို အိမ်ကလူကြီးနဲ့အတူ လျှောက်ကြည့်ချင်ထှာ....:)

flowerpoem said...

ပန်းတွေနဲ့ကြည်နူးစရာပဲနော် အမ. . .လှလို်က်တာ

wahhhhhhhhh...so beautiful garden...
i want to go with my hub......:)
Thanks for ur post.
Best regards,
alin kar

SHWE ZIN U said...

ညီမချော ရေ

တကယ်ကို လှလိုက်တာနော် သွားချင်လိုက်တာ ဒါပေမဲ့ ပန်းခြင်းတွေကြားက မော်ဒယ်ဂဲလ် က ရှုတ်နေတယ်

ကျေးဇူးညီမ ရေ

တော်ပြီ တစ်ယောက်တည်းလဲ မသွားဘူး။ နှစ်ယောက်ဖြစ်သွားရင်လည်း လုံးဝမသွားဘူး။


ဗိုလ်ချုပ်ရုပ်တု မရှိတော့တဲ ပန်းခြံထဲပဲ စာအုပ်သွားဖတ်နေတာကောင်းတယ်။

ပန်းချီ said...

ဥယာဉ်မှူးတွေ အတော်ခေါင်းစားထားရမယ့်ပန်းခြံပဲရှင်..။ ရောက်ဖူးချင်စမ်းပါဘိ..း))

ပန်းတွေ လှတယ်၊ ပျား၊ ပိတုန်းတွေတော့ အကြိုက်တွေ့ မှာ သေချာတယ်..၊း) မျှဝေတာ ကျေးဇူး မချော..။

အကုန်အကျခံနိင်တော့လည်း အလှအပတွေ ထွက်ပေါ်လာတာပဲ။ ကိုယ်တွေနိင်ငံလည်း သူတို့လို ကောင်းတဲ့ဘက်မှာ စံချိန်တင်ထားတာလေးတွေ ရှိစေချင်မိတယ်။

သဲဂန္ဓာရထဲက လူလုပ်အိုအေစစ်ပေါ့အစ်မရေ။ အဟဲ.... ကျနော်တို့  နေပူတော်မှာလည်း လူလုပ် အိုအေစစ် ဖန်တီးနေတာ အစ်မ တောင် ရောက်ခဲ့သေး မဟုတ်လားဗျ............ အဟီး။

johnmoeeain said...

Thanks sis.. :)
I really like this post.

မချောရေ သွားပြီးဓါတ်ပုံရိုက်ချင်လိုက်တာ

shwewunyatana said...

လောကမှာမဖြစ်နိုင်တာမရှိဘူးမဖြစ်သေးတာဘဲရှိတယ်
ဆိုတာဒါကိုပြောတာလားမသိဘူးနော်..ဒီလောက်ပူပြင်းတဲ့ကန္တာရကြီးမှာပန်းတွေဝေနေအောင်စိုက်သွားတာအံ့သြစရာဘဲမမချောရေ...ဟိ

ahphyulay said...

အင်းလေ ..
ငွေ က အရာရာကို အောင်မြင်နေပါတယ်
ဆိုတာကို ပြနေသလိုပါပဲ။
အဲ့ ဒီ ငွေသမားတွေ မလုပ်နိုင်တာ ဘာတွေ
ရှိသေးလဲ ....။

PhyoPhyo said...

ပန်းခြင်းတွေလှလိုက်တာ မချောရာ၊
ပန်းရနံ့တွေပါ ရရင်တော်တော်မိုက်မယ်။ မချောဘလော့လေးဖွင့်လိုက်တာနဲ့ ပန်းနံ့တွေရလာ ..
ဒါဆို စနေတနင်္ဂနွေ special ဆိုရင် ဟင်းနံ့လေးတွေရ :D

Maung Myo said...

သူများဆီမှာတော့ အလှတရားကို ဖန်တီးယူကြတယ် ကိုယ်တွေဆီမှာများကျတော့ ရှိနေတာလေးတွေ ဖျက်စီးနေကြပါလားလို့ သံဝေဂ ရမိတယ်.။

အဖြူရောင်နတ်သမီး said...

မချောတို့ ကိုမြစ်တို့ရဲ့ ပန်းဥယျာဉ်လေးတွေကို ကြည့်ပြီး အခု ညီမတောင် ဆိုင်က ပန်းဥယျာဉ်မှူးကြီးဖြစ်နေပြီ..
နောက်မှ ဓာတ်ပုံလေးတွေ တင်အုံးမယ်...း)

နတ်မင်း said...

အခုလို တင်ပေးတဲ့အတွက် ဗဟုသုတတိုးစေပါတယ် ကျေးဇူးလည်း အထူးတင်ရှိပါကြောင်း မြန်မာနိုင်ငံမှာသာ ဒီလိုပန်းခြံမျိုးဆိုရင် ၀င်ကြေးကတော့ ခေါင်ခိုက်သွားမှာအမှန်ပဲ ရုရှားမှာတော့ ဘယ်ပန်းခြံမှ ပိုက်ဆံမပေးရဘူး

Dream said...

လှလိုက်တာ.... အပြင်မှာ တကယ်ရောက်ဖူးချင်တယ်။ သာယာတယ်။

makalarhnin said...

အရမ်းလှလိုက်တာ ဒီလိုဖော်ပြပေးတာကျေးဇူးအရမ်းတင်ပါတယ်

Unknown said...

အခုလိုတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Unknown said...

ကျေးဇူတင်ပါတယ် ပန်ခင်းလေးကြောင့်စိတ်ကြည်နူးမိပါတယ်